uk
Feedback
POETRY TREE IN THE SEA

POETRY TREE IN THE SEA

Відкрити в Telegram

The Poem

Показати більше
375
Підписники
Немає даних24 години
-47 днів
-1130 днів
Архів дописів
"မြင့်စန်းရီနဲ့ စကားပြောကြည့်ခြင်း" ငါဟာ လူငယ်တစ်ယောက်ပါ မြင့်စန်းရီ စီးကရက်ကြိုက်တယ် ကော်ဖီကြိုက်တယ် ကဗျာတွေ ကြိုက်တယ် ပြီးတော့ လွတ်လပ်မှုကို ကြိုက်တယ် ငါတို့ခေတ်ရဲ့ ပျော်ရွှင်မှုဟာ နတ်ဝှက်ထားသလား အောက်မေ့ရတယ် လွတ်လပ်ခြင်းတွေဟာ ထမင်းရည်ပူစီး နင်းမိလို့ မမြဲခြင်းတရားတွေ ရှင်သန်လာတယ် မြင့်စန်းရီ တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားရအောင်ပါ မိုးရေထဲက ပန်းသည်မောင်နှမနှစ်ယောက်ရဲ့ ကျန်းမာရေးဟာ ကုန်စျေးနှုန်းလောက်မှ အရေးမကြီးတာ ဒီအကြော်လေးကုန်မှ ဆန်လေးဝယ်ရမှာဆိုတဲ့ အဖွားအိုရဲ့ အသံမှာ ဆာလောင်မှုတွေပါတယ် မြင့်စန်းရီ ငါတို့ဘဝထဲကို နေ့ကောင်းရက်မြတ်တွေ ရောက်လာဖို့ ဘယ်ဘုရားထံ တောင်းဆုပြုဖို့ လိုသေးလဲ ငါ့မှာ အပိုင်ရဖူးတဲ့ အိပ်မက်ရယ်လို့ တစ်ခါမှ မရှိဖူးပါဘူး မြင့်စန်းရီ ပြတ်သွားတဲ့ ဖိနပ်ကို ပြန်ဆက်ပြီး လျှောက်ခဲ့တဲ့ လမ်းတွေသာ တယုဇနာ မက ဆယ်ယုဇနာ မက ဦးလေးကြီး တစ်ယောက်က ပြောတယ် စပါးစိုက်ပြီး ထမင်းနှပ်မမှန်ပါဘူး ငါ့တူရယ်တဲ့ ကြည့်စမ်းပါဦး မြင့်စန်းရီ ငါတို့ဘဝတွေ နတ်ကောင်းဒေဝါတွေ လက်ထဲ မရောက်လိုက်ပုံများ ဖောင်စီးရင်း ရေငတ်ခဲ့ရ ဘယ်လေပွေရဲ့ အ‌မွှေ့မှာ ငါတို့ဘဝတွေ တစ်စစီ လွင့်စင်ကုန်ပြီး ဘယ်နာရီလက်တံရဲ့ အရပ်မှာ ငါတို့ဘဝတွေ ခန့်ခန့်ညားညား သေဆုံးခဲ့တာပါလဲ မြင့်စန်းရီ အခုတလော စိတ်ရဲ့ ခြေဦးတည့်ရာပါပဲ တစ်နယ်ဝင် တစ်မြို့ထွက် တစ်ရွာဝင်နဲ့ စီးထားတဲ့ ကြက်ပေါင်ဖိနပ်လေးတောင် အမြီးတိုနေပြီ ဒီလိုနဲ့ တောအထပ်ထပ် တောင်အထပ်ထပ် ဘာခေါင်းစဥ်မှ ရေရေရာရာ မရှိပဲ ရောက်ခဲ့တယ် တွေ့ခဲ့တယ် ဘဝအပျက်တွေ ကမ္ဘာအပျက်တွေ အချစ်ကြောင့်လား စစ်ကြောင့်လား အို... တုန့်လှုပ်ခြောက်ခြားစရာပါပဲ မြင့်စန်းရီ ။ #မောင်သောကြာ #poetrytreeinthesea

photo content

"ပညာရေးလိုရှေ့တန်းတင်တဲ့ကဗျာ" ပညာရေးကို ဦးစားပေးတဲ့ခေတ်မှာ ကဗျာကိုရှေ့တန်းတင်တဲ့ ကျနော် ကျနော့် ဦးနှောက် လက္ဘတ်စားဇွန်း တစ်
"ပညာရေးလိုရှေ့တန်းတင်တဲ့ကဗျာ" ပညာရေးကို ဦးစားပေးတဲ့ခေတ်မှာ ကဗျာကိုရှေ့တန်းတင်တဲ့ ကျနော် ကျနော့် ဦးနှောက် လက္ဘတ်စားဇွန်း တစ်ဇွန်းသာသာ။ အဲဒီဦးနှောက်ထဲက နားဖားကလော်တံနဲ့ ခပ်ခပ်ထုပ်လို့ထွက်လာတာ ပညာရေးလိုရှေ့တန်းတင်တဲ့ ကဗျာ။ မောင်ချောနွယ်နဲ့ အောင်ချိမ့် စာအုပ်တွေဖက်ပြီး ကဗျာဆရာဖြစ်ချင်လိုက်ပုံကလဲ ပညာရေးကပဲ ကဗျာလိုလို မှန်ပါတယ် ကျနော့်ပညာရေးဟာ ကဗျာ ရှိတဝက် ပျတ်တဝတ် ခပ်ခပ်ထုပ်ရင်း ရိပ်မိယုံလောက် ချချပြရတဲ့ မေတ္တာတရားဟာ ပညာရေးလိုရှေ့တန်းတင်တဲ့ ကဗျာ။ ပညာရေးလိုရှေ့တန်းတင်တဲ့ ကဗျာမှာ တက်သစ်စကို ပုရစ်ဖူးလို့ခေါ်မယ် မီးလောင်ရာလေပင့်ခံရတဲ့ ဘဝမဟုတ်တော့ တဟုန်းဟုန်းထမတောက်ရဲရှာတဲ့ ဖွဲမီးဟာ တငွေ့ငွေ့ တခါတခါ လက်မထထထောင်ချင်တဲ့စိတ်နဲ့ကောင်လေ။ ပညာရေးလိုရှေ့တန်းတင်တဲ့ ကဗျာမှာ လူအများဝိုင်းလက်ညှိးထိုး ဟားတိုက်ဖို့ မြောင်းကြားကမျောလာတဲ့ လူသေအလောင်းကောင်ပါတယ်။ ပညာရေးလိုရှေ့တန်းတင်တဲ့ ကဗျာမှာ အလောင်းကောင်ဟာ သူ့ရုပ်ကြွင်းကို နောက် (၇) နှစ်မှာ သမိုင်းပြတိုက်တင်ဖို့ ကြံစဥ်နေသေးလေရဲ့။ #ပိုးစုန်းကြူး #poetrytreeinthesea #ဝါသနာရှင်ကဗျာတင်ဆက်မှု

"ရောက်တတ်ရာရာကဗျာ" မြင်ကွင်းကမရှင်းဘူး ဓမ္မကိုကြည့်တာ အဓမ္မနဲ့ကွယ်နေတယ်။ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားဟာ နှုတ်ဖျားမှာထွန်းကားသ
"ရောက်တတ်ရာရာကဗျာ" မြင်ကွင်းကမရှင်းဘူး ဓမ္မကိုကြည့်တာ အဓမ္မနဲ့ကွယ်နေတယ်။ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားဟာ နှုတ်ဖျားမှာထွန်းကားသလောက် နှလုံးသားမှာဆိတ်သုဉ်းတယ်။ မုသားတွေနဲ့ချောနေတဲ့ အလင်္ကာတွေ ငါတို့ကမ္ဘာမှာအများသား ဒီလိုနဲ့ဓမ္မဟာ နောက်ကိုရောက်ရောက်လာခဲ့တယ်။ သစ္စာမရှိတဲ့ချစ်သူ သစ္စာမရှိတဲ့မိတ်ဆွေ သစ္စာမဲ့ခြင်းအပေါ်မှာ သစ္စာရှိနေကြသူတွေ။ နေတတ်ရင်ကျေနပ်စရာတဲ့ မနေတတ်သူအဖို့ ကျေနပ်စရာမဖြစ်ခဲ့ပါ။ ငါဖြတ်သန်းခဲ့တဲ့ သက္ကရာဇ်ပေါင်းနှစ်ဆယ်ကျော်မှာ ဘယ်သူတွေများ ငါ့ကြောင့် ဒုက္ခရောက်ဖူးပါသလဲ။ မိုက်မဲမှုအလီလီရှိခဲ့ပေမဲ့ ယုတ်မာမှုကို ငါ့စိတ်က တစ်ခါမှ ထကြွခွင့်မပေးခဲ့။ ဒီလိုနဲ့ ငါ့ကိုယ်ငါ ဂုဏ်ယူခဲ့ရပါတယ်။ ကဗျာတွေချစ်တယ် ချစ်သူအပေါ်သစ္စာထားတယ် (သူရဲ့သစ္စာမဲ့မှုကတော့ ငါ့ကံတရား အတိုင်းပါပဲလေ) ရှိသမျှဝဋ်ကြွေးတွေကို နောက်ဘဝအထိ မယူချင်တော့ဘူး ဒီဘဝမှာတင် ငါအကျေအလည်ဆပ်ချင်ရဲ့။ မသေခင်မှာ ကဗျာစာအုပ်လေးထုတ်သွားချင်တယ် မသေခင်မှာ ငြိမ်းချမ်းရေးကို မြင်ဖူးချင်တယ်။ သစ္စာတရားနဲ့ မေတ္တာတရားကို ဦးညွှတ်သူတွေ ကမ္ဘာကြီးမှာ များပြားလာပါစေဆုတောင်းရင်း...။ မောင်ခိုင်သဲ(တောင်တွင်း

"ငါ့စိတ်နဲ့ငါ" မပျော်နိုင်တဲ့စိတ်တွေဟာ မာကျောတဲ့လမ်းမပေါ်တအိအိ ကုန်လွန်တဲ့အချိန်တွေဟာ ငါ့သက်တမ်းပေါ်တရွေ့ရွေ့ ၊ အခဲမကြေမှုမျာ
"ငါ့စိတ်နဲ့ငါ" မပျော်နိုင်တဲ့စိတ်တွေဟာ မာကျောတဲ့လမ်းမပေါ်တအိအိ ကုန်လွန်တဲ့အချိန်တွေဟာ ငါ့သက်တမ်းပေါ်တရွေ့ရွေ့ ၊ အခဲမကြေမှုများ အံစောင်းထက်မှုများ လက်နှိပ်စက်သံလိုတဖြောင်းဖြောင်း ငါ့စိန်ခေါ်မှုနဲ့ငါ ၊ ဖက်လက်စစာအုပ် ဆိုလက်စသီချင်း ရေးလက်စကဗျာ ထွန်းလက်စမီးအိမ် ချစ်လက်စသက်တမ်းတွေနဲ့ နာမကျန်းတဲ့ငါ ၊ ငါနဲ့ငါဟာ နှစ်ပေါင်းဘယ်လောက်ကြာ ဝေးကွာပြီးမှ နီးတော့မလိုလို တကယ့်တကယ်မှာအဝေးကြီး ငါ့စိတ်နဲ့ငါ ။ ။ မြတ်ဘုန်းသော် ၈.၈.၂၅ #poetrytreeinthesea

"သက်ပြင်းများ" ဟိုးရှေးရှေးတုန်းက တိမ်နဲ့ရေးတဲ့အရုပ် ဖက်အုံးလုပ်ပြီး ညတွေကို စီးခဲ့တယ် မြက်ခင်းစိမ်းနဲ့ လွင်ပြင်ကျယ်တွေဟာ ငါး
"သက်ပြင်းများ" ဟိုးရှေးရှေးတုန်းက တိမ်နဲ့ရေးတဲ့အရုပ် ဖက်အုံးလုပ်ပြီး ညတွေကို စီးခဲ့တယ် မြက်ခင်းစိမ်းနဲ့ လွင်ပြင်ကျယ်တွေဟာ ငါးမျှားချိတ်တွေမှာ လာချိတ်တတ်တယ် ရယ်မောသံ အပိုင်းအစတွေဟာ ငယ်ဘ၀ လမ်းကြားလေးကနေ မိုးကုပ်စက်ဝိုင်းတွေဆီ ပြေးထွက်ခဲ့ပေါ့ လေးတင်ပွဲတွေမှာ ငါတို့ဟာ ဒသဂီရိတွေ နောက်ခံတေးက "အကြင်နာနည်းလှလွန်း သူလေးရေ" နှစ်ကာလများဟာ ဗလာဖြစ်ခြင်းတွေကို ပွဲဈေးမှာ နှိုက်ယူကြရင်း သက်ပြင်းသံတွေဟာ ညနက်နက်လာခဲ့တယ် ဆေးလိပ်တိုတွေနဲ့ ဝီစကီကို မျှားယူရတဲ့ ငါးတွေဟာ အသက်ကို ရေပြင်ပေါ်တတ်ရှူနေရတဲ့ မျိုးစိတ်တွေပါဘဲ ချစ်မေတ္တာရဲ့ မီးပွင့်တွေသာ ထ, မပွင့်ရင် ကမ္ဘာဦးက ဂူအောင်းတွေဟာ အမှောင်ထဲမှာ ငုတ်တုတ်မေ့နေကြယုံ ရှိတာ။ အိန္ဒြာအောင်ကြီး (ဖက်အုံး = ဖက်လုံး၊ဖက်ခေါင်းအုံး။)

"ပုံမှန်ပဲ" ရှေ့တိုးတာနဲ့ နောက်ဆုတ်တာပဲကွာတယ် ခြေလှမ်းက ခြေလှမ်းပဲ မနှစ်ကမိုးဥတုကနေ ဒီနေ့ကျတဲ့ မျက်ရည်အထိ ဒဏ်ရာဟာ ဒဏ်ရာပဲ ပြည
"ပုံမှန်ပဲ" ရှေ့တိုးတာနဲ့ နောက်ဆုတ်တာပဲကွာတယ် ခြေလှမ်းက ခြေလှမ်းပဲ မနှစ်ကမိုးဥတုကနေ ဒီနေ့ကျတဲ့ မျက်ရည်အထိ ဒဏ်ရာဟာ ဒဏ်ရာပဲ ပြည့်စုံတဲ့ လူတန်းစားမရှိဘူး ပြည့်စုံနေပြီထင်တဲ့ လူတန်းစားပဲရှိတယ် ငါကတော့ လက်ဖက်ရည်တစ်ခွက်နဲ့ ပြည့်စုံနေပြီ ထင်တတ်တဲ့ လူတန်းစားပေါ့ အဲ့ဒီပြည့်စုံမှုမှာ ဒဏ်ရာ အတိအကျပေါက်ထားပေမဲ့ ခွက်ထဲက လက်ဖက်ရည်က ထအော်တယ် ပုံမှန်ပဲ ....ပုံမှန်ပဲ ...။ မိုးဖွဲ

"ခရီး" ၁ ။ ရောက်ပြီလားလို့ အမေးခံရတော့မှ ငါဘယ်ကိုဦးတည်ခဲ့တာလည်း ပြန်လှန်ကာ စဥ်းစားမရ ငါ့မသိခဲ့ခြင်းများကို ငါသိချင်ယောင်ဆောင်ခဲ့ရတာပေါ့ ဟိုဘက်အိမ်က ဖွင့်နေကျတရားသံကို လွမ်းတယ်လို့ပြောတာ ဘယ်သူမှ မယုံကြဘူး အရှေ့ကိုလျှောက်တော့ အနောက်ကို ပြန်မကြည့်နဲ့ အနောက်ကိုကြည့်မိရင် အရှေ့ကို ဘယ်တော့မှ "ပြန်မရောက်တော့ဘူး" တဲ့ လူတွေနဲ့ ဝေးရာရောက်ဖို့ဆိုတာ နှလုံးသားမှာ လောင်စာဆီများစွာ လိုအပ်တယ် ။ ၂ ။ ငါက အောင်ချိမ့်ရထားကြီးစီးတော့ မင်းက မနက်ဖြန်အတွက် စားဖို့ ပူနေရလိမ့်မယ် ငါက ခင်ဝမ်းကားကြီးစီးတော့ မင်းက သမီးလေးအတွက် ကျောင်းလခ ရှာနေရလိမ့်မယ် ငါက မောင်ချောနွယ် ဆီမှာ ငါက သိဒ္ဒတ္ထလှိုင် ဆီမှာ ငါက လှသန်း ဆီမှာ မင်းဘယ်ဆီ ရောက်နေသလဲ မဖြေပါနဲ့ မင်းလည်းပဲ တစ်ယောက်ယောက်ဆီ ရောက်နေသင့်ပါတယ် ။ ၃ ။ လမ်းတွေအသွယ်သွယ်ထဲကမှ မြစ်တစ်စင်းထံ အတူတူစီးဝင်ခဲ့ကြ ပင်လယ်မှာ လှိုင်းတွေသိပ်ထန်မယ်ဆိုတာ မရောက်ဖူးလည်း သိရမယ် ငါတို့ လွဲချော်မှုဟာ ငါတို့ ကံတရားပဲ ငါကလွဲရင်ပေါ့ လူတိုင်းအပြစ်ကင်းပါတယ် ။ ၄ ။ ပြန်လာခဲ့ပါ့မယ်လို့ ကတိပေးထားရင် သေချာပေါက် ပြန်သွားသင့်ပါတယ် ကိုယ့်ကိုယ်ကိုယ် ပေးထားမိတဲ့ကတိကျ ဘယ်လိုတည်ရမလဲ ခရီးက မဆုံးသေးဘူး ဒါပေမယ့် ငါတို့တကယ်ဝေးသွားခဲ့ကြတယ် ။ ခက်နေ

photo content

ယခုညထုတ်လွှင့်မယ့် PoemRadio ရဲ့ ကဗျာလေးကတော့ ဆရာစိုင်းဝင်းမြင့်ရဲ့ "သစ်ရွက်ကြွေ"ကဗျာလေးပဲဖြစ်ပါတယ် ကိုမြတ်လေးမှ ကဗျာပရိတ်သတ်တွေနားဆင်ဖို့ ရွတ်ဆိုပေးပို့ ထားပါတယ်။ 📻📻📻 Poem - သစ်ရွက်ကြွေ Poet - စိုင်းဝင်းမြင့် Vocal - မြတ်လေး "သစ်ရွက်ကြွေ" အခုလောက်ဆိုရင် မင်းဆံပင် ဘယ်လောက်ရှိပြီ...။ အခုလောက်ဆိုရင် မင်းအရပ် ဘယ်လောက်ရှိပြီ...။ ငါ့မှာ ပြင်မရတဲ့ အမှားတစ်ခုနဲ့ ... အဖျားကူးခဲ့နေ့လေးတစ်နေ့နဲ့ ...။ အလွမ်းအဆွေးဟာ မင်းဘဝအတွက် မတိုးတော့တဲ့ ဆေးလား...။ လမ်းကလေးဟာ ငါ့ဘဝအတွက် မဆုံးတော့တဲ့ အတွေးလား...။ သြော်... မင်းထားခဲ့တဲ့ တရားဓမ္မပေါ့ ... တခြားတစ်ယောက်နဲ့ အိုမင်းသွားရလေတယ်...။ ။ #စိုင်းဝင်းမြင့် (၁၉၉၈) #Vocalမြတ်လေး #poemradio #aungmyinpoetrytree #poetrytreeinthesea

YouTube Channel မှာလည်းနားဆင်နိုင်ပါတယ် https://www.youtube.com/@PoemRadio

အပါတ်စဥ် (ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့) ညချမ်းချိန်ခါမှာ တင်ဆက်ထုတ်လွှင့်မယ့် ကဗျာလှိုင်းများရဲ့ Poem Radioအစီအစဉ်မှာ ပထမဆုံး နားဆင်ခံစားရမယ့်ကဗျာကတော့ ကဗျာဆရာ မင်းဧကရာဇ်ရဲ့ "မမနွယ်သို့ ပန်းဋီကာ" ကဗျာဖြစ်ပါတယ်။ ကဗျာ - မမနွယ်သို့ ပန်းဋီကာ ရေး - မင်းဧကရာဇ် ရွတ်ဖတ်သူ - AUNGKOKOLATT #PoemRadio #aungmyinpoetrytree #poetrytreeinthesea

YouTube Channel လေးကိုလည်း Subscribe လုပ်ထားပေးပါဦးခင်ဗျာ https://youtu.be/L2FT2DZ7cVE?si=YubH70eB-bRQ-0vi

"သွေးတွေခဲသွားတဲ့အခါ" ကမ္ဘာတစ်ခုလုံးအသက်ရှူကြပ်တော့မှ ငါ့ အသက်ရှူသံဟာမှန်လာသလိုလို မွှေးပျံ့တဲ့ပွင့်ဖတ်ဟာ အဆိပ်ရှိပြီး အနံ့မရ
"သွေးတွေခဲသွားတဲ့အခါ" ကမ္ဘာတစ်ခုလုံးအသက်ရှူကြပ်တော့မှ ငါ့ အသက်ရှူသံဟာမှန်လာသလိုလို မွှေးပျံ့တဲ့ပွင့်ဖတ်ဟာ အဆိပ်ရှိပြီး အနံ့မရှိတဲ့ကျည်ခွံတွေမှာမှ ပန်းပွင့်ရတဲ့ကမ္ဘာ လမ်းဆုံရောက်တိုင်း သေနတ်ပြောင်းဝကို ကိုယ့်နားထင်ကိုယ်တေ့ထားရ ခရီးကဆုံးနေပြီ လူကမဆုံးသေးဘူး Russian Roulette ရဲ့ ခြောက်ကြိမ်မြောက်အလှည့်မှာ သေနတ်ဟာ ငါ့လက်ထဲမရှိတော့ဘူး ဒီလိုနဲ့ပဲ ငါဟာလမ်းဆုံကိုထပ်ရောက်ခဲ့ပြန်ရော ။ နရီ

"တစ်ခုခု လိုအပ်နေတဲ့ ညတွေ" အိပ်လို့ မပျော်တာပဲလား မပျော်လို့ မအိပ်တာလား ငါကိုယ်တိုင်လည်း မသိ ဒီလိုနဲ့ လမ်းထိပ်က ပန်းခြံလေးထဲ
"တစ်ခုခု လိုအပ်နေတဲ့ ညတွေ" အိပ်လို့ မပျော်တာပဲလား မပျော်လို့ မအိပ်တာလား ငါကိုယ်တိုင်လည်း မသိ ဒီလိုနဲ့ လမ်းထိပ်က ပန်းခြံလေးထဲ ငါရောက်ခဲ့ Parking ထိုးထားတဲ့ ကားတွေနဲ့ လူသံတွေ တိတ်နေတာကလွဲရင် ငါ့ရင်ထဲ ဗလောင်ဆူနေခဲ့ ဘယ်ကိုပဲ ကြည့်ကြည့် မပျော်တော့တဲ့ သူဟာ ငါတစ်ယောက်တည်း ဒီလောကကြီးမှာ ငါတို့က ဘယ်လောက်ပဲ လိုချင်နေပါစေ တစ်ဖက်က ကြည်ကြည်ဖြူဖြူနဲ့ ပေးချင်မှ ရတာ မပေးချင်တဲ့အရာကို မလိုချင်ခြင်းနဲ့ တုန့်ပြန်ရတဲ့ အသည်း နာနာကြည်းကြည်းပါပဲ ကိုယ့်လက်ထဲက ခုန်ထွက်သွားတဲ့ ငါးကလေးရေ ဘယ်ပိုက်ကွန်မှာမှ မငြိတွယ်ခြင်းနဲ့ ရှင်သန်ပေးပါ မင်းက လွတ်လပ်ချင်တာ မလား မင်းမရှိလည်း အဆင်ပြေတယ် ဆိုပေမဲ့ ငါ့ဘေးနား မင်းရှိနေရင် ပိုပြီး ပျော်ဖို့ ကောင်းမှာပေါ့ သိပ်ပြီး လွတ်လပ်ချင်တဲ့ ငှက်ကလေးရေ အတောင်ညောင်းလို့ပဲဖြစ်ဖြစ် အဖော်လိုချင်လို့ပဲဖြစ်ဖြစ်ပေါ့ ပျံသန်းရင်း မောလာရင် ကိုယ့်ရဲ့ ကျောပြင်ပေါ်မှာ ခိုနားလှည့်ပါ လိုရာခရီးကို ပို့ပေးချင်ပါတယ်။ ဇွဲမာန်အောင်(မြန်မာစာ)

"ဖြစ်နိုင်ရင်လေ" အချစ်ရေ ... ဖြစ်နိုင်ရင်လေ လက်ညှိုးကွေးတိုင်း ပန်းတွေပဲ ဝေစေချင်တယ်။ အချစ်ရေ… ဖြစ်နိုင်ရင်လေ ကျည်ဆံတွေကို မြ
"ဖြစ်နိုင်ရင်လေ" အချစ်ရေ ... ဖြစ်နိုင်ရင်လေ လက်ညှိုးကွေးတိုင်း ပန်းတွေပဲ ဝေစေချင်တယ်။ အချစ်ရေ… ဖြစ်နိုင်ရင်လေ ကျည်ဆံတွေကို မြေမှာစိုက်ပျိုးလို့ ပန်းတွေပဲ သီးပွင့်စေချင်တယ်။ အချစ်ရေ… စစ်ပွဲတွေပြီးတဲ့အခါ ပန်းတွေရှိတဲ့ ကမ္ဘာဆီ အတူသွားချင်တယ်။ အဲ့ဒီကမ္ဘာမယ်... လူ့အတ္တနဲ့ပျိုးတဲ့ အမုန်းတရားတွေ၊ နာကျင်မှုတွေ၊ ငိုသံနဲ့ ယမ်းနံ့တွေ မရှိဘူးတဲ့။ ချစ်ခြင်းမေတ္တာနဲ့ ပျိုးထားတဲ့ ပန်းတွေချည်းသက်သက် ဖူးပွင့်လို့ ကောင်းကင်ဘုံလို့တောင် ထင်မှားရလောက်တဲ့အထိ အဲ့ဒိကမ္ဘာမြေဟာ ခမ်းနားလှပလွန်းသတဲ့ကွယ်။ ဘယ်မှာလဲဆိုတော့ အကို့ရင်ထဲမှာပေါ့ကွယ်။ အချစ်ရေ… ဖြစ်နိုင်ရင်လေ စစ်ပွဲတွေ မရှိတော့ရင်လေ ကိုယ်တို့ ချစ်ခြင်းမေတ္တာနဲ့ ပျိုးမဲ့ ပန်းတွေဟာ အဲ့ဒိကမ္ဘာမြေမယ် သိပ်သည်းစွာ လှနေမှာပေါ့ကွယ်။ Shin September 3, 2023 – 8:43 PM

"ဒါတို့မြေ ဒါတို့ပြည်" ပျံခွင်ရှိတဲ့အတောင်နဲ့ငှက်တွေ နေတဲ့တိုင်းပြည် မွှေးခွင့်မရှိတဲ့ရနံ့ နဲ့ပန်းတွေ ပွင့်တဲ့တိုင်းပြည် မက်ခွင့်မရှိတဲ့အိပ်မက်နဲ့ညခင်းတွေ မှေးစက်တဲ့တိုင်ပြည် လှခွင့်မရှိတဲ့ ရှုခင်းတွေ စိမ်းလန်းရာတိုင်းပြည် ပွင့်ခွင့်မရှိတဲ့ အဖူးအငုံံတွေ ခိုလှုံရာတိုင်းပြည် အေးခွင့်မရှိတဲ့ လေပြေတွေ ယိမ်းနွဲရာတိုင်းပြည် အဆင်မပြေဘူးပြောဖို့တောင် အဆင်ပြေမနေတဲ့တိုင်းပြည်။ ဒီတိုင်းပြည်မှာ ငါ့ကဗျာတွေ ဖူးတယ် ဒီတိုင်းပြည်မှာ ငါ့သမိုင်းကိုရေးတယ် ဒီတိုင်းပြည်မှာ ငါ့ဝိညာဉ်ကို မြေမြုပ်ထားတယ် တကယ်လို့များ ဒီတိုင်းပြည်ကိုရောက်ဖြစ်ခဲ့ရင် အနာအဆာမကင်းတဲ့ ရွက်ကြွေလိုလူငယ်တွေကို ခင်များအရင်တွေ့ရလိမ့်မယ် ပြီးရင် မျက်ရည်တွေနဲ့ပျိုးပြီး နှလုံးသားတွေကို မျိုးစေ့ချထားတဲ့ ဒီမိုကရေစီစိုက်ခင်းလေးကို မြင်ရလိမ့်မယ်။ နဝတာယာ

https://www.facebook.com/profile.php?id=61580648363106&mibextid=ZbWKwL ကဗျာပင်လယ်ပြင်မှာရွက်လွှင့်ကြဖို့
https://www.facebook.com/profile.php?id=61580648363106&mibextid=ZbWKwL ကဗျာပင်လယ်ပြင်မှာရွက်လွှင့်ကြဖို့

“မနီးမဝေး” မြေလျှိုးမိုးပျံ မတတ်တော့ အဲ့ဒီလို ညနေတွေကို အဲ့ဒီလိုပဲ လမ်းပတ်လျှောက်ခဲ့ကြ...။ ငယ်ငယ်ကပြေးလိုက်ခဲ့ဖူးတဲ့ လေယာဥ်ပျံကြီး အဲ့ဒီလေယာဥ်ပျံကြီး ကိုယ့်ကို ပြန်လိုက်တဲ့အခန်းမှာ အိမ်မက်က နိုးတယ်...။ အနုပညာမြို့တော်ထဲ ငါတို့မှာ ခံစားစရာ အနုပညာ မရှိ ...။ မြိုချစရာ ရသ မရှိ...။ ပရိတ်သတ် မရှိ...။ အိပ်တန်းလည်းမပြန်နိုင်ဘူး လူမနေတဲ့အိမ်ကလေးတွေ တိုးလာတယ် ဒုက္ခသစ္စာကိုရှာဖို့ တောထဲအထိသွားစရာမလိုတော့ဘူး...။ နွေဦး ရောက်တိုင်း အသစ်ရွက်တွေ ကြွေပစ်မှာဆိုရင် အဲ့ဒီနွေဦးအသစ် ကို ကျနော်တို့ ဘယ်မျှော်တော့မှာလဲ...။ လမ်းတစ်ဖက်စီက ပန်းခင်းတွေကိုငေးရင်း ခြေလှမ်းတွေ ခဏ ရပ်ကြတယ်...။ မိုးပြိုအောင်ရွာနေတာ မဟုတ်ဘူး မိုး ပြိုနေတာပါ မြို့ဖြစ်ခဲ့ဘူးတဲ့ မြို့လေးမှာ...။ ရွက်ဝေ

"ဂျပ်ပ်စီတစ်ယောက်ရဲ့ဘ၀ရှင်းတမ်း" ကောင်းကင်ကြီးအောက်မှာ မလွတ်လပ်ပဲပျံ‌သန်းနေရတဲ့လိပ်ပြာတွေဟာ အသက်ရှုသံတွေကအစ မွန်းကြပ်လာတယ် ပထမဆုံးသောက်တဲ့စီးကရက်ထဲမှာ သူတို့အသက်ကိုထည့်ဖွာခဲ့တာ ကမ္ဘာကတွန်းအားပေးလို့ ရွေ့ရမယ်ဆိုရင်လည်း ငါတို့ စကြာ၀ဠာအပြင်ဘက်ရောက်ဖို့ပဲကျန်တော့တယ် ငါ့စိတ်နဲ့ငါလည်း အသစ်မလဲနိုင်သေး ပါရီကျရှုံးခန်းတွေ ဘာလင်ကျရှုံးခန်းတွေ အားပါးတရထိုင်ကြည့် ကိုယ့်နာမည်ကိုယ်တောင် မပိုင်ခဲ့တဲ့ကာလတွေ ငြိမ်းချမ်းရေး အလံတော် ပြည်တွင်းစစ် တစ်နိုင်ငံလုံးပါပဲ ဘာကိုမှ အသစ်လဲလို့မရသေးတော့ အဟောင်းတန်းထဲမှာ အားလုံးတွေ့နိုင်ပါတယ် ခေတ်ကြီးကရယ်စရာတွေချန်မထားခဲ့တော့ ငါတို့မှာငိုစရာတွေပဲကျန်ခဲ့တယ် ကိုယ်ချင်းစာတတ်သူများ ငရဲ‌တွေကိုယ်စီရကြ ပင်လယ်ကြီးကမာယာများလိုက်တာတဲ့ လူ့လောကကိုတော့ မမီသေးပါဘူး ဒုက္ခ‌ဆိုတာအဖော်မစပ်ပဲရောက်လာတာ ။ ။ နက္ခတ်