uk
Feedback
တောင်ပေါ်သား ရှမ်းကိုးမီး

တောင်ပေါ်သား ရှမ်းကိုးမီး

Відкрити в Telegram

တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Показати більше

📈 Аналітичний огляд Telegram-каналу တောင်ပေါ်သား ရှမ်းကိုးမီး

Канал တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 25 227 підписників, посідаючи 12 759 місце в категорії Фільми та 5 743 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 25 227 підписників.

За останніми даними від 01 березня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -1 144, а за останні 24 години на 0, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 0%. Протягом перших 24 годин після публікації контент зазвичай збирає N/A% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 0 переглядів. Протягом першої доби публікація в середньому набирає 0 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 0.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Завдяки високій частоті оновлень (останні дані отримано 02 березня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Фільми.

25 227
Підписники
Немає даних24 години
-3887 днів
-1 14430 день
Архів дописів
IMDb 8.1/10 ဗီဂျေးရဲ့ ကားဟောင်း၊ ကားကောင်း ခပ်မိုက်မိုက် နှစ်ကိုယ်ခွဲရုပ်ရှင်လေးတစ်ခုကို ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်လမ်းသွား တော်တော်လေးမိုက်တာကြောင့် remake ဆရာကြီး အက်ရှေးကူးမားကတောင် ပြန်ပြီး remake လုပ်မယ်လို့ သတင်းတွေထွက်ဖူးခဲ့တဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ဇာတ်လိုက်ဖြစ်သူ ကာသီဟာ ထောင်ကို ၁၈ ကြိမ်ဖောက်ဖူးတဲ့၊ ရဲတွေကတောင် ထောင်ဖောက်တဲ့သူတွေကို ဖမ်းဖို့အတွက် တဖန်ပြန်ပြီး အကူအညီတောင်းရတဲ့ ထောင်မင်းသားတစ်ယောက်ပါ။ တစ်ခါမှာတော့ အဲဒီလိုပဲ ထောင်ဖောက်ပြေးရင်း သူ့ရှေ့မှာ ပစ်ခတ်မှုတစ်ခုဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီပစ်ခတ်မှုမှာ ဒဏ်ရာရသွားတဲ့သူက သူနဲ့ ရုပ်တထေရာတည်းတူနေတဲ့ ဗီရာဆိုတဲ့သူဖြစ်နေတာကြောင့် အဲဒီ ဗီရာအယောင်ဆောင်ပြီး ရဲတွေမမိအောင်ရှောင်နေရင်း ထောင်မင်းသားဘဝကနေ နင်းပြားတွေရဲ့သူရဲကောင်း ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။

Kaththi (2014) "ဓါး" "ဆင်းရဲသားပြည်သူတွေရဲ့ ခေါင်းဆောင်"
Kaththi (2014) "ဓါး" "ဆင်းရဲသားပြည်သူတွေရဲ့ ခေါင်းဆောင်"

IMDb 6.2 တမီးလ်မင်းသား Vijay နဲ့ မင်းသမီးချော Kajal Aggarwal တို့ ပါဝင်ထားတဲ့ အက်ရှင်ဇာတ်လမ်းဟောင်းလေးကို ပြန်လည်တင်ဆက်လိုက်ပါတယ် ရုံတင်ငွေ ရူပီး ၈၅ ကုဋေရရှိတဲ့ ဒီရုပ်ရှင်လေးမှာ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ ရှန်သီက လူမိုက်ခေါင်းဆောင်တစ်ယောက်ရဲ့ ညာလက်ရုံးမွေးစားသားတစ်ယောက် ငယ်ငယ်က သူ့အဖေကို ရဲတစ်ယောက်က သတ်သွားလို့ ရဲဆိုရင်ဇွတ်မုန်းနေပြီး အိန္ဒိယရဲတွေဝတ်တဲ့ ကာကီရောင်ဝတ်လာတဲ့ လုံခြုံရေးကို ရန်လုပ်လို့လုပ် ရဲသားကြီးဖြစ်ချင်တယ်လို့ ထဖြေတဲ့ ကျောင်းသားတစ်ယောက်ကိုလည်း ထောက်ချွန်နဲ့သွားထိုးတဲ့ အထိပါပဲ ဒါပေမဲ့ သူ့မွေးစားအဖေ လူမိုက်ခေါင်းဆောင်က သူအကာအကွယ်ရဖို့ ရှန်သီ့ကို ရဲတပ်ဖွဲ့ထဲ ဝင်ခိုင်းတဲ့အခါမှာတော့ ဘယ်လိုအလှည့်အပြောင်းတွေဆက်ဖြစ်ဦးမလဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦး

Jilla (2014) "ရဲကို အရမ်းမုန်းတဲ့ ဂျီလာ"
Jilla (2014) "ရဲကို အရမ်းမုန်းတဲ့ ဂျီလာ"

IMDb 6.3 ရုပ်ရှင်နောက်တစ်ကားရိုက်ပြီးရင် အနားယူပြီး နိုင်ငံရေးလောကထဲကို ဝင်တော့မယ်လို့ သတင်းထွက်ထားတဲ့ အက်ရှင်မင်းသား Vijay ရဲ့ ၂၀၁၃ က ကားအဟောင်းလေးကို ပြန်တင်ပေးလိုက်ပါတယ် တမီးလ်စကားပြော action/thriller ဂန်းစကားကားတစ်ကား ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ၁၉၈၈ ဘုမ်ဘေမှာ အဓိကရုဏ်းတစ်ခုဖြစ်ပွားပြီး သားအဖနှစ်ယောက်ကို လူတစ်စုရဲ့ အန္တရာယ်ကနေ ရာမာဒူရိုင်ဆိုတဲ့ လူက ဝင်ကယ်ပေးလိုက်ပါတယ် ရာမာဒူရိုင်ဆိုသူက ဘာရာဗီ တမီးလ်ပြည်သူ့ဂိုဏ်းတစ်ဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ပြိုင်ဘက်ဂိုဏ်းက တစ်နေ့ သူ့ရဲ့မိန်းမနဲ့ ဂိုဏ်းခေါင်းဆောင်ကို သတ်သွားရာကနေ ဂိုဏ်းခေါင်းဆောင်နေရာကို တာဝန်ဝင်ယူလိုက်ရပါတယ် မိတဆိုးသားလေး ဗစ်ရှ်ဝါ(Vijay)ကို သူကယ်ခဲ့တဲ့ သားအဖလက်ထဲ ထည့်ပေးလိုက်ပြီး အဝေးတစ်နေရာမှာ စောင့်ရှောက်ခိုင်းထားခဲ့ပါတယ် ဒီလိုနဲ့ ပစ္စုပ္ပန်ကာလမှာ ဗစ်ရှ်ဝါ လိုဂူနဲ့ သူ့သူငယ်ချင်းတို့ dance group ထောင်ပြီး သာမန်ဘဝလေးကို ဖြတ်သန်းနေပေမဲ့ ဘာရာဗီမှာ ကျန်ခဲ့တဲ့ အဖေဖြစ်သူ ဂိုဏ်းခေါင်းဆောင် ရာမာဒူရိုင် သေဆုံးပြီးနောက်မှာတော့…. ရေသန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ dancer ခပ်ပေါပေါ ဗစ်ရှ်ဝါလည်း ဂေါ့ဖားသားထဲက မိုက်ကယ်ကော်လီယွန်နီလိုမျိုး မိသားစုတာဝန်ကို မဖြစ်မနေ ပခုံးထမ်းရမဲ့ အခြေအနေကို ရောက်လာတဲ့အချိန် ရှိရှိသမျှ ပဋိပက္ခတွေကို သူဆက်လက်ပြီး တာဝန်ယူဖြေရှင်းနိုင်ပါ့မလား တရားဥပဒေက ကာကွယ်မပေးထားနိုင်တဲ့ တမီးလ်နင်းပြားအဖိနှိပ်ခံပြည်သူတွေရဲ့ ကယ်တယ်ရှင်အဖြစ် Vijay ကို အက်ရှင်ဇာတ်ကွက် အချစ် အလွမ်း အနု အကြမ်း ရသ စုံလင်စွာ ခံစားကြည့်ရှုရမှာဖြစ်ပါကြောင်း။

Thalaivaa (2013) "အမွေခံသား"
Thalaivaa (2013) "အမွေခံသား"

Thuppakki (2012) 720p

IMDb – 8.1/10 ပြောထားတဲ့အတိုင်း ဗီဂျေးအသည်းစွဲ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဗီဂျေးစုစည်းမှုအနေနဲ့ ဗီဂျေးရဲ့ ဝေဖန်သံတွေနဲ့အတူ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုံတင်ကား အဟောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပြန်ပါပြီဗျ။ မင်းသမီးလေးကလည်း တောင်ပိုင်းကားတွေရော မြောက်ပိုင်းကားတွေမှာပါပါဝင်တဲ့ ခင်ဗျားတို့ရော ကျွန်တော်ရောချစ်ရတဲ့ ဘိုင်ရာဘာမင်းသမီးလို့ နာမည်ကြီးတဲ့ မင်းသမီးချောလေး ကာဂျဲအက်ဂါဝဲပဲဖြစ်ပါတယ်၊ ကွန်မန်ဒိုမင်းသား ဗီဒရွတ်လည်းပါဝင်အားဖြည့်ထားတာမို့ အဟောင်းထဲက အကောင်းတောင့်တနေတဲ့ ပရိသတ်ကြီးအကြိုက်တွေ့မဲ့ကားပါ ဗီဂျေးက ကတ်ရှ်မီးကနေ မွမ်ဘိုင်းကို ခွင့်နဲ့ပြန်လာခဲ့တဲ့စစ်သားတစ်ယောက်၊ ရထားဘူတာမှာပဲ မိသားစုက လာကြိုပြီး စေ့စပ်ကြောင်းလမ်းဖို့ရာအရေး အလျင်စလိုတန်းခေါ်ချင်းခံရရော။ အဲဒီမှာ မင်းသမီးကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို မကြိုက်နိုင်ဘူး ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ ကြေးများ။မင်းသမီးရဲ့ တကယ့်စရိုက်အမှန်ကိုမြင်သွားတော့ လွတ်တဲ့ငါး ကြီးရုံမက မိုနာ့ချ်ထဲမှာ ဖြတ်လျောက်ပါတဲ့ ဂေါ်ဇီလာကြီးလောက် ဖြစ်နေပါရောလား။ ဒီမှာတင်ပဲ တစ်ယောက်နဲ့တစ်ယောက် ရန်စကလေးတွေနဲ့ ဇာတ်လမ်းစတော့တာပေါ့။ ဒါက ဒရာမာတဖြတ်။ တစ်နေ့ ဗီဂျေးလမ်းမှာသွားနေတုန်း ဘတ်စ်ကား ဗုံးဖောက်ခွဲခံရတာနဲ့ကြုံ။ လက်သည်ကို ဖမ်းမိလိုက်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် လွတ်သွားရာကနေ မီးခိုးကြွက်လျောက်လိုက်တဲ့အခါမှာ မထင်မှတ်ထားတာတွေဖြစ်။ဒါက အက်ရှင်တဖြတ်။ ဒီလို အချစ် ဒရာမာ အက်ရှင်ဇာတ်ကြမ်းကားကြီးကို ကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့။

Thuppakki (2012) "ပစ်မှတ်"
Thuppakki (2012) "ပစ်မှတ်"

ဒီဇာတ်ကားကတော့ တောင်ပိုင်းရုပ်ရှင်ချစ်ပရိသတ်အသည်းစွဲ မင်းသားကြီး ဗီဂျေးနဲ့ မင်းသမီး အီလ်ယာနာ ဒီခရုဇ်တို့ ပါဝင်ထားတဲ့ Comedy/Dramaအမျိုးအစားပဲဖြစ်ပါတယ်။ IMDb rating 7.8အထိ ရရှိထားတဲ့ တမီလ်ရုပ်ရှင်တစ်ကားပါ။ ဒီကားက အမာရ်ခန်းရဲ့ ဟင်ဒီရုပ်ရှင် 3idiots(2009)ကို Remakeပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘောလိ၀ုဒ်ပရိသတ်တွေ အလွတ်ရတဲ့အထိ မှတ်မိနေပြီးဖြစ်တဲ့အတိုင်း သူငယ်ချင်းသုံးယောက်နဲ့ပဲ ဇာတ်အိမ်တည်ထားတာပါ။ ဟင်ဒီရုပ်ရှင်ကို အမာရ်ခန်းတို့လို ဟင်ဒီသရုပ်ဆောင်တွေနဲ့ ကြည့်ဖူး စိတ်ထဲစွဲဖူးနေသူတို့အတွက် ခံစားမှု တမျိုးတမည်နဲ့ ကြည့်ရှုရမဲ့ တောင်ပိုင်းရုပ်ရှင်းကားလေးမို့ ကြည့်ရှုခံစားကြပါဦး။

ပရိတ်သတ်များအချစ်တော် စွယ်စုံရမင်းသားဗီဂျေးရဲ့ ရုံတင်ငွေအရလဲအောင်မြင်ခဲ့ပြီး ဇာတ်လမ်းအရလဲ ရသစုံလင်တဲ့ ဇာတ်ကားကောင်းတွေကို CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးပါရစေ ဇာတ်လမ်းအစမှာတော့ အိန္ဒိယတောင်ပိုင်းမှာ လူကုန်ကူးမှုတွေ ဗုံးခွဲမှုတွေကို စီစဉ်နေတဲ့အဖွဲ့ကို ဝင်ရောက်သတင်းထောက်တဲ့ မင်းသမီးတို့ သူငယ်ချင်းသုံးယောက်နဲ့စပါတယ်… လူဆိုးတွေက သူတို့ကို သတင်းခိုးယူနေတာသိလို့ လိုက်သတ်တဲ့အခါမှာ မင်းသမီးက ဓားဒဏ်ရာနဲ့လွတ်သွားပြီး ကျန်တဲ့နှစ်ယောက်ကသေဆုံးသွားပါတယ်.. လူဆိုးတွေလဲ ကံဆိုးချင်တော့ အပြန်မှာ အက်ဆီးဒင့်ဖြစ်ပြီး သေသွားပါတယ်… အဲ့ဒါကို မင်းသမီးက အမှန်တရားဘက်တော်သား ဗယ်လာယူဒမ်က လုပ်ကြံခဲ့တာလို့ စာရေးခဲ့ပြီး ဘတ်မန်းလိုမျိုး နာမည်ကြားတာနဲ့ လူဆိုးတွေကြောက်ရွံ့မဲ့ အမှတ်အသားတစ်ခုကို စတင်ဖန်တီးခဲ့ပါတော့တယ် နာမည်အရင်းက တကယ့် ဗယ်လာယူဒမ်ဖြစ်တဲ့ ရွာသားတွေ ဗယ်လူလို့ခေါ်ကြတဲ့ ဗီဂျေးကတော့ ဒါတွေကိုဘာမှမသိပဲ သိပ်ချစ်ရတဲ့ ညီမလေးကိုခေါ်ပြီး မြို့တက်လာခဲ့တဲ့ တောသားလေးပါ ဒါပေမဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး ဗယ်လူဟာ ဗယ်လာယူဒမ်ဖြစ်လာတဲ့အခါ…. ဇာတ်လမ်းလေးလန်းသလို ဗီဂျေးရဲ့ အချစ်အကြမ်းအကခန်းတွေနဲ့ မြိုင်ဆိုင်တဲ့အပြင် ဂိမ်မာတွေအတွက် Assassin Creed စတိုင် ဗီဂျေးရဲ့ သောက်ကြမ်းကြီး ဗယ်လာယူဒမ်ကို ခံစားကြည့်ရှုနိုင်ဖို့ ပြန်လည်ကာရှာဖွေတင်ဆက်ပေးလိုက်ပါတယ်

Velayudham (2011) "စူပါဟီးရိုး ဗီဂျေး"
Velayudham (2011) "စူပါဟီးရိုး ဗီဂျေး"

IMDb – 7.6/10 ယခုတစ်ခါမှာတော့ ဗီဂျေးမင်းသားရဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဇာတ်လိုက်တွေထဲမှာလည်း နာမည်ကြီးတွေပါတဲ့အတွက် အဟောင်းထဲက အကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ချန်နိုင်းမြို့မှာ ဂိုဏ်းတွေကြီးစိုးနေပြီးတော့ အဲဒီထဲမှာမှ နာရာဆင်မဟန်နဲ့ အာလီဘိုင်တို့ရဲ့ ဂိုဏ်းကတော့ အမြဲတမ်း ရန်ပွဲတွေရှိပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပါတော့တယ်။ ဒီအချိန်မှာ ချန်နိုင်းကို အရာရှိအသစ်ပြောင်းလာခဲ့ပြီးတော့ နာမည်ကတော့ မိုဟာမတ် မိုင်ဒီခန်းလို့ခေါ်ပါတယ်။ သူဟာ ပြောင်းရွှေ့လာပြီးပြီးချင်းမှာ ပထမဆုံးယူရတဲ့ တာဝန်ကတော့ သောင်းကျန်းနေတဲ့ ဂိုဏ်းတွေကို ဖြိုခွင်းဖို့ပါပဲ။ လုပ်ရပ်နဲ့သက်သေပြတယ်လို့ပဲ ပြောရမလား၊ တာဝန်ထမ်းဆောင်ချိန် ၄၈နာရီအတွင်းမှာပဲ လူမိုက် ၃၀၀ကျော်ကို ဖမ်းပြီးတော့ လူမိုက်၈ယောက်ကတော့ အသတ်ခံလိုက်ရပါတယ်။ ဒီလိုအချိန်မှာပဲ ပိုက်ဆံအတွက်ဆိုရင် ဘာမဆိုလုပ်တဲ့ လူမိုက်လေးတစ်ယောက်လည်း ချန်နိုင်းမှာရှိနေပါတယ်။ သူဟာ ချစ်မိသွားပြီဆိုတဲ့ ဒုက္ခတွေ့ပြီမှတ်လို့ ယုံကြည်ထားခဲ့ပေမယ့် ရှရူသီလို့ခေါ်တဲ့ ကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိသွားပါတော့တယ်။ ဒါပေမဲ့လည်း လူမိုက်လေးချစ်မိသွားတဲ့ ကောင်မလေးဟာ အကြမ်းဖက်တဲ့ကိစ္စကို အရမ်းကို မုန်းတီးတဲ့သူဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ပိုက်ဆံအတွက်ဆိုရင် ဘာမဆိုလုပ်တဲ့ လူမိုက်လေးနဲ့ အကြမ်းဖက်မှုတွေဆိုရင် မုန်းတီးတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းမှာ ဘယ်လို အတားအဆီးတွေကို ဖြတ်ကျော်ရမလဲ…… ချန်နိုင်းမှာ သောင်းကျန်းနေတဲ့ ဂိုဏ်းတွေနဲ့ရော လူမိုက်လေးနဲ့ ဘယ်လိုတွေ ဆက်စပ်ပြီးတော့ ဘာတွေဆက်ပြီးဖြစ်မလဲဆိုတာကို ကြည့်ရှုရမယ့် အကြမ်းအရမ်းအက်ရှင်ကားလေးပဲဖြစ်ပါတယ်

Pokkiri (2007) "လူမိုက်ကလေးရဲ့ ချစ်ပုံပြင်"
Pokkiri (2007) "လူမိုက်ကလေးရဲ့ ချစ်ပုံပြင်"