cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

သတင်းနှင့်ကူ(ကျွန်းလှ - ကန့်ဘလူ)

Рекламні дописи
647
Підписники
Немає даних24 години
-67 днів
-630 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

မိမိအနီးပတ်ဝန်းကျင်ရှိ စစ်ခွေးများ၏ လှုပ်ရှားမှု သတင်းဖြစ်စေ၊ လေကြောင်းဖြတ်သန်းမှုဖြစ်စေ၊ ရေကြောင်းဖြတ်သန်းသွားလာမှုများကို သတင်းပေးခြင်းဖြင့် ပြည်သူများကို ကာကွယ်ကယ်တင်ပေးပါရန် မေတ္တာရပ်ခံပါသည်။ မှတ်ချက်။ Bot မှတဆင့် သတင်းပေးပို့ခြင်းသည် အလုံခြုံဆုံးဖြစ်ပါသည်။ #SSN Feb 22,12:47 PM 📫သတင်းပို့ရန် @SagaingScoutNetworkBot
Показати все...
👍 13
စစ်​ကောင်စီတပ် ပြန်လည်ထိန်းချုပ်သည့် ​ကောလင်းမြို့ ပျက်ဆီးဆုံးရှုံးမှုများနိုင် ​ဖေ​ဖော်ဝါရီ ၁၇ ၊ ၂၀၂၄ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်​နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည့် ​ကောလင်းမြို့ကို စစ်​ကောင်စီတပ်က ​၂၀၂၄ ခုနှစ် ဖေ​ဖော်ဝါရီလ ၁ ရက်​နေ့မှစတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာ ​ဖေ​ဖော်ဝါရီလ ၁၄ ရက်​နေ့တွင် တမြို့လုံးအား ပြန်လည်ထိန်းချုပ်သွားပြီဖြစ်​ကြောင်း စစ်​ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။ လက်ရှိတွင် စစ်​ကောင်စီတပ်များက ​ကောလင်းမြို့တွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား သယ်ယူကာ ဝန်းသိုမြို့ရှိ စစ်​ကောင်စီတပ်ရင်းများသို့ပို့​ဆောင်​နေသည့်အပြင် ပြည်သူပိုင်အ​ဆောက်အဦးများ၊လမ်းတံတားများအား ​နေ့တိုင်း မီးရှို့ဖျက်ဆီး​နေခြင်း​ကြောင့် ပျက်ဆီးဆုံးရှုံးမှုများနိုင်သည်ဟု သိရသည်။ ​​ကောလင်းမြို့အ​ခြေအ​နေနှင့်ပတ်သက်၍ ​မေးမြန်းရာ " မြို့ထဲ စစ်​ကြောင်းဝင်လာမှာကို မသိ​တော့ အများစုက ဘာပစ္စည်းမှမသယ်ခဲ့ရဘူး။လူလွတ်ထွက်​ပြေးခဲ့ရတာ။မီးရှို့တဲ့အထဲပါကုန်ပီလား မသိဘူး။ " လို့ ​​ကောလင်းမြို့မှ စစ်​ရှောင်ပြည်သူတဦးက Infinity Group သို့​ပြောသည်။ ​ကောလင်းမြို့​ပေါ်ရှိ စစ်​ကောင်စီတပ်များက မြို့တွင်းဝင်​ရောက်လာသည့်​နေမှစတင်ကာ မြို့​ပေါ်ရှိ​နေအိမ်များ၊လမ်းတံတားများအား မီးရှို့ဖျက်ဆီး​နေသည်မှာ တပတ်နီးပါးရှိ​နေပြီဖြစ်​ကြောင်း၊လက်ရှိတွင် ​ကောလင်းမြို့​ပေါ်အပါအဝင် ​ကောလင်းမြို့အနီး၌ တိုက်ပွဲငြိမ်သက်နေသည်မှာ ၂ ရက်ကြာ​နေပြီဖြစ်​ကြောင်း ​ဒေသခံပကဖအဖွဲ့ဝင်တဦးက Infinity Group သို့​ပြောသည်။ အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့များသည် ​ကောလင်းမြို့တွင်းသို့ ပြန်လည်ဝင်​ရောက်လာသည့် ​ဒေသခံအချို့အား ဖမ်းဆီးသတ်ဖြတ်ခြင်းကို ကျူးလွန်နေသဖြင့် မြို့​ပေါ်​နေပြည်သူများ မည်သည့်အ​ကြောင်းနှင့်မှ မြို့တွင်းသို့ ပြန်လည်ဝင်​ရောက်​နေထိုင်ခြင်းမပြုသင့်​ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက သတိ​ပေးထားသည်။ ဓါတ်ပုံ(Infinity Group)–​ကောလင်းမြို့အား ​ဖေ​ဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်​နေ့တွင် စစ်​ကောင်စီတပ်မှ မီးရှို့​နေစဥ်၊​ကောလင်းစစ်​​ဘေးရှောင်မြင်ကွင်း၊ခ​မောက်​​တောင် #infinitygroup
Показати все...
👍 4🔥 2
ကျွန်းလှမြို့နယ်တွင်းရှိ မော်တုံ၊ပေပင်ချောင် ကျေးရွာများအနီး အကြမ်းဖက်စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ် ကျွန်းလှ ဖေဖော်ဝါရီ (၁၄) ဖေဖော်ဝါရီ ၁၄ ရက်နေ့ညနေ (၄)နာရီ(၃)မိနစ်အချိန် တံတားဦးမှတက်လာသောစစ်တိုက်လေယာဥ်တစင်းမှကျွန်းလှမြို့နယ်မော်တုံကျေးရွာအနီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့သိရသည်။လေကြောင်းတိုက်ခိုက်မှုကြောင့် မော်တုံကျေးရွာအနောက်ရှိစျေးဆိုင်တဆိုင်မီး လောင်ပြာကျသွားပြီးဆိုင်ပိုင်ရှင်အမျိုးသမီးတဦးလည်း ၎င်းဆိုင်အတွင်းမှာပင်မီးလောင်အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် မော်တုံကျေးရွာမှအမျိုးသမီးတဦးနှင့်ပေပင်ချောင်ကျေးရွာမှအ မျိုးသမီးတို့လည်းထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ် လို့လည်းသိရသည်။ ထို့အပြင် ညနေ(၅)နာရီ (၅၃)မိနစ်အချိန်တွင် တံတားဦးမှ တက်လာသောတိုက်ခိုက်ရေးစစ်လေယာဥ်ဖြင့် ဒုတိယအကြိမ်ဝေသော်ရွာနှင့်ပေပင်ချောင်ကျေးရွာဆက်သွယ် ရေးလမ်းမကြီးဒေသအခေါ်ကံကြီးကွင်းအနီးတဝိုက်လေ ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကားတစီးထိမှန်ပျက်စီး ခဲ့ရပြီး၊ကားဆရာမှာလည်းထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိ ခဲ့တယ်လို့မြေပြင်သတင်းပေးပို့ချက်များအရသိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့်ပြည်သူများနေထိုင်ရာရွာများ၊သာသနိ ကအဆောက်အအုံများ၊စစ်ရှောင်စခန်းများ၊စာသင် ကျောင်းများနှင့် ဆေးရုံများကိုအဓိကပစ်မှတ်ထားပြီးအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြု လုပ်ခဲ့သည်။အလားတူဖေဖော်ဝါရီ ၁ ရက်နေ့မှာဆိုလျှင်ကန့်ဘလူခရိုင်အတွင်းရှိ သင်တော၊ဇော်ချောင်း၊ညောင်ကုန်း၊ပင့်သာ၊မကျီးကုန်း၊ဇီးကုန်း စသည့်ကျေးရွာများကိုအကြမ်းဖက်စစ်ကောင်စီတပ်မှအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်ဖြစ်စဥ်များလည်းရှိခဲ့သည်။ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)
Показати все...
👍 7🔥 2
ပြည်သူ့စစ်မှုထမ်းဥပ​ဒေ က​နေ ရုန်းထွက်ပါ ​ဖေ​ဖော်ဝါရီ ၁၃ ၊ ၂၀၂၄ စစ်​ကောင်စီဟာ ပီးခဲ့တဲ့ရက်ပိုင်းကပဲ " ပြည်သူ့စစ်မှုထမ်းဥပ​ဒေ " ကို ထုတ်ပြန်လာတာ​တွေ့ရပါတယ်။ဒီဥပ​ဒေက ​တော်​တော်အ​ရေးကြီးပါတယ်။ဘာလို့အ​ရေးကြီးလဲဆိုရင် တနိုင်ငံလုံးမှာ စစ်မျက်နှာဖွင့်​တိုက်နေရတဲ့ စစ်​ကောင်စီတပ်မှာ လူအင်အားမရှိ​တော့တာ​ကြောင့် ​နောက်ထပ်လူသစ်​တွေကို မဖြစ်မ​နေစု​ဆောင်းမယ်ဆိုတာ​ကြောင့်ပါ။ စစ်မှုထမ်းရမယ့်အသက်အရွယ်အပိုင်းအခြားမှာ သူတို့​ထုတ်ပြန်ထားတဲ့အချက်​တွေအရဆို ​ယောကျ်ား​လေးဆိုရင် အသက် ၁၈–၃၅ ၊ မိန်းက​လေးဆိုရင် အသက် ၁၈–၂၇ ဆိုပီး​တော့ အကြမ်းဖျင်းပါပါတယ်။ဘာလို့အကြမ်းဖျင်းလို့​ပြောရသလဲဆို ၃၅ နှစ်အထက်​ကျော်ရင်လဲ ​သူတို့စစ်တပ်အတွက် လူလိုရင် ဘယ်အသက်အရွယ်မဆို ခေါ်နိုင်လို့ပါပဲ။ ဘာလို့ ဒီ​လောက်ထိ​ပြောနိုင်ရသလဲဆိုရင် ကျ​နော်တို့ကန့်ဘလူနယ်က အချက်အလက်​တွေကို အ​ခြေခံထားလို့ဖြစ်ပါတယ်။စစ်​ကောင်စီဟာ ကန့်ဘလူနယ်ကို ဒီဥပ​ဒေမထုတ်ပြန်ခင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ​လောက်ကစပီး " ပြည်သူ့စစ် " (အများအ​ခေါ် ပျူ​စောထီး)​အဖွဲ့​တွေကို ဖွဲ့စည်းခဲ့တာ​ကြောင့်ပါ။ပျူ​စောထီးအဖွဲ့ဝင်​တွေထဲမှာ အသက် ၅၀ အထက်​အရွယ်တွေ​တောင် အများကြီးရှိပါတယ်။ ကန့်ဘလူနယ်က ပျူ​စောထီးအဖွဲ့ဝင်​တွေထဲမှာ စစ်တပ်ကို​ထောက်ခံသူကလူနည်းစုပဲဖြစ်​ပေမယ့် အများစုက​တော့ မိမိတို့ရပ်ရွာ၊မိမိတို့ပိုင်ဆိုင်သမျှဥစ္စာပစ္စည်း​တွေကို မစွန့်လွှတ်နိုင်သူ​တွေ၊တခါ စစ်​ကောင်စီနဲ့ပျူ​စောထီးစု​ဆောင်းတဲ့လူတစုအ​​ပေါ် မလွန်ဆန်နိုင်လို့ ပျူ​စောထီးအဖွဲ့ဝင်ဖြစ်လာကြတာပါ။ ဒါ​ပေမယ့် ဒီလူ​တွေ အခုချိန်စစ်တပ်ကို ​သေနတ်​ပြောင်းပြန်လှည့်​မလားလို့ ​တွေး​နေရင် အဲ့အ​တွေး ​တွေးတဲ့လူဟာ ရူး​နေပီလို့ဆိုရမှာဖြစ်တယ်။ဘာလို့ဆို စစ်တပ်ကို ဘယ်​လောက်ပင်မကြိုက်ပါ​စေ သူတို့ဟာ စစ်တပ်ရဲ့အမိန့်ကို ​ကောင်း​​ကောင်းနာခံတတ်​​နေတာ​ကြောင့်ဖြစ်ပါတယ်။ ကျ​နော်တို့ကန့်ဘလူနယ်ဘက်မှာ ပျူ​စောထီးစခန်း​တွေ၊ပျူ​စောထီးရွာ​တွေကို ပြည်သူ့ကာကွယ်​ရေးတပ်​တွေဝင်တိုက်တဲ့အချိန်မှာ စစ်တပ်ကိုမကြိုက်လို့ ပျူ​စောထီးထဲဝင်ရပါတဲ့ဆိုတဲ့ လူအများစုဟာ ဝမ်းပမ်းတသာနဲ့ လက်နက်ချအညံ့ခံဖို့​နေ​နေသာသာ " ငါမ​သေ ငါ့စခန်းမကျ​စေရ " ဆိုတဲ့ ​ဆောင်ပုဒ်အတိုင်း တန်ပြန်တိုက်ခိုက်ခဲ့တာချည်းပါပဲ။ဒါ​ကြောင့်မို့လဲ ပျူစခန်းသိမ်းပွဲ​တွေမှာ PDF ​တွေ ထိတယ်၊ကျတယ်ဆိုတာ ဖြစ်လာတာပါ။ တချို့က ပျူ​​စောထီးထဲဝင်ပီး သင်တန်းတက်မယ်၊လက်နက်​ရရင်ထွက်​ပြေးမယ် ဒါမှမဟုတ် စစ်တပ်ကိုပြန်တိုက်မယ်ဆိုတာမျိုး ​တွေးကြပါလိမ့်မယ်။ဒီလိုမျိုး​တွေး​နေရင် စိတ်ကူယဥ်ဆန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။စစ်တပ်ဟာ စစ်တပ်ပီသလို့ အမိန့်နာခံတတ်ဖို့ရယ်၊အမြင်​ဝေဝါးသွား​စေမယ့် အ​တွေးတွေကို သင်တန်းစကတည်းက​ ခင်ဗျားတို့​ခေါင်းထဲရိုက်ထည့်ပါလိမ့်မယ်။ပီးရင် မိသားစုနဲ့အကြပ်ကိုင်ပါလိမ့်မယ်။တခါ တပ်ဖွဲ့ထဲမှာတင် တ​ယောက်နဲ့တ​ယောက် မယုံကြည်​ရဲအောင် ​နည်းအမျိုးမျိုးနဲ့ လုပ်​ဆောင်ပါလိမ့်မယ်။ ဒါ​ကြောင့် လူတိုင်းစစ်တပ်ထဲကို မဝင်မ​နေရစနစ်နဲ့ ဝင်လာစေဖို့ စစ်​ကောင်စီက မကြာခင်ရက်ပိုင်းက ပြဌာန်းထားတဲ့ " ပြည်သူ့စစ်မှုထမ်းဥပ​ဒေ " က​နေ ရုန်းထွက်ကြပါ။ဒါမှမဟုတ်ရင်​တော့ စစ်​ကောင်စီဟာ ပြည်သူအချင်းချင်း ပြန်သတ်မယ့်အစီအစဥ်​တွေထဲမှာ ခင်ဗျားတို့ကို သ​ဘောတူသည်ဖြစ်​စေ မတူသည်ဖြစ်​စေ ဆွဲထည့်လာမှာပါ။ ငါက​တော့ ဘယ်သူ့အမျိုးအ​ဆွေမို့၊ဘယ်လို​လေးအ​ကြောင်းပြလိုက်လို့မို့ ငါ့ဆိုရင် မလုပ်ဘူး​တော့ မထင်​လေနဲ့။အခုပြဌာန်းလိုက်တဲ့ " ပြည်သူစစ်မှုထမ်းဥပ​ဒေ " အရဆို ကန့်ဘလူဟာ အ​ကောင်းဆုံး သာဓကပါ။အခုဆိုရင် စစ်တပ်ကအတင်းအကြပ်​စေခိုင်းလို့ ပျူ​စောထီးအဖွဲ့ဝင်ဖြစ်လာသူဦး​ရေဟာ ကန့်ဘလူတမြို့နယ်ထဲမှာတင် ၂၅၀၀ အထက်မှာရှိ​နေပါပြီ။ ပြည်သူကိုသတ်မလား ၊ ပြည်သူနဲ့အတူ ရပ်တည်မလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ချိန်တန်​နေပါပီ။ #infinitygroup
Показати все...
👍 2😁 1
ယနေ့ ၊ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ဟာဆိုရင် ကျွန်ုပ်တို့၏လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၉) နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏လွတ်လပ်ရေးဖခင်ကြီးအား မမေ့မလျော့လေးစားဂုဏ်ပြုရင်း မိန့်ခွန်းတချို့အားပြန်လည်ဖော်ပြအပ်ပါတယ်။ "တိုင်းပြည်သည် တပ်မတော်အတွက်မဟုတ်၊ ဒီတိုင်းပြည်မှာ စည်းကမ်းမရှိတဲ့ စစ်တပ်ရှိနေမဲ့အစား အဲ့ဒီ စစ်တပ်မရှိတာက တိုင်းပြည်အတွက် ပိုကောင်းပါတယ်။" "ငါတို့စစ်တပ်ဟာ နိုင်ငံသူ၊နိုင်ငံသားတွေကို ညှဉ်းပမ်းဖို့ မဟုတ်။ လက်နက်အားကိုး တန်ခိုးဓားပြတိုက်ဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ် နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။'' "အာဏာဟာဥပဒေအထက်မှာရှိနေရင် ဒီနိုင်ငံဟာမွဲနေဦးမှာဘဲ။" #ဗိုလ်ချုပ်အောင်ဆန်း #ဖေဖော်ဝါရီ၁၃ @kannlet02
Показати все...
😁 1
အပျင်းပြေလေး
Показати все...
⚠️ကန့်ဘလူ ကန့်ဘလူမြို့နယ် ချပ်သင်းရွာ (ခွေးအထိုင်)မှထွက်သွားသော စစ်ခွေးနှင့်ပျူခွေး အင်အား (၁၀၀)ကျော်နှင့်ကိုးတောင်ဘို့ရွာ (ခွေးအထိုင်)မှထွက်လာသော စစ်ခွေးနှင့်ပျူခွေး အင်အား(စီစစ်ဆဲ) နှစ်ကြောင်းပေါင်းထားသော အကြမ်းဖက်အဖွဲ့သည် ကန့်ဘလူနယ် ပေါက်ဆိန်ကုန်းရွာသို့ဝင်ရောက်ပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်စီးနေသည်ဟု သတင်းရရှိထားပါသည်။ #Dragon Kyunhla
Показати все...
👍 2
"ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ခွင့် အပြည့် အဝထိန်းချုပ်ခွင့်ရနေတဲ့ မြို့ကြီး ရွာတွေမှာတော့ ဒါက ကြီးကြီးမားမား ထိရောက်မှုတွေ သက်ရောက်မှုတွေ ဖြစ်သွားမယ်။ အိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးပြီးတော့ စစ်တပ်ထဲ ဝင်ခိုင်းတဲ့အနေအထားအထိကို ဖြစ်လာနိုင်တယ်။  ကိုယ့်သားသမီးကို စစ်တပ်ထဲ ထည့်လိုက်ပြီဆိုရင်တော့ အဲဒီ မိဘတွေ အနေနဲ့ကတော့ ဘုရားစင်ရှေ့ ကနေကို ထရမှာ မဟုတ်ဘူးဆိုတာကတော့ လုံးဝကို သေချာပါတယ်။ " ပြည်သူ့ရင်ခွင်အဖွဲ့မှ CDM ဗိုလ်ကြီးလင်းထက်အောင်နှင့် တွေ့ဆုံခြင်း By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းတယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ရင်ခွင်အဖွဲ့မှ CDM ဗိုလ်ကြီး လင်းထက်အောင်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ။ ကျွန်တော်တို့ ဒီနေ့ မေးမယ့်အကြောင်းအရာကတော့  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုပြီးတော့ အကြမ်းဖက်စစ်ကောင်စီကနေပြီးတော့ ကြေညာလိုက်တယ်ပေါ့လေ။ အဲဒီဥပဒေမှာလည်း လူငယ် လူရွယ်တွေကို စစ်ထဲကို ထည့်မယ့်၊ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ပါလာတဲ့အခါကျတော့ ဒီ ပြည်သူ့စစ်မှုထမ်းဥပဒေ  ဘယ်လို သက်ရောက်မှုမျိုး ရှိလာနိုင်မလဲ။ ဖြေ။ ။ ဒီနေရာမှာ ကျွန်တော် အရင်ပြောချင်တာကတော့ စစ်ကောင်စီကတော့ သူလုပ်နိုင်သမျှ နည်းလမ်းအားလုံးကို အကုန်သုံးပြီးတော့ လုပ်နေတယ်၊ လုပ်နေဆဲလို့ ကျွန်တော် ပြောလို့ရတယ်။ ထပ်ပြီးတော့လည်း သူ သုံးနိုင်သမျှ နည်းလမ်းကို အကုန်သုံးလာမှာပဲလို့ ကျွန်တော်တို့ ကောင်းကောင်းကို ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒီ ပြည်သူ့စစ်မှုထမ်းဥပဒေက ဒါ နဂိုကတည်းက စစ်တပ်ထဲက စစ်ခေါင်းဆောင်တွေ အိပ်မက် မက်ထားတဲ့ ရည်ရွယ်ထားတဲ့ ဥပဒေတစ်ခုဆိုတာ ကျွန်တော်တို့ စစ်တပ်ထဲမှာကတည်းက ကြားသိရပါတယ်။ နောက်ပြီးတော့ ဒီအာဏာသိမ်းကာလမပေါ်ခင်ကတည်းက တစ်ခုခုဆို သူတို့ရဲ့ စစ်အင်အားလျော့နည်းလာပြီဆို ဒီ ဥပဒေကို အမြဲတမ်းပဲ မျက်စောင်းထိုးတာကို ကျွန်တော်တို့ ခဏခဏ တွေ့ရတယ်။ ဒီဥပဒေကနေပြီးတော့ အဓိကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အများပြောကြသလို ပြည်သူချင်း ရန်တိုက်ပေးတဲ့ ပုံစံမျိုးပေါ့။ ဒီလိုမျိုးဥစ္စာတွေလည်း ကျွန်တော်တို့ အများကြီးဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အဓိကတော့ အောက်ခြေလူတန်းစားတွေ၊ အခြေခံလူတန်းစားတွေ အတွက်ကတော့ ကြီးကြီးမားမား ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်မယ်လို့ ကျွန်တော် ယူဆတယ်။ အဓိကကတော့ သူတို့ရဲ့အားနည်းနေတဲ့ အင်အားကို ဖြည့်ဆည်းဖို့အတွက် သူတို့ရဲ့ လုပ်နိုင်သမျှနည်းလမ်းတွေထဲက နောက်ဆုံးနည်းလမ်း၊ အင်အားနဲ့ ပတ်သက်တဲ့ နောက်ဆုံးနည်းလမ်းကို ထုတ်သုံးလိုက်တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ မေး။ ။ ဒီဥပဒေက နိုင်ငံရေးအရရော ဘယ်လိုဆိုးကျိုးတွေရှိလဲ။ နွေဦးတော်လှန်ရေးအပေါ်မှာရော ဘယ်လောက်အထိ သက် ရောက်မှုကြီးနိုင်သလဲ။ ဖြေ။     ။ အခုကတော့  ဥပဒေ ထွက်ထွက်ချင်းမှာပဲ လူထုဆီကနေ တုံ့ပြန်မှု တွေ တော်တော်များများတွေ့ရတယ်။ ပြောရမယ်ဆိုလို့ရှိရင် ဒီ ဥပဒေကို ဘယ်သူမှ သိပ်ပြီးတော့ နှစ်သက်ပုံကတော့ မရဘူးလို့ ထင်တယ်။ သူတို့ရဲ့ ထောက်ခံသူတွေ ကိုယ်၌ကိုက ဒီဥပဒေမှာ နည်းနည်းလေး ဝေဖန်မှုတွေ ရှိတယ်။ တပ်တွင်းမှာလည်း ရိုက်ခတ်မှုတွေလည်း အနည်းငယ်ရှိတယ်လို့ ကျွန်တော်တို့ သိထားတယ်။ ဒီဥပဒေသည် နိုင်ငံရေးအရ သွေးကွဲ လမ်းလွဲအောင် လုပ်မယ့် ရည်ရွယ်ချက်တွေလည်း ပါမယ်လို့ ကျွန်တော် ထင်တယ်။ အဓိကက သူတို့သည် သတင်းတု သတင်းမှားတွေနဲ့ ဒီရက်ပိုင်းဆိုလည်း လုပ်တာ အများကြီးတွေ့ရတယ်။ သူတို့ရဲ့ အကြမ်းဖက်တဲ့ ဖြစ်စဉ်တွေ အွန်လိုင်းပေါ်တက်လာတဲ့အခါမှာ နောက်မှာ ဆက်တိုက် တခြားသော သတင်းတု သတင်းမှားတွေနဲ့ ဖုံးဖိဖို့ လမ်းလွဲဖို့ နည်းလမ်းတွေလည်း လုပ်လာတာ‌ တွေ့ရတယ်။ ဒီဥစ္စာသည် ဒီရဲ့ ဥပဒေရဲ့ အရာကတော့ တော်လှန်ရေးအပေါ်မှာတော့ အဲဒီလောက်ကြီး ကြီးကြီးမားမားဖြစ်သွားမယ်လို့တော့ ကျွန်တော် မထင်ဘူး။ အဓိကကတော့ တော်လှန်ရေးနဲ့သိပ်ပြီး မဆိုင်သလို နေတဲ့ သူတွေ၊ နောက်ပြီးတော့ မြို့ပေါ်လူတန်းစားတွေအတွက်ကတော့ ကြီးကြီးမားမား သက်ရောက်မှုဖြစ်သွားမယ်။ နောက်ပြီးတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ခွင့် အပြည်အဝထိန်းချုပ်ခွင့်ရနေတဲ့ မြို့ရွာအချို့မှာတော့ ဒါက ကြီးကြီးမားမား ထိရောက်မှုတွေ သက်ရောက်မှုတွေ ဖြစ်သွားမယ်လို့ ကျွန်တော် ထင်တယ်။ တော်လှန်ရေးဘက်ခြမ်းမှာတော့ ကြီးကြီးမားမား သက်ရောက်မှုဆိုတာထက် တော်လှန်ရေးဘက်က အင်အားတစ်ခုတောင်မှ ထပ်တိုးမယ့် အလားအလာပုံစံမျိုးတွေတော့ ကျွန်တော်တို့ တွေ့ရတယ်။ မေး။    ။ အဲဒီတော့ အခုဆိုလို့ရှိရင် လူငယ်လူရွယ်တွေက ဝင်ရေးကြတယ်။ စစ်တပ်ရဲ့ ပေးတဲ့ သေနတ်ကို ယူပြီးတော့ သေနတ်ပြောင်းပြန်လှည့်မယ်။ သူတို့ကို ပြန်ပစ်မယ် ဒါမျိုးတွေ ပြောကြတဲ့ လူငယ်တွေလည်း ရှိတယ်ပေါ့နော်။ ဒီလောက်ကြီးထိ သူတို့က ဒီလူငယ်တွေကို သေနတ်တပ်ပေးလိုက်ပြီးတော့ မင်းတို့ ရော့ သေနတ်ယူ သွားပစ်ကြဆိုပြီး‌တော့ ဒီလိုမျိုး ယုံကြည်စိတ်ချစွာနဲ့ လက်နက်တပ်ပေးပါ့မလား။ ဘယ်လိုနေရာတွေမှာ လူငယ်တွေကို စစ်ရေးအလေ့အကျင့်မရှိတဲ့ ဒီလိုလူငယ်တွေ စစ်မတိုက်ဖူးတဲ့
Показати все...
လူငယ်တွေကို စစ်တပ်က ဘယ်လိုနေရာတွေမှာ သုံးနိုင်လဲ။ ဖြေ။ ။ ကျွန်တော်ကလေ ဒီနေရာမှာ လူထုကနေပြီးတော့ ဒီအပေါ်မှာ အရင်တုန်းကလည်း စုဆောင်းတာတွေနဲ့ ပတ်သက်ပြီးတော့ သတင်းတွေ ထွက်လာပြီဆိုရင် လူထုက ပြန်တုံ့ပြန်လေ့ရှိတယ်။ သူ့ လက်နက်နဲ့ သူ့ပြန်ရိုက်မယ်ပေါ့။  ကျွန်တော်ကတော့ အဲဒါမထင်ဘူး။ ဖြစ်နိုင်ခြေနည်းတယ်။ ဖြစ်နိုင်ခြေနည်းတယ် ဆိုတာထက် ပြောရမယ်ဆိုတာတော့ အဲဒီလို လုပ်မယ်လို့ ရည်ရွယ်ချက်ရှိတဲ့ လူကိုယ်၌က စစ်တပ်ရဲ့ ထိန်းချုပ်ထားတဲ့ ဘောင်အတွင်းကို ရောက်သွားတာ။ စစ်တပ်ရဲ့ မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ဘောင်အတွင်းကို ရောက်သွားတာ အဲဒီတော့ အဲဒါကို လုပ်နိုင်ဖို့ဆိုတာ တော်တော်ကို ခဲယဉ်းတယ်။ ကျွန်တော်ကတော့ အဲဒီဟာကို စိတ်ကူးမယဉ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါသည် မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ လုပ်ရမှာ ၂ ခုပဲ ရှိတယ်။ တစ်ခုက စစ်တပ်ထဲကို ဝင်မလား၊ ဒီ မရှောင်လွဲလို့ရတဲ့ အချိန်မှာ စစ်တပ်ထဲကို ဝင်မလား ဒါမှမဟုတ် တော်လှန်ရေးဘက်ကို အပြည့်အဝ ပူးပေါင်းမလား။ ဒီ လမ်း ၂ ခုပဲ ရှိတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ စစ်တပ်ထဲကို ရောက်သွားပြီဆိုရင် ပထမတစ်ခုက  စစ်တပ်မှာ အချိန်ကာလ သိပ်မရှိပါဘူး။ ဘာဖြစ်လို့ အချိန်ကာလသိပ်မရှိဘူးလို့ ကျွန်တော် ပြောလဲဆို အခုအချိန်မှာ နေရာအနှံ့မှာ စစ်မျက်နှာပြင်ဖွင့်ထားတယ်။ အထူးသဖြင့် ရခိုင် စစ်မျက်နှာပြင်ဆို သူတို့အတော်ကို ရှုံးနိမ့်နေတယ်။ ရေတပ်တွေက အစ သင်္ဘောတွေကအစ နစ်မြှုပ်နေတဲ့ အနေအထားကို တွေ့ရတယ်။ နောက်ပြီးတော့ သူတို့ရဲ့ ခြေလျင်တပ်အင်အားက အတော်လေးကို လျော့နည်းသွားတယ်။ သောင်းနဲ့ ချီပြီးတော့ကို လျော့နည်းနေတာ။ ဒါနည်းနည်းလေး လျော့နည်းတာ မဟုတ်ဘူး။ တပ်တွေရဲ့ ဖွဲ့စည်းပုံပျက်တဲ့အထိကို လျော့နည်းနေတာ တစ်ခုဖြစ်တယ်။ ဒီထဲကို ထည့်မယ့်သူတွေသည် အချိန်ကာလတိုအတွင်းမှာပဲ လေ့ကျင့်သင်ကြားမှုမျိုးတွေ လုပ်လာတယ်။ စစ်ပညာတွေ မပြည့်ဝဘဲနဲ့ ရှေ့တန်းတွေ၊ အဓိကကတော့ ခြေလျင်တပ်အင်အားမျိုးမှာ အဓိက သုံးမယ်လို့ ထင်တယ်။ အဓိက ရှေ့တန်းစစ်မျက်နှာပြင်မှာ သုံးမယ်လို့ ကျွန်တော် ထင်တယ်။ နောက် ကျွမ်းကျင်သူ။ ငါကတော့ ဆရာဝန်၊ သူက ဆရာဝန်လို့ ကိုယ့်ကိုယ်ကိုယ်မှတ်ယူထားသော်လည်း စစ်မြေပြင်မှာ ဆေးကုရတဲ့ ဆရာဝန်ဖြစ်သွားနိုင်တယ်။ ငါကတော့ အင်ဂျင်နီယာ၊ ငါကတော့ စစ်တပ်ထဲမှာ အင်ဂျင်နီယာ အလုပ်ပဲ လုပ်ရမယ်။ ဒါပေမဲ့ စစ်မြေပြင်အင်ဂျင်နီယာ ဖြစ်သွားနိုင်တယ်။ ဒီလိုမျိုး ပုံစံတွေ ရှိသွားနိုင်ပါတယ်။ ငါကတော့ အပြင်မှာတော့ တခြား ကျွမ်းကျင်မှုတစ်ခုကို လုပ်နေရတဲ့ သူ၊ ဒါပေမဲ့ စစ်တပ်မှာ ရှေ့တန်းမှာ အသုံးခံရတဲ့ လူ ဖြစ်သွားမယ်။ အဲဒီတော့ ဒီရဲ့ ဥပဒေရဲ့ သဘောတရား စစ်တပ်က ကျင့်သုံးချင်တဲ့သဘောတရားအရသည် သေချာတာတစ်ခုက လူသားဒိုင်းကာတစ်ခုအနေနဲ့ သေသေချာချာ စစ်ပညာမတတ်မြောက်သေးတဲ့ လူငယ်တွေကို လူသားဒိုင်းကာအနေနဲ့ သုံးချင်တဲ့ ရည်ရွယ်ချက်ကတော့ ပိုများတယ်လို့ ကျွန်တော် ထင်တယ်။ အခုချိန်မှာ သူတို့က သူတို့ရဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးတယ်လို့ ဇော်မင်းထွန်း ကိုယ်တိုင်က ပြောသော်ငြား မဟုတ်ပါဘူး။ အဓိက ပြည်သူ့စစ်မဟာဗျူဟာရဲ့ ပြောင်းပြန်ဖြစ်တဲ့ ပြည်သူကို လူသားဒိုင်းကာအဖြစ် သုံးစွဲမယ့် အလားသဏ္ဍာန်တွေကတော့ ပိုများမယ်လို့ ကျွန်တော် ဒီနေရာမှာ တိတိကျကျကို ပြောလိုတယ်။ သေချာတာတစ်ခုကတော့ ကိုယ်ကတော့ သူ့သေနတ်နဲ့ သူ့ကို ပြန်တိုက်မယ်ဆိုတဲ့ဟာကတော့ လုံးဝ စစ်တပ်ထဲမှာ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုလို့ ကျွန်တော်ကတော့ ပြောချင်တယ်။ မေး။     ။ အခုဆိုရင် လူငယ်လူရွယ်တွေက စစ်ထဲ မဝင်ကြဘူး။ စစ်ထဲ မဝင်ချင်ကြဘူးပေါ့နော်။ ကြားနေနေတဲ့ လူငယ်တွေ ရှိတယ်ပေါ့လေ။ အဲဒီလို လူငယ်တွေကို ဘယ်လို အကြံပေးချင်လဲ။ သူတို့ ဒါကို ဘယ်လိုရှောင်လွှဲလို့ရမလဲ။ မိဘတွေရော လူငယ်တွေရောက‌ မေးနေကြတယ်။ အဲဒီဟာအပေါ်ကိုရော ဗိုလ်ကြီး ဘယ်လိုအကြံပေးချင်လဲ။ ဖြေ။    ။ အခုချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ကောင်းကောင်းကို ထိန်းချုပ်နိုင်နေတဲ့ မြို့ပြတွေ နယ်ရွာတွေကတော့ ဒီဥစ္စာကို ရှောင်လွှဲဖို့ကတော့ အတော်ကို ခက်ခဲမယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဒီ အများပြောနေကြသလို့ ဥပဒေကို အသုံးချပြီးတော့ ကိုယ်ကျိုးစီးပွားအတွက် လုပ်စားမယ့်ဟာတွေလည်း အများကြီးရှိမယ်။ ဥပမာ ငွေပေးတာပေါ့။ အလွှာ လူတန်းစား တစ်ခုအတွက် ဖြစ်တာပေါ့။ ဥပဒေရဲ့ တခြားလွတ်လပ်ခွင့်ဆိုတဲ့ ဝင်ရောက်ဖို့ မလိုတဲ့ အတန်းအစားလည်းရှိတယ်ပေါ့လေ။ ဒါတွေနဲ့ ပတ်သက်လို့သူ့ဟာသူ လွတ်ကင်းခွင့်တော့ ရှိရင် ရှိလိမ့်မယ်။ သို့ပင်သော်ငြား သေချာတာတစ်ခုကတော့ ဝင်ကို ဝင်ရမယ်ဆိုတဲ့ အခြေအနေတစ်ခုကတော့ ရှောင်လွှဲဖို့ ခက်ပါလိမ့်မယ်။ အဲဒီကျတော့ ကျွန်တော်ကတော့ အခုအချိန်မှာ ကြားနေဆိုတဲ့ လူတန်းစားတစ်ခုအတွက်ပါ စစ်ကောင်စီက သူ့ဘက်ကိုယ့်ဘက်ခွဲဖို့အတွက် နည်းလမ်းတစ်ခုကို သုံးလိုက်တယ်လို့ ထင်မိတယ်။ ကျွန်တော်တို့ အခုအချိန်မှာ သေချာခွဲရမှာပါ။ ကျွန်တော်တို့ စစ်တပ်ထဲကို ဝင်ရင် အခုချိန်ရဲ့ စစ်ရေးအခြေအနေအရ လက်နက်ကြီးတွေ ရှိတယ်။ သင်္ဘောတွေ ရှိတယ်။ လေယာဉ်တွေ ရှိသော်ငြားလည်း စစ်မြေပြင်မှာ မရှုမလှနဲ့ ရှုံးနိမ့်တဲ့အခြေအနေကို ရောက်နေပြီ။ သေချာတာတစ်ခုကတော့ စစ်တပ်ထဲကို
Показати все...
ပြောရမယ်ဆိုရင် သေသေချာချာစနစ်တကျနဲ့ လုပ်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုးတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စိတ်ထဲမှာ ရှိတဲ့ သူတို့ရဲ့ တစ်ဦးတစ်ယောက်ချင်းစီက ထွက်လာတဲ့အရာတွေကကို မှားယွင်းနေတဲ့ အရာတွေ အများကြီးရှိပါတယ်။ အဲဒီတော့ သူတို့သည် ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ သူတို့ လုပ်မှာပါ။ ဥပမာ ကျေးရွာတွေကို ဖျက်ဆီးပြီးတော့ စစ်ကိုင်းတို့ မကွေးတို့မှာ အတော်များများ ခံရပါတယ်။ ကျေးရွာတွေမှာဆိုရင် အတင်းအဓမ္မ ပြည်သူ့စစ်တပ်ခိုင်းတာတို့ နောက်ပြီးတော့ အတင်းအဓမ္မ သူတို့တပ်တွေ အဖြစ် ဖွဲ့စည်းတာတို့ ဒီလိုပုံစံမျိုးတွေ အများကြီးရှိပါတယ်။ အဲဒီတော့ သူတို့သည် ဥပဒေကို လက်တစ်လုံးကြား ဥပဒေအပေါ်က ထိုင်ပြီးတော့ လုပ်ချင်သလို လုပ်နေတဲ့ လူတွေဖြစ်တဲ့အတွက် ရှောင်ဖို့ တိမ်းဖို့ဆိုတဲ့အဖြစ်တွေက ဟာသတစ်ခုအဖြစ်သာ ကျွန်တော်ကတော့ ရှိနေမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီပိုပြီးတော့ လုပ်နိုင်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ ဒါပေမဲ့ တစ်ခုပဲပေါ့နော် သူတို့အတွက် အတန်းအစားတစ်ခုပေါ့နော် သူတို့ရဲ့ ပတ်သက်တဲ့ သူတွေ၊ ဒါမှမဟုတ် ငွေကြေးတတ်နိုင်တဲ့ သူတွေအတွက်ကတော့ သူတို့အတွက် လမ်းတစ်ခုတော့ ဖွင့်ထားမှာပေါ့။ အဲဒီအခြေအနေကို မပိုင်ဆိုင်နိုင်တဲ့ မလုပ်နိုင်တဲ့ လူတွေအတွက်ကတော့ ဘယ်လိုရှောင်လွှဲမှုမျိုးကမှ ရမယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ မေး။ ။ ဟုတ်ကဲ့ နောက်ဆုံးမေးခွန်းပါ။ အခုလက်ရှိမှာ ဗိုလ်ကြီးတို့ရဲ့ အဖွဲ့ရှိတယ်။ ဗိုလ်ကြီးတို့ လုပ်နေတဲ့ အဖွဲ့ပေါ့။ အဲဒီအဖွဲ့ကိုလည်း မိတ်ဆက်ပေးရင်း တကယ်လို့ စစ်ထဲဝင်ရတော့မယ် လူငယ်တွေ အကျပ်အတည်းဖြစ်လာပြီဆိုရင် ဗိုလ်ကြီးတို့ အဖွဲ့နဲ့ ဗိုလ်ကြီးတို့ CDM အဖွဲ့နဲ့ ဘယ်လိုဆက်သွယ်လို့ရမလဲ။ ဘယ်လိုတွေ လုပ်လို့ရမလဲ။ ဘယ်လိုတွေ နည်းလမ်းတွေ ရှိမလဲ။ ဘယ်လိုတွေ လုပ်ပေးမလဲဆိုတာလေးကို နောက်ဆုံးအပိတ်မေးခွန်းအနေနဲ့ ဖြေကြားပေးပါခင်ဗျာ။ ဖြေ။ ။ ဟုတ်ကဲ့ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ထားတဲ့ ပြည်သူ့ရင်ခွင် အဖွဲ့ရှိပါတယ်။ အဲဒီလိုပဲ တော်လှန်ရေးအစကတည်းက တခြားသောအဖွဲ့အစည်းတွေ CDM စစ်သားတွေ၊ ရဲတွေကို ကူညီဖို့အတွက် ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ အဲဒီထဲမှာမှ ကျွန်တော်ကိုယ်တိုင် ပါဝင်ထားတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့လည်း ရှိပါတယ်။ ဒါကို Facebook ပေါ်မှာ ပြည်သူ့ရင်ခွင့် ပေ့စ်ကို မြန်မာလိုပဲ ဖြစ်ပါစေ၊ အင်္ဂလိပ်လို People's Embrace လို့ပဲဖြစ်ပါစေ ရိုက်ရှာပြီးတော့ ကျွန်တော်တို့ ရှာလို့ရပါတယ်။ အဲဒီမှာလည်းအခုဆို ပို့စ်တစ်ခု စတင်ထားပြီပေါ့နော်။ မလွှဲမရှောင်သာလို့ ဝင်ရတော့မယ်ဆိုရင် ကျွန်တော်တို့နဲ့ ကြိုပြီးတော့ ဆက်သွယ်ထားပါ။ ဒါပေမဲ့ စစ်တပ်ထဲကို ရောက်ရင် ကြုံရမယ့်အရာတွေ အများကြီး ရှိပါတယ်။ ဥပမာ ဖုန်းမသုံးရတော့တာတို့ ဘာတို့ဆိုရင် ကျွန်တော်တို့အနေနဲ့ ဘယ်လိုပုံစံမျိုးကနေ ကျွန်တော်တို့ကို ဆက်သွယ်လို့ရနိုင်တယ်ဆိုတဲ့ အကြံပြုချက်တွေ ကျွန်တော်တို့ ပေးနိုင်ပါတယ်။ ဒီထက်ကနေ မဝင်မနေဖြစ်ရလို့ အထဲကို ရောက်သွားပြီဆိုတာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့ နည်းလမ်းတွေကိုလည်း ကျွန်တော်တို့ ရှာပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ မိမိတို့အနေနဲ့ ပြည်သူတွေအနေနဲ့ မလွှဲမရှောင်သာလို့ စစ်တပ်ထဲရောက်ပြီဆိုလို့ရှိရင် ကျွန်တော်Facebook စာမျက်နှာကနေ တစ်ဆင့် Telegram Application လိပ်စာကို တင်ပေးထားပါတယ်။ ဒီပေ့ကနေ တစ်ဆင့် ကျွန်တော်တို့ကို ဆက်သွယ်ပေးပါ။ အခုအချိန်မှာလည်း လာရောက်ဆက်သွယ်သူတွေ မနေ့ကတုန်းက ကျွန်တော်တို့ ပို့စ်တင်ထားတဲ့အချိန်မှာ လာရောက်ဆက်သွယ်သူတွေ ရှိပါတယ်။ အဲဒီမှာလည်း ဘာတွေ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြံပြုချက်တွေ စပြီးတော့ ပေးနေပါပြီ။ ဒါပေမဲ့ မိမိကိုယ်တိုင် ဒီအခြေအနေ ဒီဥပဒေတွေကြောင့် မလွှဲမရှောင်သာလို့ ကြုံနေရပြီဆိုရင် အကောင်းဆုံး အခြေအနေကနေ အမြန်ဆုံးလွတ်မြောက်ဖို့ အခုအခြေအနေကနေ ကြိုတင်စီစဉ်ထားပါတယ်။ ဆောင်ရွက်ထားပါတယ်။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ အနေနဲ့ အလုံးစုံအကူအညီမပေးနိုင်ဘူးဆိုရင်တောင်မှာ အတတ်နိုင်ဆုံး အကြံဉာဏ်နဲ့ စစ်တပ်ထဲက ဘယ်လိုရုန်းထွက်ရမလဲဆိုတာလောက်ကိုတော့ ကျွန်တော်တို့ နောက်ဆုံးပေးနိုင်တယ်။ ဒီထက်ပိုပြီးတော့ ပေးနိုင်အောင်လည်း ကျွန်တော်တို့ သေချာကို စီစဉ်ဆောင်ရွက်ထားပါတယ်။ ဥပမာ ထွက်လာချင်တဲ့ လူတွေအတွက် ဘယ်လိုထွက်လာရမယ်၊ ဘယ်လိုချိတ်ဆက်ရမယ်၊ ဘယ်လိုနယ်မြေတွေကို သွားသင့်တယ်၊ ဘယ်လိုချိတ်ဆက်ကူညီပေးမယ်၊ ပို့ဆောင်ပေးမယ်ဆိုတာတွေလည်း ကျွန်တော်တို့ ဆက်တိုက်ကို လုပ်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့လို့အဖွဲ့တွေမှာ အတွေ့အကြုံကောင်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ မလွှဲမရှောင်သာ ကြုံရမယ်ဆိုရင် ပြည်သူ့ရင်ခွင်အဖွဲ့သော်လည်းကောင်း တခြားသော အဖွဲ့အစည်းတွေကိုသော် လည်းကောင်း ဆက်သွယ်ပြီးတော့ စစ်တပ်ထဲကနေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် လုပ်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်တော် ပြည်သူတွေကို ဒီနေရာကနေ အသိပေးလိုပါတယ် ခင်ဗျာ။ KhitThitMedia SSNTIMES
Показати все...
👍 1