3 615
Підписники
-824 години
-347 днів
-11330 день
Архів дописів
3 614
Repost from The Legend of Kitchen Soldier (2026) [TZZY]
The Legend of Kitchen Soldier (2026)
—————————————————
The King's Warden ရုပ်ရှင်နဲ့ အားလုံးကို မျက်ရည်ဖြိုင်ဖြိုင်မိုးစေခဲ့တဲ့ ဒန်ဂျုံးဘုရင်လေး Park Ji-Hoon ကတော့ အခုတစ်ခေါက်မှာ စစ်သားကာရိုက်တာလေးနဲ့အတူ Comeback လာပြီ ဖြစ်ပါတယ်။
နာမည်ကြီး Web Novel ကို အခြေခံရိုက်ကူးထားပြီး My Daughter is a Zombie ထဲက မင်းသားကြီး Yoon Kyung-Ho , Gyeongseong Creature Season 2 ထဲက မင်းသမီး Han Dong-Hee , Dr. Romantic 3 ထဲက မင်းသား Lee Hong-Nae တို့အပြင် Bloodhounds ထဲက မင်းသား Lee Sang-Yi ကလည်း အထူးဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။
<<< ဇာတ်လမ်းအညွှန်း >>>
စစ်သင်တန်းကျောင်းမှာ အတော်ဆုံး သင်တန်းသား ဖြစ်ခဲ့ပေမဲ့ တပ်ထဲမှာတော့ အထူးစောင့်ကြည့်ခံတပ်သားအဖြစ် သတ်မှတ်ခံထားရတဲ့ ဂန်ဆောင်းဂျယ်(Park Ji-Hoon) ဟာ ဂန်လင်း တပ်စခန်းဆီ ပြောင်းရွှေ့ချထားခံရပြီးနောက်မှာ စားဖိုမှူးတပ်သားအဖြစ် တာဝန်ပေးအပ်ခံလိုက်ရပါတယ်။
အဲဒီအချိန်မှာပဲ သူ့မျက်စိရှေ့မှာ ဂိမ်းကာရိုက်တာလိုလို အချက်အပြုတ်ဇယားတွေကို ထူးဆန်းစွာ စမြင်လာရပြီး
အဆိုပါ အချက်အပြုတ်ဇယားတွေရဲ့ လမ်းညွှန်ချက်အတိုင်း မစ်ရှင်တွေကို ပြီးမြောက်အောင်လုပ်ဆောင်ရင်း ဆောင်းဂျယ်ရဲ့ ဟင်းချက်လက်ရာကလည်း တစ်ဆင့်ထက်တစ်ဆင့် Level ပိုမြင့်လာတဲ့အခါမှာတော့...
ဆောင်းဂျယ်တစ်ယောက် သေနတ်အစား ယောက်ချိုကို ကိုင်စွဲပြီး ရိုးအီနေတဲ့ တပ်ထမင်းဟင်း မီနူးတွေကို ထူးခြားဆန်းပြားတဲ့ ဟင်းလျာတွေအဖြစ် ဘယ်လိုမျိုး လက်စွမ်းပြ ပြောင်းလဲပေးသွားမလဲဆိုတာကို အပတ်စဉ် တနင်္လာ ၊ အင်္ဂါနေ့တိုင်း စောင့်ကြည့်အားပေးကြစို့နော်။
Episodes: 12
Aired: May 11, 2026 - Jun 16, 2026
Aired On: Monday, Tuesday
Original Network: TVING, tvN
Duration: 55 min
Genres: Food, Military, Comedy, Fantasy
Subtitle: Myanmar Subtitle (Hardsub)
3 614
Repost from Spooky in Love (2026) by Vin
The WONDERfools (2026)
*********
ရှေ့နေမလေး ဝူယောင်းဝူလို့ လူသိများတဲ့ ပြည့်သူ့အချစ်တော်လေး မင်းသမီး Park Eun Bin နဲ့
ပျိုမေတို့ရဲ့ နှင်းဆီခိုင် Cha Eun Woo တို့အပြင် မင်းသမီးကြီး Kim Hae Sook၊ မင်းသား Choi Dae Hoon၊
Im Sung Jae၊ Son Hyun Joo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေး ထွက်ရှိလာပါပြီ ပရိသတ်ကြီးတို့ရေ….
ဇာတ်လမ်းအကျဉ်းအနေနဲ့…
၁၉၉၉ ခုနှစ်ကာလ ကိုးရီးယားနိုင်ငံ ဟယ်ဆောင်းမြို့အတွင်းမှာ “နေကမ္ဘာပျက်မယ်” ဆိုတဲ့သတင်းစကားဟာ
လူထုအကြားမှာ ပြန့်နှံ့လာပြီး ကြောက်ရွံ့မှုတွေလည်း တိုးလာခဲ့ပါတယ်။
တစ်နေ့မှာ ဟယ်ဆောင်းမြို့သူလေး အွန်းချယ်နီနဲ့အတူ သူမနဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ဆွန်းဂယောင်းအွန်နဲ့
ဂန်ရိုဘင်းတို့ဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ပါဝင်ပတ်သက်မိရာမှ သဘာဝလွန်စွမ်းအားတွေ ရရှိသွားကြပါတယ်။
အဲဒီအချိန်မှာပဲ မြို့အနှံ့မှာ မသင်္ကာစရာ ထူးဆန်းတဲ့ အခြေအနေတွေ များပြားပြီး လူပျောက်ဆုံးမှုတွေ
ဆက်တိုက်ဖြစ်လာသလို တစ်ဖက်မှာလည်း ဆိုးလ်ကနေ ဟယ်ဆောင်းမြို့ကို ပြောင်းရွေ့လာတဲ့ အစိုးရဝန်ထမ်း
အီအွန်ဂျောင်ဟာလည်း ဒီထူးဆန်းတဲ့အမှုထဲ ပါဝင်ပတ်သက်လာခဲ့ပြီး ဒီပဟေဠိဆန်တဲ့အဖြစ်အပျက်ကြီးရဲ့
လျှို့ဝှက်ချက်တွေဟာ တဖြည်းဖြည်း နက်ရှိုင်းလာတဲ့အခါ...
ဟယ်ဆောင်းမြို့လေး အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာ အမှတ်မထင် စွမ်းအားတွေရသွားခဲ့ကြတဲ့ ဒီသူရဲကောင်းအဖွဲ့လေးဟာ
ပြင်ပအန္တရာယ်တွေအပြင် ကိုယ့်ရဲ့ အားနည်းချက်တွေကိုပါ ရင်ဆိုင်ရင်း မြို့ကို ကယ်တင်ဖို့ ကြိုးစားပုံတွေကို စိတ်ဝင်စားဖွယ်
mystery, fantasy နဲ့ comedy တို့ ပေါင်းစပ်ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူပရိသတ်တွေအနေနဲ့ မပျင်းမရိဘဲ
စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
Aired: May 15, 2026
Aired On: Friday
Genres: Action, Adventure, Comedy, Fantasy
Episodes: 8
Original Network: Netflix
