1 677
Підписники
-224 години
-117 днів
-4430 день
Архів дописів
1 677
+4
PLA က အမျိုးသားတစ်ဦးကို ဒလန်ဟုဆိုကာ ပိုင်ဆိုင်မှုများ သိမ်းဆည်းကာ ပြန်ပေးဆွဲပြီး ကျပ်သိန်း ၂၀၀၀ ထပ်မံတောင်းခံသဖြင့် လူမရှိသည့် PLA စခန်းဝင်စီးသဖြင့် PLA ထောင်ထားသည့်ဗုံးကွဲပြီး PDF လေးဦးသေ၊ ဒဏ်ရာရသူများပြား
ယမန်နေ့က စတင်ဖြစ်ပွားတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA) က အမျိုးသားတစ်ဦးကို ဒလန်ဟုဆိုကာ ပိုင်ဆိုင်မှုများ သိမ်းဆည်းကာ ပြန်ပေးဆွဲပြီး ကျပ်သိန်း ၂၀၀၀ ထပ်မံတောင်းခံသဖြင့် ညှိနှိုင်းပေးတဲ့ တောင်သာ PDF က ဖမ်းဆီးခံရသူလွတ်မြောက်ပြီးမှ လူနေထိုင်မှုမရှိတော့တဲ့ PLA စခန်းသို့သွားသဖြင့် PLA ထောင်ထားတဲ့ ဗုံးကွဲပြီးနောက် တောင်သာ PDF လေးဦးသေဆုံးသွားပြီး ဒဏ်ရာရသူများပြားသည်ဟု PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA)ရဲ့ သောင်းထောက် (စစ်ရေးတာဝန်ခံ) နှင့် အဖွဲ့ဟာ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့နှင့်ပကဖတို့ကို အကြောင်းကြားသတင်းပို့ခြင်းမရှိပဲ ၂၀၂၆ ခုနှစ်၊ မေလ (၂၆) ရက်နေ့၊ ည (၁၁:၀၅) နာရီမှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဝဲလောင်းကျေးရွာအုပ်စု၊ ဝဲလောင်းကျေးရွာနေ ဦးသန်း(အမည်လွှဲ)ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
#News
1 677
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ်အလုပ်လုပ်ရန်လို
နေပြည်တော်၊ ဇွန် - ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
1 677
+6
-
အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
ကယားပြည်နယ်အတွင်းရှိ အကြမ်းဖက်သမားတွေကိုချေမှုန်းသုတ်သင်ပြီး အောင်ပွဲနဲအတူပြန်လာကြတဲ့ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဒကစမှူးနှင့်တာဝန်ရှိသူများ၊ တပ်မတော်သားမိသားစုဝင်များက ဂုဏ်ပြုကြိုဆို
1 677
နိုင်ငံတော်ရဲ့ အခွန်ကောက်စနစ်တွေအပါအဝင် နှစ်စဥ် အခွန်ဝင်ငွေ ဘယ်လောက်အထိ ရရှိနေသလဲဆိုတာကို ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တစ်ဦးက ဇွန်လ ၂၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့မှာ မေးခွန်းထုတ်ခဲ့ပါတယ်။
ဒီကိစ္စမှာ မေးခွန်းက တိုတောင်းပေမယ့် ဘဏ္ဌာရေးနှင့် အခွန်ဝန်ကြီးဌာနက ပြန်လည်ဖြေကြားရာမှာတော့ ရှည်ရှည်ဝေးဝေး ပြည့်ပြည့်စုံစုံကို အသေးစိတ်ဖြေကြားသွားခဲ့တာကြောင့် ဒီရုပ်သံမှာ အခွန်နဲ့ပတ်သက်တဲ့ သိမှတ်ဖွယ်ရာ အများအပြားကို ရရှိနိုင်မှာဖြစ်လို့ အပိုင်း (၂) ပိုင်းခွဲပြီး ဖော်ပြပေးလိုက်ပါတယ်။
1 677
◾ရန်ကုန်နဲ့အပြိုင် မန္တလေးမှာလည်း ဆိုင်ကယ်လိုင်စင် ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနဲ့ပတ်သက်ပြီး “လတ်တလော မရှိပါ” ဆိုတဲ့ ဆွေးနွေးချက်မျိုး တွေ့လိုက်ရတယ်။ အစိုးရဘက်က လုံခြုံရေး၊ တရားမဝင်ကုန်သွယ်မှု တားဆီးရေးနဲ့ မူဝါဒပိုင်းအရ တင်းကြပ်မှု ဆိုတာနဲ့ချဉ်းကပ်ပေမယ့် မြေပြင်မှာတော့…သက်ရောက်မှု Impact က ကြီးတယ်လို့ ပြောလို့ရတယ်။ ဒါက မန္တလေးတိုင်းတစ်ခုတည်းတင်မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ အကြောင်းအရာလို့ ပြောလို့ရတယ်။
----------
◾ဆိုပါစို့…ပထမဆုံး အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး ဖြေရှင်းတဲ့နေရာမှာ ဆိုင်ကယ်က မဖြစ်မနေ သုံးရတဲ့လူသုံးကုန် စက်ပစ္စည်းပဲ။ ခုလို စက်သုံးဆီ ပြဿနာတက်နေချိန်မှာ တရားမဝင်ဆိုင်ကယ်ဖြစ်တော့…စက်သုံးဆီကို တရားမဝင် နည်းလမ်းနဲ့ ဝယ်ရတယ်။ သဘောက အရင် တနေ့ဝင်ငွေ ၁ သောင်းရှာရတဲ့သူက တရားမဝင် စက်သုံးဆီဖိုးအတွက် ပိုရှာရတဲ့ အကျိုးဆက်ဖြစ်လာတယ်။ တရားမဝင်ဘူး ဆိုတာ သိသိရက်နဲ့ လက်တွေ့မလိုက်နာနိုင်တဲ့စနစ်ကြီးတစ်ခု ဖြစ်နေတယ်။ အကျိုးဆက်အနေနဲ့ အစိုးရအတွက် အခွန်ဆုံးရှုံးတယ်။ ဝန်ထမ်းတွေ အဂတိများနိုင်တယ်။ လုံခြုံရေးအရ ယာဉ်မှတ်တမ်းမရှိလို့ ထိန်းချုပ်ရခက်နိုင်တယ်။
------
◾ဒုတိယအချက်က ကိုယ့်ဆိုင်ကယ်က တရားမဝင် ဖြစ်နေရင်…တနိုင်ငံတပိုင်စီးပွားရေး လုပ်မယ့်သူတွေ ပြဿနာဖြစ်လာတယ်။ ဥပမာ-ဆိုင်ကယ်နဲ့ ဈေးရောင်းတာမျိုး၊ စားသောက်ကုန်ပစ္စည်းပို့တာမျိုး၊ ဒီလိုအသေးစား ကုန်စည်စီးဆင်းတဲ့နေရာတွေမှာ နှေးသွားတာ၊ ပြတ်တောက်သွားတာမျိုး ထိခိုက်နိုင်တယ်။ လိုင်စင်မရှိတော့ စက်သုံးဆီ ဝယ်ဖို့ခက်။ ဆီဝယ်ရခက်တော့ အလုပ်ကုန်ကျစရိတ်တက်။ ကုန်ကျစရိတ်များတော့ အခြေခံဝင်ငွေမှာ ထိခိုက်ဆိုတဲ့ မဆုံးတဲ့ သံသရာစက်ဝန်းကြီးဖြစ်သွားတယ်။
----------
◾တတိယအချက်က တရားဝင်လိုင်စင်ပြုလုပ်ပေးတာ မရှိဘူးဆိုပေမယ့် မြေပြင်မှာ အစီးရေ သိန်းနဲ့ချီပြီးရှိနေတယ်။ ဒီတော့ လမ်းပေါ်မှာ ဂိတ်တွေ၊ အကျင့်ပျက်ဝန်ထမ်းတွေ အတွက် အဂတိဖြစ်စေဖို့ အခွင့်အရေးပေးသလို ဖြစ်နေတယ်။ ဒါက ဒီစနစ်ကို မဖြေရှင်းနိုင်သရွေ့ အဂတိယိုပေါက်ကြီး ဖြစ်နေဦးမယ့် အရာ ဖြစ်နေတယ်။
------
◾ဒီနေရာမှာ တရားမဝင်ဆိုင်ကယ်လို့ခြုံပြီးပြောပေမယ့် တစ်ချို့က လိုင်စင် သက်တမ်းရှိပေမယ့် ထပ်တိုးပေးတာမျိုး မလုပ်ပေးတာကနေ သက်တမ်းကုန်သွားတဲ့ အခြေအနေတွေလည်းရှိတယ်။ နယ်စပ်ကနေ တရားမဝင် နည်းမျိုးစုံနဲ့ တင်သွင်းလာတဲ့ ဆိုင်ကယ်တွေ က ခဏထား။ အရင်လိုမျိုး One Stop Services နဲ့ အချက်အလက်အပြည့် အစုံရှိတဲ့ဆိုင်ကယ်တွေကို သက်တမ်းပြန်တိုးပေးတာမျိုးဆိုရင်လည်း မဆိုးလှသေးဘူး။ ဒီတော့ (၁၁)ကြိမ်မြောက်အတွက် One Stop Services လုပ်မပေးနိုင်ဘူးလားဆိုတဲ့ မေးခွန်းမျိုး ရှိလာတယ်။
---------
◾တကယ်တော့ နယ်စပ်ကနေ နည်းမျိုးစုံနဲ့ ဝင်နေတဲ့ ပြဿနာကို မထိန်းချုပ်နိုင်သရွေ့ ဒီသံသရာ က ဆုံးမှာမဟုတ်ဘူး။ တရားမဝင်ခိုးကူးဆိုင်ကယ်ဈေးနှုန်းနဲ့ တရားဝင် ကုမ္ပဏီက ရောင်းချတဲ့ ဈေးနှုန်းက ကွာဟချက် သိပ်များလွန်းနေရင်လည်း တရားမဝင် ဈေးကွက်က ပျောက်နိုင်စရာ အကြောင်းမရှိပြန်ဘူး။ ဒီတော့ သင့်တင့်မျှတတဲ့ ဈေးနှုန်းမျိုး ကို ပြည်တွင်းမှာ တရားဝင်ရောင်းချပေးနိုင်အောင် စီမံပေးနိုင်မှပဲ တရားမဝင် ပြဿနာ ပျောက်မယ့်သဘောရှိတယ်။ နေ့စဉ်သုံးအတွက် ကားမဝယ်နိုင်သေးတဲ့အခြေခံလူတန်းစား အတွက်…ဆိုင်ကယ်က မရှိမဖြစ် နေ့စဉ်သုံးအရာပဲ။ ဈေးကွက်လိုအပ်ချက်များလေလေ ၊ တရားဝင်ယာဉ်ဈေးကွက်က ဈေးနှုန်းကြီးလေလေ…တရားမဝင်လမ်းကြောင်းတွေက ဆက်ပြီး စီးဆင်းနေမယ့်သဘောရှိတယ်။ စနစ်ကို အဓိက တိုက်ထုတ်မှပဲ ဒီပြဿနာ အဆင်ပြေလိမ့်မယ်။
(နရီမိုး)
1 677
◾မနေ့ကလွှတ်တော်မှာ တင်သွင်းဆွေးနွေးတဲ့ ရန်ကုန်မြို့ပေါ်က ဘေးတွဲဆိုင်ကယ် ၈၀၀၀၀ ကျော်ကို မှတ်ပုံတင်ပေးလို့ မရဆိုတဲ့ အကြောင်းအရာလေး တွေ့လိုက်တယ်။ ဒီပြဿနာမှာ အစိုးရဘက်ကြည့်ရင်… “တရားဝင် တင်သွင်းထားတာမဟုတ်လို့ လိုင်စင် ထုတ်မပေးနိုင်ဘူး။ လုံခြုံစိတ်ချမှုအပိုင်းနဲ့ပတ်သက်ပြီး ယာဉ်မတော်တဆမှုတွေ ဖြစ်တာမို့ တရားဝင်တင်သွင်းခွင့်ပြုထားတဲ့ သုံးဘီးယာဉ်တွေဆိုရင်တော့…ယာဉ်လိုင်စင်နဲ့ ယာဉ် မောင်း လိုင်စင်တွေကို ကညန ဥပဒေနဲ့အညီ ခွင့်ပြုသွားမယ်” လို့ ဖြေသွားတယ်။
------
◾အဓိက ပြဿနာကို စဉ်းစားတဲ့နေရာမှာ လူထုရဲ့အသုံးပြုမှု ကျယ်ပြန့်နေတာကိုလည်း မဖြစ်မနေ ထည့်သွင်းတွက်ချက်ရလိမ့်မယ်။ ရန်ကုန်မြို့နယ်ဆိုတဲ့ ဧရိယာတစ်ခု တည်းမှာတင် ၈ သောင်းကျော်ဆိုတဲ့ ကိန်းဂဏန်း ပမာဏက တော်ရုံတော့မဟုတ်ဘူး။ တကယ်လို့ ဒီနေရာမှာ တရားမဝင်လို့ ယူဆထားတဲ့ သုံးဘီး ၈ သောင်းကျော်ကို ဘယ်လို အစားထိုးစီမံပေးနိုင်မလဲက အဓိက ဖြစ်လာတယ်။ ဥပဒေရှုထောင့်အရကြည့်ရင် ဒီ ၈ သောင်းကျော်က တရားမဝင်ဘူး။ တရားမဝင်ဘူးဆိုပေမယ့် စက်သုံးဆီအတွက် အဂတိ ကနေ ဝယ်သုံးနေရမှာပဲ။ တစ်ဖက်မှာ အခြေခံလူတန်းစားအတွက်လည်း သုံးဘီးယာဉ် တွေက ထမင်းအိုး ဖြစ်နေပြန်တယ်။ ဒီတော့…လိုင်စင်မပေးဘဲ ဒီတိုင်းလစ်ရှုလျူနေရင် လည်း ဥပဒေကို အစိုးရကိုယ်တိုင် ချိုးဖောက်နေသလိုမျိုး ဖြစ်နေလိမ့်မယ်။ တစ်ဖက်မှာ ပြည်တွင်းက လိုင်စင်ရကုမ္ပဏီတွေ ရောင်းတဲ့ တရားဝင်သုံးဘီးက အခြေခံပြည်သူတွေ မဝယ်နိုင်ပြန်ရင်လည်း မုန့်လုံးစက္ကူကပ်ဦးမယ်။
-------
◾ဆိုတော့…ဒီ ၈ သောင်းကျော်ကို တရားဝင်အဖြစ်နဲ့ မပြောင်းလဲနိုင်တော့ဘူးဆိုရင်… ကြားကာလမှာ ၂ နှစ်၊ ၃ နှစ်တန်သည် ယာယီမှတ်ပုံတင်မျိုး လုပ်ပေးနိုင်မလား။ ကျန်တဲ့ ဘေးကင်းရေးဆိုတာတွေတော့ သက်ဆိုင်ရာက စစ်ဆေးချက်ယူပေါ့။ ဒီလို ယာယီ သတ်မှတ်ထားတဲ့ ကြားကာလမှာဒီယာဉ် ၈ သောင်းကျော်ကို အစားထိုးဖို့…အစိုးရအနေနဲ့ ဘယ်လိုထောက်ပံ့ပေးမလဲ။ သုံးဘီးယာဉ်ကို တင်သွင်းခွန်လျှော့ပေးမလား။ အရစ်ကျ ဝယ်ယူတဲ့စနစ် ပြောင်းပေးနိုင်မလား ဆိုတာမျိုး စဉ်းစားပေးရတော့မယ်။ သဘောက တရားမဝင်ဖြစ်နေတာကို လိုင်စင်လုပ်ပေးလို့ မရဘူး ဆိုတဲ့ အဖြေမျိုးထက် တရားမဝင် ဖြစ်နေတာကို တိုင်းဒေသကြီးရဲ့ လူမှုစီးပွားစနစ်ထဲ ဘယ်လို ဆွဲထည့်နိုင်မလဲ အဖြေပေး ရတော့မယ်။ တရားမဝင်ဖြစ်နေတဲ့ ဆိုင်ကယ်တွေကို ပြုပြင်ပြီး သုံးဘီးယာဉ်လုပ်တာမျိုး တဖြည်းဖြည်း တွင်ကျယ်လာရင်…လုံခြုံရေးပိုင်း၊ လမ်းစည်းကမ်း/ယာဉ်စည်းကမ်း ပြဿနာကအစ နောင်မှာ ဖြေရှင်းရ ခက်လာလိမ့်မယ်။ ဒီတော့…တိုင်းအစိုးရအနေနဲ့ တကယ်စီးပွားရေးအတွက်လှုပ်ရှားနေတဲ့ အောက်ခြေ လူတန်းစားတစ်ရပ်အဆင်ပြေဖို့ ဈေးနှုန်းသက်သာတဲ့ သုံးဘီးယာဉ်တွေကို ဘယ်လို အစားထိုးနိုင်မလဲဆိုတာ ထည့်သွင်း စဉ်းစားပေးနိုင်မှသာ ဒီပြဿနာအဖြေနဲ့ နီးစပ်လိမ့်မယ်လို့ ယူဆရတယ်။
တကယ်လို့...အစားထိုး စီမံချက်မရှိရင် တရားမဝင်တာကို သိသိရက်နဲ့ ခွင့်ပြုတဲ့ စနစ်မျိုး ဖြစ်နေလိမ့်မယ်။ ဒါဆိုလည်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေါ့။ ဒီလို သွားသင့်သလားပဲ။
(နရီမိုး)
1 677
◾BIMSTEC ဆိုတဲ့အဖွဲ့အစည်းက ၁၉၉၇ ခုနှစ်မှာ စပြီး ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ အဖွဲ့ဝင် (၇)နိုင်ငံ ပါသလို..အဓိက တောင်အာရှနဲ့ အရှေ့ တောင်အာရှကို စီးပွားရေး၊ နည်းပညာနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းတစ်ခုလို့ ပြောရင်လည်း မမှားဘူး။ အဖွဲ့ဝင် (၇)နိုင်ငံထဲမှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရင်လင်္ကာ၊ ထိုင်းတို့ရှိတယ်။
--------
◾ လက်ရှိ မြန်မာနိုင်ငံအပေါ် ဒေသတွင်းအဖွဲ့အစည်းနှစ်ခုရဲ့ ချဉ်းကပ်ပုံကို နှိုင်းယှဉ်ကြည့်ရင် ASEAN နဲ့ BIMSTEC ကြားမှာ အခြေခံကွာခြားချက်တစ်ခု ရှိနေတာ တွေ့ရတယ်။ ASEAN က မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးပြဿနာအဖြစ် ရှုမြင်ပြီး Five-Point Consensus လို မူဝါဒတွေနဲ့ ဝင်ရောက်ကိုင်တွယ်ဖို့ ကြိုးစားခဲ့တယ်။ BIMSTEC ကတော့ ဒေသဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေးနဲ့ စီးပွားရေးပူးပေါင်းမှုကိုသာ ဦးစားပေးတဲ့အတွက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေးကို အဓိကမထားဘဲ အဖွဲ့အစည်းရဲ့ မူလရည်ရွယ်ချက်ကို ဆက်လက်ထိန်း သိမ်းထားနိုင်တာ တွေ့ရတယ်။
------
◾ ဒီအခြေအနေဟာ မြန်မာနိုင်ငံအတွက် သံတမန်ရေးအရ အရေးကြီးတဲ့ Turning Point လို့ ပြောလို့ရတယ်။ အာဆီယံနဲ့အပြိုင်ရှိနေတဲ့ ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ BIMSTEC ထဲမှာ မြန်မာနိုင်ငံက ပုံမှန်အဖွဲ့ဝင်အဖြစ်နဲ့ ဆက်လက်ရှိနေတာ၊ လာမယ့်နှစ်မှာ အတွင်းရေးမှူးချုပ်တာဝန်ကို လွှဲပြောင်းရယူတာဝန်ထမ်းဆောင်မယ်ဆိုတာမျိုးက မြန်မာနိုင်ငံက ဒေသတွင်းစနစ်အတွင်းကနေ ဖယ်ရှားခံထားရတဲ့ နိုင်ငံမဟုတ်သေးဘူး ဆိုတာကို ပြသနေတယ်။သဘောကတော့…မြန်မာနိုင်ငံကို လက်တွေ့ကျတဲ့ ဒေသတွင်း မိတ်ဖက်တစ်နိုင်ငံအဖြစ် ဆက်လက်သဘောထားနေဆဲဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ထင်ရှားစေတယ်။
------
◾ အနာဂတ်ကို ကြည့်မယ်ဆိုရင် BIMSTEC အတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံက လက်ခံထမ်းဆောင်ရမယ့် အခြေအနေဟာ သာမန်အလှည့်ကျတာဝန်ထက် ပိုတဲ့ အဓိပ္ပာယ် တစ်ခု ရှိလာနိုင်တယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ဒေသတွင်း သယ်ယူ ပို့ဆောင် ရေး၊ ကုန်သွယ်ရေးလမ်းကြောင်းများ၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အိန္ဒိယ သမုဒ္ဒရာဒေသဆိုင်ရာ မဟာဗျူဟာကိစ္စရပ်တွေမှာ ပိုပြီး တက်တက်ကြွကြွ ပါဝင်နိုင်မယ့် အခွင့် အလမ်းတစ်ခုလည်း ဖြစ်လာနိုင်တယ်။
-------
◾ နိုင်ငံရေးရှုထောင့်က သုံးသပ်ရရင်လည်း BIMSTEC ရဲ့ လက်ရှိရပ်တည်ချက်ဟာ "မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆံခြင်း" ဆိုတဲ့ Engagement Policy နဲ့ ပိုနီးစပ်တယ်လို့ ဆိုနိုင်တယ်။ ဆိုတော့…ဒီအနေအထားကနေ မြန်မာ့နိုင်ငံရေးပြဿနာတည်ငြိမ်ဖို့၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြေရှင်းဖို့၊ စီးပွားရေးပြန်လည်ဦးမော့လာရေးနဲ့ နိုင်ငံရေး ဖြေရှင်းမှုအပေါ် ဘယ်လောက် တာသွားအောင် ကစားနိုင်မလဲ။ ဒါက အနာဂတ်အတွက် အဖြေဖြစ်ပါလိမ့်မယ်။
(နရီမိုး)
1 677
+7
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
1 677
+5
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
1 677
+2
PDF အမည်ခံအကြမ်းဖက်သမားများက ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာရှိ စာသင်ကျောင်းအတွင်းသို့ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်
1 677
+4
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၅၉ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
1 677
+9
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ၂၀၂၆ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
တောင်ငူ ဇွန် ၂၂
1 677
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ
1 677
တော်တော်ယုတ်မာရက်စက်တဲ့ NUG/PDF တွေပဲ
ဒီရက်ပိုင်းအတွင်းက ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာမှာနေတဲ့ အမျိုးသမီးတစ်ဦးကို လက်နက်အားကိုးနဲ့ ဒလန်လို့ စွပ်စွဲဖမ်းခေါပြီး သတ်ပစ်လိုက်တယ်လို့ သိရတယ်။ ဒါပေမယ့် သူ့ယောက်ျားနဲ့ ရွာသားတွေကိုတော့ အဲ့ဒီအမျိုးသမီးကို စစ်ဆေးဖို့ အထက်ဌာနကို လွှဲလိုက်တယ်ဆိုပြီး သတင်းလွှင့်ထားတယ်။ ရွာသားတွေနဲ့ ပြဿနာတက်မှာစိုးလို့လို့ သိရတယ်။
-
တကယ်တော့ မြေပြင်မှာ အဲ့အမျိုးသမီးကို သတ်လိုက်ကြပါပြီ။
-
ပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ မိမိရပ်/ရွာအတွင်းမှာ အကြမ်းဖက် NUG/PDF တွေကို လက်မခံထားဖို့လိုတယ်။ လက်ခံထားရင်တော့ သူတို့စိတ်မကြည်တဲ့အချိန် ဒလန်လို့ စွပ်စွဲပြီး ကြက်ကလေး ငှက်ကလေးကို သတ်ဖြတ်သလို တံခါးလာခေါက်ပြီး သတ်နေဦးမှာပါပဲ။
KT June 22
1 677
မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား YouTube ချန်နယ်မှ ၂၄နာရီ တိုက်ရိုက်ဖူးမျှော်နိုင်
နေပြည်တော် ဇွန် ၂၂
မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား YouTube Channel ဖြစ်သော Mahamuni Pagoda မှ ၂၄ နာရီပတ်လုံး တိုက်ရိုက် (Live) ဖူးမြော်ကြည်ညိုနိုင်ပြီ ဖြစ်ကြောင်းမဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ကထုတ်ပြန်ထားသည်။
ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူများ နေ့စဉ် ၂၄ နာရီပတ်လုံး တိုက်ရိုက် (Live) ဖူးမြော်ကြည်ညိုနိုင်ရန် ရည်ရွယ်၍ ထိုသို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက် ရွှေကျောင်းတော်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ၂၀၂၆ခုနှစ် မတ်လ ၄ရက်တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
1 677
+1
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရပြု တွေ့ဆုံ
နေပြည်တော်၊ ဇွန် - ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
1 677
🕊သစ်ပင်ကို နှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး🇲🇲
🇲🇲နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့🕊
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
