cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Federal Journal - Myanmar

တိုင်းရင်းသားရေး၊ ဖက်ဒရယ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး

Більше
Рекламні дописи
5 698
Підписники
+1324 години
+1147 днів
+36630 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

သတင်းမီဒီယာနှင့် ဥပဒေအကာအကွယ် https://youtu.be/a146QJI6Pyc ဒီတပတ် Rule of Law ပေါ့ကတ်ရဲ့ Episode 3 မှာတော့ ပင်တိုင်တင်ဆက်သူ ကိုဟယ်ရီနဲ့ လာရောက်ဆွေးနွေးသူ ကိုပိုင်သက်တို့က သတင်းမီဒီယာတွေအတွက်ရော ပြည်သူတွေအတွက်ပါ သတင်းအချက်အလက် ရရှိမှု ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ စစ်ကောင်စီရဲ့ VPN ပိတ်ဆို့မှုတွေဟာ ဥပဒေအတွေးအမြင်ရှုထောင်ကနေ ကြည့်ရင် ဘယ်လိုသဘောဆောင်နေသလဲ။ မီဒီယာလွတ်လပ်ခွင့်ဟာ အရင်ကတည်းကရော မြန်မာနိုင်ငံမှာ ဘယ်လိုအခြေအနေရှိခဲ့သလဲ။ သတင်းမီဒီယာဥပဒေရဲ့ အခန်းကဏ္ဍဟာ ယခင်ကရော ဘယ်လိုရှိခဲ့သလဲ။ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းမီဒီယာ အခြေအနေပိုဆိုးလာတဲ့နောက် တော်လှန်ရေးအလွန်မှာ မီဒီယာလွတ်လပ်ခွင့်အတွက် ဘယ်လို မျှော်လင့်နိုင်မလဲဆိုတာတွေကို အတိုချုံး ဆွေးနွေးထားပါတယ်။
Показати все...
သတင်းမီဒီယာနှင့် ဥပဒေအကာအကွယ်

သတင်းမီဒီယာနှင့် ဥပဒေအကာအကွယ် ဒီတပတ် Rule of Law ပေါ့ကတ်ရဲ့ Episode 3 မှာတော့ ပင်တိုင်တင်ဆက်သူ ကိုဟယ်ရီနဲ့ လာရောက်ဆွေးနွေးသူ ကိုပိုင်သက်တို့က သတင်းမီဒီယာတွေအတွက်ရော ပြည်သူတွေအတွက်ပါ သတင်းအချက်အလက် ရရှိမှု ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ စစ်ကောင်စီရဲ့ VPN ပိတ်ဆို့မှုတွေဟာ ဥပဒေအတွေးအမြင်ရှုထောင်ကနေ ကြည့်ရင် ဘယ်လိုသဘောဆောင်နေသလဲ။ မီဒီယာလွတ်လပ်ခွင့်ဟာ အရင်ကတည်းကရော မြန်မာနိုင်ငံမှာ ဘယ်လိုအခြေအနေရှိခဲ့သလဲ။ သတင်းမီဒီယာဥပဒေရဲ့ အခန်းကဏ္ဍဟာ ယခင်ကရော ဘယ်လိုရှိခဲ့သလဲ။ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းမီဒီယာ အခြေအနေပိုဆိုးလာတဲ့နောက် တော်လှန်ရေးအလွန်မှာ မီဒီယာလွတ်လပ်ခွင့်အတွက် ဘယ်လို မျှော်လင့်နိုင်မလဲဆိုတာတွေကို အတိုချုံး ဆွေးနွေးထားပါတယ်။

စုပေါင်းခေါင်းဆောင်မှု အကြပ်အတည်း ဘယ်လိုဖောက်ထွက်ကြမလဲ - မိတ်ဖက် ထုဆစ်မျှော်ရည် တနင်္သာရီက စီစဉ်တင်ဆက်တဲ့ လူငယ်စကားဝိုင်း အစီအစဉ်မှာ ကောက်နုတ်ချက် ပြန်လည် ဖော်ပြပေးပါတယ်။ (PDF File ဖြင့် သိမ်းဆည်း ဖတ်ရှုလိုပါက ဒေါင်းလုတ်လင့်ခ်ကို https://drive.google.com/drive/folders/1VV7JAyKRSG5prIXdZqUzMLjbq1E5rZu- မှာ ရယူနိုင်ပါတယ်။)
Показати все...
👍 2 1
Показати все...
June Talk Show စကားဝိုင်းထဲက ကောက်နုတ်ချက် - ၂

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခြေလှမ်းသစ်တွေကို ဘယ်လို လှမ်းကြမလဲစကားဝိုင်းထဲက ကောက်နုတ်ချက် - မြန်မာပြည်အတွက် ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရေးခရီး ဘယ်ရောက်နေပြီလဲ။ ၁။ Naw Zember Paw (Founder / Food Not Bombs Kawthoolei) ၂။ ဆလိုင်းကစ်(ပ်) (ဖက်ဒရယ်ရေးရာနှင့် ပင်လုံသမိုင်း ကြောင်း ဆိုင်ရာကျွမ်းကျင်သူ) ၃။ ထိန်မောင် နော်တောင် (FJMM / Moderator)

3👍 1
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခြေလှမ်းသစ်တွေကို ဘယ်လို လှမ်းကြမလဲ(စကားဝိုင်းအနှစ်ချုပ်) - ပါဝင် ဆွေးနွေးသူများ ၁။ နိုင်ဗညားမွန် (ဒါရိုက်တာ - မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ) ၂။ ဆလိုင်းကစ်(ပ်) (ဖက်ဒရယ်ရေးရာနှင့် ပင်လုံသမိုင်း ကြောင်း ဆိုင်ရာကျွမ်းကျင်သူ) ၃။ Naw Zember Paw (Founder / Food Not Bombs Kawthoolei) ၄။ စိုင်းကျော်စောဟန် (သျှမ်းကျောင်းသားသမဂ္ဂ) အပြည့်အစုံကို Website တွင် ဖတ်ရှရန် - https://federaljournalmm.org/fj-mm-18888-2/
Показати все...
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခြေလှမ်းသစ်တွေကို ဘယ်လို လှမ်းကြမလဲ(စကားဝိုင်းအနှစ်ချုပ်) | Federal Journal Myanmar

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခြေလှမ်းသစ်တွေကို ဘယ်လို လှမ်းကြမလဲ(စကားဝိုင်းအနှစ်ချုပ်)   Naw Zember Paw (Founder / Food Not Bombs Kawthoolei) ၁။        ပထမဆုံးအနေနဲ့ မြန်မာပြည်အတွက် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးက ဘယ်လောက် ထိ အရေးကြီးသလဲ။ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ အခြေခံနိုင်ငံရေးအပြောင်းလဲမှုအတွက် အလွန် အရေးကြီးပါတယ်။ ဌာနေလူမျိုးစုတိုင်းရင်းသားတွေအတွက်လည်း အရေးကြီးတယ်၊ တန်းတူညီမျှပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရတဲ့ တရားမျှတတဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်တည်ဆောက်ဖို့က ကျမတို့နိုင်ငံမှာ တကယ်ပဲပေါ် ပေါက်ဖို့လိုအပ်ပါတယ်။ စစ်အာဏာရှင်ကြောင့် နိုင်ငံကြီးတဆစီပြိုကျပြီးဖြစ်တာကြောင့် လူကိုလူလိုတန်ဖိုးထားဖို့ ပျောက်ဆုံးနေတဲ့ နိုင်ငံကြီးမှာ ကျမတို့ပြန်ပြီးတည်ဆောက်ရမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အခြေခံ တဲ့ ဖက်ဒရယ်နိုင်ငံကြီးပေါ်ပေါက်ဖို့လိုအပ်တယ်လို့မြင်တယ်။ ဒါကလည်း လူကိုလူလိုတန်းဖိုးထားခြင်းဆိုတဲ့အရာ ပြန်လည်ထွန်းကားလာဖို့လည်းလိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရဲ့ကျင့်စဉ်တွေနဲ့အတူ တိုင်းပြည်ကြီးကို ပြန်ပြီး တော့ …

👍 3
Показати все...
June Talk Show စကားဝိုင်းထဲက ကောက်နုတ်ချက် -၁

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခြေလှမ်းသစ်တွေကို ဘယ်လို လှမ်းကြမလဲစကားဝိုင်းထဲက ကောက်နုတ်ချက် - မြန်မာပြည်အတွက် ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရေးက ဘယ်လောက်ထိ အရေးကြီးသလဲ။ ၁။ နိုင်ဗညားမွန် (ဒါရိုက်တာ - မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ) ၂။ ဆလိုင်းကစ်(ပ်) (ဖက်ဒရယ်ရေးရာနှင့် ပင်လုံသမိုင်း ကြောင်း ဆိုင်ရာကျွမ်းကျင်သူ) ၃။ Naw Zember Paw (Founder / Food Not Bombs Kawthoolei) ၄။ စိုင်းကျော်စောဟန် (သျှမ်းကျောင်းသားသမဂ္ဂ) ၅။ ထိန်မောင် နော်တောင် (FJMM / Moderator)

1
ဧရာဝတီမြစ်ရေဆက်မြင့်တက်နေဆဲဖြစ်လို့ စိုးရိမ်ရေအမှတ် ၄ ပေကျော်ရောက်လာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာ ဇူလိုင် ၁၊ ၂၀၂၄ မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့မှာ ဧရာဝတီမြစ်ရေဆက်တက်နေသလို ဒီနေ့ကနေ့မနက်ပိုင်းက တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်ထက် ၄ ပေကျော်နေပြီလို့ ပြည်နယ်မိုးဇလက ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်ရေဟာ တစ်နာရီအတွင်း ၇ စင်တီမီတာ ၃ လက္မနှုန်းခန့် တက်နေတယ်လို့ ဖော်ပြထားပြီး မြစ်ရေဟာ မြစ်ကြီးနားမြို့ ကမ်းနားလမ်း တာရိုးကုန်းအထိရောက်လာနေပြီဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေဟာ နောက် ၁၀ ရက်အတွင်း ၆ ပေကနေ ၁၀ ပေထိ ထပ်ပြီး မြင့်တက်လာနိုင်တယ်လို့ မိုးဇလက ဆိုထားသလို ဧရာဝတီအပါအဝင် မြန်မာနိုင်ငံက အဓိကမြစ်တွေရဲ့ရေမျက်နှာပြင်ဟာ မြို့ ၂၀ကျော်မှာ စိုးရိမ်ရေအမှတ်ထက် ကျော်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့မြို့ရွာတချို့မှာတော့ ကယ်ဆယ်ရေးမလုံလောက်လို့ ပြည်သူထောင်ကျော်လည်း ပိတ်မိနေတယ်လို့ ဒေသတွင်းသတင်းတွေကဆိုကြပါတယ်။ Video - မြစ်ကြီးနား ကမ်းနားလမ်းတာရိုးကုန်း https://youtu.be/9dxqb7zg_Bg
Показати все...
ဧရာဝတီမြစ်ရေဆက်မြင့်တက်နေဆဲဖြစ်လို့ စိုးရိမ်ရေအမှတ် ၄ ပေကျော်ရောက်လာ

ဧရာဝတီမြစ်ရေဆက်မြင့်တက်နေဆဲဖြစ်လို့ စိုးရိမ်ရေအမှတ် ၄ ပေကျော်ရောက်လာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာ ဇူလိုင် ၁၊ ၂၀၂၄ မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့မှာ ဧရာဝတီမြစ်ရေဆက်တက်နေသလို ဒီနေ့ကနေ့မနက်ပိုင်းက တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်ထက် ၄ ပေကျော်နေပြီလို့ ပြည်နယ်မိုးဇလက ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်ရေဟာ တစ်နာရီအတွင်း ၇ စင်တီမီတာ ၃ လက္မနှုန်းခန့် တက်နေတယ်လို့ ဖော်ပြထားပြီး မြစ်ရေဟာ မြစ်ကြီးနားမြို့ ကမ်းနားလမ်း တာရိုးကုန်းအထိရောက်လာနေပြီဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေဟာ နောက် ၁၀ ရက်အတွင်း ၆ ပေကနေ ၁၀ ပေထိ ထပ်ပြီး မြင့်တက်လာနိုင်တယ်လို့ မိုးဇလက ဆိုထားသလို ဧရာဝတီအပါအဝင် မြန်မာနိုင်ငံက အဓိကမြစ်တွေရဲ့ရေမျက်နှာပြင်ဟာ မြို့ ၂၀ကျော်မှာ စိုးရိမ်ရေအမှတ်ထက် ကျော်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့မြို့ရွာတချို့မှာတော့ ကယ်ဆယ်ရေးမလုံလောက်လို့ ပြည်သူထောင်ကျော်လည်း ပိတ်မိနေတယ်လို့ ဒေသတွင်းသတင်းတွေကဆိုကြပါတယ်။ Video - မြစ်ကြီးနား ကမ်းနားလမ်းတာရိုးကုန်း

👍 4😢 3
နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် | အပိုင်း (၁၅) https://youtu.be/PjOaQtSEV0w မိတ်ဆက် – ဒီတပတ် နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ် မှာတော့ "ခေတ်ဟောင်း ပဒေသရာဇ် အတွေးအခေါ်နှင့် တပြည်ထောင် ပြည်တွင်း ကိုလိုနီစနစ်“ ဆိုတဲ့ ခေါင်းစဉ်နဲ့ အခန်းဆက်ဆက်လက်ထုတ်လွင့် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အခုအစီအစဉ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ ဝမ်ဆန်ဝါး (Vansangva - အမြင့်ပျံငှက်) ဝိုင်းတော်သားများက နိုင်ငံရေး လူထုအသိပညာပေး အစီအစဉ်ကနေ လေ့လာ သိရှိခွင့်ရရှိ စေဖို့နဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြီး တည်ဆောက် နိုင်ရေးမှာ အထောက်အပံ့ ဖြစ်စေဖို့ မျှော်ရည်ကာ ပူးပေါင်းတင်ဆက်ခြင်း ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ သတင်းကွန်ရက် စာမျက်နှာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။ အခုအစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူး တင်ရှိပါတယ်။ နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ်နှင့် စပ်လျဉ်း ပြီး ပိုမိုသိရှိလိုတဲ့ အကြောင်းအရာရှိပါက [email protected] / Federal Journal Facebook Chat Box, Comments တို့ကနေလည်း လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ #FJMM_Lecture_series_Part_15 #Vansangva_Episodes #Transformation_Movement_For_Bottom_up_Federalism
Показати все...
နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် | အပိုင်း (၁၅)

နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် | အပိုင်း (၁၅) မိတ်ဆက် – ဒီတပတ် နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ် မှာတော့ "ခေတ်ဟောင်း ပဒေသရာဇ် အတွေးအခေါ်နှင့် တပြည်ထောင် ပြည်တွင်း ကိုလိုနီစနစ်“ ဆိုတဲ့ ခေါင်းစဉ်နဲ့ အခန်းဆက်ဆက်လက်ထုတ်လွင့် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အခုအစီအစဉ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ ဝမ်ဆန်ဝါး (Vansangva - အမြင့်ပျံငှက်) ဝိုင်းတော်သားများက နိုင်ငံရေး လူထုအသိပညာပေး အစီအစဉ်ကနေ လေ့လာ သိရှိခွင့်ရရှိ စေဖို့နဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြီး တည်ဆောက် နိုင်ရေးမှာ အထောက်အပံ့ ဖြစ်စေဖို့ မျှော်ရည်ကာ ပူးပေါင်းတင်ဆက်ခြင်း ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ သတင်းကွန်ရက် စာမျက်နှာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။ အခုအစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူး တင်ရှိပါတယ်။ နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ်နှင့် စပ်လျဉ်း ပြီး ပိုမိုသိရှိလိုတဲ့ အကြောင်းအရာရှိပါက [email protected] / Federal Journal Facebook Chat Box, Comments တို့ကနေလည်း လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ #FJMM_Lecture_series_Part_15 #Vansangva_Episodes #Transformation_Movement_For_Bottom_up_Federalism

ဖက်ဒရယ်စနစ်ကို အသွင်းပြောင်းတည်ဆောက်နေကြသည့် မြန်မာ့နိုင်ငံရေးအကူးအ ပြောင်းတွင်လည်း ဤအချက်များအား ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးအား ဖက်ဒရယ်စနစ်သို့အသွင် ကူးပြောင်းတည်ဆောက်ကြရာတွင် အတူယှဉ်တွဲနေထိုင်သည့်ဖက်ဒရယ်စနစ် (HOLDING TOGETHER FEDERAL SYSTEM )နဲ့သွားကြမည်လော့ သို့မဟုတ် အတူပူးပေါင်းနေထိုင်ခြင်း (COMING TOGETHER FEDERAL SYSTEM ) နှင့် သွားကြမည်လော့ ဟူသည့် မေးခွန်းအား ဆုံးဖြတ်ကြရမှာ ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် ဖက်ဒရယ်ယူနစ် သတ်မှတ်ရာတွင် နယ်မြေကို အခြေခံသည့် ဖက်ဒရယ်ယူနစ် (TERRITORIAL FEDERAL UNITE)ဖြင့် သွားကြမည်လော့၊ သို့မဟုတ် လူမျိုးကို အခြေခံသည့် ဖက်ဒရယ်ယူနစ် နဲ့(ETHNNO FEDERAL UNITE) သွားကြမည် လော့ တိတိကျကျ ချမှတ်ဖို့လိုအပ်ပါသည်။ - Areng Pui | အတွေးအမြင် Website တွင် ဆက်လက် ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-18876-2/
Показати все...
ဖက်ဒရယ်စနစ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုခြင်း (DEFINITION OF FEDERALISM) | Federal Journal Myanmar

ဖက်ဒရယ်စနစ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုခြင်း (DEFINITION OF FEDERALISM) Areng Pui ကမ္ဘ့ာနိုင်ငံပေါင်းများစွာထဲတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအား ကျင့်သုံးသည့် နိုင်ငံပေါင်း (၂၅) နိုင်ငံရှိပြီး ၎င်း (၂၅) နိုင်ငံတွင် နေထိုင်သူ ဦးရေသည် ကမ္ဘာ့လူဦးရေ၏ (၄၀) ရာခိုင်နှုန်းရှိသည် ဟု သိရသည်။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးကျင့်သည့် ကမ္ဘာ့နိုင်ငံများကို လေ့လာ ကြည့်လျင် မတူစုံလင်ကွဲပြားသည့် မျိုးနွယ်စုများ၊ ဘာသာတရားများ၊ ယဉ်ကျေးမှုဓလေ့များနဲ့ စုံလင်နေ တဲ့ လူ့ဘောင်အဖွဲ့ အစည်းများ ဖြင့် ဖွဲ့စည်းထားပါသည်။ ဖက်ဒရယ်စနစ်သည် မတူစုံလင်ခြင်းကို စုံမက်ပေးသည့် နိုင်ငံရေးသီအိုရီတစ်ခုဟု နိုင်ငံရေးပညာရှင်များက ဆိုကြသည်။ မြန်မာ့လူ့ ဘောင်အဖွဲ့အစည်းနဲ့ ယှဉ်ထိုးကြည့် မည်ဆိုလျင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ သက်ဝင်ယုံကြည်သည့် ဘာသာတရား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ စုံလင်စွာ ရှိနေသည်ကို …

👍 2
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခြေလှမ်းသစ်တွေကို ဘယ်လို လှမ်းကြမလဲ(စကားဝိုင်း) - မြန်မာပြည်အတွက် ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရေးက ဘယ်လောက်ထိ အရေးကြီးသလဲ။ - ဖက်ဒရယ်ပြည်ထောင်စုအိမ်မက်ကို အကောင်အထည်မဖော်နိုင်သေးသည့် အဓိက အကြောင်းရင်းတွေက ဘာလဲ။ လက်ရှိစိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားကြမလဲ။ - နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်တည်ဆောက်ရေးအတွက် လူမှုသဟဇာတဖြစ်ဖို့ ယုံကြည်မှုတွေကို ဘယ်လိုတည်ဆောက်ကြမလဲ။ - အနာဂတ်မှာ မြန်မာပြည်ကို စစ်မှန်တဲ့ ဖက်ဒရယ်စနစ် တည်ဆောက် နိုင်ခဲ့မယ်ဆိုရင် လွတ်လပ်၊ ငြိမ်းချမ်း၊ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတကာအလည်မှာ ဘယ်လောက်ထိ ထွန်းပေါက်မယ့် ပြည်ထောင်စုကြီး ဖြစ်လာနိုင်မလဲ။ – ပါဝင် ဆွေးနွေးသူများ ၁။ နိုင်ဗညားမွန် (ဒါရိုက်တာ – မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ) ၂။ ဆလိုင်းကစ်(ပ်) (ဖက်ဒရယ်ရေးရာနှင့် ပင်လုံသမိုင်း ကြောင်း ဆိုင်ရာကျွမ်းကျင်သူ) ၃။ Naw Zember Paw (Founder / Food Not Bombs Kawthoolei) ၄။ စိုင်းကျော်စောဟန် (သျှမ်းကျောင်းသားသမဂ္ဂ) ၅။ ထိန်မောင် နော်တောင် (FJMM / Moderator) ——— အစီအစဉ် Date – June 29, 2024 Time – 6: 00pm (MMT) ——– ၁။ အခု စကားဝိုင်း အစီအစဉ်ကိုတော့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများရဲ့ သတင်း ကွန် ရက် ဖေ့စ်ဘုတ် စာမျက်နှာများကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက်နေတာ ဖြစ်ပါတယ်။ ၂။ အခု စကားဝိုင်း အစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူး တင်ရှိပါတယ်။ #ဖက်ဒရယ်ပြည်ထောင်စု #တည်ဆောက်ရေး_ခြေလှမ်းသစ် #စကားဝိုင်း #FJMM #June_TalkShow_2024 #မိတ်ဖက်မီဒီယာ #မိတ်ဖက်အဖွဲ့အစည်းများ https://youtu.be/lKc-xw4qnuc
Показати все...
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခြေလှမ်းသစ်တွေကို ဘယ်လို လှမ်းကြမလဲ(စကားဝိုင်း)

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခြေလှမ်းသစ်တွေကို ဘယ်လို လှမ်းကြမလဲ(စကားဝိုင်း) - မြန်မာပြည်အတွက် ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရေးက ဘယ်လောက်ထိ အရေးကြီးသလဲ။ - ဖက်ဒရယ်ပြည်ထောင်စုအိမ်မက်ကို အကောင်အထည်မဖော်နိုင်သေးသည့် အဓိက အကြောင်းရင်းတွေက ဘာလဲ။ လက်ရှိစိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားကြမလဲ။ - နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်တည်ဆောက်ရေးအတွက် လူမှုသဟဇာတဖြစ်ဖို့ ယုံကြည်မှုတွေကို ဘယ်လိုတည်ဆောက်ကြမလဲ။ - အနာဂတ်မှာ မြန်မာပြည်ကို စစ်မှန်တဲ့ ဖက်ဒရယ်စနစ် တည်ဆောက် နိုင်ခဲ့မယ်ဆိုရင် လွတ်လပ်၊ ငြိမ်းချမ်း၊ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတကာအလည်မှာ ဘယ်လောက်ထိ ထွန်းပေါက်မယ့် ပြည်ထောင်စုကြီး ဖြစ်လာနိုင်မလဲ။ – ပါဝင် ဆွေးနွေးသူများ ၁။ နိုင်ဗညားမွန် (ဒါရိုက်တာ – မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ) ၂။ ဆလိုင်းကစ်(ပ်) (ဖက်ဒရယ်ရေးရာနှင့် ပင်လုံသမိုင်း ကြောင်း ဆိုင်ရာကျွမ်းကျင်သူ) ၃။ Naw Zember Paw (Founder / Food Not Bombs Kawthoolei) ၄။ စိုင်းကျော်စောဟန် (သျှမ်းကျောင်းသားသမဂ္ဂ) ၅။ ထိန်မောင် နော်တောင် (FJMM / Moderator) ——— အစီအစဉ် Date – June 29, 2024 Time – 6: 00pm (MMT) ——– ၁။ အခု စကားဝိုင်း အစီအစဉ်ကိုတော့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများရဲ့ သတင်း ကွန် ရက် ဖေ့စ်ဘုတ် စာမျက်နှာများကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက်နေတာ ဖြစ်ပါတယ်။ ၂။ အခု စကားဝိုင်း အစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူး တင်ရှိပါတယ်။ #ဖက်ဒရယ်ပြည်ထောင်စု #တည်ဆောက်ရေး_ခြေလှမ်းသစ် #စကားဝိုင်း #FJMM #June_TalkShow_2024 #မိတ်ဖက်မီဒီယာ #မိတ်ဖက်အဖွဲ့အစည်းများ

👍 5
အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး မိမိကိုယ်ကို သာသနာပြုမင်းလို့ ခံယူထားတယ်။ တစ်ဖက်မှာ ဘုရားတည်ပြတယ်။ ထီးတင်ပြတယ်။ သာသနာကို လာဘ်လာဘ ဘုန်းကြီးတွေနဲ့ ပြုတယ်။ အမျိုး ဘာသာ သာသနာဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ကိုယ်ကျိုးရှာ ဘုန်းကြီးတွေက ထောက်ခံကြတယ်။ ဒါကလည်း ၂၀၂၁ နွေဦးတော်လှန်ရေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာတည်မြဲရေးကို တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုနေတယ်။ ညာဏ်လင်းပြည့် | သတင်းဆောင်းပါး Website တွင် ဆက်လက် ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-18872-2/
Показати все...
၂၁ ရာစုရဲ့ နရသူ(ခေါ်) သာသနာဖျက် စစ်ခေါင်းဆောင် | Federal Journal Myanmar

၂၁ ရာစုရဲ့ နရသူ(ခေါ်) သာသနာဖျက် စစ်ခေါင်းဆောင် ညာဏ်လင်း | သတင်းဆောင်းပါး ခေတ်အဆက်ဆက်မြန်မာနိုင်ငံရဲ့ သမိုင်းမှာ နိုင်ငံရေးပြဿနာကို ဘာသာရေးပြဿနာအဖြစ် ပြောင်းလဲ ပုံဖော်တက်ကြတယ်။ ဒါကလည်း မြန်မာလူမျိုးတွေရဲ့ ဘာသာရေးသက်ဝင်ယုံကြည်မှုက အုပ်ချုပ်သူတွေ လွယ်လွယ်ကူကူအယုံသွင်းလို့ရတဲ့ အားနည်းချက်တစ်ခုလို ဖြစ်နေလို့ပါပဲ။ ၂၁ ရာစုရောက်နေတဲ့ အချိန်မှာတောင် ဒီလိုအတွေးအခေါ်ကိုလက်ကိုင်ထားပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်နေတဲ့သူက ရှိနေတုန်းပါပဲ။ အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး မိမိကိုယ်ကို သာသနာပြုမင်းလို့ ခံယူထားတယ်။ တစ်ဖက်မှာ ဘုရားတည်ပြတယ်။ ထီးတင်ပြတယ်။ သာသနာကို လာဘ်လာဘ ဘုန်းကြီးတွေနဲ့ ပြုတယ်။ အမျိုး ဘာသာ သာသနာဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ကိုယ်ကျိုးရှာ ဘုန်းကြီးတွေက ထောက်ခံကြတယ်။ ဒါကလည်း ၂၀၂၁ နွေဦးတော်လှန်ရေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာတည်မြဲရေးကို တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုနေတယ်။ …

👍 4
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.