uk
Feedback
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)

Відкрити в Telegram
5 033
Підписники
-924 години
-467 днів
-13130 день
Архів дописів
သတင်းထုတ်ပြန်ခြင်း ရက်စွဲ။ ။ ဇွန်လ(၂၈)ရက်၊၂၀၂၆ခုနှစ် ဇွန်လ(၂၇)ညနေ ၆နာရီိအချိန်ခန့်တွင် ရေစကြိုမြို့ပေါ်မှထွက်လာသော စခအင်အား၄၅ဦးခန့်သည် ရေစကြိုမြို့နှင့် ၁မိုင်ခွဲခန့်ရှိ ပေကုန်းကျေးရွာသို့ရောက်ရှိ PDFအယောင်ဆောင်ကာ လမ်းသွားလမ်းလာများကို စစ်ဆေးပိုက်ဆံတောင်းနေသည့် စခ(၇)ဦးခန့်အား ပေးကုန်းကျေးရွာဘောလုံးကွင်းထိပ်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များမှအနီးကပ်သွားရောက်တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စခ၂ဦး အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များမှာအထိခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူပခုက္ကူခရိုင် တပ်ရင်းအမှတ်(၉)တို့ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

သတင်းထုတ်ပြန်ခြင်း ရက်စွဲ။ ။ဇွန်လ(၂၄)ရက်၊၂၀၂၆ခုနှစ် ပခုက္ကူ တပ်မ (၁၀၁) မှ ထွက်လာသော အင်အား ၄၀၀ ကျော် စကစစစ်ကြောင်းအား ပခုက္ကူမြို့နယ်တွင်းမှနေ မြိုင်မြို့နယ်တွင်းထိ လိုက်လံချေမှုန်းတိုက်ခဲ့ပါသည် ။ ၎င်းတို့သည် မြိုင်မြို့နယ် ၊ ကိုင်းတောမကျေးရွာအရောက်တွင် အထိနာ၍ တွင်းမပျူစခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပါသည် ။ မိမိတို့ ပူးပေါင်းအဖွဲ့များ တိုက်ခိုက်မှုကြောင့် ရန်သူ့ တပ်မှူးများအပါအဝင် (၅၀) ထက်မနည်း သေဆုံးပြုန်းတီးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာများရရှိသွားပါသည် ။ ထို့ပြင် ရန်သူ့ဘက်မှ ခဲယမ်းအများအပြားနှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ၊ယာဉ်ယန္တယားများကို သိမ်းဆည်းရရှိခဲ့ပါသည် ။ ထို့ပြင် ၎င်းတို့၏ ဒဏ်ရာရသူများကို သယ်ဆောင်ရန် တွင်းမပျူစခန်းသို့ဆင်းသက်လာသော Mi 17 လေယာဉ်တစီးကိုလည်း မိမိတို့ ပူးပေါင်းအင်အားစုများက အောင်မြင်စွာ တိုက်ခိုက်ပစ်ချဖျက်ဆီးနိုင်ခဲ့ပါသည် ။ ပူးပေါင်းတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊ပေါက်မြို့နယ် ပကဖ ၊ ပခုက္ကူခရိုင်ပကဖ ၊မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ KG တပ်ဖွဲ့၊ မြိုင် ပကဖ ၊ ပခုက္ကူ ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပခုက္ကူခရိုင် (၂/၆/၇/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ တိုင်းပကဖစစ်ကြောင်း(၄) ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ) ၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု ၊ 8 + အင်အားစု နှင့် ဒေသတွင်းညီအစ်ကိုများက ညီညီညွတ်ညွတ် ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ စစ်ကောင်စီသည် ၎င်းတို့ချီတက်ရာ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများကို မီးရှို့ခြင်း ၊ အပြစ်မဲ့ အရပ်သားပြည်သူများကို လည် -ှီး သ-တ -်ဖြတ်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပါသည် ။ ထို့ကြောင့် စုစုပေါင်း အိမ်ခြေ (၄၀) ကျော် မီးရှို့ခံရပြီး ၊ မသန်စွမ်းအမျိုးသား ၁ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ( ၅ )ဦး ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရပါသည် ။ စစ်ကောင်စီတပ်သည် ယခုထက်ပိုမိုရက်စက်နိုင်သဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိ၊ စစ်ရေးအသိဖြင့် နေထိုင်ကြပါရန်နှင့် မည်သည့်နည်းနှင့်မျှ အဖမ်းမခံရရေး ကြိုတင်သတိထားရှောင်ရှားကြရန် အထူးတိုက်တွန်းအပ်ပါသည် ။

သတင်းထုတ်ပြန်ခြင်း ရက်စွဲ။ ။ ဇွန်လ(၁၉)ရက်၊၂၀၂၆ခုနှစ် ဇွန်လ(၁၈)ရက် နံနက်အစောပိုင်းတွင် မြိုင်မြို့နယ်လင်းကလောနယ်မြေရဲစခန်းတွင်၁လနီးပါရောက်ရှိနေပြီး ရေစကြိုတပ်စီပြန်လာသောခွေးစစ်ကြောင်းအား ရေစကြိုမြို့နယ်တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ပါသည်။ နှစ်ဘက်အပြန်လှန်၁နာရီကြာထိတွေဖြစ်ပွားခဲ့ပြီး ခွေးစစ်ကြောင်းမှ ခွေး၇ကောင်ခန့်အပြင်းထန်ဒဏ်ရာရရှိသွားပြီး ရေစကြိုမြို့နယ် ဇီးတောကျေးရွာပျူခွေးခြံထဲသို့ဝင်ရောက်သွားခဲ့ပါသည်။ အထိနာသွားသောခွေးစစ်ကြောင်းမှ 5.56mmကျည်၄၅၀၊60mm ဗုံးသီး၂လုံး၊MAကျည်ဘောက်ဝိုင်း တစ်ခုတို့သိမ်းဆည်းရမိခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်(ပကဖ)နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်းအမှတ်-၉၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်(ပကဖ)တို့ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

သတင်းထုတ်ပြန်ခြင်း ရက်စွဲ ။ ။ ဇွန်လ(၁၈)ရက်၂၀၂၆ခုနှစ် ၂၀၂၆ခုနှစ်၊ဇွန်လ(၁၇)ရက်နေ့ နံနက်၈နာရီအချိန်ခန့်တွင် ရေစကြိုမြို့မှကင်းပတ်ထွက်လာသော ခွေးအကောင်၂၀ခန့်အား ရေစကြို့မြို့တောင်ဖျား ၂၀၀၀ပြည့်ရပ်ကွက် အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ)ရဲဘော်များမှ မိနစ်၃၀နီးပါးအနီးကပ်စောင့်ကြိုတိုက်ခိုက်ရာ ခလရ၂၅၆မှ တပ်ကြပ်ကြီးဇော်မင်းအပါ၂ဦးမျက်မြင်သေဆုံးပြီး၃ဦးဒဏ်ရာရရှိကြောင်းသိရှိရပြီး ထိတွေ့မှုဖြစ်ပြီး အဆိုပါခွေးများမှာ မြို့ထဲသို့ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ကျည်ထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပါသည်။

အကြောင်းအရာ ။ ။ ရေစကြိုမြို့နယ် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှုးနှင့်သားဖြစ်သူ ပျူစောထီးအား နေအိမ်တွင်ဝင်ရောက်ရှင်းလင်း ရက်စွ
+1
အကြောင်းအရာ ။ ။ ရေစကြိုမြို့နယ် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှုးနှင့်သားဖြစ်သူ ပျူစောထီးအား နေအိမ်တွင်ဝင်ရောက်ရှင်းလင်း ရက်စွဲ ။ ။ ဇွန်လ(၉)ရက်ည၂၀၂၆ခုနှစ် ဇွန်လ(၈)ရက်နေ့ ညအချိန်တွင် စစ်ကောင်စီခန့်အပ်ထားသော ရေစကြိုမြို့နယ် အမှတ်(၄)ရပ်ကွပ် အုပ်ချုပ်မှူး ဦးလွင်မျိုးအောင်(ခ)ငလွင်နှင့် သားဖြစ်သူ ပျူစောထီး ရဲမာန် တို့အား ပြည့်သူ့ကာကွယ်ရေးရဲဘော်များမှ ရေစကြိုမြို့ပေါ်ရှိ ၎င်းတို့နေအိမ်ထိဝင်ရောက်ဖမ်းစီးရာ ထွက်ပြေးသဖြင့် နေရာမှာတွင်တစ်ခါတည်းရှင်းလင်းခဲ့ပါသည်။ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီနှင့်တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ပေါင်းသင်းဆက်ဆံထောက်ပံ့အားပေးသည့် မည်သူ့ကိုမဆို အာမခံချက်မရှိပဲ ထိရောက်စွာအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

အကြောင်းအရာ။ ။ သင်္ကြန်ကာလအတွင်း မြို့ဝင်/ထွက် လမ်းများ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ခြင်းအား အသိပေးကြေညာခြင်း ၁။ လာမည့် ဧပြီလ (၁၃) ရက်နေ့မှ ဧပြီလ (၁၇) ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) အထိ မြို့ဝင်/ထွက် လမ်းများအားလုံးကို ယာယီပိတ်ထားမည်ဖြစ်ပါသည်။ ၂။ အဆိုပါရက်များအတွင်း မည်သည့်ယာဉ်အမျိုးအစားမျှ ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။ ၃။ အကယ်၍ သတ်မှတ်ထားသော ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိဘဲ ကျူးလွန်ဖောက်ဖျက်ပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲကိစ္စရပ်များအတွက် တာဝန်ယူမည်မဟုတ်ကြောင်း အလေးအနက် သတိပေးအပ်ပါသည်။ ၄။ မှတ်ချက်။ ။ အရေးပေါ် ကျန်းမာရေးကိစ္စရပ်များရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ကြိုတင်ချိတ်ဆက်၍ ခွင့်ပြုချက်ဖြင့် ဖြတ်သန်းသွားလာနိုင်ပါသည်။

သတင်းထုတ်ပြန်ခြင်း ရက်စွဲ။ ။ မတ်လ(၁၁)ရက်၂၀၂၆ခုနှစ် မတ်လ(၈)ရက်၂၀၂၆ခုနှစ် ရေစကြို-ပခုက္ကူကားလမ်းပိုင်း ကျောက်လှေခါးနှင့်၁၂မိုင်
သတင်းထုတ်ပြန်ခြင်း ရက်စွဲ။ ။ မတ်လ(၁၁)ရက်၂၀၂၆ခုနှစ် မတ်လ(၈)ရက်၂၀၂၆ခုနှစ် ရေစကြို-ပခုက္ကူကားလမ်းပိုင်း ကျောက်လှေခါးနှင့်၁၂မိုင်ကြားသို့ရောက်ရှိနေသောတပ်မ၉၉လက်အောက်ခံအင်အား၁၅၀ခန့်အား မတ်လ(၈)ရက်နံနက်၅နာရီမိနစ်သုံး၃၀ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပ.က.ဖ)မှ အနီးကပ်မိုင်းဆွဲ၍လက်နက်ငယ်များဖြင့်ပစ်ခတ်တိိုက်ခိုက်ခဲ့ပါသည်။အဆိုပါတိုက်ခိုက်မှုကြောင့် ၃ဦးသေဆုံးပြီး၂ဦးအပြင်းထန်ဒဏ်ရာရရှိကြောင်းသိရပြီး အဆိုပါသေဆုံးသူများနှင့်ဒဏ်ရာရရှိသူများအားပခုက္ကူမြို့နယ်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်းသိရပါသည်။ယခုအခါအဆိုပါစစ်ကြောင်းမှာရေစကြိုမြို့နယ် နွားထိမ်းကျေးရွာနှင့်စဥ့်ကိုင်ကျေးရွာသို့ရောက်ရှိနေကြောင်းသိရပါသည်။

သတင်းထုတ်ပြန်ခြင်း ရက်စွဲ ။ ။ ဖေဖဝါရီလ(၁၉)ရက်၊၂၀၂၆ခုနှစ် ဖေဖဝါရီလ(၁၅)ရက် ၂၀၂၆ခုနှစ် နံနက်၉နာရီဝန်းကျင်အချိန်ခန့်တွင် ရေစကြိုမြို့နယ် အတွင်းသို့ လှည့်လည်စစ်ကြောင်းထိုးနေသည့် တပ်မ၉၉ လက်အောက်ခံ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေးကြိုမြို့နယ်-ပ.က.ဖ နှင့် မဲကုန်းကျေးရွာနှင့်တောရွာကျေးရွာကျေးရွာကြားတွင် မိနစ်၃၀ကျော်ကြာ နှစ်ဘက်အပြန်လှန်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ မိမိတို့ကာကွယ်ရေးရဲဘော်များမှ အဆိုပါစစ်ကြောင်းအား လက်ဦးမှုရယူကာ ပစ်ခတ်နိုင်မှုကြောင့် တပ်မ၉၉မှ တပ်သား၂ဦး ခြေထောက်ထိမှန်ကာ အပြင်းထန်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုသို့အထိနာသော စစ်ကြောင်းသည် လက်နက်ကြီးအများပြားပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာထဲရှိ ဝက်၊နွားများ အများပြားသေဆုံးခဲ့ပါသည်။ ထို့နောက်အဆိုပါစစ်ကြောင်းမှာ နေ့လည်၁၁နာရီဝန်းကျင်ခန့်တွင် သမန္တပို့ကျေးရွာထဲသို့ဝင်ရောက်ကာ ပြည်သူနေအိမ် ၃၄လုံးအားမီးရှို့ဖျက်စီးခဲ့ပါသည်။ ယခုအခါအဆိုပါစစ်ကြောင်းမှာ ရေစကြိုမြို့နယ် မုံညင်းကျေးရွာထဲသို့ရောက်ရှိနေကြောင်းသတင်းရရှိပါသည်။

လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးတိုက်ခိုက်မှု ဖေဖဝါရီလ(၁၂)ရက် နံနက်၁၀နာရီဝန်းကျင်ခန့်တွင် ခလရ(၂၅၈)မှ ၈၁မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ရေစကြိုမြို့နယ် ရွာငယ်ကျေးရွာအရှေ့ဘက်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများထိခိုက်ဒဏ်ရာမရှိခဲ့ပါ။ ဖေဖဝါရီလ(၁၂)ရက် နေ့လည်(၂)နာရီဝန်းကျင်အချိန်ခန့်တွင် ခလရ(၂၅၈)မှ တောင်အရပ်သို့ဟောင်ဝစ်ဇာ (၂)လုံးပစ်ခတ်ရာ ရေစကြိုမြို့နယ်ချစ်သူရွာအနီးတန်းကျင်သို့ ကျရောက်ပေါက်ကွဲကာ ပြည်သူများထိခိုက်မှုမရှိခဲ့ပါ။ ဖေဖဝါရီလ(၁၂)ရက် ညနေ ၅နာရီအချိန်ခန့်တွင် ပခုက္ကူတပ်မ (၁၀၁)မှာတက်လာသော ပါရာမော်တာ၂စီးမှာ ရေစကြိုမြို့နယ် ချင်းယားကုန်းကျေးရွာသို့ ကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသဖြင့် ရွာထဲသို့ကျရောက်ပေါက်ကွာရာ အမျိုးသား(၂)ဦး အမျိုးသမီး(၁)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့ပါသည်။ ဖေဖဝါရီလ(၁၃ရက် နံနက်(၆)နာရီအချိန်ဝန်းကျင်ခန့်တွင် မြင်းခြံမြို့နယ် ဆိတ်ညံကျေးရွာရေတင်ရုံးမှ ဟောင်ဝစ်ဇာလက်နက်ကြိီး(၂)လုံးပစ်ခတ်မှုကြောင့် ရေစကြို့မြို့နယ် ချင်းယားကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများထိခိုက်ဒဏ်ရာရှိမှုမရှိခဲ့ပါ။ ဖေဖဝါရီလ(၁၃)ရက် နံနက်(၆)နာရီအချိန်ခန့်တွင်ပခုက္ကူတပ်မ(၁၀၁)မှတက်လာသော ပါရာမော်တာ(၂)စီးမှာ ရေစကြိိုမြို့နယ် ချစ်သူရွာကျေးရွာသို့လေကြောင်းတိုင်ခိုက်မှုကြောင့် ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဘုရားထဲသို့ပေါက်ကွဲခြင်းမရှိသေးသည့် ၁၂၀မမ လက်နက်ကြီးအား အများပြည်သူဘေးကင်းစေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပ.က.ဖ)ရဲဘော်များမှသွား ရောက်ရှင်းလင်းခဲ့ပါသည်။ ဖေဖဝါရီလ(၁၃)ရက် နံနက်၁၀နာရီဝန်းကျင်အချိန်ခန့်တွင် နမခ မှတက်လာသော ဂျိုင်ရိုကော်ပတာ (၃)စီးမှာ ရေစကြိုမြို့နယ် ငတရော်ကျေးရွာသို့ (၂)ကြိမ် လေကြေင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအနီးသို့ကျရောက်ပေါက်ကွဲကာ ပြည်သူများထိခိုက်ခြင်းမရှိခဲ့ပါ။ ယခုအချိန်တွင် တပ်မ(၉၉)လက်အောက်ခံ ခန့်မှန်းအင်အား(၁၅၀) စစ်ကြောင်းရောက်ရှိနေခြင်းနှင့် လက်နက်ကြီးအသိသတိ၊လေကြောင်းအသိသတိ၊စစ်ရေးအသိသတိ အထူးရှိကြပါရန် ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)မှ သတိပေးအပ်ပါသည်။

သတင်းထုတ်ပြန်ခြင်း ရက်စွဲ။ ။ ဖေဖဝါရီလ(၇)ရက်၊၂၀၂၆ခုနှစ် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆ
သတင်းထုတ်ပြန်ခြင်း ရက်စွဲ။ ။ ဖေဖဝါရီလ(၇)ရက်၊၂၀၂၆ခုနှစ် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သား မောင်မျိုးမင်းသန့် အသက်(၁၈) ကိုယ်ပိုင်နံပါတ် ပစ/၁၂၄၁၂၅ သည် ဖေဖဝါရီလ(၇)ရက် နံနက် (၁၁)နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)သို့ဆက်သွယ်၍ ပြည်သူ့ရင်ခွင်ထံ လာရောက်ဘက်ပြောင်းခိုလှုံခဲ့ပါသည်။ အဆိုပါ စစ်ကောင်စီတပ်သား မောင်မျိုးမင်းသန့်အား နေ့လည်(၁၁)နာရီခွဲအချိန်ခန့်တွင် ဘေးကင်းစွာခေါ်ဆောင်နိုင်ခဲ့ပြီး အဆိုပါတပ်သားသည် ၎င်းကိုင်ဆောင်သော MA1 (၁)လက်၊ကျည်ဘောက်(၄)ဘောက်၊၅.၅၆ကျည်(၁၀၀)တောင့်ယူဆောင်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)မှ မောင်မျိုးမင်းသန့်အား ဂုဏ်ပြုငွေ (၂၅)သိန်းကျပ်ဆုချီးမြင့်ကာ လုံခြုံသည့်နေရာတွင် ထားရှိလျှက်ရှိပါသည်။

သတင်းထုတ်ပြန်ခြင်း ရက်စွဲ။ ။ ဇန်နဝါရီလ(၁၆)ရက်၊၂၀၂၆ခုနှစ် ဇန်နဝါရီလ(၁၅)ရက် ညနေ ၅နာရီခွဲအချိန်ခန့်တွင် ရေစကြိုမြို့နယ် ရေစကြို-ပခုက္ကူကားလမ်းဘေးရှိဆင်ချောင်ပျူရွာအား ရေစကြိုမြို့နယ်(ပ.က.ဖ)မှ Droneများဖြင့် Drop Bomb ပေါင်းများစွာချ၍တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါဆင်ချောင်းပျူရွာအား ပြည်သူ့စစ်ခေါင်းဆောင်လင်းထင်(ခ) ငလင်း ဆိုသူမှာ ဝန်ကြီးဟောင်းစိုးမောင်၏တူ တော်စပ်ကာ စိုးမောင်အရှိန်ဖြင့် ပြည်သူလူထုအပေါ် ပိုက်ဆံကောက် မိန်းကလေးငယ်များအား ဖမ်းစီး မဒိန်းကျင့်မှုများအချက်လက်သက်သေများကိုယခင်အချိန်ကတည်းက မိမိတို့ ရေစကြို(ပ.က.ဖ)မှရရှိပြီးဖြစ်သည်။ ထိုကြောင့် ပျူစောထီးခေါင်းဆောင် လင်းထင်(ခ)ငလင်း အားလက်ရဖမ်းစီးရန် ၁လကျော်ကြာစောင့်ဆိုင်း၍ ဝေဟင်မှကင်းထောက်ခြင်း မြေပြင် စနိုက်ဘာတပ်ဖွဲ့ဝင်များမှ နေစဥ်ကင်းထောက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ(၁၅)ရက်နေ့ညနေအချိန်ခန့်တွင် ၎င်းတို့ခြင်းခတ်နေစဥ်တွင် လက်ရဖမ်းစီးခြင်းမပြုတော့ပဲ Drop Bombများချ၍သုတ်သင်ရှင်းလင်းခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင်း လင်းထင်(ခ)ငလင်းအပါဝင် ပျူစောထီး၁၀ဦးခန့်သေဆုံးကြောင်းစုံစမ်းသိရပါသည်။ ထိုကြောင့် ယခုအချိန်တွင် ခရီးသွားပြည်သူလူထုများအနေဖြင့် ယုတ်မာရိုင်းစိုင်းသည့် ငလင်း လက်ပါးစေပျူစောထီးများ ရှက်ရမ်းရမ်းနေသည့်အချိန်ဖြစ်၍ အသွားလာသတိပြုကြရန် ရေစကြိုမြို့နယ်(ပ.က.ဖ)မှသတိပေးအပ်ပါသည်။

သတင်းထုတ်ပြန်ခြင်း ရက်စွဲ ။ ။ ဇန်နဝါရီလ(၁)ရက်၊၂၀၂၆ခုနှစ် ရေစကြိုမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်းအောက်မှအထက်သို့ဆန်တက်လာသောစစ်ခွေးများပါလာသည့် ရေယာဉ်တစ်စီးအား ဒီဇင်ဘာလ(၃၀)ရက်နေ့ ည(၇)နာရီအချိန်ခန့်တွင် ချင်းတွင်းမြစ်ကြောင်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ် (ပ.က.ဖ)မှ အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ပါသည်။ နှစ်ဘက်အပြန်လှန်မိနစ်၃၀ကျော်ကြာပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်မ၉၉လက်အောက်ခံ ဒုတပ်ကြပ်တစ်ဦးသေဆုံးပြီး ၃ဦးခန့်ဒဏ်ရာရရှိကြောင်းစုံစမ်းသိရှိရပါသည်။

သတင်းထုတ်ပြန်ခြင်း ရက်စွဲ ။ ။ ဒီဇင်ဘာလ(၅)ရက် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ(၃)ရက် ညနေ ၄နာရီအချိန်ခန့်တွင် ရေစကြိုမြို့နယ် ဖူလုံကျေးရွာ ဘ
+3
သတင်းထုတ်ပြန်ခြင်း ရက်စွဲ ။ ။ ဒီဇင်ဘာလ(၅)ရက် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ(၃)ရက် ညနေ ၄နာရီအချိန်ခန့်တွင် ရေစကြိုမြို့နယ် ဖူလုံကျေးရွာ ဘိလီယက်ခုံတွင် ကျူထိုးနေသည့် ခလရ(၂၅၇)မှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး(ခ)A2 အား သွားရောက်ဖမ်းစီးခဲ့ပါသည်။ ဖမ်းစီးပြီးနောက်ပိုင်း ခေါ်ဆောင်ခဲ့စဥ်လမ်းတစ်နေရာတွင် ရဲဘော်များ၏လက်နက်အား လုယက်၍ပြန်လည်ခုခံခဲ့သောကြောင့် အဆိုပါတပ်ရေးဗိုလ်ကြီးသက်နိုင်ဦးအား နေရာမှာတွင် ပစ်ခတ်ရှင်းလင်းခဲ့ရပါသည်။ တပ်ရေးဗိုလ်ကြီးသက်နိုင်ဦးထံမှ ဆိုင်ကယ်(၁)စီး ၊ဖုန်း(၃)လုံး၊ငွေသား(၃)သိန်း၊မှန်ပုံတင်(၂)ခုတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း ရက်စွဲ ။ ။ နိုဝင်ဘာလ(၃၀)ရက်၊၂၀၂၅ခုနှစ် ရေစကြိုမြို့နယ် ခလရ ၂၅၆၊ခလရ၂၅၇၊ခလရ၂၅၈ မှထွက်လာသော အင်အား၁၀၀ကျော်ပါ စစ်ကြောင်းသည် နိုဝင်ဘာ (၂၅)ရက်နေ့ တွင် ထန်းဆယ်ပင်ကျေးရွာသို့စတင်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါသည်။ ထို့နောက် နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်၁၀နာရီခန့်အချိန်တွင် ထန်းဆယ်ဆင်ပင်ကျေးရွာတောင်ဘက်သို့ စတင်ထွက်လာသော စစ်ကြောင်းနှင့် ရွာသစ်ကျေးရွာနှင့်ထန်းဆယ်ပင်ကျေးရွာကြားသို့အရောက်အတွင် အသင်စောင့်ဆိုင်းလျှက်ရှိသော ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် (၂)နာရီခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးဗိုလ်ကြီး မင်းတေဇ အပါဝင် ၂ဦးသေဆုံးပြီး ၅ဦးဒဏ်ရရာရှိကြောင်းစုံစမ်းသိရပြီး အထိနာသည့်စစ်ကြောင်းမှာ ရွာသစ်ကျေးရွာထဲသို့ဝင်ရောက်သွားပြီး ပြည်သူ့ပိုင်ပစ္စည်းများအားခိုးယူခြင်း ဖျက်စီးခြင်းများပြုလုပ်ခဲ့ပါသည်။ နိုဝင်ဘာလ(၂၇)ရက် ၂၀၂၅ခုနှစ် တွင် အထိနာနေသောစစ်ကြောင်းမှာ ရွာသစ်ကျေးရွာမှာ ညောင်စောက်ကျေးရွာဘက်သို့ကူးလာပြီး ပြည်သူ့ပိုင်နေအိမ်(၁၀)လုံးအားမီးရှို့ပြီး ပြည်သူ့ပစ္စည်းများခိုးယူပြီး ရေစကြိုမြို့ပေါ်စီမံရုံးပေါင်းစုံထဲသို့ သယ်ဆောင်နေကြောင်းသိရှိရပြီး အဆိုပါညောင်စောက်ကျေးရွာအတွင်းပြည်သူ့ပစ္စည်းများခိုးယူနေသည့် စစ်ကြောင်းအားအနိီးကပ်သွားရောက်တိုက်ခိုက်ကာ မိနစ်(၂၀)ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းမှ နောက်ထပ်၁ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိကြောင်းစုံစမ်းသိရှိရပါသည်။ နိုဝင်ဘာလ(၂၉)ရက် ၂၀၂၅ တွင် အထိနာနေသောစစ်ကြောင်းမှာ ညောင်စောက်ကျေးရွာမှတစ်ဆင့် ရွှေကျောင်းကျေးရွာနှင့်ပေါက်တောကျေးရွာများသို့ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများအားယူဆောင်သွားကာ ရေစကြိုမြို့နယ်စီမံရုံးပေါင်းစုံထဲသို့ဝင်ရောက်ကာ ထိုမှတစ်ဆင့် ခလရ၂၅၈ ထဲသို့ဝင်ရောက်သွားကြောင်းသိရှိရပါသည်။ အဆိုပါတိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့အတူ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၉)၊နွေဦးစစ်သည်ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့ဖြင့်ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။

သတင်းထုတ်ပြန်ခြင်း ရက်စွဲ။ ။ နိုဝင်ဘာလ(၁၆)ရက်၊၂၀၂၅ခုနှစ် နိုဝင်ဘာလ(၁၅)ရက်၂၀၂၅ခုနှစ် ရေစကြိုမြို့နယ် ခလရ၂၅၆မှ တပ်သားဟိန်းထက်လင
သတင်းထုတ်ပြန်ခြင်း ရက်စွဲ။ ။ နိုဝင်ဘာလ(၁၆)ရက်၊၂၀၂၅ခုနှစ် နိုဝင်ဘာလ(၁၅)ရက်၂၀၂၅ခုနှစ် ရေစကြိုမြို့နယ် ခလရ၂၅၆မှ တပ်သားဟိန်းထက်လင်း ကိုယ်ပိုင်နံပါတ် တတ၁၃၆၃၆၇ သည် ၎င်းတာဝန်ကျရာ ခလရ၂၅၆လုံခြုံရေးဂိတ်မှ ည၇နာရီအချိန်ခန့်တွင် ၎င်းကိုင်ဆောင်သည့်လက်နက်MA1နှင်အတူ တပ်သားဟိန်းထက်လင်းနှင့်တာဝန်ချိန်အတူကျသည့် တပ်ကြပ်ကြီးတစ်ဦး၏လက်နက်MA3ပါ ယူဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)ထံ ဘက်ပြောင်းခိုလှုံကာလက်နက်အပ်နှံခဲ့ပါသည်။ အဆိုပါ လက်နက်(၂)လက်ယူဆောင်၍ ပြည်သူ့ရင်ခွင်ထံဘက်ပြောင်းခိုလှုံခဲ့သည့် တပ်သားဟိန်းထက်လင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ဆုကြေးငွေသိန်း(၅၀)ကျပ် ဆုချီးမြင့်၍ လုံခြုံသည့်နေရာတွင်ထားရှိထားကြောင်းသတင်းထုန်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ခြင်း ရက်စွဲ။ ။ နိုဝင်ဘာလ(၈)၂၀၂၅ခုနှစ် နိုဝင်ဘာလ(၇)ရက်၂၀၂၅ခုနှစ် နေ့လည်၂နာရီဝန်းကျင်ခန့်တွင် ရေစကြိုမြို့နယ် တပ်၃တပ်မှစုပေါင်းထွက်လာသော ရေစကြိုမြို့အထွက် ပေကုန်းကျေးရွာရေတံခါးအနီး လမ်းကင်းယူနေသည့် စခအင်အား(၅၀)ခန့်အား ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ် (ပ.က.ဖ)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် မိုင်းနားရပ်နေသည့် ခွေး၁၀ကောင်ခန့်မှ ၂ပွင့်ဗိုလ်ကြီးတစ်ကောင်နှင့် တပ်သား၂ဦးသေးဆုံးကြောင်းသိရှိရပါသည်။ထိုနောက် မိုင်းဆွဲခံရသည့် အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ၂ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ်(၃)လုံးအားမီးရှို့ဖျက်စီးခဲ့ပါသည်။