uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

Відкрити в Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

Показати більше
7 675
Підписники
-824 години
-277 днів
-10730 днів
Архів дописів
တပ်မတော်က နောင်ချိုကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတာ အုံမ္မသီးရွာအထိ ရရှိပြီး ဖြစ်ပါတယ်။ ဒီနေ့ ၆ လောင်းထပ်ရထားတယ်။ နောင်ချိုရောက်ဖို့တော့ ကြားမှာ ရွှေညောင်ပင်၊ လယ်ကျင်းကွေ့၊ အုံမ္မခါး၊ ကျောက်ကြမ်း၊ သဖန်းကိုင်း ရန်သူ့ခံစစ်အဆင့်ဆင့်တော့ ရှိသေးတယ်။ ကိုယ့်ဖက် အထိအခိုက် နည်းနိုင်သမျှနည်းစေဖို့ ဖြေးဖြေးမှန်မှန်ပဲ အောင်ပွဲ‌တွေယူပြီး တက်နေကြပါတယ်။ စိတ်ရှည်ရှည်ပဲ စောင့်ပေးကြပါ။ #ဖိုးထောင် https://t.me/privatephoehtaung

သတင်းမှန်တွေ ဘက်မလိုက်ပဲ အရှိအတိုင်းတင်ပေးနေတဲ့ ကိုအောင်စစ်သည် ချန်နယ်လေး ဝင်ထားကြပါဦး https://t.me/aungsatthi

သတင်းမှန်တွေ ဘက်မလိုက်ပဲ အရှိအတိုင်းတင်ပေးနေတဲ့ ကိုအောင်စစ်သည်ရဲ့ ချန်နယ်ဝင်ထားကြပါဦး။ အရင်ချန်နယ်ကြီး ပျက်သွားလို့ပါ။ https://t.me/aungsatthi

Repost from ShwePoe Oo
တပ်သားလေးဖိုးထောင်ဆိုတာကျနော်အသိပါ..သူဘယ်ကလည်းဘယ်တပ်ကလည်းကအစသိတယ်..ကျနော့်ထက် C ကျလိူ့လေးစားတယ် Ranks မတူလည်း သူတင်တာအမှန်ကြုံရတဲ့စိတ်ခံစားမှုဗျ

လားရှိုးထောင်ကို ဗုံးကြဲတာ ၁၀၀% အောင်မြင်တယ်။ ထောင်ထဲမှာ လက်နက်ချတဲ့ ကောင်တွေပဲမို့လို့ ပြန်ငဲ့စရာ အကြောင်းမရှိပါတဲ့။ ရေးကြပေါ့ မင်းတို့မိသားစုမှ မပါတာ။ ရဲဘော်ရဲဘက်စိတ်ဆိုတာ မကြားဖူးတဲ့ အွန်ချောင်တွေ။ https://t.me/privatephoehtaung

လားရှိုးထောင်ကို ဗုံးကြဲဖို့ ဘယ်ကောင်မြှောက်ပေးလိုက်လဲမသိ။ သောက်တလွဲလုပ်မယ်ဆိုရင် ထိပ်ဆုံးကပဲ။ ထောင်ထဲမှာ ရန်သူလဲရှိတယ် လာမဖာနဲ့။ ကိုယ့်လူတွေပါရှိနေတဲ့ ထောင်ကို ကြဲစရာ အကြောင်းကိုမရှိတာ။ ဗုံးကြဲချင်ရင် ရန်သူ့ဌာနချုပ်၊ စစ်စခန်းတွေ၊ ထောက်ပို့လမ်းကြောင်းတွေကို လွတ်လွတ်ကျွတ်ကျွတ်ကြဲလို့ရတယ်။ ကြဲဖို့အော်ရတာတောင် အာပေါက်နေပြီ။ နေရာမသိရအောင်လဲ Google Maps မှာရှာရင်တောင်ပေါ်နေတဲ့ဟာတွေ။ အမိန့်ပေးတဲ့ကောင်လဲ စစ်ကြည့်ဦး ဖရဲသီးလဲ ဖြစ်နေဦးမယ်။ လောလောဆယ် ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့ ရဲမေနဲ့ မိသားစုတွေကို နှစ်သိမ့်ဖို့လုပ်ကြဦး။ ဆိုကရေးတီးပွဲတက်ဖို့ထက် အရေးကြီးတယ်။ တင်းနေတဲ့ဖိုးထောင် https://t.me/privatephoehtaung

တောင်ခမ်းတိုက်ပွဲမှာ ပလောင်တွေ ထားခဲ့ရတဲ့ ပွိုင့်ဖိုက်သေနတ်ကြီး
တောင်ခမ်းတိုက်ပွဲမှာ ပလောင်တွေ ထားခဲ့ရတဲ့ ပွိုင့်ဖိုက်သေနတ်ကြီး

အမ်း တပ်မတော် ဆေးရုံကျပြီဆိုပြီး ဖွနေတဲ့ သတင်းက အမှားပါ။ သို့သော် ရန်သူ့ထိုးစစ် နီးလာတဲ့အတွက် ရွှေ့ပြောင်းထားတဲ့ သတင်းကတော့ မှန်ကန်ကြောင်းပါ။ https://t.me/privatephoehtaung

AA ထိုးစစ်ဟာ အမ်းမြို့နဲ့ ၅ မိုင်အကွာ အထိရောက်လာပါပြီ။ တပ်က အမ်း-ပဒါန်း လမ်းပိုင်း လုံခြုံရေးကို လက်လွှတ်ထားရတဲ့ အထိ ရက်ပိုင်းအတွင်း မြန်မြန်ဆန်ဆန် အခြေအနေတွေ ပြောင်းလဲလာပါတယ်။ https://t.me/privatephoehtaung/1777

ည ၈ နာရီသတင်းမှာ ဆင်ဖြူရှင် အကြောင်း ထုတ်ပြန်ပါမယ်။ https://t.me/privatephoehtaung

တရုတ်ဖက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာ နှစ်ဖက်စလုံး ထိခိုက်လာလိမ့်မယ်။ တရုတ်က နှစ်ဖက်စလုံးကို ပိတ်ဆို့ပြီး ပွဲအမြန်ဖြတ်ခိုင်းတာပါ။ ကိုယ့်ဖက်က ပင်လယ်ဆိပ်ကမ်းရှိနေသေးတာမို့လို့ ရန်သူက ပိုထိခိုက်မယ်။ အမြန်ထိုးစစ်စပြီး ပွဲဖြတ်ဖို့ အခွင့်အရေးပါ။ ကြာနေရင် ပြည်သူပိုများတဲ့ နစကလဲ အထိနာလာမယ်။ ပိတ်ဆို့ထားတဲ့ကြားက မြို့တွေ ထပ်ပေးရရင်တော့ တရုတ်အထင်သေးပြီး ဘက်ပြောင်းသွားနိုင်ပါတယ်။ https://t.me/privatephoehtaung

လားရှိုးထောင်ကို ဗုံးကြဲတိုက်ခိုက်မှုမှာ ကိုယ့်ဖက်က စစ်သုံ့ပန်းအချို့ ထိခိုက်မိတယ်သိရပါတယ်။ ထောင်ထဲမှာ ကိုးကန့်တွေရဲ့ ရန်သူတွေကိုပဲ ထည့်ထားတာကြောင့် ရှောင်စေချင်ပါတယ်။ https://t.me/privatephoehtaung

ခရီးသွားရာကပြန်ရောက်ပါပြီ။ ဖုန်းလိုင်း လုံးဝမရတဲ့ နေရာရောက်နေလို့ ဘာတွေဖြစ်နေမှန်း မသိလိုက်ပါ။ ပြန်ရောက်တော့ ပန်ဝါမြို့ကျသွားပြီး အထူးဒေသ ၁ အထိနာနေတယ်။ ကျန်မြို့တွေမှာလဲ အပြင်းအထန်တိုက်ပွဲ ဖြစ်နေဆဲ။ ဖိုးထောင်အတွက် လိုင်းမမိတဲ့ တစ်ပတ် အရှုံးအမြတ်စာရင်းက အရှုံးနဲ့ပိတ်နေတာ ဝမ်းနည်းဖွယ်တွေ့ရပါတယ်။ https://t.me/privatephoehtaung

စိန်ခေါ်ပွဲ လက်ခံတယ် ငဖိုးစီ နပခ ဒီနှစ်မကုန်ခင် ကျစရာ အကြောင်းမရှိပါဘူး။ နှစ်ကူးလို့ နပခ ကို မင်းတို့မရသေး‌ရင် ငါတို့တင်မဲ့ ရ
စိန်ခေါ်ပွဲ လက်ခံတယ် ငဖိုးစီ နပခ ဒီနှစ်မကုန်ခင် ကျစရာ အကြောင်းမရှိပါဘူး။ နှစ်ကူးလို့ နပခ ကို မင်းတို့မရသေး‌ရင် ငါတို့တင်မဲ့ ရခီးအလောင်းပုံတွေ မင်းချန်နယ်မှာ ရှယ်ပေးရမယ် ဖိုးထောင် https://t.me/privatephoehtaung/1777

သီပေါမှာ လနဲ့ချီ အဝိုင်းခံထားရတဲ့ကြားက တောင့်ခံနိုင်ခဲ့တဲ့ စစ်သည်များကို လေးစားပါတယ်။ သီပေါဟာ ရမခ ဌာနချုပ်ထက် စောတိုက်ခံရပေမဲ့ လနဲ့ချီပြီး ပိုတောင့်ခံနိုင်ခဲ့ပါတယ်။ သီပေါ ရန်သူ့လက်အောက်ရောက်သွားပြီဖြစ်တဲ့ အတွက် ပလောင်နဲ့ ကိုးကန့်တွေ လွတ်လွတ်လပ်လပ် ပြင်ဦးလွင်၊ တောင်ခမ်းဖက် ဆင်းလာလို့ ရသွားပြီဖြစ်ပါတယ်။ အထူးသတိရှိကြပါ သူရဲကောင်းစစ်သည်တို့ https://t.me/privatephoehtaung/1724

သီပေါ ▪️ သောင်းကျန်းသူက သီပေါကို ဘယ်တော့မှ မရပါဘူး။ ▪️ မြို့တစ်မြို့ကို အပိုင်ရတယ်ဆိုတာ အစိုးရက လက်မှတ်ထိုး ပေးမှ ရတာ။ ပြောရရင် လားရှိုးကိုလည်း ကိုးကန့် မရဘူး။ မောင်ချိန်ခွင် သတင်းပို့ရန် @MNYoe2020 https://t.me/mrhyzm2004

ရှမ်းတောင်ဖက် ခရီးသွားစရာရှိလို့ ၁ပတ် ၁၀ရက်လောက် သတင်းနားခွင့်ပြုပါ။ ဖိုးထောင် https://t.me/privatephoehtaung

အမ်း နပခ ကျသွားနိုင်လား ရန်သူက စခန်းတစ်ခု၊ မြို့တစ်ခု သိမ်းတော့မယ်ဆိုရင် အမြဲသုံးတဲ့ ဗျူဟာတစ်ခုရှိပါတယ်။ အဖက်ဖက်ပိတ်ဆို့ပြီးမှ သိမ်းတာပါ။ စခန်းထဲ ရိက္ခာ၊ ခဲယမ်း၊ ဆေးဝါးပြတ်လတ်အောင် ပိတ်ဆို့ပြီး စိတ်ဓာတ်ကျတဲ့အချိန်တက်သိမ်းပါတယ်။ လေကြောင်းက ရိက္ခာချပေးပေမဲ့ လုံလောက်မှုမရှိနိုင်ပါ။ အချိန်ဆွဲရုံသာ တတ်နိုင်ပါတယ်။ ရန်သူ့ဗျူဟာက အဲ့သလောက်ရိုးရှင်းပါတယ်။ အဲ့ဒီလိုရိုးရှင်းတဲ့ ဗျူဟာကို အမြဲခံနေရတဲ့ ကိစ္စတော့ နောက်မှ ရေးပါမယ်။ လားရှိုးလဲ အဲ့ဒီလို ကျခဲ့ပေမဲ့ အမ်းကတော့ အခြေအနေမတူပါ။ အမ်း-ပဒါန်း လမ်းကို တပ်မတော်ထိန်းချုပ်နိုင်ဆဲဖြစ်တဲ့ အတွက် အမ်းသည် ပိတ်ဆို့မခံရသေးပါ။ အမ်း ကာကင်းစခန်းအချို့ ဆုတ်ပေးရတာ ရှိကောင်းရှိနိုင်ပေမဲ့ နပခ တစ်ခုလုံးကျဖို့ မလွယ်ပါ။ ဒါပေမဲ့ အမ်း-ပဒါန်းလမ်း ရန်သူထိန်းချုပ်နိုင်ခဲ့ရင်တော့ အခြေအနေပြောင်းသွားပါလိမ့်မယ်။ တပ်က အကူပို့ဖို့ လေကြောင်းတစ်ခုပဲ အားကိုးရတော့မှာ ဖြစ်သလို AA ကို စစ်ကူဖို့ မကွေးပဒက်များ တက်လာနိုင်ပါတယ်။ လောလောဆယ် အခြေအနေအရ နပခ မကျနိုင်ပါလို့ ဖိုးထောင် သုံးသပ်ပါတယ်။ #ဖိုးထောင် https://t.me/privatephoehtaung

တောင်ခမ်း TNLA အခြေပြု တောင်ပေါ်ကြီးစခန်းသိမ်းပြီး တောင်ခမ်းစစ်သည်သူရဲကောင်းများ အောင်ပွဲများ ဆက်လက်ဆွတ်ခူးနိုင်ပါစေ။ #ဖိုးထေ
+1
တောင်ခမ်း TNLA အခြေပြု တောင်ပေါ်ကြီးစခန်းသိမ်းပြီး တောင်ခမ်းစစ်သည်သူရဲကောင်းများ အောင်ပွဲများ ဆက်လက်ဆွတ်ခူးနိုင်ပါစေ။ #ဖိုးထောင် https://t.me/privatephoehtaung

CDF စစ်ဦးစစ်ချုပ် ထန်တလန်မြို့သိမ်းတိုက်ပွဲတွင်သေဆုံးကြောင်း သတင်းထွက် ၁၂ အောက်တိုဘာ ၂၀၂၄ ထန်တလန်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ
CDF စစ်ဦးစစ်ချုပ် ထန်တလန်မြို့သိမ်းတိုက်ပွဲတွင်သေဆုံးကြောင်း သတင်းထွက် ၁၂ အောက်တိုဘာ ၂၀၂၄ ထန်တလန်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ထန်တလန်စစ်ဦးစစ်ချုပ် ဆလိုင်းရမ်ဇမန်း ဗုံးကြဲတိုက်ခိုက်ရာတွင် ထိခိုက်သေဆုံးကြောင်း ဒေသခံစစ်မြေပြင် သတင်းရစ်မြစ်မှ သိရပါသည်။ https://t.me/privatephoehtaung