cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

NagarrNi people defence force (YSO)

မိမိတို့နဂါးနီပြောက်ကျားတပ်မှ ပြည်သူမိဘများအားကြိုတင်သတိပေးသည်အနေဖြင့် သတင်းများလည်းတင်ဆတ်မည်....🙏🙏

Більше
Рекламні дописи
585
Підписники
Немає даних24 години
+127 днів
+3930 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

၂ဝ၂၄ခုနှစ်၊ မေလ ၂၄ရက်တွင် မုန်တိုင်းငယ်ဖြစ်လာပါက ရွေ့လျားနိုင်သောခန့်မှန်းလမ်းကြောင်း (သုံးသပ်တင်ပြချက်) ◾ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း တမီးလ်နာဒူးကမ်းခြေ အနီးတွင် မေလ (၂၃)ရက်နေ့က ဖြစ်ပေါ်လာသော လေဖိအားနည်းရပ်ဝန်းသည် ယနေ့ မေလ (၂၄)ရက်နေ့တွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ပါသည်။ ◾ပုံတွင်ဖော်ပြထားသည့်သင်္ချာပုံစံခန့်မှန်းချက် လမ်းကြောင်းအတိုင်းရွေ့လျားမည်ဆိုပါက- ၁။ နိုင်ငံတကာမိုးလေဝသဌာနများ၏ လမ်းကြောင်း ခန့်မှန်းချက်များမှာ တစ်ခုနှင့်တစ်ခုများစွာ မကွာခြားကြသဖြင့် အဖြစ်နိုင်ဆုံး လမ်းကြောင်းမှာ မြန်မာ-ဘင်္ဂလားဒေရှ် နယ်စပ်ဝန်းကျင်သို့ ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။ ‎ ၂။ မေ (၂၄)ရက် ညနေမှစ၍ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ မှ ၆၀ ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ ရေလှိုင်းအမြင့် မှာ ၈ ပေမှ ၁၀ ပေခန့် အထိမြင့်တက်နိုင်ပါသည်။ ၃။ မုန်တိုင်းငယ်သည် မေလ (၂၅)ရက်နေ့ တွင် ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်း မုန်တိုင်း အဆင့်သို့ရောက်ရှိလာကာ ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ (စစ်တွေနှင့် မောင်တောတို့ရှိ ကမ်းရိုးတန်းနေပြည်သူများ မုန်တိုင်းဒီရေကို အထူး သတိပြုသင့်ပါသည်။) မုန်တိုင်းဒီရေအမြင့်မှာ မုန်တိုင်းဗဟိုချက် လေဖိအား၊ မုန်တိုင်း၏ လေတိုက်နှုန်း၊ မုန်တိုင်းကမ်းကို ဖြတ်ကျော်သော ဦးတည်ဒေါင့်ချိုးတို့ ပေါ်မူတည်၍ ရခိုင်ကမ်းရိုးတန်းတွင် ၁၄ ပေမှ ၁၆ ပေခန့်အထိ မြင့်တက်နိုင်ပါသည်။ ၄။ ကမ်းဖြတ်ကျော်စဉ် မုန်တိုင်းဗဟိုချက် လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၂၀ ကီလို မှ ၁၃၀ ကီလိုမီတာ) မိုင်အားဖြင့် ၇၅ မိုင်မှ ၈ဝ မိုင်ခန့် တိုက်ခတ်နိုင်ပါသည်။ ၅။ မေလ (၂၈)ရက်နေ့တွင် မုန်တိုင်းကုန်းတွင်းသို့ဝင်ရောက် ပျက်ပြယ်သွားနိုင်ပါသည်။ (ပြောင်လဲမှုများရှိပါက သတင်း ထပ်မံထုတ် ပြန်ပေးသွားမည်ဖြစ်ပါသည်။) 📌 ပြောင်လဲမှုများရှိပါက သတင်းထပ်မံ ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။ 🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️ #မိုးလေဝသသတင်း #WeatherForecast #MOHADM
Показати все...
👍 3
ရေစကြိုမြို့ပေါ်တွင် အငြိမ်းစား ဆရာ၊ ဆရာမကြီး ဇနီးမောင်နှံ နှစ်ဦး ဓားဖြင့်လှီးဖြတ်ခုတ်ထစ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခံရ ရေစကြို၊ မေ ၁၉ ယမန်နေ့ မေလ (၁၈) ရက်နေ့ ညက ရေစကြို၊ အမှတ် ၇ ရပ်ကွက်၊ စာတိုက်ရုံးတောင်ဘက်တွင်နေထိုင်သော အငြိမ်းစား ကျောင်းဆရာကြီး ဦးအောင်ခင် (၇၀ နှစ်) နှင့် ဇနီး အငြိမ်းစား ဆရာမကြီး ဒေါ်ကြည်တင့် (၆၆ နှစ်) တို့ ဇနီးမောင်နှံနှစ်ဦးကို လူတစ်စုက နေအိမ်ဝင်ရောက်ပြီး ဓါးဖြင့် ရက်ရက်စက်စက် ထိုးခုတ် သတ်ဖြတ်သွားကြောင်း၊ နေအိမ်ကိုလည်း မွှေနှောက်သွားကြောင်း သိရှိရပါသည်။ "ဆရာကြီးတို့ လင်မယားနှစ်ဦး အသတ်ခံရတာပါ၊ သူတို့က အေးအေးနေတဲ့သူတွေ ဘယ်အဖွဲ့တွေ ဘာတွေနဲ့မှ လည်းပါတ်သက်တာတွေ မရှိပါဘူး၊ သူတို့ နှစ်ဦးတည်း နေကြတာ၊ သားသမီးတွေအက အခြားမှာ၊ ကလေးတွေကို စာသင်ပေးတယ်၊ တစ်မြို့လုံးက လေးစားချစ်ခင်ကြတဲ့ ဆရာကြီး၊ ဆရာမကြီးတွေပါ၊ စာသင်တဲ့ကလေးတွေ မနက် သူတို့အိမ်ရောက်လို့ တံခါးတွေ ပိတ်ထားလို့ ခေါ်မရလို့ ဝင်ကြည့်မှ သတ်ဖြတ်ခံထားရတာကိုတွေတာ၊ လည်ပင်းတွေ ရင်ဘတ်တွေ ဓားနဲ့လှီးဖြတ်ထားတာ၊ နောက်ကျောကို လည်းဓါးနဲ့ ခြောက်ချက်လောက်ထိုးသတ်ထားကြတယ်၊ ရက်ရက်စက်စက် သတ်ထားခဲ့ကြတာ၊ ဘယ်သူတွေလက်ချက်ဆိုတာ အတိအကျ ပြောဘို့ခက်ပေမဲ့ ခွေးတွေ သတ်တာလို့ပဲ ပြောရမယ် ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော မနေ့ညက အဲဒီအမှတ် ၇ ရပ်ကွက်မှာ သူတို့ မူးရူးပြီး သေနတ်တွေ ဖောက်နေကြတာ၊ နောက်ပြီး ရုံးပေါင်းစုံထဲပြန်ရောက်တော့ သီချင်းတွေဖွင့်ပြီး မူးရူးနေကြတာ၊ ပြောရမယ်ဆိုရင် အဲဒီခွေးတွေ အများစုက ဆေးသမားတွေများတယ်၊ နောက်ပြီးအတော်လေးကို ယုတ်ယုတ်မာမာနဲ့ လူမဆန်တဲ့ အောက်တန်းကျတဲ့အလုပ်တွေ အမြဲလုပ်လေ့ရှိတယ်၊ နောက်ပြီး အရင်လွန်ခဲ့တဲ့ တစ်ရက်က ခွေးတွေ အဲဒီအိမ်ကို ဝင်ပြီး မွှေနှောက်ရှာဖွေ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ဘူးတယ်" ဟု မြို့ခံပြည်သူတစ်ဦးက ပြောပါသည်။ ရေစကြိုမြို့ပေါ်တွင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး ထင်ရာစိုင်းကာ ပြည်သူအပေါ် အနိုင်ကျင့် ယုတ်မာနေကြသော စခ၊ ပခများကြောင့် မြို့ခံပြည်သူများ နေ့စဉ်နှင့် အမျှ စိုးရိမ်သောက ရောက်နေကြကြောင်း သိရှိရပါသည်။
Показати все...
👍 3🤔 3
Фото недоступнеДивитись в Telegram
စိတ်ကျန်းမာရေးချို့တဲ့သူ လူငယ်တစ်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ် ရေစကြို၊ မေ ၁၄၊ ၂၀၂၄ ရေစကြိုမြို့၊ အမှတ်၁၊  နဂါးရုံးရပ်နေ စိတ်ကျန်းမာရေးမကောင်းသည့် မောင်ဖြိုးသက်ကျော်  (၂၆ နှစ်) ကို ရုံးပေါင်းစုံတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီ ဝန်းကျင်အချိန်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။ "သူက သူမိသားစု မနက်စာစားဘို့ ပဲပြုတ်သွားဝယ်တာ၊ ကျန်းမာရေးလည်း သိပ်ကောင်းတဲ့သူမဟုတ်ဘူး၊ အဲဒါကို ခွေးတွေက အကြောင်းမဲ့ ပစ်သတ်တာ၊ ဆီးခုံ မှန်ပြီးသေဆုံးသွားတယ်၊ အရင် ၂ ရက်‌ လောက်ကလဲ ဒီလိုပဲ စိတ်မူမမှန်တဲ့ သူတစ်ဦး ခွေးတွေက ပစ်တာ၊ ခြေတောက်မှန်ပြီး ပခုက္ကူ ဆေးရုံကြီးမှာ အရေးပေါ်ကုနေရတယ်" ဟု ဒေသခံတစ်ဦးက ပြောပါသည်။
Показати все...
👍 4😢 4
ရေစကြို 13.5.24 - 8:00 an သင်္ချိုင်းရှာနေသော မအလ ခွေးများ ကိုင်းမကြီးရွာ ဝင်ရောက် မွှေနှောက်နေကြောင်း သိရပါသည်။ (ပြည်သူမျာ ဘေးရန် ခွေးရန် အမြန်ဆုံး ကင်းဝေးကြပါစေ)
Показати все...
👍 6🙏 1
ရေစကြိုမြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ရွာများမှ လူငယ်များကို မအလ စခများ အကြောင်းမဲ့ လိုက်လံဖမ်းဆီးနေ ရေစကြို၊ မေ ၁၂၊ ၂၀၂၄ မေလ (၁၁) ရက်နေ့ည (၉) နာရီခွဲ ဝန်းကျင်အချိန် အင်အား၂၀ ပါ မအလ စခများ ရေစကြိုမြို့၊ အမှတ် ၃၊ ကုလားတန်ရှိ နေအိမ်အချို့ကို မွှေနှောက်ရှာဖွေပြီး လူငယ် ၅ ဦးကို ဖမ်းဆီး‌ခေါ်ဆောင်သွား‌ကြောင်း၊ ထိုနေ့ ညပိုင်း ပေကုန်းရွာအတွင်း နေအိမ်အချို့နှင့် ရွာအဝင်ဇရပ်အနီးရှိ နေအိမ်၊ လက်ဖက်ရည်ဆိုင်တို့မှ လူငယ် ၂၀ ခန့်ကို ဖမ်းဆီးသွားပြီး မိသားစုနှင့် အဆက်အသွယ်မရကြောင်း သိရှိရပါသည်။ ယနေ့ နံနက် ၃ နာရီ ဝန်းကျင်အချိန်တွင်လည်း မအလ ‌စခများ ရေစကြိုမြို့ပေါ်ရပ်ကွက်များမှ လူငယ် ၁၅ ဦး ဝန်းကျင်ဖမ်းဆီးခေါ်ဆောင်သွားပြီး အချို့ကိုပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကိုယခုအချိန်ထိဖမ်းဆီးထားပြီး မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း၊ ယခင်က ပြန်လွှတ်ပေးသူများပါ ထမ်မံဖမ်းဆီးသွားခဲ့ကြောင်း သိရှိပါသည်။
Показати все...
👍 6
ရေစကြိုမြို့နယ်၊ ဟင်္သာရွာ ပျူခေါင်းဆောင် အောင်နိုင်မိုးက စစ်မှုထမ်းဥပဒေ အကြောင်းပြကာ အနီးဝန်းကျင် ရွာအချို့ကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၅၀၀၀ တောင်းခံနေကြောင်း သိရှိရပါသည်။ ရေစကြို၊ မေ ၁၁
Показати все...
👏 3🔥 1🤬 1
ရေစကြို 10.5.24 ယမန်နေ့ 9.5.24 ရက်နေ့ နံနက် 6:00 am တွင် ပခန်းငယ်အုပ်စု၊ ချစ်သူရွာကို စခနှင့်ပျူ 60 ခန့် ရောက်လာပြီး တွေ့သမျှ ရွာသူ/သားများကို ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး pdf နှင့်ပါတ်မှုရှိမရှိ စစ်ဆေး၊ ဖုန်းများကိုလည်းစစ်ဆေးပြီး ဖုန်းအကောင်းများကို သိမ်းယူ၊ နေအိမ်များကို မွှေနှောက်ပြီး ရွှေ၊ ငွေများလည်း ယူဆောင်သွား၊ ညနေပိုင်း 6:00 pm ရွာမှပြန်ထွက်သွားပြီး ရေစကြိုမြို့ပေါ်ဝင်ရောက်။
Показати все...
👍 2🤬 2
ရေစကြို 7.5.24 - 10:30 pm ရေစကြိုမြို့ပေါ်ရှိ မအလ စခများ နေ့ခင်းပိုင်းတွင် လှုပ်ရှားမှုတစ်စုံတစ်ရာ မတွေ့ရှိရဘဲ ညပိုင်းတွင် အထက စိတ္တသုခနှင့် မစီုးရိမ်ကျောင်းတိုက်အတွင်းတွင်  ကင်းပုန်းများချထားပြီး ထိုနေရာ အနီးတဝိုက်တွင် လှုပ်ရှားမှုများရှိကြောင်း၊ အထူးသဖြင့် ရုံးပေါင်းစုံ အနောက်ဘက်ပေါက်နှင့် အထကစိတ္တသုခကျောင်းတို့မှ လမ်းကျဉ်းကလေးသာ ခြားပြီး အရေးကြောင်းရှိလျှင် ကျောင်းကိုအကာကွယ်ပြီး အနောက်လမ်းမကြီးပေါ် ထွက်ပေါက်အဖြစ်ပြုလုပ်ထားကြောင်း သိရှိရပါသည်။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ လာရောက်တိုက်ခိုက်လျှင် ထွက်ပြေးရန် ဖြတ်လမ်းအဖြစ် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အသုံးပြုထားကြောင်း၊ ၎င်းတို့၏ လှုပ်ရှားမှုများ သတင်းမပေါက်ကြားရန် အနီးဝန်းကျင်ရှိ ဈေးဆိုင်များကိုလည်း ခြိမ်းခြောက်ဖယ်ရှားထားကြောင်း သိရှိရပါသည်။
Показати все...
👍 3
Фото недоступнеДивитись в Telegram
ဟယ်လို ယမကာလုလင် အပေါင်းတို့ တစ်ဖန် ပြန်လည် ဘွိုင်းကော့ဖို့ အချိန်ရောက်ရှိလာပါပြီ။ ပြည်သူတွေအနေနဲ့ အာဏာရှင်ကို ဘယ်လောက်မုန်းတီးကြောင်း၊ အာဏာရှင်ထုတ်ကုန်မှန်သမျှ ဘယ်လိုသပိတ်မှောက်ကြောင်း ၂၀၂၁ အကြမ်းဖက်စစ်အုပ်စု အာဏာလုယူပြီးနောက် သိသာထင်ရှားစွာ ပြသခဲ့ပြီးဖြစ်ပါတယ်။ မြန်မာပြည်မှာ အကောင်းဆုံးလို့ တင်စားထားကြတဲ့ မြန်မာဘီယာကို ပြည်သူတွေ တစိုက်မတ်မတ် ဘူးသပိတ်လုပ် သပိတ်မှောက်ခဲ့ကြတာ အားလုံး မှတ်မိကြမယ်ထင်ပါတယ်။ အခုလည်း မြန်မာဘီယာက ၎င်းတို့ရောင်းအား ထိုးကျနေချိန်မှာ စစ်အုပ်စုရဲ့ ထုံးစံအတိုင်း နာမည်ချိန်းပြီး Keen ဘီယာ နာမည်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီတော့ အာဏာရှင်စနစ်ကို တွန်းလှန်နေကြတဲ့ ယမကာလုလင်တွေအနေနဲ့ ပြည်သူတွေရဲ့ အသက်သွေးတွေ ပျော်ဝင်နေတဲ့ Keen ဘီယာကို ကန်ထုတ်လိုက်ကြဖို့ (Boycott ကြဖို့) လိုအပ်ပါတယ်။ စစ်အုပ်စုအနေနဲ့ ပြည်သူတွေကို ဘယ်လိုပင် လှည့်စားလှည့်စား လုံးဝ မရဘူးဆိုတာ ပြသကြရအောင်ပါ။ စစ်အာဏာရှင်အမြစ်ပြတ်ဖို့ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့ ✊✊✊ #Boycott #KeenBeer #MyanmarBeer #BloodMoneyCampaignMM #နဂါးနီပြောက်ကျားတပ်ဖွဲ့ #အရေးတော်ပုံအောင်ကိုအောင်ရမည်
Показати все...
👍 8
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.