𝐄𝐧𝐣𝐨𝐲
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇 @enjoy_admin_official_bot
Показати більше📈 Аналітичний огляд Telegram-каналу 𝐄𝐧𝐣𝐨𝐲
Канал 𝐄𝐧𝐣𝐨𝐲 (@enjoyforu) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 111 791 підписників, посідаючи 1 728 місце в категорії Фільми та 915 місце у регіоні М'янма.
📊 Показники аудиторії та динаміка
З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 111 791 підписників.
За останніми даними від 26 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -2 194, а за останні 24 години на -36, загальне охоплення залишається високим.
- Статус верифікації: Не верифікований
- Рівень залученості (ER): Середній показник залученості аудиторії становить 1.46%. Протягом перших 24 годин після публікації контент зазвичай збирає 0.54% реакцій від загальної кількості підписників.
- Охоплення публікацій: В середньому кожен допис отримує 1 632 переглядів. Протягом першої доби публікація в середньому набирає 608 переглядів.
- Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 4.
📝 Опис та контентна політика
Автор описує ресурс як майданчик для висловлення суб'єктивної думки:
“ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot”
Завдяки високій частоті оновлень (останні дані отримано 27 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Фільми.
သူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ ဟာသကားတွေပေါပါတယ်..ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်..စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရော သာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ..ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ⬇️ ကြည့်ရန် ချန်နယ်လင့်ကို အရင်Joinပါ ⬇️ https://t.me/+KwY8PirffDphOWM1 ⬇️ဇာတ်ကားကြည့်ရန်နှိပ်ပါ⬇️ https://t.me/c/1984124754/5771
ဆယ်ကျော်သက် ကျောင်းသူလေးတစ်ယောက်ရဲ့ ခက်ခဲတဲ့ ဘဝအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း အထက်တန်းကျောင်းသူလေး ဟန်ဂုံးဂျူကတော့ ကျောင်းစာသင်နှစ်တစ်ဝက်မှာ trauma ရစရာကိစ္စတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ဖိအားပေးမှုကြောင့် ကျောင်းပြောင်းလိုက်ရတယ်။ နေရာအသစ်ကို ရောက်တဲ့အခါမှာလည်း ဟန်ဂုံးဂျူတစ်ယောက် trauma တွေကြောင့် သာမန်လိုနေဖို့ ခက်ခဲနေခဲ့ပေမဲ့ ကံကောင်းစွာနဲ့ သီချင်းဆိုတဲ့နေရာမှာ ပါရမီပါတဲ့ ဟန်ဂုံးဂျူကို ချဉ်းကပ်လာတဲ့ သူငယ်ချင်းအသစ်တွေ ရှိလာခဲ့တယ်။ ဒါပေမဲ့ သာမန်လူတစ်ယောက်လိုနေဖို့ ကြိုးစားနေတဲ့ ဟန်ဂုံးဂျူဟာ တစ်ခါတစ်လေမှာတော့ ကြောက်စိတ်တွေ ပြန်လည်လွှမ်းမိုးလာတာမျိုး ဖြစ်နေတာကို တွေ့ရတယ်။ ဟန်ဂုံးဂျူတစ်ယောက် အရင်ကျောင်းမှာ ဘာတွေကြုံတွေ့ခဲ့ရလို့ အဲဒီလိုဖြစ်နေရတာလဲ…. သူ့ရဲ့ trauma တွေကိုရော ကုစားသွားနိုင်မလား…ဘယ်လိုကုစားသွားမလဲ...ဆိုတာကို ကြည့်လိုက်ကြပါဦးနော်။⬇️ ကြည့်ရန် ချန်နယ်လင့်ကို အရင်Joinပါ ⬇️ https://t.me/+CT_14Ar9FchkODVl ⬇️ဇာတ်ကားကြည့်ရန်နှိပ်ပါ⬇️ https://t.me/c/2260619471/2781
ဂျီဒုံချော(Gong Yoo)ဟာ တစ်ချိန်က မြောက်ကိုရီးယားရဲ့ ထိပ်တန်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ခဲ့ပေမဲ့ နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲသွားပြီးနောက်မှာ မစ်ရှင်တစ်ခု လုပ်ဆောင်နေစဉ်မှာပဲ သူ့အထက်ပိုင်းအဖွဲ့အစည်းရဲ့ စွန့်ပစ်မှုကို ခံခဲ့ရပါတယ်။ သူ တိမ်းရှောင်နေစဥ်မှာပဲ .. တရုတ်နိုင်ငံကို ကျေးကျွန်အဖြစ် ရောင်းစားခံရတဲ့သူ့ဇနီးနဲ့ သမီးလေးအကြောင်းကို သိရှိခဲ့ရပြီး လိုက်သွားကြည့်တဲ့အခါမှာတော့ ဇနီးဖြစ်သူရဲ့အလောင်းကိုသာ တွေ့ခဲ့ရပါတယ် အဲဒီနောက် သူ့ဇနီးရဲ့သေဆုံးမှုနောက်ကွယ်မှာ သူ့ရဲ့အရင်ကလုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦး ရှိနေကြောင်း သူသိရတဲ့အခါမှာတော့ ဒုံချောဟာ လက်စားချေဖို့အတွက် တောင်ကိုရီးယားကို ထွက်လာခဲ့ပြီး သူ့မိသားစုရဲ့ လူသတ်တရားခံကိုလိုက်ရှာပါတော့တယ်။ သူဟာ နေ့ဘက်မှာ ရုပ်ဖျက်နေထိုင်ပြီး လူသတ်တရားခံကို ရှာဖွေရင်းနဲ့ ညဘက်မှာတော့ ဥက္ကဌဘတ်ဂွန်းဟိုရဲ့ အိမ်မှာ ကားဒရိုင်ဘာအဖြစ်နဲ့ လုပ်ကိုင်ခဲ့ပါတယ် ..⬇️ ကြည့်ရန် ချန်နယ်လင့်ကို အရင်Joinပါ ⬇️ https://t.me/+EsXX1J8YygUwZDRl ⬇️ဇာတ်ကားကြည့်ရန်နှိပ်ပါ⬇️ https://t.me/c/2134161386/5096
ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်ရတာက လွယ်တယ်လို့ထင်ပါသလား ဒိုင်းကီချိ တစ်ယောက် သူ့အဘိုးစျာပနအခမ်းအနားကြောင့် အဘိုးဖြစ်သူရဲ့အိမ်ကို ပြန်လာရင်း အသက် ၆ နှစ်အရွယ် ရင်းလို့ခေါ်တဲ့ကလေးမလေးတစ်ယောက်ကို တွေ့သွားပြီး ဘယ်သူ့ကလေးလဲဆိုတာမေးတော့ သူ့အဘိုးရဲ့တိတ်တိတ်ပုန်းကလေးဖြစ်နေတယ်။ အဲဒီမှာ ဒိုင်းကီချိက ချစ်ဖို့ကောင်းပြီး အပြစ်မရှိတဲ့ ရင်းကို သနားသွားလို့ ခေါ်ယူကျွေးမွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တာကို သူ့မိဘတွေရော သူ့ဆွေမျိုးတွေရော အသည်းအသန် တားကြပေမဲ့ ဒိုင်းကီချိကတော့ သူ့ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ရင်းကို ခေါ်ယူစောင့်ရှောက်ပါတော့တယ်။ စစချင်းတော့ ကိုယ့်ကလေးမဟုတ်တဲ့သူကို ခေါ်ယူစောင့်ရှောက်တာကမှားသွားပြီလားလို့ လူပျိုဖြစ်တဲ့ ဒိုင်းကီချိတစ်ယောက် နောင်တရနေပေမဲ့ အဆိုးထဲကအကောင်းလို့ပြောရလောက်အောင် သိပ်လိမ္မာတဲ့ ရင်းကို တဖြည်းဖြည်း ကိုယ့်သမီးလို မြင်ယောင်ပြီး သံယောဇဉ်တွယ်လာမိတော့တယ်...⬇️ ကြည့်ရန် ချန်နယ်လင့်ကို အရင်Joinပါ ⬇️ https://t.me/+9y03D5Xef-M4YjA9 ⬇️ဇာတ်ကားကြည့်ရန်နှိပ်ပါ⬇️ https://t.me/c/2033798573/4121
ဘယ်လို Character ဘယ်လို ဇာတ်ရုပ်မျိုးကိုမဆို အထာကျကျသရုပ်ဆောင်တတ်တဲ့ Zo In-su၊ng ဆိုတဲ့ ဘဲကြီးကတော့ K Movi၊e/seri၊es Fanတွေအတွက်ကတော့ စိမ်းမယ်မထင်ပါဘူး ဒီကနေ့မှာတော့ Z၊o In-su၊ng ရဲ့ အကောင်းဆုံးဂန်းစတားကားတွေထဲက တခုကို ညွန်းဆိုပေးလိုက်ချင်ပါတယ် ကြည့်ဖူးပြီးသား လူတွေရှိပေမဲ့ အကယ်၍ ဒီကားမကြည့်ရသေးရင်တော့ ခုချက်ချင်းကြည့်လိုက်ဖို့သာအကြံပေးချင်ပါတယ် ဇာတ်လမ်းရော သရုပ်ဆောင်ချက်တွေကပါ မိုက်လှတဲ့အပြင် အချိန်ကုန်ရကျိုးလဲနပ်စေမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ချစ်ရတဲ့မိသားစုအတွက် နိုင်ငံရေးသမားတွေ သူဌေးတွေ နဲ့ပတ်သက်ခဲ့ရတဲ့ ဂိုဏ်းစတားတစ်ယောက်အကြောင်းပါပဲ ဂိုဏ်းစတားတွေကြားထဲ ညီအကိုစိတ်ဓာတ်နဲ့ သ၊စ္စာ၊ဖောက်မှုကိုတွေကို မြင်တွေ့ရမယ်ဆိုလဲ မမှားပါဘူး⬇️ ကြည့်ရန် ချန်နယ်လင့်ကို အရင်Joinပါ ⬇️ https://t.me/+3YzsZpLDrG9lMWZl ⬇️ဇာတ်ကားကြည့်ရန်နှိပ်ပါ⬇️ https://t.me/c/2001620303/5981
ဆုန်းဝူချောဆိုတဲ့ သူဟာ လက်ဝှေ့မှာအတော်ကြမ်းတဲ့ဖိုက်တာတစ်ဦးဖြစ်ပါတယ်... သူက လူမိုက်အမိုက်အပေါင်းအသင်းတွေလည်းရှိသလို မြေအောက် တရားမဝင်လက်ဝှေ့လောကမှာလည်း ရံဖန်ရံခါ အချီကြီးထိုးလေ့ရှိတယ်... တစ်နေ့တော့ တခြားဖိုက်တာတစ်ယောက်နဲ့ အချီကြီးထိုးဖို့ဖြစ်လာတယ်.. အတွေ့အကြုံလည်းများသလို ထိုးသတ်ရာမှာ ဆရာကြီးဖြစ်တဲ့ သူ့အတွက် သိပ်မခက်တဲ့ပွဲဆိုပေမဲ့ တစ်ဖက်ပြိုင်ဘက်က ပွဲအပြီးသေဆုံးသွားပါတယ်.....ဒါ့ကြောင့် သူဟာ ထောင်ကျသွားခဲ့တယ်... နောင်တတွေ ရနေတဲ့သူဟာ ထောင်က ၈ နှစ်အကြာမှာ လွတ်လာပြီး အေးဆေးလေးနေမယ်လို့ကြိုးစားခါမှ သူ့ရဲ့ လူမိုက်ဘော်ဒါဟောင်းတွေဟာ မဟာအရှုတ်တော်ပုံကြီးထဲကိုဆွဲသွင်းလာတဲ့အခါမှာတော့... ⬇️ ကြည့်ရန် ချန်နယ်လင့်ကို အရင်Joinပါ ⬇️ https://t.me/+EsXX1J8YygUwZDRl ⬇️ဇာတ်ကားကြည့်ရန်နှိပ်ပါ⬇️ https://t.me/c/2134161386/5082
ဇာတ်လမ်းကတော့ သူငယ်ချင်းတစ်စု တောနက်ထဲက လူသူမရောက်တဲ့ ရှေးဟောင်းသိမ်ကျောင်းပျက်ကြီးတစ်ခုဆီကို ရောက်သွားရာကနေ အစပျိုးထားပါတယ်။ အဲဒီမှာ ကံဆိုးချင်တော့ ဘယ်သူမှ မကိုင်ရဲတဲ့ ရှေးဟောင်း Board Game တစ်ခုကို မတော်တဆ ရှာတွေ့သွားကြတယ်ပေါ့။ လူငယ်သဘာဝ စူးစမ်းချင်စိတ်နဲ့ အဲဒီကစားခုံပေါ်က အန်စာတုံးကို လှိမ့်လိုက်မိတဲ့ အခိုက်အတန့်မှာပဲ... နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတဲ့ အငြိုးကြီးမားတဲ့ ဝိညာဉ်ဆိုးကြီး လွတ်မြောက်လာပါတော့တယ်။ အဲဒီအချိန်ကစပြီး သူတိုဆော့နေတဲ့ Board Game ဟာ သာမန်ကစားပွဲမဟုတ်တော့ဘဲ တစ်ချက်မှားတာနဲ့ အသက်ပျောက်မဲ့ သေမင်းထောင်ချောက်ကြီးအဖြစ် ပြောင်းလဲသွားတဲ့အခါ... သူတို့ သူငယ်ချင်းတစ်စု နောက်ထပ် သားကောင်တွေ ထပ်မဖြစ်ခင် ဒီကျိန်စာသင့် ကစားပွဲကြီးကို ဘယ်လို အဆုံးသတ်ရမလဲဆိုတာ အဖြေရှာနိုင်ပါ့မလား။ ဝိညာဉ်ဆိုးရဲ့ ရက်ရက်စက်စက် လိုက်လံချေမှုန်းမှုတွေကြားကနေ ဘယ်သူတွေ အသက်ရှင်လျက် အပြင်ကို ပြန်ရောက်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုလိုက်ကြပါဦးစို့⬇️ ကြည့်ရန် ချန်နယ်လင့်ကို အရင်Joinပါ ⬇️ https://t.me/+iB14MHb70TE2Y2Q9 ⬇️ဇာတ်ကားကြည့်ရန်နှိပ်ပါ⬇️ https://t.me/c/2451106533/2991
မယားကြောက်စပိုင်စုံထောက်ကြီးနှစ်ယောက်😂😂
ငယ်ငယ်တည်းက အတူကြီးပြင်းလာပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ် တစ်ယောက်ကတော့ ရဲသင်တန်းကျောင်းကို တက်ခွင့်ရပြီး စုံထောက်အဖြစ်လုပ်ကိုင်ခွင့်ရခဲ့ပေမယ့်နောက်တစ်ယောက်ကတော့ စုံထောက်ဖြစ်ခွင့်မရခဲ့ရှာပါဘူးသူက စုံထောက်အလုပ်ကို အရမ်းဝါသနာပါလွန်းလို့ အလုပ်ပျက်မိန်းမ အဆူအဆဲခံပြီး သူ့သူငယ်ချင်းတို့ရဲစခန်းကိုအမြဲသွားပြီး ပေကပ်နေလေ့ရှိပါတယ်သူ့သူငယ်ချင်းရဲ့ တွဲဖက်စီနီယာကတော့ Legendary ကြီး နိုတေးဆူပါ သူ့ရဲ့ ဝါသနာ စုံထောက်အရည်အချင်းတွေက နိုတေးဆူအသိအမှတ်မပြုလို့မရအောင်ထိ ဖြစ်နေခဲ့ပေမယ့်စုံထောက်ဖြစ်ခွင့်မရခဲ့ပါဘူးတနေ့မှာတော့ လူသတ်မှုတစ်ခုမှာ ဂျွန်စုကို ချောက်တွန်းခံရတဲ့အခါ သူငယ်ချင်းထိ ဓားကြည့်ဆိုတဲ့ ဒေးမန်တစ်ယောက်နိုတေးဆူနောက်ကို အတင်းလိုက်ကပ်ပြီးအမှုမှန်ပေါ်အောင်ကြိုးစားရပါတော့တယ် ဇာတ်လမ်းမြှုပ်ကွက်အဆန်းလေးတွေနဲ့အတူ နိုတေးဆူနဲ့ ဒေးမန် နှစ်ယောက်သား............⬇️ ကြည့်ရန် ချန်နယ်လင့်ကို အရင်Joinပါ ⬇️ https://t.me/+EsXX1J8YygUwZDRl ⬇️ဇာတ်ကားကြည့်ရန်နှိပ်ပါ⬇️ https://t.me/c/2134161386/5075
ရုပ်သံနဲ့ရေဒီယိုအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ဂိုဆွန်းယောင်းက ပရိတ်သတ်တွေကြားထဲမှာအလွန်ရေပန်းစားနာမည်ကြီးတဲ့သူတစ်ယောက်ပါ သူမရဲ့ပြောဆိုတင်ဆက်မှုတွေကြောင့် ရေဒီယိုအစီအစဉ်တစ်ခုအရမ်းအောင်မြင်ခဲ့ပြီးနောက် စိတ်ဝေဒနာရှင်တစ်ယောက်က သူမရဲ့အစီအစဉ်ကိုစဉ်ဆက်မပြတ်နားထောင်တဲ့ပရိသတ်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့တင်ဆက်မှုကြောင့် စိတ်ဝေဒနာရှင်ပရိတ်သတ်ဟာ သူ့ကိုယ်သူ သူရဲကောင်းအဖြစ်ခံယူနိုင်အောင်ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအကျိုးဆက်ကြောင့် သူမနဲ့ သူမရဲ့မိသားစုဝင်တွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိခဲ့လဲ ?? စိတ်ဝေဒနာရှင်နဲ့သူမရဲ့ပတ်သက်မှုတွေကဘယ်လိုဖြစ်လာလဲဆိုတာကို ဇာတ်ကားအစမှအဆုံးထိ ရင်တမမကြည့်နေရမှာပဲဖြစ်ပါတယ်⬇️ ကြည့်ရန် ချန်နယ်လင့်ကို အရင်Joinပါ ⬇️ https://t.me/+KwY8PirffDphOWM1 ⬇️ဇာတ်ကားကြည့်ရန်နှိပ်ပါ⬇️ https://t.me/c/1984124754/5751
ဇာတ်လမ်းအကျဉ်း ...... စစ်ပွဲပြီးကာစကာလမှာ နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် လူတွေက ပြည်ပကိုထွက်ပြေးဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားနေကြချိန်ပါ။ ဇာတ်လိုက်ကျော် Binh ကတော့ လေကြောင်းလုံခြုံရေးအရာရှိ (Air Marshal) တစ်ယောက်ပါ။ ဆိုင်ဂုံမှာရှိတဲ့ သူ့မိန်းမက မီးဖွားခါနီးမို့လို့ အချိန်မီရောက်အောင် ခွင့်ယူပြီး လေယာဉ်အမှတ် HVN-602 နဲ့ အိမ်ပြန်ဖို့ စီစဉ်ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ အဲ့ဒီလေယာဉ်ပေါ်မှာပဲ လောင် လို့ခေါ်တဲ့ ဦးဆောင်သူနဲ့ အပေါင်းအပါတွေက လေယာဉ်ကိုပြန်ပေးဆွဲပြီး နိုင်ငံခြားကို ထွက်ပြေးဖို့ ကြံစည်ကြပါတော့တယ်။ လေယာဉ်ပေါ်ရောက်ပြီး မကြာခင်မှာပဲ လောင် တို့အဖွဲ့က လေယာဉ်ကို စီးနင်းလိုက်ပါတယ်။ လေယာဉ်မယ် Trinh နဲ့ ခရီးသည်တွေကို ဓားစာခံထားပြီး လေယာဉ်မှူးအခန်း (Cockpit) တံခါးကို ဖွင့်ခိုင်းဖို့ ခြိမ်းခြောက်ပါတော့တယ်။ တစ်ဖက်မှာလည်း လေယာဉ်လမ်းကြောင်းလွဲသွားတာကို သိလိုက်ရတဲ့ မြေပြင်ကွပ်ကဲရေးစခန်းက လေယာဉ်ကို ပြန်မထိန်းချုပ်နိုင်ရင် တိုက်လေယာဉ် (MiG) နဲ့ ပစ်ချဖို့ အမိန့်ပေးထားပါတယ်။ မိန်းမက မီးဖွားခါနီးမို့ အိမ်ပြန်ချင်နေတဲ့ Binh တစ်ယောက် လေယာဉ်ပေါ်က ခရီးသည်တွေရဲ့ အသက်အန္တရာယ်နဲ့ သူ့မိသားစုကြား ဘယ်လိုရွေးချယ်မလဲ၊ လက်နက်မဲ့နေတဲ့ သူက ရက်စက်တဲ့ ပြန်ပေးသမားတွေကို ဘယ်လို ပြန်လည်တိုက်ခိုက်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။⬇️ ကြည့်ရန် ချန်နယ်လင့်ကို အရင်Joinပါ ⬇️ https://t.me/+EsXX1J8YygUwZDRl ⬇️ဇာတ်ကားကြည့်ရန်နှိပ်ပါ⬇️ https://t.me/c/2134161386/5068
ဒါကတော့ ကိုရီးယား Survival Thriller ကားကောင်းတစ်ကား ရဲ့ ဇာတ်လမ်းအကျဉ်းပဲ ဖြစ်ပါတယ်။ ပြိုကျသွားသော ဥမင်နှင့် အသက်ရှင်သန်ရေး တိုက်ပွဲ (Tunnel) လီဂျောင်ဆူး (Lee Jung-soo) ဟာ သူ့သမီးလေးရဲ့ မွေးနေ့ပွဲကို သွားဖို့ ကားမောင်းလာရင်း မထင်မှတ်ဘဲ တောင်ဖြတ်ဥမင်လိုဏ်ခေါင်းတစ်ခုထဲမှာ ပိတ်မိသွားပါတော့တယ်။ အခိုင်အမာ ဆောက်ထားပါတယ်ဆိုတဲ့ ဥမင်ကြီးဟာ ရုတ်တရက် ပြိုကျသွားပြီး သူဟာ ကားနဲ့အတူ အပျက်အစီးပုံတွေအောက်မှာ နစ်မြုပ်သွားခဲ့ရပါတယ်။ သူ့လက်ထဲမှာ ရှိတာကတော့ ဖုန်းတစ်လုံး၊ ရေနှစ်ပုလင်းနဲ့ သမီးလေးအတွက် ဝယ်လာတဲ့ မွေးနေ့ကိတ်မုန့်လေးပဲ ရှိပါတယ်။ အပြင်လောကမှာတော့ ကယ်ဆယ်ရေးကျွမ်းကျင်သူ ဒေးဂျောင် (Dae-kyung) က သူ့ကို အသက်ရှင်လျက် ပြန်ထုတ်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေရသလို၊ အချိန်နဲ့အမျှ နည်းပါးလာတဲ့ အောက်ဆီဂျင်နဲ့ အစာရေစာကြားမှာ ဂျောင်ဆူးတစ်ယောက် ဘယ်လိုမျိုး အသက်ရှင်အောင် ရုန်းကန်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။⬇️ ကြည့်ရန် ချန်နယ်လင့်ကို အရင်Joinပါ ⬇️ https://t.me/+3YzsZpLDrG9lMWZl ⬇️ဇာတ်ကားကြည့်ရန်နှိပ်ပါ⬇️ https://t.me/c/2001620303/5953
Kris လို့လူသိများတဲ့ EXO M leader ဖြစ်ခဲ့ဖူးတဲ့ မင်းသား Wu Yi Fan နဲ့ ဂူဂူးလို့ မြန်မာမှာလူသိများတဲ့ မင်းသမီး Liu Yifei တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Drama, Romance အမျိုးအစားဖြစ်ပါတယ်။ Kris က ကျေးလက်သူလေးတစ်ယောက်ကို ချစ်မိသွားတဲ့ ကြွယ်ဝချမ်းသာတဲ့ သူဌေးသားလေး ချောင်ဇောင်း နဲ့ ဂူဂူး က ချစ်သူကို ချစ်လွန်းလို့ အရာရာကို ချစ်သူအကြိုက် မျက်နှာတစ်ချက် မနွမ်းအောင်ဖြည့်ဆည်းပေးခဲ့တဲ့ ဆုရင် အဖြစ် သရုပ်ဆောင်ထားပါတယ်။ အချစ်စစ်တို့ သဘောအတိုင်း မဖြောင့်ဖြူးနိုင်တဲ့ သဘောရှိတာမို့ သူတို့ရဲ့ အချစ်လမ်းမှာ ဘယ်လိုကံကြမ္မာမုန်တိုင်းတွေဝင်ရောက်လာမလဲဆိုတာ..... ဘယ်လိုကံကြမ္မာတွေပဲဝင်ရောက်လာလာ အနားမှာရှိရှိ မရှိရှိ အချစ်ဆိုတာ.. ရင်ထဲမှာထာဝရကိန်းအောင်းနေမယ့် နှလုံးသားတစ်ခုပဲ မဟုတ်ပါလား။ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Romance ကြိုက်သူတွေ ဂူဂူးပရိတ်သတ်တွေ Kris ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။⬇️ ကြည့်ရန် ချန်နယ်လင့်ကို အရင်Joinပါ ⬇️ https://t.me/+m7uztCjsxC1jYmJl ⬇️ဇာတ်ကားကြည့်ရန်နှိပ်ပါ⬇️ https://t.me/c/1969412584/4019
