uk
Feedback
Myanmotion Main Movie Poster Channel

Myanmotion Main Movie Poster Channel

Відкрити в Telegram

မြန်မာစာတန်းထိုးရုပ်ရှင်ဇာတ်ကားများ

Показати більше
4 584
Підписники
Немає даних24 години
+57 днів
+9730 днів
Архів дописів
Haunted Universities 3 (2024) Haunted Universities 1 နဲ့ 2 ထွက်အပြီး အခုဆိုရင် နံပါတ်3ကားထပ်မံထွက်ရှိလို့လာပါပြီ။ဒီဇာတ်လမ်းရဲ့ ထုံးစံအတိုင်းပါပဲ တက္ကသိုလ်တွေတိုင်းမှာ ရှိတတ်တဲ့ ကြောက်မက်ဖွယ်ရာ သရဲဇာတ်လမ်းတွေထဲကနေကောင်းနိုးရာရာ ဇာတ်လမ်း၃ခုကို ရွေးချယ်ပြီးတော့ တင်ဆက်ပေးထားပါတယ်။*ပထမဇာတ်လမ်းအနေနဲ့ ပညာသင်ဆုတစ်ဆုပဲပေးမယ့်ဟာကို လူက နှစ်ယောက်ဖြစ်နေတော့သူငယ်ချင်းနှစ်ယောက် အတွဲတွေအတွက် ဆုတောင်းပြည့်တယ်ဆိုတဲ့ နေရာကို သွားဆုတောင်းရင်း ဘယ်လိုဂြိုဟ်ဆိုးတွေ ဝင်လာမလဲ …***ဒုတိယဇာတ်လမ်းအနေနဲ့ကတော့ ကျောင်းမှာ လူသစ်တွေအတွက် စောင့်ရှောက်သူဆိုပြီး လူဟောင်းတွေကို ပြန်လုပ်ခိုင်းရာကနေကျောင်းမှာ လူသစ်တွေကို အနိုင်ကျင့်လွန်ပြီးတော့ သူ့ကိုသူ အပြစ်လွတ်အောင် သတ်သေသွားတဲ့ စီနီယာကြီးရဲ့ ဝိညာဉ်နဲ့ ဘယ်လိုတွေ စခန်းသွားကြမလဲ …*****နောက်ဆုံးတစ်ပုဒ်အနေနဲ့ကတော့ မမြင်နိုင်တဲ့နတ်ကွန်းလို့ နာမည်ပေးထားခံရတဲ့ နတ်ကွန်းတစ်ခု၊အဲဒီနတ်ကွန်းဆီကနေ ပန်းကုံးကို ယူလိုက်မိရာကနေ ဘယ်လိုတွေ ပြဿနာတက်ကြမလဲ … အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ Movie Link - https://t.me/myanmotionmoviechannel/3561

Haunted Universities 3 (2024)
Haunted Universities 3 (2024)

Lee (2024) ဟစ်တလာရဲ့ ရေချိုးကန်ထဲမှာ ရေချိုးပြခဲ့တဲ့ စစ်သတင်းထောက် ကမ္ဘာ့အထင်ရှားဆုံး စစ်သတင်းထောက်တွေထဲက တစ်ဦးဖြစ်တဲ့လီမေလာရဲ့အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။လီဟာ ဒုတိယကမ္ဘာစစ်တလျှောက် ရှေ့တန်းစခန်းတွေ ချွေးတပ် စခန်းတွေမှာ သမိုင်းဝင်ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ သတင်းထောက်တစ်ယောက်ပါ။ပြင်သစ်လွတ်မြောက်ခြင်း၊ နော်မန်ဒီဆေးရုံများ၊ ဘူချန်ဝေါ့ချွေးတပ်စခန်း စတဲ့ ဓာတ်ပုံတွေဟာ သမိုင်းမှာ အထင်ရှားဆုံးဓာတ်ပုံတွေစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဟစ်တလာ သေကြောင်းကြံအပြီးစစ်ပွဲအပြီးမှာ ဟစ်တလာရဲ့ တိုက်ခန်းထဲက ရေချိုးခန်းထဲမှာ ရေချိုးပြီးရိုက်ပြခဲ့တဲ့ ဓာတ်ပုံဟာလည်း ကမ္ဘာကျော်ပါပဲ။ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Ellen Kuras ဖြစ်ပြီး သူဟာEternal Sunshine of the Spotless Mind ရဲ့ Cinematographerဖြစ်ခဲ့တဲ့သူပါ။ လီ နေရာမှာတော့ မင်းသမီးကြီး ကိတ်ဝင်းစလက်ကသရုပ်ဆောင်ထားပါတယ်။ လီတစ်ယောက် မော်ဒယ်ဘဝကနေဓာတ်ပုံဆရာ၊ စစ်သတင်းထောက်ဖြစ်လာပုံတွေနဲ့ စစ်ပွဲတလျှောက်ကြုံတွေ့ခဲ့ရတာတွေကို စိတ်ဝင်စားစရာ ပြသထားတာမို့ လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။အဖော်အချွတ်နဲ့ ရက်စက်တဲ့အခန်းအချို့ ပါဝင်တာကိုလည်းကြိုပြီး သတိပေးထားချင်ပါတယ်။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ Movie Link - https://t.me/myanmotionmoviechannel/3558

Lee (2024)
Lee (2024)

Army of the Dead (2021) လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။ ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့ မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ၄ ရက်အကြာမှာပေါ့။အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။ သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ တွေးလို့မရပါဘူး။ တရားဝင်ငွေ မဟုတ်လို့ပါ။ဒီလိုနဲ့ ငွေလိုနေတဲ့ စစ်သားဟောင်းကြီးတွေနဲ့ လူတစ်စုဟာ ဗီးဂက်စ်မြို့ထဲကို ဝင်သွားတဲ့အခါ.. အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ Movie Link - https://t.me/myanmotionmoviechannel/3555

Army of Thieves (2021) ဒီဇာတ်လမ်းမှာ Zombie Apocalypse စစဖြစ်ချင်းအချိန်ကို timelineအ​ခြေခံထားပါတယ်၊မီးခံ​သေတ္တာ​နဲ့ ​သော့ဝိဇ္ဇာ Youtuber တစ်​ယောက်ဖြစ်သူ Dieter ဟာသူ့ရဲ့ Youtubeက​နေ အ​ပျော်တမ်း ​သော့ဖျက်နည်း​တွေ၊ မီးခံ​သေတ္တာသမိုင်း​ကြောင်း​တွေ ရိုက်ကူးပြီးတင်တဲ့သူပါ၊သူ့ရဲ့ဗီဒီယို​တွေကို ​တွေ့သွားတဲ့ဂိုဏ်းတစ်ခုဟာသူ့ရဲ့ကျွမ်းကျင်မှုကို အသုံးချပြီး ဘဏ်​တွေကို ​​ဖောက်ပြီးကြံစည်ပါတယ်၊ဒါ​ပေမဲ့ Dieter​​​ဖောက်​ပေးရမယ့် မီးခံ​​သေတ္တာ​တွေက နှယ်နှယ်ရရမဟုတ်ဘဲခက်​ပေ့ဆိုတဲ့ နာမည်​ကျော် မီးခံ​သေတ္တာကြီး ၄လုံးဖြစ်​နေတဲ့အခါ…Army of Dead franchise ရဲ့ မူမပျက်​အောင် ​သွေးသံရဲရဲနဲ့ အရွန်း​ဖောက်ဟာသ​တွေ၊အ​​ပြောအဆိုခပ်ကြမ်းကြမ်း​တွေ သုံးထားလို့အက်ရှင်ကားကြိုက်သူ​တွေအတွက်​တော့ အ​ထွေအထူးညွှန်း​နေစရာမလိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ် အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ Movie Link - https://t.me/myanmotionmoviechannel/3552

Army of Thieves (2021)
Army of Thieves (2021)

Kung Fu Games (2024) Squid Game လိုပုံစံမျိုးကိုပြန်ရိုက်ထားတဲ့ခံစားချက်မျိုးနဲ့ Kung Fu Games ဆိုတဲ့အက်ရှင်ကားတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။ပြောရရင်တော့ Squid Game နဲ့တော်တော်ကြီးကို ဆင်တူနေပြီး ကွာခြားသွားတာဆိုလို့ ဒီမှာကကွန်ဖူးဆိုတဲ့အတိုင်း တိုက်ခိုက်ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့်အပျင်းပြေအက်ရှင်အလန်းစားတွေကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကကြည့်ရှုလို့သင့်တော်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ လူ ၆ ယောက် ကွန်ဖူးဝတ်စုံတွေဝတ်ထားပြီး ဘယ်နေရာမှန်းမသိတဲ့အခန်းတစ်ခုထဲမှာနိုးထလာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။အခန်းတံခါးပေါ်မှာလဲ အချိန်နောက်ပြန်ရေတွက်နေတဲ့ နာရီကြီးရှိနေပြီး ဘာအတွက်ရေတွက်နေမှန်းလည်းမသိရပါဘူး။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ အချိန်ပြည့်သွားပြီး ဝါးတောကြီးတစ်ခုထဲ သွားတဲ့တံခါးကို ဖွင့်ပေးလိုက်ပါတော့တယ်။ စစချင်းတုန်းကတော့ အရမ်းကြီးလေးလေးနက်နက်မရှိကြပေမဲ့ အဲ့ဒီပထမအဆင့်မှာတင် လူတစ်ယောက်သေသွားတဲ့အခါမှာတော့ အကုန်လုံးကစိုးရိမ်ပူပန်လာကြပြီး ကစားပွဲတွေကလည်းပိုပိုပြင်းထန် လာပါတော့တယ်။ အဲ့ဒီလိုကစားပွဲရဲ့နောက်ကွယ်မှာဘယ်သူရှိနေမလဲ သူတို့ကရောဘာလို့ ဒီကိုရောက်လာခဲ့ကြရတာလဲဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ Movie Link - https://t.me/myanmotionmoviechannel/3549

Uprising (2024) ဓားရေးမှာ ဘယ်သူမှ လိုက်မမီအောင် အထူးကျွမ်းကျင်တဲ့ ချွန်းယောင်းဟာ အစေခံဘဝကနေ လွတ်မြောက်ဖို့အတွက် အားကုတ်အားခဲ ကြိုးစားနေပြီး ဂျုံလျောကတော့ အစိုးရအမှုထမ်း စာမေးပွဲ အောင်မြင်ပြီးနောက်မှာ ဆွန်းဂျိုဘုရင်ရဲ့ သက်တော်စောင့်ဖြစ်လာခဲ့ပါတယ်။ အဆင့်အတန်းမတူညီတဲ့ ကျွန်တွေနဲ့ တရင်းတနှီး နေလေ့ရှိတဲ့ ဂျုံလျောဟာတစ်ခါတလေမှာ ဒီအချက်ကြောင့် အခက်ကြုံရတာမျိုးတွေ ရှိပါတယ်။ ငယ်စဉ်က ခင်မင်ခဲ့ကြတဲ့ သူတို့ နှစ်ဦးဟာ ကိုရီးယား-ဂျပန် စစ်ပွဲအတွင်းမှာတော့ တစ်ယောက်က ဆွန်းဂျိုဘုရင်ရဲ့ စစ်သည်တော် အဖြစ် နောက်တစ်ယောက်ကတော့ သစ္စာခံ စစ်သည်တော်အဖြစ်နဲ့ ဓားချင်းယှဉ်တိုက်ဖို့ ဖြစ်လာခဲ့တဲ့အခါမှာတော့.. အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ Movie Link - https://t.me/myanmotionmoviechannel/3546

Alien: Romulus (2024) နာမည်ကျော် Alien ရုပ်ရှင်တွဲတွေထဲက နောက်ဆုံးထွက် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အချိန်ကာလအရတော့ Alien (1979) နဲ့ Aliens (1986) ကြားကာလပါပဲ။ Alien ရုပ်ရှင်အပြီး နှစ် ၂၀၊ Aliens ရုပ်ရှင်မလာခင် ၃၇ နှစ် အလိုပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေကို အချိန်ကာလအတိုင်း ကြည့်ချင်ရင်တော့ Prometheus (2012) 2093 ခုနှစ် Alien: Covenant (2017) 2104 ခုနှစ် Alien (1979) 2122ခုနှစ် Alien: Romulus (2024) 2142 ခုနှစ် Aliens (1986) 2179 ခုနှစ် Alien³ (1992) 2179 ခုနှစ် Alien Resurrection (1997) 2381 ခုနှစ် ဆိုပြီး ဖြစ်ပျက်ခဲ့တဲ့အတိုင်း ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ** ဝေးလန်း-ယူတာနီ ကုမ္ပဏီလက်အောက်မှာ စာချုပ်ကြောင့် ကျွန်တွေလို အလုပ်လုပ်ပေးနေရပြီး ဘယ်ကိုမှ သွားခွင့်မရှိတဲ့ အလုပ်သမားလူငယ်အုပ်စုလေးဟာ ယူဗာဂါဂြိုလ်ကို အရမ်း ထွက်သွားချင်နေကြပါတယ်။ တစ်နေ့မှာတော့ လူမရှိတော့တဲ့ ယာဉ်တစ်စီး မျောနေတာကိုတွေ့ပြီး အဲဒီယာဉ်ကို ခိုးပြီးတော့ ကိုလိုနီကနေ ထွက်ပြေးဖို့ စုပေါင်းကြိုုးစားချပါတယ်။ အဲဒီအထဲမှာ စက်လူသား အန်ဒီလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့ယာဉ်ကနေ အေးခဲလောင်စာမလောက်လို့ နောက်ထပ် စခန်းပျက်တစ်ခုကို ကပ်ပြီး ဝင်ရှာမိလိုက်ချိန်မှာတော့ စခန်းထဲမှာ လူတွေဆုံးပြီး ကျန်နေတဲ့ ကပ်ပါးကောင် ဂြိုလ်သားမျိုးစိတ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ အာကာသ သိပ္ပံ ဟော်ရာတွေရဲ့ ထုံးစံအတိုင်း လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ဘယ်သူတွေ ဆုံးပီးကျန်ခဲ့မလဲ ဘယ်သူတွေ ရှင်ကျန်ခဲ့မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ Movie Link - https://t.me/myanmotionmoviechannel/3543

No Voltees (2024) ၂၀၂၄ ခုနှစ် အသစ်ထွက် စပိန်စကားပြော မက်ဆီကို သရဲကားလေး ဖြစ်ပါတယ်။အော်ရိုရာဆိုတာ ညှင်းပန်းနှိပ်စက်တတ်တဲ့ ပါတနာကြောင့် စိတ်ဖိစီးမှု ခံစားနေရတဲ့သူလေးပါ။တစ်ရက်ကျ အမွှာမောင်လေးဖြစ်သူ မာတင်က တစ်ယောက်တည်းနေတဲ့ အမေ့အိမ်မှာ တစ်ခုခု ဖြစ်နေလို့ လာပါဦးဆိုပြီး ဖုန်းဆက်ခေါ်ပါတယ်။မာတင်က ငယ်ငယ်တုန်းက ဖခင်ဖြစ်သူနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို မေ့ပျောက်နေလို့ စိတ်ကုထုံးတွေပြပြီး အဖြေရှာနေသူပါ၊မှတ်မိတဲ့ အစ်မကိုလည်း ဆက်တိုက်မေးနေခဲ့တာပေါ့။ဒီလိုနဲ့ အမွှာမောင်နှမနှစ်ယောက် မပြန်တာကြာပြီဖြစ်တဲ့ အမေ့အိမ်ကို ပြန်ရောက်တဲ့အချိန် ပြဿနာတွေ တက်ပါတော့တယ်။ဖခင်သေဆုံးခဲ့တာ အနှစ် ၂၀ ကျော်ပေမဲ့လည်း အမေဖြစ်သူက အဖေရှိတယ် ပြောလို့ပြော၊အိမ်ထဲမှာလည်း ထူးထူးဆန်းဆန်းတွေ ဖြစ်လာတဲ့အခါ မောင်နှမနှစ်ယောက် အတိတ်တုန်းက စိတ်ဒဏ်ရာအဖြစ်အပျက်တွေနဲ့အတူ ထူးခြားဆန်းကြယ်တဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာချိန်မှာတော့…ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ Movie Link - https://t.me/myanmotionmoviechannel/3540

No Voltees (2024)
No Voltees (2024)

Memoir Seorang Guru (2024) မလေးရှားနိုင်ငံက ရွာဘက်က ကျောင်းတစ်ကျောင်းမှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်သွားတဲ့ဆရာတစ်ယောက်ရဲ့အကြောင်းကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားပါတယ်။ကျောင်းဆရာက အရည်အသွေးကို အဓိကမထားဘဲ ဘွဲ့တွေဂုဏ်တွေ၊ လုပ်ထုံးလုပ်နည်းသက်သက်ကို ဦးစားပေးလာတဲ့ ပညာရေးကို မကြိုက်တော့ပါဘူး။ဒီလိုနဲ့ ပညာရေးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်ကို လိုက်မနာဖို့ဆုံးဖြတ်မိတယ်ဆိုရင်ပဲ အဲဒီကျောင်းဆရာဟာ နယ်ဘက်ကို ပြောင်းရွှေ့ခံရတော့တာပဲ။ဒါပေမယ့် ဆူနန်အတွက်တော့ နယ်ဘက်မှာ ကျောင်းဆရာဖြစ်ရတာကိုပဲ ဂုဏ်ယူခဲ့ပါတယ်။ကလေးတွေကို ပြုစုပျိုးထောင်ပေးရတာကိုက ကျောင်းဆရာရဲ့ ဂုဏ်ပဲလို့ သူက မှတ်ယူတယ်။ဒါပေမယ့် သူ့ရည်ရွယ်ချက်တွေ အောင်မြင်သွားသလားဆိုတာတော့.. ။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ Movie Link - https://t.me/myanmotionmoviechannel/3537

Memoir Seorang Guru (2024)
Memoir Seorang Guru (2024)

Hellboy: The Crooked Man (2024) ၁၉၅၀ ဝန်းကျင်မှာ ဟဲလ်ဘွိုင်း နဲ့ B.P.R.D ( ပရလောက သုတေသန နဲ့ ကာကွယ်ရေး ဗြူရို) ရဲ့ သုတေသန သမား ဘော်ဘီဂျို တို့ဟာ Appalachian Mountains တောင်တန်းတွေဘက်ကို တာဝန်တစ်ခုနဲ့ထွက်လာရင်း စုန်းတွေချည်းပဲ လွှမ်းမိုးနေတဲ့ နယ်တစ်ခုထဲကိုရောက်သွားပါတယ်။ အဲဒီနယ်ထဲကို ပြန်လာတဲ့၊ စုန်းဘဝကနေ ထွက်ပြေးရင်း ဒုက္ခရောက်နေတဲ့လူတစ်ယောက်ကိုကူညီရင်း စုန်းတွေကို လိုက်ပြီး ဝိညာဉ်နုတ်သိမ်းနေတဲ့ စေတန်ရဲ့ လက်ပါးစေ လူကောက်ကွေးကြီးဆိုတဲ့ မိစ္ဆာနဲ့ ရင်ဆိုင်ရပါတော့တယ်။ စူပါဟီးရိုးအက်ရှင်ထက် ဟော်ရာနဲ့ အခြောက်အလှန့်ဘက်ကို များများ အသားပေးထားတာမို့ ဟော်ရာကြိုက်တဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ရုပ်ရှင်တစ်ခုပါပဲ။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ Movie Link - https://t.me/myanmotionmoviechannel/3534

Hellboy: The Crooked Man (2024)
Hellboy: The Crooked Man (2024)