Creative Coder Myanmar
Відкрити в Telegram
Web Development ခရီးစဉ်ကို Creative Coder နှင့်စတင်လိုက်ပါ။🚀
Показати більше1 469
Підписники
Немає даних24 години
+67 днів
+3730 день
Архів дописів
Web Development ကိုအခမဲ့လေ့လာခွင့်ရမယ့် အခွင့်အရေးအတွက် (၈) ရက်သာကျန်ရှိပါတော့တယ် 🗓
Creative Coder ရဲ့ Zoom Class တွေဖြစ်တဲ့ Laravel နဲ့ React အတန်းများအတွက် scholarship လျှောက်ထားနိုင်ဖို့က (၈) ရက်သာကျန်ရှိတော့တာဖြစ်ပါတယ်။
ဒီအတန်းတွေဟာ တတ်မြောက်မှုကိုအလေးပေးသင်ကြားပေးထားတဲ့ အတန်းတွေဖြစ်ပြီး လက်တွေ့ပြုလုပ်ရမယ့် project တွေပါ ပါ၀င်ပါတယ်။
ဒီအတန်းတွေထဲကို တက်ရောက်ဖို့အခက်အခဲရှိသူတွေအတွက် ကျွန်တော်တို့ Creative Coder ကနေ scholarship လေးစီစဉ်ပေးထားပါတယ်။
ဒီ scholarship လေးမှာပါ၀င်ဖို့ အတွက်ကို အောက်ပါ post လေးမှာ အသေးစိတ်ရေးသားထားပါတယ်
👇🏻
***တကယ် သင်တန်းတက်ရောက်ဖို့အခက်အခဲရှိသူများသာ scholarship လျှောက်ထားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်***
#scholarship
#react
#laravel
API Development With Laravel Workshop
💯🚀
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°
Laravel အတန်းပြီးသွားတဲ့ ကျောင်းသားတချို့က “ဆရာ Laravel နဲ့ပတ်သက်တဲ့ Workshop လေးဖန်တီးပေးပါဦး” ဆိုလို့ ဒီ workshop လေးကို ဒီလာမယ့်အပတ်ထဲမှာ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။
ပြောပြသွားပေမယ့် ဆရာကတော့ Creative Coder မှာ developer အဖြစ်ရော၊ instructor အဖြစ်ပါလုပ်ကိုင်နေတဲ့ ဆရာဇေယျာ၀င်းပဲဖြစ်ပါတယ်။
ဆရာဇေယျာဝင်းက သူ့အကြောင်းကိုအခုလိုလေးမိတ်ဆက်ထားပါတယ်။
“ကျွန်တော့်နာမည် ဇေယျာ၀င်းဖြစ်ပါတယ်။
အသက် ၂၁ နှစ်ရှိပြီးတော့ Web Developmentအပိုင်းထဲကို 2020လောက်ကတည်းကစတင်၀င်ရောက်လာပြီးတော့
ခုဆိုရင်တော့ Creative Coder Myanmar မှာ Developer တစ်ယောက်အနေနဲ့ကော Instructor တစ်ယောက်အနေနဲ့ရောပါလုပ်ကိုင်လျက်ရှိပါတယ်
လက်ရှိအနေနဲ့ကတော့ Web developmemt foundation
class ကိုသင်ကြားနေပါတယ်
Experienceအနေနဲ့ကတော့ 3 နှစ်ကျော်ရှိပြီး လက်ရှိအနေနဲ့က thai client projectတွေ လုပ်နေပါတယ်ဗျ”
ဒီ Workshop လေးမှာဆိုရင် ဆရာကနေပြီးတော့ API Development နဲ့ Laravel ကိုအဓိကထားပြောပေးသွားမှာဖြစ်ပြီး
👉 လုပ်ငန်းခွင်အတွေ့အကြုံတွေ
👉 အသုံးပြုတဲ့ tool တွေ
👉 လေ့လာရမယ့် resources တွေကိုပါပြောပြပေးသွားမှာဖြစ်ပါတယ်။
ဒီ workshop လေးကို join ဖို့အတွက် Laravel အခြေခံကိုသိထားရင်တော့ ပိုပြီးအဆင်ပြေပါတယ်။
Date & Time - September 16, Friday (7:30 MMT to 10:30 MMT)
Platform - Zoom
ဒီ workshop လေးကို register လုပ်ဖို့အတွက်အောက်ပါ အချက်လေးတွေကို လုပ်ဆောင်ပေးရပါမယ်။
👉 အခု post လေးကို like & share ပြုလုပ်ပေးရပါမယ်။
👉 Like & share ပြုလုပ်ထားတဲ့ screenshot လေးကို page messenger မှာလာပြပြီး zoom link ယူနိုင်မှာဖြစ်ပါတယ်။
ကဲ.. အားလုံးပဲ workshop မှာ ပြန်ဆုံကြမယ်နော် 👀🚀
#creative_coder_myanmar
Code ရေးရာမှာရှိသင့်တဲ့ အလေ့အကျင့်ကောင်းများ 💯
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°
Developer တို့အတွက် အလုပ်လုပ်ရာမှာပိုပြီး စနစ်တကျနဲ့ ပြီးမြောက်အောင်လုပ်နိုင်ဖို့ အလေ့အကျင့်ကောင်းတွေကို တင်ပြပေးလိုက်ရပါတယ်။
ဘယ်လိုအလေ့အကျင့်တွေဖြစ်မလဲဆိုတာကြည့်လိုက်ရအောင် 👀
💬 Code Readability ပိုင်းမှာဆိုရင် variable တွေအတွက် နာမည်တွေပေးတဲ့အခါ အဓိပ္ပါယ်ရှိတဲ့ နာမည်တွေပေးတာမျိုးကိုပဲ ပြုလုပ်ပါ။ ပေါက်ကရနာမည်တွေလျှောက်ပေးတာမျိုးက နောက်အချိန် code ကိုပြန်ဖတ်တဲ့ အခါ ဘာရေးထားတာတွေဆိုတာလဲ မသိဘဲဖြစ်တတ်ပါတယ်။ code ကို format ချတဲ့နေရာမှာလည်း
👉 Indentation
👉 Spacing နဲ့ ၊
👉 Line Break တွေကို သေချာလေးမှတ်သားထားပြီး ကိုယ့်ရေးတဲ့ code ရဲ့ structure ကိုတိုးတက်အောင်လုပ်ပါ။
💬 Code Maintainability ပိုင်းမှာဆိုရင်လည်း clean ဖြစ်ပြီး ပြန်အသုံးပြုလို့လွယ် ၊ နားလည်ရလွယ်တဲ့ code တွေကိုပဲရေးပါ။ code တွေကို အကြိမ်ကြိမ်အခါခါ ထပ်မရေးပါနဲ့၊ စရေးထဲက အသုံး၀င်တဲ့ coding structure လေးကိုပဲအသုံးပြုဖို့အကြံပေးချင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ code တိုင်းမှာ ဘာကိုရည်ညွှန်းတယ်ဆိုတဲ့ comment တွေထည့်တာလည်း အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။
📝 လိုအပ်ရင်အနားယူပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့လည်းမမေ့ပါနဲ့ Developer ကြီးတို့ရေ 👀
#creative_coder_myanmar
WDF ကျောင်းသား၊ ကျောင်းသူတွေလက်စွမ်းပြခဲ့ကြတဲ့ Project များ 🚀
Creative Coder Myanmar ရဲ့ Web Development Foundation Class Batch (4) က ကျောင်းသားတွေပြုလုပ်ခဲ့တဲ့ project တွေဖြစ်ပါတယ်။
စာသေချာလိုက်လုပ်ပြီး၊ project တွေဖြစ်မြောက်အောင်လုပ်ခဲ့ကြတဲ့ ကျောင်းသားတွေအတွက်လည်း Creative Coder ကဂုဏ်ယူမဆုံးပါပဲ။
Web Development ကိုအခြေခံကနေစပြီး လေ့လာချင်သူတွေအတွက် ဒီအတန်းလေးက အသင့်တော်ဆုံးအတန်းလေးဖြစ်ပါတယ်။
မကြာခင် Batch အသစ်ဖွင့်တော့မှာလည်းဖြစ်လို့ စောင့်ကြည့်ကြဖို့လည်းမမေ့ပါနဲ့နော် 👀
#creative_coder_myanmar
Laravel Zoom အတန်းက ကျောင်းသားတွေဘယ်လို feedback ပေးခဲ့ကြလဲ?
လက်တွေ့ project တွေပြုလုပ်ရတဲ့ Laravel အတန်းလေးဟာ ဒီအပတ်မှာပဲ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
ကျောင်းသားတွေရဲ့နှစ်လတာသင်ယူလေ့လာမှုတွေနဲ့အတူ Backend Development နဲ့ပတ်သက်ပြီးအခြေခံကောင်းကောင်းရသွားမယ်လို့ Creative Coder ကယုံကြည်ပါတယ်။
အခုလက်ရှိမှာ frontend, backend တွဲပြီး Zoom အတန်းလေးဖွင့်ထားပေးတာဖြစ်လို့ early bird Discount နဲ့အရယူပြီး တက်ရောက်ဖို့မမေ့ပါနဲ့နော် 👀
#creative_coder_myanmar
Code Review လုပ်ဖို့အတွက် အလေ့အကျင့်ကောင်းများ 💯
Developer တို့သိထားသင့်တာတွေထဲက တခုဖြစ်တဲ့ Code Review လုပ်တဲ့အခါသိထားသင့်တာလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
Code Review ပေးတာက Developer တွေကြားမှာ အရေးကြီးတဲ့ process နေရာကနေပါ၀င်နေပါတယ်။
📝 ပထမဆုံး Code ရဲ့ context ကိုနားလည်အောင်လုပ်ပါ။ Code Review မလုပ်ခင် ဒီ code ရေးရတဲ့ရည်ရွယ်ချက်နဲ့ပြောင်းလဲမှုတွေကို သိနားလည်အောင်လုပ်ထားပါ။
📝 Code ကိုရေးထားတာ Consistent ဖြစ်လားဆိုတာနဲ့ နားလည်ရလွယ်ကူအောင်ရေးထားလားဆိုတာကိုလည်း စစ်ဆေးပါ။
📝 Test case တွေ Edge case တွေနဲ့အတူ real world မှာအသုံး၀င်နိုင်တဲ့ code ဖြစ်အောင်စစ်ဆေးပါ။
📝စစ်ဆေးတဲ့နေရာမှာ performance ပိုင်းကရော အဆင်ပြေရဲ့လားဆိုတာကို memory နဲ့ processing time တွေပေါ်မူတည်ပြီး စစ်ဆေးကြည့်လို့ရပါတယ်။
📝 ရေးထားတဲ့ code အသစ်ကိုလည်း ကို unit test တွေနဲ့အတူစစ်ဆေးထားသင့်ပါတယ်။
📝နောက်ဆုံးအဆင့်အနေနဲ့ ရလာတဲ့ review အပေါ်ပြန်လည်စစ်ဆေးပြီး ပြုပြင်ပြောင်းလဲတာတွေ စလုပ်ထားလို့ရပြီပဲဖြစ်ပါတယ်။
Developer ကြီးတို့ရဲ့ code review အလေ့အကျင့်လေးတွေကိုလည်း comment မှာဝေမျှပေးသွားဖို့ မမေ့ပါနဲ့နော်။
#creative_coder_myanmar
Learning Roadmap နဲ့ အစီစဉ်တကျ လေ့လာနိုင်မဲ့ Developer Bundle Package လေးက ဒီည နောက်ဆုံးပဲရနိုင်တော့မှာဖြစ်ပါတယ်။ ဘာ service တွေပေးထားလဲဆိုရင်
✅ တခုခု စာမရရင် website ထဲကနေ စာမေးနိုင်မဲ့ Live chat support
✅ အကယ်၍ စာနဲ့ဖြေရှင်းလို့အဆင်မပြေရင် Video 1 by 1 ခေါ်မေးနိုင်တဲ့ service
✅ ဒီ service တွေကို lifetime ရနိုင်မှာဖြစ်တဲ့ အပြင် ဒီ service တွေကိုလဲ lifetime ရအောင်လုပ်ထားပေးမှာဖြစ်ပါတယ်ဗျို့။🚀
Developer တို့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ Free Laptop အပြင် ငါးသိန်းကျော်တန်ဖိုးရှိ Web Development Course တွေကို Full Access ရရှိမယ့် အစီအစဉ်
၂၀၂၅ ကိုရောက်ဖို့ (၄) လပဲလိုတော့တယ်နော် Developer ကြီးတို့ရေ..
Developer ကြီးတို့ရဲ့အိမ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့ Cretaive Coder ကနေ ကူညီပံ့ပိုးပေးဖို့အစီအစဉ်လေးလည်းရှိပါတယ်။
ပထမတစ်ခုကတော့
Free Laptop အပြင် ငါးသိန်းကျော်တန်ဖိုးရှိ Web Development Course တွေကို Full Access ရရှိမယ့် အစီအစဉ်ဖြစ်ပါတယ်။
Creative Coder ကနေ လူငယ်တွေရဲ့ အလုပ်အကိုင်အတွက် ကူညီပေးဖို့ ဒီလို HP Laptop (၂) လုံးနဲ့ လုပ်ငန်းခွင်၀င်နိုင်သည်အထိ သင်ကြားပေးထားတဲ့ (၅) သိန်းကျော် တန်ဖိုးရှိ Web Development Full Stack course တွေကို တကယ်လိုအပ်သူ (၂) ဦးကို အခမဲ့ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။
👉 ကိုယ်က Laptop တကယ်လိုအပ်နေသူဖြစ်ရပါမယ်။
👉 Web Development ကိုစိတ်ပါ၀င်စားသူဖြစ်ရပါမယ်။
👉 လက်ရှိမှာ Web Development နဲ့ပတ်သက်ပြီးလုပ်ငန်းခွင်ဝင်နေတဲ့သူ ဒါမှမဟုတ် HTML, CSS, Javascript သိထားသူဖြစ်ရပါမယ်။
အခုပေးမယ့် Laptop လေးတွေက ရုံးမှာ Developer တွေ သုံးဖို့ ကြိုးစားပမ်းစား စုပြီးဝယ်ပေးထားတဲ့ Laptop လေးဖြစ်တာကြောင့် အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့ Laptop လေးတွေဖြစ်ပါတယ်။ အခုစျေးနဲ့ဆို အနဲဆုံး ၁လုံး ကို ၁၀ သိန်းဝန်းကျင်လောက်ရှိပါတယ်ခင်ဗျာ။
အဓိက တကယ် Web Development ကို လေ့လာနေပြီး တကယ် တကယ် တကယ်ကို လိုအပ်နေတဲ့ သူ ၂ ယောက်လောက်ကို ကျနော် တို့ ကူညီပေးချင်တာဖြစ်ပါတယ်။
လေ့လာရေး အတွက်ပါ ၆သိန်းလောက် တန်ဖိုးရှိတဲ့ Learning Platform Full Course Access ပါ 2 ယောက်စာထည့်ပေးသွားမှာဖြစ်ပါတယ်။
👉Application form stage
👉Interview Stage တွေနဲ့အတူ သေသေချာချာစီစစ်ပြီး လူရွေးချယ်သွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ။
မကြာခင် Application form လေးနဲ့အတူပြန်လာမှာမလို့ စောင့်ကြည့်ဖို့မမေ့ကြပါနဲ့နော်။
#creative_coder_myanmar
#scholarship
ကဲ.. ဒီမေးခွန်းလေးတွေကတော့ Learning Platform နဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့မေးခွန်းတွေဖြစ်ပါတယ်။
အခုလက်ရှိမှာလည်း သုံးသိန်းခွဲနဲ့ learning platform မှာရှိတဲ့ အတန်းတွေအကုန်တက်လို့ရတဲ့ promotion ရှိနေတာဖြစ်လို့ မြန်မြန်အတန်းအပ်ကြဖို့ မမေ့နဲ့နော်👀
Learning Platform မှာလေ့လာတာနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ 📝
ကျွန်တော်တို့ Creative Coder Learning Platform မှာ အတန်းတွေ တက်ရောက်နိုင်ဖို့ ကျောင်းသားတွေမေးလေ့ရှိတဲ့မေးခွန်းလေးတွေကို စုပေါင်းပြီး ဖော်ပြပေးလိုက်ပါတယ်။
