uk
Feedback
တာတေ မဖဲဝါ စာအုပ်များ

တာတေ မဖဲဝါ စာအုပ်များ

Відкрити в Telegram

​ကော်ဖီ​သောက်ပါ စာဖတ်ပါ။ ☕️☕️☕️☕️☕️ အပင်​တွေနဲ့ စကား​ပြောပါ။ 👶🏻👶🏻👶🏻👶🏻👶🏻 အပင်​တွေက စကားပြန်​ပြောလာရင်​တော့ ဆရာဝန်နဲ့ ပြပါ. . . .👻📿👻📿👻📿 https://t.me/THE_MAPHELWHAR_1313131313

Показати більше
9 819
Підписники
-724 години
+477 днів
-9730 день

Триває завантаження даних...

Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
червень '26
червень '26
+168
в 2 каналах
травень '26
+141
в 1 каналах
Get PRO
квітень '26
+45
в 0 каналах
Get PRO
березень '26
+11
в 1 каналах
Get PRO
лютий '26
+47
в 2 каналах
Get PRO
січень '26
+99
в 0 каналах
Get PRO
грудень '25
+104
в 1 каналах
Get PRO
листопад '25
+153
в 0 каналах
Get PRO
жовтень '25
+159
в 1 каналах
Get PRO
вересень '25
+263
в 2 каналах
Get PRO
серпень '25
+160
в 0 каналах
Get PRO
липень '25
+71
в 0 каналах
Get PRO
червень '25
+56
в 0 каналах
Get PRO
травень '25
+119
в 0 каналах
Get PRO
квітень '25
+142
в 4 каналах
Get PRO
березень '25
+199
в 0 каналах
Get PRO
лютий '25
+173
в 0 каналах
Get PRO
січень '25
+356
в 0 каналах
Get PRO
грудень '24
+429
в 0 каналах
Get PRO
листопад '24
+379
в 0 каналах
Get PRO
жовтень '24
+462
в 0 каналах
Get PRO
вересень '24
+472
в 0 каналах
Get PRO
серпень '24
+578
в 0 каналах
Get PRO
липень '24
+1 265
в 0 каналах
Get PRO
червень '24
+1 299
в 0 каналах
Get PRO
травень '24
+1 072
в 0 каналах
Get PRO
квітень '24
+1 241
в 0 каналах
Get PRO
березень '24
+954
в 0 каналах
Get PRO
лютий '24
+902
в 0 каналах
Get PRO
січень '24
+1 167
в 0 каналах
Get PRO
грудень '23
+2 936
в 0 каналах
Дата
Залучення підписників
Згадування
Канали
20 червня+6
19 червня+3
18 червня+14
17 червня+10
16 червня+5
15 червня+14
14 червня+19
13 червня+25
12 червня+13
11 червня+14
10 червня+3
09 червня+13
08 червня+2
07 червня+9
06 червня+3
05 червня+2
04 червня0
03 червня+8
02 червня+3
01 червня+2
Дописи каналу
2
+8
Немає тексту...
2 101
3
ချစ်ကလဲ့စား STORY. 24
1 651
4
ချစ်ရီတာတို့ ပျင်းပျင်း စာတွေနဲ့နပန်းလုံးနေရလို့ ပျင်းပျင်းကိုယ်စား စာလေးတွေ တင်ပေးနိုင်တဲ့သူများ ရှိကြမလားဟင် 😮‍💨😮‍💨😮‍💨 အကယ်၍ မရှိခဲ့ရင်တော့.....🥹🤧
1 981
5
+2
Немає тексту...
1 962
6
+9
Немає тексту...
1 723
7
+8
Немає тексту...
1 400
8
တာတေ - “ဂမ္ဘီ “ အပိုင်း(၄) နှစ်ပေါင်းအတော်ကြာပျောက်နေတဲ့ ဒေါက်တာမင်းအောင် တာတေ့ဆီ ရုတ်တရက် ပြန်လာပြီး လွန်ခဲ့တဲ့အတိတ်ကာလက မှေ
တာတေ - “ဂမ္ဘီ “ အပိုင်း(၄) နှစ်ပေါင်းအတော်ကြာပျောက်နေတဲ့ ဒေါက်တာမင်းအောင် တာတေ့ဆီ ရုတ်တရက် ပြန်လာပြီး လွန်ခဲ့တဲ့အတိတ်ကာလက မှော်ဇာတ်လမ်းကြီးတစ်ခုကိုပြောပြေနေတာဟာ ဘာကြောင့်များလဲ? မကြာခင်တာတေကိုယ်တိုင်ရင်ဆိုင်ရမယ့်ပြဿနာဟာဘာများဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ကြရအောင်ဗျာ. . . #တာတေ #TarTay #Panawa
990
9
+3
Немає тексту...
966
10
+8
Немає тексту...
982
11
+9
Немає тексту...
763
12
တာတေ- “ဂမ္ဘီ “ အပိုင်း (၃) တာတေပရိတ်သတ်တွေစောင့်မျှော်နေကြတဲ့ ဂမ္ဘီ အပိုင်း (၃) တင်ဆက်ပေးလိုက်ပါပြီ။ ထူးခြားဆန်းကျယ်မှုတွေကြာ
တာတေ- “ဂမ္ဘီ “ အပိုင်း (၃) တာတေပရိတ်သတ်တွေစောင့်မျှော်နေကြတဲ့ ဂမ္ဘီ အပိုင်း (၃) တင်ဆက်ပေးလိုက်ပါပြီ။ ထူးခြားဆန်းကျယ်မှုတွေကြားမှာ ဆက်လက်စီးမျောလိုက်ကြပါစို့ဗျာ။ #တာတေ #TarTay #Panawa
740
13
+5
Немає тексту...
724
14
+7
Немає тексту...
703
15
+8
Немає тексту...
703
16
တာတေရဲ့လုံးချင်း ဝတ္ထုရှည် အသစ် "ဂမ္ဘီ" အပိုင်း (၂) ဆရာတာတေဟာ ကျွန်တော်တို့ကို စွန့်စားခန်း ဇာတ်လမ်းရှည်ကြီးတစ်ခုထဲမှာ စီးမျေ
တာတေရဲ့လုံးချင်း ဝတ္ထုရှည် အသစ် "ဂမ္ဘီ" အပိုင်း (၂) ဆရာတာတေဟာ ကျွန်တော်တို့ကို စွန့်စားခန်း ဇာတ်လမ်းရှည်ကြီးတစ်ခုထဲမှာ စီးမျောဖို့ ကြိုးစားအားထုတ်ထားပုံရပါတယ်။ ကဲ ဗျာ ဂမ္ဘီ အပိုင်း ၂ မှာဘာတွေပါဝင်လာမလဲဆိုတာ ဖတ်ရှုကြည့်ကြရအောင်ပါ။ #တာတေ #TarTay #Panawa
643
17
" ဒါကို ခင်ဗျားဆီက ဘာကြောင့် တောင်းယူရတာလဲ သိလား...'' " ငါ....မ...မသိဘူယ တပေါင်း...'' " ဒီဆေးမြစ်အစွမ်းကြောင့်ပဲ ခင်ဗျားက ကိုယ်နဲ့မသက်ဆိုင်နဲ့ နယ်စည်းကို ချိုးချိုးပြီး တစ်ခြားလောကမှာ လက်လှည့်အတတ်နဲ့ လိမ်ညာအနိုင်ယူနေခဲ့တာလေ...'' တပေါင်းက သူ့လုပ်ရပ်ကို သိနေတဲ့အတွက် ဧက' အံ့သြသွားရလေတယ်။ " ခင်ဗျားရဲ့ အဲ့ဒီ့လုပ်ရပ်က မလုပ်သင့်ဘူးဗျ။ အခန့်မသင့်လို့ သိသွားခဲ့​ရင် လူသားတွေကို သူတို့က မုန်းတီးပြီး အငြိုးအတေးထားကုန်ကြလိမ့်မယ်။ နောက်ပြီး ဒီလုပ်ရပ်က ခင်ဗျားအတွက်လည်း အန္တရာယ်များတယ်။ သူတို့ဘက်ကို တွေးပြန်ရင်လည်း သူတို့ဒုက္ခနဲ့သူတို့ဆိုတော့ မလုပ်သင့်ပါဘူးဗျာ...'' တပေါင်းက ပြောပြီးတာနဲ့ သူ့လက်ထဲက ဆေးခါးပန်းအမြစ်ကလေးကို ဖျစ်ညှစ်ချေမွလိုက်လေတော့တယ်။ အဲ့ဒီ့နောက်တော့ တပေါင်းတစ်ယောက် ဧက'နဲ့ လဲကျနေတဲ့ လူတစ်စုကို ကျောခိုင်းပြီး ညောင်ပင်ကြီးအောက်ကနေ ထွက်သွားလေတော့တယ်။ " အီး...ဟီး...ဟီး...ငါတစ်သက်လုံး လုပ်စားလာတဲ့ အလုပ် အခုကျမှ ပျက်ဆီးရပါပြီ။ ဒင်းကလေးကို မြင်ကတည်းက သာမန်မဟုတ်ဘူးဆိုတာ သိရက်နဲ့ အခုတော့ အီး...ဟီး...'' လက်လှည့်ဝိဇ္ဇာ ဧကတစ်ယောက် နေရာမှာတင် ဒူးထောက်ကျပြီး ကြွေးလိုက်လေတယ်။ ဒီငိုသံကိုတော့ ညောင်ပင်ကြီးနဲ့ ဝေးသွားခဲ့ပြီ​​ဖြစ်တဲ့ တပေါင်းကတော့ ကြားနိုင်တော့မှာ မဟုတ်ခဲ့ပါဘူး။ ***** ထိန်ပင်ကြီးအရှေ့ဆီမှာ တပေါင်းရပ်လိုက်တာနဲ့ ထိန်ပင်ပေါ်ကနေ ကတုံးပြောင်ပြောင် အသားနီနီနဲ့ လူကြီးတစ်​ယောက်က ကသောကမျော ခုန်ချလာလေတယ်။ " မဟာပုဏ္ဏကမင်းသားကို ကျုပ် ထိန်ပင်စောင့်ဘီလူးဝံလာသ ခစားပါတယ်။ ညတုန်းက အရှင်မှန်း မသိလို့ပါ...'' ဝံလာသဆိုတဲ့ ထိန်ပင်စောင့်ဘီလူးက အရိုအသေပေးပြီး ဆီးကြိုတောင်းပန်လာတော့ တပေါင်းလည်း အပြစ်ပေးဖို့ ဆုံး​ဖြတ်လာတဲ့ စိတ်ကို လျော့ချပေးလိုက်လေတယ်။ " ခင်ဗျား အပြစ်ကို ခင်ဗျားက သိတယ်ဆိုတော့ ဒီကြိမ်ကို ကျုပ် အလျော့ပေးလိုက်မယ်။ နောက်နောင် သူတို့ဘဝနဲ့ သူတို့ ဟန်ချက်ညီညီရှိနေကြတဲ့ အရပ်အဝန်း ဘယ်နေရာကိုမဆို ခင်ဗျား အနှောက်အယှက် မပေးပါနဲ့...'' " စိတ်...စိတ်ချပါ မဟာပုဏ္ဏကမင်း။ ခွင့်လွှတ်ပေးလို့လည်း ကျေး...ကျေးဇူးတင်ပါတယ်။ အရှင့်ကို အရိုအသေပေးပါတယ်။ ကျုပ် ဝံလာသအရိုအသေပေးပါတယ်...'' ထိန်ပင်စောင့်ဘီလူး ဝံလာသ'က တပေါင်း​ကို အကြိမ်ကြိမ် အရိုအသေပေးပါတော့တယ်။ " ခင်ဗျား ကတိကို ခင်ဗျားတည်ပါစေ...'' " စိတ်ချပါ အရှင်။ စိတ်ချပါ...'' ဝံလာသ'က ထပ်မံလို့ ကတိပေးလေတယ်။ အဲ့ဒိ့နောက်မှာတော့ တပေါင်းလည်းပဲ သင့်တင့်ရာကို စီမံရမယ့် အရေးအရ ဆောင်ရွက်ပြီးစီးပြီဖြစ်တာကြောင့် ထိန်ပင်ကြီးနေရာကနေ လှမ်းထွက်လာခဲ့လိုက်ပါတော့တယ်။ စာစဥ် ၇ ကတော့ ဒီတင်ပြီးပါပြီ။ #ထမံ(တောင်ငူ) #နောင်ရိုး(ဆေး) #နောင်ရိုး(ဆေးတပ်) #မဟာပုဏ္ဏက #စာစဉ်() # #စုန်း #တစ္ဆေ #ကဝေ #သရဲ #ညမဖတ်ရ #ကြောက်တတ်သူများမဖတ်ရ #ခြောက်ခြောက်ခြားခြား ညမဖတ်ရ
654
18
ညက သောက်ထားတဲ့ အရှိန်ကြောင့် တပေါင်းရဲ့ ခေါင်းထဲမှာ မူးရီဝေနေဆဲပဲ။ ဒါကြောင့် ဘာကိစ္စဖြစ်ဖြစ် ဝင်မပါပဲ ပြန်အိပ်မယ်လို့ ဆုံးဖြတ်ပြီး ညတုန်းက အကြောင်းတို့ကို ပြန်တွေးရင်း လှဲလိုက်ချိန်၊ တစ်ဖက်ခြမ်းဆီက အပြင်းအထန် ထိုးကြိတ်ရိုက်နှက်သံတွေက ထွက်ပေါ်လာခဲ့ပြီး...။ " မလုပ်ကြပါနဲ့ဗျာ။ ကျုပ်...တောင်းပန်ပါတယ်...'' ဆိုတဲ့ တောင်းပန်တိုးလျှိုးသံက ထွက်ပေါ်လာခဲ့တယ်။ " ဒါက ကိုဧကရဲ့ အသံပဲ...'' တပေါင်း ရေရွတ်ရင်း ဆတ်ခနဲ ဖြစ်သွားရလေတယ်။ ချက်ချင်းပဲ နေရာကနေ ထမိပြီး ညောင်ပင်ကြီးရဲ့ တစ်ဖက်ခြမ်းဆီကို တပေါင်းရောက်သွားရလေတယ်။ တစ်ဖက်ခြမ်းဆီမှာတော့ မနေ့တုန်းက အံစာကစားသူ သူခိုးနှစ်ယောက်နဲ့ အပေါင်းအပါများက ဧက'ကို ရိုက်ပုတ်နှိပ်စက်နေလေတယ်။ သူတို့ရဲ့ ရိုက်ပုတ်မှုကြောင့် ဧကရဲ့ မျက်နှာကလည်း ဖူးသီးရောင်ကိုင်းနေပြီး မျက်လုံးတောင်မှ မပွင့်ချင်တော့ဘူး။ " ဟေ့လူတွေ ရပ်ကြစမ်း...'' တပေါင်းက အသံပေး ဟစ်အော်လိုက်တော့ ဧက'ကို ထိုးကြိတ်နေကြသူတွေရဲ့ အာရုံက တပေါင်းဆီကို ရောက်ရှိလာလေတယ်။ စုစုပေါင်း ခုနှစ်ယောက်လောက် ရှိမယ့်လူအုပ်ထဲက ခေါင်းဆောင်လို့ ယူဆရတဲ့ ဓားကိုင်ထားသူက တပေါင်းဆီကို လှမ်းတိုးလာတယ်။ " မင်းက ဘယ်ကကောင်လဲ...'' " သူက ကျုပ်ရဲ့ မိတ်ဆွေပဲ...'' " ဪ...လက်စသတ်တော့ ဒီလူလိမ်နဲ့ မင်းက အပေါင်းအပါတွေပေါ့။ ဟေ့ကောင်တွေ အဲ့ဒီ့ငမူးကောင်ကိုပါ ဖမ်းကြကွာ...'' ဓားကိုင်သူရဲ့ အမိန့်အဆုံးမှာပဲ တပေါင်းဆီကို လူလေးယောက်က ဓားတွေ တုတ်တွေကိုင်ပြီး ဖမ်းဆီးဖို့ ပြေးလာကြလေတယ်။ တပေါင်းလည်း အမူးရှိန်မပြေသေးတဲ့ မျက်လုံးတွေနဲ့ သူ့ဆီဝင်လာတဲ့ လူလေးယောက်ကို ကြိုးစားပြီး အာရုံစိုက်ကြည့်နေလေတယ်။ အနားကို ရောက်ချိန်မှာတော့ လူလေးယောက်ဘက်က တိုက်ခိုက်မှုတို့ကို တပေါင်းက ယိမ်းကာ ရှောင်ဖို့ကြိုးစားလိုက်လေတယ်။ ဒါပေမယ့်လည်း မပြယ်သေးတဲ့ အရက်ရှိန်ကြောင့် ခန္ဓာကိုယ်ကို မထိန်းနိုင်ပဲ ဘိုင်းခနဲ လဲကျလေတယ်။ တပေါင်းရဲ့ လဲကျမှုကြောင့် တစ်ဖက်က လူလေးယောက်က ဝိုင်းဝန်းဟားတိုက်ကြတယ်။ သူ့ကို ဟားတိုက်တော့ တပေါင်းစိတ်ထဲ ဒေါသက ထွက်လာရလေတယ်။ ဒါကြောင့်ပဲ ချက်ချင်းပဲ ကုန်းရုန်းထလိုက်ပြီး သူ့ကို ဟားတိုက်ရယ်နေတဲ့ သူတွေဆီကို ကျားတစ်ကောင်လိုပဲ ခုန်အုပ်တိုက်ခိုက်လိုက်လေတယ်။ တပေါင်းရဲ့ ခုန်အုပ်မှုက တစ်ဖက်က ရယ်မောနေသူတို့ကို အလစ်အငိုက်ဖြစ်သွားစေလေတယ်။ တပေါင်းရဲ့ လက်က ရယ်မောနေသူတစ်ယောက်ရဲ့ လည်မျိုကို ဆု​ပ်ကိုင်မိလေပြီး အရှေ့ကို ဆွဲချကာ တံတောင်နဲ့ ပြန်ပင့်ရိုက်လိုက်လေတယ်။ ခွပ်ခနဲ အသံနဲ့အတူ အဲ့ဒီ့ခမျာ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီသွားရချိန် နံဘေးက သုံးယောက်က တပေါင်းကို ဓားနဲ့ ဝိုင်းခုတ်ကြလေတယ်။ တပေါင်းက ဟန်ချက်ပျက်နေတဲ့အတိုင်း ယိမ်းယိုင်လို့ မြေပြင်ဆီကို မှောက်ချလိုက်လေတယ်။ ဓားချက်တွေ​က လွတ်သွားပြီးနောက်မှာတော့ ဝုန်းခနဲ ပြန်ခုန်ထကာ လူကိုလှည့်လို့ နံဘေးက နှစ်ယောက်ကို ခြေနဲ့ ကန်လေပြီး ခြေထောက်အသုံ မြေဆီကို ကျချိန် ပြေးဝင်လာတဲ့ ကျန်တစ်ယောက်ကို ဦးခေါင်းနဲ့ ပင့်ဆတ်ပေးလိုက်လေတယ်။ တပေါင်းရဲ့ တိုက်ကွက်က အစေ့အစပ်မရှိပဲ ယိမ်းရင်းယိုင်ရင်းက အဆီအငေါ်မတည့်ခဲ့ပေမယ့် တစ်ဖက်က လေးယောက်ကတော့ တစ်ခဏအတွင်းမှာ အလဲလဲအကွဲကွဲ ဖြစ်ကုန်ကြလေတယ်။ တပေါင်းက မတ်မတ်ပြန်ရပ်လိုက်လေတယ်။ " မင်း...မင်းက ဘာကောင်လဲ...'' ကျန်တဲ့ သုံးယောက်က တပေါင်းကို ဘီလူးသရဲလို ကြည့်ပြီး မျက်ပြူးဆန်ပြာနဲ့ ပြောလာလေတယ်။ " ငါက ပုဏ္ဏက...မဟာပုဏ္ဏက...'' တပေါင်းက မေးခွန်းကို ပြန်ဖြေလိုက်တယ်။ ဒီအခိုက်မှာပဲ တစ်ဖက်က မာယာများသူ ခေါင်းဆောင်က တပေါင်းကို ဓားနဲ့ ခုန်ဝင်ပိုင်းချလိုက်လေတယ်။ တပေါင်းကလည်း ဓားချက်ကို အလွတ်မရှောင်တော့။ ပခုံးနဲ့ အသာပင့်ပေးလိုက်ပြီး ကျွံထွက်လာတဲ့ တစ်ဖက်သူဆီကို ခြေတစ်လှမ်းစာ ခုန်ဝင်ကာ ခေါင်းနဲ့ ရင်ခေါင်းနေရာကို ဆတ်ချလိုက်လေတယ်။ မာယာကို သုံးပေမယ့်လည်း ခေါင်းဆောင်ဖြစ်သူအနေနဲ့ ဘာမှအကျိုးမထူးလိုက်။ တပေါင်းရဲ့ ခေါင်းတိုက်ချက်မှာ အရှိုက်ထိခံရပြီး ပက်လက်လန်ကျသွားရလေတယ်။ တပေါင်း​က ဧက'ကို ဖမ်းထားတဲ့ နှစ်ယောက်ကို လှမ်းကြည့်လိုက်လေတယ်။ ဒီအခါမှာတော့ ကျန်ရှိတဲ့ နှစ်ယောက်က သူတို့ရဲ့ ခေါင်းဆောင်အပါအဝင် လူငါးယောက်ကို တစ်ခဏအတွင်းမှာ အလဲအပြိုလုပ်ပြထားတဲ့ တပေါင်းကို ရင်မဆိုင်ရဲတော့ပဲ ဧက'ကို ထားရစ်ကာ လှည့်ပြေးကြပါတော့တယ်။ အဲ့ဒီ့နောက်တော့ တပေါင်းလည်း ဧက'ဆီကို သွားလိုက်ပြီး လက်ဖဝါးကို ဖြန့်လိုက်လေတယ်။ " ဘာ...ဘာအတွက်လဲ တပေါင်း...'' ဧက'က တပေါင်းရဲ့ အပြုအမူအတွက် တအံ့တသြနဲ့ ကြည့်လာပြီး မေးလေတယ်။ " ခင်ဗျားဆီက စက္ခုအစွမ်းကို ပေးတဲ့ အဆောင်ကို ကျုပ် တောင်းနေတာ...'' " ငါ့...ငါ့ဆီမှာ ဘာမှ မရှိ...'' " ခင်ဗျား မညာပါနဲ့ ကိုဧက။ ဆက်ညာရင် ကျုပ် ခင်ဗျားကို သတ်ရလိမ့်မယ်ဗျာ...'' တပေါင်းက ခြိမ်းခြောက်လိုက်တော့ ဧက'မလိမ်ညာရဲတော့ဘူး။ " ရှိ...ရှိပါတယ်...'' အဖြေပေးပြီးတာနဲ့ ဧက'က သူ့ခါးဆီက လက်တစ်ဆစ်စာ မျက်လုံးပုံ ထွင်းထားတဲ့ ခါးပန်းဆေးမြစ်ကလေးကို ထုတ်ပေးလေတယ်။ တပေါင်းက ဆေးမြစ်ကလေးကို လှမ်းယူလိုက်လေတယ်။ ပြီးတော့ ဧက'ကို စေ့စေ့ကြည့်လိုက်ပြီး...။
559
19
တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြောလိုက်တဲ့ စကားက ဒီတစ်​ကြိမ်လည်းပဲ အသံက အပြိုင်ဖြစ်ပါတယ်။ " ဒီလိုဖြင့်တော့ မိတ်ဆွေကြီး မဟာပုဏ္ဏက'ကို ကျုပ်တို့အနေနဲ့ ပိုလို့ ကျေးဇူးတင်မိပါတယ်ဗျာ...'' " ရတယ်။ ခင်ဗျားတို့ကို ကြုံကြိုက်လို့ ကူညီတာလို့ ပြောပြီးပြီ။ အဲ့ဒီ့တော့ ခင်ဗျားတို့လည်း ပြန်ရတော့မယ်။ ကျုပ်လည်းပဲ ပြန်မယ်။ ဒီတော့ ကျုပ် ပြန်မယ်...'' တပေါင်းက တစ်ဖက်က ဝီရတို့တစ်တွေ သူ့အတွက် မခက်ခဲစေလိုတာကြောင့် ထိုင်ရာက ထလိုက်တယ်။ " စိတ္တနဲ့ ကာယ။ ငါတို့ ပြန်ကြမယ်...'' တပေါင်းက ပြောတော့ စိတ္တနဲ့ ကာယတို့လည်း တပေါင်းနံဘေးဆီကို ရောက်လာကြတယ်။ " မဟာပုဏ္ဏက'ကြီးကို လိုက်ပို့ကြစို့လား...'' ဝီရက ပြောလိုက်တယ်။ အဲ့ဒီ့နောက်တော့ ကိုယ်ပွားနှစ်ခုနဲ့အတူ မူးဝေရီပြီး ယိမ်းယိုင်နေတဲ့ တပေါင်းရဲ့ အနောက်ဆီကနေ ဝီရတို့ကျတ်တွေလည်း တစ်သီတစ်တန်းကြီး လိုက်ပို့ပေးကြပါတော့တယ်။ ******* တပေါင်းတစ်ယောက် မရောက်တာ ကြာခဲ့ပြီဖြစ်တဲ့ ကျောက်စိမ်းနန်းဆောင်ကြီးဆီကို တစ်ကျော့ပြန်ပြီး ရောက်လာရတယ်။ ဒီတစ်​ကြိမ်တော့ နန်းဦးဝဆီမှာ မြင်းဖြူတစ်ကောင်ကို မြင်တွေ့ရပြီး နန်းဆောင်ကြီးပတ်လျာလည်ဆီမှာ သူ့နေရာနဲ့သူ အမှုထမ်းနေကြတဲ့သူတွေကိုလည်း မြင်ရလေတယ်။ လေအဟုန်မှာ လွင့်မျောလာရင်း နန်းဆောင်အရှေ့ကို ခြေချမိလေတော့ တပေါင်းရဲ့ မူးဝေရီနေတဲ့ ခြေအစုံက နန်းလှေကားဆီကို ဥိးမတည်ပဲ မြင်းဖြူကလေးဆီကို ဥိးတည်သွားမိလေတယ်။ အနားကို ရောက်လာတဲ့ တပေါင်းကို မြင်တော့ မြင်းဖြူကလေးက လန့်ဖျပ်ပြီး အနောက်ကို ဆုတ်ခွာလေတယ်။ " ဪ...မင်းက ငါ့ကို လန့်တယ်ပေါ့...'' တပေါင်း အာလေးလျှာလေးနဲ့ ပြောလိုက်လေတယ်။ ပြီးတော့ မြင်းဖြူကလေးကို လက်ရဖမ်းဆီးဖို့ ကြိုးပမ်းလိုက်လေတယ်။ မြင်းဖြူကလေးကလည်း တပေါင်းလက်မှာ အမိမခံရအောင် ဟစ်အော်ပြီး ပတ်​ပြေးလေတယ်။ အနားမှာ အမှုထမ်းများ ရှိနေပေမယ့် တပေါင်းကို ဘယ်သူကမှ လာရောက်ပြီး မတားမြစ်ရဲကြဘူး။ " သားတော်....'' မြင်းဖြူကလေးကို မိလုမိခင်မှာ အနောက်ပါးက ခေါ်သံကြောင့် တပေါင်း ချာခနဲ လှည့်ကြည့်လိုက်လေတယ်။ " အို...မယ်မယ်...'' မယ်တော်ဣရန္ဓဝတီကို မြင်တော့ တပေါင်းတစ်ယောက် လက်ကို ယှက်ဖြာလို့ အရိုအသေပေးပြီး ခစားလိုက်လေတယ်။ " သားတော် သေရည်ကို ခုံမင်တတ်နေတာပဲ...'' " ဟုတ်ပါတယ် မယ်မယ်။ သားတော် အခုလို သောက်စားရတာ အလွန်ပဲ နှစ်သက်မိတယ်...'' တပေါင်းရဲ့ အဖြေကြောင့် မယ်တော်က ခေါင်းကို ညိတ်လေတယ်။ " အင်း...သားတော်အနေနဲ့ လုပ်နိုင်တာကိုလည်း လုပ်ပြီးပြီဆိုတော့ အခုလို သေရည်သောက်သုံးတာကို မယ်တော် အပြစ်မဖွဲ့လိုပါဘူး...'' " မှန်လှပါ မယ်မယ်...'' " အခုကတည်းက သားတော်ကို မယ်မယ်မှာပါ့မယ်...'' တပေါင်း ငြိမ်သက်ပြီး နားစွင့်နေလိုက်တယ်။ " သားတော် သေရည်ကို ခုံမင်လို့ သောက်သုံးပေမယ့် သေရည်ကြောင့်တော့ အမှားအယွင်းတွေ မဖြစ်ပါစေနဲ့။ ဒါကို မယ်မယ် တစ်ခါတည်း သတိပေးလိုပါတယ်...'' " သားတော် နာခံ​ပြီး မဖောက်ဖျက်ရအောင် ကြိုးစားပါ့မယ် မယ်မယ်...'' မယ်တော်ဣရန္ဓဝတီက တပေါင်းအနောက်ဘက်က မြင်းဖြူကလေးဆီကို ကြည့်လိုက်လေတယ်။ " ဒီမြင်းဖြူကလေးက သားတော်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ထို​က်သင့်လျှောက်ပတ်စွာပဲ ဖြစ်တည်လာတဲ့ သိန္ဓောမြင်းဖြူပါ။ ဒါကို ပြသချင်လို့ သားတော်ကို ခေါ်ယူလိုက်တာပါ။ ဒီသိန္ဓောမြင်းကို သားတော်လက်ထဲ ရောက်ရှိလာဖို့ ဆက်လက်ပြီး ကြိုးစားပါ...'' " သားတော်ကြိုးစားပါ့မယ်...'' တပေါင်း ကတိပေးပြီးနောက်မှာတော့ မယ်တော်ဣရန္ဓဝတီက နန်းဆောင်ထဲကို ပြန်လည်ဝင်ရောက်သွားလေတယ်။ ဒီအခါ တစ်​ယောက်သောသူက နန်းလှေကားမှာ ရပ်ပြီး ကျန်ခဲ့တာကို တပေါင်းတွေ့ရလေတယ်။ " စန္ဒီ.....'' တပေါင်းနှုတ်ကနေ ခေါ်လိုက်တယ်။ ဒီအခါ လှေကားရင်းမှာ ရပ်နေတဲ့ ဒန္ဒီက လှပစွာနဲ့ ပြံးရယ်လိုက်လေပြီး...။ " မောင်တော့်ကို မြင်ရလို့ စန္ဒီတော့ အလွမ်းပြေသွားပြီ။ ကျင့်စဥ်အောင်ပြီးကတည်းက မောင်တော့်ဆီကို စန္ဒီလာချင်နေတာ။ အဖက ဘယ်လိုမှ မသွားခိုင်းတာကြောင့်...'' " ရပါတယ် စန္ဒီရယ်...'' တပေါင်း ပြုံးပြီး ရီဝေတဲ့ မျက်ဝန်းတွေနဲ့ စန္ဒီ့ကို ကြည့်ကာ ပြန်ပြောလိုက်တယ်။ " စန္ဒီ...မယ့်မယ့်နောက်ကို လိုက်သွားတော့မယ်နော်...'' " အင်း...စန္ဒီ...'' " မောင်တော် သေရည်မူးနေပုံကလေးက ချစ်စရာလေး...'' စန္ဒီက ပြောပြီးနောက်တော့ နန်းလှေကားအတိုင်းပဲ ပြေးတက်သွားပါတော့တယ်။ အဲ့ဒီ့အခိုက်မှာပဲ တပေါင်းလည်း လေအဟုန်ဆီမှာ ပြန်လည်လို့ လွင့်မျောသွားရပါတော့တယ်။ ****** " အဲ့ဒီ့ကောင်ကို ရိုက်ကွာ ရိုက်ကြ...'' နားထဲကို တိုးဝင်လာတဲ့ အသံတွေကြောင့် ညောင်ပင်ကြီးအောက်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေရာက တပေါင်း မနိုးချင်နိုးချင်နဲ့ နိုးလာရလေတယ်။ ပတ်ဝန်းကျင်ကို ကြည့်တော့ မိုးက စင်စင်လင်းနေခဲ့ပြီ။ " ခွေးမသား...လူပါးဝတဲ့ကောင် ရိုက်...ရိုက် မသေစေနဲ့...'' တပေါင်း ထထိုင်လိုက်ချိန်မှာ ညောင်ပင်ကြီးရဲ့ တစ်ဖက်ခြမ်းဆီက ဆဲဆို ကြိမ်းမောင်းသံတွေအပြင် ရိုက်ပုတ်သံတွေကိုပါ တပေါင်း ကြားလိုက်ရလေတယ်။
495
20
လူ့ဘီလူးကောင်ကြီးဆီက ခြေတစ်ဖက် အလွန်ကို နာကျင်လွန်းတဲ့ အသံနဲ့ အူးခနဲ ဟစ်အော်ပြီး ယိမ်းယိုင်သွားချိန်မှာ တပေါင်းက ခြေထောက်အတိုင်း ခုန်တက်လေပြီး မျက်နှာဆီကို လက်သီးနဲ့ ထိုးချလေတယ်။ ဒီအခါ " ဘုန်း...'' ဆိုတဲ့ အသံကြီးထွက်ပေါ်လာခဲ့ပြီး ယိမ်းယိုင်နေတဲ့ ဘီလူးကြီးက ဖင်ထိုင်ရက်သား ပစ်ကျသွားရလေတယ်။ " ဟေး...သူ့ကို ရိုက်။ သူ့ကို ရိုက်...'' အခုနက ကြောက်ကြောက်လန့်လန့်နဲ့ ပြေးလွှားနေတဲ့ ကျတ်တို့က တပေါင်းဆီမှာ ဘီလူးကြီးအရေးနိမ့်နေတာကို မြင်တော့ ထွက်မပြေးကြတော့ပဲ တခနဲနက်ပဲ အားပေးကြလေတယ်။ ဘီလူးကြီးက တစ်ဖန် ပြန်ထလာလေတယ်။ ဒီအခိုက်မှာပဲ တပေါင်းက ကုန်းထနေဆဲဖြစ်တဲ့ ဘီလူးကြီးရဲ့ ခေါင်းဆီကို ဒူးနဲ့ ပြေးတိုက်လိုက်လေတယ်။ ဘီလူးကြီးက အလန့်တကြားနဲ့ အနောက်ကို ဆုတ်လေတော့ တပေါင်းရဲ့ ဒူးတိုက်ချက်က လေကိုသာ တိုက်မိသွားခဲ့လေတယ်။ တပေါင်း ဟန်ချက်ပြန်ထိန်းနေတုန်းမှာပဲ တစ်ဖက်က ဘီလူးကြီးက နေရာကနေ လူးလဲထပြီး တစ်ဖက်ခြမ်းက အမှောင်ထုထဲဆီကို ဝင်ပြေးလေတယ်။ တပေါင်းလည်း အနောက်ကနေ ဆက်မလိုက်တော့ပဲ နေလိုက်ချိန် အနားဆီမှာ ကျတ်တွေက လက်ခုပ်လက်ဝါးတွေ တီးပြီး ဝိုင်းအုံရောက်ရှိလာကြတယ်။ " တော်လိုက်တာ။ ဘီလူးကြီး ထွက်ပြေးသွားပြီ...'' " ဒီက သူရဲကောင်းက အလွန်တော်တယ်ဟေ့...'' ချီးကျုးသံတို့က အများအပြားပဲ ထွက်ပေါ်လာလေတယ်။ " ငါတို့ ဒီသူရဲကောင်းကို ကျေးဇူးဆပ်ရမယ်ဟေ့...'' ကျတ်တွေက တစ်ခဲနက် ပြောကြပြန်လေတော့ တပေါင်းလည်း လက်ကာလိုက်ပြီး...။ " ရပါတယ်ဗျာ...ကျုပ်က ကူညီသင့်လို့ ကူညီတာပဲ...'' ဒီအခါ ကျတ်တို့အထဲက တစ်ယောက်က ထွက်လာခဲ့ပြီး...။ " မဟုတ်တာပဲဗျာ။ ဒီဘီလူးက ဟိုဘက်တောက ထိန်ပင်ကြီးမှာ နေတာဗျ။ သူက အဲ့ဒီ့ကနေ ကျုပ်တို့ပွဲခင်းလုပ်တိုင်း အမြဲလို ဒုက္ခလာပေးနေကျပဲ။ သူ့ကြောင့် ကျုပ်တို့တွေ သေကြရတာလည်း မနည်းဘူး။ အခု ဒီက သူရဲကောင်းကြောင့်သာ ကျုပ်တို့ အခုလို ဆက်ရှိနေနိုင်တာဗျ...'' " ဟုတ်တယ်ဗျာ။ ကျုပ်တို့အပေါ် ကျေးဇူးရှိတဲ့ သူရဲကောင်းအပေါ် ကျေးဇူးဆပ်ပါရစေ။ သူရဲကောင်း လိုအပ်မယ့် အရာကို ပြောပါဗျာ။ ကျုပ်တို့ ရှာဖွေပေးပါ့မယ်...'' ကျတ်တွေ​က ဝိုင်းဝန်းပြီး ထပ်ပြောပြန်တော့ တပေါင်းလည်း မငြင်းဆန်လိုတော့ဘူး။ ဒါကြောင့် သူသောက်ချင်လွန်းပြီး အရှာရခက်နေတဲ့ အရက်ကို တောင်းဆိုဖို့ စိတ်ကူးမိလိုက်လေတယ်။ " ကျုပ် အရက်သောက်ချင်တယ်ဗျာ...'' တပေါင်း နှုတ်ကနေ ထုတ်ဖော်ပြောလိုက်တယ်။ ဒိအခါမှာတော့ ကျတ်တွေက ရုတ်ရုတ်သည်းသည်းဖြစ်ကုန်ကြပြီး...။ "သူရဲကောင်းက အရက်သောက်ချင်တယ်တဲ့ဟေ့။ အမြန်ဆုံး ရှာပေးကြ။ အကောင်းဆုံးဆိုတဲ့ အရက်တွေကို အမြန်ဆုံးသာ ရှာပေးကြ...'' တပေါင်းနဲ့ ရင်ဆိုင်စကားပြောသူဆီက အသံကျယ်ကျယ်နဲ့ ဟစ်ပြောသံအဆုံး ကျတ်တွေအများကြီးကြားထဲက ကမ္မဇိဒ္ဓိမြင့်မားရာ ကျတ်တို့က နေရာကနေ အလျိုလျို ပြေးထွက်ကုန်ကြလေတော့တယ်။ ***** တပေါင်းရဲ့ အရှေ့ဆီက စားပွဲကြီးဆီမှာ အရက်တွေ အများအပြားရှိနေလေတယ်။ ဒီအပြင် အမြည်းတွေကလည် မနည်းမနောပါပဲ။ " ဒါတွေအားလုံးက အစစ်အမှန်တွေလား။ နင်တို့ ဖန်တီးထားတာလား။ တကယ်လို့ ပါခဲ့တယ်ဆိုရင်လည်း ပြန်ထုတ်ယူသွားပါ...'' ကျတ်တို့ကို ဦးဆောင်သူ တပေါင်းနဲ့ အမေးအဖြေပြုပြီး အဆင်ပြေနေတဲ့ ဝီရဆိုသူက ယူဆောင်လာသူ ကျတ်တို့ကို မေးလိုက်လေတယ်။ " ဒီအထဲမှာ ဖန်တီးထားတာ တစ်ခုမှ မပါပါဘူး။ လူတို့အရပ်က သွားယူလာခဲ့တာချည်းပါပဲ...'' " စိတ်ချပါ မပါပါဘူး...'' စိတ်ချရလောက်တဲ့ အဖြေကို ရပါမှ ကျတ်ခေါင်းဆောင်ဝီရက အရက်တို့ကို တပေါင်းဆီ တိုးပေးပြီး သောက်သုံးစေလေတယ်။ တပေါင်းလည်း အရက်တို့ကို မြည်းစမ်းသောက်သုံးလိုက်လေတယ်။ ပြီးတော့ အမြည်းတို့ကို စားတယ်။ အတော်လေးစားပြီးလေတော့ တပေါင်းအနေနဲ့ အနည်းငယ် ထွေရီလာရတယ်။ " နေဦး ကိုဝီရ။ ကျုပ်မှာ ကိုယ်ပွားနှစ်ခု ရှိသေးတယ်။ သူတို့ကိုလည်း ဒါတွေ တိုက်လိုသေးတယ်...'' " ဟာ...ရတာပေါ့ဗျာ။ လုပ်...လုပ် သူရဲကောင်းအဆင်ပြေသလို လုပ်ပါ...'' တပေါင်းလည်း စိတ္တနဲ့ ကာယကို ခေါ်ထုတ်လိုက်လေတယ်။ " ကဲ...ငါ့ညီနောင်တို့ သောက်ကြ။ စားကြ...'' တပေါင်းက ခွင့်ပြုလေတော့ စိတ္တနဲ့ ကာယတို့လည်း အရက်နဲ့ အမြည်းတို့ကို သုံးဆောင်ကြပါတော့တယ်။ ဝီရဦးဆောင်တဲ့ ကျတ်တွေကတော့ တ​ပေါင်းနဲ့ ကိုယ်ပွားနှစ်ခုတို့ အရက်သောက်သုံးနေတာကို ကြည့်ပြီး ကျေနပ်နေကြပါတယ်။ " သောက်ကြဗျာ...စားကြ...စားကြ...'' အချိန်အတော်လေးကြာလာတော့ အရှေ့အရပ်ဆီမှာ အာရုံက ကျင်းလုလေပြီ။ ဝီရနဲ့ ကျတ်တွေကလည်း အလင်းရောင်လာတော့မှာမို့ ပြန်ကြရတော့မှာဖြစ်သလို တပေါင်းတို့လည်းပဲ ရေချိန်က အတော်ကိုက်ကြလေပြီ။ " မိတ်ဆွေကြီး မဟာပုဏ္ဏက။ အခုလို ရောက်လာပြီး ကျုပ်တို့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်...'' " အို...မလိုပါဘူးဗျာ...'' " ဟုတ်တယ် မလိုဘူး...'' တပေါင်းက ပြောတော့ စိတ္တကလည်း ဝင်ပြောလေတယ်။ " ပြီးတော့...'' အသံက နှစ်ယောက်အတူ အပြိုင်ထွက်လာတဲ့အတွက် စိတ္တနဲ့ တပေါင်းတို့ ဆထွရီနေတဲ့ကြားက တစ်ယောက်ကို တစ်ယောက် ကြည့်မိကြလေတယ်။ " ကျုပ်တို့ ထိန်ပင်ကကောင် နောက်မလုပ်ရဲအောင် အဲ့အထိ လိုက်ပြီး ဆုံးမပေးဦးမယ်...''
463