cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

HtayOung(OungMarine)

Більше
Рекламні дописи
4 532
Підписники
+2224 години
+837 днів
+22330 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

၅ ဇူလိုင် ၂ဝ၂၄။ ဝ၉၃ဝ နာရီ . လားရှိုး နဲ့ ဖုန်း အဆက်သွယ် အားလုံး ပြတ်တောက်သွား . . ယမန်နေ့ ၂ဝဝဝ နာရီ ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ သူဌေးကုန်း..ဘာဘူကုန်းဂိတ်နှစ်ခုကို PDFs တို့ ဝင်ရောက် ပစ်ခတ် ထိခိုက်သေဆုံး မသိရသေး။ KNU, PDF အင်အားများပြားဟု ပြော .. ယမန်နေ့ည မန္တလေးတိုင်းမြောက်ပိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြိ့နယ် ရေနံသာစခန်း ကျဆုံး .. ယခုကဲ့သို့ မတ္တရာ ပြင်ဦးလွင်တို့က အထက်မြန်မာနိုင်ငံ ရှေ့တန်းသဖွယ်ဖြစ်လာနေချိန် ကညွတ်ကွင်း၊ ကျောက်တံခါး အနီးမှ ကားလမ်း မီးရထားလမ်းအဆက်အသွယ်ကို ဖြတ်တောက်ခံရလျှင် နေပြည်တော်နှင့် အောက်မြန်မာနိုင်ငံမှာ တစ်သီးတစ်ခြားဖြစ်သွားနိုင်ပါတယ်။ .. ဘယ်တော့ဖြစ်မလဲ လာမမေးကြပါနဲ့ စံဇာနည်ဘိုနဲ့ ဇေယျာကို ကို မေးပါ .. .. အစဉ်လေးစားစွာဖြင့် . #HtayOung, #OungMarine ===
Показати все...
👍 51 6😢 5
(ဇူလိုင်-၅၊ ၂၀၂၄) ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြည်ပကျူးကျော်စစ်နဲ့ ဗမာများကြောင့် ပြိုကွဲလာတဲ့ နိုင်ငံတော် = လက်ရှိ တစ်ကျော့ပြန် 1027 ဒုတိယပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေတိုင်း ဘယ်နေရာ ကြည့်ကြည့် TNLA ခေါ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်က ပလောင်တွေချည့် ဖြစ်နေတာ သတိထားမိကြမှာမှာ တကယ်တော့ တအာင်း ခေါ် ပလောင်တို့ဟာ မြန်မာနိုင်ငံအတွင်း အရေအတွက် အနည်းဆုံး လူမျိုးစုဖြစ်ပြီး ရခိုင်-ချင်း-ကရင်တို့ထက် လူဦးရေ နည်းပါတယ်။ .. ယခုလို ကျယ်ပြန့်တဲ့ နယ်မြေကြီးတစ်ခုအတွင်းမှာ အချိန်တစ်ပြိုင်တည်း အလုံးအရင်း စစ်ဆင်ဖို့ဆိုတာ လူအင်အားသာမက လက်နက်ခဲယမ်းနှင့် စစ်ထောက်ကူ ပစ္စည်းများလည်း လိုအပ်နိုင်ကြောင်း လွန်ခဲ့သည့် ဇွန် ၂၅ ရက်နေ့ခန့်မှစတင်ပြီး နယ်စပ် နမ့်ခမ်းမှ မန်ဝီး မန်တုံလမ်းအတိုင်း မိုးကုတ်ဘက်ကို လက်နက်ခဲယမ်းတင် ယာဉ်တန်းများ သွားလာနေတယ်လို့ သတင်းရရှိကြောင်း . မိုးကာ အုပ်မိုးထားတဲ့ သရီးကရောင်းကားအပြည့် သယ်ယူနေခြင်းဖြစ်ပြီး မိုးကုတ်မှတဆင့် သပိတ်ကျဉ်း-စဉ့်ကူး-မတ္တရာ နောင်ချို ကျောက်မဲဘက်သို့ ပြန့်နှံ့သွားတယ်လို့ ယုံကြည်ရကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၂-ရက်နေ့မှာ ကျွန်တော်ဖော်ပြခဲ့ပြီးပါပြီ #HtayOung, #OungMarine
Показати все...
👍 49 7🔥 3
(ဇူလိုင်-၅၊ ၂၀၂၄) ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြည်ပကျူးကျော်စစ်နဲ့ ဗမာများကြောင့် ပြိုကွဲလာတဲ့ နိုင်ငံတော် === လက်ရှိ တစ်ကျော့ပြန် 1027 ဒုတိယပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေတိုင်း ဘယ်နေရာ ကြည့်ကြည့် TNLA ခေါ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်က ပလောင်တွေချည့် ဖြစ်နေတာ သတိထားမိကြမှာမှာ .. တကယ်တော့ တအာင်း ခေါ် ပလောင်တို့ဟာ မြန်မာနိုင်ငံအတွင်း အရေအတွက် အနည်းဆုံး လူမျိုးစုဖြစ်ပြီး ရခိုင်-ချင်း-ကရင်တို့ထက် လူဦးရေ နည်းပါတယ်။ .. ယခုလို ကျယ်ပြန့်တဲ့ နယ်မြေကြီးတစ်ခုအတွင်းမှာ အချိန်တစ်ပြိုင်တည်း အလုံးအရင်း စစ်ဆင်ဖို့ဆိုတာ လူအင်အားသာမက လက်နက်ခဲယမ်းနှင့် စစ်ထောက်ကူ ပစ္စည်းများလည်း လိုအပ်နိုင်ကြောင်း .. လွန်ခဲ့သည့် ဇွန် ၂၅ ရက်နေ့ခန့်မှစတင်ပြီး နယ်စပ် နမ့်ခမ်းမှ မန်ဝီး မန်တုံလမ်းအတိုင်း မိုးကုတ်ဘက်ကို လက်နက်ခဲယမ်းတင် ယာဉ်တန်းများ သွားလာနေတယ်လို့ သတင်းရရှိကြောင်း . မိုးကာ အုပ်မိုးထားတဲ့ သရီးကရောင်းကားအပြည့် သယ်ယူနေခြင်းဖြစ်ပြီး မိုးကုတ်မှတဆင့် သပိတ်ကျဉ်း-စဉ့်ကူး-မတ္တရာ နောင်ချို ကျောက်မဲဘက်သို့ ပြန့်နှံ့သွားတယ်လို့ ယုံကြည်ရကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၂-ရက်နေ့မှာ ကျွန်တော်ဖော်ပြခဲ့ပြီးပါပြီ .. အမှန်တော့ လက်နက်များဝင်ရောက်လာတာ အဲ့ဒီရက်ထက် အများကြီးစောကြောင်း၊ ရှမ်းမြောက် တစ်နေရာမှာ စုပုံထားပြီးမှ သယ်ယူခြင်းကြောင်း သိရှိရပါတယ်။ . ယခင်ရက်များတွင် တစ်ဘက်နိုင်ငံနယ်စပ်ဘက်မှ လူအင်အား နှစ်သောင်းခန့် ရှမ်းမြောက်အတွင်း ဝင်ရောက်လာခဲ့ကြောင်း မန့်စံ နမ့်မျှော် မန်းဘွဲ နောင်မွန် ရှမ်းခိုက်လမ်း အတိုင်းဝင်ရောက်လာတဲ့ တရုတ်ဘာသာစကားပြော TNLA ယူနီဖောင်းဝတ်များဖြစ်တယ်လို့ ဒေသခံရွာသားများက ပြောပြကြပါတယ်။ . တရုတ်ဘာသာစကား သြဇာလွှမ်းမိုးတဲ့ ဒေသမှာ လေသံအရ ယူနန်-ပြည်ကြီး-ရှမ်းမြောက် အလွယ်တကူ ခွဲခြားသိနိုင်ကြပါတယ်။ နှစ်ထောင် သုံးထောင်စီ အသုတ်လိုက် တစ်ဖွဲဖွဲ ဝင်ရောက်လာကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ .. ကျောက်မဲ-သီပေါ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ မြန်မာနိုင်ငံသားမဟုတ်သူများလည်း ပါဝင်ကြောင်း .. ယခုရက်ပိုင်း မန္တလေးတိုင်းမြောက်ပိုင်း ပြင်ဦးလွင်ခရိုင်အတွင်း TNLA, PDFs တို့တိုက်ခိုက်မှုမှာ တပ်မတော်ရ ဟတ်ယာဉ်များကို လေယာဉ်ပစ်စက်သေနတ်ကြီးများနဲ့ ပြန်လှန် ပစ်ခတ်သူတို့မှာ ပလောင်တို့နဲ့အတူ နိုင်ငံခြား သားလို့ ယုံကြည်ရသူများလည်း ပါဝင်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ .. အဲ့ဒီနေရာမှာ အချိန်တိုအတွင်း PDFs တိုင်းလိုလို ခေတ်မီ မောင်းပြန်သေနတ်ကိုယ်စီကိုင်ဆောင်နိုင်၊ ယူနီဖောင်း ခဲယမ်း ရိက္ခာအပြည့်အစုံ လိုသလောက်ရရှိနေတာကိုလည်း သတိထားမိကြမှာပါ။ .. ဒီနေ့ ဒီလိုအဖြစ်အပျက်တွေဟာ ဦးနေဝင်းခေတ် ပဲခူးရိုးမအနီး တောမြို့ကလေးမှာ ကြီးပြင်းလာခဲ့ရပြီး ရှမ်းမြောက် ပြင်းထန်တိုက်ပွဲကြီးများအကြောင်း ကောင်းကောင်းကြားဖူးတဲ့ ကျွန်တော့်အတွက် ဘာမှ အံ့သြစရာ မရှိပါ။ .. ကျွန်တော်တို့နိုင်ငံတွင်း လူ ၁၀၀ လျှင် ၆၈ ယောက်ကျော်မှာ ဗမာလူမျိုးများဖြစ်ပါတယ်။ လူမျိုးအရ ဖွဲ့ စည်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ် EAOs များက နေ့ချင်းညချင်း အရေအတွက် တစ်ခုထိ ရောက်ရှိ သွားရတာ ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း သူတို့ထံ ခိုဝင်သွားကြတဲ့ ဗမာကျားမ လူငယ်လေးများရဲ့ လူအရေအတွက်ကြောင့် ဖြစ်ပါတယ်။ .. ၁၇၅၂ ခုနှစ် ဦးအောင်ဇေယျရဲ့ အညာသား ဗမာများ စုစည်းခဲ့တဲ့ ကျွန်တော်တို့ရဲ့ တတိယမြန်မာနိုင်ငံ တော်ကြီးဟာ #အညာသား_ဗမာလူမျိုးများအစပြုမှုကြောင့်ပဲ #တဖြည်းဖြည်း_နိုင်ငံတော်_ပြိုကွဲပျက်စီးနေရတာကို ဒီနေ့ခေတ် မိတ်ဆွေတို့ ကျွန်တော်တို့ မြင်တွေ့နေရခြင်း ဖြစ်ပါတယ်။ .. #အဲ့ဒါကိုပဲ #ဓမ္မ_တဲ့ .. .. အစဉ်လေးစားစွာဖြင့် .. #HtayOung, #OungMarine ===
Показати все...
👍 68 15🔥 4😢 2
(၄ -ဇူလိုင်၊ ၂ဝ၂၄) တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနိုင်သည့် မြန်မာ့အရှေ့တောင်ဘက် === ကေအင်ယူခေါင်းဆောင်နေရာမှာ သဘောထားတင်းမာသူ ဘောကျော်ဟဲ ဖြစ်လာတဲ့အတွက် ကရင်ပြည်နယ်မှာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ပါတယ် . ဘောကျော်ဟဲဟာKNU ဥက္ကဋ္ဌဟောင်းနဲ့ စစ်ဦးချုပ်ဟောင်း စောတာမလောဘောရဲ့ အငယ်ဆုံးသား အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီး မင်နီဆိုးတားပြည်နယ်မှာ နေထိုင်တယ်လို့ သိရှိရပါတယ်။ .. သူ့ရဲဇနီး နော်မေဦးမူထောကလည်း အမေရိကန်နိုင်ငံသား ခံယူထားပြီး အင်နီဆိုးတားပြည်နယ် မင်နီအာပိုလစ် စိန့်ဂျွန်းမြို့မှာ နေထိုင်တယ်လို့ ဆိုပါတယ်။ .. .. အစဉ်လေးစားစွာဖြင့် .. #HtayOung, #OungMarine .. Credit: ၃.၇.၂၀၂၄ ရက် ယမန်နေ့ - ကရင်လက်နက်ကိုင်တပ်ဖွဲ့ KNU/KNLA တွင် ခေါင်းဆောင်နေရာလု.အချိန်းအပြောင်းဖြစ်သည်ဟုသိရ- - KNLA.စစ်ဦးချုပ် ဦးဂျော်နီအား ရာထူးမှဖယ်ရှား၍ ဒုဦးစီးချုပ်ဘောကျော်ဟဲမှ နေရာယူ- - KNU.ဥက္ကဋ္ဌဟောင်း ဦးမူတူးဆေးဖိုးအား KNU.နာယကနေရာမှ အပြီးအပိုင်ဖယ်ရှား- - KNLA.ဒုဦးစီးချုပ်နေရာအား KNU.တပ်မဟာမှူးမှ တာဝန်ယူ- - KNLA.တပ်မဟာ ၆ မှူးနေရာအား ၆ ဗျူဟာမှူး နယ်ဒါးထူး(ဗိုလ်ရန်နိုင်)မှ တာဝန်ယူ- - KNLA တပ်မဟာ ၇ အား အပြီးအပိုင်ဖယ်ရှား- - မြဝတီ+အာရှလမ်းဟောင်းတလျှောက်အား KNLA.တပ်မဟာ ၇. တပ်ရင်း ၁၀၁ မှထိမ်းချုပ်နေရာဖြန့်ထားသည်ဟု ယနေ့အကြမ်းဖျဉ်းသိရပါတယ်
Показати все...
👍 74 9🔥 4
(ဇူလိုင်-၃၊ ၂၀၂၄) မျိုးဆက်သစ် လူငယ်များ မလွဲမသွေ ဖတ်သင့်တဲ့ လူထုဦးလှရဲ့ စာများ
Показати все...
👍 71 8
(ဇူလိုင်-၃၊ ၂၀၂၄) မျိုးဆက်သစ် လူငယ်များ မလွဲမသွေ ဖတ်သင့်တဲ့ လူထုဦးလှရဲ့ စာများ === လူထုဦးလှ စာတွေက ရသမဟုတ်ပဲ ဖြစ်ရပ်မှန် သတင်းမှတ်တမ်းဆန်ပါတယ်၊ ကိုယ့်ဖာသာ ဆက်လက်စဉ်းစား ပွားများယူရတဲ့ “သုတစာပေ” မျိုးပါ ကျွန်တော် ... အစချီတဲ့စာအုပ်တိုင်း အဲ့ဒါမျိုးတွေပါ .. အကြိုက်ဆုံးက ကျွန်တော် ဗြူရိုကရက် ကျွန်တော် စတီးပွဲစား ကျွန်တော် သတင်းထောက် တို့ဖြစ်ပါတယ်။ ကျွန်တော် ဆားချက်သမား၊ ကျွန်တော်လှေသူကြီး၊ ကျွန်တော် မြင်းသမား တို့လည်း ရှိသေးတယ်။ လူတစ်ယောက်ဖြတ်သန်းခဲ့ရတဲ့ ခေတ်သမိုင်းတွေဖြစ်ပြီး ဒီနေ့အထိ ဖတ်လို့ ကောင်းတယ် ကျွန်တော်ကိုယ်တိုင် မကြာမကြာ ပြန်ဖတ်ပါတယ်။ .. လူထုဇနီးမောင်နှံဟာ မြန်မာတို့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအချိုးအကွေ့တစ်ခုမှ အတွေ့အကြုံများကို မှတ်တမ်းသဘော ရေးတတ်တယ်လို့ ကျွန်တော် တစ်ဦးတည်းအနေနဲ့ ယုံကြည်ပါတယ်။ .. ဆရာမကြီး ဒေါ်အမာက ရသဟန် ရောယှက်ရေးသားတတ်ပြီး ဆရာကြီး လူထုဦးလှကတော့ သတင်းပေးဟန် ရေးသားတတ်ပါတယ်။ .. ဓါတ်ပုံ-သတင်းစာဖြတ်ပိုင်း အဲ့ဒီအချိန် သက်ရှိထင်ရှား လူပုဂ္ဂိုလ်တို့ရဲ့ ပြောပြချက်များကို ကိုးကားထားခြင်းဖြစ်လို့ အင်မတန်ခိုင်လုံပြီး မှန်ကန်ကြောင်း ယုံကြည်စိတ်ချရပါတယ်။ .. ဆရာကြီး လူထုဦးလှဟာ ထောင်အကြောင်း စာအုပ်သုံးအုပ်ခန့် ရေးသားခဲ့ဖူးတယ် “ထောင်နဲ့လူသား” အဲ့ဒါ ထောင်ကျအကျဉ်းသားများရဲ့ ဘဝဖြတ်သန်းမှုနဲ့ ဖဆပလအစိုးရခေတ် အကျဉ်းထောင် ပြုပြင်ရေးဖြစ်ပါတယ်။ နောက်တစ်အုပ် “စစ်-အချစ်နဲ့ ထောင်” အဲ့ဒါ ဒုတိယကမ္ဘာစစ်‌နောက်ခံ လူငယ်တစ်ယောက် ဘဝဖြတ်သန်းမှုနဲ့ မြန်မာပြည်စစ်ဘေးသင့်ပုံသမိုင်း မှတ်တမ်းလို့ ပြောနိုင်ပါတယ် .ဇာတ်ကောင်ဟာ (ညိုမောင် ထင်ပါရဲ့) မထင်မရှား ကျေးလက်ရွာသားလေးဖြစ်ပြီး ဂျပန်ခေတ် အိန္ဒိယမှာ အင်္ဂလိပ်တို့ရဲ့ စစ်သင်တန်းတက်ပုံ။ လေထီးခုန်ဆင်းပြီး ပြည်တွင်းပြန်ဝင် တော်လှန်ရေးလုပ်ပုံ မြန်မာပြည်တွင်းမှာ လျှို့ဝှက်လှုပ်ရှားပုံ ဂျပန်က သူ့ကို ဖမ်းမိသွားပြီး သေလုမျောပါး ညှင်းပန်းနှိပ်စက်ပုံတို့ ပါဝင်နေပါတယ် ဒုတိယကမ္ဘာစစ် ကူးစက်လာတဲ့အခါ ဗုံးဒဏ် စက်သေနတ်ဒဏ်ကြောင့် မြန်မာပြည်မြို့ကြီးများ စစ်ဘေးသင့် ပျက်စီးရပုံ နှစ်ဘက်စစ်သားများသာမက မြန်မာပြည် အရပ်သားပြည်သူလူထုရဲ့ ကြောက်မက်ဖွယ် သေဆုံး ပျက်စီး စစ်ဘေးသင့်ပုံများ။ ကျားမ လူငယ်လူရွယ်လေးတို့ စစ်ပွဲရဲ့ သားကောင်ဖြစ်ရပုံတို့ကို မျက်စိထဲမြင်အောင် အသေးစိတ်နီးပါး ရေးဖွဲ့ထားပါတယ်။ .. မှတ်သားစရာတစ်ခုက ဇာတ်ကောင် မိန်းမပျိုလေး (မစော ထင်ပါရဲ့) ဟာ ဘုရားကျွန် ကျောင်းကျွန်ဖြစ် နေပါတယ်။ စစ်သား ညိုမောင်နဲ့ ဘုရားကျွန် သူတောင်းစားမလေး မစောတို့ရဲ့ ဆွတ်ပျံ့ လွမ်းမောဖွယ် အချစ်ဇာတ်လမ်းလည်း ပါဝင်နေပြီး၊ အတိတ်ကာလ မြန်မာရှင်ဘုရင်များ ခေါင်းလောင်းထိုး လှူဒါန်းခံရတဲ့ “ ဘုရားကျွန်များ” အကြောင်း ခေတ်သစ်မြန်မာစာပေမှာ ဆရာကြီး လူထုဦးလှဟာ လူအများသိ အစောဆုံး ရေးသားသူ ဖြစ်နိုင်ပါတယ်။ .. သူ့ခေတ်အခါက ရုပ်ရှင်ရိုက်ဖို့ စီစဉ်ခဲ့ဖူးပေမယ့် ဇာတ်အိမ်ကြီးလွန်းနေလို့ လက်လျော့ခဲ့ကြရတယ်တဲ့၊ တစ်ချိန်က ဦးလှကိုယ်တိုင် နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျနေခိုက် လူတန်စာဒအလွှာအသီးသီးက အကျဉ်းသားတွေကို လူတွေ့မေးမြန်းပြီး ရေးသားတဲ့ ဖြစ်ရပ်မှန်နောက်ခံ သမိုင်းအမှန်များဖြစ်ကြောင်း မှတ်သားရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးရတဲ့ “နိုင်ငံတော်လုပ်ကြံမှု” တရားခံ “သုခ” အကြောင်းလည်းပါတယ် .. ဖဆပလ အစိုးရ ဝန်ကြီးချုပ် ဦးနုဟာ သူအင်မတန်ကြည်ညိုလေးစားတဲ့ သူ့မိတ်ဆွေ လူထုဦးလှကို နိုင်ငံရေး ပုဒ်မနဲ့ ဖမ်းဆီးထောင်ချခဲ့တယ်။ ထောင်ကလွတ်လာတဲ့ ဦးလှဟာ ဦးနုနဲ့ ဖဆပလအစိုးရအပေါ် ထိုးနှက်တိုက်ခိုက်တာမျိုး ရေးသားခြင်း လုံး၀ မရှိခဲ့ပါ။ ငြိုငြင်မှုကင်းကင်း ပုတ်ခတ် စောင်းမြောင်းခြင်းပင် မရေးခဲ့ပါ။ လူထုဦးလှဟာ ပုဂ္ဂိုလ်ရေးနဲ့ အများလူ့အဖွဲ့အစည်းရေး ခွဲထားရေးဟန်တူပါတယ်။ သူ့စာကြောင့် စာဖတ်သူများ စာအဆိပ် မသင့်စေရပါ . ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကြီး အကျိုးပြု မှတ်သားဖွယ် သုတစာပေများကိုသာ ရေးဖွဲ့သူဖြစ်ပါတယ်။ အဲ့ဒီစာတွေနဲ့ပဲ ယူနက်စကို စာပေဆု၊ စာပေဗိမာန်နဲ့ စာပေဆုများ ချီးမြှင့်ခံရပါတယ်။ စစ်-အချစ်နဲ့ ထောင်ကို နိုင်ငံခြားစံချိန်မီ ရုပ်ရှင်ရိုက်နိုင်ရင် ကမ္ဘာတိုင် ထိုးဖောက်အောင်မြင်မှာ သေချာပါတယ် .. လူထုဦးလှရဲ့ စာရေးဟန်ဟာ အဖွဲ့အနွဲ့ မပါပဲ စာဖတ်သူ မျက်စိထဲမြင်လာအောင် စင်းစင်းကြီးဖော်ပြတဲ့ သတင်းစာရေးနည်းမျိုး ဖြစ်ပါတယ်။ စစ် အချစ်နဲ့ ထောင်၊ ထောင်နဲ့လူသား၊ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ စာအုပ်တွေကို ကျွန်တော်ဖတ်ရင်း မျက်ရည်ကျတဲ့အထိ့ဖြစ်ခဲ့ရဖူးကြောင်း ဝန်ခံပါတယ်။ .. .. အစဉ်လေးစားစွာဖြင့် .. #HtayOung, #OungMarine ===
Показати все...
👍 79 14
(ဇူလိုင်-၃၊ ၂၀၂၄) ယနေ့နံနက်ကိုင်း ရှမ်းပြည်မြောက်ပိုင်း နမ့်ပေါင်ကို စီးနင်းနေတဲ့ TNLA, MNDAA တို့ဟာ လားရှိုး-မိုင်းရယ် မော်တော်ကားလမ်းများကို ဘက်ဟိုးများနဲ့ ကန့်လန့်ဖြတ်မြောင်းတူးပြီး လမ်းကြောဖြတ်နေပါတယ်။ လာရှိုးမြို့ကိုတော့ မနက်တည်းက ဝိုင်းပတ် တိုက်ခိုက်နေဆဲပါ .. TNLA, MNDAA တို့ မိုင်းရယ် တန့်ယန်း နယ်ကို ဝင်ဖို့ ဆိုတာ UWSA သဘောမတူသရွေ့ မဖြစ်နိုင်ပါ။ SSPP/SSA တို့လည်း ရှိနေပါသေးတယ်။ ခုချိန်အထိတော့ မိုင်းရယ် တန့်ယန်းဘက်ကို ဝင်ဖို့အထိ မြန်မာပြည်မှာ အင်အားအကောင်းဆုံး EAO ဖြစ်တဲ့ ဝတို့က မီးစိမ်းပြဟန် မတူပါ။ .. ဒါပေမယ့် UWSA ဆိုတာလည်း သိတဲ့အတိုင်းပါပဲ လွန်ခဲ့တဲ့ရက်သတ္တပတ် တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်ကို လာရောက်တဲ့ ရက်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် UWSA တပ်များဟာ သံလွင်မြစ်ကို ကူးပြီး မိုင်းရယ်အနီး တောတောင်များအတွင်း ရောက်ရှိနေတာကို ထည့်စဉ်းစားရပါလိမ့်မယ်။ ဒါဟာ မန္တလေး နေပြည်တော်ကို အရှေကဘက်မှ ခြိမ်းခြောက်မှုလို့ ကျွန်တော်မြင်ပါတယ် .. #ကျွန်တော့်စိတ်ထင်တော့ #အလွန်မာတဲ့_လားရှိုးကို_တိုက်တယ်ဆိုတာ #ယောင်ပြဖြစ်လိမ့်မယ်လို့_ဉာဏ်မီပါတယ်။ .. ဒါပေမယ့် ယခင်စီးနင်းစဉ်များထက် ပိုမိုကြမ်းတမ်းပြီး လားရှိုး-နောင်မွန်-နမ့်ပေါင်-ကုန်းညောင်တို့မှာ ဒရုန်းမိုးရွာနေ ပါသတဲ့ .. .. အစဉ်လေးစားစွာဖြင့် .. #Htaoung, #OungMarine ===
Показати все...
👍 75 2
(ဇူလိုင်-၃၊ ၂၀၂၄) ယနေ့နံနက်ကိုင်း ရှမ်းပြည်မြောက်ပိုင်း နမ့်ပေါင်ကို စီးနင်းနေတဲ့ TNLA, MNDAA တို့ဟာ လားရှိုး-မိုင်းရယ် မော်တော်ကားလမ်းများကို ဘက်ဟိုးများနဲ့ ကန့်လန့်ဖြတ်မြောင်းတူးပြီး လမ်းကြောဖြတ်နေပါတယ်။ လာရှိုးမြို့ကိုတော့ မနက်တည်းက ဝိုင်းပတ် တိုက်ခိုက်နေဆဲပါ .. TNLA, MNDAA တို့ မိုင်းရယ် တန့်ယန်း နယ်ကို ဝင်ဖို့ ဆိုတာ UWSA သဘောမတူသရွေ့ မဖြစ်နိုင်ပါ။ SSPP/SSA တို့လည်း ရှိနေပါသေးတယ်။ ခုချိန်အထိတော့ မိုင်းရယ် တန့်ယန်းဘက်ကို ဝင်ဖို့အထိ မြန်မာပြည်မှာ အင်အားအကောင်းဆုံး EAO ဖြစ်တဲ့ ဝတို့က မီးစိမ်းပြဟန် မတူပါ။ .. ဒါပေမယ့် UWSA ဆိုတာလည်း သိတဲ့အတိုင်းပါပဲ လွန်ခဲ့တဲ့ရက်သတ္တပတ် တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်ကို လာရောက်တဲ့ ရက်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် UWSA တပ်များဟာ သံလွင်မြစ်ကို ကူးပြီး မိုင်းရယ်အနီး တောတောင်များအတွင်း ရောက်ရှိနေတာကို ထည့်စဉ်းစားရပါလိမ့်မယ်။ .. #ကျွန်တော့်စိတ်ထင်တော့ #အလွန်မာတဲ့_လားရှိုးကို_တိုက်တယ်ဆိုတာ #ယောင်ပြဖြစ်လိမ့်မယ်လို့_ဉာဏ်မီပါတယ်။ .. ဒါပေမယ့် ယခင်စီးနင်းစဉ်များထက် ပိုမိုကြမ်းတမ်းပြီး လားရှိုး-နောင်မွန်-နမ့်ပေါင်-ကုန်းညောင်တို့မှာ ဒရုန်းမိုးရွာနေ ပါသတဲ့ .. .. အစဉ်လေးစားစွာဖြင့် .. #Htaoung, #OungMarine ===
Показати все...
👍 61😱 11 1👌 1
(ဇူလိုင်-၃၊ ၂၀၂၄) ယခုရက်ပိုင်း ထူးခြားသတင်းနှင့် မြန်မာဘော်လ်ကန်နိုက်ဇေးရှင်း === ရှမ်းပြည်မြောက်ပိုင်း လားရှိုးတောင်ဘက် ၁၁ မိုင်ခန့်အကွာ နန့်ပေါင်ကို MNDAA တို့က လက်နက်ကြီးများနဲ့ ပစ်ခတ်နေတာ ယမန်နေ့ညမှ ယနေ့နံနက်ထိဖြစ်ပါတယ်။ ယနေ့နံနက်စောစောပိုင်းမှာ နမ့်ပေါင်မြို့အတွင်း ကိုးကန့်တပ်များ ဝင်ရောက်လာကြောင်း သိရှိရတယ်။ ရှမ်းမြောက် တောင်ပိုင်း တန့်ယန်းတပ်နယ်မြေကို လားရှိုးနဲ့ ခါးဆက်ဖြတ်လိုပုံရတယ်။ နမ့်ပေါင်ကို မြေပြင်တိုက်ခိုက်တာ ဒီနေ့မနက် ၄-နာရီခန့်က ဖြစ်ပြီး မနက် ၇-နာရီခန့်မှာ လားရှိုးမြို့ကို ဝိုင်းဝန်းတိုက်ခိုက်နေပါပြီ .. ရခိုင်ဘက်မှာ ရောက်ရှိနေတာ အညာနဲ့ ဧရာဝတီတိုင်းမှ PDF များ ပါဝင်နေကြောင်း စောစောပိုင်း AA ထံ စစ် ကူရောက်နေတဲ့ ရှမ်းမြောက်သားအတော်များများ ထိခိုက်မှုများသွားလို့ ဖြစ်ကြောင်း သတင်းထွက်တယ်။ ..
Показати все...
👍 51 6😢 5
ဒါပေမယ့် PDFs အများစု နယ်မြေမှာ နိုင်ငံ့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမှုကို ဖြတ်တောက်ခြင်း၊ ရဲ-ပြည် သူ့ စစ်စခန်းများလို အပျော့နေရာများကို သာလွန်အင်အားနဲ့တိုက်ခိုက်ခြင်းတို့မှာ #တစ်ပြည်လုံး_အချိန်ကိုက်_တစ်ပြေးညီဖြစ်ထာ_ထူးခြားပါတယ်။ #ညွှန်ကြားချက်_တစ်ခုတည်းအောက်မှာ #ရှိပုံရတယ်။ #အဲ့ဒါ #NUG #တော့ #လုံးဝ_မဖြစ်နိုင်ပါ .. တကယ်လို့ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်များ သီးခြားနယ်မြေ သီးခြားအစိုးရဖြစ်လာပြီး ပြည်ထောင်စု ပြိုကွဲသွားခဲ့ရင် EAOs များဘက်က လက်နက်ကိုင် ကူညီ တိုက်ခိုက်ပေးခဲ့တာ ဗမာ ကျားမ လူငယ် PDFs များ ဖြစ်ပါလိမ့်မယ်။ .. သီးခြားနယ်မြေမှာ အနိုင်ရရှိသွားသူ EAOs များ အချင်းချင်းလည်း သင့်မြတ်ဖွယ်ရာ မရှိပဲ ဆက်လက်ရန်စောင်နေကြပါလိမ့်မယ်။ .. အဲ့ဒါ ထိုင်း အပါဝင် အိန္ဒိယ ဘင်္ဂလားဒေ့ရှ်တို့လို နယ်မြေချင်း ထိစပ်နေတဲ့ အိမ်နိးချင်းတိုင်းပြည်များ စိုးရိမ်နေကြတဲ့ “ #မြန်မာဘော်လ်ကန်နိုက်ဇေးရှင်း " ပဲ ဖြစ်ပါတယ်။ .. .. အစဉ်လေးစားစွာဖြင့် .. #HtayOung, #OungMarine ===
Показати все...
👍 93 6
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.