265
Підписники
Немає даних24 години
Немає даних7 днів
Немає даних30 день
Архів дописів
https://www.facebook.com/profile.php?id=61567074209578&mibextid=ZbWKwL
ကဲကဲ လိုင်းလေးအဆင်ပြေတုန်းလေး fb page လေး like & Follower လေးလုပ်သွားပေးကြပါအုန်းနော်
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တောင်ရှေ့ Toll Gate တွင် အထိုင်ချတပ်စွဲ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ နှင့်ရဲများအား မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့အမှတ်(၁၈၄၈) တပ်ဖွဲ့ နှင့် မဟာမိတ်များမှ လက်နက်ကြီး လက်နက်ငယ်များ ဝေဟင်မှ Drone များဖြင့် ချကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ဤတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ဦးနှင့် ရဲတပ်သား ၅ ဦး ရှင်းလင်းနိုင်ခဲ့ပီး တိုက်ပွဲကြာမြင့်ချိန် ၂နာရီအတွင်း မြင်းခြံမြို့မှစစ်ကူလာသော စစ်ကြောင်းများအား ဖြတ်တောက်ရေးအဖွဲ့နှင့်တစ်နာ
ရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်အပ်ပါသည်။
တိုက်ပွဲဖော်ဆောင်ရာတွင်
-မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း
-မြင်းခြံခရိုင်အမှတ် (၂)တပ်ရင်း
-မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း
-မြင်းခြံခရိုင်အမှတ် (၈)တပ်ရင်း
-မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်း
-တောင်သာမြို့နယ်ပကဖ
-မြင်းခြံမြို့နယ်ပကဖ
-မလှိုင်မြို့နယ်ပကဖ
-နွားထိုးကြီးမြို့နယ်ပကဖ
-ဗိုလ်စားပျောက်ကြားတပ်ဖွဲ့
- စွန်ရဲပျောက်ကြားတပ်ဖွဲ့
မကြာတော့တဲ့ ရောင်နီအတွက် MDDS က အမြဲကြိုးစားနေလျက်ပါပဲ ခရိုင်အတွင်းကထားတဲ့ပွဲ VD လေး အားပေးသွားကြပါအုံးဗျ
#MDDS
ပြောက်နေတယ်မထင်နဲ့နော် မြင်းခြံခရိုင်တွင်း ပတ်သောင်းကျန်းနေရလို့ပါ။
#MDDS
မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ (MDDS) အတွက် လိုအပ်နေသော ဗုံးသီးများ ဝယ်ယူထုတ်လုပ်ရန်အတွက် ကိုရီးယားနိုင်ငံရောက် ဖုန်ဆန်းညီနောင်များမှ
သိန်း(၅၀)ကျပ် တိတိအား ကူညီလှူဒါန်းသည်ကို ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
💥တိုက်ပွဲသတင်းထုတ်ပြန်ချက်💥
23.3.2024 နံနက် 5:30 AM ဝန်ကျင်းခန့်တွင်မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်
ရုံးပေါင်းစုံ (ထွေအုပ်ရုံး)နှင့် ငြိမ်းဇာနည်တပ်စခန်း တို့အားဝေဟင်မှ ပြင်းအားမြင့် ဗုံးသီးများ ၉ လုံးဖြင့် ကြဲချတိုက်ခဲ့ပြီး အဓိကထားတိုက်ခိုက်ခဲ့သည့် ကပ်ကျော် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စခများ
အား 81 mm 2လုံး ၊ RPG အဖူး 2 လုံး၊ 60 mm 5လုံးတို့ဖြင့် မိမိတို့ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များမှ မြေပြင်နှင့်ဝေဟင် ပူးပေါင်းစီးနှင်းတိုက်ခိုက်ခဲ့ရာ မျက်မြင်လဲကျ သေဆုံးသူ ၇ဦးနှင့် ၈ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါသည်။
ထိုတိုက်ခိုက်မှု့အား မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့ အမှတ် (၁၈၄၈) ၊Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 2 ၊
မြင်းခြံခရိုင်တပ်ရင်းအမှတ် ၈ Myingyan Black Tiger (MBT) ၊ Thway Thauk Revolution Force ၊
Popa Guerilla Force(PPGF) ၊ညောင်ဦးခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ(၁)၊ အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကျောက်ပန်းတောင်း)၊ညောင်ဦးခရိုင်ရင်း(၁) ဒရုန်းတပ်ဖွဲ့၊AMA People Defense Force၊ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့ နှင့်YSO TPG ပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါသည်။
တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာခြင်း
****
18.3. 2024 ရက်နေ့ တွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြောင်မြို့နယ် ရွှေတချောင်းကျေးရွာ အတွင်းသို့ ရေစကြိုမြို့ပေါ်မှ ရိက္ခာလာပို့သော အင်အား 50 ဝန်းကျင်နီးပါးလိုက်ပါလာသော စစ်ကြောင်းအား ကျွန်ုပ်တို့ မြင်းခြံခရိုင်ဒရုန်းလက်ရုံးတပ်ဖွဲ့အမှတ် (၁၈၄၈) တပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များမှ မြေပြင် နှင့် ဝေဟင် ပူပေါင်းတိုက်ခိုက်ခဲ့ရာ ခွေးများ
အထိခိုက်များစွာရှိခဲ့ကြောင်းနှင့် ခွေးနာများအား စက်လှေဖြင့်သယ်ယူ ခေါ်ဆောင်သွား ကြောင်းသိရှိရပါသည်။
ထိုဝေဟင်တိုက်ခိုက်မှု့အား
Myingyan District Drone Strike အမှတ် ၁၈၄၈
ဒရုန်းလက်ရုံးတပ်ဖွဲ့
Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 2
Thway Thauk Revolution Force
မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃
မြောင်မြို့နယ်ကျေးရွာတပ်ပေါင်းစု တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။
တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာခြင်း
****
15.3. 2024 ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး၊
မြင်းခြံခရိုင် မြင်းခြံမြို့နယ် နှပ်ချိုတောကျေးရွာ ဘုန်းကြီးကျောင်းတွင်းသို့ ဝင်ရောက်နားနေသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းအား ကျွန်ုပ်တို့ မြင်းခြံခရိုင်ဒရုန်းစစ်ဆင်ရေးတပ်ဖွဲ့ MDDS နှင့် မဟာမိတ်ညီ နောင်များမှ ပူးပါင်းတိုက်ခိုက် ဗုံးသီးများကြဲချခဲ့ရာ ထိခိုက်မှု့အားစုံစမ်းဆဲဖြစ်ပါသည်။
ထိုတိုက်ခိုက်မှု့တွင် ကျွန်ုပ်တို့ Myingyan District Drone Strike Team အမှတ် ၁၈၄၈ ဒရုန်တပ်ဖွဲ့ နှင့်အတူ
Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 2
မြင်းခြံခရိုင် တပ်ရင်းအမှတ် ၁ 27 Revolution Force
မလှိုင်မြို့နယ်ပကဖ MHLG Wing
ဗိုလ်စားပျောက်ကျားအဖွဲ့
နဂါးနီအဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါသည်။
#MDDS
တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာခြင်း
****
12.3. 2024 ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး၊
မြင်းခြံခရိုင် တောင်သာမြို့နယ် ချောင်းဆုံကျေးရွာအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းအား ကျွန်ုပ်တို့ မြင်းခြံခရိုင်ဒရုန်းစစ်ဆင်ရေးတပ်ဖွဲ့ MDDS နှင့် မဟာမိတ်ညီနောင်များမှ ပူးပါင်းတိုက်ခိုက် ဗုံးသီးများကြဲချခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ စစ်သား ၇ ဦးနှင့်အထက် သေဆုံးခဲ့ပြီး အများပြားဒဏ်ရာ ရရှိခဲ့ ကြောင်း နှင့် နာရေးကား 2 စီးဖြင့် သယ်ယူသွားကြောင်းသတင်းရရှိပါသည်။
ထိုတိုက်ခိုက်မှု့တွင် ကျွန်ုပ်တို့ Myingyan District Drone Strike Team နှင့်အတူ
Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 2
မြင်းခြံခရိုင် တပ်ရင်းအမှတ် ၈
မလှိုင်မြို့နယ်ပကဖ MHLG Wing
တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါသည်။
သတင်းထုတ်ပြန်ကြေညာခြင်း
9.3.2024 ရက်နေ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ၊ ဇရပ်ကြီးကျေးရွာ ခွေးအထိုင်စခန်းအား ဝေဟင်မှ ပြင်းအားမြင့် ဗုံးသီး ၅ လုံး ကြဲချခွေးစာကျွေးခဲ့ရာ စစ်ခွေး ၁ကောင် သေဆုံးပြီး အများအပြား ၂ကောင် ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရှိရပါသည်။
အဆိုပါတိုက်ခိုက်မှုတွင် Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ် နှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team-2 |
မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁) 27 Revolution Forces ၊ မြင်းခြံခရိုင်တပ်ရင်း ၃၊ မြင်းခြံခရိုင်တပ်ရင်း ၄၊ မြင်းခြံခရိုင်တပ်ရင်း ၈၊ မလှိုင် ပကဖ တို့ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာခြင်း
****
12.3. 2024 ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး၊
မြင်းခြံခရိုင် မြင်းခြံမြို့ပေါ်ရှိ ခရိုင်ရုံး ၊ထောင်ဝန်ထမ်းအိမ်ယာ၊ အမှတ် ၁ ရဲစခန်း ၊ အမှတ် ၂ ရဲစခန်း
ရွှေညောင်ပင် ခွေးဂိတ်တို့အား Fix Wings Drone များဖြင့် ဗုံးသီး (5) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်မှု့အား အသေးစိတ်အားစုံစမ်းေနဆဲဖြစ်ပါသည်။
ထိုတိုက်ခိုက်မှု့အား ကျွန်ုပ်တို့ Myingyan District Drone Strike အမှတ်၁၈၄၈ ဒရုန်းတပ်ဖွဲ့ ၊ Shar Htoo Wawနည်းပညာတပ်ဖွဲ့ Team -2 နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်ကြ သော
Natogyi People Defence Force
မြင်းခြံခရိုင်တပ်ရင်းအမှတ် (၄)
သွေးသောက်တပ်ဖွဲ့
အမေ့လက်ရုံး ပြောက်ကျား တပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်တိုက်ခိုက်ခဲ့ပါသည်။
သတင်းထုတ်ပြန်ချက်
၁၁.၃.၂၀၂၄ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်၌
မန္တလေးတိုင်းဒေသကြီး ၊မြင်းခြံခရိုင် ၊မြင်းခြံမြို့နယ်မြောက်ကျွန်းကျေးရွာစာသင်ေကျာင်း၌ အထိုင်ချနေထိုင်နေသော စခများအား မိမိတို့အဖွဲ့ နှင့် မဟာမိတ်အဖွဲ့များမှ
ဗုံးသီး(၃) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စကစ ဘက်မှ ခွေး ထိခိုက်ရှိ ေကြာင်းသတင်းရရှိပါသည်။
ထိုတိုက်ခိုက်မှု့အား မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့ အမှတ် (၁၈၄၈) ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 2 နှင့် ဒေါင်းနီ ပြောက်ကျားတပ်ဖွဲ့ | မြင်းခြံခရိုင်တပ်ရင်း အမှတ် (၂) တပ်ရင်း တို့မှ ပူးပါင်း တိုက်ခိုက်ခဲ့ကြပါသည်။
#mdds
Mission 2
၈.၃.၂၀၂၄ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်၌
မန္တလေးတိုင်းဒေသကြီး ၊မြင်းခြံခရိုင် ၊မြင်းခြံမြို့နယ်
ရွာကြီးကျေးရွာ ဘုန်းကြီးကျာင်း၌ စစ်ကြောင်းဝင်
ရောက် ေနစဉ် မိမိတို့အဖွဲ့ နှင့် မဟာမိတ်အဖွဲ့များမှ
ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စကစ ဘက်မှ ခွေး ၈ ကောင်သေဆုံးသွား ေကြာင်းသတင်းရရှိပါသည်။
ထိုတိုက်ခိုက်မှု့အား မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့ အမှတ် (၁၈၄၈) ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 2 နှင့် ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပါင်း တိုက်ခိုက်ခဲ့ကြပါသည်။
#MDDS
သတင်းထုတ်ပြန်ကြေညာခြင်း
Mission 1
8.3.2024 ရက်နေ့ မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ဇဗ္ဘူသီရိကျေးရွာအား အင်အား ၁၀၀ ကျော်ဖြင့်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား ကျွန်ုပ်တို့
Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ နှင့် မဟာမိတ်အဖွဲ့များမှဝေဟင်မှ Fix Wings Drone နှင့် ပြင်းအားမြင့် ဗုံးသီး ၃ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ခွေး ၄ ကောင် နေရာတွင် ပွဲချင်းပီး သေဆုံးသွားပြီး ကျန်ခွေးများမှာလည်း ဒဏ်ရာအများပြား ရရှိခဲ့ကြောင်း သိရှိရပါသည်။ အကြမ်းဖက် စစ်ခွေးသေဆုံး အလောင်းများနှင့် ခွေးနာများကို နာရေးကားတစ်စီး၊ Light Track ကား တစ်စီးဖြင့် တောင်သာဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရှိရပါသည်။
အဆိုပါတိုက်ခိုက်မှုတွင်
Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 2 ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁) 27 Revolution Forces ၊ မြင်းခြံခရိုင်တပ်ရင်း ၃၊
မြင်းခြံခရိုင်တပ်ရင်း ၄၊ မြင်းခြံခရိုင်တပ်ရင်း ၈ နှင့်
မလှိုင် ပကဖ တို့ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
