cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Ye' Ba Nyein

Fight for Justice

Більше
Рекламні дописи
23 888
Підписники
+924 години
+267 днів
+18730 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Jun 19 စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား ဝင်ရောက်လုယက်ဓားပြတိုက်သည့် အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်စီးနင်းဖမ်းဆီးရာ အကြမ်းဖက်သမားတစ်ဦးအား ငွေကျပ်သိန်း ၃၀၃၁ သိန်းနှင့်အတူ အသေဖမ်းဆီးရမိ။ #MNP
Показати все...
👍 67😁 5 4👏 4
00:34
Відео недоступнеДивитись в Telegram
ပဲခူးတိုင်းဒေသကြီး ပဲခူးမြိုနယ်၊ ဥဿာမြိုသစ်ရှိ ဝင်းနိမိ္မတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ်၊ ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို ဆရာတော်နှစ်ပါးအားဟာ ငါန်းဇွန်မြိုနယ်၊ ကမ္မကျေးရွာတွင် အသစ်ဆောက်လုပ်မည့် ဓမ္မာရုံအသစ်အတွက် ဩဝါဒပေးပြီး ပြန်ကြွလာစဉ်PDF အကြမ်းဖက်သမားများက သေနတ်နဲ့ဝိုင်းပစ်ခဲ့လို ဝင်းနိမိ္မတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသမှာ နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်.... ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းဦးကျော်ဝင်းတိုမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြပြီး မန္တလေးမြိုရှိတပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပါတယ်.... video မှာ ယာဉ်မောင်းဦးကျော်ဝင်းရဲ့ ပြောဆိုချက်ဖြစ်ပါတယ်
Показати все...
0_02_06_daf0f256435ff12d081d5a882cc7c5c3ef12b46be826b8bc1996d98a1fe69c30.mp43.65 MB
👍 23😢 12😁 6
Repost from MWD News
04:13
Відео недоступнеДивитись в Telegram
Breaking News# PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္ဓိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူ ၊ ကံသုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိသည်။(ဇွန်လ ၁၉)
Показати все...
၄(Sequence 4).mp419.66 MB
😢 24🙏 5🤣 4👍 3
Repost from Min Chit Oo
06:10
Відео недоступнеДивитись в Telegram
အလံဖြူထောင်လက်နက်ချနေတဲ့ တပ်ကအဖွဲ့တွေကို ရန်သူက သူတို့တိုက်တဲ့အချိန်မှာ အရှေ့ကအသေခံခိုင်းပြီး ပြန်လည်အသုံးချနေတဲ့တဲ့ Video #MinChitOo
Показати все...
18.48 MB
👍 15🔥 8🤬 3🤣 2
Фото недоступнеДивитись в Telegram
"ဘုရားမှတ်လို့ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ" ကချင်ပြည်နယ်ထဲက K-PDF တွေဟာ KIA အဖွဲ့ရဲ့ ကိုယ်ကျိုးရှာတိုက်ပွဲ‌တွေအတွင်း များစွာသော K-PDF အသက်တွေ စတေးခဲ့ရတာတွေ၊ ကျန်ခဲ့တဲ့သူ‌တွေလည်း အကျပ်အတည်း/ ဆင်းရဲဒုက္ခ‌ပေါင်းစုံနဲ့ ရင်ဆိုင် နေရတာတွေ၊ KIA အဖွဲ့ရဲ့ တိုက်ပွဲတွင်း/တိုက်ပွဲပြင်ပမှာ ခွဲခြားဆက်ဆံမှုတွေကြောင့် အယုံအကြည် ကင်းမဲ့လာတဲ့ K-PDF အဖွဲ့တွေဟာ စစ်ဆက်တိုက်ဖို့ ဆန္ဒမရှိတော့ဘဲ KIA ရဲ့ ခေါင်းဆောင်မှု လွဲမှားစွာ စေခိုင်းမှုတွေကို ငြင်းဆန်လာကြလို့ အောက်ခြေက KIA နဲ့ K-PDF ခေါင်းဆောင်ပိုင်း‌တွေ ထိပ်တိုက်တွေ့ပြီး တင်းမာမှုတွေဖြစ်‌နေတယ်လို့လည်း ကြားနေရပါတယ်။- ကချင်ပြည်နယ်ရဲ့နေရာအသီးသီးက PDF အဖွဲ့အချင်းချင်း ပိုမိုနီးကပ်စွာရှိဖို့နဲ့လိုအပ်ရင်ကူပေးဖို့၊ KIA အတွက် အလကားအသက်မပေးကြဖို့ ဆိုပြီးပြောနေကြတဲ့ အသံတွေ K-PDF ခေါင်းဆောင်ပိုင်းတွေဘက်က ဆော်ဩနေကြတယ်လို့လည်းဆိုကြပါတယ်။- တစ်ဖက်မှာ စဉ်းစားမိတာက -K-PDF တွေရဲ့ ဒီလိုထွက်လာတဲ့အသံတွေကို ကိုယ်မွေးတဲ့မျောက်တွေ ခဏခဏပြန်ချောက်တာခံခဲ့ရဖူးပြီး အခုလည်း အဲ့လိုအဖြစ်နဲ့ ရင်ဆိုင်နေရတဲ့ KIA ကရော မသိဘဲနေပါ့မလား? -K-PDF တွေကြောင့် ဖြစ်လာမယ့်ဆိုးကျိုးတွေအတွက်ရော မပြင်ဆင်ထားဘဲနေပါ့မလား? -ကိုယ့်လက်အောက်မှာလာနေပြီး ကိုယ့်ကိုပြန်အာခံမယ့် K-PDF တွေကို လက်နက်ကိုင် နိုင်ငံရေးပါးဝ နေပြီဖြစ်တဲ့ KIA လိုအဖွဲ့က "မင်းတို့ စစ်ဆက်မတိုက်ချင်‌တော့ဘူးဆိုလည်း အေးဆေးပဲနေကြပါဆိုပြီး" ဒီအတိုင်း လွှတ်ပေးထားမှာတဲ့လား? -KIA နဲ့ K-PDF တွေရဲ့ ဒီလိုအခြေအနေမှာ ကျဉ်းထဲကြပ်ထဲ‌ ရောက်‌နေတဲ့ K-PDF တွေရဲ့လားရာက စိတ်ပူဖို့ကောင်းနေပြီး KIA ကတော့ TNLA၊ MNDAA အဖွဲ့တွေလို ကျွေးတဲ့လက်ပြန်ကိုက်ခံလိုက်ရတဲ့ အဖြစ်မျိုးတော့ ထပ်အဖြစ်ခံလိမ့်မယ်တော့မထင်ပါ။ -PS### (အရင်တုန်းက ပါချောင်လို ကိစ္စတွေ ထပ်မဖြစ်လာပါစေနဲ့လို့ပဲ လူသားချင်းကိုယ်ချင်းစာလို့ ဆုတောင်းပေးလိုက်ပါတယ်။ (K-PDF လေးတွေလည်း KIA နယ်မြေထဲ ရောက်နေတော့ သမိုင်းထဲက ကျောင်းသားကုန်းတို့ ဘာတို့ ရောက်ဖူးကြမယ် ထင်ပါတယ်)
Показати все...
နမ့်ခမ်းတွင် ဆေးစွဲနေသည့် သားဖြစ်သူက မိခင်ဖြစ်သူထံမှ ငွေတောင်းမရ၍ နေအိမ်ကို မီးနှင့်ရှိမှုဖြစ်ပွား ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြိုတွင် မူးယစ်ဆေးစွဲနေသည့် သားဖြစ်သူက မိခင်ဖြစ်သူထံမှ ငွေတောင်းမရသည့်အတွက် နေအိမ်အား မီးတင်ရှိသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နန့်ခမ်းမြို ၊ အောင်မေတ္တာရပ်ကွက် လမ်းသွယ် (၂)ရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့ ဇွန် (၁၈)ရက် ည(၁၂)နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် စတင်လောင်ကျွမ်းသည့် နေအိမ်တစ်လုံးသာ လောင်ကျွမ်းခဲ့ပြီး လူနှင့်ပတ်ဝန်းကျင်နေအိမ်များ ထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရသည်။ မီးလောင်ကျွမ်းမှု ဖြစ်စဉ်မှာ ယမန်နေ့ညပိုင်းက ဆေးစွဲနေသည့် သားဖြစ်သူက မိခင်ဖြစ်သူထံ ငွေတောင်းခံရာ မပေးသဖြင့် မိခင်အပြင်သို သွားနေခိုက် နေအိမ်အား မီးတင်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Показати все...
😢 29👍 8😱 8😁 1🤬 1
နိုင်ငံတကာမှာ ရပ်တည်လိုရအောင် မြန်မာနိုင်ငံနဲ့ ပြည်သူတွေကို ချနင်းခဲ့တဲ့ နိုင်ငံခြားသား (သို) ရှောင်တာနယ် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်က သူ့ရဲ့ An Unlikely Prisoner (သူမတူတဲ့အကျဉ်းသား)ဆိုတဲ့ စာအုပ်လက်မှတ်ထိုးမိတ်ဆက်ပွဲကို အမေရိကန်ပြည် ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် ဇွန်လ ၁၆ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ရှောင်တာနယ်နဲ့အတူ သူ့မိန်းမ မစ္စ Ha Vu၊ အမေရိကန် ရောက် အကြမ်းဖက်အားပေး မြန်မာအချို တက်ရောက်ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ဇွန်လ ၉ ရက်နေ့ကလည်း အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုပွဲနဲ့ စာအုပ်မိတ်ဆက်ပွဲကျင်းပပြုလုပ်ခဲ့ပြီး ရှောင်တာနယ်နဲ့အတူ NUG အကြမ်းဖက်အုပ်စုကလူတွေနဲ့ အဲဒီပြည်နယ်မှာရှိတဲ့ မြန်မာအချို တက်ရောက်ခဲ့တာတွေ့ရပါတယ်။ ရှောင်တာနယ်က သူ့ရဲ့ An Unlikely Prisoner (သူမတူတဲ့အကျဉ်းသား) ဆိုတဲ့ စာအုပ်ထဲမှာ အာဏာထိန်းခဲ့တဲ့ တပ်မတော်ကို အပုပ်ချပြီး မဟုတ်မမှန်စွပ်စွဲရေးသား ဖော်ပြချက်တွေ၊ သူဖမ်းဆီးခံခဲ့ရတဲ့အကြောင်း၊ မြန်မာအကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ အခြေအနေတွေကို မဟုတ်မမှန် လီဆယ်ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ တကယ်တော့ ရှောင်တာနယ်လ်ကို ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အစိုးရလျှိဝှက် ချက်များ အက်ဥပဒေပါပုဒ်မ၃(၁)၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေတိုဖြင့် အမှုဖွင့်ခဲ့ပြီး ပြစ်ဒဏ်ကျခဲ့ရတဲ့ အကျဉ်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ ရှောင်တာနယ် အပြစ်ဒဏ် ကျတဲ့အချိန်မှာလည်း အခြားသာမန်အကျဉ်းသားတွေနဲ့မတူဘဲ အခွင့်အထူးခံလူ တစ်ယောက်လို လိုလေသေးမရှိအောင် အဆင်ပြေပြေနဲ့ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးကအစ သူ့ရဲ့ကျန်းမာရေးပုံမှန်စမ်းသပ် စစ်ဆေးမှုတွေကို ဂရုတစိုက်နဲ့ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အပြစ်ဒဏ်ကျခံနေရတဲ့အချိန်မှာ ဩစတြေးလျသံအမတ်ကြီးကိုယ်တိုင် မေတ္တာ ရပ်ခံခဲ့လို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက စေတနာမေတ္တာရှေ့ထားပြီး မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများအရ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ ရှောင်တာနယ်အား နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆံဆက် ရေးကိုရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း၊ ဩစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံ ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအား ရှေးရှုသောအားဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ ရှောင်တာနယ်တို လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့အချိန်မှာ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျခံရန်ကျန်ရှိတဲ့ ပြဏ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံတော်အစိုးရက ပြစ်ဒဏ်ကာလမစေ့မီအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ စေတနာကို နားမလည်ဘဲ ရှောင်တာနယ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာနဲ့ သတင်းမီဒီယာတွေရဲ့ ဆက်သွယ်ပြောကြားချက်တွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မဟုတ်မမှန်ရေးသား ပြောဆိုခြင်းတွေပြုလုပ်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ ကျေးဇူးကန်း ခဲ့တဲ့ ရှောင်တာနယ်ရဲ့ မဟုတ်မမှန် ရေးသားပြောဆိုမှုကြောင့် သူ့လိုအကျဉ်းကျနေတဲ့ ကျန်တဲ့နိုင်ငံခြားသားအကျဉ်းသားတွေတောင် လွတ်ငြိမ်းခွင့်ရဖို ခက်ခဲသွားပြီ ဖြစ်ပါ တယ်။ ရှောင်တာနယ်ဟာ အရင်ကတည်းက စီးပွားရေးအကြံပေးအဖြစ်နဲ့ နိုင်ငံရဲ့ စီးပွားရေးကျပ်တည်းအောင် တိုင်းပြည်ပျက်စီးအောင်၊ မြန်မာနိုင်ငံသားပြည်သူတွေ ဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံခြားသားတစ်ယောက်ဖြစ်ပါတယ်။ အခုလည်း တစ်ဘိုတည်းသမားပီပီ သူရပ်တည်လိုရအောင်၊ ငွေကြေးထောက်ပံ့မှုနဲ့ ဝင်ငွေရရှိ အောင် မြန်မာနိုင်ငံနဲ့ ပြည်သူတွေကို အသုံးချခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှောင်တာနယ်ဟာ အကြံသမားပီပီ သူရေးတဲ့ An Unlikely Prisoner ဆိုတဲ့ စာအုပ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ သူရပ်တည်လိုရအောင်၊ လူအထင်ကြီးအောင်၊ နာမည်ကျော်ဇောအောင်၊ ငွေကြေးထောက်ပံ့မှုနဲ့ ဝင်ငွေအများ အပြားရရှိအောင်လို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ချနင်းကာ မဟုတ်မမှန်လီဆယ်ရေးသား ဖော်ပြ ထားတဲ့ စာအုပ်မျိုးသာ ဖြစ်ပါတယ်။ လင်းနိုင်
Показати все...
👍 39😁 2💩 2 1💯 1
Фото недоступнеДивитись в Telegram
နိုင်ငံတကာမှာ ရပ်တည်လိုရအောင် မြန်မာနိုင်ငံနဲ့ ပြည်သူတွေကို ချနင်းခဲ့တဲ့ နိုင်ငံခြားသား (သို) ရှောင်တာနယ်
Показати все...
🔥 18👍 3🥰 3🤮 2
ကျိုက်ထိုတွင် KNU/PDF အဖွဲမှ အလင်းဝင်ရောက်လာသူ PDF ၂ ဉီးအား မိဘအုပ်ထိန်းသူထံ လွှပြောင်းပေးအပ် *** ဇွန်လ ၆ ရက် နေ့လည် ၁ နာရီတွင် ကျိုက်ထိုတပ်နယ်သို KNU တပ်မဟာ ၁ လက်အောက်ခံ PDF အဖွဲမှ PDF ၂ ဉီး အလင်းဝင်ရောက်လာကြောင်း သတင်းရရှိသည်။ အလင်းဝင်ရောက်လာသူ PDF ၂ ဉီးအား ဇွန်လ ၁၉ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် ကျိုက်ထိုတပ်နယ်ခန်းမ၌ မိဘအုပ်ထိန်းသူထံ လွှပြောင်းပေးအပ်ပွဲ ပြုလုပ်ခဲ့ရာ အလင်းဝင်လာသူ ပြစ်မှုကျူးလွန်ခြင်းမရှိသည့် PDF ၂ ဉီးအား တပ်နယ်မှူးမှ အသိပညာပေးစကားပြောကြားခြင်း၊ ၎င်း၏ မိဘအုပ်ထိန်းသူထံ လွှပြောင်းပေးအပ်ခြင်း၊ အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ Saw Ba Maung
Показати все...
👍 28🥰 4😁 2