uk
Feedback
Creative Coder Myanmar

Creative Coder Myanmar

Відкрити в Telegram

Web Development ခရီးစဉ်ကို Creative Coder နှင့်စတင်လိုက်ပါ။🚀

Показати більше
1 469
Підписники
Немає даних24 години
+67 днів
+3730 день
Архів дописів
photo content

Quizz Day
Quizz Day

photo content
+5

photo content
+9

Web Developer အဖြစ် လုပ်ငန်းခွင်၀င်ဖို့ အဆင်သင့်ဖြစ်နေစေမယ့် Creative Coder ရဲ့ အတန်းတွေ =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° 👉 Web Development ကိုအခုမှစလေ့လာမယ့်သူပဲဖြစ်ဖြစ် 👉 အခြေခံသိထားပြီးတဲ့သူပဲ ဖြစ်ဖြစ်တက်ရောက်နိုင်မယ့် Web Development Foundation နဲ့ React & Laravel အတန်းတွေက အောက်တိုဘာလထဲမှာ စတင်တော့မှာဖြစ်ပါတယ်။ သင်တန်း(၂) ခုလုံးရဲ့ အကြောင်းအရာအသေးစိတ်ကို comment မှာကြည့်ရှုနိုင်ပါတယ်။ ဆရာနဲ့တိုက်ရိုက်သင်ကြားရမယ့် Zoom အတန်းတွေဖြစ်ပြီး မသိတာရှိရင် one on one meeting နဲ့ရှင်းပြပေးပါတယ်။ Creative Coder မှာ အတန်းတက်ရောက်ဖူးသူတွေရဲ့ feedback တွေကိုလည်း ပုံမှာတစ်ခါတည်းကြည့်ရှုနိုင်ပါတယ်။ ဒီအတန်းလေးတွေကို အပ်နှံလို့ရသေးတာမို့ page messenger ကနေအပ်နှံနိုင်ပါတယ် 👀 #creative_coder_myanmar #feedback

Flutter ကိုအခမဲ့ လေ့လာကြရအောင် 💬 Cross-platform တည်ဆောက်နိင်တဲ့ tool kit တစ်ခုဖြစ်တဲ့ flutter က Mobile Development ဘက်မှာ popular ဖြစ်တဲ့ language တစ်ခုပဲဖြစ်ပါတယ်။ Flutter ကိုအခမဲ့ လေ့လာနိုင်တဲ့ resource တွေကို ကြည့်လိုက်ရအောင် 👀 Flutter နဲ့ပတ်သက်ပြီး အခြေခံကစ အတွင်းကျကျ သင်ယူနိုင်မယ့် YouTube channel တွေကတော့ 👉 https://www.youtube.com/@flutterdev 👉https://www.youtube.com/@flutterdev စာအုပ်တွေအနေနဲ့ကတော့ အခမဲ့ မဟုတ်ပေမယ့် အခြေခံကို နားလည်သဘောပေါက်သွားစေမယ့် စာအုပ်တွေအနေနဲ့ Mike Rydstorm ရဲ့ “Flutter in Action” စာအုပ်နဲ့ Ray Wenderlich ရဲ့ Flutter Apprentice စာအုပ်တွေကအကောင်းဆုံးပါပဲ။ Flutter လေ့လာနေတဲ့သူငယ်ချင်းတွေသိသွားအောင်လည်း ဒီ post လေးကို share ပေးသွားဖို့ မမေ့နဲ့နော် 👀 #creative_coder_myanmar #flutter

photo content
+2

photo content

အခြေခံကျွမ်းကျင်ချင်ရင် ဒီအတန်းကို လက်လွှတ်မခံပါနဲ့ 👇🏻 =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° လက်တွေ့ project တွေနဲ့အတူ တတ်‌မြောက်အောင်သင်ကြားပေးထားတဲ့ Creative Coder ရဲ့ Web Development Foundation အတန်းလေးက အခုလ အောက်တိုဘာ (၁၉) ရက်နေ့မှာစတော့မှာဖြစ်ပါတယ်။ ၂၀၂၄ ရဲ့ လက်ကျန်(၃) လကို Developer ဖြစ်ဖို့ခြေလှမ်းစချင်သူတွေအတွက် ဒီအတန်းလေးကအသင့်တော်ဆုံးပါပဲ။ Batch (1) ကနေ Batch (6) အထိ review ကောင်းတွေနဲ့ ရပ်တည်လာခဲ့တဲ့ ဒီအတန်းလေးက မကြာခင်မှာ ပြန်လည်စတင်တော့မှာဖြစ်တဲ့အတွက် လူမပြည့်ခင် အခွင့်အရေးကို အရယူထားဖို့တော့လိုမယ်နော် 👀 အတန်းတက်ချင်ရင် အခုပဲ page messenger ကနေ ဆက်သွယ်နိုင်ပါတယ် 💬 #creative_coder_myanmar

Polymorphism in OOP =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° အရင်အပတ်က OOP နဲ့ပတ်သက်ပြီး Quiz လေးတင်တာမှတ်မိကြလား‌ဗျို့ 👀 အဖြေမှန်ကို ဒီ post လေးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ Polymorphism ဆိုတာ Object-oriented Programming ရဲ့ fundamental concept တစ်ခုပဲဖြစ်ပါတယ်။ Code maintainability နဲ့ reusability အတွက် အသုံး၀င်တဲ့ concept တစ်ခုဆိုရင်လည်းမမှားပါဘူး။ Method overriding နဲ့ Method overloading ဆိုပြီး Polymorphism ရဲ့ type (၂) မျိုးရှိပြီး အသုံး၀င်ပုံလည်းကွာခြားပါတယ်။ Method Overriding က python မှာတွေ့ရတဲ့ common polymorphism type တစ်မျိုးပဲဖြစ်ပါတယ်။ Method overloading ကိုတော့ python မှာ အတွေ့နည်းပေမယ့် အခြား language တွေမှာတွေ့ရတာများပါတယ်။ Polymorphism ကိုအသုံးပြုခြင်းဖြင့် flexible နဲ့ reusable ဖြစ်တဲ့ code တွေရေးသားလာနိုင်မှာပဲဖြစ်ပါတယ်။ နောက်အပတ်တွေမှာ ဘယ်လိုစိတ်၀င်စားဖို့ကောင်းတဲ့ quiz တွေလာဦးမလဲဆိုတာစောင့်ကြည့်ဖို့ မမေ့ကြပါနဲ့နော်👀 #creative_coder_myanmar

photo content

Developer Interview အတွက်ဘာတွေသိထားသင့်လဲ ? 👀 =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° Interview ဖြေဖို့ပြင်ဆင်နေတဲ့ Developer ကြီးတွေရှိပါသလား 👀 ဒီနေ့မှာတော့ Interview အတွက် သိထားသင့်တဲ့ Tips & Tricks တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ Interview မဖြေခင်မှာ 👉 ကိုယ်အလုပ်လျှောက်ထားတဲ့ company အကြောင်းကို သေချာ research လုပ်ထားပါ။ 👉 Interview မှာမေးလာနိုင်တဲ့ ကိုယ့်ရဲ့အတွေ့အကြုံတွေ၊ project တွေ၊ technical knowledge နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို သေချာပြင်ဆင်ထားပါ။ 👉 လျှောက်ထားတဲ့ job position နဲ့ပတ်သက်ပြီး လိုအပ်တဲ့ expectations တွေ requirements တွေကိုနားလည်အောင်ဖတ်ပါ။ Interview အတွင်းမှာတော့ 👉 ကိုယ့်ရဲ့ယုံကြည်ချက်ရှိတဲ့ပုံစံနဲ့ passionate ဖြစ်တဲ့ပုံစံကို ပြသပါ။ 👉 မေးခွန်းတွေဖြေတဲ့အခါမှာ Situation, Task, Action, Result စတဲ့ STAR method ကိုသုံးပြီး ပြန်ဖြေခဲ့ပါ။ 👉 Coding Test တွေပေးတဲ့နေရာမှာလည်း efficient ဖြစ်ပြီး နားလည်လွယ်တဲ့ code တွေကိုရေးပါ။ ဘက်ပေါင်းစုံကနေစဉ်းစားပြီး အဖြစ်နိုင်ဆုံးအဖြေကို ဖြေဆိုခဲ့လို့ရပါတယ်။ 👉 ကိုယ်တတ်ကျွမ်းထားတဲ့ skill တွေကို ရိုးရိုးသားသားချပြပါ။ 👉 Company နဲ့ပတ်သက်ပြီး ကိုယ်သိချင်တာတွေကိုလည်း ပြန်မေးဖို့ မမေ့ပါနဲ့။ Coding Test တွေနဲ့ပတ်သက်ပြီး interview မသွားခင် ကြိုလေ့ကျင့်ထားတာမျိုး၊ Developer group တွေမှာ သိချင်တာမျိုးတွေမေးထားလို့ရပါတယ်။ Creative Coder page မှာလည်း Interview နဲ့ပတ်သက်ပြီးမေးမြန်းလို့ရပါတယ်။ Interview pass ကြပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်။ #creative_coder_myanmar #interview

photo content

photo content

နှစ်ခါစဉ်းစားရင် နောက်ကျသွားမယ်နော် 👀 အခြေခံကနေ စသင်ကြားပေးထားတဲ့ Web Development Foundation အတန်းတွေကို Early Bird Discount နဲ့ အပ်နှံနိုင်ဖို့ အခွင့်အရေးက မကြာခင်ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ Web Development အခြေခံသာမကဘဲ React နဲ့ JavaScript ပါထည့်ပြီးသင်ကြားပေးသွားမှာဆိုတော့ Developer Journey ကိုစဖို့ ရယ်ဒီ ဖြစ်စေမှာပါ။ ဒီအတန်းလေးကို အပ်နှံဖို့ အခုပဲ page messenger မှာ စာရင်းပေးလို့ရပါပြီ 👀📝💬 #creative_coder_myanmar

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အကုန်လုံးကို လေးစားဂုဏ်ပြုလျက် =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° ယနေ့ အောက်တိုဘာလ(၅) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ကို Creative Coder မှ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။ ကိုယ်ကျေးဇူးတင်စကားပြောချင်တဲ့ ဆရာ၊ဆရာမတွေရှိရင်လည်း Comment မှာ mention ပြီး ဂုဏ်ပြုစကား‌ပြောလို့ရပါတယ်။ #creative_coder_myanmar

photo content

Quizz Time
Quizz Time

photo content
+1

Deep Copy VS Shallow Copy =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° Programming နယ်ပယ်မှာ ခဏခဏ ကြားဖူးနေကြဖြစ်တဲ့ Deep Copy နဲ့ Shallow Copy ကဘာကွာလဲ‌ဆိုတာ ကြည့်လိုက်ရအောင် 👀 သူတို့ကို object တွေ create လုပ်တဲ့နေရာမှာအသုံးပြုကြပြီး ကိုယ့်ရဲ့ code behavior ကို သိနိုင်ပါတယ်။ 📝 Shallow Copy ဆိုတာကတော့ original object ကို reference ယူပြီး ဖန်တီးထားတဲ့ object အသစ်ပဲဖြစ်ပါတယ်။ တကယ်လို့ original object မှာ အပြောင်းအလဲရှိမယ်ဆိုရင် copy ထားတဲ့ object မှာပဲ reflect ဖြစ်မှာဖြစ်ပါတယ်။ 📝 Deep Copy ဆိုတာကတော့ object အသစ်တစ်ခုဖန်တီးထား‌တာဖြစ်ပြီး အရင် object က content တွေ nested object တွေကိုပါ တစ်ခါတည်းဖန်တီးလိုက်တာဖြစ်ပါတယ်။ original object တွေမှာအပြောင်းအလဲလုပ်လိုက်ရင် copy object မှာ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် အသစ်ဖန်တီးလိုက်တဲ့ object က independent ဖြစ်ပါတယ်။ Code example အနေနဲ့ import copy # Create a list of lists original_list = [[1, 2], [3, 4]] # Shallow copy shallow_copy = original_list.copy() # Deep copy deep_copy = copy.deepcopy(original_list) # Modify the original list original_list[0][0] = 5 print("Original list:", original_list) print("Shallow copy:", shallow_copy) print("Deep copy:", deep_copy) ဒီ code လေးရဲ့ output ကိုကြည့်မယ်ဆိုရင်တော့ Original list: [[5, 2], [3, 4]] Shallow copy: [[5, 2], [3, 4]] Deep copy: [[1, 2], [3, 4]] Original list နဲ့ Shallow Copy ကတူနေမှာဖြစ်ပြီး Deep copy ကသာ list အသစ်အနေနဲ့ထွက်လာမှာဖြစ်ပါတယ်။ ဒါဆိုရင် Deep Copy နဲ့ Shallow Copy အကြောင်းရှင်းသွားလောက်ပြီထင်ပါတယ်။ နောက် content တွေမှာပြန်တွေ့ကြမယ်နော် 👀 #creative_coder_myanmar