cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

🎧꙰🌹꙰ 𝙰𝚖𝚊𝚣𝚒𝚗𝚐 𝚌𝚒𝚝𝚢💜⃟⃖⃗

ဒီချန်နယ်မှာယူးတို့အတွက် ဗဟုသုတရစရာလေးတွေ တင်ပေးပါတယ်🤗 Ch - https://t.me/Theme_ch_bby_Leo Dm - @Prince_Leo_368 Bot - @Leo_by_bot ( ^_^ )>welcome❤️

Більше
Рекламні дописи
417
Підписники
Немає даних24 години
Немає даних7 днів
Немає даних30 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

https://t.me/shineonline_shop/8?comment=10 Rec လေးလာပေးလို့ရမလား😭 #Leo_neck
Показати все...
၁ ။ ခေတ်မှီရမယ်။ ခေတ်မဆန်ပါစေနှင့်။ ၂ ။ ရဲရင့်ရမယ်။ မရဲတင်းပါစေနှင့်။ ၃ ။ လှပအောင် ဝတ်စားပြင်ဆင်ရမယ်။ ယဉ်ကျေးမှုနဲ့ မဆန့်ကျင်ပါစေနှင့်။ ၄ ။ ခြိုးခြံချွေတာရမယ်။ ကပ်စေးမနဲပါစေနှင့်။ ၅ ။ တော်အောင် ကြိုးစားရမယ်။ မတရားနည်းနဲ့ မပြိုင်မိပါစေနှင့်။ ၆ ။ ကောင်းတာတွေ အတုယူရမယ်။ ထိခိုက်အောင် မဝေဖန်မိပါစေနှင့်။ ၇ ။ သည်းခံခွင့်လွှတ်ရမယ်။ လူညံ့ မဖြစ်ပါစေနှင့်။ ၈ ။ ကျိုးနွံစွာ နေတတ်ရမယ်။ အစေအပါး မဖြစ်ပါစေနှင့်။ ၉ ။ နေတတ်ထိုင်တတ်ရမယ်။ ဟန်မဆောင် မိပါစေနှင့်။ ၁၀ ။ မိသားစုကို ချစ်ရမယ်။ ပတ်ဝန်းကျင်ကို လစ်လျူမရှုမိပါစေနှင့်။ ၁၁ ။ သတ္တိရှိရှိ နေတတ်ရမယ် လူမိုက် မဖြစ်ပါစေနှင့်။ #Eric #Forward_Only #Credit #personal_growth
Показати все...
🥰 5❤ 3
အောင်မြင်မှုဆီသို့ အဆင့်(၃)ခု အောင်မြင်မှုဆီကို လျှောက်လှမ်းရာမှာ ရင်ဆိုင်ရတဲ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့လည်း လိုအပ်ပါတယ်။ ပြဿနာတစ်ခုကို စနစ်တကျခွဲခြမ်းစိတ်ဖြာပြီး အကောင်းဆုံးဖြေရှင်းချက်တစ်ခုကို ဖော်ထုတ်နိုင်စွမ်းက အရေးကြီးပါတယ်။ ဒီလို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ရမယ့် အဆင့်သုံးခုကို ဖော်ပြပါလိုက်ပါတယ်။ ၁။ ကစားပွဲကို ဘယ်လိုကစားနေကြလဲ နားလည်ထားဖို့ လိုပါတယ်။ တစ်ခုခုကို ကျွမ်းကျင်တတ်မြောက်ဖို့အတွက် အရင်ဆုံး လေ့လာသင်ယူဖို့လိုအပ်ပါတယ်။ စည်းမျဉ်းတွေက ဘာတွေလဲ၊ ဘယ်သူတွေက အဓိကကျလဲ။ ဘာတွေဖြစ်ပျက်နေလဲ၊ ဘယ်သူတွေက အောင်မြင်နေလဲ။ ဘာကြောင့် ကျရှုံးကျတာလဲ။ ဆန်းသစ်တီထွင်မှုက ဘယ်လိုဖြစ်လာနိုင်မလဲ၊ စတာတွေကို လေ့လာပါ။ ဒီအချိန်မှာ အချက်အလက်တွေ ရှာဖွေနေရမှာဖြစ်ပါတယ်။ သင်လုပ်ကိုင်ဖို့ ရည်မှန်းထားတဲ့လုပ်ငန်းနယ်ပယ် ထဲမှာ အရင်လုပ်နေသူတွေဆီက ပညာယူရမှာဖြစ်ပါတယ်။ လူအများစုက ဒီအဆင့်ကို ကျော်သွားတတ်ကြပါတယ်။ အနည်းငယ်သိတယ်ဆိုရုံလောက်နဲ့ လုပ်ငန်းတစ်ခုကို တန်းပြီးလုပ်ဆောင်တတ်ကြပါတယ်။ သင့်အနေနဲ့ သက်ဆိုင်ရာလုပ်ငန်းနဲ့ ရင်းနှီးမှုရှိပြီးသားဖြစ်ရင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသေအချာမလေ့လာပဲနဲ့တော့ ဘာမှမသိနိုင်ပါဘူး။ လုပ်ငန်းမှာ ကြုံလာနိုင်တဲ့ စိန်ခေါ်မှုတွေကို အစောပိုင်းကတည်းက မသိထားရင် နောက်ပိုင်းမှာ ထိခိုက်စရာတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ၂။ အခွင့်အလမ်းကို ရှာဖွေပါ။ သင်လုပ်ဆောင်မယ့် လုပ်ငန်းနယ်ပယ်မှာ ဘာတွေလစ်ဟာနေလဲ၊ လိုအပ်နေလဲ ဆိုတာကြိုးစား လေ့လာပါ။ ဒီလို လိုအပ်ချက်တွေကို လိုက်ဖြည့်ဆည်းပေးနိုင်မလားဆိုတာကို ချင့်တွက်ပါ။ သင့်ရဲ့အားသာချက် အားနည်းချက်တွေနဲ့ ချင့်ချိန်ပြီး ဒီလိုအပ်ချက်တွေဟာ အခွင့်အလမ်းဖြစ်လာနိုင်မလား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တကယ်အောင်မြင်ချင်တယ်ဆိုရင် အခွင့်အလမ်းကို ရှာဖွေတတ်ရမှာဖြစ်ပါတယ်။ အောင်မြင်ချင်ရုံ အလုပ်ကြိုးစားရုံနဲ့တော့လည်း မဖြစ်သေးပါဘူး။ စနစ်တကျ လုပ်နိုင်ဖို့လည်း လိုပါတယ်။ ၃။ လုပ်ငန်းစီမံချက်ရေးဆွဲလုပ်ဆောင်ပါ။ အောင်မြင်အောင်လုပ်ဆောင်ဖို့ အရေးကြီးတဲ့ အချက်အလက်တွေအားလုံးရရှိပြီဆိုရင်တော့ ဘယ်လိုလုပ်မလဲဆိုတာပဲ ကျန်ပါတော့တယ်။ လုပ်ဆောင်ချက်အစီအစဉ် ရှိဖို့ လိုပါတယ်။ တစ်ဆင့်ပြီး တစ်ဆင့် ဘယ်လို လုပ်ဆောင်မှာလဲ၊ ဘယ်သူတွေက ကူညီပေးနိုင်မှာလဲ စသဖြင့် ကြိုတင်စီစဉ်ထားရမှာဖြစ်ပါတယ်။ သင့်ရဲ့စီမံချက်က လိုအပ်သလိုပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် အခြေခံမူဘောင်တစ်ခုအနေနဲ့တော့ ရှိထားရမှာဖြစ်ပါတယ်။ အားလုံးခြုံပြီးပြောရရင် အောင်မြင်မှုရရှိဖို့ အမြန်ဆုံးနည်းလမ်းကတော့ ဘာလုပ်ချင်တာလဲဆိုတာကို လေ့လာပါ၊ ပြီးရင် အခွင့်အလမ်းရှိမရှိရှာဖွေပါ။ နောက်ဆုံးအချက်ကတော့ သင်သိထားသမျှ၊ ပိုင်ဆိုင်သမျှတွေကို အခြေခံပြီး လုပ်ငန်းစီမံချက်တစ်ခု ဖော်ဆောင်လုပ်ကိုင်ဖို့ပဲ ဖြစ်ပါတယ်။ #Credit #Eric #personal_growth #forward_only
Показати все...
❤ 2
Фото недоступнеДивитись в Telegram
🎀 ᝰ. ရေများများသောက်ခြင်းရဲ့ကောင်းကျိုးများ ────┈┈┈┄┄╌╌╌╌┄┄┈┈┈────┄┈┈┈─ ┇꒰ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်နိုင်ခြင်း ┇꒰ ဦးနှောက်လုပ်ငန်းများကောင်းမွန်စေခြင်း ┇꒰ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း ┇꒰ ဝမ်းချုပ်မှုကို သက်သာစေခြင်း ┇꒰ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း ┇꒰ အရက်အမူးလွန်ခြင်းကနေသက်သာစေခြင်း ┇꒰ ကိုယ်အလေးချိန်ကျရာမှာ အထောက်အကူပြုခြင်း 𝐊𐓣ⱺωᥣ𝖾ᑯ𝗀𝖾 𝐁𝗒 @PB_SL ────┈┈┈┄┄╌╌╌╌┄┄┈┈┈────┄┈┈┈─ 𝐑𝖾α𝖼𝗍𝗂ⱺ𐓣 𝐍𝖾𝖾𝗍! 🐰🎀 #𝐁ʏ_𝐒α𝗄υ𝗋α #ᴅᴏ_ɴᴏᴛ_ᴄᴏᴘʏ #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 #𝐑𝖾𝖼_𝘕𝘦𝘦𝘵
Показати все...
❤ 3
Фото недоступнеДивитись в Telegram
အလုပ်ခေါ်စာရှိပါတယ်📌 မန်ဘာခေါ်မှာလား အထည်ရောင်းမှာလား📱 မန်ဘာတစ်ယောက် ၃၅၀၀ ဆယ်ယောက်ဆိုရင် ၃၅၀၀၀ တောင်ဖြစ်နေပြီးနော်❤️‍🔥 အရင်းအနှီးနည်း"နဲ့လုပ်လို့ရပါပြီ🎉 ဝင်ကြေးလေးက ၃၅၀၀ ပါ wave 💸 အလိမ်မဟုတ်လို့ ၁၀၀% ယုံကြည့်စိတ်ချရပါတယ်✨ စိတ်ဝင်စားရင် Dm - @Prince_Leo_368 Bot - @Leo_by_bot #Leo_neck
Показати все...
😱 1
သင့်ရဲ့အချိန်တွေကို ဒီလိုမျိုးကုန်ဆုံးပါလား 💌 ✏️ ᝰ. ပညာရပ်တစ်ခုခုကို တစ်ဖက်ကမ်းထိ ကျွမ်းကျင်အောင် လေ့လာထားပါ... ✏️ ᝰ. သင့်ကိုသင်ရင်းနှီးမြုပ်နှံပါ... ✏️ ᝰ. တစ်လကို စာအုပ် ၃ အုပ်ပြီးအောင်ဖတ်ပါ... ✏️ ᝰ. တစ်နေ့ကို မိနစ် ၃၀ လောက်လေ့ကျင့်ခန်းလုပ်ပါ... ✏️ ᝰ. 𝐄𐓣𝗀ᥣ𝗂𝗌ɦ စာကို ကျွမ်း"ကျင်"ဖြစ်အောင်လေ့လာပါ ✏️ ᝰ. တရားထိုင်ပါ... အနည်းဆုံး ၁၀ မိနစ်လောက်ထိုင်ပါ... ✏️ ᝰ. နေ့စဉ် ဒိုင်ယာယီရေးပါ... Knowledge by ............ ┏━━━━━━━━┓ @PB_SL ♡ ............┗━━━━━━━━┛ ☐ အာအီးစီ အစုံနိ ! 𓈒ㅤׂㅤ 𐙚 ࣪ 𓈒ㅤׂ#𝐁ʏ_𝐒α𝗄υ𝗋αㅤ ⭒ 𓈒ㅤׂㅤ𐙚 ࣪ 𓈒ㅤׂ #𝐑𝖾α𝖼𝗍𝗂ⱺ𝘯𝘴_𝘕𝘦𝘦𝘵 ⭒ 𓈒ㅤׂㅤ𐙚 ࣪ 𓈒ㅤׂ #ᴅᴏ_ɴᴏᴛ_ᴄᴏᴘʏ ㅤ ⭒ 𓈒ㅤׂㅤ𐙚 ࣪ 𓈒ㅤׂ #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 ㅤ ⭒
Показати все...
🔥 3
မပြောချင်ပေမယ့် အမုန်းခံပြီးပြောပါမယ် ဒီနေ့ခေတ်မှာ လူငယ်တော်တော်များများက ချစ်သူရည်းစားရှိမှ လူရာဝင်တယ်ဆိုတဲ့ အတွေးလေးတွေရောက်နေကြတယ် ချစ်သူလေးတောင်မရှိဘူး ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ ။ ထားလိုက်ပါ ။ကိုယ်နဲ့မဆိုင်လို့ မပြောတော့ပါဘူး ။ ပြောချင်တာက ရှင်းပါတယ် ။ ငယ်ငယ်ရွယ်ရွယ်မှာ... အိမ်ထောင်ပြုမည့်ကိစ္စကို စိတ်ဝင်စားနေတာလား..? ဒါမှမဟုတ် အပျော်လား ။ အပျော်ပဲဖြစ်ဖြစ် အတည်ပဲဖြစ်ဖြစ် ဒီကိစ္စက ဘဝနဲ့ ဆိုင်တယ်ဆိုတာသိပါ ။ အဓိက မိန်းကလေးဘက်ကို ကြည့်ပေးပါ။ မိဘအိမ်မှာနေတယ် ။ လိုချင်တာရနေတော့ ဘဝက လွယ်တာပေါ့ ။ တကယ်ပဲ Love story တွေဖတ်ပြီး စိတ်ကူးယဉ် ကောင်းနေတာလား ။ ဘဝက ရုပ်ရှင်ရုံထဲကလို မလွယ်ဘူးနော် ။ ဒါကိုလဲ သိထားပါ ။ အိမ်ထောင်ဖက်ရွေးပြီဆိုကတည်းက ဘဝနဲ့ဆိုင်နေပြီ ။ ကိုယ်ကိုယ်တိုင်တောင် မိဘအရိပ်ကမထွက်ရသေးဘူး ။ ဒီကိစ္စကို ဦးစားပေးတတ်နေပြီလား ။ မိဘအရိပ်ကထွက်ကြည့်ပါ ။ ဘဝက လွယ်လား မလွယ်လား သိပါလိမ့်မယ် ။ ပညာရှိရမယ် ။ ပညာမရှိရင် ဥစ္စာရှိရမယ် ။ ဘာမှမရှိပဲနဲ့ ... သူများသားသမီးကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့အုံး ။ ရုပ်ရှင်တွေ ကြည့်ပြီး စိတ်ကူးယဉ်တာရပေမယ့် လက်တွေ့ကျရင် ထင်သလောက် မလွယ်ဘူးနော် ။ ညီလေး/ညီမလေးများ...... Step By Step ပဲကောင်းတယ် ။ တစ်ခါတည်း ရောမကျနဲ့ ။ အမှားဆိုတာဖြစ်ပြီးရင် ပြင်ဖို့မလွယ်ဘူး ။ ဘဝကို ပေါ့ပေါ့တန်တန် မလုပ်ပါနဲ့ ။ နောင်တတွေနဲ့ ပိုက်နေရမယ်။ #personal_growth #credit #forward_only #Eric
Показати все...
❤‍🔥 5❤ 5
အောင်မြင်ဖို့အတွက်... သင့်မှာ ရှိသင့်တဲ့ အချက်"၅"ချက် ၁။ အိပ်မက် ရှိရမယ် ရည်မှန်းချက် အိပ်မက်ကြီးကြီးမက်ပါ။ ရဲရဲ မက်ပါ။ ဘဝတစ်ခုလုံး ပြောင်းလဲနိူင်အောင် မက်ပါ။ အရင်က သင်မမက်ရဲတဲ့ မမက်ဖူးတဲ့ အိပ်မက်ကို ဒီနေ့မက်လိုက်ပါ။ ရည်မှန်းချက် အိပ်မက်မက်တဲ့နေရာမှာ လက်ရှိဘဝကိုခဏမေ့ထားပါ။ သင် အမှန်တကယ် ဖြစ်ချင်တဲ့ဘဝမျိုး သင်အမှန်တကယ် လိုချင်တဲ့ ဘဝမျိုး သင်အမှန်တကယ်ရောက်ချင်တဲ့ဘဝမျိုး ဖြစ်ဖို့လိုတယ်။ ၂။ ယုံကြည်မှု ရှိရမယ် သင်တကယ် လိုချင်တဲ့ ဖြစ်ချင်တဲ့အိပ်မက်ကို သင်တကယ် သိပြီဆိုရင် သိရုံနဲ့ မရသေးဘူး။ ငါ အဲ့ဒီအိပ်မက်ကို ဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်ရမယ်။ သင့်ကိုသင်မှ မယုံကြည်ရင် မယုံကြည်ရဲရင် အခြားသူက သင့်ကို ဘယ်လိုယုံကြည်မလဲ.....? အခြားသူယုံယုံ မယုံယုံ သင့်ကိုသင် ယုံကြည်ဖို့ လိုတယ်။သင် ဖြစ်ကိုဖြစ်ရမယ်လို့ အပြည့်အဝ ယုံကြည်လိုက်ပါ။ ၃။ သင်ယူရမယ် သင့်ကိုသင် ယုံကြည်ရုံနဲ့ မရသေးဘူး။သိသင့်သိထိုက်တာ၊လေ့လာသင့်၊လေ့လာသင့်တာတွေသင်ယူရမယ်။ "Little knowledge is very dangerous" ဆိုသလိုပဲမသင်ယူပဲ လုပ်ရင်တော့ ချောက်ထဲကျမှာ သေချာတယ်။ဒါကြောင့် တတိယအချက်ဖြစ်တဲ့ သင်ယူမှုအပိုင်းကို အပြည့်အဝ သင်ယူပါ။ ၄။ လုပ်ဆောင်ပါ သင်ယူတတ်မြောက်ရုံနဲ့လည်း မရသေးပါဘူး။ သိတဲ့အတိုင်း မနားမနေ လုပ်ဆောင်ရမယ်။ ဘယ်လိုလုပ်ဆောင်ရမလဲဆိုရင် မအောင်မြင်မချင်း တစ်ရက်မှ ငါမနားဘူးဆိုတဲ့ စိတ်နဲ့ လုပ်ပါ။ နာရီတစ်သောင်း(တစ်ရက်၁၀နာရီ၃နှစ်)တစိုက်မတ်မတ်လုပ်ရမယ်။ လောကမှာ အလုပ်လုပ်ပြီး သေသွားတဲ့သူ မရှိဘူး။အလုပ်မလုပ်ပဲ ဆင်းဆင်းရဲရဲ ဘဝဖြတ်သန်းရမှသာအဲဒီ ဆင်းရဲခြင်း ကသာ သင့်ကို သတ်လိမ့်မယ်ဆိုတာမှတ်ပြီးလုပ်ပါ။ ၅။ ပြန်လည် သုံးသပ်ပါ လုပ်ဆောင်နေရုံနဲ့ မအောင်မြင်သေးဘူးဆိုရင် ပြန်လည်သုံးသပ်ပါ။ ကိုယ့်ရဲ့လုပ်ဆောင်ချက် ဘာတွေချွတ်ယွင်းနေလဲ....? ဘာမှားနေလဲ ပြန်သုံးသပ်ပါ။ အားနည်းနေတဲ့အပိုင်းချွတ်ယွင်းနေတဲ့ အပိုင်းကို ပြန်လည်ပြုပြင်ပါ။ အောင်မြင်တဲ့သူတွေကို မေးပါ။ နည်းလမ်းတွေကို ပြန်သုံးသပ်ပါ။ အားနည်းနေရင် ပြောင်းလဲဖို့ လုံးဝ မတွန့်ဆုတ်ပါနဲ့။ ဖတ်ခဲ့မိသော စာအုပ်များမှ ပြန်လည်မျှဝေသည်။ စာပေချစ်သူလေးများအားလုံးကို ကျေးဇူးတင်လျှက်ပါခင်ဗျာ။ #Eric #credit #Forward_only #Life_Knowledge
Показати все...
❤ 1
To Goal..... ကျွန်တော်တို့ တစ်တွေမှာ ရည်မှန်းချက်တွေရှိကြတယ်။ ဒါပေမယ့် ရည်မှန်းချက်က အရမ်းကောင်း၊ အရမ်းမြင့်မားပြီး လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယ တွေနဲ့အတူ အလုပ်တွေကြိုးစားရင်း ရည်မှန်းချက်တွေ ပြန်ပျောက်သွားတတ်ကြပါတယ်။ အဲဒါဟာ ဘာကြောင့်လဲ? ကြားဖြတ် ရည်မှန်း‌ချက်လေးတွေ မထားကြလို့ပါ။ ဥပမောပြောရရင် ရန်ကုန်မှ မန္တလေးကို သွားချင်သူ တစ်ယောက်ဟာ ရန်ကုန်မှ မန္တလေးကိုမရောက်ခင် ကြားမှာ မြို့တွေအများကြီးကို ဖြတ်သန်းကြရပါတယ်။ အဲဒီကြားမြို့တွေဟာ ကြားဖြတ်ရည်မှန်းချက်တွေပါ။ ဆယ်တန်းအောင်ပြီး ဘွဲ့ရချင်သူတစ်ယောက်ဟာလည်း ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စသည့်နှစ်တွေကို အောင်မြင်မှဘွဲ့ရမှာပါ။ အဲဒီနှစ်တွေဟာ ကြားဖြတ်ရည်မှန်းချက်တွေပါ။ ချမ်းသာချင်သူတစ်ယောက်ဟာလည်း ဘယ်နှစ်မှာ ငွေဘယ်လောက်ရ ရမယ်လို့သတ်မှတ်ထားတာလည်း အတူတူပါပဲ။ ရည်မှန်းချက်ကို ဦးတည်ထားဖို့တော့လိုပါတယ်။ ဘယ်လိုလုပ်ငန်း၊ ပညာရပ်တွေမှာမဆို ကြားကာလမှာ ကျော်ဖြတ်ရမည့် Target လေးတွေရှိနေပါတယ်။ အဲဒိ Target လေးတွေကို ကျော်လွှားနိုင်မှသာ ရည်မှန်းချက်ကြီးသို့ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရည်မှန်းချက်ကြီးကြီးမားမားထားပါ။ ကြားဖြတ်ရည်မှန်းချက်လေးတွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်လွှားပါ ။ မိတ်ဆွေသာ ဇွဲရှိရှိဖြင့် အဆင့်တိုင်းကို အောင်မြင်ရင် တစ်ချိန်မှာ ရည်မှန်းချက်ကို ရောက်ရှိမှာဖြစ်ပါတယ်။ #forward_only #credit #Eric #personal_growth
Показати все...
❤ 3
01:37
Відео недоступнеДивитись в Telegram
ကြိုက်ရင် pin ကဟာဂျိုင်းပေး😉 ✎﹏﹏ꕮ﹏﹏ꕮ﹏﹏ꕮ﹏﹏ . /\ ,,,,, /\ ( ˃ ⤙ ˂ ) < ဝင်ပေးကြ /つ @bby_Leo ─── ⋆⋅☆⋅⋆ ───── ⋆⋅☆⋅⋆ ── ━☆・*.✨#Leo_neck ━☆・*.✨#homemade ━☆・*.✨#diy
Показати все...
35.82 MB
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.