1 522
Підписники
Немає даних24 години
-377 днів
-21930 день
Архів дописів
Season လဲ ကျ ပြီး
rank က လဲ ထင်သလောက် မရောက်ရင်
Rank boots လို့ရပါပြီးဗျာ
မအားလို့ အချိန်အပေးနိုင်လဲ
သက်သာတဲ့ ဈေးလေးနဲ့ boots အပ်လို့ရပါ့မယ်ဗျ
ဆောင်းရာသီသေလောက်အောင်အေးလည်းမျက်ရည်တွေကြောင့်ပါးနှစ်ဖတ်ကနွေးနေတယ်။
#zippX
Bro တို့ဒီအကောင့်လေးရှိမယ်
တန်တန်လေနဲ့ရမယ်ဗျာ❤️🔥
45လောက်နဲ့ရမယ်ဗျာ🫶🏻
အရိပ်တစ်ခုမြင်မိတိုင်း မင်းလားထင်မှတ်ကာ အမြင်မှားတုန်း
ငါနေထိုင်သော ရာသီများမှာ ငါမကုစားနိုင်သော ဒဏ်ရာများစွာနဲ့
အဲ့ဒီအိပ်မက်ကိုပြန်တွေးနေတုန်း...
အထီးကျန်မှုမှာ ပျင်းတစ်လှည့် ပျော်တစ်လှည့်
သေချာတာကတော့ စစ်မှန်သောအပျော်တွေမဟုတ်တာပါ။
ဖြတ်တောက်စရာမရှိပါဘဲ ပြတ်တောက်ခဲ့ရတဲ့ ကြိုးတစ်မျှင်ရဲ့တန်ဖိုးဟာ
ပြန်ဆက်ဖို့ ဘယ်လောက်ခက်ခဲမှန်း ဝေးခဲ့မှသိရတော့တယ်။
အခုချိန်ထိ ငါဟာငါလိုပါပဲ။
# သစ်ဟိန်းမြူ
#zippX
နွေမမ ၁
ဆောင်းအကုန် နွေအကူး
ရွက်သစ်ဖူးသစ်အချိန်လေးမှာ
မမနွေ ကိုစတင်တွေ့ရှိခဲ့တယ်
မမနွေ ရေ
ကမ္ဘာကြီးရဲ့ သဘာဝအလှတရား
မမနွေ နဲ့ယှဥ်တွဲကြည့်တော့မှ
ပို၍လှကြောင်း ကျွန်တော်သိခဲ့ရတယ်
အပြုံးတစ်ပွင့်ဟာ
ကျွန်တော့်ရင်ခုန်သံ အသစ်စက်စက်လေးကို
လှုပ်နိူး၍ မမနွေ ကသင်မပေးပါပဲ
ချစ်တက် လွမ်းတက်ခြင်းကို ကျွန်တော်တက်မြောက်ခဲ့တယ်
#ခန့်ထည်
#zippX
ပုံပြင်
ခင်များရဲ့ချစ်တယ်ဆိုတဲ့
စကားတစ်ခွန်းကြောင့်
ကမ္ဘာကြီးတစ်ခုလုံးကိုအပိုင်ရသည်အထိ
ပျော်ရွှင်ခဲ့ရဖူးတယ်
အခုတော့
ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ
သိုသိုသိပ်သိပ် ငိုနေခဲ့ရတယ်
#ခန့်ထည်
အချိန်တွေ ဟာတစ်နေ့နဲ့တစ်နေ့.....
လည်ပတ်လာတယ်....
သို့သော်အဲ့အချိန်တွေအားလုံးကို....
(မမ)ဆိုတဲ့အမျိူးသမီးလေးနဲ့ဘဲ....
အမြဲကုန်ဆုံးသွားချင်တယ်ဗျာ.....
သေခဲ့ရင်တောင်မောင်ဆိုတဲ့အမျိူးသား...
လေးက သေကွဲနဲ့ရှင်ကွဲထဲက....
သေကွဲနဲ့ဘဲကွဲချင်ပါတယ်မမရယ်..
_မောင်တိမ်ညို
#zippX
ပြန်မချစ်လည်း နေပါ။
မင်းပျော်နေတယ်ဆိုပြီးတာပဲ
အစကတည်းက
တစ်ဖက်သတ်အချစ်ဆိုတာ
ဒီလိုအဆုံးသတ်မယ်မှန်း သိနေပြီးသားပါ။
-ရှင်နှောင်း
#zippX
အဲ့ဒီခုံပုပုလေးတွေပေါ်ထိုင်ရင်း
ငါတို့အလွမ်းနုနုလေးတွေကို
ကဗျာအဖြစ်ဖန်တီးခဲ့တယ်။
ရေနွေးတစ်ချိုက်တိုင်းမှာ
အလွမ်းတွေကို ရောမျိုရင်း
ညနေခင်းရဲ့ လက်ဖက်ရည်ဆိုင်မြင်ကွင်းမှာ
ဝိုးတဝါး အရိပ်က
တစ်ခါတစ်ခါ ဖြာကျနေတဲ့
နေရောင်ထဲမှာ
လူးလွင့်လှုပ်ရှားလို့ ။
မမခိုင် လို့ထင်တဲ့ပုံရိပ်အချို့က
နှလုံးသားကတဆင့်
ဦးနှောဏ်ကို ပုံရိပ်တုတွေပို့ရင်း
မြင်မြင်သမျှ
မမခိုင်လို့ထင်စေခဲ့တယ်။
ဒီဆိုင်လေးရဲ့
ဒီထိုင်ခုံလေးမှာ
ဒီလူဟာအရင်အတိုင်း
မမခိုင် လျှောက်လမ်းမဲ့
မဟာဆန်တဲ့ ခြေလှမ်းတွေကိုငေးဖို့
ညနေစောင်းလို့
ရွှေအိုရောင်သန်းရင်
ခပ်လွမ်းလွမ်းနဲ့ထိုင်နေတုန်းပဲ
မမခိုင်။
#လွမ်းသူမကွေး
ပန်းတွေတွေ့ရင် တစ်ယောက်ယောက်ကို
သတိရမိတတ်ရင်
ပန်းတွေတွေ့ရင် တစ်ယောက်ယောက်အတွက်
ယူသွားပေးချင်လာခဲ့ရင်
ဒီလူဟာ ကိုယ့်အတွက်
နှလုံးသားမှာ ပန်းပွင့်စေတဲ့သူပါပဲတဲ့ ။
#zippX
အချိန်တွေ ဟာတစ်နေ့နဲ့တစ်နေ့.....
လည်ပတ်လာတယ်....
သို့သော်အဲ့အချိန်တွေအားလုံးကို....
(မမ)ဆိုတဲ့အမျိူးသမီးလေးနဲ့ဘဲ....
အမြဲကုန်ဆုံးသွားချင်တယ်ဗျာ.....
သေခဲ့ရင်တောင်မောင်ဆိုတဲ့အမျိူးသား...
လေးက သေကွဲနဲ့ရှင်ကွဲထဲက....
သေကွဲနဲ့ဘဲကွဲချင်ပါတယ်မမရယ်..
_မောင်တိမ်ညို
#zippX
အဲ့ဒီနေ့က
နောက်ဆုံးဆိုတာသိခဲ့ရင်
မင်းလက်ကလေးတွေကို
တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားပြီး
ငါ့နှလုံးအိမ်ထဲမှာ
ဖွက်ထားခဲ့ရမှာ။
-crd
#ဖားစည်ရည်ကျော်
ဝမ်းနည်းအားငယ်တတ်တဲ့မင်းကို
ကမ္ဘာကြီးကမုန်းတယ်လို့ပြောတဲ့အခါ
ကမ္ဘာကြီးဟာ ငါ့ကို မုန်းတယ်လို့
ပြောတာနဲ့အတူတူပါပဲ
မင်းနဲ့အတူ ငါအမြဲရှိနေတယ် ။
-ဂန္ဓမာ
#zippX
တစ်ယောက်ယောက်ကို ရင်ထဲမှာ သိမ်းထားရင်
မည်သူတစ်ဦးတစ်ယောက်ကိုမှ ချစ်ကြောင်းမပြောရဘူး
ဒါဟာ ကိုယ်မြတ်နိုးတဲ့လူတစ်ယောက်အပေါ်မှာရော
ကိုယ့်ကို ချစ်မြတ်နိုးတဲ့လူတစ်ယောက်အပေါ်မှာရော
စောင့်ထိန်းရမဲ့စည်းပဲ။
#ဖားစည်ရည်ကျော်
#zippX
မလိုအပ်တဲ့အချိန်မှာ
ပျောက်ကွယ်ပေးရတာဟာလည်း
ချစ်ခြင်းမေတ္တာပါပဲ ။
#ဂန္ဓမာ
#zippX
ပန်းလေးတွေပေးတယ်ဆိုတာ
အနမ်းလေးတွေပေးချင်လို့လည်း
ဖြစ်နိုင်သလို
လွမ်းရတာတွေအတွက်
တမ်းတတာလည်း ဖြစ်နိုင်ပါတယ်။
- သွယ်မြိတ်
#zippX
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
