uk
Feedback
ဖိုးမောင်

ဖိုးမောင်

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу ဖိုးမောင်

Канал ဖိုးမောင် (@phoemg777) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 18 168 підписників, посідаючи 2 120 місце в категорії Блоги та 7 471 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 18 168 підписників.

За останніми даними від 05 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -334, а за останні 24 години на -17, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.70%. Протягом перших 24 годин після публікації контент зазвичай збирає 5.58% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 400 переглядів. Протягом першої доби публікація в середньому набирає 1 015 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 34.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 06 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Блоги.

18 168
Підписники
-1724 години
-467 днів
-33430 днів
Архів дописів
နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်ရရှိဖို့ အိပ်မက်တွေကို လုပ်ပြနိုင်ခဲ့ပြီဆိုတဲ့ ဒေါက်တာကောင်းမြတ်စံ "အဓိကက ဉာဏအားရယ်၊ စိတ်ဓာတ်ခွန်အား
နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်ရရှိဖို့ အိပ်မက်တွေကို လုပ်ပြနိုင်ခဲ့ပြီဆိုတဲ့ ဒေါက်တာကောင်းမြတ်စံ "အဓိကက ဉာဏအားရယ်၊ စိတ်ဓာတ်ခွန်အားနဲ့ နည်းပညာပိုင်းကို အားကိုးပြီး ဆော့ရတာဖြစ်တဲ့အတွက် ဒီအောင်မြင်မှုဟာ ကျွန်တော်တို့ လူငယ်တွေရဲ့ Brain Power ဘယ်လောက်ကြီးတယ်ဆိုတဲ့အရာကို အာရှနဲ့ရင်ဘောင်တန်းနိုင်တယ်ဆိုတာကို ပြသတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ အဖွဲ့ချုပ်စတင်တည်ထောင်တဲ့အချိန်က စပြီးတော့ အိုလံပစ်တွေ၊ Asian Games တွေ၊ Sea Games တွေမှာ နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်တွေရရှိအောင် ရည်မှန်းချက်ထားခဲ့တယ်။ အဲဒါကို ဒီနေ့လုပ်ပြနိုင်ခဲ့ပြီ" - ဒေါက်တာကောင်းမြတ်စံ (မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲချုပ်ဥက္ကဌ) Video is too big

အနောက်တောင်မုတ်သုံလေ မြန်မာတစ်နိုင်ငံလုံးမှ လုံးဝဆုတ်ခွာပြီ ၂၀၂၆ ခုနှစ် မိုးရာသီ၏ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်
အနောက်တောင်မုတ်သုံလေ မြန်မာတစ်နိုင်ငံလုံးမှ လုံးဝဆုတ်ခွာပြီ ၂၀၂၆ ခုနှစ် မိုးရာသီ၏ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လုံးဝဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်သည်။ အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ စတင်ဆုတ်ခွာခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ အောက်တိုဘာ ၂ ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ အသီးသီးဆုတ်ခွာခဲ့သည်။ ထို့နောက် ယနေ့ အောက်တိုဘာ ၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးအပါအဝင် ကျန်ဒေသများမှ ဆုတ်ခွာခဲ့သဖြင့် မြန်မာတစ်နိုင်ငံလုံးမှ အနောက်တောင်မုတ်သုံလေ လုံးဝဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။ မုတ်သုံလေဆုတ်ခွာနေသည့်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၌ အောက်တိုဘာ ၅ ရက်က အမြင့်ဆုံးအပူချိန် ၃၆.၀ ဒီဂရီဆဲလ်စီးယပ်စ် (၉၆.၈ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာလအတွက် နှစ်ပေါင်း ၂၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1LeQnvrQC9/

🇲🇲 တောင်သာမြို့နယ် စာသင်ကျောင်း လက်နက်ကြီးကျရောက်မှုကြောင့် ဆရာမ ၁ ဦးနှင့် ကျောင်းသား ၇ ဦး ဒဏ်ရာရရှိ 🔹 မန္တလေးတိုင်း၊ တောင
🇲🇲 တောင်သာမြို့နယ် စာသင်ကျောင်း လက်နက်ကြီးကျရောက်မှုကြောင့် ဆရာမ ၁ ဦးနှင့် ကျောင်းသား ၇ ဦး ဒဏ်ရာရရှိ 🔹 မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာပေါင်းလေးကျေးရွာရှိ အလယ်တန်းကျောင်းသို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 🔹 အဆိုပါ ဖြစ်စဉ်ကြောင့် စာသင်ကြားနေသည့် ဆရာမ ၁ ဦးနှင့် ကလေးငယ် ၇ ဦး (စုစုပေါင်း ၈ ဦး) ဒဏ်ရာရရှိခဲ့သည်။ 🔹 ကလေးငယ်များ၏ အသက်အန္တရာယ်နှင့် အနာဂတ်ကို ထိခိုက်စေသည့် မည်သည့်အဖွဲ့၏မဆို ကျောင်းများနှင့် စာသင်ကျောင်းသားများကို ပစ်မှတ်ထားအန္တရာယ်ပြုသည့် လုပ်ရပ်များအပေါ် ရှုတ်ချမှုများ ရှိနေသည်။ #Myanmar #Taungtha #LocalNews #PhoMaung ဖိုးမောင်

photo content

ဘီလာရုစ်နိုင်ငံသူ အဆိုတော်တစ်ဦးအား Online ငွေကြေးလိမ်လည်သည့် လုပ်ငန်းသို ပိုဆောင်ရောင်းစားခဲ့သူ (၅)ဦးအား ထောင်ဒဏ် ၂၁ နှစ်စီ ခ
ဘီလာရုစ်နိုင်ငံသူ အဆိုတော်တစ်ဦးအား Online ငွေကြေးလိမ်လည်သည့် လုပ်ငန်းသို ပိုဆောင်ရောင်းစားခဲ့သူ (၅)ဦးအား ထောင်ဒဏ် ၂၁ နှစ်စီ ချမှတ် …………………………………… နေပြည်တော်၊ အောက်တိုဘာ ၆ ဘီလာရုစ်နိုင်ငံသူ အဆိုတော်တစ်ဦးအား Online ငွေကြေးလိမ်လည်သည့် လုပ်ငန်းသို ပိုဆောင်ရောင်းစားခဲ့သူ (၅)ဦးအား ထောင်ဒဏ် ၂၁ နှစ်စီ ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။

အကြမ်းဖက် KIA ကို ဆက်ကြေးပေးပြီး တူးဖော်နေတဲ့ သဖန်းဆိပ်ဆည် ရွှေမျှောတွေကို တပ်မတော် လေကြောင်းနဲ့ ရှင်းလင်း နေပြည်တော်၊ အောက်တ
+1
အကြမ်းဖက် KIA ကို ဆက်ကြေးပေးပြီး တူးဖော်နေတဲ့ သဖန်းဆိပ်ဆည် ရွှေမျှောတွေကို တပ်မတော် လေကြောင်းနဲ့ ရှင်းလင်း နေပြည်တော်၊ အောက်တိုဘာ ၆ 🔹စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်ရှိ အကြမ်းဖက် KIA ကို ဆက်ကြေးပေးပြီး တူးဖော်နေတဲ့ သဖန်းဆိပ်ဆည်က ရွှေမျှောတွေကို တပ်မတော် လေကြောင်းနဲ့ ရှင်းလင်းလိုက်တယ်လို သိရပါတယ်။

မြန်မာ့ Esports သမိုင်းဝင် ရွှေတံဆိပ်ဆုနှင့် အမိမြေသို့ ပြန်လာသည့် Team Zanaka (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th As
မြန်မာ့ Esports သမိုင်းဝင် ရွှေတံဆိပ်ဆုနှင့် အမိမြေသို့ ပြန်လာသည့် Team Zanaka (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games) MLBB ပြိုင်ပွဲတွင် မြန်မာ့ Esports သမိုင်းအတွက် ပထမဆုံး Asian Games ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးခဲ့သည့် မြန်မာလက်ရွေးစင် Team Zanaka (MLBB) အသင်းသည် အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ Team Zanaka သည် MLBB Grand Finals တွင် အင်ဒိုနီးရှားအသင်းကို (၄-၀) ရလဒ်ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံတော်အလံကို အာရှအားကစားစင်မြင့်ထက်တွင် အမြင့်ဆုံးလွှင့်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1BxLouFVmo/

သီပေါမြို့နယ် လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် မိုင်းရှင်းလင်းရေးအပါအဝင် လုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နေဟု
သီပေါမြို့နယ် လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် မိုင်းရှင်းလင်းရေးအပါအဝင် လုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နေဟု ဆို ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် ပျက်စီးနေသည့် လျှပ်စစ်လိုင်းများ ပြန်လည်ပြုပြင်ခြင်း၊ လိုင်းသန့်ရှင်းရေးနှင့် ခွဲရုံများ ပြန်လည်တည်ဆောက်ခြင်းတို့အပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းများပါ ဆောင်ရွက်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားသည်။ လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပထမဦးစားပေးအနေဖြင့် သီပေါနှင့် ကျောက်မဲကြားရှိ ကျေးရွာများသို့ မီးပြန်လည်ပေးနိုင်ရေး ဆောင်ရွက်နေပြီး ဘော်ကြိုအုပ်စု၊ လောဝ်ခွန်အုပ်စုတို့အပြင် အခြားဒေသများကိုလည်း အဆင့်ဆင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။ ထို့အပြင် မိုးတေအုပ်စုဘက်တွင် လျှပ်စစ်လိုင်းများ ပြန်လည်ပြုပြင်ရန် နှစ်မိုင်ခန့် လိုင်းလိုက်၍ ဆောင်ရွက်ရမည့်အပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းများပါ လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1BuXvU9Vju/

🏨 သီတင်းကျွတ်ရုံးပိတ်ရက် ပုဂံဒေသရှိ ဟိုတယ်၊ မိုတယ် ၈၈ လုံး ကြိုတင်မှာယူမှုများဖြင့် ပြည့်နှက်နေ ▪️ မန္တလေးတိုင်းဒေသကြီး ညောင
+2
🏨 သီတင်းကျွတ်ရုံးပိတ်ရက် ပုဂံဒေသရှိ ဟိုတယ်၊ မိုတယ် ၈၈ လုံး ကြိုတင်မှာယူမှုများဖြင့် ပြည့်နှက်နေ ▪️ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြိုနယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ သီတင်းကျွတ်ရုံးပိတ်ရက် ကာလဖြစ်တဲ့ အောက်တိုဘာလ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုရိပ်သာ ၈၈ လုံး အခန်းကြိုတင်မှာယူမှုတွေနဲ့ ပြည့်နေပြီလို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်ထံမှ သိရတယ်။ ▪️ သီတင်းကျွတ်ရုံးပိတ်ရက်များအတွင်း ပုဂံဒေသသို တစ်ရက်လျှင် ဘုရားဖူးခရီးသွား ၁ သိန်းမှ ၁ သိန်းခွဲအထိ လာရောက်လေ့ရှိပြီး နေ့ချင်းပြန်ခရီးသွား ပိုမိုများပြားကာ အများစုက သမိုင်းဝင်အထင်ကရဘုရားများ ဖူးမြော်ခြင်း၊ နံရံဆေးရေးပန်းချီများ လေ့လာခြင်း၊ မြင်းလှည်းနဲ့ E-Bike များ စီးနင်းခြင်းတို ပြုလုပ်ကြတယ်လို သိရှိရပါတယ်။

အကြီးအကဲပုံရိပ် Head of State ၊ နိုင်ငံ့ပုံရိပ် Head of State နိုင်ငံတော်သမ္မတကြီး​ ဦးမင်းအောင်လှိင် ၏ 23.9.2026 မှ 5.10.2026 အထိ နိုင်ငံ့အကျိုးဆောင်ရွက်မှုများ

ဒီအာကွန်ဂိုနိုင်ငံ၏ မြောက်ကီဗူး ပြည်နယ်တွင် အီဘိုလာရောဂါ ကူးစက်မှုများ မြင့်တက်လာကြောင်း MSF သတိပေး ဒီအာကွန်ဂိုနိုင်ငံ၏ မြောက
ဒီအာကွန်ဂိုနိုင်ငံ၏ မြောက်ကီဗူး ပြည်နယ်တွင် အီဘိုလာရောဂါ ကူးစက်မှုများ မြင့်တက်လာကြောင်း MSF သတိပေး ဒီအာကွန်ဂိုနိုင်ငံ၏ မြောက်ကီဗူးပြည်နယ်တွင် အီဘိုလာရောဂါ ကူးစက်မှုများ မြင့်တက်လာကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ (MSF) က အောက်တိုဘာ ၅ ရက်တွင် သတိပေးခဲ့ပြီး ကုသရေးဆိုင်ရာ လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

စစ်ပွဲကြီးတွေ ကမ္ဘာတစ်ဝှမ်း လူမသိသူမသိအောင် ဖန်တီးမယ်၊ စစ်လက်နက်ပစ္စည်းတွေ လောင်စာတွေ နောက်ကွယ်ကနေ ရောင်းစားမယ်။ စစ်ဖြစ်တဲ့နိ
စစ်ပွဲကြီးတွေ ကမ္ဘာတစ်ဝှမ်း လူမသိသူမသိအောင် ဖန်တီးမယ်၊ စစ်လက်နက်ပစ္စည်းတွေ လောင်စာတွေ နောက်ကွယ်ကနေ ရောင်းစားမယ်။ စစ်ဖြစ်တဲ့နိုင်ငံတွေသာ ချွတ်ခြုံကျသွားမယ် သူတိုက ချမ်းသာမြဲ ချမ်းသာပဲ။ ခက်တာက စဉ်းစားချင့်ချိန်ဝေဖန်နိုင်တဲ့ အသိနဲ့ ခလောက်ဆန်မှုတွေကို သတိမထားမိတော့ လွတ်လပ်ရေးရပြီးကတည်းက ခုထိက ကျွန်တော်တိုနိုင်ငံလည်း လိပ်ပတ်မလည်ဘူးဖြစ်နေတယ်။ အသိတစ်လုံး အမြတ်ဆုံး။

ကမ္ဘာ့ရေနံဈေးနှုန်း ကြီးမြင့်လာမှုဟာ ယူကရိန်းကြောင့်လို ထရမ့်ပ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ရုရှရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံ
ကမ္ဘာ့ရေနံဈေးနှုန်း ကြီးမြင့်လာမှုဟာ ယူကရိန်းကြောင့်လို ထရမ့်ပ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ရုရှရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရခြင်းကြောင့် ရေနံဈေးတက်ရခြင်းဖြစ်ကြောင်း Truth Social လူမှုကွန်ရက်ပေါ် ရေးတင်ထားတယ်။ ကမ္ဘာ့လောင်စာဆီဈေးနှုန်း စံချိန်တင် မြင့်တက်နေရခြင်းဟာ အီရန်စစ်ပွဲကြောင့် မဟုတ်ဘဲ ယူကရိန်းက ရုရှရေနံချက်စက်ရုံတွေကို တိုက်ခိုက်နေလိုဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားတယ်။

၆-၁၀-၂၀၂၆ ရက်နေ့ ယနေ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာပေါင်းလေးကျေးရွာက အလယ်တန်းကျောင်းကို PDF အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခ
၆-၁၀-၂၀၂၆ ရက်နေ့ ယနေ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာပေါင်းလေးကျေးရွာက အလယ်တန်းကျောင်းကို PDF အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆရာမတစ်ဦးနဲ့ ကလေးငယ် ၇ ဦး၊ စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်…   စာသင်နေတဲ့ ဆရာမနဲ့ အပြစ်မဲ့ကလေးတွေကို ထိခိုက်စေတဲ့ ဒီလိုလုပ်ရပ်ဟာ ကလေးတွေရဲ့ အသက်နဲ့ အနာဂတ်ကို ထိခိုက်စေတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက် PDF တွေရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့လိုပါတယ်…   မှိုင်းဝေ

လေယာဉ်နဲ့အတီးခံလိုက်ရလို့ မသာပေါ်သွားတဲ့ ကယားပဒပ်ကောင်
လေယာဉ်နဲ့အတီးခံလိုက်ရလို့ မသာပေါ်သွားတဲ့ ကယားပဒပ်ကောင်

🇲🇲 ဟိုပုံးမြို့နယ် နားလုံကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်သူ ၈၇ ဦး ဖမ်းဆီးရမိ 🔹 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံ
🇲🇲 ဟိုပုံးမြို့နယ် နားလုံကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်သူ ၈၇ ဦး ဖမ်းဆီးရမိ 🔹 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ် နားလုံကျေးရွာအနီး ယာယီတဲများဆောက်လုပ်၍ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်နေသူ တရုတ်နိုင်ငံသား ၇၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦး (စုစုပေါင်း ၈၇ ဦး) ကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။ 🔹 ဒေသခံများ၏ သတင်းပေးပို့ချက်အရ ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မိုင်းပွန်မြို့၏ အနောက်တောင်ဘက် ၂၁ ကီလိုမီတာခန့်အကွာ၌ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ 🔹 ဖမ်းဆီးမှုအတွင်း အွန်လိုင်းလုပ်ငန်းသုံး STARLINK စက် ၄ စုံ၊ All-in-One ကွန်ပျူတာ ၁၇ လုံး၊ လက်ပ်တော့ ၂ လုံးနှင့် ဖုန်းမျိုးစုံ ၅၂၄ လုံးတို့ကို သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းရမိခဲ့သည်။ #Myanmar #Hopong #OnlineGambling #Scam #Crackdown #PhoMaung ဖိုးမောင်

ဖြူးမြိုနယ်မှာ မော်တော်ယာဉ် တစ်စီးကို အကြမ်းဖက် KNU/PDF အဖွဲဝင်တွေက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူလေးဦး ထိခိုက်ဒဏ်ရ
+3
ဖြူးမြိုနယ်မှာ မော်တော်ယာဉ် တစ်စီးကို အကြမ်းဖက် KNU/PDF အဖွဲဝင်တွေက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိ …………………………………………… နေပြည်တော်၊ အောက်တိုဘာ ၆ 🔹ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြိုနယ်၊ ဝဲကြီးကျေးရွာမှ ဖြူးမြိုသို မောင်းနှင်လာတဲ့ မော်တော်ယာဉ် တစ်စီးကို အကြမ်းဖက် KNU/PDF အဖွဲဝင်တွေက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အချင်းချင်းတွေအုပ်ကုန်ပြီ 😅😅😅😂

📌 ကမ္ဘာပေါ်တွင် ပထမဆုံး အက်တမ်တစ်လုံးချင်းစီကို ဓာတ်မှန်ရိုက်ပြနိုင်ခဲ့သည့် မြန်မာရူပဗေဒပညာရှင် ဒေါက်တာစောဝေလှ၏ အံ့မခန်းစွမ်
📌 ကမ္ဘာပေါ်တွင် ပထမဆုံး အက်တမ်တစ်လုံးချင်းစီကို ဓာတ်မှန်ရိုက်ပြနိုင်ခဲ့သည့် မြန်မာရူပဗေဒပညာရှင် ဒေါက်တာစောဝေလှ၏ အံ့မခန်းစွမ်းဆောင်ချက် 💚 နှစ်ပေါင်း (၁၃၀) အတွင်း မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့ဘဲ ပညာရှင်များ မဖြစ်နိုင်ဟု ထင်ကြေးပေးခဲ့ကြသည့် အက်တမ် ဓာတ်မှန်ရိုက်ကူးမှုကို မြန်မာရူပဗေဒပညာရှင် ဒေါက်တာစောဝေလှ ဦးဆောင်ကာ (၃၈) နှစ်တိုင်တိုင် အားစိုက်ထုတ်၍ အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ 💚 အဆိုပါ သုတေသနအောင်မြင်မှုကြောင့် ကမ္ဘာ့ထိပ်တန်းဆုကြီးများဖြစ်သည့် Falling Walls Laureate နှင့် Feynman Prize တို့ကို ဆွတ်ခူးထားနိုင်ခဲ့ပြီး နိုဘယ်ဆု ရရှိနိုင်ရန်အတွက်လည်း အလားအလာ အကောင်းဆုံး အနေအထားတွင် ရောက်ရှိနေသည်။ 💚 ယခုကဲ့သို့ အက်တမ်တစ်လုံးတည်းကို သီးသန့် ဖောက်ထွင်းမြင်နိုင်ခဲ့ခြင်းကြောင့် ကင်ဆာရောဂါ အမြစ်ပြတ်ကုထုံးများနှင့် အဆပေါင်းများစွာ ပိုမိုထက်မြက်သည့် စူပါကွန်ပျူတာများ ဖန်တီးနိုင်ရေးအတွက် ကြီးမားသည့် အထောက်အကူ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ သက်ထား

မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံ ၂ လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆရာဝန်အမြန်ဆုံး တာဝန်ချထားမည် မိုးကောင်းမြို့နယ
မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံ ၂ လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆရာဝန်အမြန်ဆုံး တာဝန်ချထားမည် မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆရာဝန်တစ်ဦးအား နှစ်လအတွင်း အမြန်ဆုံး တာဝန်ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောကြားသည်။ ဆားမှော်တိုက်နယ်ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ ပြန်လည်ခန့်ထားပြီး ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်ပတ်သက်ပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းအောင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/183173kY8k/