cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

KR Tech

To the Future 🚀🚀

Більше
Рекламні дописи
1 296
Підписники
-124 години
-107 днів
-1930 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Фото недоступнеДивитись в Telegram
🔥 1
ပေ 40 ကျော် လူပုံစံစက်ရုပ်ကြီးသုံးကာ ရထားလိုင်းတွေ ပြုပြင်ထိန်းသိမ်းဖို့အတွက် ဂျပန်အနောက်ပိုင်းမီးရထားဌာနက စီစဥ်လာတာပါ။ Disney ရဲ့ animation ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Wall-E စက်ရုပ်လေးစတိုင်ကို အတုယူကာ တည်ဆောက်ထားတဲ့ ၎င်းစက်ရုပ်ကြီးကိိုတော့ ရထားသံလမ်းတွေပေါ်မှာ မောင်းနှင်နိုင်တဲ့ ထရပ်ကားကြီးပေါ်မှာ တင်ဆောင်အသုံးပြုသွားမှာပါ။ စက်မောင်းအခန်း (Cockpit) ကနေ လှမ်းထိန်းချုပ်သွားမယ့် ၎င်းစက်ရုပ်ကြီးကိုတော့ ရထားလိုင်းနဲ့မလွတ်တဲ့ သစ်ပင်တွေခုတ်ထွင်ရှင်းလင်းဖို့နဲ့ သံဖရိန်တွေကို ဆေးသုတ်ဖို့အတွက် အဓိက အသုံးပြုသွားမှာပါ။ အလုပ်သမားရှားပါးလာတဲ့ ပြ_ဿ_နာတွေနဲ့ ဂျပန်ရဲ့ မြင့်တက်လာတဲ့ အသက်ကြီးပိုင်း အလုပ်သမားအင်အားတွေမှာ ဖြစ်တတ်တဲ့ မ_တော်_တ_ဆမှုတွေကို ယခုတီထွင်ဆန်းသစ်မှုကြောင့် တစ်စိတ်တစ်ပိုင်းလျှော့ချနိုင်လာမယ်လို့ ရထားလိုင်းတာဝန်ရှိသူတွေက ဆိုထားကြပါတယ်။ စက်ရုပ်ကြီးကတော့ 40 Kg လောက် အလေးချိန်ရှိတဲ့ ပစ္စည်းတွေအထိ ကောင်းကောင်းမွန်မွန် သယ်ဆောင်နိုင်တာပါ။ အနာဂတ်တွင် အခြေခံအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးအပိုင်းများအတွက် အဖြေတစ်ခုဖြစ်လာနိုင်တယ်ဆိုပြီး ရထားလိုင်းတာဝန်ရှိသူတွေက ဆိုထားကြောင်းပါဗျာ။ Ref: CNN, Fossbytes #HumanoidRobot #WallE #RailwayMaintainence #WestJapanRailway #KRTech
Показати все...
1🔥 1
Фото недоступнеДивитись в Telegram
🔥 1
Nividia ကုမ္ပဏီကို လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ အစောပိုင်းဝန်ထမ်း​ တော်တော်များများကတော့ အခုချိန်မှာ ဘီလီယံနာသူဌေးကြီးတွေ ဖြစ်ကုန်ကြပါပြီ။ လွန်ခဲ့တဲ့ငါးနှစ်အတွင်း Nividia ရဲ့ စတော့စျေးနှုန်းတွေက 3,450% အထိ မြင့်တက်လာတာကြောင့် ဝန်ထမ်းတော်တော်များများ ချမ်းသာကြွယ်ဝသွားတာဖြစ်ပြီး အလယ်အလတ်အဆင့် မန်နေဂျာတွေတောင်မှ တစ်နှစ်ကို ဒေါ်လာ 1 သန်းလောက်အထိ ဝင်ငွေရရှိနေတာပါ။ ငွေကြေးပိုင်ဆိုင်မှုပိုင်းမှာ လုံခြုံစိတ်ချလာရတာကြောင့် Nividia ရဲ့ အလုပ်အမှုဆောင်တော်တော်များများအနေနဲ့ အလုပ်မှ တစ်စိတ်တစ်ပိုင်း အနားယူမှု (Semi retirement) ပုံစံတွေပါ လုပ်ဆောင်လာကြပါပြီ။ Nividia CEO ဖြစ်သူ Jensen Huang ကတော့ သူရဲ့ဝန်ထမ်းတွေကို အနားယူတာ မစောဖို့နဲ့ ဝန်ထမ်းကျင့်ဝတ်သိက္ခါနဲ့အညီ တာဝန်တွေကျေပွန်အောင် ထမ်းဆောင်ကျဖို့ တိုက်တွန်းထားတာပါ။ လစာတွေအများအပြားရရှိနေပေမယ့် Nividia ရဲ့ ဝန်ထမ်းတော်တော်များများကတော့ ချမ်းသာတယ်လို့ မခံစားကြရဘူးလို့ စစ်တမ်းတစ်ခုမှာ ပြန်ဖြေထားကြပါတယ်။ "ကျွန်တော်တို့ရဲ့ ဝင်ငွေတော်တော်များများက ကန့်သတ်ထားတဲ့စတော့ယူနစ်တွေက လာတာပါ။ ရရှိတဲ့ဝင်ငွေထဲကအသုံးစရိတ်နဲ့ အခွန်ငွေဖယ်လိုက်ရင် သိပ်မကျန်တော့ဘူး" လို့ Nividia အင်ဂျင်နီယာတစ်ယောက်က ပြောဆိုထားပါတယ်။ လူဆိုတာမျိုးကလည်း "ရလေလိုလေ အိုတစ္ဆေ" ဖြစ်တဲ့အတွက် ဘယ်လောက်ပဲငွေဝင်​နေပါစေ ကျေနပ်မယ့်အမျိုးတော့ မဟုတ်ကြောင်းပါဗျာ။ Ref: Fossbytes, Yahoo Finance #Nividia #Billionaires #JensenHuang #StockPriceSurge #KRTech
Показати все...
👍 4🔥 1
ကမ္ဘာပေါ်က Subscriber အများဆုံး Youtuber ဖြစ်တဲ့ MrBeast ကတော့ နိုင်ငံအများအပြားက အိမ်လိုအပ်နေတဲ့ မိသားစုတွေကို အိမ်အလုံး 100 ခန့် ဆောက်လုပ်လှူဒါန်းခဲ့တာပါ။ အိမ်လှူဒါန်းခဲ့တဲ့ နိုင်ငံတွေထဲမှာတော့ ဂျမေကာ၊ အာဂျင်တီးနား၊ အယ်ဆာဗေးဒိုး၊ မက္ကဆီကိုနဲ့ ကိုလံဘီယာ နိုင်ငံတွေ ပါဝင်နေပါတယ်။ သဘာဝဘေးအ_ န္တ _ရယ်တွေကြောင့် နေစရာပျောက်ဆုံးခဲ့တဲ့ မိသားစုတွေကို အဓိကလှူဒါန်းဖို့ ဆုံးဖြတ်ထားတဲ့ သူ့ရဲ့ ပရောဂျက်အတွင်းမှာတော့ အိမ်တွေအပြင် ဘောလုံးကွင်း၊ စက်ဘီးတွေနဲ့ အခြားသောအားကစားပစ္စည်းတွေကိုပါ ထည့်သွင်းလှူဒါန်းသွားမှာပါ။ လှူဒါန်းခဲ့တဲ့အိမ်အများစုကိုတော့ ကြာရှည်ခံစေရန်အတွက် ဒေသခံဆောက်လုပ်ရေးသမားတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေရဲ့ အကူအညီယူကာ တည်ဆောက်ထားတယ်လို့ MrBeast က ဆိုထားပါတယ်။ အိမ်တွေလှူဒါန်းတာနဲ့ ပရဟိတလုပ်နေတဲ့မြင်ကွင်းတွေ စုစည်းကာဖန်တီးထားတဲ့ MrBeast ရဲ့ Youtube ဗီဒီယိုကတော့ အခုချိန်မှာ 76 million အထိ view ရရှိနေပြီ ဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း MrBeast ရဲ့ Youtube Channel ကိုသွားရောက်ကြည့်ရှူကာ မေတ္တာပွားနိုင်ကြောင်းပါဗျာ။ "ကမ္ဘာမှာ အရေးကြီးဆုံးအရာ မေတ္တာမဟုတ်ဘူးလား" 😊😊 #MrBeast #DonatingHouses #Youtube #KRTech
Показати все...
5🔥 2
Фото недоступнеДивитись в Telegram
5👍 4🔥 2
Фото недоступнеДивитись в Telegram
👍 2
စမတ်ဖုန်းတွေနဲ့ Hybrid ကားတွေအတွက် မရှိမဖြစ်ပစ္စည်းလို့ဆိုရမယ့် မြေရှားသတ္ထု တန်သန်းနှစ်ထောင်ကျော်လောက်ကို အမေရိကန်နိုင်ငံ၊ ဝိုင်အိုမင်းပြည်နယ်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ၎င်းသတ္ထုတွင်းတွေကိုတော့ American Rare Earths ကုမ္ပဏီက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး သူတို့နဂိုခန့်မှန်းထားတဲ့ သတ္ထုမက်ထရစ်တန်ပေါင်း 1.2 သန်း ဆိုတဲ့ပမာဏထက်စာရင် အများကြီးကျော်လွန်နေတယ်လို့ ကုမ္ပဏီဘက်က ဆိုထားပါတယ်။ ၎င်းမြေရှားသတ္ထုသိုက်တွေ ရှာဖွေတွေ့ရှိမှုကြောင့် မြေရှားသတ္ထုလိုအပ်ချက်အတွက် နိုင်ငံခြားသွင်းကုန်အပေါ်မှာ မှီခိုနေရမှုအပေါ် အမေရိကန်အနေနဲ့ များစွာလျှော့ချသွားနိုင်ဖွယ်ရှိနေပြီး နိုင်ငံ့စီးပွားရေးကိုလည်း သိသိသာသာတိုးမြှင့်သွားနိုင်ဖွယ် ရှိနေပါတယ်။ အခုချိန်မှာတော့ အမေရိကန်အနေနဲ့ ​မြေရှားသတ္ထုလိုအပ်ချက်ရဲ့ 74% လောက်ကို ပြည်ပကနေ တင်သွင်းနေရတာပါ။ အခုချိန်မှာတော့ သတ္ထုမြေဧရိယာရဲ့ 25% လောက်ကိုပဲ တူးဖော်ရှာဖွေရသေးတာဖြစ်ပြီး ရှာဖွေတွေ့ရှိမှုတွေထဲမှာတော့ neodymium နဲ့ praseodymium တို့လို တန်ဖိုးကြီး မြေရှားသတ္ထုဒြပ်စင်တွေ ပါဝင်နေတာပါ။ American Rare Earths ကုမ္ပဏီနဲ့အပြိုင် Ramaco Resources' ကုမ္ပဏီကလည်း $37 ဘီလီယံလောက်တန်ဖိုးရှိတဲ့ မြေရှားသတ္ထုသိုက်တွေကို ဝိုင်အိုမင်းပြည်နယ်၊ Sheridan မြို့အနီးအနားမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမေရိကန်သားတို့ရဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေကတော့ 2024 ကစပြီး ထိုးတိုးတက်မယ့်အလားအလာများစွာ မြင်နေရပြီ ဖြစ်ကြောင်းပါဗျာ။ Ref: American Rare Earths, Fossbytes #RareEarth #Wyoming #USA #AmericanRareEarths #KRTech
Показати все...
Фото недоступнеДивитись в Telegram
11👍 3🔥 2
2030 ခုနှစ်မှာ သက်တမ်းကုန်တော့မယ့် နိုင်ငံတကာအာကာသစခန်း (ISS) ကို ဖျ_က်_ဆီးဖို့အတွက် အီလွန်မတ်စ်ပိုင် SpaceX က နာဆာနဲ့ စာချုပ်တစ်ခု ချုပ်ဆိုနိုင်ခဲ့တာပါ။ စာချုပ်တန်ဖိုးကတော့ ဒေါ်လာသန်းတစ်ထောင်လောက် ရှိတာဖြစ်ပြီး SpaceX အနေနဲ့ နိုင်ငံတကာအာကာစခန်းကို လမ်းကြောင်းလွှဲမယ့်ယာဥ် (Deorbit Vehicle) ကို ဖန်တီးတည်ဆောက်ပေးရမှာပါ။ နိုင်ငံတကာအာကာသစခန်းကြီး ISS အနေနဲ့ 2030 ခုနှစ်ကျရင် ကမ္ဘာကြီးဆီသို့ ပြန်လည်ဝင်ရောက်လာမှာပါ။ ထိုသို့ဝင်ရောက်ကျဆင်းလာချိန်မှာ လူဦးရေများတဲ့ဒေသတွေကို မကျဆင်းစေပဲ လုံခြုံစိတ်ချရတဲ့နေရာမှာ ကျဆင်းစေဖို့အတွက် SpaceX ရဲ့ Deorbit Vehicle က ISS ကို လမ်းကြောင်းထိန်းသိမ်းပေးရမှာပါ။ ဒေါ်လာ 843 သန်းလောက်တန်မယ့် SpaceX ရဲ့ လမ်းကြောင်းလွှဲယာဥ်ကတော့ ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်လာတာနဲ့ တစ်စဆီ ပျ_က်_ဆီးသွားမှာဖြစ်တဲ့အတွက် လူတွေကို အ_န္တ_ရာယ်ဖြစ်စေမှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ဆိုထားကြပါတယ်။ SpaceX ကတော့ လမ်းကြောင်းလွှဲမယ့်ယာဥ်ကို အဓိကတည်ဆောက်သွားမှာဖြစ်ပြီး နာဆာကတော့ ISS ကို ဖျ_က်_ဆီးမယ့်လုပ်ငန်းစဥ်အစအဆုံးကို ကြီးကြပ်စီမံသွားမှာ ဖြစ်ကြောင်းပါဗျာ။ Ref: NASA, Fossbytes #ISS #NASA #SpaceX #DeorbitVehicle #KRTech
Показати все...
👍 9🔥 2
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.