တပ်သားလေး ဖိုးထောင် 🇲🇲🪖
Відкрити в Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Показати більше8 216
Підписники
-624 години
-287 днів
-16230 день
Архів дописів
Repost from နေပြည်တော်👌👌
BREAKING NEWS;;;
ဇွန်(၂၃)ရက်မနက်၀၂၃၀အချိန်
ကဇူးကိုင်းစခန်းဆက်သွယ်မှုပြတ်။
တောင်ကုတ်နောက်တန်းဌာနချုပ်စကခ(၅)မှူးလည်းဆက်သွယ်မှုပြတ်ဟုကနဦးသိရသည်..
နေပြည်တော်
https://t.me/KKM28640
+1
ဆန်စပါးအသင်းချုပ်အား နစက က ခေါ်ယူစစ်ဆေးပြီးနောက် ဧည့်မထဆန်အပြင် ပေါ်ဆန်းမွှေးဆန်များကိုပါ ရည်ညွှန်းဈေးဖြင့် ရှိသလောက် မနက်ဖြန် စတင်ရောင်းချပေးမည်
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများကို နစက က ခေါ်ယူစစ်ဆေးပြီးနောက် ဧည့်မထဆန်အပြင် ပေါ်ဆန်းမွှေးဆန်များကိုပါ ရည်ညွှန်းဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်လာခဲ့ပါတယ်။
ပြည်တွင်း၌ ဆန်ဈေးနှုန်းအဆမတန်ကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူ၍ လိုအပ်သည်များ မေးမြန်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း SAC က ယမန်နေ့တွင်ထုတ်ပြန်ခဲ့ပြီးနောက် သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့်ရွှေဘိုပေါ်ဆန်းများ၊ဧရာဝတီပေါ်ဆန်းများနှင့်ဧည့်မထဆန်များကိုဇွန်လ ၂၄ ရက် (မနက်ဖြန်)တွင်စတင်ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
ယင်းကဲ့သိုရောင်းချပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများအတွက်ပေါ်ဆန်းဆန်တစ်ပြည်လျှင်ကျပ် ၅,၀၀၀၊ဧည့်မထဆန်တစ်ပြည်လျှင်ကျပ်၃,၀၀၀ နှင့်ပေါ်ဆန်းဆန် ၁၀ကီလို(၅ ပြည်) တစ်အိတ်ကျပ် ၂၅,၀၀၀ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။
မကြည်ညို မကိုးကွယ်လို့ရတယ်။ ဒါပေမဲ့ မစော်ကား
သင့်ဘူး။
ဝေဖန်လို့လည်း ရတယ်နော်။ ဝေဖန်တာနဲ့ စော်ကား
တာလည်း မတူပါဘူး။
ဘယ်ဘာသာကိုမှကျုပ်မစော်ကားသလို ကျုပ်မယုံကြည်တဲ့
နတ်ပွဲတောင် မစော်ကားဘူး။
မနက်စောစောစီးစီး အကုသိုလ်များလွန်းပါတယ်ဗျာ။
သံတွဲအနီးတဝိုက်တော့ အကြီးတွေ စကျွေးနေပြီလို့ သိနေရပြီ။ ရွှေလှေ နဲ့ ဆင်ခေါင်း ဘက်ခြမ်းကို တပ်မ တစ်ခု ထိုးနေတယ် ။ နောက်က ပိတ်ပြီး ဗျင်းမယ့်သဘောလို့ ထင်ပါတယ်။ သံတွဲတဝိုက် အေအေ ကင်းစင်ဖို့ နီးစပ်လာပါပြီ။
လူပိန်းကြိုက် နစက
နစကတော့ လူပိန်းကြိုက်အကွက်တွေပဲ လုပ်နေပြန်ပြီလို့ ဖိုးထောင် ဒဲ့ဒိုးပြောပါမယ်။
ဆရာတော်ကြီး ပစ်ခတ်မှုဖြစ်စဉ်မှာ လခရ စစ်ကြောင်းအနေနဲ့ ဆရာတော်ကြီးကား မှန်ချမောင်းဖို့ပြောပေမဲ့ မချခဲ့မိလို့ မှားယွင်းပစ်ခတ်မိတယ်။ ကံဆိုးစွာနဲ့ သာသနာ့အာဇာနည်ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတယ်။
နစက အနေနဲ့ ဖြစ်ဖြစ်ချင်း အဖြစ်မှန်ကို ထုတ်ပြန်ပြီး လခရလုပ်ထုံးကို လိုက်နာမှုမရှိတဲ့ ကားဆရာကို အရေးယူရမဲ့အစား ဖြစ်စဉ်ကို လိမ်လည်ပြီး လူပိန်းကြိုက် PDF ပစ်ခတ်ပါတယ်ဆိုပြီး ထုတ်ပြန်တယ်။ ကားဆရာကိုပါ လိမ်လည်ထွက်ဆိုခိုင်းပြီး ပြစ်မှုလျော့ပေါ့ဖို့ ကြံစည်တယ်။
ကန်သုံးဆင့်ဆရာတော်ကြီးရဲ့ ဟောပြောမှုကြောင့် အဖြစ်မှန်ပေါ်ပေါက်တဲ့အခါမှာလဲ ရှက်ရမ်းရမ်းပြီး ပစ်ခတ်မိတဲ့ အောက်ခြေရဲဘော်တွေကို ထိုးကျွေးပြီး အရေးယူဖို့ လူပိန်းကြိုက် ကြံစဉ်နေပြန်ပါပြီ။ တကယ်က လုပ်ထုံးလုပ်နည်း လိုက်နာမှုရှိမရှိပဲ စစ်ဆေးရမှာပါ။ လုပ်ထုံးကိုကျော်မှ အရေးယူပေါ့။ လူပိန်းကြိုက်တွေ လိုက်လုပ်နေရင် လခရများ ဘယ်လိုအလုပ်လုပ်ရမလဲ။ ကားတစ်စီးလာတိုင်း လက်အုပ်လေးချီပြီး မှန်ချခိုင်းနေရလို့ အကြမ်းဖက်တွေကြောင့် ထိခိုက်မှုရှိရင် အထက်က ခေါင်းရှောင်တွေက တာဝန်ခံမှုရှိမယ် ထင်လို့လား။
တကယ်လုပ်ရမှာက ပြည်သူကို လိမ်တဲ့ သံဃာကို လိမ်တဲ့ ပြန်ကြားရေးက တာဝန်ခံအဆင့်ဆင့်ကိုပဲ အရေးယူသင့်တယ်။ ဒီကောင်တွေ ပြည်သူကို လူပိန်းထင်ပြီး သောက်တလွဲတွေ လုပ်လွန်းလို့ လက်ကျန်အရှက်လေးတွေလဲ ကုန်ပြီး တပ်မတော်ရဲ့ ဂုဏ်ကျဆင်းရပါတယ်။
လူပိန်းကြိုက်တွေ တော်သင့်ပါပြီ နစကရေ
Repost from D.I Thameedaw 🇲🇲
ညီမလေး စစ်မေဦး ပြောတာ
အမှန်တွေပါပဲ စိတ်မကောင်း
လွန်းလို့ ဘာပြောရမှန်း မသိတော့
ပါဘူး 👇👇👇
ပစ်တဲ့သူကို ဝိုင်းဆဲနေကြလို့
ထပ်ပြောဦးမယ်
.ကားထဲမှာ ဆရာတော်ကြီးမှန်း
သိနေရင်..ဘယ်သူကမှ
မပစ်ဘူး
အခုလို ဘယ်သူ့မှ မယုံရတဲ့ခေတ်ထဲ
ကားရပ်ခိုင်းတာကို
ရပ်မပေးတဲ့ ကားဆရာရဲ့ အမှား
အကယ်၍
ပစ်လိုက်တာက
ဆရာတော်ကြီး မဟုက်ပဲ
လက်နက်သယ်တာတို့
အကြမ်းဖက်သမားတို့ဆိုရင်ကော.???
ပစ်တဲ့သူက
သူ့အလုပ် သူလုပ်တာ
သူ့မှာအပြစ်မရှိဘူး
အပြစ်ရှိတာက
ဆင်သေကို.စက္ကူနဲ့ကပ်ချင်တဲ့
အကောင်တွေပဲ
အဖြစ်မှန်ကို အဖြစ်မှန်လို
မထုက်ပြန်ပဲ
တအားနာမည်ကောင်းလိုချင်နေကြတာ
ကားရပ်ခိုင်းတယ်
ရပ်မပေးဘူး
စီးလာတဲ့ကားကလည်း
သာသနာဝန်ထမ်း ကားမဟုတ်တဲ့အတွက်
ပစ်မိလိုက်တယ်
ပြီးပြီပေါ့
မဟုတ်မဟပ်တွေ လျှောက်ပြော
ဟိုစာထုက် ဒီစာထုက်တော့
နဂိုကမှ
စောက်တပြားမရှိတဲ့ ဂုဏ်သိက္ခာ
ဝက်ဝက်ကွဲ.တက်နင်းခံရတာပဲ
တော်လိုက်တာ ဦးနှောက်တွေက
အရင်လို သတင်းစာခေတ်များ
ထင်နေတာလား မသိဘူး
ဒီလူတွေနဲ့ မြန်မာပြည်အနာဂတ်
ဘယ်လိုများ ကောင်းလာပါမယ်
အပြောအဆို
လွတ်အောင်မနေတက်ကြဘူး
စစ်မေဦး
https://www.facebook.com/share/YHHJ7HDnc9KijxH5/?mibextid=oFDknk
ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးရဲ့
ဝိပါက်ဟူသည် ဘုရားသော်မှ မလွတ်ဟုဆိုသော
မာဃဒေဝလင်္ကာ သံဝေဂသတိကို ဝေမျှပေးလိုက်ပါတယ်
Repost from ဖောင်းကားစားဖိုးကဲကြီး
ဆရာတော်ကြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှန်တရားဖက်ပဲ လိုက်မယ်။ အဖွဲ့အစည်းဖက် မလိုက်ဘူးကွာ။ မကြိုက်တဲ့သူ unfollow လုပ်နိုင်တယ်။ ကျွန်တော်မောင်ဖိုးထောင် လိပ်ပြာသန့်ပါတယ်။
ကျနော် တပ်ကြပ်ကြီးဖိုးကဲလဲ ထပ်တူပါ။
https://t.me/myanmarspicalarmy969
ဆရာတော်ကြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှန်တရားဖက်ပဲ လိုက်မယ်။ အဖွဲ့အစည်းဖက် မလိုက်ဘူးကွာ။ မကြိုက်တဲ့သူ unfollow လုပ်နိုင်တယ်။ ကျွန်တော်မောင်ဖိုးထောင် လိပ်ပြာသန့်ပါတယ်။
Repost from 𝚁𝚅 𝙶𝚊𝚖𝚎 𝚂𝚑𝚘𝚙
သိ၍ဖြစ်စေ မသိ၍
ဖြစ်စေ အပြစ်က အပြစ်ပဲ
ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူဖို့လိုတယ်
တပ်မတော်မှာက
ကျောသား ရင်သား မခွဲ
ဒုဗခကမိုးမြင့်ထွန်း လို
ပုဂ္ဂိုလ်မျိုးတောင် ထောင်ဒဏ်တသက်ချခံထားရတယ်
အခုကိစ္စကိုလည်း
ထိုက်သင့်တဲ့ အပြစ်ပေးမယ်လို့ မျှော်လင့်ပါတယ်
ရှေးအရင်က ဒလန်စွပ်စွဲချက်နဲ့ အသတ်ခံရ ပျံလွန်တော်မူခဲ့ရတဲ့ သံဃာ အပါး ၁၀၀ နိီးပါးအတွက် Pdfကို Nugက အပြစ်ပေးအရေးယူတာ မတွေ့ခဲ့
ဒလန်ဘုန်းကြီးမို့သတ်တာ အပြစ်မရှိဘူးလို့ သတ်မှတ်ထားပုံရတယ်
ဒီကောင်တွေကိုပါ
တပ်မတော်အစိုးရအနေနဲ့ ဖမ်းဆ်ီးစစ်မေးအပြစ်ပေးနိုင်ဖို့လိုပါတယ်
Repost from ဖောင်းကားစားဖိုးကဲကြီး
ချန်နယ်အကြီးက လော်ဘီတွေက မိမိစိတ်နှစ်ပြီး ဖြေရှင်းပေးမယ်မရှိဘူး
ပေါက်ကရ တွေရုပ်သံတွေနဲ့ ပြောချင်တာပြောပြီး
အခြားဟာတွေရှောက်တင်နေတာတော့ ရှက်ဖို့ကောင်းတယ်(ဗြောင်လိမ်ဗြောင်စား တာဝန်မဲ့တာပေါ့ဗျာ)
အဲ့ကျ အချင်းချင်းလဲမယုံကြတော့ပါဘူး။ဗုဒ္ဓဟောထားတဲ့ ငါ့သာသနာကို ငါ့ရဟန်းတွေက ဖျက်မှာဆိုတဲ့ ဗျာတိတ်အတိုင်းဘဲ တပ်မတော်ကို တပ်မတော်ဆီက ကိုယ်ကျိုးလိုချင်သူတွေက ဝိုင်းပြီး ဖျက်စီးနေကြတာ
လူတိုင်းမြဝတီမကြည့်ပါဘူး
မြဝတီသတင်းတွေမှာလဲ မလိုအပ်တာတွေပြနေတာရယ်
မီးပုံမှန်မလာတာတွေကြောင့် လူတွေ လိုင်းသုံးပြီး သတင်းရှာဖတ်နေကြရတယ်
အဲ့လို သတင်းရှာဖတ်နေတဲ့အချိန် တဖတ် အနီကြောင်တွေရဲ့ မိဒီယာ ထိုးဖောက်မှုအားကောင်းတော့ ကိုယ်တွေဘက်က တင်တဲ့ သတင်းကို သိုလော သိုလော ဖြစ်လာကြတယ်။
စောနကဘဲ
နခခ မှီခိုတယောက်ရယ်
လေကြောင်းရန်က အရာရှိတယောက်ရယ်
နပတက အကိုတယောက်ရယ်က မေးလို့ လင့်ပေးပြီးပြောပြလိုက်တယ်
သူတိုလဲ တပ်မတော်နဲ့ ပတ်သက်နေတဲ့လူတွေဆိုတော့ တပ်မတော်သတင်းမှန် လော်ဘီသတင်းတွေကိုဘဲ စောင့်ဖတ်နေကြတာပါ။
ဒါပေမဲ့ အပေါ်မှာရေးထားသလို တဖက်မီဒီယာတွေရဲ့ ထိုးဖောက်နိုက်မှုက အားကောင်းတော့ ကိုယ်လူကိုယ်ဘက်သားတွေတောင် သစ္စာခံမှု တပ်သတင်းပေါ် အယုံကြည်မှု ကင်းမဲ့လာတယ်။
ဆက်ပြောရင် အဖမ်းခံရနိုင်တဲ့အတွက် ဒီလောက်နဲ့ဘဲ ရပ်နားလိုက်ပါတယ်။
တပ်မတော်ကြီးအား ခေါင်းဆောင်မှန်များမှ တာဝန်ယူနိုင်ပါစေဗျာ
တကယ်အမျိုးချစ်တဲ့ အဖွဲ့အစည်းတွေ ပါတီတွေလဲ ဖြစ်စဉ်တွေ အမှန်သိနေတယ်လို့ယုံကြည်ပါတယ်။
ပါးစပ်နဲ့ စအိုနဲ့ မှားမွေးလာတဲ့ လူတွေတော့ မပြောလိုပါ။
https://t.me/myanmarspicalarmy969
''လုံခြုံရေးတပ်ဖွဲ့ကတော့မသင်္ကာ
ရင်တော့ပစ်မှာပဲဒီကားထဲမှာဆရာ
တော်တွေပါတာလုံခြုံရေးတပ်ဖွဲ့က
မသိနိုင်ဘူး တကယ်လို့ဒီကားထဲမှာ
အကြမ်းဖက်တွေပါလာရင်ရောဘယ်လို
လုပ်မလဲနောက်ပီးဒီနယ်မြေကအကြမ်း
ဖက်တွေလှုပ်ရှားနေတဲ့နေရာ ဆရာ
တော်ကြီးပျံလွန်တော်မူတဲ့အတွက်
ယူကြုံးမရကြေကွဲရပါတယ်''
ဖြစ်စဥ်တွင်အနီးကပ်ပါရှိသည့် လခရ တစ်ဦး၏ မှတ်ချက်
Credit - စစ်သတင်း
Repost from ခေတ်ဆိုးအောက်ကသူရဲကောင်းများ
အပြစ်ကို ဝန်ခံခြင်းကလည်း သူတော်ကောင်း အလုပ်ပါပဲ
*
ဝင်းနိမ္မိတာရုံဆရာတော်ကြီးနှင့် အတူကြွသွားတဲ့ ဆရာတော်ကြီးက အဖြစ်အပျက်မှန်သမျှကို သံဃာအား အကုန်ပြောပြသွားပါတယ်။ နားထောင်ရင်း ဝမ်းနဲ နှမျှောလို့မဆုံး ဖြစ်ရပါတယ်။ လွန်ကျူးခဲ့တဲ့ သူတွေအတွက်လည်း သနားမိပါတယ်။ သူတို့လည်း ချမ်းသာစွာ အိပ်ပျော်နိုင်ကြမယ် မထင်ပါဘူး။
အဖြစ်အမှန်ကို တာဝန်ယူလိုစိတ် သူတော်ကောင်းစိတ်လေး မွေးပြီး ဝန်ခံပြီး သံဃာအား တောင်းပန်သင့်ပါတယ်။
အဇာတသတ်တောင် ဖခင်ကို သတ်မိပြီး နောင်တရ အပြစ်ကို ဝန်ခံ တောင်းပန်ခဲ့လို့ ဗျာဒိတ်ရ ပစ္စေကဗုဒ္ဓါအလောင်း ဖြစ်သေးတာပဲ။ ပြီးတော့ အိပ်မပျော်ခဲ့တဲ့ ညတွေ အဆုံးသတ်နိုင်သွားခဲ့ပါတယ်။
ဘုရားကို လုပ်ကြံခဲ့တဲ့ အရှင်ဒေဝဒတ်ကတော့ သူရဲ့နောင်တက နောက်ကျသွားလို့ တောင်းပန်ခွင့်တောင် မရလိုက်ရှာပါဘူး။
တန်ဖိုးကြီးဆရာတော်ကြီးကို ပစ်မှားမိတာမို့ အကြံပေးခြင်းသာဖြစ်ပါတယ်။
ဆရာတော်ကြီးအား ဦးတင်ကန်တော့ပါ၏ ဘုရား။#ဒေါက်တာကောဝိဒသီရိ သီတဂူစတား
Repost from အောင်စစ်သည်
များစွာစိတ်မကောင်းခြင်းဖြစ်ရပါတယ်ဘုရား🙏🙏🙏
ဘယ်သူလုပ်လုပ် တာဝန်ခံပါ။
ဒါသည်သာသနာတော်အတွက်တင်မကနိုင်ငံတော်အတွက်ပါနစ်နာလှပါတယ်...
#AST
Repost from SittNweOo
မှန်ကန်တဲ့ အဖွဲ့စည်းဆိုရင် မိမိလုပ်ရပ်အတွက် မိမိ တာ၀န်ယူ တာ၀န်ခံမှု ရှိရပါမယ် ဒါမှ ပြည်သူက အားကိုးမှု လေးစားမှုကို ရရှိပါလိမ့်မယ်
မိမိက မှားယွင်းခဲ့ပြီး တဖက်ကို လွှဲချ အပြစ်ဖို့တာ ဟာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ထမင်းစား သူတိုင်း သိကြပါတယ်
မိမိရဲ့အမှား မိမိရဲ့ အပြစ်ကို မှန်ကန်စွာ ဖြေကြား တောင်းပန်ခြင်းဖြင့် မိမိအဖွဲ့စည်းရဲ့ ဂုဏ်သိက္ခာနဲ့ ပြည်သူရဲ့ ယုံကြည်မှု လေးစားမှုကို မဆုံးရှုံးတော့အောင် ကာကွယ်လို့ရနိုင်ပါတယ်
မှားမှန်းသိရင် အမှားပြင်ဆင်လို့ရပါတယ်
ပစ်ခတ်တဲ့ ဖြစ်စဉ်ကို ပြန်လည်စစ်ဆေးပြီး တာဝန်ကျ အရာရှိစစ်သည်များကို မဆင်မခြင် ပစ်ခတ်မှုဆိုရင် လိုအပ်ရင် အရေးယူပါ။ သာသနာ့ အာဇာနည်ဆရာတော် တစ်ပါးဆုံးရှုံးရတာ အစားထိုးမရတဲ့ ဆုံးရှုံးမှုပါ။ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်အနေနဲ့ အမှန်တရားအတိုင်း တာဝန်ခံသင့်တဲ့ ကိစ္စပါ။
အခုလိုအချိန်မျိုးမှာသူပုန်ကဘဲတားတား
လခရ ကဘဲတားတား
အစစ်ခံပါ၊ဘာကြောင့်မောင်းပြေးလည်းဆိုတာစဥ်းစားမရဘူး
အစစ်မခံဘဲမောင်းပြေးတော့မဖြစ်သင့်တာတွေဖြစ်ကုန်တာပေါ့
အခုအချိန်ကအရေးကြီးတဲ့အချိန်ဆိုတာသိဖို့လိုမယ်
လက်နက် ကိုင်ဘယ်သူနဲ့ ဖြစ်ဖြစ် အဆင်ပြေအောင်အလိုက်အထိုက်ဆက်ဆံတတ်ဖို့လိုမယ်
ငါက ဘုန်းကြီးကားမောင်းနေတာဆိုပြီး စည်းကမ်းတွေ ချိုးဖောက်လို့မရဘူး
ဒါကိုသင်ခန်းစာယူကြပါ
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
