uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

မမများနဲ့ ပွဲကမယ်

မမများနဲ့ ပွဲကမယ်

Відкрити в Telegram

www.wlmf.org

Показати більше

📈 Аналітичний огляд Telegram-каналу မမများနဲ့ ပွဲကမယ်

Канал မမများနဲ့ ပွဲကမယ် (@dancingwithladies) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 916 підписників, посідаючи 5 394 місце в категорії Бізнес та 9 661 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 916 підписників.

За останніми даними від 25 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -267, а за останні 24 години на -5, загальне охоплення залишається високим.

  • Статус верифікації: Верифікований (Офіційно підтверджено Telegram)
  • Рівень залученості (ER): Середній показник залученості аудиторії становить 37.82%. Протягом перших 24 годин після публікації контент зазвичай збирає 3.66% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 4 885 переглядів. Протягом першої доби публікація в середньому набирає 473 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 4.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“www.wlmf.org”

Завдяки високій частоті оновлень (останні дані отримано 26 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Бізнес.

12 916
Підписники
-524 години
-1157 днів
-26730 днів
Архів дописів
📌 ကျုးလွန်သူတွေက အကြိမ်ကြိမ် နစ်နာသူဟန်ဆောင်ကြတာ၊ ဦးအောင်တိုင်ကြတာ၊ ဌာနဆိုင်ရာတွေကို ငါပိုင်ပါတယ်ဆိုတဲ့ ဂုဏ်မောက်မာမှုတွေ ကြိုက်သလို ချယ်လှယ်ပြကြတာ အကြိမ်ကြိမ်ခံရပါတယ်။ ✅ လူထုသိရှိအောင် လိုအပ်တာတွေကို သက်သေအဖြစ် ချ‌ပြပေမယ့် WLMF မတရား စွပ်စွဲခံရ အသရေ ဖျက်ခံရတာကို ရှင်းလင်းဖို့ အဓိက ပန်းတိုင်၊ စာရင်းစစ်ဆေးမှု ပြီးမြောက်ဖို့ကို အားထုတ်နေတာကို ဆက်လက် စောင့်ပေးကြဖို့ တောင်းဆိုပါတယ်။ ~WLMF~

📌 NUG က စာရင်းစစ်ဖို့ခေါ်တာကို အစစ်မခံဘူးလို့ ထပ်မံလိမ်လည်ခြင်းအတွက် သက်သေ။ ပထမဆုံး ရှင်းပြလိုတာက WLMF ကို ငွေအလွဲသုံးစား လုပ်ပါတယ်လို့ လီဆယ်တိုင်ကြားလို့ MOPFI က ပဏမ တွေ့ဆုံဖို့ စီစဉ်တာပါ။ WLMF သည် EOD Agent, NUG Pay Agent လည်း ဖြစ်ပါတယ်။ EOD ဖက်မှာဆို ပြင်ဦးလွင်က တစ်ဧကကွက်ကို ဒေါ်လာ ၁၆၀,၀၀၀ လက်ငင်းငွေချေတာမျိုးထိ ရောင်းပေးခဲ့တဲ့ Agent မျိုးပါ။ EOD သော်လည်းကောင်း၊ NUG Pay သော်လည်းကောင်း ငွေစာရင်း အရှုပ်အရှင်းရှိခဲ့ဖူးသလား စုံစမ်းကြည့်ပါ။ အမြဲစနစ်ကျစွာ မှန်ကန်စွာ အလုပ်လုပ်ခဲ့တဲ့ တော်လှန်ရေးအတွက်၊ MOD အတွက်၊ မြေပြင်တပ်ရင်းတွေအတွက် မှန်မှန်ကန်ကန် အလုပ်လုပ်ခဲ့တဲ့ အဖွဲ့စည်းပါ။ Finance လူအင်အားနည်းချိန်မှာ မကူနိုင်လို့ ငြင်းတာကို ဇွတ်လုပ်ခိုင်းပြီး လူမရှိနေချိန် လူသစ်တွေ အချိန်မလောက်ငှလို့ သာမန်ရိုးရိုး စာရင်းမှားတာကို လုပ်ကြံပြီး ယုတ်မာခံရတဲ့ မတရားမှုတစ်ခုသာ ဖြစ်ပါတယ်။ 📌 ခေါင်းစဉ်တပ်ထားတဲ့ကိစ္စကို ဖြေရှင်းပါမယ်။ နိုဝင်ဘာ ၂၀၂၅ မှာ ရင်းနှီးတဲ့ EOD Agent တစ်ဦးက အဖြစ်ပျက်တွေအတွက် အားပေးရင်း လူကြီးတွေနဲ့ တွေ့ဆုံဖို့ ဆွေးနွေးအဖြေရှာဖို့ အကြံပြုပါတယ်။ WLMF ဖက်ကလည်းတွေ့ဆုံဖို့ ဆန္ဒရှိကြောင်း ပြောခဲ့ပါတယ်။ လူကြီးတွေအနေနဲ့ ဒီလိုမတရားမှုကို လက်ပိုက်မကြည့်သင့်ကြောင်း၊ တိုင်ကြားလိုကြောင်း ပြောခဲ့ပါတယ်။ နိုဝင်ဘာ ၂၅/ ၂၀၂၅ မှာ MOPFI ဆီက အစည်းဝေးဖိတ်ကြားလွှာ လက်ခံရရှိပါတယ်။ ဒါပေမယ့် email ထဲမှာပါတဲ့ ရက်နဲ့အချိန်က WLMF အတွက် အဆင်မပြေချိန်မို့ EOD Agent ကို WLMF အဆင်ပြေနိုင်မယ့် ရက်နဲ့ အချိန် (၃/၄) ခုကို ပြောပြခဲ့ပါတယ်။ နိုဝင်ဘာ ၂၇/၂၀၂၅ မှာ WLMF ဖက်က တရားဝင်စာပြန်ပြီး တွေ့ဆုံဖို့သဘောတူကြောင်းနဲ့ ဆွေးနွေးပွဲမတိုင်ခင် သိလိုသော၊ မဖြစ်မနေ သိဖို့လိုတဲ့ မေးခွန်းအချို့ကို မေးခဲ့ပါတယ်။ စာရင်းနဲ့ပတ်သက်လို့ ဘာမှမတတ်၊ နားမလည်ဘဲ ငွေကြေးကိစ္စအငြင်းပွားနေတဲ့ ပြဿနာအတွက် စာရင်းစစ်ခေါ်ဖို့ သဘောတူထားတဲ့အခြေနေမှာ တဖက်က စည်းပျက်ကမ်းပျက် ယုတ်မာစွာနဲ့ သူတပါးဘဝကို ပျက်စီးထိခိုက်စေဖို့ ထိုးချနေမှုတွေ အကြိမ်ကြိမ်ခံရဖူးတာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ... 📍 အကယ်၍ WLMF အနေနဲ့ တဖက်လူတွေ တိုင်ကြားတာ မမှန်ကန်ခဲ့ရင် သူတိုရဲ့ ဆိုရှယ်မီဒီယာမှာ နာမည်သေ ဘဝပျက် စိတ်ဒဏ်ရာ ရတဲ့အထိ မတရား စော်ကား စွပ်စွဲခဲ့တဲ့ ဥပဒေမဲ့လုပ်ရပ်ကို တပါတည်း တားဆီး အရေးယူပေးပါရန် တိုင်ကြားလိုတာကြောင့် 📍 အဆိုပါ ဆွေးနွေးပွဲတွင် အမှန်တကယ် စာရင်းနားလည်သူသာပါလျှင် တပါတည်း ရှင်းလင်းနိုင်အောင် မေးမြန်းခြင်း ဖြစ်ပါတယ်။ တဖက်အုပ်စု ပုံဖော်ရေးသလို မေးမြန်းခြင်း မဟုတ်ပါ။ WLMF ဖက်က email ပြန်ပို့ပြီးနောက် MOPFI ထံက သုံးလကျော်ကြာသည်ထိ အကြောင်းပြန်စာ မရရှိခဲ့ပါ။ EOD Agent ကနေတဆင့်လည်း အကြိမ်ကြိမ် follow up လုပ်ခဲ့ပေမယ့် သူသည်လည်း ဘာကြောင့် စာမပြန်သည်ကို ဂဃနဏ ဖြေကြားနိုင်ခြင်း မရှိခဲ့ပါဘူး။ မတ်လ (၈) ရက်နေ့မှာ စာရင်းစစ်ဖက်က စာရင်းစစ်ပြီးပြီဖြစ်ကြောင်းနှင့် ထပ်မံသိလိုသော အချက် (၇) ချက်ကို email ပို့လာပါတယ်။ စာရင်းစစ်အဖွဲ့နဲ့ မီတင်တွေ့ဆုံဖို့ ချိန်းဆိုပြီး အဆိုပါကိစ္စရှင်းလင်းပြီးပါက စာရင်းစစ်ရလဒ် ထွက်လာတော့မှာဖြစ်လို့ မတရား စွပ်စွဲခံရတာ ရှင်းနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။ မတ်လ (၁၈) ရက်၊ မမျှော်တော့ချိန်မှာ MOPFI ထံမှ စာပြန်လာပြီး မူလမေးထားတဲ့ မေးခွန်းများကို ဖြေပေးခဲ့ပေမယ့် တိကျတဲ့အဖြေ၊ လုံလောက်လက်ခံနိုင်တဲ့ အဖြေတချို့ မပါခဲ့ဘူး။ MOPFI နဲ့ တွေ့ဆုံရေးသည် အဖြစ်ပျက်ကို သေချာရှင်းပြပြီး လိုအပ်ပါက စာရင်းဖွင့်ပြပြီး ဘာကြောင့်၊ ဘယ်လိုဆိုတာကို ဆွေးနွေးအဖြေရှာကြမယ့် မီတင်ဖြစ်တာမို့ ဒီဖက်မှာ စာရင်းစစ်က စာရင်းစစ်ပြီးလို့ မရှင်းလင်းတာပေါ် မေးခွန်းတွေထပ်လာပြီမို့ စာရင်းစစ်အဖြေရရှိဖို့ သိပမလိုတော့တဲ့အချိန်မှာ MOPFI နဲ့မီတင်ကို စာရင်းစစ်ရလဒ်ရမှသာ တခါတည်းတွေ့ဆုံပြီး ဥပဒေမဲ့လုပ်ရပ်ကို တပါတည်းတိုင်ကြားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ MOPFI ဖက်က အကြောင်းပြန်ကြားမှုသည်လည်း ၃ လကျော်ကြာခဲ့တာမို့ မိမိတို့ဖက်မှ စာရင်းစစ်အဖြေရမှာ တခါတည်း ဆက်သွယ်တွေ့ဆုံဖို့ ကြံရွယ်တာမို့ အဆိုပါမီတင်အတွက် အကြောင်းမပြန်သေးဘဲ စာရင်းစစ်အဖြေကို စောင့်ခဲ့တာဖြစ်ပါတယ်။ စာရင်းစစ်က ရုတ်တရက် မမျှော်လင့်ဘဲ ကြန့်ကြာနေခဲ့သလို ဒီကာလအတွင်းမှာလည်း အုပ်စုဖွဲ့ ပုံဖော် အသရေဖျက် စော်ကားခံရမှုတွေကြောင့် ရရှိခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် ပြိုလဲနေတဲ့ကြားတဲ့ အရာအားလုံးကို ကြိုးစားဖြေရှင်းနေရလို့ MOPFI ကို အကြောင်းမပြန်ဖြစ်ခဲ့ပါ။ MOPFI ဖက်မှ တာဝန်ရှိသူများကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေလည်အောင် ရှင်းပြကာ စာရင်းစစ်ဆေးဖို့ကို ဆက်လက် အကူညီတောင်း ချိတ်ဆက်သွားဖို့ ပြင်ဆင်နေပါကြောင်း လူထုအား အသိပေးအပ်ပါတယ်။ 📌 သက်သေတွေကတော့ MOPFI သည် စာရင်းစစ်ဖို့ခေါ်ခဲ့တာ မဟုတ်ကြောင်းသက်သေ၊ WLMF ဖက်က email ပြန်ထားတဲ့သက်သေ၊ MOPFI ဖက်က ၃ လကျော်ကြာသည်ထိ အကြောင်းမပြန်ခဲ့တဲ့ သက်သေများကို အများပြည်သူသိရှိစေရန် တင်ပြအပ်ပါတယ်။

📌 စာရင်းစစ်ဆေးမှုကြန့်ကြာနေခြင်းဟာ WLMF နဲ့ လုံးဝ မသက်ဆိုင်ကြောင်း သက်သေများတင်ပြခြင်း။ တစ်ပုံချင်းစီ သေချာဖတ်ကြည့်ပေးကြဖို့ မေတ္တာရက်ခံအပ်ပါတယ်။ ပုံတိုင်းမှာ ရက်စွဲတွေပါပါတယ်။ အရင်ရက်တွေက စာရင်းစစ်နဲ့ အပြန်လှန်ဆက်သွယ်ထားတဲ့ အီးမေးလ်ပို့ထားတဲ့ သက်သေအပြင်၊ အမှန်တကယ် စာရင်းစစ်သူနဲ့ မက်ဆေ့ချ်နဲ့ အပြန်အလှန် ပြောထားတာတွေကို သက်သေအဖြစ် ထပ်မံ တင်ပြခြင်း ဖြစ်ပါတယ်။ ✅ WLMF က Audit ကို ကြန့်ကြာအောင် စစ်ဆေးမခံဘဲ ရှောင်နေတာလား။ 📍 မပန်ဆယ်လို၊ ကိုRBK နဲ့ သူတို့ Observer တချို့က လူထုကို ရည်ရွယ်ချက်နဲ့ လိမ်ညာ ပုံဖော် ရေးသားတာလား။ ✅ အော်ဒစ်ရလဒ် မထွက်ခင် ၁ နှစ်အတွင်း WLMF က FB မှာ ဘာတခုမှ မရေးဘဲ စောင့်ထိန်းခဲ့ပေမယ့် 📍 မပန်ဆယ်လို၊ ကိုRBK နဲ့ သူတို့ Observer တချို့က Observer စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို ချိုးဖောက်ပြီး တချိန်လုံး မတရား စွပ်စွဲ တိုက်ခိုက်တာတွေကို ကြိတ်မှိတ်ခံခဲ့ပါတယ်။ 📍 ခုချိန်ထိ Observer တချို့က Observer စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို ချိုးဖောက်ပြီး ရိုင်းစိုင်း စော်ကား ရေးသားနေတာကိုလည်း သိရှိကြမယ်လို့ ယုံကြည်ပါတယ်။ 📌 လီဆယ်ပုံဖော်ခံရခြင်း နောက်တခုအတွက် ထပ်ရှင်းပြပါရစေ။ တော်လှန်ရေးအရွေ့အတွက် အထောက်ကူပြုနိုင်တဲ့ထိ ထောက်ပို့အလုပ်ကို သေသေချာချာ လုပ်ပေးမယ် ဆုံးဖြတ်လိုက်ကတည်းက တချိန်ချိန်မှာ စာရင်းစစ်ခံဖို့ အမြဲအသင့်ပြင်ခဲ့ပြီးသား။ အဲဒီအတွက် ကိုယ့်အဖွဲ့စည်းမှာ လိုအပ်ချက် မရှိအောင် အမြဲကြိုးစားတယ်၊ လိုတာရှိရင် အမြန်ဖြည့်နိုင်ဖို့ အားထုတ်တယ်။ ပြည်သူ့အကျိုးသယ်ပိုးပြီး ပြည်သူ့ငွေကိုင်သူတွေဟာ စာရင်းစစ် မခံနိုင်ဘူးဆိုတာသည် အင်မတန်ရှက်ဖို့ကောင်းတဲ့ အကျင့်ပျက်ချစားမှု၊ အဂတိမှုရှိနေမှသာ ပတ်ပြေးကြမှာ ဖြစ်တယ်။ ရိုးသားဖြောင့်မတ်ရင်၊ အမှန်တရား လက်ကိုင်ထားရင် သာမန်ရိုးရိုးအမှားအတွက် စာရင်းစစ် မခံနိုင်စရာမရှိဘူး။ စာရင်းပညာမှာကိုက ရိုးရိုးသာမန်အမှားအတွက် “Errors & Ommission” ကို တရားဝင် Accounting Standard တစ်ခုအဖြစ် ထည့်သင်ထားတာသည် စာရင်းကိုင်တွေ မှားတတ်ကြလို့ ဖြစ်ပါတယ်။ WLMF Founder သည် ငယ်စဉ်ကတည်းက ပညာနဲ့အသက်မွေးထမ်းကျောင်းပြုသူ၊ ဒေါ်လာထောင်ဂဏန်း အိတ်တွေ မိဘထောက်ပံ့မှုမပါဘဲ ကိုယ့်ပညာနဲ့ရတဲ့ ငွေကြေးနဲ့ ဝယ်ကိုင်နိုင်သူ၊ ဝယ်ကိုင်ခဲ့သူပါ။ ဒါကို အငြင်းပွားကြတဲ့ တကယ့်ပမာဏ ဒေါ်လာထောင်ဂဏန်းအစား မပန်ဆယ်လိုနဲ့ ကိုRBK သည် ရည်ရွယ်ချက်ရှိရှိ "ဒေါ်လာလေးသောင်း"လို့ ဂဏန်းပြောင်း လူထုကို အထင်မှားအောင် ဇာတ်လမ်းဆင်ပြီး စ-စ်တပ်နည်းနာအတိုင်း ဆိုက်ဝါးသုံးပြီး နာမည်ဖျက်ခဲ့ကြတာ ဖြစ်ပါတယ်။ ထပ်ပြီးပြောပါရစေ WLMF တို့ အငြင်းပွားတဲ့ ငွေကြေးပမာဏသည် ဒေါ်လာတစ်သောင်းတောင်မပြည့်တဲ့ ဒေါ်လာထောင်ဂဏန်းပါ။ ဒါသည်လည်း သာမန်စာရင်းကိုင်အမှားသာဖြစ်ပြီး WLMF အနေဖြင့် စာရင်းစစ်မခံနိုင်လောက်အောင်၊ မဖြေရှင်းနိုင်တဲ့ ပြဿနာမဟုတ်ခဲ့လို့ ဒီအငြင်းပွားမှုအတွက် စာရင်းစစ်ခံပြီး အဖြေရှာမယ်လို့ WLMF ဖက်က စတင်တောင်းဆိုခဲ့တာပါ။ သူတို့က စာရင်းအတင်းစစ်တာဆိူတာသည် အထပ်ထပ်လိမ်နေခြင်းသာဖြစ်ပါတယ်။ ထပ်လိမ်ရင် သက်သေတွေ ထပ်တင်ပါမယ်။ တော်လှန်ရေးကာလတလျှောက် ပထမဆုံးအကြိမ် ဒေါ်လာထောင်ဂဏန်းအငြင်းပွားမှုနဲ့ တော်လှန်ရေးအတွက် ဒေါ်လာသန်းချီရှာပေးနေတဲ့ EOD Agent, NUG Pay Agent, MOD အဓိကထောက်ပို့သူ မှန်ကန်တဲ့အဖွဲ့စည်းတစ်ခုအား တော်လှန်ရေးရပ်နားအောင် ယုတ်ညံ့ခဲ့ကြရုံမက ပညာနဲ့အသက်မွေးဝမ်းကြောင်းပြုတဲ့ WLMF Founder အပေါ်မှာလည်း အယုတ်မာဆုံးနည်းလမ်းနဲ့ Character Assassination ဆိုတဲ့ "ရာဇဝတ်မှုကြီး" ကို အကြောက်လန့်မရှိ ကျုးလွန်ခဲ့ကြတာဖြစ်ပါတယ်။ ✅ လူထုသိရှိအောင် လိုအပ်တာတွေကို သက်သေအဖြစ် ချ‌ပြပေမယ့် WLMF မတရား စွပ်စွဲခံရ အသရေ ဖျက်ခံရတာကို ရှင်းလင်းဖို့ အဓိက ပန်းတိုင်၊ စာရင်းစစ်ဆေးမှု ပြီးမြောက်ဖို့ကို အားထုတ်နေတာကို ဆက်လက် စောင့်ပေးကြဖို့ တောင်းဆိုပါတယ်။ WLMF

📌 ယခုနောက်ဆုံးထွက်ရှိထားသည့် ML ထဲတွင် ပထမစွပ်စွဲချက် နံပါတ် (၁) နှင့်ပတ်သတ်သည့် သံသယမေးခွန်း လုံးဝ မပါရှိတော့ပါ။ အပိုင်း (၂) ကိုဆက်လက်စောင့်ကြည့်ပေးရန်။ WLMF

WLMF ကို အသရေဖျက် ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုပြှး စွပ်စွဲထားတာ အဓိက (၄) ချက်နှင့် ပတ်သတ်၍ စာရင်းစစ်ဆေးခံယူခဲ့မှုအား ပြည်သူလူထုထံ အသေးစိတ် အစီရင်ခံတင်ပြခြင်း - အပိုင်း (၁) 📌 အရေးကြီးတဲ့ပို့စ်ဖြစ်လို့ အသေးစိတ်တင်ပြရခြင်းမို့ ပို့စ်ရော၊ email SS များကိုပါ သေချာအချိန်ပေး ဖတ်ရှုပေးပါရန် လူထုကို မေတ္တာရပ်ခံအပ်ပါတယ်။ စာများလို့ စွပ်စွဲချက် (၄) ခုအတွက် အပိုင်း (၄) ပိုင်းခွဲတင်မှာမို့ လူထုအနေဖြင့် ကိုRBK နှင့် မပန်ဆယ်လိုတို့ ပြောခဲ့သလို တော်လှန်ရေးမှာ အကြီးမားဆုံးပွဲအဖြစ်ပုံဖော်ခံရတဲ့ အရက်စက်ဆုံး၊ အယုတ်မာဆုံး စ-စ်ကောင်စီကဲ့သို့နည်းလမ်းများဖြင့် ကြိုတင်ကြံစည်၍ ဘဝပျက်လောက်သည်ထိ နာမည်ဖျက်ခြင်း၊ ထိုးချခြင်းတွေကို မတရားခံခဲ့ရတဲ့နောက်ကွယ်က တကယ့်အဖြစ်ပျက်မှန်တွေမို့ သက်ဆိုင်သူ မိဘပြည်သူတိုင်းသိရှိကြရစေရန် RCS လည်း မဖြစ်မနေ ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။ ၁။ စွပ်စွဲချက် (၁)။ ။ ပရောဂျက်လုပ်ကာလ မူလရည်မှန်းထားသလောက် မရောင်းရ၍ ပရောဂျက်အရှိန်မြှင့်ဖို့ မြေပြင်အဖွဲ့စည်းတွေကို ပရောဂျက်ကာလမှာပဲ ရရှိပြီးထားသော ရောင်းရငွေထဲမှ စတင်ထောက်ပို့ဖို့ ကိုRBK ကအကြံပေးပါတယ်။ WLMF နှင့် ကိုစိုးထွန်းသည် TheKey ပရောဂျက်မှာ ရောင်းအားအများဆုံး အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး ဒီနှစ်ဖွဲ့ရောင်းရငွေသည် ဒေါ်လာ ၂ သိန်းကျော်ဖြစ်ပါတယ်။ ကိုRBK လုပ်ချင်သည့် ငွေကြိုဖြန့်လိုသည့် ငွေကြေးပမာဏထက် အဲဒီအချိန်ကာလတွင် WLMF နှင့် ကိုစိုးထွန်းနှစ်ဖွဲ့ပေါင်းရောင်းရငွေက များစွာကျော်လွန်တာကြောင့် အဆိုပါနှစ်ဖွဲ့ပေါင်း ရောင်းရငွေကို ကြိုတင်အသုံးပြုရန် ကိုRBK နှင့် မပန်ဆယ်လိုက သဘောတူခဲ့ပြီး WLMF ဖက်မှလည်း သဘောတူလက်ခံခဲ့ပါသည်။ ထပ်မံလိုအပ်ပါက ကိုRBK ​၏ Ride Behind Kalaw အဖွဲ့ရောင်းရငွေများကိုလည်း ကြိုတင်လွှဲပေးမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အငြင်းပွားမှုစတင်ချိန်တွင်မူ WLMF ဖက်မှ မှန်မှန်ကန်ကန် စာရင်းစစ်ခံရန်ပြင်ဆင်နေချိန်တွင် ကိုRBK နှင့် မပန်ဆယ်လိုတို့မှ သူတို့ပဲစတင်တောင်းဆိုခဲ့သည့် အဆိုပါ မြေပြင်ကြိုလွှဲမှုအား လူထုအထင်မြင်လွဲမှားစေရန် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် အဆိုပါထောက်ပို့ငွေတွေသည် ပရောဂျက်မပြီးခင်မှာ FR တွေ ငွေမလွဲရသေးဘဲ ဘယ်ကငွေနဲ့ ထောက်ပို့တာလဲ၊ ငွေမရှိဘဲ ဘယ်ကငွေတွေနဲ့ ထောက်ပို့တာလဲ၊ ခိုးထားတဲ့ငွေတွေဆိုပြီး မဟုတ်မမှန် စွပ်စွဲချက်ဖြစ်ပါတယ်။ ဒီစွပ်စွဲချက်အတွက် အဓိကစစ်ဆေးရမည့် ပရောဂျက်တွင် ပါဝင်ရောင်းချသူ Fundraiser အဖွဲ့တစ်ဖွဲ့ချင်းစီ​၏ ရောင်းရငွေစာရင်း (Portal စာရင်းအား) အပါဝင် စာရင်းအားလုံးကို စာရင်းစစ်ထံအပ်နှံပြီး အသေးစိတ် အစစ်ဆေးခံခဲ့ပြီးဖြစ်ပါတယ်။ 📌 ဒီနေရာမှာ လူထုပိုမိုရှင်းလင်းစေရန် Portal system နှင့် WLMF ​၏ Fundraising Project များ အလုပ်လုပ်ပုံကို အနည်းငယ်ထည့်သွင်းရှင်းပြလိုပါတယ်။ WLMF မှ ပြုလုပ်ခဲ့သည့် မည်သည့်တော်လှန်ရေးပရောဂျက်တိုင်းတွင် ပါဝင်မည့် Fundraisers တိုင်း WLMF HR & Operation Team ဆီမှာ application form ဖြည့်ရပါတယ်။ HR & Operation Team ဆီိမှာ ဖောင်ဖြည့်ထားသည့် FR အဖွဲ့စာရင်းကို IT Team ဖက်မှ လက်လွှဲရယူပြီး Portal ထဲမှာ ပရောဂျက်တည်ဆောက်ပြီး Staff Account တွေ system မှတဆင့် ပေးပို့ရပါတယ်။ ပရောဂျက်စတင်ချိန်မှာ Fundraiser တစ်ဖွဲ့ချင်းစီက သူတို့ကိုယ်ပိုင်ဘဏ်အကောင့်များနှင့် သူတို့ဆီတိုက်ရိုက်လာရောက်ဝယ်ယူသည့် ပြည်သူထံမှ ငွေလက်ခံပြီး Portal ထဲကို ၎င်းတို့ကိုယ်တိုင်စာရင်းသွင်းရပါတယ်။ WLMF Team ကိုယ်တိုင်နှင့် ကိုစိုးထွန်းသည်လည်း အဆိုပါအတိုင်း အချိန်နဲ့တပြေးညီ စာရင်းသွင်းကြရပါတယ်။ ကိုRBK ရဲ့ Ride Behind Kalaw အဖွဲ့သည်လည်း အလားတူ ငွေလက်ခံပြီး စာာရင်းသွင်းရပါတယ်။ ဒီနေရာမှာ စာရင်းစစ်ထဲ စာရင်းစစ်ခံဖို့ တင်သွင်းတဲ့ Financial Report ထဲမှာ အဆိုပါ ပြည်သူတွေ Ticket ဝယ်ထားတဲ့ "Contribution” စာရင်းဖိုင်ပါပြီးဖြစ်ပေမယ့် စာရင်းစစ်ဖက်မှ ဒီဇင်ဘာ ၂၀၂၅ တွင် WLMF ဖက်မှ တင်ပြသော ပြည်သူ့ဝယ်ယူစာရင်း/ ထည့်ဝင်ငွေကို "Contribution” စာရင်းကိုမလိုချင်ဘဲ Portal Raw Data file ကိုပေးရန် တောင်းလာပါတယ်။ WLMF နားလည်းသိရှိမှူအရ ပထမစွပ်စွဲချက်ကို စစ်ဆေးဖို့ စာရင်းစစ်အနေဖြင့် WLMF တင်ထားတဲ့စာရင်းမှာ ငွေကြိုလွှဲတဲ့စာရင်းကိုက်ညီမှူရှိရန် excel report မှာ ရက်စွဲတွေပြောင်းလဲတာ၊ စာရင်းပြုပြင်တာ လုပ်နိုင်တယ်ဆိုတဲ့ ယူဆချက်ထားရှိရလို့ Raw file တောင်းခြင်းဖြစ်ကြောင်း နားလည်သည့်အတွက် ချက်ချင်းပင် စာရင်းစစ်နှင့် မီတင်ချိန်းဆိုကာ WLMF IT Team head (၂) ဦးနှင့်အတူ တိုက်ရိုက်တွေ့ဆုံပြီး WLMF ဖက်မှ Data file download ချပေးခြင်းမျိုးပင်မလုပ်ဘဲ စာရင်းစစ်အား Portal Full Access ပေး၍ မိမိစိတ်ကြိုက်ဝင်ရောက်စစ်ဆေး download ရယူနိုင်ရန် Portal သုံးနည်းကိုပဲ အသေးစိတ်ရှင်းပြပေးခဲ့ပါတယ်။ WLMF သည် ပြည်သူ့ငွေကို အလွဲသုံးသည့် အဖွဲ့စည်းမဟုတ်ဘဲ မတရားစွပ်စွဲခံရသည့်အဖွဲ့သာဖြစ်လို့ စာရင်းစစ်ဆေးချိန်မှာ ယုံကြည်ချက်ရှိရှိဖြင့် စာရင်းစစ်လိုအပ်သည်ထက် ပိုမိုစစ်ဆေးခံခဲ့ပါတယ်။

📌 ပါဝင်သူများနှင့် ဆက်စပ်မှု: စီနီယာစာရင်းစစ်ကို ခေါ်ယူခဲ့သူ (ခန့်ကို) သည် ပန်ဆယ်လိုတို့ အုပ်စုဝင်ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၂ သိန်း ကိစ္စနှင့် ပတ်သက်၍ စစ်ဆေးရန် WLMF က မတ်လကတည်းက အသိပေးခဲ့သည့် သက်သေများ ရှိပါသည်။ “ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်" ဆိုသလိုပါ။ ပန်ဆယ်လို ၏ တကယ့်ရည်ရွယ်ချက်သည် ငွေစာရင်းလုံးဝ စစ်ဆေးမခံရဖို့သာဖြစ်ပါတယ်။ WLMF က ယခုပြဿနာတွေ မစတင်ခင် (၃) ယောက်လုပ်ခဲ့တဲ့ နောက်ဆုံးမီတင်မှာ "ငွေစာရင်းပြိုင်တူ စစ်ဆေးခံဖို့ စိန်ခေါ်ခဲ့သူသာဖြစ်ပါတယ်"။ အဲ့ဒီမီတင်ဟာ ၃ ယောက်ထဲတွေ့တဲ့မီတင်ဖြစ်ပြီး သူတို့က ကျင့်ဝတ်မဲ့စွာ အသံခိုးဖမ်းခဲ့ပြီး လူထုကို မမှန်ကန်တဲ့ narration တွေနဲ့ ဇာတ်လမ်းထွင်ရေးသားခဲ့တာဖြစ်ပါတယ်။ RBK ပြောခဲ့တဲ့ ရဲဘော်တွေ အသံဖမ်းပေးလို့ဆိုတာ လိမ်လည်မှူဖြစ်ပါတယ်။ 📌 စာရင်းစစ် ရုတ်တရက် ရပ်ဆိုင်းမှုအပေါ် မေးခွန်းထုတ်ဖွယ်ရာများ: ဒေါ်လာ ၂ သိန်းကျော် အလွဲသုံးမှုရှိ၊ မရှိ ငွေစာရင်း စစ်ဆေးရတော့မည့် အချိန်တွင် (ထပ်ပြောပါမယ် ငွေစာရင်းပါ မြေပြင်စာရင်းမဟုတ်ပါ) စာရင်းစစ်ဘက်မှ ရုတ်တရက် ရပ်ဆိုင်း (Withdrawal) သွားခဲ့ပါသည်။ လုံခြုံရေးအရ ဆက်မစစ်ရဲတော့၍ ရပ်ဆိုင်းရသည်ဟု အကြောင်းပြသော်လည်း၊ လုံခြုံရေးအကြောင်းပြသူက လူထုအမြင်မှာ hide နေရမည့်အစား ပန်တယ်လိုတို့နှင့်ဆက်လက်ပူးပေါင်းပြီး စာရင်းမစစ်ဘဲ မဆိုင်တဲ့ Analysis လုပ်ပြီး လူထုကို အမြင်လှည့်ဖျားဖို့ ကြိုးကပမ်းနေခြင်းသည် Independent ကြောင်း၊ Professional Ethic ပျက်ယွင်းကြောင်း ပေါ်လွင်နေပါသည်။ 📌 အဖွဲ့အစည်းဆိုင်ရာ တာဝန်ယူမှုများ: FW Page Admin၊ ငွေကိုင်၊ စာရင်းကိုင်၊ မှတ်တမ်းထုတ်နှင့် FW ဒရုန်း Warehouse အထိ အဓိက တာဝန်ယူထားသူမှာ RBK နှင့် သူ၏ အသိုင်းအဝိုင်းများသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Page မဟုတ်မမှန် တင်ဆက်မှုများနှင့် ဘဏ္ဍာရေး တာဝန်ရှိမှုမှာ ၎င်းတို့အပေါ်၌သာ ကျရောက်ပါသည်။ စစ်ဆေးမှု ရလဒ်အပေါ် သဘောထား: စာရင်းစစ်သည် စောင့်စည်းရမယ့် ကျင့်ဝတ် ပျက်ပြားနေပြီး လွတ်လပ်မှု (Independent) မရှိဘဲ ဘက်လိုက်မှု (Bias) ရှိနေသည့်အတွက် ယခု စာရင်းစစ်အဖွဲ့အစား သမာသမတ်ရှိသော တကယ့် Independent စာရင်းစစ်အဖွဲ့ဖြင့်သာ ဘဏ္ဍာရေး စစ်ဆေးမှုကို ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ၄။ နဂိုမူလ အခြေခံမူနှင့် သဘောထား မနှစ်က ပြုလုပ်ခဲ့သော ၃ ယောက်ထဲပါတဲ့ မီတင်တွင် WLMF ဘက်မှ "အများပြည်သူ၏ ငွေကြေးကို ကိုင်တွယ်နေသူ တိုင်း စာရင်းစစ်ခံရမည်၊ အစစ်မခံဘဲ နေ၍မရပါ" ဟု တိကျစွာ ရပ်တည်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်သူတိုင်း စာရင်းစစ်ဆေးမှုကို မဖြစ်မနေ အစစ်ဆေးခံရမည်ဆိုသည့် အခြေခံမူအတိုင်း WLMF အနေဖြင့် တန်းတူညီမျှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆက်လက် ရပ်တည်သွားမည် ဖြစ်ပါသည်။ WLMF သည် ပြည်သူလူထုကို လိမ်လည်လှည့်ဖြားခြင်း လုံးဝမရှိဘဲ မတရားစွပ်စွဲခံနေရခြင်း ဖြစ်ပါသည်။ ဖားနှင့် ငါး ကွဲပြားစွာ သိရှိနိုင်ရေးအတွက် အချိန်ဆွဲခံခဲ့ရသည့် သက်သေများ၊ စာရင်းစစ်ခံပြီးစီးခဲ့သည့် သက်သေများနှင့် တစ်ဖက်မှ ကျင့်ဝတ်ပျက်ယွင်းမှု အထောက်အထားများအားလုံးကို ပြည်သူလူထု၏ ခွင့်ပြုချက်နှင့်အတူ အပြည့်အဝ ထုတ်ပြန်ရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ “ပြည်သူ့ငွေကိုင်ရင် စာရင်းစစ်တာ ခံကို ခံနိုင်ရတယ် ပန်ဆယ်လိုရေ" 📌 အဖြစ်မှန်တွေကို WLMF Page မှာ အကုန်တင်ပေးနေတာမို့ စောင့်ကြည့်လေ့လာပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ် WLMF Page Link > https://www.facebook.com/share/1HnbSTmaou/?mibextid=wwXIfr ~WLMF~

မမပရောဂျက်နဲ့ပတ်သတ်လို့ မဟုတ်မမှန် သတင်းမှားများနဲ့ ပုံရိပ်ဖျက် ရေးသားဖော်ပြချက်များမှာ မှန်ကန်မှူမရှိတဲ့အတွက် အများပြည်သူ စိတ်ရှင်းရှင်းလင်းလင်းနဲ့ ပြဿနာရဲ့လားရာ၊ အဖြစ်မှန်နဲ့ ဝေးကွာမသွားစေဖို့ ဖြေရှင်းပါမယ်။ မမပရောဂျက်ကို (၅) ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပါတယ်။ ရရှိသမျှ ဘဏ္ဍာငွေကြေးတွေဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဘဏ်အကောင့်အသီးသီးသို့ ပါဝင်ကြသူ Fundraiser အားလုဲး တိုက်ရိုက်လွှဲပြောင်းပေးရပြီး စာရင်းနဲ့ ငွေအသုံးကို ကာကွယ်ရေးဝန်ကြီးဌာနက အပြည့်ဝတာဝန်ယူရတဲ့ ပရောဂျက်ဖြစ်ပါတယ်။ ဒီအတွက် ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ကြေညာပြီးသား စာကို အများပြည်သူသိရှိစေဖို့ ပြန်လည် မျှဝေပါရစေ။ 📌 ဒါကမူရင်းပို့စ်ပါ - https://www.facebook.com/share/17K9B5kEYF/?mibextid=wwXIfr မမပရောဂျက်ထုံးစံအတိုင်း ပြီးစီးတဲ့ပရောဂျက်စာရင်းကို MOD က ရှင်းပေးပြီးမှ ပရောဂျက်အသစ် ထပ်လုပ်ရတာဖြစ်ပါတယ်။ နောက်ဆုံးလုပ်ထားတံ့ မမပရောဂျက် နေပြည်တော်ကို MOD အနေနဲ့ ခုထိစာရင်းမရှင်းသေးတာမို့ ပရောဂျက်အသစ် ထပ်မံမပြုလုပ်နိုင်သေးတာ ဖြစ်ပါတယ်။ တဆက်တည်း မနေ့ကတင်ခဲ့တဲ့စာမှာ WLMF အဖွဲ့က ပ်ဝင်ခဲ့/ ပြုလုပ်ခဲ့လို့ ရေးထားပါတယ်။ ပါဝင်ခဲ့ဆိုတာ Fundraiser အနေနဲ့ ပါဝင်တာကို ဆိုလိုခြင်းဖြစ်ပြီး ပြုလုပ်ခဲ့တာက ကျွန်မတို့ ကိုယ်တိုင်လုပ်ဆောင်တဲ့ ပရောဂျက်ကို ရည်ညွှန်းခြင်းပါ။ ယခုချိန်ထိ ပရောဂျက်တိုင်းရဲ့ ငွေသည် မြေပြင်ကို အပြည့်ဝရောက်ခဲ့ပြီးဖြစ်သလို စာရင်းတွေလည်း အကုန်ပိတိပြီး ရှိပြီးဖြစ်ပါတယ်။ External Audit နဲ့ စာရင်းအကုန်စစ်ဆေးဖို့ကို ကျွန်မတို့ မုလကတည်းက ရည်မှန်းချက်ဖြစ်ပြီး မဖြစ်ဖြစ်အောင်လည်း အကောင်ထည်ဖော်ဆောင်ရွက်မှာဖြစ်ပါတယ်။ မနေ့ကစာမှာ ပါဝင်တဲ့ ပုဂ္ဂီုလ် (၁၃) ဦးဆိုတာ တော်လှန်ရေးပရောဂျက်တွေမှာ ပါဝင်ကူညီခဲ့သူများဖြစ်ပြီး စာရင်းစစ်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာမှာ တိုးတိုးကြိတ်စစ်မှာမဟုတ်ဘဲ အဆိုပါ ပါဝင်ပေးခဲ့ကြသူများ Observer အနေနဲ့ ဖိတ်ကြားသွားမယ်ဆိုတဲ့အကြောင်း အသိပေးလိုခြင်းဖြစ်ပါတယ်။ တောင်းပန်ချက်။ ။ အထက်ပါကိစ္စရပ်နံ့ပတ်သတ်လို့ နာမည်စာရင်းပါရှိသူများအနေဖြင့် တဖက်သတ် ထိုးချ ပြောဆို ရေးသားမှူများကြောင့် စိတ်အနှောင့်ယှက်ဖြစ်ခဲ့ကြရသည်ရှိသော် ကျွန်မတို့ရည်ရွယ်သည့် အဓိပ္ပါယ်မှာ ပွင့်လင်းမြင်သာမှူရှိအောင် စီစဉ်ဆောင်ရွက်၍ စာရင်းစစ်လုပ်ငန်းများ အကောင်ထည်ဖော်မည်ကိုသာ ရည်ရွယ်တာဖြစ်ကြောင်းနဲ့ အဆင်မပြေမှူများအတွက် အနူးညွတ်တောင်းပန်အပ်ပါတယ်ရှင်။ #မမများနဲ့ပွဲကမယ် 💃🏻💃🏻

နတ်မောက် (၉၀၂) ရဲ့ ရော်ဘဲတွေအတွက် ပြုလုပ်နေတဲ့ ကျ-ည်ကာက-မ်ပိ-န်းက ခုဆို (၇၅%) က်ုကျော်ပြီး (၈၀%) ပြည့်လုပြည့်ခင်အခြေနေပါ။ (၂၀
နတ်မောက် (၉၀၂) ရဲ့ ရော်ဘဲတွေအတွက် ပြုလုပ်နေတဲ့ ကျ-ည်ကာက-မ်ပိ-န်းက ခုဆို (၇၅%) က်ုကျော်ပြီး (၈၀%) ပြည့်လုပြည့်ခင်အခြေနေပါ။ (၂၀%) ခန့်သာ လိုတော့တာမို့ နတ်မောက်က ရော်ဘဲတွေ ပထမဆုံးလုပ်တဲ့က-မ်ပိ-န်းမှာ အပျော်တွေနဲ့ လိုတာပြည့်ဝ ရသွားစေချင်မိပါတယ်။ (၂၀%) ဆိုတာ သိန်း (၂၀၀) ဝန်းကျင်သာ လိုတော့တာပါ.. ဒါလေးတစ်ပတ်အတွင်းပြည့်အောင် ဝိုင်းဖြည့်ပေးကြပါဦးနော်...အောက်ပါလင့်ခ်ကို နှိပ်ပြီး နိုင်ငံတကာ Fundraiser တွေကတဆင့် ဆက်သွယ်ပါဝင်နိုင်ပါတယ်။ 📌 https://www.wlmf.org/projects/moekyoe ကျေးဇူးတင်ပါတယ်ရှင်။ #မမများနဲ့ပွဲကမယ် 💃🏻💃🏻

အရှင်လတ်လတ် ပရိတ်သတ်များစွာအလည် မြေမြိုသူတစ်ဦးအား လူအများမှ အထူးဆန်းဖြစ်ကာ ဝိုင်းကြည့်မှူတစ်ခုဖြစ်ပွား။ အဆိုပါ မြေမြိုသူဟာ မအ
အရှင်လတ်လတ် ပရိတ်သတ်များစွာအလည် မြေမြိုသူတစ်ဦးအား လူအများမှ အထူးဆန်းဖြစ်ကာ ဝိုင်းကြည့်မှူတစ်ခုဖြစ်ပွား။ အဆိုပါ မြေမြိုသူဟာ မအလ မင်းအောင်လှိုင်ဟု ခိုင်လုံသော သတင်းရပ်ကွက်မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ မြေမြိုမှူသတင်းကြောင့် မြန်မာပြည်သူများ ဝမ်းမြောက်ဝမ်းသာစွာ ပျော်ရွှင်နေကြကြောင်းကိုလည်း နောက်ဆက်တွဲသတင်းအဖြစ် ထပ်မံသိရှိရပါတယ်။ ဤတွင် သတင်းများကို ကြေညာလို့ ပြီးပါပြီရှင်။ 😝😝😝 #PhotoCredit #မမများနဲ့ပွဲကမယ် 💃🏻💃🏻

▪️တရားတဲ့သူသာ နိုင်ကြေးဟေ့✊🏻▪️ (၃) နှစ်ကြာပေမယ့် ဘယ်တော့မှမမေ့၊ တရားတဲ့သူသာ နိုင်ကြေးဟေ့။ #၂၃ဇူလိုင်လ #မမများနဲ့ပွဲကမယ် 💃🏻
▪️တရားတဲ့သူသာ နိုင်ကြေးဟေ့✊🏻▪️ (၃) နှစ်ကြာပေမယ့် ဘယ်တော့မှမမေ့၊ တရားတဲ့သူသာ နိုင်ကြေးဟေ့။ #၂၃ဇူလိုင်လ #မမများနဲ့ပွဲကမယ် 💃🏻💃🏻

ထိုးဖောက်၊ စိုးမိုးမယ့် "မိုးကြိုး⚡️” နပတ ရင်း (၉၀၂) နတ်မောက်အတွက် အသ-က်ကယ်မယ့် ကျည်ကာဆင်ယင်ပေးဖို့ပါ။ ဒီရင်းတွေဟာ မူလတည်ရှိရ
ထိုးဖောက်၊ စိုးမိုးမယ့် "မိုးကြိုး⚡️” နပတ ရင်း (၉၀၂) နတ်မောက်အတွက် အသ-က်ကယ်မယ့် ကျည်ကာဆင်ယင်ပေးဖို့ပါ။ ဒီရင်းတွေဟာ မူလတည်ရှိရာအရပ်မှာ ဆန့်ကျင်ဘက်ဒေသများဆီသို့ စဆရေးအတွက် ရွှေ့ပြောင်းရောက်ရှိနေပြီးကြပြီ။ အဆိုပါ စဆရေးအတွက် လိုအပ်တဲ့ပြင်ဆင်မှူတွေထဲကတစ်ခုအဖြစ် မရှိမဖြစ် ကကလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဒီ "မိုးကြိုး⚡️” ကို စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဓါးမမိတ်ဆွေရော၊ ဓမ္မမိတ်ဆွေတွေအတွက်ပါ ပါဝင်သင့်တဲ့ ကမ်ပိန်းပါ။ ကံစမ်းမဲမဟုတ်ဘဲ မိမိတတ်နိုင်တဲ့ ပမာဏကိာ ထည့်ဝင်ပြီး အကာကွယ်တွေကို စုပေါင်းဖန်တီးပေးကြရမှာပါ။ ဆက်သွယ်ပါဝင်ရန် 👇🏻👇🏻 📌 https://www.wlmf.org/projects/moekyoe ဒီလင့်ခ်ကတဆင့် မိမိနေထိုင်ရာနိုင်ငံအလိုက် ထပတာဝန်ခံကြီးများမှတဆင့် ဆက်သွယ်ပါဝင်နိုင်ပါတယ်။ မပျက်မကွက် ချိတ်ဆက်ပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ မိမိတို့လူမှူကွန်ယက် စာမျက်နှာများမှာလည်း အာစီအက်စ်ကူပေးခြင်းဖြင့် အားဖြည့်ပေးဖို့ တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။ #မမများနဲ့ပွဲကမယ် 💃🏻💃🏻

(၇၈) ကြိမ်မြောက် "အာဇာနည်နေ့" ခေတ်အဆက်ဆက် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးမျာနှင့် သူရဲကောင်းအပေါင်းအား အလေးပြုအပ်ပါသည်
(၇၈) ကြိမ်မြောက် "အာဇာနည်နေ့" ခေတ်အဆက်ဆက် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးမျာနှင့် သူရဲကောင်းအပေါင်းအား အလေးပြုအပ်ပါသည်။ #ဇူလိုင်၁၉_အာဇာနည်နေ့ #မမများနဲ့ပွဲကမယ် 💃🏻 💃🏻