တပ်သားလေး ဖိုးထောင် 🇲🇲🪖
Відкрити в Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Показати більше8 240
Підписники
-424 години
-517 днів
-16030 день
Архів дописів
အခုအချိန်မှာ တပ်ချုပ်ကြီးဆီက တစ်စုံတစ်ဦစ အာဏာလွှဲပြောင်းရယူပြီး တပ်မတော်တွင်း ပြုပြင်ပြောင်းလဲမှု လုပ်မယ်ဆိုရင် သင်ထောက်ခံပါသလား။
တပ်မတော်လဲ မပါ၊ သူပုန်လဲ မပါပဲ နိုင်ငံရေးပါတီ ငမျောက်ငချောက်လေးတွေ ငွေဆောင်မှာ ပင်လယ်စာစားရင်း ထွက်လာတဲ့ သဘောတူညီချက်ကို ဘယ်သူက လိုက်လုပ်မယ်ထင်နေတာလဲ
အာဏာထိန်းမှု တစ်ခု လိုအပ်နေပါပြီ။
ပြည်ဖျက် NLD ဆီက အာဏာထိန်းမှု ၄ နှစ်ပြည့်လာတဲ့အခါ တိုင်းပြည်က အဖက်ဖက် ယိုယွင်းလာတာ မြန်မာတစ်နိုင်ငံလုံးအသိပါပဲ။ တပ်ချုပ်လုပ်သူရဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် တိုင်းပြည်တင်မက တပ်မတော်တစ်ခုလုံးပါ ယိုင်နဲ့လာတာ အငြင်းပွားစရာတောင်မလိုပါ။
ဒီခေါင်းဆောင်မှုပုံစံနဲ့ ရှေ့ဆက်နေရင် တိုင်းပြည်ရော တပ်မတော်ပါ ပြိုလဲတော့မှာ အနှေးနဲ့အမြန်ပါပဲ။ ယခုတပ်ချုပ်လုပ်ကိုင်နေတာတွေက အချိန်ဆွဲရုံသာ စွမ်းဆောင်နိုင်ပါတယ်။
ဒီစာက တပ်မတော်သွေးကွဲစေဖို့ စည်းလုံးရေးပျက်စီးစေဖို့ ရေးတာမဟုတ်ပါ။ ကမ္ဘာတည်သရွေ့ တပ်မတော် တည်မြဲစေဖို့ အစွမ်းအစရှိတဲ့ ခေါင်းဆောင်တစ်ဦးလိုအပ်နေတာ အမှန်တရားတစ်ခု ဖြစ်နေပါပြီ။
တပ်မတော်ဆက်လက်တည်တံ့ဖို့ အာဏာထိန်းမှုတစ်ခု လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုပါတယ်။
ဖိုးထောင်
https://t.me/privatephoehtaung
ကျုပ်တို့ငယ်စဥ်က
ရန်သူ့လက်ကိုသေနတ်...တစ်လက်
နှစ်လက်ပါသွားရင်တောင်အရေးယူခံရ...ရာထူးမတက်အောင်အလုပ်ခံရ...အနည်းဆုံးအထင်သေးအမြင်သေးမျက်လုံးများနဲ့အကြည့်ခံရ...အလှောင်ပြောင်ခံရ.....စစ်ကျောင်းတွေမှာအမှားသရုပ်ပြအဖြစ်သင်ခန်းစာပို့ချပြီးအရှက်ခွဲခံရ...ယူနီဖောင်းချွတ်ပြီးနယ်ဘက်ကိုအပို့ခံရနဲ့...ဘဝတခုပျက်သွားအောင်...ပြောင်းလဲသွားအောင်..
အရှက်တကွဲအကျိုးနည်းဖြစ်သွားအောင်ကိုအရေးယူခဲ့ကြတာခံခဲ့ကြရပါတယ်။
အခုလို
သေနတ်ဆိုတောင်ပုံရာပုံ....ခဲယမ်းဆိုပစ်မကုန်အောင်အစုလိုက်အပြုံလိုက်...
အမြောက်တွေ...ဒုံးယာဥ်တွေ....သံချပ်ကာကားတွေ...အလှူပေးခဲ့တဲ့တာဝန်ရှိသူအဆင့်ဆင့်ကိုဘယ်လိုအရေးယူကြမှာလဲဆိုတာသိချင်နေမိတယ်ခင်ဗျာ။
(တာဝန်ရှိသူအဆင့်ဆင့်ဆိုတာအကုန်ပါပါတယ်
လက်နက်တွေကိုရန်သူ့လက်..မကျရောက်အောင်ဖျက်စီးခဲ့ဖို့ တိကျတဲ့အမိန့်မပေးခဲ့သူများပါ...ပါပါတယ်ခင်ဗျာ)
စစ်သတင်း
https://t.me/privatephoehtaung
Repost from မောင်ချိန်ခွင်
ပြည်သူရေးတဲ့ အညတြ စာလွှာ
💠 တိုင်းပြည်အတွက်ရဲဝံ့စွာနဲ့တိုက်ပွဲတွေဝင်ခဲ့ပြီးအသက်တွေပေးခဲ့ကြတယ်
ကျဆုံးစစ်သည်တွေရဲ့ခံစားခွင့်တွေ ၁နှစ်ကျော်တော့စာရွက်ကလေးတွေကျလာတယ် သက်ဆိုင်ရာမြို့နယ်ဘဏ်တွေမှာသွားထုတ်ကြရမယ်တဲ့
ဘဏ်သွားတယ် စာရွက်ကလေးတွေတင်ပြလို့ပေါ့
ရပ်ကွက်ထောက်ခံစာလိုတယ်တဲ့
ထောကိခံစာလုပ်ပြီးတစ်ပတ်နေမှပြန်လာခဲ့ပါတဲ့ တစ်ပတ်ကြာသွားတယ်
ထောက်ခံစာလေးနဲ့ဘဏ်ကိုပြန်သွားတယ်
နောက်တစ်လထက်စောင့်ရမယ်တဲ့
ဌာနဆိုင်ရာဝန်ထမ်းတွေအလုပ်မလုပ်ကြတာလား ရှေ့တန်းမှာအသက်ပေးပြီးမှရလာတဲ့နောက်ကမိသားစုတွေရဲ့ခံစားခွငိ့တွေကနှစ်နဲ့ချီစောငိ့ပြီးငွေထုတ်ရမယ်ဆိုတော့ဘဏ်ကရွေ့ပြန်တယ်
အသက်တွေပေးထားပြီးရလာတဲ့ခံစားခွင့်တွေအတွက်အဲ့လောက်တောင်ခက်ခဲနေကြလားလို့မေးချင်ပါတယ်ဗျာ
အဲကွန်းခန်းထဲမှာအလုပ်လုပ်နေကြသူတွေကအရမ်းပင်ပန်းနေကြတယ်ထင်ပါတယ်
နိုင်ငံတော်အတွက်ပေးဆပ်ပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့မိသားစုဝင်တွေက အသက်လဲသေကြရတယ် ရပိုင်ခွ့င်ကြတော့ ဆင်လီးခွေးမျော်နေရသလိုပဲ အောက်ခြေရဲဘော်တွေရဲ့အသက်တွေနဲ့ဘဝတွေကသေတာတောင် ဘောင်မဝင်သလိုပဲနော်
အေအေသူပုန်လက် ထိုးအပ်လိုက်သော ရခိုင်ပြည်နယ်
—————————————-
ဂွ ဘက်က တပ်တွေ ကျသွားတာနဲ့ ပါတ်သက်ပြီး တကယ်နားမလည်ဘူး။ ရခိုင်တောင်ပိုင်းဟာ ဘယ်တုန်းကမှ ရခိုင်ဘုရင့် အုပ်ချုပ်မှုအောက်မှာ မရှိခဲ့သလို မြောက်ပိုင်းက ရခိုင်တွေကလည်း ရခိုင်လို့ သတ်မှတ်တာ မဟုတ်။
.
မြောက်ပိုင်းမှာလည်း အနေကြာခဲ့တော့ မြောက်ပိုင်းက တောင်ပိုင်းကို ရခိုင်ပျက်လို့ ခေါ်ကြသလို တောင်ပိုင်းကလည်း မြောက်ပိုင်းက ရခိုင်တွေနဲ့ အစေးမကပ်။ ဒါကြောင့် ဒေသခံတွေ အားပေးမှု ရတာနည်းမယ်။
.
ဒါက တစ်ပိုင်း၊ နောက်တစ်ချက်က အေအေ တောင်ပိုင်းအထိ ဆင်းလာလျင် ထောက်ပို့လမ်းကြောင်းမှာ ထိခိုက်မှုတွေ ရှိလာမယ်၊ ထောက်ပို့လမ်းကြောင်း ရှည်လာမယ်။
.
စားနပ်ရိက္ခာတွေက ရွာတွေကနေ ယူတယ်ထားဦးတော့ လက်နက် ခဲယမ်းတွေက ဘယ်လို ထောက်ပို့မလဲ။ အေအေတွေ ဆင်းလာကတည်းက တိုက်ပွဲကြီးတွေအတွက် သယ်လာဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စ။
.
ရက်ရှည်လများ တိုက်ပွဲဖြစ်တယ်၊ လက်နက်ခဲယမ်း တောက်လျှောက် ထောက်ပံ့နေနိုင်တဲ့ Supply Line ကို မဖြတ်တောက်ခြင်းဟာ တာဝန်ရှိသူတွေ တစ်ချိန်မှာ မဖြစ်မနေ ဖြေရမယ့် မေးခွန်းတစ်ခုပဲ။
.
Supply Line ကို မသိတာမဟုတ်ပဲ မလုပ်ချင်လို့ကို မလုပ်တဲ့ပုံစံမျိုး တွေ့ရတယ်။ ရခိုင်စစ်ပွဲမှာ လုပ်သင့်တာကို မလုပ်တာတွေ၊ လုပ်ခွင့်မရတာတွေ အစရှိတဲ့ သံသယဖြစ်ဖွယ် များစွာ တွေ့ရတယ်။
.
နေပြည်တော်ကို တိုက်ရိုက် ခြိမ်းခြောက်နိုင်ချေရှိတဲ့ ကယားပြည်မှာ နလန်မထူအောင် ချေမှုန်းပြခဲ့ပေမယ့် ရခိုင်ကမြို့တွေ၊ ရွာတွေ၊ တပ်ရင်း၊ တပ်မတွေ ကုန်တဲ့အထိ ဖြစ်စေသော အုပ်ချုပ်မှုရဲ့ နောက်ကွယ်မှာ ဗျူဟာ ဆိုတာထက် ရခိုင်ကို တမင် ထိုးအပ်လိုက်တာ ဖြစ်ဖွယ်ရှိသော သံသယ ဖြစ်ဖွယ် အမိန့်များ အပြုအမူများ အများအပြား တွေ့ရှိခဲ့ရပါတယ်
------
#JM တောင်ပေါ်ပေသီး
https://t.me/privatephoehtaung
မနေ့က နေ့လည်က ထီလာမြို့အဝင်ဂိတ်တစ်ခုမှာ ဖရဲသီးတွေ တင်လာတဲ့ကားကို ရဲက သူတို့ကို ပိုက်ဆံပေးတာ နဲလို့ ရစ်နေတာ အတော်ကြာတယ် ၊ အခြားကားတွေဆို တစ်ကားမှ ထမစစ်ကြဘူး ၊ ကားစပယ်ယာတွေက ကားပေါ်ကဆင်း ဂိတ်ထဲကို လက်ဝါးချင်း လှမ်းရိုက်ပေးသွားကြတယ်၊ ပေးတာနဲတဲ့ကားဆို ထရစ်ကြပြီ ၊ ကျနော်က ဘာလို့လဲ အရမ်းကြာနေတာလဲ သွားမေးတော့ ပန်းစာမပါလို့ ဆိုပြီး ပြောတယ် ၊ တောင်သူတွေရဲ့ ဖရဲခင်းထဲက အခုမှ တင်လာတာ ဘယ်က ပန်းစာ ပါပါ့မလဲ၊ ပိုက်ဆံမရတာနဲ့ ဖရဲသီးကားကို သံစူးချွန်နဲ့ ဖရဲသီးတွေကို လိုက်ထိုးတယ် ၊ ဖရဲသီးတွေ တော်တော်များများပျက်စီးကုန်တယ်၊ ဖရဲသီးတွေကို သံစူးချွန်တွေနဲ့ ထိုးလို့ ဆုံးရှုံးပျက်စီးနစ်နာသွားအောင် သက်သက်လုပ်တာလို့ပဲမြင်တယ် ၊ စစ်ချင် ဖရဲသီးတွေ အောက်ချစစ်လေ၊ အခုလုပ်ရပ်က ပြည်သူကို သက်သက်ဒုက္ခပေးတာလို့ပဲမြင်တယ်၊ ကျနော်က ဝင်ပြောတော့ လုံခြုံရေးအရ လုပ်တာဆိုပဲ ၊ လုံခြုံရေးအရစစ်မှာဆို ကားတိုင်းကို စစ်ပေးကြဖို့ ရဲတပ်ဖွဲ့မှ လူကြီးမင်းများ တပည့်များကို မှာကြားပေးထားကြပါ ၊ မြို့ဝင် မြို့ထွက် လုံခြုံရေးစစ်ဆေးဖို့ တာဝန်ချထားကြတာပါ ၊ ပြည်သူဆီက အနိုင်ထက်ပြုကျင့် ပိုက်ဆံတောင်းဖို့ ဂိတ်မှာ တာဝန်ချထားတာ မဟုတ်ပါဘူး ၊ တနေ့ကို နေ့တွက် ဘယ်လောက်ရရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာတွေက ကျနော်တို့လို ပြည်သူကို စောင့်ရှောက်ချင် ကာကွယ်ချင်လို့ လုပ်နေတဲ့သူတွေအတွက်တော့ အတော်ပဲ မျက်စိဆံပင်မွှေးစူးစရာဖြစ်နေပါတယ် ၊ အဲ့လို ငွေနောက်ပဲလိုက်ပြီး ပြည်သူကို ဒုက္ခပေးနေတဲ့ သူတွေကြောင့် အခြားကောင်းတဲ့ ဝန်ထမ်းတွေကိုပါ ပြည်သူတွေက အထင်သေးစရာဖြစ်လာတယ်၊ အခုကိစ္စကို မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးကိုတော့ ဖုန်းဆက်ပြီး အမှတ်(၃) စခန်းက ဒုရဲအုပ်နဲ့ ရဲတပ်ကြပ်တို့ရဲ့ လုပ်ရပ်ကို လှမ်းတိုင်ထားပါတယ် ၊ နောက်တခါဆိုရင် နအခထိ တိုင်စာ တက်ပါမယ်။
ပြည်သူက စေတနာရှိလို့ ပေးရင် ယူပါ ၊ ယူပြီးရင်လဲ စစ်စရာရှိတာတော့ စစ်ပါ ၊ ကြွေသီးကိုပဲ စားကြပါ လက်ခံပါတယ် ၊ မကြွေကြွေအောင် ရိုက်ချ ပုတ်ချပြီးတော့ မစားကြပါနဲ့။
ဇော်ယုထွန်း(ထီလာသွေး)
https://t.me/privatephoehtaung
Repost from MWD News
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမိုင်းဝင်ဒလသင်္ဘောကျင်း နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်အမှာစကားပြောကြားသည်။
နေပြည်တော်၊ ဇန်နဝါရီလ ၁ ရက်
ဘင်္ဂလီကုလားသူပုန် ၄ ဖွဲ့တော့ ပေါင်းလိုက်ပြီ။
ဘူးသီးတောင် မောင်တောဖက်တော့ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာပါမယ်။
တချို့ချန်နယ်တွေ ရိုဟင်ဂျာလို့ ပြောင်းလဲသုံးစွဲနေတာ သဘောမကျပါ။ ခိုးဝင်ကုလားက ခိုးဝင်ကုလားပါပဲ
https://t.me/privatephoehtaung
ဗန်းမော်ကို KIA ဝင်တိုက်ရာမှာ ကူညီနေတဲ့ ကုလားများ
https://t.me/privatephoehtaung
AA က လိုချင်တာတွေ ရပြီဆိုတော့ အပစ်ရပ်ဖို့ စာထုတ်ပြီး အနားတောင်းပြီ။ အားပြန်ပြည့်မှ စစ်တွေ၊ ကျောက်ဖြူတို့ကို ဆက်တိုက်ဖို့ ကြံစည်နေပုံပါ။
တစ်ဖက်က အနားတောင်းတော့ နောက်တစ်ဖက်က ပွဲကပေးရပါတယ်။
UWSA တပ်သားတွေ MNDAA ယူနီဖောင်းဝတ်ပြီး သိန်းနီကတဆင့် လားရှိုးဘက်ကို ကားကြီး၊ ကားငယ်နဲ့ ဆင်းနေပါတယ်။ အင်အား တစ်ထောင်ကျော်ရှိကြောင်းသိရပါတယ်။
ကျွန်တော်တို့ တပ်မတော်ကြီးကတော့ နောက်ပေါက် သူပုန် ဆယ်ကျော်သက်မလေးတွေ ကစားချင်သလို ကစားနေတဲ့ အဖိုးကြီးလို ဖြစ်လို့နေပါတယ်။
ဖိုးထောင်
https://t.me/privatephoehtaung
KBZ Kpay အကောင့်လုံခြုံရေး တိုးမြှင့်လုပ်ဆောင်မှုများကို လာမည့် ရက်သတ္တပတ်တွင် ထုတ်ပြန် ကြေညာမည်ဟု KBZ အသိပေး
KBZ Kpay အကောင့်လုံခြုံရေး တိုးမြှင့်လုပ်ဆောင်မှုများကို လာမည့် ရက်သတ္တပတ်တွင် ထုတ်ပြန် ကြေညာမည်ဟု KBZ Bank မှ ဇန်နဝါရီ ၁ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးစာ လွှင့်တင်ခဲ့ပါသည်။
လတ်တလောတွင် အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ်ကို ခန့်မှန်းကာ ဝင်ရောက် သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ကြောင်းနှင့် ယခု ဖြစ်စဉ်များကို လည်း အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမည် ဖြစ်ကြောင်း အသိပေးစာတွင် ပါရှိသည်။
ထိုအသိပေးစာတွင် KBZPay မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူများအနေဖြင့် မိမိတို့၏ မိုဘိုင်းပိုက်ဆံအိတ် လုံခြုံရေးအတွက် OTP နှင့် PIN နံပါတ်များနှင့် ပတ်သက်၍ သတိထားသင့်သည့် အချက်များကို KBZPay ၏ ဒစ်ဂျစ်တယ် လုံခြုံရေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ချက် (https://www.kbzpay.com/.../important-digital-security.../)တွင် ဝင်ရောက်ဖတ်ရှုရန် တိုက်တွန်းထားပြီး ထပ်မံ၍လည်း အကောင့်လုံခြုံရေးနှင့် ပတ်သက်သော ၊ တိုးမြှင့်ဆောင်ရွက်မှုများကို လာမည့် ရက်သတ္တပတ်များတွင် ဆက်လက်၍ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
https://t.me/privatephoehtaung
ခွေးနီတွေ နှစ်သစ်ကူးမှာ ယုတ်မာဖို့ ကြံစည်။
ရန်ကုန်မြို့ အရှေ့ဒဂုံတွင် ပစ်ခတ်ရန်ပြင်ဆင်ထားသည့် ရှော့တိုက် ဒုံးများဖမ်းမိပါတယ်။
နစက မှ ကကကြည်း/ ကပစ
လူကြီးမင်းများသိစေရန်
ဝေဟင်မှ ပေးပို့သည့် ပစ္စည်းထုပ်များ အကုန်မရသည့် အကြောင်းရင်းမှာ
အဲတော့ချရင် y8 နဲ့ မချဘဲ y 12နဲ့သာ ချပေးပါရန် မြေပြင်စစ်ကြောင်းများမှ တင်ပြထားကြောင်းသိရ
y 8 နဲ့ ချလျှင် ပေးပို့ပစ္စည်း တဝက်တောင် မိမိဖက်မှ မရကြောင်း y12 နှင့် ချပေးလျှင် မိမိ စက လက်ခံရရှိတာ များကြောင်း ပြောပြလာပါတယ်
အမွှေစိန်
မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲
https://t.me/privatephoehtaung
နစက မှ ကကကြည်း/ ကပစ
လူကြီးမင်းများသိစေရန်
ဝေဟင်မှ ပေးပို့သည့် ပစ္စည်းထုပ်များ အကုန်မရသည့် အကြောင်းရင်းမှာ
အဲတော့ချရင် y8 နဲ့ မချဘဲ y 12နဲ့သာ ချပေးပါရန် မြေပြင်စစ်ကြောင်းများမှ တင်ပြထားကြောင်းသိရ
y 8 နဲ့ ချလျှင် ပေးပို့ပစ္စည်း တဝက်တောင် မိမိဖက်မှ မရကြောင်း y12 နှင့် ချပေးလျှင် မိမိ စက လက်ခံရရှိတာ များကြောင်း ပြောပြလာပါတယ်
အမွှေစိန်
မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲
https://t.me/privatephoehtaung
Repost from SittNweOo
သတငိးစုံ တင်ပေးနေတဲ့ အကိုကြီး အောင်စစ်သည်။
https://t.me/aungsatthi
ကရင် သတင်းတွေ တိကျစွာ တင်ပေးနေတဲ့ အစ်မကြီး ထား၊ Di သမီးတော်
https://t.me/difamily007
ဘက်မလိုက် သတင်းတွေ တင်ပေးနေတဲ့ အစ်မကြီး ဂီဂီ
https://t.me/mayupeaceful
မိတ်ဆွေကြီး ကိုဖိုးထောင်
https://t.me/privatephoehtaung
မိတ်ဆွေ ၁ဦး ၏ ချန်နယ်လေး
https://t.me/LSTFD201223
လက်လှမ်း မှီသလောက် မျှထားပါတယ် ၀န်းရံပေးကြပါအုံး။
အဆိုတော် ကိုယုန်လေးကို ပစ်မှတ်ထားတဲ့ ဗုံးခွဲမှုမှာ ကိုယုန်လေးကား နောက်ခြမ်းပျက်စီး ထိခိုက်တယ် သိရပါတယ်။
လူထိခိုက်မှု မရှိပါ။
ခွေးနီတွေ ယုတ်မာပြန်ပြီ။
စမ်းချောင်း ကျွန်းတောလမ်းပေါ်မှာ ပေါက်ကွဲသံ ၃ ကြိမ်ထွက်ပေါ်ကြောင်း သိရပါတယ်။ ကိုယုန်လေး အိမ်နားဟုလည်း သိရပါတယ်။
https://t.me/privatephoehtaung
အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့်တဲ့လား
၂၀၂၃-၂၀၂၄ နှစ်ပိုင်းထဲမှာပဲ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် တပ်မတော်ခေါင်းဆောင် ၂၁ ဦး ရန်သူ့ဆီမှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်းရှိခဲ့ပြီ ဖြစ်ပါတယ်။
မိသားစုတွေကျခဲ့တဲ့ မျက်ရည်ဟာ အောက်ဆုံးအဆင့်တင်မဟုတ်ပဲ အလယ်အဆင့်ကိုကျော်ပြီး အပေါ်ထိရောက်လာခဲ့ပါပြီ။
၁- အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်
၂- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး
၃- အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး
၄- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း
၅- အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း
၆- ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း
၇- အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်
၈- ဗိုလ်မှူးချုပ် မိုးကျော်သူ လောက်ကိုင် ဒကစမှူး
၉- ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် (လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ)
၁၀- ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း (တပ်မ ၅၅ တပ်မမှူး)
၁၁- ဗိုလ်မှူးချုပ် သော်ဇင်ဦး (စကခ ၁၆ ကွပ်ကဲရေးမှူး)
၁၂- ဗိုလ်မှူးချုပ် အောင်ဇော်လင်း (စကခ ၁၂ ကွပ်ကဲရေးမှူး)
၁၃- ဗိုလ်မှူးချုပ် အေးမင်းဦး (စကခ ၁၄ ကွပ်ကဲရေးမှူး)
၁၄- ဗိုလ်မှူးချုပ် မင်းမင်းထွန်း (တပ်မ ၁၀၁ တပ်မမှူး)
၁၅- ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (စကခ ၉ စကခမှူး -ကျောက်တော်)
၁၆- ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ (စကခ ၁၉ စကခမှူး-ပလက်၀)
၁၇- ဗိုလ်မှူးချုပ် မင်းထွဋ်ဦး (တပ်မ ၈၈ တပ်မမှူး)
၁၈- ဗိုလ်မှူးချုပ် အေးမင်းနောင် (တပ်မ ၄၄ တပ်မမှူး)
၁၉- ဗိုလ်မှူးချုပ် လင်းအောင်မိုး ( စကခ ၇၊ စကခမှူး- ဖယ်ခုံ)
၂၀- ဗိုလ်မှူးချုပ် အောင်ကျော်လွင် (တပ်မ ၉၉ တပ်မမှူး- မိတ္တီလာ)
၂၁- ဗိုလ်မှူးချုပ်အောင်လွင် (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး )
https://t.me/privatephoehtaung
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
