uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

BhiLatt Platform

BhiLatt Platform

Закритий канал

Welcome To BhiLatt Channel 🤍

Показати більше
2 598
Підписники
Немає даних24 години
-57 днів
-1730 днів

Завантажуємо дані

Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
жовт '26
жовтень '26
+8
в 0 каналах
вересень '26
+20
в 0 каналах
Get PRO
серпень '26
+34
в 0 каналах
Get PRO
липень '26
+33
в 0 каналах
Get PRO
червень '26
+15
в 0 каналах
Get PRO
травень '26
+42
в 0 каналах
Get PRO
квітень '26
+14
в 0 каналах
Get PRO
березень '26
+12
в 0 каналах
Get PRO
лютий '26
+50
в 1 каналах
Get PRO
січень '26
+37
в 1 каналах
Get PRO
грудень '25
+90
в 0 каналах
Get PRO
листопад '25
+171
в 0 каналах
Get PRO
жовтень '25
+44
в 0 каналах
Get PRO
вересень '25
+84
в 0 каналах
Get PRO
серпень '25
+100
в 0 каналах
Get PRO
липень '25
+63
в 0 каналах
Get PRO
червень '25
+56
в 0 каналах
Get PRO
травень '25
+31
в 1 каналах
Get PRO
квітень '25
+14
в 0 каналах
Get PRO
березень '25
+34
в 0 каналах
Get PRO
лютий '25
+68
в 1 каналах
Get PRO
січень '25
+199
в 0 каналах
Get PRO
грудень '24
+191
в 0 каналах
Get PRO
листопад '24
+233
в 2 каналах
Get PRO
жовтень '24
+132
в 0 каналах
Get PRO
вересень '24
+241
в 0 каналах
Get PRO
серпень '24
+520
в 1 каналах
Get PRO
липень '24
+240
в 0 каналах
Get PRO
червень '24
+866
в 0 каналах
Get PRO
травень '240
в 0 каналах
Get PRO
квітень '240
в 0 каналах
Get PRO
березень '24
+18
в 1 каналах
Дата
Залучення підписників
Згадування
Канали
15 жовтня0
14 жовтня0
13 жовтня+1
12 жовтня0
11 жовтня0
10 жовтня+1
09 жовтня0
08 жовтня0
07 жовтня+1
06 жовтня+2
05 жовтня+1
04 жовтня0
03 жовтня0
02 жовтня+1
01 жовтня+1
Дописи каналу
photo content

2
ကိုယ့်ရဲ့မွေးလနဲ့ အကြိုက်ဆုံးအရောင်ကို ပေါင်းပြီး စာကြောင်းလေးလုပ်ကြည့်ရအောင်။ ဘယ်လိုစာကြောင်းထွက်လာလဲ Comment မှာရေးခဲ့ပါဦး! (ဥပမာ - ဇန်နဝါရီ + အပြာရင့်ရောင် = "ငါ့ရဲ့ အိမ်မက်တွေကိုအကောင်အထည်ဖော်ရင်း...ပိုမို ရင့်ကျက်ပြီး တည်ငြိမ်တဲ့ရလဒ်တစ်ခုကိုရရှိလာလိမ့်မယ်။") 1. ဇန်နဝါရီ - "ငါ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ရင်း..." 2. ဖေဖော်ဝါရီ - "အင်္ဂလိပ်စာနဲ့အသုံးဝင်တဲ့ Skill သစ်တွေကို လေ့ကျင့်ရင်း..." 3. မတ် - "စိတ်အေးချမ်းစေမယ့် ခရီးတစ်ခုကို ထွက်ရင်း..." 4. ဧပြီ - "မိမိကိုယ်ကို ပိုမိုချစ်တတ်လာအောင် ကြိုးစားရင်း..." 5. မေ - "စာအုပ်ကောင်းတွေ အများကြီးဖတ်ဖြစ်ရင်း..." 6. ဇွန် - "ဝင်ငွေနဲ့ စုဆောင်းငွေတွေ ပိုတိုးတက် အောင်လုပ်ရင်း..." 7. ဇူလိုင် - "ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကို သေချာ ဂရုစိုက်ရင်း..." 8. သြဂုတ် - "ဘဝအတွက်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချရင်း..." 9. စက်တင်ဘာ - "စိတ်တူကိုယ်တူသူငယ်ချင်းကောင်းတွေနဲ့ ပျော်ရွှင်ရင်း..." 10. အောက်တိုဘာ - "အချိန်တွေကို ထိရောက်စွာ အသုံးချရင်း..." 11. နိုဝင်ဘာ - "မိသားစုနဲ့ချစ်ရသူတွေကို အချိန်ပိုပေးရင်း..." 12. ဒီဇင်ဘာ - "ဆိုးဝါးတဲ့အကျင့်ဟောင်းတွေကို စွန့်လွှတ်ရင်း..." 1. 🔴 အနီရောင် - "...မထင်မှတ်ထားတဲ့အချိန်မှာ ရုတ်တရက် အောင်မြင်သွားလိမ့်မယ်။" 2. 🔵 အပြာရောင် - "...ဖြည်းဖြည်းနဲ့ မှန်မှန် အေးအေးဆေးဆေး တိုးတက်လာလိမ့်မယ်။" 3. 🟢 အစိမ်းရောင် - "...နီးစပ်ရာ အခွင့်အရေးတစ်ခုက မကြာခင်ဖြစ်မြောက်လာလိမ့်မယ်။" 4. 🟡 အဝါရောင် - "...ပျော်ရွှင်စရာကိစ္စလေးတွေနဲ့အတူ အကောင်အထည်ပေါ်လာလိမ့်မယ်။" 5. 🖤 အနက်ရောင် - "...ဘယ်သူမှမသိအောင် တိတ်တဆိတ်နဲ့ အံ့ဩစရာကောင်းအောင် လုပ်ပြနိုင်လိမ့်မယ်။" 6. ⚪ အဖြူရောင် - "...စိတ်ဖိစီးမှုတွေမရှိဘဲ ပေါ့ပေါ့ပါးပါးလေးအဆင်ပြေသွားလိမ့်မယ်။" 7. 🟣 ခရမ်းရောင် - "...စိတ်ဆန္ဒပြင်းပြလာတဲ့ တစ်နေ့မှာ အံ့ဩဖွယ်ရလဒ်ထွက်လာလိမ့်မယ်။" 8. 💖 ပန်းရောင် - "...ဘေးနားကကူညီပေးမယ့်သူတွေနဲ့အတူ လှလှပပအကောင်အထည်ပေါ်လာလိမ့်မယ်။" 9. 🟠 လိမ္မော်ရောင် - "...စိန်ခေါ်မှုအခက်အခဲတွေကို အေးဆေးကျော်ဖြတ်သွားနိုင်လိမ့်မယ်။" 10. 🤎 အညိုရောင် - "...ခိုင်မာတဲ့ပြင်ဆင်မှုတွေနဲ့အတူ သေချာပေါက်အောင်မြင်လိမ့်မယ်။" 11. 🩶 မီးခိုးရောင် - "...ကိုယ့်လမ်းကြောင်းအတိုင်း မှန်မှန်လေးနဲ့ လိုချင်တဲ့ဆီရောက်သွားလိမ့်မယ်။" 12. 💙 အပြာရင့်ရောင် - "...ပိုမိုရင့်ကျက်ပြီး တည်ငြိမ်တဲ့ရလဒ်တစ်ခုကို ရရှိလာလိမ့်မယ်။" #BhiLatt_platform #Convo_Related #Whimsical #Content_by_Thway #Graphic_by_Khant
24
3
Немає тексту...
83
4
သနပ်ခါးလိမ်းတဲ့အ‌‌လေ့အကျင့်... တကယ်ပဲ ပျောက်ကွယ်သွားပြီလား? ငယ်ငယ်က ကျောင်းသွားတိုင်း အမေလိမ်းပေးခဲ့ဖူးတဲ့သနပ်ခါးကို အခုထိမှတ်မိနေတုန်းပဲ။ အခုတော့ Beauty Trend တွေ ပြောင်းလဲလာတာနဲ့အမျှ Makeup နဲ့ Skin Care ကိုပိုရွေးချယ်လာကြတာကို သတိထားမိလာတယ်။ ဒါပေမယ့် တစ်ချိန်က သနပ်ခါးဟာမြန်မာတို့ရဲ့ နေ့စဉ်ဘဝမှာ နက်နက်ရှိုင်းရှိုင်းပါဝင်နေခဲ့တဲ့ အရာတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ သနပ်ခါးဟာ မြန်မာနိုင်ငံမှာယခင်ကတည်းက အသုံးပြုလာခဲ့တဲ့ သဘာဝအလှအပပစ္စည်းတစ်မျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာတွေအတွက်တော့ သနပ်ခါးဟာ အလှအပအတွက်သာ မဟုတ်ဘဲ မျိုးဆက်တစ်ဆက်ကနေတစ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ချစ်စရာရိုးရာတစ်ခုပါ။ အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့ နေထိုင်မှုပုံစံနဲ့အလှအပအပေါ်ထားရှိတဲ့ အမြင်တွေကလည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါပြီ။ အရင်က နေ့စဉ်ဘဝရဲ့အစိတ်အပိုင်းတစ်ခုလို ဖြစ်ခဲ့ဖူးတဲ့ သနပ်ခါးအစား ယနေ့အချိန်မှာတော့ အဆင်ပြေမြန်ဆန်တဲ့ Beauty Product တွေကို ပိုမိုရွေးချယ်အသုံးပြုလာကြပါပြီ။ အထူးသဖြင့် City Life တွေမှာ အလုပ်နဲ့ကျောင်းကြား အချိန်အကန့်အသတ်ရှိလာတဲ့အတွက်ကြောင့် အလှအပပြင်ဆင်တဲ့ပုံစံတွေပါ ပြောင်းလဲလာခဲ့ပါတယ်။ ဒါကြောင့် သနပ်ခါးက တကယ်ပဲပျောက်ကွယ်သွားတာလား... ဒါမှမဟုတ် ခေတ်နဲ့အညီအသုံးပြုတဲ့ပုံစံပဲ ပြောင်းလဲသွားတာလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ တိန်တိန်လေးတို့‌ရော ဘယ်လိုထင်ပါသလဲ? ငယ်ငယ်က အမေ လိမ်းပေးခဲ့ဖူးတဲ့ သနပ်ခါးနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုရော မှတ်မိကြသေးရဲ့လား? အခုလိုမျိူး ဗဟုသုတရစေမယ့်အကြောင်းအရာလေးတွေကို စဉ်ဆက်မပြတ်လေ့လာနေချင်တယ်ဆိုရင် BhiLatt Telegram Channel လေးကို Join ထားလိုက်တော့နော်။ https://t.me/+KzfSh8GWLpYxOWY1 *ယခု Post တွင်ဖော်ပြထားသော ဓာတ်ပုံနှင့် Content စာသားများသည် BhiLatt Platform ၏မူပိုင်ဖြစ်ပါ၍ ပြန်လည်ကူးယူဖော်ပြလိုပါက BhiLatt Team ဆီမှခွင့်ပြုချက်တောင်းယူရန်မေတ္တာရပ်ခံအပ်ပါသည်။* #BhiLatt_platform #Thanakha #Content_By_Shwe_Yee_Moe_Oo #Graphic_By_Shwe_Yee_Moe_Oo
82
5
Немає тексту...
129
6
ဒီတစ်ခေါက်တော့… ကိုယ့်ရဲ့ Weird Side ကို Sharing လုပ်ကြမယ်။ တခါတစ်လေ တစ်ယောက်ထဲထူးထူးဆန်းဆန်းအတွေးတွေ တွေးနေဖူးတယ်မလား။ “ဒီလိုသာဖြစ်ရင် ဘယ်လိုဖြစ်မလဲ?”ဆိုတဲ့ ကိုယ့်ခေါင်းထဲမှာပဲရှိတဲ့ Random Thoughts တွေ၊ Weird Ideas တွေရှိတယ်မလား။ 👀 ဒီတစ်ခေါက်မှာတော့ Inside My Weird Mind ဆိုတဲ့ Topic နဲ့အတူ ကိုယ့်ရဲ့ Imagination ကို လွှတ်ပေးပြီး မတူညီတဲ့ ကိုယ့်ရဲ့ ထူးထူးဆန်းဆန်းအတွေးတွေကို Sharing လုပ်ရင်း Breakout Room Partner တွေရဲ့ အတွေးတွေကိုပါ နားထောင်ပြီး ကိုယ့်လိုလူတွေရှိလားဆိုတာပါ သိရမှာနော်။ ဆိုတော့…. Games လေးတွေနဲ့ ပျော်ပျော်ပါးပါး ပါဝင်ရင်း BhiLatt ရဲ့ Comfort Zone လေးထဲမှာ ကိုယ့်ရဲ့တစ်ပတ်တာကို လာအပန်းဖြေလို့ရအောင် အခုပဲ Register လာလုပ်လိုက်တော့နော်။✨ Topic — Inside My Weird Mind 🗓️ Date — 18.10.2026 ⏰ Time — 1 P.M to 3 P.M 📍Place — Zoom platform BhiLatt Conversation Club က Beginner level ကစပြီး Join လို့ရတဲ့အပြင် မတူညီတဲ့ background တွေ၊ မတူညီတဲ့ဖြစ်တည်မှု၊ မတူညီတဲ့ အတွေးအမြင်ရှိတဲ့လူတိုင်း ပါဝင်လို့ရတဲ့ Club လေးဖြစ်ပြီး 100% free ဖြစ်တာမလို့ လာ Join ကြဖို့ဖိတ်ခေါ်ပါတယ်နော်။ VPN အခက်အခဲတွေကြောင့် Page Messenger ကနေ Register လုပ်ဖို့အဆင်မပြေတဲ့သူလေးတွေကလည်း အောက်မှာပေးထားတဲ့ Telegram Link ကနေတစ်ဆင့် Register လုပ်နိုင်ပါတယ်။👇🏻 https://t.me/+KzfSh8GWLpYxOWY1 _____________ This time around… we are going to share our quirky, weird sides! Have you ever found yourself lost in the most bizarre thoughts when you're alone? Those random "what if" scenarios and eccentric ideas that only exist inside your own head? 👀 In this upcoming session themed "Inside My Weird Mind," you can let your imagination run wild and share those peculiar thoughts. Plus, you will get to listen to your breakout room partners' ideas and discover if there are others out there who think just like you! So… come unwind from your week in BhiLatt’s cozy comfort zone, dive into some fun games, and register right now! ✨ Topic — Inside My Weird Mind 🗓️ Date — 18.10.2026 ⏰ Time — 1 P.M to 3 P.M 📍Place — Zoom platform BhiLatt Conversation Club is an inclusive space where you can join right from the beginner level. We warmly welcome individuals from all walks of life, diverse backgrounds, and unique perspectives. Plus, it is 100% free, so we cordially invite you to come and join us. For those facing VPN interruptions who find it difficult to register via Page Messenger, you can seamlessly sign up through the Telegram link provided below. 👇🏻 https://t.me/+KzfSh8GWLpYxOWY1 #BhiLatt_Platform #Invitation #Inside_My_Weird_Mind #Content_By_Ruby #graphic_By_Phoenix #Translated_By_Cedric
117
7
Quote for today #BhiLatt_Platform
Quote for today #BhiLatt_Platform
119
8
+2
Немає тексту...
153
9
ဘာလိုလိုနဲ့ ဘိလပ်ရဲ့ Sunday Conversation ‌club လေး ပြီးသွားပြန်ပြီနော်။ ဒီအပတ်မှာဆိုရင်လည်း ကိုယ်ဟာ Comfort Zone လေးထဲမှာပဲ ပျော်‌မွေ့‌‌နေသူမဟုတ်ဘဲ၊ Comfort Zone လေးကို ဘယ်လိုလေးဖြတ်ကျော်နေလဲဆိုတာ Reflection လေး ကောင်းကောင်းလုပ်ခဲ့ကြမယ်လို့ ယုံကြည်ပါတယ်နော်။ နောက်အပတ်မှာဆိုရင်လည်း ဒီထက် စိတ်ဝင်စားစရာကောင်းတဲ့ Topic လေးနဲ့အတူ၊ ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းလေးတွေလည်း ပါတယ်ဆိုတော့ အင်္ဂါနေ့ရဲ့ Invitation Post လေးကို စောင့်မျှော်ပြီး Register လုပ်ဖို့မေ့မနေနဲ့နော်။ _____ Another session of BhiLatt's Sunday Conversation Club has come to an end! We believe that this week, you all did some self-reflection on how you are stepping out of your comfort zones, rather than just staying complacent inside them. Next week, we have even more exciting sessions lined up, along with some fun games! Soooooo, stay tuned for our Invitation on Tuesday and don't forget to register. #BhiLatt_Platform #End_of_Conversation_Club #The_Edge_Of_Comfort #Content_by_Kaung_Myat #Graphic_by_Shwe_Yee_Moe_Oo #Translated_by_AungPhyo
152
10
Немає тексту...
138
11
ဟိတ် ဘိလပ်တိန်လေးတို့ရေ “အပန်းဖြေ အိုအေစစ် Club” လေး (9) ကြိမ်မြောက် ရောက်လာပြီတဲ့ဟေ့•••• ~~~~~~~ အရွယ်ရောက်လာတဲ့လူတိုင်းရဲ့ ဘဝမှာ ပင်ပန်းမှုတွေ၊ စိတ်ရှုပ်စရာတွေနဲ့ Trauma တွေကို ရှင်းပြစ်ဖို့ ခန္ဓာကိုယ်အကြောတွေပြေလျော့နေဖို့လိုတာမလို့ စနေနေ့မနက်ခင်းလေးမှာ "အပန်းဖြေ အိုအေစစ် Club" ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်။ ဝင်ကြေးကတော့ လုံးဝ FREE ပဲနော်🤪 ပထမဆုံးအစီအစဥ်လေးကတော့ “သက်တံ့ပေါ်မှာအကြောဆန့်ကြမယ်” ဒီအစီအစဥ်လေးမှာတော့ Camera ဖွင့် Yoga ဆရာမနဲ့အတူ တက်တက်ကြွကြွပါဝင်ပရမှာဖြစ်ပါတယ် အကြောဆန့်ပြီးသွားရင်တော့ ကြိုက်နှစ်သက်ရာ VIP room တစ်ခုကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်နော်…🫶🏻 ဒီတစ်ခေါက် တို့တွေကလပ်မှာ ၀င်ကဲဖို့ VIP Rooms လေးတွေကတော့ “ Secret “ blind room လေးတွေလို့မှတ်ထားစေချင်ပါတယ်နော် 🤫😁🤭 ဘယ်သူတွေ Joinလို့ရတာလဲ? လူမျိုး၊ ဘာသာ၊ ကျား/မ မရွေး ၊ မတူကွဲပြားတဲ့လူငယ်များအပါအဝင် မည်သူမဆို ပါဝင်ဆွေးနွေးနိုင်ပါတယ်။ အဓိကကတော့ ဒီကလပ်လေးမှာ အတူတကွပါဝင်ပြီး ပျော်ချင်၊ ရင်ဖွင့်ချင်တဲ့သူတိုင်း လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်နော်။🤗 📍Place: Zoom Meeting 🗓️Date : 17 October 2026 (Saturday) 🕰️Time: 10 AM (MMT) Zoom Link ရယူဖို့ အခုပဲ အောက်က Link မှာ Registration အမြန်လုပ်လိုက်တော့နော်! https://docs.google.com/forms/d/e/1FAIpQLSelU_bY_W7_ISoEF0GcxlAo2rAkeESq6NXWp4kJm_jGtBb7cg/viewform?usp=header အခုပဲ စာရင်းသွင်းပြီး ကလပ်တက်ဖို့ သူငယ်ချင်းတွေကိုပါ ဖိတ်ခေါ်လိုက်ပါ ❤️ #Club #Bhilatt_Platform
137
12
Немає тексту...
131
13
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခဲ့ရဲ့လား” တစ်ချိန်က ကိုယ့်ကိုယ်ကိုယ်ချစ်တယ်လို့ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် တကယ်တမ်းတော့ လူတိုင်းကို စိတ်ကျေနပ်အောင် ကြိုးစားရင်း၊ ကိုယ့်ခံစားချက်တွေကိုနောက်ဆုံးမှာထားခဲ့တာဟာ ချစ်ခြင်းမဟုတ်ဘူးဆိုတာ နောက်မှသိလာခဲ့တယ်။ ကိုယ်မှားသွားတိုင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တယ်၊ မအောင်မြင်တိုင်း ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမရှိသလိုမြင်တတ်တယ်။ တခြားလူတစ်ယောက်အမှားလုပ်ရင် နားလည်ပေးနိုင်ပေမယ့် ကိုယ့်အလှည့်ရောက်ရင်တော့ သည်းမခံနိုင်ခဲ့ဘူး။ အဲဒီအချိန်မှာမှ နားလည်လာတာက… ကိုယ့်ကိုယ်ကိုယ်ချစ်တာဆိုတာ ကိုယ့်ကိုယ်ကိုယ်အမြဲချီးကျူးနေတာမဟုတ်ပါဘူး။ မပြည့်စုံသေးတဲ့ကိုယ့်ကိုယ်ကိုယ်တောင် လက်ခံပေးနိုင်တာကမှတကယ့်ချစ်ခြင်းပါ။ တစ်နေ့နေ့မှာ လူတိုင်းကကိုယ့်ဘေးကနေထွက်သွားနိုင်တယ်။ လက်ခုပ်သံတွေတိတ်သွားနိုင်တယ်။ ကိုယ်မျှော်လင့်ထားတဲ့အားပေးမှုတွေလည်း မရနိုင်တဲ့နေ့ တွေရှိလာနိုင်ပါတယ်။ ဒါပေမယ့် အဆုံးထိကိုယ့်ဘေးမှာကျန်နေမယ့်သူကတော့ ကိုယ်တိုင်ပါပဲ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် နူးညံ့တဲ့စကားလေးတွေပြောပေးပါ။ ပင်ပန်းနေတဲ့နေ့တွေမှာ အနားယူခွင့်ပေးပါ။ အခြားသူတွေကို ပေးနေတဲ့မေတ္တာနဲ့ နားလည်မှုထဲက နည်းနည်းလေးကိုပဲဖြစ်ဖြစ် ကိုယ့်အတွက်ချန်ထားပါ။ ဘာလို့လဲဆိုတော့… ဘဝတစ်လျှောက်လုံး ကိုယ်နဲ့အတူ အရှည်ဆုံးခရီးကိုလျှောက်ရမယ့်သူက ကိုယ်ကိုယ်တိုင်ပဲဖြစ်လို့ပါ။ အခုလိုမျိူး ဗဟုသုတရစေမယ့်အကြောင်းအရာလေးတွေကို စဉ်ဆက်မပြတ်လေ့လာနေချင်တယ်ဆိုရင် BhiLatt Telegram Channel လေးကို Join ထားလိုက်တော့နော်။ https://t.me/+KzfSh8GWLpYxOWY1 *ယခု Post တွင်ဖော်ပြထားသော ဓာတ်ပုံနှင့် Content စာသားများသည် BhiLatt Platform ၏မူပိုင်ဖြစ်ပါ၍ ပြန်လည်ကူးယူဖော်ပြလိုပါက BhiLatt Team ဆီမှခွင့်ပြုချက်တောင်းယူရန်မေတ္တာရပ်ခံအပ်ပါသည်။* #BhiLatt_platform #self_love #Content_by_Thway #Graphic_by_Thway
131
14
Немає тексту...
109
15
ချစ်တယ်ဆိုတဲ့အထဲမှာ သဘာဝတရားကရောပါရဲ့လား...? ကိုယ်နေထိုင်ရာ ဒေသပတ်ဝန်းကျင်က ငြိမ့်ညောင်းစရာအသံလေးတွေ၊ မျက်စိပဒေသာဖြစ်နေတဲ့ အစိမ်းရောင်ခြယ်ရှုခင်းလေးတွေ၊ တသွင်သွင်စီးဆင်းနေတဲ့ စိမ့်စမ်းချောင်းလေးတွေဟာ သဘာဝတရားကြီးရဲ့ အလှအပကိုယ်စီအနေနဲ့လည်ပတ်နေကြတာဖြစ်နေပါတယ်။ မနက်ခင်းလေးမှာ ရေပိုက်ခေါင်းက မျက်နှာသစ်ဖို့ရေရှိနေတယ်။ မီးခလုတ်နှိပ်လိုက်ရုံနဲ့ ပတ်ဝန်းကျင်ဟာ လင်းသွားတယ်။ စက္ကန်ပိုင်းလေးပဲသုံးလိုက်တဲ့ ပလတ်စတစ်အိတ်ကို သောက်ရေဗူးလေးကို အမှိုက်ပုံးထဲ လွယ်လွယ်လေးစွန့်ပစ်လိုက်ကြပါတယ်။ ဒါပေမယ့် အားလုံးမေ့နေကြတဲ့ အရာတစ်ခုရှိပါတယ်။ ဒီလို လွယ်လွယ်လေးသဘောထားပြီး သုံးလိုက်တဲ့ အရာတွေနောက်မှာ ဘဘာဝတရားကြီးနဲ့ စွမ်းအင်နဲ့ အရင်းအမြစ်မြောက်မြားစွာ ကုန်ခမ်းသွားရတယ်ဆိုတာပါပဲ။ ဒီအရင်းအမြစ်တွေဟာ အမြဲထာဝရ ရှိနေမှာ မဟုတ်ဘဲ နောင်တစ်ချိန်မှာ ကုန်ခမ်းသွားနိုင်တာကိုလည်း သတိထားမမိဘဲ ဖြစ်နေတတ်ကြပါတယ်။ တဒင်္ဂလေးပဲ သုံးလိုက်တဲ့ ပလတ်စတစ်လေးက ဆွေးမြေ့ပျက်စီးဖြို နှစ်ပေါင်းရာနဲ့ချီ သားစဉ်မြေးဆက်အထိ နေရာယူ ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီးဝမ်းနည်းစရာကောင်းတာက ဒီလို အမှတ်တမဲ့နဲ့ မဆင်မခြင် ပြုမူမိလိုက်တဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ခံစားနေကြရတယ်ဆိုတာကိုတောင် သတိမမူမိတော့တာပါပဲ။ ရာသီဥတုက အရင်ကထက် ပိုပြီးပူလာတော့တယ်။ တီဗီ‌သတင်းတွေမှာ ရေကြီးရေလျှံ၊ မြေပြို၊ ရေခဲတောင်ပြိုကျတဲ့ သတင်းတွေ ခပ်စိပ်စိပ်ကြားလာရတယ်။ နှစ်အတော်ကြာမှ ဖြစ်လာတတ်တဲ့ စူပါအယ်လ်နီညို (Super El Niño) အတွက်လည်း စိုးရိမ်စရာသတိပေးချက်တွေ မြင်လာနေရပါတယ်။ ဒီလိုသက်ရောက်မှုတွေဟာ ကိုယ်တွေနေ့စဉ်ဘဝရဲ့ ပြုမူနေထိုင်ပုံတွေ၊ မဆင်မခြင်သုံးစွဲမှုတွေနဲ့ တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်သောနည်းအားဖြင့် သက်ဆိုင်နေတာကို မသိကျိုးကျွံပြုမှုနေမိကြပါတယ်။ မိခင်ကမ္ဘာမြေကြီးက အသံတိတ်သတိပေးချက်တွေကို နေသားကျလာကြပါတယ်။ သဘာဝတရားကြီး ယိုယွင်းပျက်စီးလာခြင်းဟာ ကမ္ဘာမြေကြီးတင်မကဘဲ ကိုယ်တွေရဲ့ မနက်ဖြန်နဲ့ အနာဂတ်ကိုပါ မသိမသာဝါးမျိုးနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီအမှန်တရားကို သိသွားလိုက်ရလို့ ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ ဒါမှမဟုတ် ဝမ်းနည်းပူပန်နေဖို့မလိုပါဘူး။ အရေးကြီးဆုံးက ကိုယ်တွေရဲ့ Awareness သာဖြစ်ပါတယ်။ သဘာဝတရားကြီးကို ချစ်ဖို့ဆိုတာဟာ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို လုပ်ဖို့မလိုပါဘူး။ မီးခလုတ်ဖွင့်လိုက်တဲ့အခါ သဘာဝတရားကြီးက နေထိုင်အသက်ရှင်ဖို့ ဖန်တီးပေးတယ်ဆိုတဲ့ စိတ်နဲ့ ကျေးဇူးနဲ့တန်ဖိုးကို ခဏလောက်ခံစားဖို့ပါပဲ။ ပလတ်စတစ်အိတ်ကလေးသုံးဖို့ စိတ်ကူးမိလိုက်တိုင်း ဒီပစ္စည်းလေးဟာ ဆွေးမြေ့ဖို့ နှစ်ရာပေါင်းများစွာကြာတယ်ဆိုတာ အောက်မေ့နေပေးဖို့ တွေးမိလိုက် သဘာဝတရားကို စတင်ကုစားပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုကနေဆင့် လက်လွတ်စပယ်မသုံးစွဲတော့ဘဲ စနစ်တကျနဲ့ အကျိုးရှိရှိသုံးစွဲနေထိုင်ရမှာ ဖြစ်ပါတော့တယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ တခြားသူတွေအတွက် ဆောင်ရွက်နေတာမျိုးမဟုတ်ပါဘူး။ သစ်ပစ်စိမ်းစိမ်းလေးတွေ၊ လေနုသင်းအေးအေးလေးတွေနဲ့ အတူတူယှဉ်‌တွဲနေထိုင်ခွင့်ရမယ့် ကိုယ်ကိုယ်တိုင်နဲ့သားစဉ်မြေးဆက်အတွက် ရှင်သန်ရာ အိမ်ကလေးကို တန်ဖိုးထားမွမ်းမံနေခြင်းပဲ ဖြစ်‌ပါတယ်။ ဒီတော့ ဒီနေ့ကစ တူတူပြောင်းလဲလိုက်ကြရအောင်ပါနော်။... #BhiLatt_Platform #Reflection #Content_by_ThihaZaw #Graphic_by_MayThel
135
16
Немає тексту...
171
17
“ကိုယ့်ကမ္ဘာလေးထဲကနေ ထွက်ကြည့်ကြဖို့”🌱 တစ်ခါတလေကိုယ်နဲ့မရင်းနှီးတဲ့အရာတွေကို မလုပ်ချင်ဘူး။မသိတဲ့အရာတွေကို မလေ့လာချင်ဘူး။ အမြဲတမ်း ကိုယ်သိပြီးသား၊ ကိုယ်အဆင်ပြေပြီးသားနေရာလေးထဲမှာပဲ နေချင်တယ်။ ဒါပေမယ့် စာအုပ်တစ်အုပ်ဖတ်ကြည့်တဲ့အခါကိုယ်မရောက်ဖူးတဲ့နေရာတွေကို ရောက်သွားတယ်။ ကိုယ်မတွေးဖူးတဲ့အရာတွေကို တွေးလာတယ်။ကိုယ်မသိခဲ့တဲ့ လူတွေရဲ့ဘဝကို နားလည်လာတယ်။ စာအုပ်ဖတ်တာက စာမျက်နှာတွေကို လှန်တာထက်ကိုယ့်အတွေးရဲ့ နယ်နိမိတ်ကို လှန်ဖို့ပါ။အဲဒါကြောင့် တစ်ခါတလေComfort Zone ကနေ အပြင်ထွက်ဖို့အဝေးကြီးကို သွားစရာမလိုပါဘူး။ စာအုပ်တစ်အုပ်ကို ဖွင့်လိုက်ရုံနဲ့လည်းကိုယ်မရောက်ဖူးတဲ့ ကမ္ဘာတစ်ခုထဲခြေလှမ်းချနိုင်ပြီး ဘဝရဲ့စံနှုန်းတွေတိုးမြှင့်ပြောင်းလဲသွားစေနိုင်ပါတယ်။ အခုလိုမျိူး ဗဟုသုတရစေမယ့်အကြောင်းအရာလေးတွေကို စဉ်ဆက်မပြတ်လေ့လာနေချင်တယ်ဆိုရင် BhiLatt Telegram Channel လေးကို Join ထားလိုက်တော့နော်။ https://t.me/+KzfSh8GWLpYxOWY1 *ယခု Post တွင်ဖော်ပြထားသော ဓာတ်ပုံနှင့် Content စာသားများသည် BhiLatt Platform ၏မူပိုင်ဖြစ်ပါ၍ ပြန်လည်ကူးယူဖော်ပြလိုပါက BhiLatt Team ဆီမှခွင့်ပြုချက်တောင်းယူရန်မေတ္တာရပ်ခံအပ်ပါသည်။* #BhiLatt_platform #Convo_Related #What_is_your_comfort_zone #Content_by_Thway #Graphic_by_Phoenix
182
18
Немає тексту...
179
19
အသက် ၂၀ မှာ စခဲ့တဲ့ ဒီအလေ့အကျင့်တွေက ၃၀ မှာ မင်းကိုပြောင်းလဲပေးလိမ့်မယ်။ အသက် ၂၀ ကျော်ဆိုတာ ဘဝရဲ့ အလှဆုံး၊ အတက်ကြွဆုံးနဲ့ အခွင့်အလမ်း အများဆုံး အရွယ်ပါ။ ဒါပေမဲ့ လူငယ်တော်တော်များများ ကြုံနေရတဲ့ ပြဿနာတစ်ခုက "ဝင်ငွေရှိတယ်၊ ဒါပေမဲ့ လကုန်ရင် ပိုက်ဆံ ဘာမှမကျန်ဘူး" ဆိုတာပါပဲ။ အမှန်တော့ ပိုက်ဆံဆိုတာ "ရှာတတ်ရုံ" နဲ့ မပြီးပါဘူး၊ "စနစ်တကျ စီမံခန့်ခွဲတတ်ဖို့" က ပိုအရေးကြီးပါတယ်။ ပိုက်ဆံကို စနစ်တကျ စီမံခန့်ခွဲတတ်ဖို့ အဓိကအချက်လေးသုံးခုကိုမျှဝေပေးချင်ပါတယ်။ ၁။ စနစ်တကျ သုံးစွဲခြင်း (Rule-Based Spending) "ဘယ်လောက်ဝင်ဝင်၊ မကျန်ဘူး" ဆိုတာ စနစ်မရှိလို့ပါ။ ပိုက်ဆံကို စိတ်အလိုကျ မသုံးဘဲ 50/30/20 Rule ကို စတင်အသုံးပြုပါ။ * ၅၀% (Essential Needs): အခြေခံ လိုအပ်ချက်များ (အိမ်လစာ၊ စားစရိတ်၊ လိုင်းကားခ၊ မရှိမဖြစ် ကုန်ကျစရိတ်များ) * ၃၀% (Wants): လိုချင်တပ်မက်မှုများ (သူငယ်ချင်းတွေနဲ့ ကော်ဖီသောက်တာ၊ ရုပ်ရှင်ကြည့်တာ၊ အဝတ်အစားဝယ်တာ) * ၂၀%(Future & Wealth): စုဆောင်းငွေနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် မဖြစ်မနေ ဖယ်ထားရမယ့် အပိုင်း။ ဝင်ငွေရရချင်း "သုံးပြီးမှ ကျန်တာစုမယ်" ဆိုတဲ့ စိတ်ကူးကို ဖျက်ပါ။ "သုံးပြီးမှ မစုပါနဲ့၊ စုပြီးမှသုံးပါ" ဆိုတဲ့ အမူအကျင့်ကို ကျင့်သုံးပါ။ ၂။ စုဆောင်းခြင်း (Smart Saving) စုတယ်ဆိုတာ ရိုးရိုး မိုဘိုင်းဘဏ်အကောင့်ထဲ ထည့်ထားရုံနဲ မပြီးပါဘူး။ စုဆောင်းငွေမှာ တိကျတဲ့ ရည်ရွယ်ချက် ရှိရပါမယ်။ * Emergency Fund (အရေးပေါ် ရန်ပုံငွေ): မမျှော်လင့်ထားတဲ့ ကျန်းမာရေး သို့မဟုတ် အလုပ်အကိုင် အပြောင်းအလဲအတွက် အနည်းဆုံး (၃) လစာမှ (၆) လစာ အသုံးစရိတ် ကို အရေးပေါ်သုံး ရန်ပုံငွေအဖြစ် သီးသန့်ဖယ်ထားပါ။ * Target Savings (ရည်မှန်းချက်စုငွေ): ခရီးသွားဖို့၊ ဖုန်းအသစ်ဝယ်ဖို့ သို့မဟုတ် သင်တန်းကြေးအတွက် ရည်ရွယ်ချက်ရှိရှိ စုဆောင်းပါ။ ၃။ ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံခြင်း (Investment in Yourself) အသက် ၂၀ ကျော်အရွယ်မှာ အကောင်းဆုံးနဲ့ အမြတ်အများဆုံး ရင်းနှီးမြှုပ်နှံမှုဟာ ကိုယ့်ကိုယ်ကိုယ်် ရင်းနှီးမြှုပ်နှံခြင်းပါပဲ။ Stock တွေ၊ Crypto တွေထက် မင်းရဲ့ စွမ်းရည် (Skills) က မင်းကို ပိုမိုကြီးမားတဲ့ ဝင်ငွေတွေ ယူဆောင်ပေးမှာပါ။ * Skills: အင်္ဂလိပ်စာ၊ Digital Marketing၊ Data Analytics၊ Coding သို့မဟုတ် Financial Literacy စတဲ့ ခေတ်နဲ့အညီ လိုအပ်တဲ့ စွမ်းရည်တွေကို သင်ယူပါ။ * Health & Mindset: ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ပါ၊ စာအုပ်ကောင်းတွေ ဖတ်ပါ။ * Networking: ကိုယ့်ထက် တော်တဲ့၊ အမြင်ကျယ်တဲ့ စီးပွားရေးနဲ့ ဘဝအမြင်တူသူတွေနဲ့ ပေါင်းသင်းဆက်ဆံပါ။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့.. အသက် ၂၀ ကျော်မှာ အောင်မြင်တဲ့လမ်းကြောင်းပေါ် ရောက်ဖို့ဆိုတာ တစ်ညတည်းနဲ့ သူဌေးဖြစ်သွားမယ့် နည်းလမ်းဆန်းတွေကို ရှာနေဖို့ မလိုပါဘူး။ နေ့စဉ်ပြုလုပ်တဲ့ သေးငယ်တဲ့ အလေ့အကျင့်လေးတွေ အသုံးစရိတ်ကို သတိထားတာ၊ ကိုယ့်စွမ်းရည်ကို မြှင့်တင်တာ၊ ပိုက်ဆံအချို့ကို ပုံမှန်ဖယ်စုတာ ဒီအရာလေးတွေကပဲ နှစ်အတော်ကြာတဲ့အခါ မင်း မထင်မှတ်ထားလောက်အောင် ကြီးမားတဲ့ အောင်မြင်မှုကို ဖန်တီးပေးသွားမှာပါ။ VPN အခက်အခဲတွေကြောင့် အခုလိုဗဟုသုတရစေတဲ့အကြောင်းအရာလေးတွေ လွှတ်သွားမာဆိုးတဲ့သူလေးတွေကလည်း အောက်မှာပေးထားတဲ့ Telegram Channel Link လေးကို Follow လုပ်ထားနိုင်ပါတယ်။👇🏻 https://t.me/+KzfSh8GWLpYxOWY1 #BhiLattPlatform #Money_Management #Personal_Finance #Content_By_Ruby #Graphic_By_Khant
174
20
Немає тексту...
179