uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

Let's Answer

Let's Answer

Відкрити в Telegram

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Показати більше

📈 Аналітичний огляд Telegram-каналу Let's Answer

Канал Let's Answer (@letsanswerch) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 10 930 підписників, посідаючи 18 450 місце в категорії Освіта та 10 546 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 930 підписників.

За останніми даними від 21 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -213, а за останні 24 години на -8, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 10.72%. Протягом перших 24 годин після публікації контент зазвичай збирає N/A% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 172 переглядів. Протягом першої доби публікація в середньому набирає 0 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 25.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️”

Завдяки високій частоті оновлень (останні дані отримано 22 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Освіта.

10 930
Підписники
-824 години
-597 днів
-21330 днів
Архів дописів
Mobile legend ရဲ့ တတိယထုတ်ခဲ့တဲ့ hero ?
Anonymous voting
07 вер 2023, 07:13

မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ခုနှစ် #Ronnie
Anonymous voting
07 вер 2023, 07:07

အဝတ်စုတ်နဲ့ကောင်လေး ချမ်းသာတဲ့ ဖခင်ဟာ သားဖြစ်သူကို ခေါ်ပြီး နာမည်ကြီး တံဆိပ် တွေရောင်းတဲ့ ရှော့ပင်းမောလ်မှာ ဈေးဝယ်ထွက်ကြတယ်။  သူတို့ကားဆီအပြန်လမ်းမှာ အဝတ်စုတ်ဝတ်ထားတဲ့ ဆင်းရဲသားလေးက သူတို့အနားကို ချဉ်းကပ်လာတယ်။ ဆင်းရဲသားလေးက ငိုနေတယ်။ "ကျေးဇူးပြုပြီး ကူညီပါ ဆရာ။ ကျွန်တော့်မှာဝတ်စရာအဝတ်အစားမရှိတော့ဘူး" ချမ်းသာတဲ့ အဖေက ဆင်းရဲသားလေးကို တချက်ကြည့်ရင်း သနားဂရုဏာသက်သွားတယ်။ဆင်းရဲ့သားရဲ့အဝတ်အစားတွေက စုတ်ပြဲပြီး မွစာကြဲနေတယ်။ "သားလေး အသက်ဘယ်လောက်ရှိပြီလဲ" “သားအသက်က ဆယ်နှစ်ပါဆရာ” အဲဒီအခါ သူဌေးအဖေကပြောတယ်။ "အင်း၊ ဦးရဲ့သားက လည်း ဆယ်နှစ်ပဲရှိသေးတယ်၊ သူ့အဝတ်အစားအသစ်က လူလေးနဲ့ တော်မယ်လို့ ထင်တယ်" အဖေဖြစ်သူက သူနဲ့ရုပ်ချင်းဆင်တဲ့ ချောမောလှပတဲ့သားလေးကို ကြည့်လိုက်တယ်။ "သား၊ အဖေတို့ဝယ်ထားတဲ့အဝတ်အစားအသစ်တွေထဲက တချို့ပေးလိုက်လို့ ရမလား။ မနက်ဖြန်မှာ ထပ်ဝယ်လို့ရပါသေးတယ်" ကောင်လေးက တိုးတိုးလေး ပြောတယ်။ "ပေးလိုက်ပါ အဖေ". ချမ်းသာတဲ့ဖခင်ဟာ အိတ်ကိုဖွင့်ပြီး အဝတ်အစား တချို့ယူကာ ဆင်းရဲသားကိုပေးလိုက်တယ်။ ဆင်းရဲသားလေးဟာ စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့တယ်။ သူဌေးက မေးတယ်။ "သားဘယ်မှာနေလဲ ပြောလို့ရမလား" ဆင်းရဲသားလေးက ခေါင်းညိတ်တယ်။ "ကျွန်တော်က ဒီတံတားအောက်က လမ်းဘေးမှာနေတာ" ဆင်းရဲသားလေးဟာ လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ဖော်ပြပြီး ဖခင်နဲ့သားဖြစ်သူ ကားထဲဝင်၊ ကားမောင်းထွက်သွားတာကို ကြည့်ရှုနေခဲ့တယ်။ သုံးလအကြာမှာ ချမ်းသာတဲ့ဖခင်ဟာ လမ်းပေါ်ကို ကားမောင်းလာပြီး တံတားအောက်မှာ နေတဲ့ ဆင်းရဲသားလေးကို လိုက်ရှာခဲ့ပါတယ်။ ဆင်းရဲသားလေးကို တွေ့တော့ ကားပေါ်ခေါ်သွားပြီး အဝတ်ဘူးတွေ၊ ဖိနပ်တွေ၊ အိတ်တွေ၊ အရုပ်တွေ ထုတ်ယူပေးတယ်။ "ဒါတွေက ဦးသားရဲ့ ပစ္စည်းတွေပါ။အခု  ဒါတွေအကုန် လူလေးကို  ပေးမယ်" သနားစရာကောင်းတဲ့ ကောင်လေးက အံ့သြပြီး ငိုချလိုက်တယ်။ "ဒါပေမဲ့ ဆရာရဲ့သားကကော၊ ဒါတွေ မလိုအပ်တော့ဘူးလား" “မလိုတော့ဘူးသား။ ဘာဖြစ်လို့လဲဆိုတော့ သူက အခု ကောင်းကင်ဘုံရောက်သွားပြီ။ ဦးရဲ့ ချစ်စရာ သားလေးငယ်က လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်။သားလေးက ကင်ဆာရောဂါနဲ့ သုံးနှစ်ကြာနေထိုင်ခဲ့တယ်။ သေတော့မယ်ဆိုတာ ဦးတို့အားလုံး သိခဲ့ပြီးသားမို့ သားလေးရဲဲ့ နောက်ဆုံးနေ့ရက်တွေမှာ သိပ်ခံစားရခက်တယ်" သားလေး ဘဝကူးခဲ့တဲ့ အိပ်ယာပေါ်မှာ သားက ဘာ ပြောခဲ့တယ်ထင်လဲ။ "ဖေဖေ သား သေသွားရင် သားပစ္စည်းအားလုံးကို ကုန်တိုက်အပြင်မှာ တွေ့ခဲ့တဲ့ ဆင်းရဲသားကောင်လေးကို ပေးနိုင်မလား၊ ဘာမှမရှိတဲ့ ကောင်လေးက အဝတ်စုတ်ဝတ်ပြီး တံတားအောက်မှာ အိပ်နေရရှာတယ်" သူဌေးက ပြောရင်း မျက်ရည်ကျလာတယ်။ "လူလေး ။သားက ဆင်းရဲပေမယ့် ငွေနဲ့ ဝယ်လို့မရတဲ့ အရာတခုကို ပိုင်ဆိုင်ရတာ ဘယ်လောက်ကံကောင်းလဲဆိုတာ သား မသိနိုင်ဘူး။ ငွေနဲ့သာ ဝယ်ရရင် ဦးရဲ့ သားအတွက် အသက်တရာလောက် ဝယ်ပေးခဲ့နိုင်ပေမယ့် ဝယ်မရနိုင်ဘူး။လူလေးက ဦးသားရဲ့ ဘဝနေထိုင်မှုပုံစံကို အားကျခဲ့လိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ရုန်းကန်မှုတွေနဲ့ ကျန်းမာရေးစိန်ခေါ်မှုတွေအားလုံးကို လူလေးမသိခဲ့တာ သေချာပါတယ်။" ** ဘဝဆိုတာ ဒီလိုပါပဲ။ ကျွန်တော်တို့ရဲ့ ဘဝကို တခြားလူတွေနဲ့ နှိုင်းယှဉ်လေ့ရှိကြတယ်။ ၊ ဘဝတိုင်းက ပြီးပြည့်စုံမှုမရရှိတာကို မေ့လျော့နေတတ်ကြတယ်။ လူတိုင်းမှာ လောကဓံ၈ပါး တွေ့ကြုံနေရပြီး ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းရလေ့ရှိပါတယ်။ အဲဒီတော့ သူများတွေကို အားကျနေမယ့်အစား ကိုယ့်ဘဝကိုယ် သိ ကိုယ့်လမ်းကိုယ် ဖောက်ဖို့ပဲ အာရုံစိုက်သင့်ပါတယ်။ ဘဝရှိနေသရွေ့ မျှော်လင့်ချက်ဆိုတာရှိသလို ကြိုးစားခွင့်ရှိပါတယ်။ #water #credit_ဟမ်စိုင်း #forward_only
07 вер 2023, 04:30

နံနက်စာမစားတာ ဘယ်လောက်ကြောက်စရာကောင်းလဲ ?                     နံနက်စာက နေ့တစ်နေ့အတွက် အရေးအကြီးဆုံးဖြစ်ပြီး နေ့လည်စာနဲ့ ညစာထက်တောင် ပိုအရေးကြီးပါတယ်။ နံနက်စာမစားတာ လနဲ့ချီ၊ နှစ်နဲ့ချီ ဖြစ်လာတဲ့အခါ အန္တရာယ်တွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။ ဘယ်လိုတွေလဲဆိုတာဖတ်ကြည့်ပါနော် ____ 1. စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်။ ဒါကပထမဆုံးတစ်ချက်ပါ နံနက်စာမစားတဲ့အခါ သွေ.တွင်းသကြားဓာတ်နည်းလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်လာစေနိုင်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ စိတ်ခြောက်ခြားလာတာမျိုး၊ အလိုလို ဝမ်းနည်းလာတတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာနိုင်ပါတယ်။ ____ 2. လူမှုဆက်ဆံရေး အားနည်းလာမယ်။ အရမ်းသိသာပါတယ်ဒါက ဒါကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကနေ ထပ်ဆင့်ဖြစ်လာတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ တက်ကြွမှုတွေ ပျောက်ဆုံးပြီး စိတ်ဖိစီးမှုများနေတဲ့သူဟာ လူမှုဆက်ဆံရေးပိုင်းမှာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ လက်ရှိ ခင်မင်ရင်းနှီးရသူတွေနဲ့လည်း ပြဿနာတွေ များလာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဝင်ဆံ့တော့မှာ မဟုတ်ပါဘူး။ ____ 3. ဦးနှောက်ကျန်းမာရေး ထိခိုက်လာမယ်။ နံနက်စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်း လျော့နည်းလာပါလိမ့်မယ်။ ____ 4. ဆံပင်ကျွတ်နိုင်တယ်။ နံနက်စာမစားတဲ့အခါ protein ကို ပြည့်ဝစွာမရရှိနိုင်ပါဘူး။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin လည်း မရရှိတော့ပါဘူး။ ဒါကြောင့် ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆံပင်ပြန်ပေါက်ဖို့လည်း ခက်ခဲလာနိုင်ပါတယ်။ ____ 5. Gym ဆော့ပေမယ့် အကျိုးမရှိတော့ဘူး။ ကစားထားတာအကုနိအလကားပါဘဲ... နံနက်စာစားတဲ့အခါ မာဆယ်တွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကို စားပေးရပါတယ်။ မစားဘူးဆိုရင်တော့ gym ဘယ်လောက်ဆော့ဆော့ ခန္ဓာကိုယ်ဟာ ကိုယ်မျှော်လင့်ထားသလို ပုံပန်းကျ လှပနိုင်မှာ မဟုတ်ပါဘူး။ ____ 6. ဝမ်းဗိုက်အဆီတွေ ဖြစ်လာမယ်။ နံနက်စာရှောင်တဲ့သူတွေဟာ နေ့လည်စာနဲ့ ညစာကို ပိုစားတတ်ကြပါတယ်။ တကယ်တော့ နံနက်စာဟာ ဘယ်လောက်အများကြီးစားစား ဝမ်းဗိုက်အဆီကို ဖြစ်မလာစေပါဘူး။ နေ့လည်စာနဲ့ ညစာကတော့ စားရင်စားသလို အဆီတက်စေပါတယ်။ တကယ်လို့ ဝိတ်ချမယ်လို့ စိတ်ကူးထားတယ်ဆိုရင် နေ့လည်စာနဲ့ ညစာကို လျော့စားပြီး နံနက်စာကို အဝ စားပေးသင့်ပါတယ်။ ____ 7. နှလုံးရောဂါ ဖြစ်လာမယ်။ နံနက်စာမစားတဲ့သူဟာ တဖြည်းဖြည်းနဲ့ နှလုံးအားနည်းလာပါတယ်။ ကြာလာတဲ့အခါ silent killr လို့ တင်စားတဲ့ နှလုံးရောဂါ ဖြစ်လာမှာပါ။ နှလုံးရောဂါဟာ ရုတ်တရက်အသက်ရှူရပ်ပြီး အသက်ဆုံးစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ဖြစ်ပြီးသွားရင်လည်း အရှင်းမပျောက်တော့တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ____ 8. ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ်။ နံနက်စာမစားတဲ့သူတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ချေများတယ်လို့ ဆရာဝန်တွေက ထောက်ပြထားပါတယ်။ အင်ဆူလင် လုံလုံလောက်လောက်မထွက်တာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။ ____ 9. ခေါင်းကိုက်ဝေဒနာ ဖြစ်လာမယ်။ နံနက်စာမစားတဲ့အတွက် သွေ.တွင်းသကြားဓာတ်နည်းလာတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးကို ထုတ်ပါတယ်။ အဲ့ဒီဟော်မုန်းကြောင့် သွေးဖိအားမြင့်တက်လာပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောအားနည်းတဲ့သူဆိုရင် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ____ 10. အသက် ၄၀ လောက်နဲ့ အားအင်ချိနဲ့လာမယ်။ နံနက်စာမစားတဲ့သူဟာ ပုံမှန်လူတွေထက် ကျန်းမာသန်စွမ်းမှုနဲ့ လျင်မြန်သွက်လက်မှုတွေ မြန်မြန် ကျဆင်းနိုင်ပါတယ်။ အသက်ကြီးလေ သိသာလေ ဖြစ်လာမှာပါ။ သူများအသက် ၄၀ ဆို သန်မြန်နေဆဲပေမယ့် နံနက်စာမစားတဲ့သူကတော့ အသက် ၄၀ လောက်နဲ့ အဖိုးကြီး၊ အဖွားကြီးတွေ ဖြစ်နေကြမှာပါ။                           နံနက်စာ စားသင့်တဲ့အချိန်ကတော့ အိပ်ရာထပြီး ၂ နာရီအတွင်း ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရာထချိန်ဟာ နံနက် ၆ နာရီကနေ ၉ နာရီအတွင်း ဖြစ်ရပါမယ်။ ကျွန်တော်ကတော့ ၇ နာရီခွဲဆို အိပ်ရာထပြီး ၈ နာရီခွဲကနေ ၉ နာရီအတွင်း နံနက်စာ ပုံမှန်စားဖြစ်ပါတယ်။ နံနက် ၁၀ နာရီလောက် အိပ်ရာထပြီး နေ့လည် ၁၁ နာရီမှာ စားတဲ့အရာကိုတော့ နံနက်စာလို့ မခေါ်ပါဘူး။                  နံနက်စာ စားတဲ့အခါမှာလည်း အာဟာရဖြစ်စေမယ့်အရာတွေ စားပေးဖို့လိုပါတယ်။ ကြက်ဥ၊ ကွေကာအုပ်၊ ကော်ဖီ၊ ဘယ်ရီသီးတွေနဲ့ အခွံမာသီးတွေက ကျွန်တော်တို့ စားပေးသင့်တဲ့ နံနက်စာတွေ ဖြစ်ပါတယ်။ #water #credit #forward_only
07 вер 2023, 01:45

စိတ်ဖိစီးမှုများကိုတိုက်ဖျက်နိုင်တဲ့အကောင်းဆုံးအစားအစာ ၁၀မျိုး ၁။ ထောပတ်သီး ၊ ငှက်ပျောသီး ထောပတ်သီးနဲ့ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် သွေးဖိအားကိုထိန်းချုပ်ပေးနိုင်ပါတယ်။ ၂။ လက်ဖက်ရည်ကြမ်း သင့်အကြိုက်ရေနွေးကြမ်းတစ်ခုခုကို သောက်ကြည့်လိုက်ပါ။ အဲဒါက သင့်ကိုစိတ်တည်ငြိမ်စေသလို စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေပါတယ်။ ၃။ ကိုက်လန် ကိုက်လန်နဲ့ပန်းပွင့်စိမ်းကဲ့သို့အစိမ်းရင့်ရောင်အသီးအရွက်တွေက အမျှင်ဓာတ်တွေများစွာပါဝင်တဲ့အပြင် ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကိုလည်း တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ ၄။ ဆော်လမွန်၊ ဆာဒင်း နဲ့ တူနာငါး နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ အိုမီဂါ သရီးဖက်တီးအက်ဆစ်ပါဝင်တဲ့ ဆော်လမွန်၊ ဆာဒင်း၊ တူနာငါးတွေကို စားပေးသင့်ပါတယ်။ ၅။ အစေ့အဆံနဲ့ဂျုံ အစေ့အဆံတွေနဲ့ ဂျုံပါဝင်တဲ့စားစရာတွေက အမျှင်ဓာတ်ပါဝင်ရုံသာမက ကာဗွန်ဟိုက်ဒရိတ်တွေပါဝင်တာကြောင့် စွမ်းအင်တိုးစေပြီး ဦးနှောက်မှ serotonin ဆိုတဲ့ဓာတ်မျိုးထုတ်လုပ်ပေးစေပါတယ်။ ၆။ နို့ နို့သောက်ခြင်းက ဗီတာမင်ဘီ၊ ပရိုတင်း၊ ဗီတာမင်ဒီနဲ့ ကယ်လဆီယမ်ဓာတ်တွေရစေပြီး စိတ်ဖိစီးမှုကြောင့်အိပ်မပျော်ခြင်းကိုလည်းသက်သာစေပါတယ်။ ၇။ ဒိန်ချဉ်နဲ့ ဘယ်ရီသီးများ စိတ်ဖိစီးနေတဲ့အခါ ရေခဲမုန့်တွေစားမယ့်အစား ဒိန်ချဉ်စားပေးပါ။ ဘယ်ရီသီးတွေကလည်း antioxidant နဲ့ ဗီတာမင်စီပါဝင်တာကြောင့် စိတ်ဖိစီးမှုကိုသက်သာစေပါတယ်။ ၈။ အခွံမာသီးများ ဗံဒါစေ့၊ pistachios ၊ သစ်ကြားသီး စတဲ့အခွံမာသီးတွေမှာပါဝင်တဲ့ ဗီတာမင်နဲ့ဇင့်ဓာတ်က သင့်ကို ခုခံအားတိုးစေပါတယ်။ ၉။ ချောကလက် အနက်ရောင်ချောကလက်က သင့်ရဲ့စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ဟော်မုန်းတွေကို လျော့ကျစေပါတယ်။ serotonin ဟော်မုန်းကိုတိုးစေပါတယ်။ ၁၀။ နံနံပင်၊ မုန်လာဥနီကဲ့သို့ ဟင်းသီးဟင်းရွက်များ နံနံပင်၊ မုန်လာဥနီကဲ့သို့ ဟင်းသီးဟင်းရွက်များ က သင့်ရဲ့စိတ်ဖိစီးမှုကိုသက်သာစေပါတယ်။ ××××××××××××××××××××××××××××××××××××××××× #Forward_Only #Credit #Knowledge #Ruby
07 вер 2023, 01:34

ပလပ်စတစ်၏ဆိုးကျိုးများ ========================= ၁။ ရေ‌တွင် မပျော်ဝင်ခြင်း ၂။ ဖျက်ဆီးရခက်ခဲခြင်း ၃။ ပလပ်စတစ်စွန့်ပစ်ပစ္စည်းများလာသောအခါ အမှိုက်များပွသထက်ပွလာနိုင်ခြင်း ၄။ မီးရှို့ဖျက်ဆီးခြင်းကြောင့် ပတ်ဝန်းကျင်တွင် လေထုညစ်ညမ်းနိုင်ခြင်း ၊အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွားနိုင်ခြင်း ၅။ အဆိပ်ဖြစ်စေသော ဒြပ်ပေါင်းများကြောင့် ကျန်းမာရေးဆိုးရွားစွာ ထိခိုက်နိုင်ခြင်း ၆။ အပင်များရှင်သန်ရေးအတွက် ပြဿနာဖြစ်နိုင်ခြင်း ၇။ ပလပ်စတစ်စွန့်ပစ်ပစ္စည်းများလာ‌လေလေ ပတ်ဝန်းကျင်တွင် အဆိပ်အတောက်ထုတ်လွှတ်ခြင်းကို မရပ်တန့်နိုင်လေလေဖြစ်ခြင်း ၈။ နှစ်ပေါင်းရာချီထောင်ချီပြီး ဆွေးမြေ့ပျက်စီးပျောက်ကွယ်သွားရန်မလွယ်ခြင်း ၉။ ကုန်းနေသတ္တဝါများနှင့် ရေနေသတ္တဝါများအတွက် အန္တရာယ်ဖြစ်စေခြင်း ၁၀။ ကင်ဆာရောဂါ‌ဖြစ်စေခြင်း #Forward_Only #Credit #Knowledge #Ruby
07 вер 2023, 01:22

ကောင်းသောသန်းခေါင်ယံညချမ်းကလေးဖြစ်ပါစေ quizzies လေးတို့ရေ🌌 အိပ်မက်လှလှလေးတွေနဲ့တူတူအိပ်စက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျ✨🤍 နက်ဖြန်ကျ ပိုခက်တဲ့မေးခွန်းလေးတွေမေးမှာပါနော်🤓🫶 (မေးခွန်း အခု ၄၀တောင်ဒီနေ့ဖြေသွားကြတာနော်👀💖) #Mask_Man_XETT
06 вер 2023, 13:49

အဖြေမှန်ကတော့ မင်မင် ပါပဲခင်ဗျ မင်မင်ကအဖြူရောင်ကိုအကြိုက်ဆုံးလို့ပြောထားပြီးတော့ အမဲရောင်နဲ့မီးခိုးရောင်အသဲပုံကိုသုံးထားပါတယ်ခင်ဗျ🤓🤍 (မင်မင်လားလို့မေးလို့ရဘူးနော် မင်မင်လို့အခိုင်အမာဖြေရမှာပါခင်ဗျ☹️🫶) Winners of extra round 20!🥳🏆 🥇 @or3n31 🥈 @Lydia_offical_Tulip 🥉 @sanji2321 #Mask_Man_XETT #quiz
06 вер 2023, 13:46

မင်မင်က အဖြူရောင်ကိုအကြိုက်ဆုံးပဲ🤓🤍 မင်မင်ပြောပြမယ်နော်~ မောင်မောင်က လက်ဖက်ရည်ကြိုက်တယ်တဲ့🤥🤍 လှလှက ကော်ဖီကြိုက်တယ်လို့ပြောတယ်🥹🤍 သော်တာကတော့ စတော်ဘယ်ရီအအေးသောက်ရတာကြိုက်တယ်လို့ပြောတယ်👀🤍 အောင်အောင်ကတော့ ဆိုဒါက သူ့အကြိုက်အအေးလို့ပြောတယ်😊🤍 ဒါမဲ့ တစ်ယောက်ယောက်ကတော့လိမ်ညာနေတာပါခင်ဗျ🤩🤍 ဘယ်သူကလိမ်ညာနေတာပါလိမ့်🤓မင်မင်က အဖြူရောင်ကိုအကြိုက်ဆုံးပဲ🤓🤍 မောင်မောင်က လက်ဖက်ရည်ကြိုက်တယ်တဲ့🤥🤍 လှလှက ကော်ဖီကြိုက်တယ်လို့ပြောတယ်🥹🤍 သော်တာကတော့ စတော်ဘယ်ရီအအေးသောက်ရတာကြိုက်တယ်လို့ပြောတယ်👀🤍 အောင်အောင်ကတော့ ဆိုဒါက သူ့အကြိုက်အအေးလို့ပြောတယ်😊🤍 ဒါမဲ့ တစ်ယောက်ယောက်ကတော့လိမ်ညာနေတာပါခင်ဗျ🤩🖤 ဘယ်သူကလိမ်ညာနေတာပါလိမ့်🤓🩶 #Mask_Man_XETT #quiz
06 вер 2023, 13:40

နောက်ဆုံး quiz လေးပဲကျန်ပါတော့တယ်နော် ၁၂လည်းထိုးနေပါပြီခင်ဗျ🤓🫶 #Mask_Man_XETT #quiz
06 вер 2023, 13:34

အဖြေမှန်ကတော့ backroom or backrooms ဖြစ်ပါတယ်ခင်ဗျ Backrooms ကတော့ အွန်လိုင်းဒဏ္ဍာရီကို အခြေခံထားပြီး Kane Pixels မှ ဖန်တီးထားသော အွန်လိုင်းဗီဒီယိုစီးရီးတစ်ခုဖြစ်ပါတယ်နော် Backroomတွေက ရှည်လျားသော စင်္ကြံများ၊ အခန်းများနှင့် ထူးဆန်းသော ကွဲလွဲချက်များ ရှုပ်ထွေးနေသည့် "The Backrooms" ဟုခေါ်သော နေရာကို လှည့်ပတ်နေပါသည်။ နောက်ပြီးသူ့ရဲ့အထပ်တွေကလည်းတစ်ထပ်နဲ့တစ်ထပ်လုံး၀ဆက်စပ်မှုမရှိပါဘူးခင်ဗျ🫣 Winners of extra round 19!🥳🏆 🥇 @Stellabeingdelulu 🥈 @Lydia_offical_Tulip 🥉 @or3n31
06 вер 2023, 13:34

Hint - Internet creepy pasta တစ်ခုပါခင်ဗျ👻 #Mask_Man_XETT #quiz
06 вер 2023, 13:29

Hint - Mushroom လိုမျိုး စကားလုံးလေးပါခင်ဗျ🤓🫶 #Mask_Man_XETT #quiz
06 вер 2023, 13:26

အထပ်တွေအများရီးရှိပေမဲ့ တစ်ထပ်နဲ့တစ်ထပ်ဆက်စပ်မှုမရှိတဲ့ အခန်းက🤓 #Mask_Man_XETT #quiz
06 вер 2023, 13:23

အဖြေမှန်ကတော့ 16 ရက်ပါ ၁၅ရက်မှာ ၁၅ပေတက်ပြီးနေပြီဖြစ်ပြီး ၁၆ ရက်ရဲ့ မနက်မှာငါးပေထက်တက်လိုက်ရင် ပေ၂၀ပြည့်သွားပါပြီ တစ်နည်းအားဖြင့် တွင်းကနေပြီး ပေ ၂၀အမြင့်ဖြစ်တဲ့ မြေပြင်ကိုပြန်လည်ရောက်ရှိလာလို့ပါဗျ Winners of extra round 18!🥳🏆 🥇 @gugulagugula 🥈 @Bk_bunny 🥉 @Call_me_scarlett
06 вер 2023, 13:20

ခရုလေးတစ်ကောင်က ပေနှစ်ဆယ်နက်တဲ့ ရေတွင်းထဲပြုတ်ကျသွားပါတယ်တဲ့☹️ သူက တစ်ရက်မှာ မနက်ကို ၅ပေတက်နိုင်ပြီး ညကျ ၄ ပေ​ပြန် ပြုတ်ကျပါတယ်တဲ့💀 ပေနှစ်ဆယ် တွင်းကိုတက်ဖို့ ရက်ဘယ်နှရက်လိုမလဲ🤓 credit - @yinn_cubbie (မင်မင့်ကို channelလေးမှာမေးစေချင်တဲ့မေးခွန်းလေးတွေရှိရင်DM မှာပို့ပေးလို့ရပါတယ်ခင်ဗျ မင်မင်အဲ့ထဲကမှရွေးသွားပါမယ်နော်☹️🫶) #Mask_Man_XETT #subscriber's_quiz
06 вер 2023, 13:17

အဖြေမှန်ကတော့ နာရီပါခင်ဗျ မနက်ကိုးနာရီကို ငါးနာရီထပ်ပေါင်းလိုက်ရင်တော့ နေ့လည် ၂နာရီကိုရမှာပါခင်ဗျ (or) ည ကိုးနာရီကို ငါးနာရီထပ်ပေါင်းလိုက်ရင်တော့ မနက် ၂နာရီကိုရမှာပါခင်ဗျ Winners of extra round 17!🥳🏆 🥇 @G8_013 🥈 @sanji2321 🥉 @Bk_bunny
06 вер 2023, 13:13

ကိုး ကို ငါး ပေါင်းသော်လည်း နှစ် ရသော သူလေးက🤓 #Mask_Man_XETT #quiz
06 вер 2023, 13:08

အဖြေမှန်ကတော့ ဆိုဒါပါခင်ဗျ George, Helen, Steve = နာမည်မှာ e နှစ်လုံးပါ = ဆိုဒါ Bert, Karen, Dave = နာမည်မှာ e တစ်လုံးပါ = ကိုလာ Elizabeth = နာမည်မှာ e နှစ်လုံးပါ = ဆိုဒါ အဖြေမှန်က ဆိုဒါပါခင်ဗျ🤩 Winners of extra round 16!🥳🏆 🥇 @Bk_bunny 🥈 @sanji2321 🥉 @Lydia_offical_Tulip
06 вер 2023, 13:02

မေးခွန်းလေးကိုသေချာလေးဖတ်ပေးပါဗျ🤥 George, Helen, နဲ့ Steve တို့က ဆိုဒါ သောက်နေကြပါတယ်🧐 Bert, Karen, နဲ့ Dave တို့ကတော့ ကိုလာ သောက်နေကြပါတယ်🤔 ဒါဆို Elizabeth က ကိုလာနဲ့ဆိုဒါ ဘယ်ဟာကိုသောက်နေပါသလဲ🤓 #Mask_Man_XETT #quiz
06 вер 2023, 12:49