cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

စစ်ကိုင်းမြို့နယ် သတင်းမှန်

Більше
Рекламні дописи
16 192
Підписники
-324 години
-57 днів
-11930 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် ဇွန် ၂၇ ၊ SGG ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက် နေ့လည် ၁:၃၀ နာရီ အချိန်ခန့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စစ်ကောင်စီအမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းကို ၆လက်ဒရုန်း ၁စီး၊ ၄လက်ဒရုန်း ၂စီး၊ fixed wings ဒရုန်း ၇စီး ၊ done စုစုပေါင်း ၁၀ စီးတို့ဖြင့် ဗုံးသီး (1.5kg) ၄လုံး ၊ ဗုံးသီး (1kg) ၈လုံး၊ဗုံးသီး (700g) ၁၇လုံး၊ ဗုံးသီးစုစုပေါင်း ၂၉ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ People’s knight Defense Force Myinmu ထုတ်ပြန်ချက်အရသိရပါတယ်။ People's knight Defense Force Myinmu (PKDF-MMU)၊ Phoenix SGG၊ စစ်ကိုင်းခရိုင် ဒရုန်း တပ်ဖွဲ့၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း တပ်ခွဲ(၄)၊ စစ်ကိုင်းခရိုင် အမှတ်(၂)တပ်ရင်း တပ်ခွဲ(၂)၊ MMU PDF၊ တောတွင်းတွတ်ပီ၊ SDP.camp-camp2 ၊ စစ်ကိုင်းခရိုင် မစ်ဇိုင်းထုတ်လုပ်ရေး စသောမဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်တိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Показати все...
အမေစု၏(၇၉)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စကစတပ်သားများကို တိုက်ခိုက် ၂ ဦးသေဆုံး ဇွန် ၂၂ ၊ SGG အမေစု(၇၉)နှစ်မြောက် အထိမ်းအမှတ်အဖြစ်လင်းယုန်ညီနောင်ပျောက်ကြားအဖွဲ့က စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဇွန်လ ၁၉ ရက် နံနက် ၁၀:၃၀ နာရီအချိန် စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနောက်ဘက် ကားလမ်းပေါ်မှာ အုပ်စုလိုက် စစ်ဆေးမှုပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ အသင့်ပြင်ထားတဲ့ မိုင်းကွင်းပေါ်ရောက်ရှိလာချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး တစစီဖြစ် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်းများပြားခဲ့ပါတယ်။ အနီးနားမှာရပ်ထားတဲ့ စစ်ကောင်စီအဖွဲ့ အသုံးပြုတဲ့ အိမ်စီးကားအနက်ရောင်ကိုလည်း မိုင်းထိသွားတယ်လို့သိရပါတယ်။ လင်းယုန်ညီနောင်ပျောက်ကြားအဖွဲ့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Показати все...
Sagaing Scouts

You can contact @sagaingscouts right away.

စစ်ကိုင်းမြို့ ကမ္ဘောဇ ဘဏ်ခွဲ(၁)တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးဆုံး ဇွန် ၂၂ ၊ SGG ဇွန်လ ၁၉ ရက်နေ့ ညနေ ၄နာရီခွဲကျော်မှာ စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ရှိ ကမ္ဘောဇဘဏ်ရှေ့ကို စစ်ကောင်စီရဲတပ်ဖွဲ့ ကားအသီးသီးနဲ့ ရောက်ရှိလာပြီး ဘဏ်ကို ပတ်ဝိုင်းခဲ့ကာ ပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။ ကမ္ဘောဇဘဏ်ကို အမျိုးသား ၄ ဦး ရောက်ရှိလာပြီး ငွေလုယက်ဖို့ကြိုးစားခဲ့ကြောင်း၊ အခွင့်မသာ၍ ထွက်ပြေးစဉ် စစ်ကောင်စီရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ATM စက်ရှေ့ လမ်းဘေး မလှမ်းမကမ်းမှာ အမျိုးသားတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားပါတယ်။ နောက်တစ်ဦးကိုတော့ ပစ်ခွင့်သာသော်လည်း ထိမှန်အောင် မပစ်နိုင်ခဲ့ကြဘဲ လွှတ်ပေးခဲ့ရတယ်လို့သိရပါတယ်။ ကျန်နှစ်ဦး ဘဏ်အရှေ့ဘက်ကနေ ပြေးသွားတယ်လို့သိရပြီး လွှတ်ပေးခဲ့ကြသလား မဖမ်းနိုင်တာလား ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ညနေ ၅ နာရီကျော်မှာ ပစ်ခတ်သံများငြိမ်သွားပါတယ်။ လွတ်မြောက်သွားသူများမှ ခပ်ဝေးဝေးရောက်ချိန် သေနတ်ပစ်ဖောက်ပြီး အချက်ပေးသွားတယ်လို့သိရပါတယ်။ စစ်ကောင်စီထုတ်ပြန်ချက်အရ သိန်း ၃၀၀၀ ကျော်ကို လုယက်သွားနိုင်ခြင်းမရှိကြောင်းသိရပါတယ်။ သိန်းတစ်ရာပါသွားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူများထံမှသိရပါတယ်။ ညနေ ၆ နာရီကျော်အချိန်မှာ စစ်ကောင်စီရဲတပ်ဖွဲ့ ပြန်သွားကြပြီးနောက် ညပိုင်းအချိန်မှာ ဘဏ်အနီးဝန်းကျင်ကို ရှာဖွေစစ်ဆေးမေးမြန်းမှုပြုလုပ်သွားပါတယ်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Показати все...
Фото недоступнеДивитись в Telegram
စစ်ကိုင်းမြို့တွင် စကစ ကားများအား နှစ်ရက်ဆက် တိုက်ခိုက် ဇွန် ၁၄ ၊ SGG ဝမ်ပေါင်မှထွက်လာသော ကြေးနီသယ်ယာဉ်တန်းအား လိုက်ပါလုံခြုံရေးပေးသည့် စစ်ကောင်စီစစ်ကားများကို လင်းယုန်ညီနောင်မှ နှစ်ရက်ဆက်တိုက်ခိုက်ခဲ့သည်။ ဇွန်လ ၁၃ ရက်တွင် ကြေးနီသယ်ယာဉ်တန်းမှ လိုက်ပါလုံခြုံရေးပေးသော အင်အားပြည့် စစ်ကောင်စီ စစ်ကား ၆ ဘီးကားအားလည်းကောင်း၊ ဇွန်လ ၁၄ ရက်တွင် ကြေးနီသယ်ယာဉ်တန်း လုံခြုံရေးပေးသော စစ်ကားကိုလည်းကောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်သူ့ဘက်မှ ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Показати все...
Фото недоступнеДивитись в Telegram
" အသိပေးထုတ်ပြန်ချက် " ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက် " Sagaing Federal School " အခမဲ Online ကျောင်း Facebook Page အား ကျောင်းသား/သူ များနှင့်တကွ အများပြည်သူ လတ်တလော ဆက်သွယ်ခြင်းမပြုကြပါရန်အသိပေးအပ်ပါသည်။ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြန်လည် ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက် မထုတ်မခြင်း ဆက်သွယ်ခြင်းမပြုကြပါရန် အသိပေးကြေညာအပ်ပါသည်။ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Показати все...
ဇွန်လ ၁၂ ရက် နံနက် ၀၈:၅၀ နာရီ စစ်ကိုင်းမြို့ ရွာထောင်ရပ် ဓါတ်ပေါင်းစုဘုရားအနီး၊ မင်းရာဇာလက်ဘက်ရည်ဆိုင်မျက်နှာချင်းဆိုင် အုတ်စက်အဝင်လမ်းတွင် ဆိုင်ကယ်အမျိုးသားနှစ်‌ယောက်ပိုးစီးသူများကို စကစအဖွဲ့ ဖမ်းဆီးမှုရှိနေသဖြင့် သတိပြုရှောင်တိမ်းသွားလာရန်အသိပေးအပ်ပါသည်။ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Показати все...
စစ်ကောင်စီဝန်ထမ်းတွေကို မြို့ပေါ်တက်ဖမ်းစဉ် ရဲဘော် ၂ဦး ကျဆုံး၊ အခွန်ရုံးဝန်ထမ်းမိသားစု ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ် မေ ၂၆၊ SGG စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် စည်းခုံကြီးဘုရားတောင်ဘက် လဝက၊ စရဖ၊ အခွန်ရုံးရှေ့မှာ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီအဖွဲ့ ထိပ်တိုက်တွေ့ခဲ့ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝန်ထမ်းမိသားစုကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြပါတယ်။ မေလ ၂၁ ရက်နေ့ ညနေပိုင်း ရုံးဆင်းချိန်မှာ လဝကနှင့် အခွန်ရုံးက စစ်ကောင်စီဝန်ထမ်းတွေကို ထိန်းသိမ်းဖို့ တောတွင်းတွတ်ပီ(LPDF)အဖွဲ့ ကြိုးစားခဲ့ပါတယ်။ ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လည်ထွက်ခွာစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့ဆုံတာကြောင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တောတွင်းတွတ်ပီ(LPDF)အဖွဲ့မှ ရဲဘော် မိုးတိမ်၊ ရဲဘော်ဆင်ပေါက်တို့နှစ်ဦးကျဆုံးသွားခဲ့ပါတယ်။ ဓါးစာခံတွေဖြစ်တဲ့ ဒုအခွန်ဦးစီးမှူး ဒေါ်ခိုင်နွဲ့ဇော်နှင့် သမီးနဲ့သမက် ကိုလည်း စစ်ကောင်စီက ငဲ့ညှာထောက်ထားခြင်းမရှိ ပစ်သတ်လိုက်ကြပါတယ်။ ည ၆ နာရီခွဲကျော်မှာ အိုးဘိုနာရေးကူညီမှုအသင်းကားနဲ့ အလောင်းတွေလာကောက်သွားတယ်လို့သိရပါတယ်။ ပစ်ခတ်မှုမဖြစ်ပွားခင် ညနေ ၄ ‌နာရီလောက်ကတည်းက အဝိုင်းပတ်အနီးမှာ စစ်ကောင်စီတပ်သားတွေရှိနေခဲ့ပြီး ၄နာရီခွဲ့ခန့်က စစ်ကောင်စီအဖွဲ့ စည်းခုံကြီးဘုရားအရှေ့ဘက်လမ်းမှာ ဖြတ်သန်းသွားလာသူတွေကို တားဆီးစစ်ဆေးမှုပြုလုပ်ခဲ့ကြပါတယ်။ " ကလေးတ‌စ်ယောက်အပါအဝင်ဝန်ထမ်း ၆ ဦးကိုခေါ်သွားတယ်၊ အန်တီခိုင်တို့က မိသားစုလိုက်သေတာ၊ သမီးနဲ့သမက်က ကားနဲ့လာကြိုတာ ပြန်သွားပြီးမှ သော့မေ့ကျန်လို့ ရုံးကိုသော့ပြန်လာယူရာက စစ်တပ်က ပစ်လို့ သေသွားကြတာ" လို့ သိရှိသူတဦးက ပြောပါတယ်။ ဖမ်းဆီးမှုအတွင်းမှာ အခွန်နဲ့ လဝကဝန်ထမ်း ၆ ဦးကို ထိန်းသိမ်းထားနိုင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ သက်ဆိုင်ရာကိုအပ်နှံသွားမယ်လို့ တောတွင်းတွတ်ပီ(LPDF)ကပြောဆိုထားကြောင်း မီဒီယာများ၏ ဖော်ပြချက်အရသိရပါတယ်။ ရုပ်အလောင်းပြန်မရပေမဲ့ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ယောက်အတွက် ဂုဏ်ပြုတဲ့အနေနဲ့ လွမ်းသူပန်းခွေချ အလေးပြု ခဲ့ကြပြီး အမိန်ပြန်တမ်းဖတ်ကြားခဲ့ကြတယ်လို့သိရပါတယ်။ ဖမ်းဆီးထားတဲ့ စစ်ကောင်စီဝန်ထမ်းတွေကိုလည်း မည်သည့်အဖွဲ့အစည်းကိုမျှ အပ်နှံခြင်းမရှိ‌သေးဘူးလို့သိရပါတယ်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Показати все...
မုဒိမ်းမှုကျူးလွန်တဲ့ ပျူစောထီးကို စစ်ကိုင်းရဲ အရေးယူခြင်းမရှိ၍ နေပြည်တော်မှ လာရောက်ဖမ်းဆီး မေ ၂၅၊ SGG စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ပျူစောထီးခေါင်းဆောင် ကျော်စိုးနှင့် ဇော်ကြီးတို့အား မုဒိမ်းမှုဖြင့် မေလ ၂၅ ရက်နေ့မှာ နေပြည်တော်မှ လာရောက်ဖမ်းဆီးသွားပါတယ်။ မေလ ၂၂ ရက်နေ့က စစ်ကိုင်းတောင်ပေါ်ကို သမီးရည်းစား လာရောက်ချိန်းတွေ့သော စုံတွဲအား ပျူစောထီး ကျော်စိုးနှင့်ဇော်ကြီးတို့မှ သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကောင်လေးအား ချုပ်နှောင်ထားကာ ကောင်မလေးအား မုဒိမ်းကျင့်ခဲ့ကြပါတယ်။ မိန်းကလေးဘက်မှ စစ်ကိုင်းရဲစခန်းအား တိုင်တန်းသော်လည်း အရေးယူမှုမရှိသဖြင့် နေပြည်တော်သို့တိုင်တန်းရာ နေပြည်တော်မှ လာရောက်ဖမ်းဆီးသွားကြောင်းသိရှိရပြီး တခြားပျူစောထီးများကိုလည်း ဖမ်းဆီးထိန်းသိမ်းကာ ပတ်သတ်မှုရှိမရှိ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ မုဒိမ်းကျင့်ခံရသော မိန်းကလေးမှာ စကစဝန်ထမ်းအရာရှိ အသိုင်းဝိုင်းမှဖြစ်ကြောင်း အမည်မဖော်လိုသော ရဲဝန်ထမ်း ၁ ဦး ပြောကြားချက်အရသိရပါတယ်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Показати все...
ကြေးနီသယ် ယာဉ်တန်းကို လုံခြုံရေးလိုက်ပါလာတဲ့ စကစ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိမ်းမှောက်ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှုရှိ မေ ၂ ၊ SGG စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် စကစ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိမ်းမှောက်ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ မေလ ၁ ရက်နေ့ နံနက် ၁၀:၂၀နာရီအချိန် မြန်မာဝမ်ပေါင်ကနေ စစ်ကိုင်းဘက်သို့ ကြေးနီသယ်ဆောင်လာတဲ့ တွဲကား ၁၉ စီးကို လုံခြုံရေးလိုက်ပါလာတဲ့ စကစ သံပြားကာ စစ်ကားကို မြင်းမူမြို့နယ် ပကဖ ကွပ်ကဲမှုဖြင့် People’s knight Defense Force Myinmu က ရှေ့ထွက်မိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကားတိမ်းမှောက်သွားပြီး နေရာတွင် တပ်သား ၂ ဦးသေဆုံးခဲ့ကာ ဆေးရုံပေါ်ရောက်ချိန် ၁ဦးထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။ ကားလမ်းဘေးတလျှောက် လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားများမှ ၁၀ မိနစ်ခန့်ကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သော်လည်း မိမိတို့ရဲဘော်တွေအထိအခိုက်မရှိဘူးလို့ People’s knight Defense Force Myinmu ကပြောပါတယ်။ ဧပြီလ ၁၁ ရက်နေ့နဲ့ ၂၇ ရက်နေ့ကလည်း မြင်းမူမြို့ပေါ်ကနေထွက်လာတဲ့ စကစ တပ်သား ၃၀ ခန့်က ဝမ်းပြည့်ကျေးရွာ အရှေ့ဘက် မြင်းမူ-မုံရွာလမ်းဘေး နေအိမ်အချို့ကို မီးရှို့၊ ပြည်သူများ သွားလာနေသည်ကို တားဆီးစစ်ဆေးနေချိန် ၈၀ မမဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People’s knight Defense Force Myinmu က ပြောပါတယ်။ ခရီးသွားမိဘပြည်သူများ ဘေးကင်းလုံခြုံစေရန်အတွက် တော်လှန်ရေးအဖွဲ့များ မှထုတ်ပြန်ထားသည့်စည်းကမ်းများအတိုင်း သွားလာကြရန်ကိုလည်း (PKDF-MMU) ကမေတ္တာရပ်ခံထားပါတယ်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Показати все...

Hang out wherever, whenever! Messenger makes it easy and fun to stay close to your favourite people.

သီရိမင်္ဂလာခုံးကျော်တံတားအဆင်းတွင် စကစ စစ်ဆေးမှုရှိနေ၍ သတိထားသွားလာရန် မေ ၂ ၊ SGG မေ ၂ ရက်၊ နံနက် ၀၉:၄၅ နာရီအချိန် စစ်ကိုင်းမြို့၊ သီရိမင်္ဂလာခုံးကျော်တံတားအဆင်းတွင် စကစအဖွဲ့အများအပြားဖြင့် ကားများ၊ ဆိုင်ကယ်များကို စစ်ဆေးလျက်ရှိနေ၍ ပြည်သူများ သတိထားသွားလာရန် အသိပေးအပ်ပါသည်။ Telegram Channel - https://t.me/SGGNews သတင်းပေးပို့ရန် >>> Messenger - 💬 m.me/SGGNews >>> Telegram - https://t.me/sagaingscouts စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Показати все...

Hang out wherever, whenever! Messenger makes it easy and fun to stay close to your favourite people.

Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.