uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

PDF Insight

PDF Insight

Відкрити в Telegram

လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို သိရှိစေရန် PDF Insight channel ကို ဖတ်ရှုပါ

Показати більше

📈 Аналітичний огляд Telegram-каналу PDF Insight

Канал PDF Insight (@pdfinsight) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 10 739 підписників, посідаючи 17 356 місце в категорії Новини і ЗМІ та 10 055 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 739 підписників.

За останніми даними від 17 жовтня, 2025, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -146, а за останні 24 години на 0, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 0%. Протягом перших 24 годин після публікації контент зазвичай збирає N/A% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 0 переглядів. Протягом першої доби публікація в середньому набирає 0 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 0.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို သိရှိစေရန် PDF Insight channel ကို ဖတ်ရှုပါ”

Завдяки високій частоті оновлень (останні дані отримано 11 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

10 739
Підписники
Немає даних24 години
-417 днів
-14630 днів
Архів дописів
လက်နက်ကြီး တပ်ခွဲ - Cobra Column က ဖော်ပြလာတဲ့ ၂၀၂၄ ဧပြီလအတွင်း အောင်ဇေယျစစ်ကြောင်းကို ခုခံမှုမှ မှတ်တမ်းဓါတ်ပုံ အချို့ကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။ လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ #PDFInsight #Artillery_Company #Cobra_Column #Southern_Command #NationalUnityGovernment #PDF
19 квіт 2025, 10:31

photo content
19 квіт 2025, 10:31

photo content
+9
19 квіт 2025, 10:31

ငလျင်ဘေးဒဏ်သင့် ပြည်သူ​တွေကို NUG ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊ ​​ရွှေဘိုခရိုင်တပ်ရင်း (၁၇) က ကူညီပံ့ပိုးနေတဲ့ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။ ပြည်သူထဲကပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေဟာ ဘေးအန္တရာယ်ဒဏ်မျိုးစုံကို အတူတူကျော်ဖြတ်လျက်ရှိပါတယ်။ #PDFInsight
10 квіт 2025, 02:38

photo content
+2
10 квіт 2025, 02:38

photo content
+9
10 квіт 2025, 02:38

photo content
+9
10 квіт 2025, 02:38

နိုင်ငံရေးပြသနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်၊ စားပွဲဝိုင်းရောက်အောင် အားလုံးအတူဝိုင်းဝန်း ကြိုးပမ်းကြရမယ် ဆိုပါလား၊ အဲဒီခေတ်က လွန်ခဲ့ပါပြီ။ အရင်အစိုးရလက်ထက်က ပြန်လည်သင့်မြတ်ရေးလမ်းစဥ်ဆိုတာတွေ လုပ်ခဲ့ပြီးပါပြီ။ အရပ်ဘက်နိုင်ငဲံရေးသမားများက စစ်တပ်ကို ဂုဏ်သိက္ခါရှိတဲ့ ထွက်ပေါက်ပေးခဲ့ပြီးပါပြီ။ ရိုဟင်ဂျာကိစ္စမှာ နိုင်ငံအတွက်အမှန်ကန်ဆုံး ရပ်တည်ပေးခဲ့တာတောင် နားမလည်တဲ့ စစ်တပ်ဟာ နောက်ဆုံး အာဏာရမက် ငမ်းငမ်းတက်ပြီး နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ လုယူခဲ့တာမဟုတ်လား။ ဒါက နိုင်ငံရေးပြသနာမဟုတ်တော့ပါဘူး။နိုင်ငံရေးပြသနာအဖြစ်ပြန်ရောက်စေချင်ရင် အခုအာဏာသိမ်းမှုကို ဦးဆောင် ခဲ့သူ အားလုံး နှုတ်ထွက်ပေးခဲ့ရင်တော့ ကျန်တဲ့သူနဲ့ ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါလိမ့်မယ်။ နိုင်ငံရေးကို အထက်စီးက ပြောနိုင်လောက်အောင် စစ်တပ်လက်မှာ ဘာကဒ်မှ ရှိမနေပါဘူး။ ရန်ကုန်နဲ့ နေပြည်တော်လောက်ပဲ ကျင်းပပြီး အမတ် ၅၆ နေရာလောက်ရရင် ရွေးကောက်ပွဲ အထမြောက်နိုင်ပေမယ့် အဲဒါကလည်း စစ်အုပ်စုအတွက် နိုင်ဖဲ ဖြစ်လာမှာမဟုတ်ပါဘူး။ အစိုးရအစည်းဝေး မခေါ်နိုင်ပဲ ကာလုံအစည်းဝေး ၂၄နာရီကျင်းပပြီး စစ်ရေးကိစ္စပဲ လုပ်ရမှာပါပဲ။နယ်မြေတွေ တဖြည်းဖြည်းကြုံ့သွားပြီး နောက်ဆုံး အရှုံးပေးရပြီဆိုရင်တော့ စစ်တပ်ထဲက ဒုတိယ တတိယတန်းခေါင်းဆောင်တွေပါ စစ်ရာဇဝတ်မှုတွေနဲ့ အရေးယူခံရမှာပါပဲ။ အဲတော့ ဒီလို တကယ့်အခြေနေ အစစ်အမှန်ကို သိမြင်သဘောပေါက်သူ တယောက်တလေ တစုတဖွဲ့ရှိတယ် ဆိုရင်တော့ မအလနဲ့အပေါင်းအပါတသိုက်ကို အချိန်မဆိုင်းပဲ ဖြုတ်ချလိုက်ခြင်းက စစ်တပ်ကို ကယ်တင်ရာရောက်သလို တိုင်းပြည်အနာဂါတ်အတွက်လဲ ကောင်းကျိုးပြုတာပဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။ လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ #PDFInsight
27 бер 2025, 02:29

အချိန်တန်လို့ နွားပိန်ကန်ကြသော်လည်း လဘက်ရည်ဆိုင်မှာ လူတယောက် စိတ်ပျက်လက်ပျက်နဲ့ ပစ်ချသွားတဲ့ စကစ သတင်းစာတစောင် ကောက်ပြီးကြည့်လိုက်မိပါတယ်။ အာပါး သွပ် - သွပ်- သွပ် ဒါကြောင့်ကိုးလို့ ရေရွတ်မိပါတော့တယ်။ သတင်းတွေကတော့ စကစအစည်းဝေးမှာ မအလပြောတဲ့မိန့်ခွန်းနဲ့ အဲဒီနေ့မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲမှာ ပါဝင်သူအချို့ရဲ့စကားတွေ တွေ့ရတာပါပဲ။ စကားဝိုင်းခေါင်းစဥ်က " တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီသို့" ဆိုပါလား၊ all inclusive ဆိုတာမပါတော့ ဘောမစစ်စစ်တွေနဲ့ ဘောမဖို့ ဟန်ပြင်နေသူများချည်း ရွေးဖိတ်ထားတာပါပဲ။ စကားဝိုင်းတွေမှာ ခေါင်းဆောင်ဆွေးနွေးကြသူတွေကြည့်လိုက်တော့ အရင်က အင်တာဗျူးတခုမှာ စစ်တပ် ဘယ်အချိန် နိုင်ငံရေးက ထွက်မလဲလို့မေးတာကို နောက်အနှစ် ၅၀ လောက်မှ ထွက်လိမ့်မယ်ဆိုပြီးပြောခဲ့သူ ပါတယ်။ သူကိုယ်တိုင်တပ်ထွက်တဦးဖြစ်ပြီး ဘယ်ကရမှန်းမသိတဲ့ ဒေါက်တာဘွဲ့ခံထားသူပါပဲ။ ၂၀၂၃ လောက်ကထင်တယ် စစ်တပ်က တိုက်ပွဲတွေ တောက်လျောက် ရှုံးနေတော့ ထုတည်ဆောက်ပြီးမှ တိုက်ဖို့ အကြံပေးခဲ့သူပေါ့။ လက်တွေ့မှာ ထုတည်ဆောက်ဖို့ လူကမရှိတော့ တနိုင်ငံလုံး လူတွေဖမ်းပြီး အတင်းအဓမ္မ စစ်ထဲထည့်ဖို့ အကြံပေးတာလဲ သူပဲဖြစ်နိုင်ပါတယ်။ စီးပွားရေးမှာ ဦးဆောင်ဆွေးနွေးသူကလည်း ထိပ်ပြောင်ပြောင်ဒေါက်တာဆိုသူပါပဲ။ ထိုင်းမ နဲ့ရ၊ ထိုင်းမှာနေပြီး စကစနဲ့ ပလဲနံပသင့်နေသူတွေပါပဲ။ ဦးသိန်းစိန်လက်ထက်တုန်းက မြေကွက်တွေ တောင်းလွန်းလို့ စစ်ဗိုလ်တွေတောင် လက်လန်ရသူပါပဲ။ ဒီတခါတော့ သူ့ဘက်ကရှားရှားပါးပါး ထောက်ခံသူရလိုက်လို့ သူ တောင်းစရာမလိုပဲ မအလကပေးမှာပါ။ နောက်ထပ် အမတ်ပြုတ် မမတယောက်နဲ့ ဝန်ကြီးပြုတ် တသင်းလုံးကန်မယ်ဆိုတဲ့ တယောက်လဲပါရဲ့။ ကေကျု့နဲ့ ဘောမပါတီတွေအပြင် အခြားသော NCA sign ဆိုသူတွေလဲပါရဲ့။ လူစုံတက်စုံ အချိန်တန်တော့ နွားပိန်ကန်ကြတာပါပဲ။ စကစအစည်းဝေးမှာတော့ မအလက ရွေးကောက်ပွဲကို ဒီဇင်ဘာ တတိယအပတ်မှ ဇန်နဝါရီ ဒုတိယအပတ်အတွင်း ကျင်းပမယ်လို့ အတည်ပေါက်ကြီးပြောသွားပါတယ်။ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်ကို ပြည်နယ်သားတွေ ကိုယ်တိုင်ရွေးချယ်ရမယ်လို့ဆိုသွားတယ်။ ဒါကတော့ တိုင်းရင်းသားတွေကြိုက်မယ်ထင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်ပြီးပြောလိုက်တာပါပဲ။ ဖွဲ့စည်းပုံကတော့ သူတို့ စစ်ဖိနပ်နဲ့ နင်းခြေပီးသားဖြစ်လို့ သူကြိုက်သလိုပြောနေ လုပ်နေတာပါပဲ။ ဒါပေမယ့် လက်တွေ့မှာ အခြေနေက အရင်လိုမဟုတ်တော့ပါဘူး။ ဥပမာ ဝန်ကြီးချုပ်ကို ကိုယ်တိုင်ရွေးခွင့်ရှိမယ်ဆိုတာကို SNLD နဲ့ SNDP ကကြိုက်ချင်ကြိုက်မယ် SSPP နဲ့ RCSS ကတော့ ကြိုက်မှာမဟုတ်ပါဘူး။ သူတို့က အခုငြိမ်နေကြပေမယ့် အခွင့်သာတာနဲ့ နီးရာနယ်မြေတွေ တက်သိမ်းကြမယ့်သူတွေပါပဲ။ ကချင်မှာဆိုရင် ဒေါက်တာတူးဂျာတို့ ခက်ထိန်နန်တို့ကြိုက်နိုင်ပေမယ့် KIA က မကြိုက်နိုင်ပါဘူး။ ရခိုင်နဲ့ ချင်း ၊ ကရင်နဲ့ ကရင်နီ စသဖြင့် လက်နက်ကိုင် ERO တွေနဲ့ PDF တွေအားကောင်း စိုးမိုးထားရာနေရာတွေကို မျက်ကွယ်ပြုတဲ့ ဘယ်စဥ်းစားချက်မှ လက်တွေ့ဖြစ်လာမှာမဟုတ်ပါဘူး။ အဆုံးအဖြတ်က တော်လှန်ရေးအင်အားတွေဘက်မှာရှိနေပါတယ်။ မအလ လက်မှာမရှိပါဘူး။ မအလအနေနဲ့ တိုင်းရင်းသားအကြိုက်ဆိုတာတွေ မက်လုံးပေးလာပေမယ့် အချိန်ကလွန်နေပါပြီ။ ရွေးကောက်ပွဲ မဖြစ်မနေလုပ်ချင်တော့ ၅၁ ခုနှစ် လောက်ကလဲ အဲလိုပဲ အကြိမ်တွေခွဲပြီး ကျင်းပခဲ့ဖူးတဲ့ အစဥ်အလာကို မအလ က ကိုးကားသွားပါတယ်။ တကယ်တော့ အခြေနေက မတူပါဘူး။ အဲဒီတုန်း က ၄၉ ခုနှစ် တဝက်လောက်ပဲ တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပြီး ၅၀ခုထဲမှာ တဖြေးဖြေး ဖဆပလ တပ်တွေက အသာရလာပါပြီ။ ၅၀ ခုထဲမှာ အတော်လေးတည်ငြိမ်လာပြီး ဆက်လက်တည်ငြိမ်တော့မယ်ဆိုတာ တွက်လို့ရတဲ့အခြေအနေပါ။ အဲဒါကြောင့် ၅၁ခုနှစ် ထဲမှာရွေးကောက်ပွဲ စလုပ်တာပါ။ ခုဟာကတော့ တိုက်ပွဲတွေ အလွန်ပြင်းထန်နေပြီး ဆက်လက်ပြင်းထန်လာကာ နေပြည်တော်အထိရောက်လာနိုင်တဲ့အခြေအနေပါ။အဲဒါကြောင့် နေပြည်တော်မှာ ကတုတ်ကျင်းတွေတူးပြီး စစ်ပြင်နေရတာမဟုတ်လား။ အခြေနေချင်း အရမ်းကွာပါတယ်။ အဲဒါကိုပဲ ဘူမသိ ကိုးမသိ အမည်ခံပညာရှင်ဆိုသူတွေ၊ ဘောမပါတီတွေနဲ့ အခွင့်အရေးသမားတွေက ဆွေးနွေးပွဲတွေလုပ်ပြီး ပစ်ခတ်ထောက်ခံနေကြတာပဲဖြစ်ပါတယ်။
27 бер 2025, 02:29

photo content
27 бер 2025, 02:29

နိုင်ငံ​ရေးပြသနာကို နိုင်ငံ​ရေးနဲ့ ဖြေရှင်းရမယ်၊ စားပွဲဝိုင်း​ရောက်​အောင် အားလုံးအတူဝိုင်းဝန်း ကြိုးပမ်းကြရမယ် ဆိုပါလား၊ အဲဒီ​ခေတ်က လွန်ခဲ့ပါပြီ။ အရင်အစိုးရလက်ထက်က ပြန်လည်သင့်မြတ်​ရေးလမ်းစဥ်ဆို​တာတွေ လုပ်ခဲ့ပြီးပါပြီ။ အရပ်ဘက်နိုင်ငဲံရေးသမားများက စစ်တပ်ကို ဂုဏ်သိက္ခါရှိတဲ့ ထွက်​ပေါက်​ပေးခဲ့ပြီးပါပြီ။ ရိုဟင်ဂျာကိစ္စမှာ နိုင်ငံအတွက်အမှန်ကန်ဆုံး ရပ်တည်​ပေးခဲ့တာ​တောင် နားမလည်တဲ့ စစ်တပ်ဟာ နောက်ဆုံး အာဏာရမက် ငမ်းငမ်းတက်ပြီး နိုင်ငံ​တော်အာဏာကို လက်နက်အားကိုးနဲ့ လုယူခဲ့တာမဟုတ်လား။ ဒါက နိုင်ငံ​ရေးပြသနာမဟုတ်​တော့ပါဘူး။နိုင်ငံ​ရေးပြသနာအဖြစ်ပြန်​ရောက်​စေချင်ရင် အခုအာဏာသိမ်းမှုကို ဦး​ဆောင် ခဲ့သူ အားလုံး နှုတ်ထွက်ပေးခဲ့ရင်​တော့ ကျန်တဲ့သူနဲ့ ဆွေး​နွေး​ကောင်း​ ဆွေး​နွေးနိုင်ပါလိမ့်မယ်။ နိုင်ငံ​ရေးကို အထက်စီးက​ ပြောနိုင်​လောက်​အောင် စစ်တပ်လက်မှာ ဘာကဒ်မှ ရှိမ​နေပါဘူး။ ရန်ကုန်နဲ့ နေပြည်​တော်​လောက်ပဲ ကျင်းပပြီး အမတ် ၅၆ နေရာ​လောက်ရရင် ရွေး​ကောက်ပွဲ အထ​မြောက်နိုင်​ပေမယ့် အဲဒါကလည်း စစ်အုပ်စုအတွက် နိုင်ဖဲ ဖြစ်လာမှာမဟုတ်ပါဘူး။ အစိုးရအစည်း​ဝေး မ​ခေါ်နိုင်ပဲ ကာလုံအစည်း​ဝေး ၂၄နာရီကျင်းပပြီး စစ်​ရေးကိစ္စပဲ လုပ်ရမှာပါပဲ။နယ်​မြေ​​တွေ တဖြည်းဖြည်းကြုံ့သွားပြီး နောက်ဆုံး အရှုံး​ပေးရပြီဆိုရင်​တော့ စစ်တပ် ထဲက ဒုတိယ တတိယတန်း​ခေါင်း​​ဆောင်​တွေပါ စစ်ရာဇဝတ်မှု​တွေနဲ့ အ​ရေးယူခံရမှာပါပဲ။ အဲ​တော့ ဒီလို တကယ့်အ​ခြေ​နေ အစစ်အမှန်ကို သိမြင်သ​ဘော​ပေါက်သူ တ​ယောက်တ​လေ တစုတဖွဲ့ရှိတယ် ဆိုရင်​တော့ မအလနဲ့အ​ပေါင်းအပါတသိုက်ကို အချိန်မဆိုင်းပဲ ဖြုတ်ချလိုက်ခြင်းက စစ်တပ်ကို ကယ်တင်ရာ​ရောက်သလို တိုင်းပြည်အနာဂါအတွက်လဲ ကောင်းကျိုးပြုတာပဲဖြစ်​ကြောင်း တင်ပြလိုက်ရပါတယ်။ ။ လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ #PDFInsight
26 бер 2025, 23:12
26 бер 2025, ~23:12

အချိန်တန်လို့ နပိန်ကန်ကြ​သော်လည်း လဘက်ရည်ဆိုင်မှာ လူတ​​ယောက် စိတ်ပျက်လက်ပျက်နဲ့ ပစ်ချသွားတဲ့ စကစ သတင်းစာတ​စောင် ကောက်ပြီးကြည့်လိုက်မိပါတယ်။ အာပါး သွပ် - သွပ်- သွပ် ဒါ​ကြောင့်ကိုးလို့ ရေရွတ်မိပါ​တော့တယ်။ သတင်း​တွေက​တော့ စကစအစည်း​ဝေးမှာ မအလ​ပြောတဲ့မိန့်ခွန်းနဲ့ အဲဒီ​နေ့မှာပြုလုပ်တဲ့ ငြိမ်းချမ်း​ရေးစကားဝိုင်း​ဆွေးနွေးပွဲမှာ ပါဝင်သူအချို့ရဲ့စကား​တွေ တွေ့ရတာပါပဲ။ စကားဝိုင်း​ခေါင်းစဥ်က " တွေ့ဆုံ​ဆွေး​နွေးမှုများမှ ငြိမ်းချမ်း​သောနိုင်ငံ​တော်သစ်ဆီသို့" ဆိုပါလား၊ all inclusive ဆိုတာမပါ​တော့ ဘောမစစ်စစ်​တွေနဲ့ ဘောမဖို့ ဟန်ပြင်​နေသူများချည်း ရွေးဖိတ်ထားတာပါပဲ။ စကားဝိုင်း​တွေမှာ ခေါင်း​ဆောင်​​ဆွေး​နွေးကြသူ​တွေကြည့်လိုက်​တော့ အရင်က အင်တာဗျူးတခုမှာ စစ်တပ် ဘယ်အချိန် နိုင်ငံ​​ရေးက ထွက်မလဲလို့​မေးတာကို နောက်အနှစ် ၅၀ လောက်မှ ထွက်လိမ့်မယ်ဆိုပြီး​ပြောခဲ့သူ ပါတယ်။ သူကိုယ်တိုင်တပ်ထွက်တဦးဖြစ်ပြီး ဘယ်ကရမှန်းမသိတဲ့​ ဒေါက်တာဘွဲ့ခံထားသူပါပဲ။ ၂၀၂၃ လောက်ကထင်တယ် စစ်တပ်က တိုက်ပွဲ​တွေ​တောက်​လျောက် ရှုံး​နေ​တော့ ထုတည်​ဆောက်ပြီးမှ တိုက်ဖို့ အကြံ​ပေးခဲ့သူ​ပေါ့။ လက်​တွေ့မှာ ထုတည်​ဆောက်ဖို့ လူကမရှိ​တော့ တနိုင်ငံလုံး လူ​တွေဖမ်းပြီး အတင်းအဓမ္မ စစ်ထဲထည့်ဖို့ အကြံ​ပေးတာလဲ သူပဲဖြစ်နိုင်ပါတယ်။ စီးပွား​ရေးမှာ ဦးဆောင်​ဆွေး​နွေးသူကလည်း ထိပ်​ပြောင်​ပြောင်​ဒေါက်တာဆိုသူပါပဲ။ ထိုင်းမနဲ့ရ၊ ထိုင်းမှာ​နေပြီး စကစနဲ့ ပလဲနံပသင့်​နေသူ​တွေပါပဲ။ ဦးသိန်းစိန်လက်ထက်တုန်းက မြေကွက်​တွေ​ တောင်းလွန်းလို့ စစ်ဗိုလ်​တွေ​တောင်လက်လန်ရသူပါပဲ။ ဒီတခါ​တော့ သူ့ဘက်ကရှားရှားပါးပါး​ ထောက်ခံသူရလိုက်လို့ သူ​ တောင်းစရာမလိုပဲ မအလက​ပေးမှာပါ။ နောက်ထပ်အမတ်ပြုတ် မမတ​ယောက်နဲ့ ဝန်ကြီးပြုတ် တသင်းလုံးကန်မယ်ဆိုတဲ့ တ​ယောက်လဲပါရဲ့။ ကေကျု့နဲ့ ဘောမပါတီ​တွေအပြင် အခြား​သော NCA sign ဆိုသူ​တွေလဲပါရဲ့။ လူစုံတက်စုံ အချိန်တန်​တော့ နပိန်ကန် ကြတာပါပဲ။ စကစအစည်း​ဝေးမှာ​တော့ မအလက ရွေး​ကောက်ပွဲကို ဒီဇင်ဘာ တတိယအပတ်မှ ဇန်နဝါရီ ဒုတိယအပတ်အတွင်း ကျင်းပမယ်လို့ အတည်​ပေါက်ကြီး​ပြောသွားပါတယ်။ ပြည်နယ်​တွေမှာ ဝန်ကြီးချုပ်ကို ပြည်နယ်သား​တွေ ကိုယ်တိုင်​ရွေးချယ်ရမယ်လို့ဆိုသွားတယ်။ ဒါက​တော့ တိုင်းရင်းသား​တွေကြိုက်မယ်ထင်လို့ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို​ကျော်ပြီး​ပြောလိုက်တာပါပဲ။ ဖွဲ့စည်းပုံက​တော့ သူတို့ စစ်ဖိနပ်နဲ့ နင်း​ခြေပီးသားဖြစ်လို့ သူကြိုက်သလို​ပြော​နေ လုပ်​နေတာပါပဲ။ ဒါ​ပေမယ့် လက်​တွေ့မှာ အ​ခြေ​နေက အရင်လိုမဟုတ်​တော့ပါဘူး။ ဥပမာ ဝန်ကြီးချုပ်ကို ကိုယ်တိုင်​ရွေးခွင့်ရှိမယ်ဆိုတာကို SNLD နဲ့ SNDP ကကြိုက်ချင်ကြိုက်မယ် SSPP နဲ့ RCSS က​တော့ ကြိုက်မှာမဟုတ်ပါဘူး။ သူတို့က အခုငြိမ်​နေကြ​ပေမယ့် အခွင့်သာတာနဲ့ နီးရာနယ်​မြေ​တွေ တက်သိမ်းကြမယ့်သူ​တွေပါပဲ။ ကချင်မှာဆိုရင် ဒေါက်တာတူးဂျာတို့ ခက်ထိန်နန်တို့ကြိုက်နိုင်​ပေမယ့် KIA က မကြိုက်နိုင်ပါဘူး။ ရခိုင်နဲ့ ချင်း ၊ ကရင်နဲ့ ကရင်နီ စသဖြင့် လက်နက်ကိုင် ERO တွေနဲ့ PDF တွေအား​ကောင်း စိုးမိုးထားရာ​နေရာ​တွေကို မျက်ကွယ်ပြုတဲ့ ဘယ်စဥ်းစားချက်မှ လက်​တွေ့ဖြစ်လာမှာမဟုတ်ပါဘူး။ အဆုံးအဖြတ်က တော်လှန်​ရေးအင်အား​တွေဘက်မှာရှိ​နေပါတယ်။ မအလ လက်မှာမရှိပါဘူး။ မအလအ​နေနဲ့ တိုင်းရင်းသားအကြိုက်ဆိုတာ​တွေ မက်လုံး​ပေးလာ​ပေမယ့် အချိန်ကလွန်​နေပါပြီ။ ရွေး​ကောက်ပွဲ မဖြစ်မ​နေလုပ်ချင်​တော့ ၅၁​ ခုနှစ် လောက်က​လဲ အဲလိုပဲ အကြိမ်​တွေခွဲပြီး ကျင်းပခဲ့ဖူးတဲ့ အစဥ်လာကို မအလ က ကိုးကားသွားပါတယ်။ တကယ်​တော့ အ​ခြေ​နေက မတူပါဘူး။ အဲဒီတုန်း ၄၉ ခုနှစ် တဝက်​လောက်ပဲ တိုက်ပွဲ​တွေပြင်းထန်ခဲ့တာဖြစ်ပြီး ၅၀ခုထဲမှာ တ​ဖြေး​ဖြေး ဖဆပလ တပ်​တွေက အသာရလာပါပြီ။ ၅၀ ခုထဲမှာ အ​တော်​လေးတည်ငြိမ်လာပြီး ဆက်လက်တည်ငြိမ်​တော့မယ်ဆိုတာ တွက်လို့ရတဲ့အ​ခြေအ​နေပါ။ အဲဒါ​ကြောင့် ၅၁ခုနှစ် ထဲမှာ​ရွေး​ကောက်ပွဲ စလုပ်တာပါ။ ခုဟာက​တော့ တိုက်ပွဲ​တွေ အလွန်ပြင်းထန်​နေပြီး ဆက်လက်ပြင်းထန်လာကာ နေပြည်​တော်အထိ​ရောက်လာနိုင်တဲ့အ​ခြေအ​နေပါ။အဲဒါ​ကြောင့်​ နေပြည်​တော်မှာ ကတုတ်ကျင်း​တွေတူးပြီး စစ်ပြင်​နေရတာမဟုတ်လား။ အ​ခြေ​နေချင်း အရမ်းကွာပါတယ်။ အဲဒါကိုပဲ ဘူမသိ ကိုးမသိ အမည်ခံပညာရှင်ဆိုသူ​တွေ၊ ဘောမပါတီ​တွေနဲ့ အခွင့်အ​ရေးသမား​တွေက ဆွေး​နွေးပွဲ​တွေလုပ်ပြီး ပစ်ခတ်​ထောက်ခံ​နေကြတာပဲဖြစ်ပါတယ်။
26 бер 2025, 23:12
26 бер 2025, ~23:12

photo content
26 бер 2025, 23:12
26 бер 2025, ~23:12

စစ်ကြောင်းလိုက်အပြုတ်နှံတဲ့ PDF …………………… အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပကဖတွေ အနေနဲ့ ၂၀၂၅ ခုနစ် အတွင်း စစ်ရေးစွမ်းရည် သိသိသာသာ တိုးမြင့်လာပြီး ရန်သူ့စစ်ကြောင်းတွေ အထိနာအောင် တိုက်ခိုက်နိုင်လာပါတယ်။ ခုခံတော်လှန်စစ်အစမှာ မိုင်းဆွဲတိုက်ခိုက်မှု၊ ပြောက်ကြားပစ်ခတ်မှု၊ ရန်သူ့စခန်းငယ်တွေ သိမ်းပိုက်နိုင်မှုကနေ အခုနောက်ဆုံး အင်အား ရာချီပါ ရန်သူ့ စစ်ကြောင်းလိုက် အထိနာအောင် တိုက်ခိုက်နိုင်လာပါတယ်။ ယခုလို စစ်ရေးအောင်ပွဲတွေ ရရှိလာတာဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော်အနေနဲ့ လေ့ကျင့်သားပြည့်ဝလာတာ၊ အမိန့်ပေးကွပ်ကဲမှုကောင်းမွန်လာတာ၊ လက်နက်တပ်ဆင်မှုကောင်းမွန်လာတာ နဲ့ လူထုထောက်ခံမှု ရရှိထားတာတွေကြောင့် ဖြစ်ပါတယ်။ ရန်သူ့စစ်ကြောင်းလိုက် ပြုတ်အောင် တိုက်ခိုက်နိုင်မှုတွေကို ကြည့်ရင်လည်း ဒေသတခု ဥပမာ စစ်ကိုင်းတိုင်းအထက်ပိုင်း နေရာ တခုတည်းမှာ ဖြစ်ပွားနေတဲ့ သီးခြားဖြစ်စဉ် မဟုတ်တော့ဘဲ မြေပြန့်ဒေသတခုလုံး လွှမ်းခြုံဖြစ်ပေါ်နေတဲ့ စစ်ရေးဖြစ်ပေါ်တိုးတက်မှု ဖြစ်လာပါတယ်။ ဒါဟာ ဘာကိုပြလဲဆိုတော့ PDF တွေရဲ့ စစ်ရေး စွမ်းရည်ဟာ ဒေသ အသီးသီးမှာ ဟန်ချက်ညီ တိုးတက်လာတာကို ပြပါတယ်။ ရှေ့နှစ်တွေမှာ ရင်းနှီးမြှပ်နှံကာ တပ်တည်ဆောက်ရေးကို စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းရဲ့ ရလဒ်တွေလည်း ဖြစ်ပါတယ်။ 🔺 ၂၀၂၅ ခုနစ်၊ မတ်လ (၁၉) ရက်နေ့မှာ ကသာက အင်းတော်ကို ထွက်ခွာလာတဲ့ ခမရ (၃၁၃)၊ ခမရ (၁၀၆)၊ ခလရ (၆) လက်အောက်ခံ စုပေါင်းစပ်ပေါင်း အင်အား (၁၅၀) ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ က တိုက်ခိုက်ရာ ရန်သူ (၄၇) ဦး သေဆုံးခန့် သေဆုံးပြီး (၃၁) ဦး အရှင်ဖမ်းမိခဲ့ပါတယ်။ ဗိုလ်မှူး (၂) ဦး နဲ့ ဗိုလ်ကြီး (၁) ဦး လဲ သေဆုံးခဲ့ပါတယ်။ 🔺 မန္တလေးတိုင်း၊ နွားထိုးကြီး မြို့နယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ တပ်မ (၁၀၁) လက်အောက်ခံ အင်အား (၂၀၀) ခန့်ပါ စစ်ကြောင်းကိုလဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း (၄/၁၀)၊ နွားထိုးကြီး မြို့နယ် ပကဖ၊ မဟာမိတ်အဖွဲ့တွေ မတ်လ (၉) ရက်နေ့တွင်း ပူးပေါင်း တိုက်ခိုက်ရာ ရန်သူ (၂၅) ဦး သေဆုံး၊ ဗိုလ်မှူး ဝင်းလှိုင်ဦး၊ ဗိုလ်ကြီး‌ အောင်ကိုကို အပါအဝင် (၁၄) ဦး ဖမ်းမိခဲ့ပါတယ်။ လက်နက်မျိုးစုံ (၄၄) လက်၊ ၅.၅၆ ကျည် (၁၂၀၀၀) တောင့်၊ ၇.၆၂ ကျည် (၁၀၄၅) တောင့် နဲ့ တခြား ခဲယမ်းတွေလဲ သိမ်းမိခဲ့ပါတယ်။ ရန်သူ့ဘက်က လေကြောင်း တိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့တဲ့ ကြားက ယခုလို စစ်ကြောင်း အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 🔺 မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက် မြို့နယ်ခွဲမှာလဲ ရန်သူ့ စစ်ကြောင်း ကို မတ်လ (၁၄) ရက်က တိုက်ခိုက်ရာ (၇၄) ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကာ စစ်ကြောင်းတခုလုံး ပြုတ်သွားပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ညောင်ဦးခရိုင် တပ်ရင်း (၅)၊ မြင်းခြံခရိုင် တပ်ရင်း (၃)၊ ညောင်ဦးမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖ နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 🔺 စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာလဲ ရန်သူ့ စစ်ကြောင်း (၂) ခု ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပူးပေါင်း အဖွဲ့တွေက ဇန်နဝါရီလ (၅) ရက်နေ့မှာ တိုက်ခိုက်ရာမှာ ရန်သူ (၁၀၀) ခန့်သေဆုံးပြီး (၉) ဦး ကို ဖမ်းမိခဲ့ပါတယ်။ 🔺 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းက ဘုတလင်ကိုပြန်လာတဲ့ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခတိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို စီပါရွာ‌ အနောက်တောင်ဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်နေရာယူကာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲမှာ ရန်သူ (၃၃) ဦး သေဆုံးပြီး ဗိုလ်ကြီး (၂) ဦး အပါ (၄၃) ဦး ကို ဖမ်းမိခဲ့ပါတယ်။ လက်နက်မျိုးစုံ (၅၆) လက် နဲ့ ခဲယမ်း ရရှိခဲ့ပါတယ်။ အထက်ဖော်ပြပါ စစ်ကြောင်း ချေမှုန်းရေး ဖြစ်စဉ် (၅) ခု မှာတင် ရန်သူ့ဘက်က သေဆုံး၊ ဖမ်းမိ အင်အားပြုန်းတီးမှု (၃၇၆) ဦးထိရှိပြီး တပ်ရင်း (၃) ကျော် ပမာဏ ထိရှိပါတယ်။ လက်နက်သိမ်းဆည်းရရှိမှုလဲ ရာချီ ရှိတဲ့ အတွက် ရန်သူ့ လက်နက်ဖြုတ်သိမ်းရေးလုပ်ဆောင်နိုင်ခဲ့သလို ကိုယ့်တပ် လက်နက်တပ်ဆင်ရေးကိုလဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ တပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းရည် ထက်မြက်လာတာကို စစ်ကြောင်းချေမှုန်းရေး ဖြစ်စဉ်တွေက ပြသလျက်ရှိပါတယ်။ လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ #PDFInsight
24 бер 2025, 09:41

photo content
+6
24 бер 2025, 09:40

လက်ရှိမအလတပ်က အသက် ၄၀,၅၀တန်း လူ​ဟောင်း လူအို​တွေ အမာခံထားပြီး စစ်ထဲအတင်းဆွဲသွင်းခံရတဲ့ စစ်မှုထမ်း​တွေနဲ့​ပေါင်းစပ်ထားတာပါ။ PDF တပ်​တွေက​တော့ အသက် ၂၀နဲ့ ၃၀ကြားလူငယ်​တွေအများစု ပါတာပါ။ ခေါင်း​ဆောင်​တွေကလဲဒီအရွယ်​တွေပါပဲ။ စိတ်ဓါတ်ချင်းက မိုးနဲ့ မြေလိုကွာပါတယ်။ အ​ပေါ်မှာ ဥပမာပြခဲ့တဲ့ လူငယ်​ခေါင်း​ဆောင်မျိုး​တွေ တိုင်းရင်းသားအဖွဲ့များအပါ အဖွဲ့​ပေါင်း ရာဂဏန်းမှာ ရာချီပြီးရှိ​နေတာပါ။ ရထားတွဲတိုင်းမှာ စက်​ခေါင်းပါတဲ့​ခေတ်ပါ။ တဦးတည်း​သော​ခေါင်း​ဆောင်မှုကို မျှော်တဲ့​ခေတ် မဟုတ်​တော့ပါဘူး။ ဒေါ်​အောင်ဆန်းစုကြည်​ မျှော်မှန်းတဲ့ သူမအလွန်ကာလမှာ ပြည်သူ​တွေ ကိုယ်အားကိုယ်ကိုးပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ဖို့ဆိုတဲ့ ပုံစံနဲ့ ကွက်တိဖြစ်ပါတယ်။ တချို့က နွေဦးတပ်​တွေကို တပ်ပုံမကျဘူး ဖရိုဖရဲနိုင်တယ်လို့ဆိုကြတယ်။ တကယ်​တော့ တော်လှန်​ရေးတပ် အစစ်ဟာ အစမှာ ဒီအတိုင်းပါပဲ။ ဂျော့ရ့် ဝါရှင်တန်ရဲ့တပ်လည်း ဒီလိုပါပဲ။ အဝတ်အစား ဖရိုဖရဲ၊ လူ​ပေါင်းစုံ စုထားရတာ၊ ပုဂံ​ညောင်ဦးက ကိုဇီး​ပြောတဲ့ထဲမှာပါတယ်။ ကျွန်​တော်တို့က စွပ်ကျယ်နဲ့လည်း တိုက်လို့ရတယ်။ ကြက်​ပေါင်ဖိနပ်နဲ့လည်း တိုက်လို့ရတယ် ဆိုတာမျိုးပါပဲ။ အ​မေရိကန်တပ်​တွေ စနစ် တကျတိုက်ရာမှာ ဗြိတိသျှတပ်​တွေကို ဘယ်ယှဥ်နိုင်မလဲ။ ဒါ​ပေမယ့်အဆုံးအဖြတ်​ပေးသွားတာက စိတ်ဓါတ်ပြင်းပြမှု တီထွင်ဖန်တီးတတ်မှုနဲ့ ခေါင်း​ဆောင်မှု​တွေပါပဲ။ ဒီမှာလဲ ဒီအချက်​တွေက တော်လှန်​ရေးရဲ့ တတိယအဆင့် အောင်မြင်ဖို့ အ​ခြေခံ​တွေပဲ ဖြစ်ပါတယ်။ မကြာခင်​အောင်ပွဲ​တွေကို မြင်ကြရ​တော့မှာဖြစ်ပါတယ် ။ လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ #PDFInsight
22 бер 2025, 10:13

နွေဦးရဲ့ လူငယ်​ခေါင်း​ဆောင်များ တ​နေ့က ဗီဒီယိုကလစ် ၃ ခု​လောက်နဲ့ အင်တာဗျူးအချို့ ကြည့်လိုက်ရတယ်။ တခုက မြင်းခြံ black tiger အဖွဲ့​ခေါင်း​ဆောင်နဲ့အင်တာဗျူး ၊ နောက်တခုက နွားထိုးကြီးတိုက်ပွဲတိုက်ခဲ့တဲ့ ယာယီတပ်ရင်းမှုး​လေးနဲ့ နောက်တခုက​တော့ ပုဂံ​ညောင်ဦးနားက ငသ​ရောက်တိုက်ပွဲမှာ ခွေး၇၄​ ကောင်​လောက် သုတ်သင်လိုက်တဲ့ ပကဖ​ခေါင်းဆောင်နဲ့ အင်တာဗျူး​တွေပါပဲ။ တော်လှန်​ရေးကိုစိတ်ဝင်စားသူ ပြည်သူ့ဘက်​တော်သား​တွေလဲ ကြည့်လိုက်ရမှာပါပဲ။ အညာ​ဒေသမှာ ဒီလိုအဖွဲ့​ပေါင်းများစွာဟာ ဒီလိုတိုက်ပွဲ​တွေ တိုက်​နေကြတာပါပဲ။ ဒါ​ပေမယ့်အ​သေအချာဗျူးပြီး သူတို့အမြင်အ​တွေး ရပ်တည်ချက်​တွေ မျှော်မှန်းချက်​တွေကို သိရတဲ့အချိန်မှာ​တော့ ဘယ်လိုမှ မ​လေးစားပဲ မချီးမွမ်းပဲမ​နေနိုင်​အောင်ဖြစ်ရပါတယ်။ သူတို့ဟာ ၄ နှစ်ဆိုတဲ့ကာလတိုတခုအတွင်းမှာ အကြီးစိတ်​တွေဝင်လာကြပြီ။ (ဒီစကားက ဘလက်တိုက်ဂါးက ဗိုလ်မိုက်ခဲရဲ့စကားပါ။ဒီအသုံးကိုတမင်​ရွေးသုံးတာ၊ လူကြီးစိတ်လို့မ​ပြောပဲ အကြီးစိတ်လို့တမင်သုံးတာပါ ) သ​ဘောက​တော့ အငယ်​တွေကို စောင့်​ရှောက်မယ် သင်ကြား​ပေးမယ်။ မြှင့်တင်​ပေးရမယ်ဆိုတဲ့ အကြီးစိတ်၊ သူက အသက်၂၄နှစ်ပဲရှိ​ပေမယ့် သူ​ရော အခြား​ခေါင်း​ဆောင်ငယ်​တွေဟာ အများကြီးသင်ယူခဲ့ကြပြီ။ အများကြီးရင့်ကျက်ခဲ့ကြပြီ။ အများကြီးတာဝန်​တွေယူနိုင်ခဲ့ကြပြီဆိုတာ​ တွေ့ရတာပါပဲ။ သူတို့​ပြောစကား​တွေမှာ မှတ်သားစရာစကား​တွေအများကြီးပါတာ​​တွေ့ရပါတယ်။ PDF ဟာပြည်သူ​မေတ္တာနဲ့ အသက်ဆက်ရတယ်။ ပြည်သူ​မေတ္တာပျက်ရင် တစ်ရက်​တောင်ခံမှာမဟုတ်ဘူး။ ပြည်သူသာအမိ ပြည်သူသာအဖဆိုတာက အဓိကဖြစ်တယ်။ ရဲ​ဘော်​တွေနဲ့ ဆက်ဆံရာမှာ အရာရာ စစ်မိန့်နဲ့သွားလို့မရဘူး။ မေတ္တာနဲ့သွားတာ​တွေလည်းရှိတယ်။ သေနတ်အ​ပေါ်မှာသာယာ မသွားဖို့လိုတယ်။ စစ်​ခွေးတွေကိုထိဖို့ထက် ပြည်သူကိုမထိဖို့ ပိုဂရုစိုက်တယ်။ ငသ​ရောက်တိုက်ပွဲက ကိုဇီးက​တော့ ဝေဟင်မပါ မြေပြင်ကသာလာခဲ့ ယောကျ်ားချင်း အချိန်မ​ရွေးပဲတဲ့။ ဗိုလ်မှူးတ​ယောက် ဗိုလ်ကြီးတ​ယောက်ပါ ဖမ်းမိခဲ့တဲ့နွားထိုးကြီးတိုက်ပွဲဝင် တပ်ရင်းမှူး​လေးရဲ့စကားက သူတို့လက်နက်ချဖို့​ပြေးလာတာက ဘောလုံးပွဲမှာ လူစားလဲလို့​ပြေးဝင်လာသလိုမျိုး ပြုံး​ပျော်နေပုံကို​ပြောသွားတယ်။ ဒါ​တွေက မှတ်သားစရာစကားအများကြီးထဲက တချို့ပါ။သူတို့ဟာမြန်မာ့​နွေဦးမှာ အပြိုင်းအရိုင်းထွက်ပြူလာတဲ့ မျှစ်စို့​ပေါက်​တွေလိုပါပဲ။ ဖြေး​ဖြေးကြီးထွားသန်မာလာပြီး အမြင့်ကို လုတက်​နေကြသလိုပါပဲ။ အောက်​ခြေအရှုပ်အ​ထွေး​တွေထဲက​ဖောက်ထွက်ပြီး မကြာခင် ပင်အိုပင်​ဟောင်း​တွေကို​ ကျော်သွားကြ​တော့မှာပါ။ အဲဒါ​တွေနဲ့​ပြောင်းပြန် မင်း​အောင်လှိုင်ရဲ့ စတင်းဒတ်အာမီကြီးက​တော့ အကုန်လု အကုန်သတ် အကုန်မီးရှို့ဆိုတဲ့ ပေါ်လစီအတိုင်းသွား​နေတုန်းပါပဲ။ လက်ရှိစစ်​ခေါင်း​ဆောင်​တွေဟာ စစ်တပ်ရဲ့ အညံ့ဆုံးမျိုးဆက်ပါပဲ။ ဒီလို​ပြောလို့ အရင်လူ​တွေက​တော်လို့လားဆို​တော့ မ​တော်ပါဘူး။ သေနတ်ပြ အနိုင်ကျင့်အုပ်ချုပ်ကြရာမှာအတူတူပါပဲ။ ဒါ​ပေမယ့် ဒီလူသိုက်က​တော့ personality ( လူရည်လူ​သွေး ပညာတတ်​မြောက်မှု ရုပ်ရည် အရပ်အ​မောင်းကအစ ခြုံပီး​ပြောရင် ) မှာ အညံ့ဆုံးကို ဖြစ်​နေတာ။ ယ​နေ့​ခေတ်မှာ အနီးနားကနိုင်ငံ​တွေဖြစ်တဲ့ မ​လေး စင်္ကာပူ ဖိလစ်ပိုင်စတဲ့နိုင်ငံ​တွေက စစ်ဦးစီးချုပ်​တွေဆိုရင် ဝက်စ်ပွိုင့်၊ ဆင်းဟာ့ဒ် စတဲ့စစ်​ကျောင်း​တွေက မဟာဘွဲ့​လောက်ရသူ​တွေပါ။ ဗီယက်နမ် ဦးစီးချုပ်ဆိုရင် ပါရဂူဘွဲ့အထိ ယူထားသူဖြစ်တယ်။ ဒီက ဖွတ်​တွေက​တော့ ဒေါ်စိန်​အေး​ကျောင်းက ရိုက်သွင်းလိုက်တဲ့ တ​ကြောင်းဆွဲအယူ​တွေနဲ့ ကိုယ်ဖာကိုယ် ဝါးလုံး​ခေါင်းထဲလသာ​နေကြတဲ့သူ​တွေပါ။ မြို့​နေယဥ်​ကျေးတဲ့ ပညာတတ်မိန်းက​လေးများရဲ့ ပါးစပ်က​တောင် ငါကိုင်တုတ်ခံရတဲ့ စစ်​ခေါင်း​ဆောင် ဘယ်နှစ်​ယောက်များရှိပါသလဲ။ လူထုတရပ်လုံး ရင်ထဲအသည်းထဲက ဓါးနဲ့ နုတ်နုတ်စဥ်းပစ်ချင်​လောက်​အောင် မုန်းတဲ့ စစ်​ခေါင်း​ဆောင် ဘယ်နှစ်​ယောက်ရှိပါသလဲ။ ကျန်တဲ့အဆင့်က အရာရှိဆိုသူများက​ရော ဒီ​လောက်ဆိုး​နေတဲ့ အ​ခြေ​နေကို မ​ဝေဖန်ရဲ မ​ထောက်ပြရဲ​လောက်​အောင် ညံ့ဖျင်း​နေကြတာပဲမဟုတ်ပါလား။ဟို​နေ့က နွားထိုးကြီးတိုက်ပွဲမှာ အ​စောဆုံးထွက်​ပြေးပြီး ဖမ်းမိ​တော့ မီး​သွေးဖုတ်သူပါလို့ ညာ​ပြောတဲ့ ဗိုလ်ကြီး လိုလူ​တွေက ခပ်များများပါပဲ။
22 бер 2025, 10:13

photo content
22 бер 2025, 10:13

ရိုးမဧရာစစ်ဆင်ရေး ……………………… စစ်အုပ်စု ချေမှုန်းရေး အရေးပါတဲ့ ရိုးမဧရာစစ်ဆင်ရေး အတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ အမျိုးသးညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ #PDFInsight
21 бер 2025, 09:58

photo content
+1
21 бер 2025, 09:58