Burmese Red Devils
Відкрити в Telegram
6 057
Підписники
-124 години
-287 днів
-8130 день
Архів дописів
6 057
တောင်ပံ ကစားသမား ဂါနာချို ၊ ဆန်ချို ၊ အန်တိုနီနဲ့ မာလာစီယာတို့ဟာ ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲများအတွက် လူစာရင်းမှာ လုံးဝမပါဝင်တော့ပဲ ဒီကစားသမား အားလုံးကို သေချာပေါက် ရောင်းတော့မှာ ဖြစ်ပါတယ် ။
လူစာရင်းမှာ ခံစစ်မှူး ဟယ်ရီမက်ဂွိုင်းယားလဲ မပါဝင်ခဲ့ပေမယ့် ပုဂ္ဂိုလ်ရေး အကြောင်းပြချက်တစ်ခုကြောင့် ဖြစ်ပြီး မကြာခင်မှာ ပြန်လည်ပူးပေါင်း နိုင်မှာပါ ။
[HereWeGo]
6 057
ကွန်ညာ နဲ့ အမ်ဗျူမိုကို ခေါ်ယူပြီးနောက် နည်းပြရူဘင်အမော်ရင်ဟာ ယူနိုက်တက်ထံ ဂိုးသမားသစ်တစ်ယောက် ၊ ကွင်းလယ်ခံစစ်တစ်ယောက် နဲ့ တိုက်စစ်မှူးသစ်တစ်ယောက်ခေါ်ဖို့ စီစဉ်ထားပါတယ် 🔴✅
[David_Ornstein]
6 057
"မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေး တစ်ခု ရှိနေတယ်ဆိုတာကို သိသိချင်း ကျွန်တော့်ရဲ့ အိပ်မက် အသင်းဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေးကို ကျွန်တော် အမိအရ ရယူခဲ့ပါတယ် ။ ကျွန်တော်ဟာ ဒီအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ရင်း ကြီးပြင်းလာခဲ့သူ တစ်ဦးပါ"
🎙️ဘရိုင်ယန်အမ်ဗျူမို (ယူနိုက်တက် ကစားသမားသစ်)
အိုနာနာနဲ့ တစ်နိုင်ငံတည်းသား ။ တော်ကီကတော့ ကောင်းတယ် 😁
#Mbeumo
#ManchesterUnited
6 057
+4
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကျောနံပါတ် 19 ကိုဝတ်ဆင်ကစားသွားမယ့် တိုက်စစ်မှူးသစ် အမ်ဗျူမို 🔴
သရဲနီတို့ဟာ ယခုနွေရာသီ အပြောင်းအရွေ့ တတိယမြောက် ခေါ်ယူမှု အဖြစ် အမ်ဗျူမိုကို ပြောင်းရွှေ့ကြေး ပေါင်(၆၅)သန်း + အပိုဆုကြေး ပေါင်(၆)သန်းနဲ့ တရားဝင် ခေါ်ယူလိုက်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ် ။
#ManchesterUnited
#Mbeumo
6 057
"ကျွန်တော် နွေစျေးကွက်အတွင်း အင်္ဂလန်က ကမ်းလှမ်းမှုတွေအများကြီးရခဲ့ပေမယ့် ပယ်ချခဲ့ပါတယ်။ ဘာလို့ဆို အင်္ဂလန်မှာ မန်ချက်စတာယူနိုက်တက်ကလွဲပြီး တခြားအသင်းမှာ သွားမကစားချင်တော့လို့ပါ။ အခု ဖီအိုရင်တီးနားမှာ ပျော်နေပြီး ဒီမှာပဲဆက်နေချင်ပါတယ်" ❤️
🎙️ဒီဂီယာ
#DavidDeGea
#ManchesterUnited
6 057
+2
“ ဘာတွေပဲကြုံတွေ့ရပါစေ .. ရင်ဆိုင်ဖို့အတွက် အသင့်ပြင်ထားတယ်။ ”
📲 Diego Leon via Instagram
6 057
ဘရန့်ဖိုဒ့် တိုက်စစ်မှူး အမ်ဗျူမိုဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်ပြီး ၅ နှစ် + ၁ နှစ်သက်တမ်းတိုးခွင့်ပါဝင်သော အပြောင်းအရွှေ့စာချုပ်ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ် ။
အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ပြီးနောက်တွင်တော့ ဘရိုင်ယန် အမ်ဗျူမိုဟာ ယူနိုက်တက် ကစားသမားသစ် တရားဝင်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ် ။
[ Fabrizio Romano ]
6 057
"ဒီယေဂိုလီယွန်က ပါရာဂွေးက ရောက်လာတာပါ။ မန်ချက်စတာမှာ နေတာ နှစ်ပတ်ပဲ ရှိသေးတယ်။ သူ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ အင်ပြည့်အားပြည့်ကစားတယ်။ သင်ယူတယ်။ အရမ်းကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လာမှာပါ"
🎙️ရူဘင်အမော်ရင် 🔴
#RubenAmorim
#Leon
6 057
အငှားနဲ့ ခေါ်ယူသွားမယ့် ဘာစီလိုနာသည် ရက်ဖိုဒ့် ၏ လုပ်ခလစာကို 100% အပြည့်အဝပေးချေသွားမည်။
ကမ်းလှမ်းမှုမှာ တစ်ရာသီအငှား + အပြီးသတ်ဝယ်ယူခွင့်ဖြစ်ပြီး ယူနိုက်တက်နှင့် ဘာစီလိုနာတို့သည် အပြောင်းအရွှေ့အား အမြန်ဆုံးအပြီးသတ်နိုင်ရန်အတွက် နောက်ဆုံးအဆင့်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေသည်။
[ David Ornstein ]
6 057
Admin ရဲ့ Internet Connection က အဆင်မပြေဖြစ်နေတဲ့အတွက် ဘော်ဒါတစ်ယောက်ရဲ့ Stream ကို ရှယ်ပေးလိုက်ပါတယ်
ညီအကိုတို့ အဆင်ပြေပါစေဗျ ❤️
https://t.me/livestream7755
6 057
Repost from Live Stream By ကောင်းစုံ
မန်ယူ vs လိဒ် ပွဲ တိုက်ရိုက် Live စပါပြီဗျ 💯
ချစ်ကြည်ရေးပွဲပါဗျ။
မကြည့်တတ်သူများ🔴
👉 channel ရဲ့အပေါ်ဆုံး ညာဘက် ထောင့်က join🔴 ဆိုတာလေးကို
နိုပ်ပြီ ကြည့်နိုင်ပါတယ်ဗျ။
https://t.me/livestream7755
6 057
Repost from ဘောလုံးပွဲတိုက်ရိုက်LIVE & Highlights
အမ်ဗျူမိုကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့ မန်ယူနိုက်တက်
#Mbeumo
#ManchesterUnited
6 057
ဒီည ခြေစမ်းပွဲ ကြည့်ရှုမယ့် ညီအကိုတွေအတွက်
ပြသပေးသွားပါမယ် ❤️
ယူနိုက်တက် 🆚 လိဒ်
မြန်မာစံတော်ချိန်ည : ၇:၃၀
ကစားသမားသစ် ကွန်ညာ ပါဝင်လာပါမယ် 💪
#Burmese_Red_Devils
6 057
ယူနိုက်တက်သည် ဂိုးသမား မာတီနက်ဇ် အတွက် အက်စ်တွန်ဗီလာအသင်းနှင့် ကစားသမားချင်း လဲလှယ်မှုပြုလုပ်ရန် စဉ်းစားနေကြောင်း သိရသည်။
[FabrizioRomano]
6 057
+6
📸 | လိဒ်စ်ယူနိုက်တဒ်နှင့် ယှဉ်ပြိုင်ကစားမည့် ရာသီကြိုခြေစမ်းပွဲစဉ်အတွက် ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းသို့ထွက်ခွာသွားသော ယူနိုက်တက်ကစားသမားများ၏ ပုံရိပ်များ
ဒီပွဲစဥ်ကိုလဲ တိုက်ရိုက်ပြသပေးမှာပါ ညီအကိုများ...
[ Manchester United ]
6 057
ဖရီးကစ် နည်းပြ အိုနာနာ နဲ့
ဖရီးကစ်ကန်မယ့် အမ်ဗျူမိုတို့ကတော့
နိုင်ငံအသင်းမှာသာမက ကလပ်အသင်းမှာပါ
တွဲကစားရတော့မှာပါ ...
၂ ယောက်ပေါင်း လောင်းကျော်မယ့် အကွက်တွေ...
#Mbeumo
#Onana
6 057
𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆🚨✅
မန်ချက်စတာယူနိုက်တက်အသင်းဟာ အမ်ဗျူမိုအတွက် ဘရန့်ဖိုဒ့်အသင်းနဲ့ အလုံးစုံသဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ မနေ့ညက ပေါင် သန်း ၇၀ နဲ့ကမ်းလှမ်းပြီးနောက် အပြောင်းအရွှေ့ဟာ 𝐇𝐄𝐑𝐄 𝐖𝐄 𝐆𝐎 ဖြစ်ခဲ့ပါပြီ 🔴
[David_Ornstein/Fabrizio]
6 057
အေစီမီလန် အသင်းဟာ မန်ယူနိုက်တက် တိုက်စစ်မှူး Rasmus Højlund ကို ခေါ်ယူရန် စိတ်ဝင်စားလာနေပြီး ယင်းအတွက် ကစားသမားအခြေအနေ၊ ဈေးနှုန်းဆိုင်ရာအချက်အလက်များကို မကြာသေးခင် နာရီပိုင်း အတွင်း မန်ယူနိုက်တက်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ကြောင်း သိရှိရသည်။
[Di Marzio]
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
