တပ်သားလေး ဖိုးထောင် 🇲🇲🪖
Відкрити в Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Показати більше8 232
Підписники
-724 години
-457 днів
-15730 день
Архів дописів
အမ်း ၃၇၃ နားကပ်လာတဲ့ ရခီးတွေကို လေကြောင်းက ဆက်တိုက်ဆော်နေပါတယ်။ အမ်းမြို့ထဲကတောင် ကြားနေရတယ်။ စိတ်ပူစရာမရှိပါဘူး။
https://t.me/privatephoehtaung
အမ်း နပခ တပ်တွေမှာ ယနေ့ည တိုက်ပွဲဖြစ်ပွား နေပါတယ်။ ဘယ်တပ်ရယ်လို့ အတိအကျမရှိပါ။ ရန်သူက နေရာစုံကို စိမ့်ဝင်ထိုးဖောက်နေလို့ ထိတွေ့မှုတွေ ဖြစ်နေတဲ့ သဘောပါ။ အချို့တပ်တွေ တပ်ချင်းချိတ်ဆက်မှု ပြတ်တောက်နေပါတယ်။
ရန်သူက တပ်တွေကို တစ်ခုချင်း အဆင့်ဆင့် သိမ်းပြီးတက်လာဖို့ထက် တပ်အားလုံးကို တပြိုင်ထဲ ဝိုင်းပတ်ပိတ်ဆို့ပြီး အချိန်တစ်ခုကြာမှ တစ်တပ်စီသိမ်းမယ်လို့ ယူဆရပါတယ်။
အမ်း-ပဒါန်း ကားလမ်းပြန်သိမ်းပြီး စစ်ကူရောက်မှ အခြေအနေတိုးတက်လာမှာပါ။ တပ်မတော်သားတွေ အောင်ပွဲရဖို့ ဆုတောင်းပေးကြပါ။
https://t.me/privatephoehtaung
ဒေါ်လာနဲ့ ရွှေဈေး ပြန်တက်နေလို့ ကုန်ဈေးနှုန်း အတက်ပြနေချိန် ရတော့မယ်ဆိုတော့ ပျော်တာပေါ့ အမျိုးတို့ရေ။ မျှော်နေပြီ။
https://t.me/privatephoehtaung
"ဝ"ဒေသတွင် စက်သုံးဆီပြတ်မည်
=======================
တရုတ်ပြည်သူ့သမ္မတနိုင်ငံက နယ်စပ်ဂိတ်တွေ ပိတ်လိုက်ပြီဖြစ်တာကြောင့် အကြမ်းဖက်အားပေး "ဝ" အဖွဲ့ နယ်မြေများတွင် စက်သုံးဆီပြတ်လပ်လာနိုင်သဖြင့် အလုအယက်ဝယ်ယူနေရကြောင်း သိရှိရပြီး အဆိုပါဖြစ်ရပ်များကြောင့် "ဝ"ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးတစ်ရပ်ပြုလုပ်နေကြောင်းသိရှိရပါသည်။
https://t.me/privatephoehtaung
AA တပ်တွေက နပခကို မင်းပြားဖက်က တစ်ကြောင်း၊ မအီဖက်က တစ်ကြောင်း ထိုးနေပြီး ပဒါန်းလမ်းပိုင်းကိုလဲ မကွေးပဒက်တွေနဲ့ ပေါင်းပြီး ပိတ်ဆို့ထားပါတယ်။
အမ်းမြို့ကို ရှောင်ပြီး နပခကို အရင်တိုက်မဲ့ ပုံစံမြင်ရပါတယ်။ လောလောဆယ် အမ်းမြို့မှာ ဖုန်းလိုင်းရော၊ လျှပ်စစ်မီးရော ပြတ်တောက်နေလို့ update သတင်းအချို့ မရပါ။
https://t.me/privatephoehtaung
တပ်မတော်က နောင်ချိုကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတာ အုံမ္မသီးရွာအထိ ရရှိပြီး ဖြစ်ပါတယ်။ ဒီနေ့ ၆ လောင်းထပ်ရထားတယ်။
နောင်ချိုရောက်ဖို့တော့ ကြားမှာ ရွှေညောင်ပင်၊ လယ်ကျင်းကွေ့၊ အုံမ္မခါး၊ ကျောက်ကြမ်း၊ သဖန်းကိုင်း ရန်သူ့ခံစစ်အဆင့်ဆင့်တော့ ရှိသေးတယ်။
ကိုယ့်ဖက် အထိအခိုက် နည်းနိုင်သမျှနည်းစေဖို့ ဖြေးဖြေးမှန်မှန်ပဲ အောင်ပွဲတွေယူပြီး တက်နေကြပါတယ်။ စိတ်ရှည်ရှည်ပဲ စောင့်ပေးကြပါ။
#ဖိုးထောင်
https://t.me/privatephoehtaung
သတင်းမှန်တွေ ဘက်မလိုက်ပဲ အရှိအတိုင်းတင်ပေးနေတဲ့ ကိုအောင်စစ်သည် ချန်နယ်လေး ဝင်ထားကြပါဦး
https://t.me/aungsatthi
သတင်းမှန်တွေ ဘက်မလိုက်ပဲ အရှိအတိုင်းတင်ပေးနေတဲ့ ကိုအောင်စစ်သည်ရဲ့ ချန်နယ်ဝင်ထားကြပါဦး။ အရင်ချန်နယ်ကြီး ပျက်သွားလို့ပါ။
https://t.me/aungsatthi
Repost from ShwePoe Oo
တပ်သားလေးဖိုးထောင်ဆိုတာကျနော်အသိပါ..သူဘယ်ကလည်းဘယ်တပ်ကလည်းကအစသိတယ်..ကျနော့်ထက် C ကျလိူ့လေးစားတယ် Ranks မတူလည်း
သူတင်တာအမှန်ကြုံရတဲ့စိတ်ခံစားမှုဗျ
လားရှိုးထောင်ကို ဗုံးကြဲတာ ၁၀၀% အောင်မြင်တယ်။ ထောင်ထဲမှာ လက်နက်ချတဲ့ ကောင်တွေပဲမို့လို့ ပြန်ငဲ့စရာ အကြောင်းမရှိပါတဲ့။
ရေးကြပေါ့ မင်းတို့မိသားစုမှ မပါတာ။ ရဲဘော်ရဲဘက်စိတ်ဆိုတာ မကြားဖူးတဲ့ အွန်ချောင်တွေ။
https://t.me/privatephoehtaung
လားရှိုးထောင်ကို ဗုံးကြဲဖို့ ဘယ်ကောင်မြှောက်ပေးလိုက်လဲမသိ။ သောက်တလွဲလုပ်မယ်ဆိုရင် ထိပ်ဆုံးကပဲ။ ထောင်ထဲမှာ ရန်သူလဲရှိတယ် လာမဖာနဲ့။ ကိုယ့်လူတွေပါရှိနေတဲ့ ထောင်ကို ကြဲစရာ အကြောင်းကိုမရှိတာ။
ဗုံးကြဲချင်ရင် ရန်သူ့ဌာနချုပ်၊ စစ်စခန်းတွေ၊ ထောက်ပို့လမ်းကြောင်းတွေကို လွတ်လွတ်ကျွတ်ကျွတ်ကြဲလို့ရတယ်။ ကြဲဖို့အော်ရတာတောင် အာပေါက်နေပြီ။ နေရာမသိရအောင်လဲ Google Maps မှာရှာရင်တောင်ပေါ်နေတဲ့ဟာတွေ။
အမိန့်ပေးတဲ့ကောင်လဲ စစ်ကြည့်ဦး ဖရဲသီးလဲ ဖြစ်နေဦးမယ်။ လောလောဆယ် ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့ ရဲမေနဲ့ မိသားစုတွေကို နှစ်သိမ့်ဖို့လုပ်ကြဦး။ ဆိုကရေးတီးပွဲတက်ဖို့ထက် အရေးကြီးတယ်။
တင်းနေတဲ့ဖိုးထောင်
https://t.me/privatephoehtaung
အမ်း တပ်မတော် ဆေးရုံကျပြီဆိုပြီး ဖွနေတဲ့ သတင်းက အမှားပါ။
သို့သော် ရန်သူ့ထိုးစစ် နီးလာတဲ့အတွက် ရွှေ့ပြောင်းထားတဲ့ သတင်းကတော့ မှန်ကန်ကြောင်းပါ။
https://t.me/privatephoehtaung
AA ထိုးစစ်ဟာ အမ်းမြို့နဲ့ ၅ မိုင်အကွာ အထိရောက်လာပါပြီ။ တပ်က အမ်း-ပဒါန်း လမ်းပိုင်း လုံခြုံရေးကို လက်လွှတ်ထားရတဲ့ အထိ ရက်ပိုင်းအတွင်း မြန်မြန်ဆန်ဆန် အခြေအနေတွေ ပြောင်းလဲလာပါတယ်။
https://t.me/privatephoehtaung/1777
ည ၈ နာရီသတင်းမှာ ဆင်ဖြူရှင် အကြောင်း ထုတ်ပြန်ပါမယ်။
https://t.me/privatephoehtaung
တရုတ်ဖက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာ နှစ်ဖက်စလုံး ထိခိုက်လာလိမ့်မယ်။ တရုတ်က နှစ်ဖက်စလုံးကို ပိတ်ဆို့ပြီး ပွဲအမြန်ဖြတ်ခိုင်းတာပါ။
ကိုယ့်ဖက်က ပင်လယ်ဆိပ်ကမ်းရှိနေသေးတာမို့လို့ ရန်သူက ပိုထိခိုက်မယ်။ အမြန်ထိုးစစ်စပြီး ပွဲဖြတ်ဖို့ အခွင့်အရေးပါ။ ကြာနေရင် ပြည်သူပိုများတဲ့ နစကလဲ အထိနာလာမယ်။
ပိတ်ဆို့ထားတဲ့ကြားက မြို့တွေ ထပ်ပေးရရင်တော့ တရုတ်အထင်သေးပြီး ဘက်ပြောင်းသွားနိုင်ပါတယ်။
https://t.me/privatephoehtaung
လားရှိုးထောင်ကို ဗုံးကြဲတိုက်ခိုက်မှုမှာ ကိုယ့်ဖက်က စစ်သုံ့ပန်းအချို့ ထိခိုက်မိတယ်သိရပါတယ်။ ထောင်ထဲမှာ ကိုးကန့်တွေရဲ့ ရန်သူတွေကိုပဲ ထည့်ထားတာကြောင့် ရှောင်စေချင်ပါတယ်။
https://t.me/privatephoehtaung
ခရီးသွားရာကပြန်ရောက်ပါပြီ။
ဖုန်းလိုင်း လုံးဝမရတဲ့ နေရာရောက်နေလို့ ဘာတွေဖြစ်နေမှန်း မသိလိုက်ပါ။
ပြန်ရောက်တော့ ပန်ဝါမြို့ကျသွားပြီး အထူးဒေသ ၁ အထိနာနေတယ်။ ကျန်မြို့တွေမှာလဲ အပြင်းအထန်တိုက်ပွဲ ဖြစ်နေဆဲ။
ဖိုးထောင်အတွက် လိုင်းမမိတဲ့ တစ်ပတ် အရှုံးအမြတ်စာရင်းက အရှုံးနဲ့ပိတ်နေတာ ဝမ်းနည်းဖွယ်တွေ့ရပါတယ်။
https://t.me/privatephoehtaung
စိန်ခေါ်ပွဲ လက်ခံတယ် ငဖိုးစီ
နပခ ဒီနှစ်မကုန်ခင် ကျစရာ အကြောင်းမရှိပါဘူး။ နှစ်ကူးလို့ နပခ ကို မင်းတို့မရသေးရင် ငါတို့တင်မဲ့ ရခီးအလောင်းပုံတွေ မင်းချန်နယ်မှာ ရှယ်ပေးရမယ်
ဖိုးထောင်
https://t.me/privatephoehtaung/1777
သီပေါမှာ လနဲ့ချီ အဝိုင်းခံထားရတဲ့ကြားက တောင့်ခံနိုင်ခဲ့တဲ့ စစ်သည်များကို လေးစားပါတယ်။ သီပေါဟာ ရမခ ဌာနချုပ်ထက် စောတိုက်ခံရပေမဲ့ လနဲ့ချီပြီး ပိုတောင့်ခံနိုင်ခဲ့ပါတယ်။
သီပေါ ရန်သူ့လက်အောက်ရောက်သွားပြီဖြစ်တဲ့ အတွက် ပလောင်နဲ့ ကိုးကန့်တွေ လွတ်လွတ်လပ်လပ် ပြင်ဦးလွင်၊ တောင်ခမ်းဖက် ဆင်းလာလို့ ရသွားပြီဖြစ်ပါတယ်။
အထူးသတိရှိကြပါ သူရဲကောင်းစစ်သည်တို့
https://t.me/privatephoehtaung/1724
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
