တပ်သားလေး ဖိုးထောင် 🇲🇲🪖
Відкрити в Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Показати більше8 261
Підписники
-624 години
-327 днів
-15730 день
Архів дописів
အမ်း-ပဒါန်းဖက်က သတင်းကောင်းလေး ထီလာသားတွေဆီက ရပြီ။ ရခီးတွေကို ဒုက္ခိတဖြစ်အောင် လုပ်နေပါပြီ။ ဒီလို မြေပြင်သတင်းကြားရတာ ဝမ်းသာချက်။
Ko Sit
https://t.me/privatephoehtaung
တောင်ကိုးရီးယား တိုက်လေယဥ်နှစ်စင်းက ဆိုးလ်မြို့တော်မြောက်ဖက် စစ်ရေးလေ့ကျင့်နေစဥ် လူနေရပ်ကွက်တစ်ခုကို မှားယွင်းဗုံးကျဲမိသဖြင့် လူ ၁၅ ဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းနှင့် ဒဏ်ရာရသူများတွင် မြန်မာနိုင်ငံသားတစ်ဦးပါဝင်ကြောင်း သိရှိရသည်။
ဆိုးမြို.လ်တော်၏ မြောက်ဖက် ကီလိုမီတာ ၅၀ ခန့်အကွာ ကျေးရွာတစ်ခုတွင် ယနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအနက်နှစ်ဦးမှာ အသက်အန္တရယ်မစိုးရိမ်ရသော်လည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများကို ကိုးကား၍ တောင်ကိုးရီးယား ယွမ်ဟက်သတင်းဌာနက ရေးသားထားသည်။
ကျည်ဆန်အစစ်များများဖြင့် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုအတွင်း KF-16 တိုက်လေယဥ်နှစ်စင်းသည် လေ့ကျင့်ဧရိယာပြင်ပတွင် “ထူးဆန်းစွာ” ဗုံးလေးလုံးကို မှားယွင်းကျဲမိခဲ့ကြောင်း စစ်ဖက်ဆိုင်ရာတာဝန်ရှိသူများက ယွမ်ဟက်သတင်းဌာန ကိုပြောဆိုထားသည်။
ဖြစ်စဥ်ကို စုံစမ်းမှုပြုလုပ်မည်ဖြစ်ပြီး၊ အရပ်သားများ ထိခိုက်ဒဏ်ရာရသွားသည်ကို အနှုးအညွတ်တောင်းပန်ပါကြောင်း တောင်ကိုးရီးယားလေတပ်က ကြေငြာချက်ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းရဲ့ ဒုတိယမြို့တော် ရွှေဘိုမြို့အဝင်။
ပြည်သူတွေ ဘုရားတရားမမေ့အောင် စီစဉ်ပေးထားကြသလား မသိပါ။
https://t.me/privatephoehtaung
Repost from ပြည် သတင်းမှန်
မိမိတို့ တပ်မတော်ဘက်မှသတင်းများ
ပြည်သူလူထုထံ ရောက်ရှိရန် ပျံနှံရန်
ဖော်ပြပါ FB Group မှာလည်း
လာရောက် ရေးသားတင်နိုင်ပါတယ်။
FB Community Rules နှင့်သက်ဆိုင်သော စကားလုံးများ ဖြစ်တဲ့
သေ ကို Thay
သတ် ကို သ(တ်)
ဟုပြောင်းလဲတင်ပေးကြပါ
https://www.facebook.com/share/g/15eKgQQ4rN/
တစ်ဖက်က မီဒီယာအားကို တိုက်ဖျက်ရန်
ကိုယ့်ဘက် မီဒီယာအား ကောင်းဖို့လိုပါတယ်။
အဖွဲ့အစည်းတစ်ခုကို ယုံကြည်စိတ်ချရပြီး အရေးသားကောင်းတဲ့
Admin တစ်ဦးကောင်းတာလည်း ခုထိမပေးသေးဘူး......။
တစ်ခါမှ မကြားဖူးတဲ့ ဗျူဟာတွေ။ ပစ်ပြေးဗျူဟာတော့ လုပ်ပါ။
https://t.me/privatephoehtaung
တစ်နေ့တော့..စစ်ကြီးပြီးသွားမှာပဲ...ဘယ်နေ့..ဘယ်အချိန်ရယ်လို့တော့မသိဘူးပေါ့...
စစ်ကြီးပြီးသွားတဲ့အခါ...
အညာ..အကြေ..တခွင်
မုဆိုးမတွေများမယ်...ပညာတတ်တွေနည်းမယ်
ခြေပြတ်လက်ပြတ်ဒုက္ခိတတွေပေါမယ်..ယာတွေ
ကောပြီး..စိုက်ခင်းပျိုးခင်းတွေ..ဖုံးဆိုးမြေ
ဖြစ်ကုန်မယ်..သူခိုး..ဓမြ... အလွန်ပေါမယ်...
ရွာပျက်တွေကသရဲအလွန်ခြောက်မယ်
ကိုးကွယ်စရာဘုန်းကြီးမရှိတော့ဘူး
ဆေးရုံဆေးခန်းနဲ့ဆရာဝန်သူနာပြုတွေမရှိတော့ဘူး
စာသင်ကျောင်းနဲ့ဆရာဆရာမတွေမရှိတော့ဘူး
အုတ်ဂူနီရှိတဲ့ရွာတွေကို
ဘယ်သူကမှ..အဆက်အဆံ..အသွားအလာမလုပ်တော့ဘူ...
ထန်းတက်သမားတွေ..မွေးဖက်ပေးပြီးကျောင်းနေတဲ့..နွားကျောင်းသား..ဆိတ်ကျောင်းသားတွေရှာမရတော့ဘူး..သီးစားခနဲ့လုပ်မဲ့သူမရှိတော့ဘူး
လူငယ်လူရွယ်တွေ..ရှားမယ်
အလှူအတန်းတွေဆိတ်သုန်းမယ်..ဗျောသံတွေ..လော်စပီကာအသံတွေနည်းလာမယ်..
ဒီအညာမှာ..အဆင်မပြေလို့..အောက်ပြည်ဆင်းမလား..ရှမ်းပြည်တက်မလား...လွတ်မယ်ပြေလည်မယ်ထင်ပြီးတက်ကြည့်..အလုပ်အကိုင်ရဘို့အခွင့်အလမ်းနည်းမယ်..
အညာမိသွားတဲ့အညာဒေသဟာ သမိုင်းမှာတော့အကြမ်းဖက်သမားတွေ..ဒုစရိုက်နယ်မြေမှာ ပေါက်ဖွားလာသူတွေအဖြစ် သမိုင်းတွင်ပါတော့မယ်
စစ်မင်း
https://t.me/privatephoehtaung
တစ်နေ့တော့..စစ်ကြီးပြီးသွားမှာပဲ...ဘယ်နေ့..ဘယ်အချိန်ရယ်လို့တော့မသိဘူးပေါ့...
စစ်ကြီးပြီးသွားတဲ့အခါ...
အညာ..အကြေ..တခွင်
မုဆိုးမတွေများမယ်...ပညာတတ်တွေနည်းမယ်
ခြေပြတ်လက်ပြတ်ဒုက္ခိတတွေပေါမယ်..ယာတွေ
ကောပြီး..စိုက်ခင်းပျိုးခင်းတွေ..ဖုံးဆိုးမြေ
ဖြစ်ကုန်မယ်..သူခိုး..ဓမြ... အလွန်ပေါမယ်...
ရွာပျက်တွေကသရဲအလွန်ခြောက်မယ်
ကိုးကွယ်စရာဘုန်းကြီးမရှိတော့ဘူး
ဆေးရုံဆေးခန်းနဲ့ဆရာဝန်သူနာပြုတွေမရှိတော့ဘူး
စာသင်ကျောင်းနဲ့ဆရာဆရာမတွေမရှိတော့ဘူး
အုတ်ဂူနီရှိတဲ့ရွာတွေကို
ဘယ်သူကမှ..အဆက်အဆံ..အသွားအလာမလုပ်တော့ဘူ...
ထန်းတက်သမားတွေ..မွေးဖက်ပေးပြီးကျောင်းနေတဲ့..နွားကျောင်းသား..ဆိတ်ကျောင်းသားတွေရှာမရတော့ဘူး..သီးစားခနဲ့လုပ်မဲ့သူမရှိတော့ဘူး
လူငယ်လူရွယ်တွေ..ရှားမယ်
အလှူအတန်းတွေဆိတ်သုန်းမယ်..ဗျောသံတွေ..လော်စပီကာအသံတွေနည်းလာမယ်..
ဒီအညာမှာ..အဆင်မပြေလို့..အောက်ပြည်ဆင်းမလား..ရှမ်းပြည်တက်မလား...လွတ်မယ်ပြေလည်မယ်ထင်ပြီးတက်ကြည့်..အလုပ်အကိုင်ရဘို့အခွင့်အလမ်းနည်းမယ်..
အညာမိသွားတဲ့အညာဒေသဟာ သမိုင်းမှာတော့အကြမ်းဖက်သမားတွေ..ဒုစရိုက်နယ်မြေမှာ ပေါက်ဖွားလာသူတွေအဖြစ် သမိုင်းတွင်ပါတော့မယ်
စစ်မင်း
https://t.me/privatephoehtaung
အမေရိကန် လွှတ်တော်နဲ့ တရားရုံးဖျက်သိမ်းလိုက်ပြီး အာဏာရယူလိုက်ပါတော့ အဘ ထရမ့်
----------------
အမေရိကန်တရားရုံးချုပ်က Trump ဟန့်တားထားတဲ့ နိုင်ငံတကာငွေကြေးအကူအညီတွေကို ပြန်လည် ထုတ်ပေးဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ USAID နဲ့ စာချုပ်တွေ ရှိထားတဲ့ ကမ္ဘာတဝှမ်းက အကူအညီပေးရေးအဖွဲ့တွေ၊ NGOs တွေဟာ အမေရိကန်ရဲ့ ငွေကြေးအကူအညီ ပြန်လည်ရရှိတော့မှာဖြစ်ပါတယ်။ တရားရုံးက လွှတ်တော်က အတည်ပြုပြီး ချပေးထားတဲ့ ဘတ်ဂျတ်ကို သမ္မတက ထိန်းချုပ်ခွင့်မရှိဘူးဆိုပြီး ငွေကြေးတွေ ကမ္ဘာတလွှမ်းကို ဆက်လက်ထောက်ပံ့ဖို့ အမိန့်ပေးလိုက်ပါတယ်။ သူတက်လာထဲက ရပ်တန့်ထားတဲ့ ငွေကြေးတွေကို ပြန်ထုတ်ပေးရမှာဖြစ်ပါတယ်။ Trump အတွက်တော့ ပထမဆုံးအရှုံးဖြစ်ပြီး အယူခံဝင်ဖွယ်ရှိနေပါတယ်။
ရုရှားက နောက်တန်းဌာနချုပ်ကနေ ရှေ့တန်းအခြေချနေရာအထိ အုပ်ချုပ်ထောက်ပ့ံမှုလမ်းကြောင်းတလျောက် ပိုက်ကွန်ကာပစ်လိုက်တယ်။
ဒရုန်းနဲ့ကြားဖြတ်တိုက်လို့တဲ့။
အတုယူချင်ရင် ယူလို့ရပါတယ်။
ဘောလခဲကို မာဝီ နဲ့ အင်အား ၁၀၀၀ ခန့်ရောက်နေတယ်လို့ မြေပြင်သတင်းသိရပါတယ်။
ဘောလခဲ တပ်များ သတိရှိကြစေလိုပါတယ်။
https://t.me/privatephoehtaung
လျှပ်စစ်မီးမှန်လာရင်ကို နီပိန်းတွေကအစ နစက အစိုးရကို လက်ခံလာကျလိမ့်မယ်။ လက်ရှိထက်ပိုပျက်လာရင် တပ်ထောက်ခံသူတွေပါ နစက အစိုးရကို စိတ်ပျက်လာလိမ့်မယ်။
ဒါလူ့သဘာဝပဲ။ နျူစက်ရုံကိစ္စ အထူးဦးစားပေးအဆင့်နဲ့ အမြန်ဆုံးပြီးအောင် လုပ်သင့်ပါတယ်။
https://t.me/privatephoehtaung
ပဒါန်းဒေသအခြေအနေ တည်ငြိမ်လာပြီ။ နတ်ရေကန်တောင်စခန်းဝန်းကျင်တွင် တပ်မတော်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေပြီး ရန်သူများ အထိအခိုက်များဖြင့် ဆုတ်ခွာစပြုနေကြောင်း သတင်းရရှိပါသည်။
https://t.me/privatephoehtaung
ဝါရင့်ရခိုင်နိုင်ငံရေးသမား ဒေါက်တာဇော်မြင့်မောင်ကို စော်ကားလိုက်တဲ့ ထွန်မရက်နိုင်။
https://t.me/privatephoehtaung
နှစ်နိုင်ငံကြား နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးပြုရေး၊ အာကာသဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုး
နိုင်ငံတော်၀န်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ရုရှားသမ္မတပူတင်တို့ ကရင်မလင်နန်းတော်တွင် တွေ့ဆုံဆွေးနွေး
ယူကရိန်းကိုပေးနေသည့် စစ်ရေးအကူအညီ အမေရိကန် ရပ်ဆိုင်း
ဧရာဝတီ၊ မတ် ၄၊ ၂၀၂၅
ဒေါ်နယ်ထရမ့်နှင့် သမ္မတဇလန်းစကီးတို့ အိမ်ဖြူတော်တွေ့ဆုံမှုအတွင်း အငြင်းပွားမှုဖြစ်ပွားပြီး ရက်အနည်းငယ်အကြာ၌ ယူကရိန်းသို့ပေးနေသည့် အမေရိကန်စစ်ဘက်အကူအညီများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
အမည်မဖော်လိုသည့် အိမ်ဖြူတော်အရာရှိက "သမ္မတထရမ့်သည် ငြိမ်းချမ်းရေးကို ဦးစားပေးကြောင်း ရှင်းလင်းစွာ ပြောကြားထားပါတယ်။ ကျနော်တို့ရဲ့ မိတ်ဖက်များအနေနဲ့လည်း ငြိမ်းချမ်းရေး ရည်မှန်းချက်ကို တကယ်စိတ်ပါဝင်စားဖို့ လိုပါတယ်။ အမေရိကရဲ့ အကူအညီတွေက အမှန်တကယ် အထောက်အကူဖြစ်စေဖို့ ပြန်လည်သုံးသပ်နေပါတယ်" ဟု ဆိုသည်။
အကူအညီများ ရပ်ဆိုင်းခံလိုက်ရသည့်ကိစ္စနှင့် ပတ်သက်၍ ယခုအချိန်ထိ ယူကရိန်းဘက်မှ တရားဝင်တုံ့ပြန်မှု မရှိသေးပေ။
မူလစီစဉ်ထားသည်မှာ သောကြာနေ့တွင် သမ္မတနှစ်ဦးသည် ယူကရိန်း၏ မြေရှားသတ္တုများကို အမေရိကန်က ရယူခွင့် ပေးမည့် သဘောတူညီချက်တခုအား လက်မှတ်ရေးထိုးရန်ဖြစ်ပြီး ယင်းသဘောတူညီချက်သည် အနာဂတ်ငြိမ်းချမ်းရေး အတွက် အရေးကြီးသောခြေလှမ်းတရပ်လည်း ဖြစ်သည်။
သို့သော် သဘောထားကွဲလွဲမှုတွေကြောင့် သဘောတူညီချက်အား လက်မှတ်မထိုးနိုင်ဘဲ ဇလန်းစကီးသည် အိမ်ဖြူတော်မှ ထွက်ခွာခဲ့သည်။ ဇလန်းစကီးက ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပြီးနောက် ရုရှားမှ နောက်ထပ်နယ်မြေများ သိမ်းပိုက်ရန် ကြိုးစားလာလျှင် တားဆီးမည့် အာမခံချက်များကို လိုလားလျက်ရှိသည်။
ထရမ့်၏ ဇလန်းစကီးအပေါ် ပြစ်တင်ရှုတ်ချမှုကြောင့် ဥရောပခေါင်းဆောင်များက ငြိမ်းချမ်းရေးအတွက် ကိုယ်ပိုင်နည်း လမ်းရှာဖွေပြီး ယူကရိန်းကို ထောက်ခံကြောင်း ပြသခဲ့သလို တနင်္ဂနွေနေ့ လန်ဒန်၌ ယူကရိန်းခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သော ဥရောပမဟာမိတ်များကလည်း အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာပါက ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များ စေလွှတ်ရန် နှင့် ရုရှား၏ နောက်ထပ်ကျူးကျော်မှုကို တားဆီးရန် " နိုင်ငံများစုပေါင်းအဖွဲ့" ဖွဲ့စည်းရန် စီစဉ်လျက်ရှိသည်။
စစ်ပွဲစတင်သည့်အချိန်မှစ၍ အမေရိကန်သည် ယူကရိန်းအား စစ်ဘက်အကူအညီ ယူရို ၆၄ ဘီလီယံခန့် ပေးအပ်ခဲ့ပြီး ဥရောပနိုင်ငံများ (ဗြိတိန်အပါအဝင်) မှ ယူရို ၆၂ ဘီလီယံ ပေးအပ်ခဲ့ပြီးဖြစ်သည်။
ဥရောပထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း ဗြိတိန်သည် ယူကရိန်းအား နောက်ထပ်လေကြောင်းကာကွယ်ရေးဒုံးကျည် ၅,၀၀၀ ဝယ်ယူရန် ပေါင် ၁ ဒသမ ၆ ဘီလီယံ ငွေကြေးထောက်ပံ့ရန် ကတိပြုခဲ့ပြီး ယင်းဒုံးကျည်များကို ဘယ်လ်ဖတ်စ်မြို့တွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/privatephoehtaung
ရုရှားသမ္မတကြီး ပူတင်ကို မြန်မာပြည်ကို အလည်လာဖို့ ဖိတ်ကြားခဲ့စေချင်ပါတယ်။
https://t.me/privatephoehtaung
ဆောင်းတွင်းဆိုတော့ ရေစိုလို့ ကောဇောနီအစား သုတ်ဆေးအနီ သုတ်ပေးထားတယ်။
ကုန်ကျစရိတ်ပိုများပေမဲ့ လေးစားမှုကို ပြသတာပါ။
https://t.me/privatephoehtaung
Border Guard Force BGF မှ အသက် ၃၆ နှစ်အရွယ် ဂျပန်နိုင်ငံသား အမျိုးသားတဦကို ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းနယ်စပ်အနီး ခေါ်ဆိုလိမ်လည်စင်တာတွင် တွေ့ရှိခဲ့ပြီး စနေနေ့(မတ် ၁)တွင် မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ ထိုင်းမှတဆင့် ဂျပန်သို့ ၎င်းကို ပြန်ပို့ပေးမည်ဖြစ်ကြောင်း NHK သတင်းဌာနမှ ဖော်ပြသည်။
၎င်းသည် တရုတ်ရာဇဝတ်ဂိုဏ်းထံတွင် မိမိသဘောဆန္ဒအလျောက် လုပ်ကိုင်ခဲ့သူဖြစ်မည်ဟု ယူဆရသည်။ သို့သော် ရုံးအလုပ်သာ လုပ်ကိုင်ခဲ့သည်ဟု ၎င်းက ထွက်ဆိုသည်။
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးစီရင်စုတွင် ရဲတပ်ဖွဲ့က ၎င်းအား ခိုးမှုသံသယဖြင့် ဖမ်းဝရမ်းထုတ်ထားသည်။
စစ်မှုထမ်းဟောင်း အငြိမ်းစား ဗျူဟာမှူး တစ်ဦး ရေးသားထားတာလေးပါ။
ဘဝမှာ စစ်သားဘဝ ပြန်စဉ်းစားလိုက်တော့
ဝမ်းနည်းစရာ ရင်နာစရာအပြည့်နဲ့ပါဘဲ။
ရာထူးတစ် ဆင့်ရဘို့ကြိုးစားရတာလည်း
ပင်ပန်းလှတယ်။
ဒုဗိုလ်ဘဝစစ်တိုက်ရဲမှတပ်ရင်းမှူးကြိုက်မှာမို့
အသက်စွန့်ပြီး အကြိမ်ကြိမ်တိုက်ခဲ့တယ်။
အမှုမဖြစ်အောင်လည်းနေခဲ့ရတယ်။
သက်စွန့်ဆံဖျားတိုက်လိုက်ရတာ..စွမ်းရည်ဘွဲ့အတွက်ကြတော့ လူကြီးနားနေ သေနတ်တောင်မဖောက်လိုက်ရဘဲ ရတဲ့သူ ရသွားတယ်။
သေလောက်အောင်လုပ်ခဲ့သူကမရဘူး။
ဒီထဲကသိပါတယ် ဖားနိုင်မှ လူကြီးသိမှမြောက်စားခံရတာ။ ဗိုလ်ကြီးဘဝ ဗိုလ်မှူးဘဝတိုက်ရတာ
တဘက်နိုင်ငံထဲကျော်သွားမိလို့
အရေးယူခံရဘို့လည်း အကြိမ်ကြိမ်ကြုံ
ရပါတယ်။ထမင်းငတ်တဲ့ဘဝအကြိမ်ကြိမ်ပါဘဲ။
တပ်ရင်းမှူးဖြစ်တော့လည်း တပ်ရင်းမှူး
တုံးကျော်ဘို့မလွယ်ဘူး။တိုက်ပွဲပေါင်း ၂၀ကျော်
ကိုယ်တိုင်ပါဝင်ပြီးတိုက်ခဲ့ရတယ်။သေနတ်
အလက်ပေါင်း ၆၀ကျော်ရခဲ့တယ်။
တစ်ဦးချင်းချီးကျူးဂုဏ်ပြုမရဘူး။
တစ်ရင်းလုံးနံမည်နဲ့ ချီးကျူးဂုဏ်ပြုရခဲ့တယ်။
တော်တဲ့တပ်ရင်မှူးပေါ့။
နောက်တပ်မမှူးရောက်လာတယ်.
တပ်စုမှူးလေးတိုက်ပွဲဖြစ်ပြီး MA2 တစ်လက်
ရန်သူ့နောက်ပါဆုံးရှူံးတယ်။
တပ်ရင်းမှူးကသတိပေးဆုံးခံရတယ်။
ကာကွယ်ရေးဦးစီးချုပ်လက်မှတ်ရ
တာတောင် တပ်မမှူးသတိပေးဆုံးမရှိလို့
စစ်မှု ထမ်းကောင်းမရဘူး။ ကာကွယ်ရေးဦးစီးချုပ်
ပေးတဲ့လက်မှတ်ဟာ တပ်မမှူးသတိပေးဆုံးမ
ကိုမကျော်နိုင်ခဲ့ဘူး။
၂၀၀၁ မှာ ဗိုလ်မှူးကြီးဗျူဟာမှူးဖြစ်ခဲ့တယ်...
လစာက ၂၂၀၀ဝိ ရတယ်။ သမီးကြီးကပဲခူး
ကောလိပ်၊ သားကြီးကကျိုင်းတုံကောလိပ်
သားငယ်လေးကမိထ္ထိလာ၉တန်းတက်နေတယ်။
လစာနဲ့မလောက်ဘူး။
ယခင်က သံလွင်အရှေ့ခြမ်းတပ်တွေ ယူနစ်ရိက္ခာ
ရတယ်။မိသားစုရိက္ခာပေါ့။ ၂၀၀၂ မှာဦးခင်ညွန့်ဝန်ကြီးချုပ်ဖြစ်တော့ဖြတ်လိုက်တယ်။
အရာရှိမိသားစုတွေကအစ
မိဘရပ်ထံပြန်ခွင့်တောင်းလာတယ်။
သူတို့လစာဘတ်ငွေနဲ့လဲဝယ်ခြမ်းစားလို့
မလောက်ငှတော့ဘူး။ သိပ်ဒုက္ခရောက်ခဲ့တယ်။
ဗျူဟာမှူးဗိုလ်မှူးကြီးဘဝ
သမီးကြီးကိုစားရေးသောက်ရေး အဆင်
မပြေလို ကောလိပ်ဆက်မတက်စေတော့ဘဲ
စာပေးစာယူဆက်တက်စေပြီး အလုပ်ဝင်လုပ်
ခိုင်းရတယ်။ကုန်သွယ်လယ်ယာကွန်ပြူတာ
စာရေးဘဝပေါ့။ကုန်သွယ်လယ်ယာဖျက်ပြန်တော့
စက်မှု၁ရောက်တယ်..
ယက်ကန်းမယက်နိုင်လို့ အလုပ်ထွက်ပြီး
ပြည်တွင်းအခွန်ဦးစီးမှာ စာရေးမပြန် ဝင်လုပ်ရတယ်။ ဗိုလ်မှူးကြီး ဘဝ ၅နှစ်ရတော့
ပြည်တွင်း တပ်မ၈၈ပြန်ပြောင်းပေးတယ်။
လစာနှုန်းပြင်တော၂၀၀၀၀ဝိရတယ်။
အသက်ရူချောင်သွားတယ်။
ဒါပေမဲ့ ၁၀တန်း (ခ)အောင်နဲ့ဗိုလ်ဖြစ်တဲ့သူ
အခြေခံဘွဲ့မရှိလို့ NDC တက်ခွင့်မရတော့
ဗိုလ်ချုပ်မဖြစ်ဘူး..ကိုယ်လက်အောက်
ကလူတွေ ဗိုလ်ချုပ်ဖြစ်တော့ သူတိုအောက်မှာ
တာဝန်ထမ်းရတယ်။ရှေ့အတွက်ရာထူးမျှော်စရာ
မရှိတဲ့ဘဝမို့ လမ်းကြောင်းသစ်ထွင်ပြီးနိုင်ငံရေး
လမ်းကြောင်းပြောင်းပြီး လွှတ်တော်အရွေးခံခဲ့။
ကရင်ပြည်နယ်မဲဆန္ဒနယ် ၂ အမျိုးသားလွှတ်
တော်အတွက် ခက်ခက်ခဲခဲ အနိုင်ရခဲ့တယ်။
လွှတ်တော်မှာမှ ပိုပြီးခွဲခြားမှုတွေတွေ့လာရတယ်။
၅နှစ်ပြည့်တော့နားလိုက်တယ်။ အခုအရပ်ထဲမှာ
ဂျုံခေါက်ဆွဲစက်လေးတစ်လုံးထောင်ပြီး
အေးချမ်းစွာလုပ်ကိုင်စားသောက်နေတယ်။
စားရေးသောက်ရေး မိသားစုအရေး အဆင်ပြေတယ်။ စိတ်ပူပန်စရာမရှိဘူး။အခုမှနားလည်လာတယ်။စစ်သားဖြစ်ပြီလွတ်လပ်ရေးမဆုံးရှူံးအောင်ထိန်းရတဲ့ဘဝမှာ ကိုယ်နဲ့ ကိုယ်လက်အောက်အရာရှိ
စစ်သည်တွေဆင်းရဲပင်ပန်းဒုက္ခရောက်သလောက်
အထက်လူကြီးမိသားစုတွေကတော့ချမ်းသာစီး
ပွားဖြစ်နေကြတယ်။
သြော် သံဝေဂရပါတယ်။
ဘဝဆက်တိုင်း စစ်သားမဖြစ်ပါရစေနဲ့။ပြည်သူ
ဘဝနဲ့မိသားစုကိုရိုးသားကျိုးစားလုပ်ကိုင်ကျွေး
မွေးလှူဒါန်းနိုင် ဘာသာသာသနာအကျိုးသယ်ပိုး
နိုင်သူဖြစ်ရပါစေလို့။
ဗိုလ်မှူးကြီးကံညွန့် (ငြိမ်း)
24-6-20
https://t.me/privatephoehtaung
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
