cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

bollywood (ကုလားကား သီးသန့်)

bollywood အိန္ဒိယဇာတ်ကားကောင်း များအခမဲ့ကြည့်ရှုနိုင်ပါပြီ

Більше
М'янма2 598Бірманська2 417Фільми9 242
Рекламні дописи
31 268
Підписники
+624 години
+2057 днів
+58530 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Фото недоступнеДивитись в Telegram
H-e-l-l-a-r-o (2019) နိုင်ငံခြားဇာတ်ကားအစုံchannel jon👇👇 https://t.me/addlist/WGQx_bDqovgzMGQ1 "အဖိနှိပ်ခံဘဝမှသည်" ============================ IMDb 8.6/10 Rotten tomatoes 100% စီအမ်ရဲ့ ပရိသတ်တွေအတွက် ၂၀၁၉ တုန်းက ထွက်ရှိခဲ့တဲ့ ဂူဂျာရတ်စကားပြော ရုံတင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် rating တွေ ရှယ်ကောင်းတဲ့အပြင် box office မှာလည်း ဘက်ဂျက်ထက် ၇ ဆကျော် ပြန်ရခဲ့ပြီး ဆုတွေလည်း အများကြီးဝင်ခဲ့တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဂူဂျာရတ်ပြည်နယ်ရဲ့ ကန္တာရ လွင်တီးခေါင်ပြင်ထဲက ရှေးရိုးစွဲရွာတစ်ရွာမှာ မိုးခေါင်တာ ၃ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။ အဲဒီရွာထဲက ယောက်ျားတွေဟာဆိုရင် ရွာထဲက မုဆိုးမကနေ နိုင်ငံတော် ဝန်ကြီးချုပ်အထိ မိန်းမတိုင်းဟာ ယောက်ျားတွေထက် နိမ့်ကျသူတွေ၊ မိန်းမဖြစ်နေရင် စာဖတ်တတ်ဖို့တောင်မလို.. မီးဖိုထဲမှာပဲ နေသင့်တဲ့သူတွေလို့ယုံကြည်ကြတဲ့ ဖိုဝါဒီသမားတွေပါ။ တစ်နေ့တော့ သူတို့ရွာထဲက ရွာသားတစ်ယောက်က ၇ တန်းထိ ကျောင်းနေဖူးတဲ့ မြို့ပေါ်က မိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားရာကနေ
Показати все...
Фото недоступнеДивитись в Telegram
Kumari (2022) channel jon👇👇 https://t.me/addlist/WGQx_bDqovgzMGQ1 ဒီတစ်ခေါက်တော့ အိန္ဒိယဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Kumariဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ကူမာရီဟာသာမန်မိန်းကလေးတစ်ယောက်ပါ။အရွယ်ရောက်လာတော့ သူ့အိမ်က လူတွေရဲ့အစီအစဉ်အရကျိန်စာသင့်နယ်မြေက ဆက်ခံသူ ဒရူဗန်နဲ့အိမ်ထောင်ကျခဲ့ပါတယ်။အဲ့နယ်မြေဟာဟိုးအရင်မျိုးဆက်၁၂ဆက်ကတည်းက ရာဇဝင်ဆိုး သမိုင်းဆိုးတွေရှိခဲ့တာပါ။ တချိန်ကအဲ့နယ်မြေရဲ့ အရှင်သော့ပန်ဟာ နတ်တစ်ပိုင်းလူတစ်ပိုင်းဖြစ်တဲ့အီလီမာလာချသန်ရဲ့ အချစ်တော် ကလေးလေးကို သတ်ပစ်ခဲ့မိတဲ့အတွက် နယ်မြေတစ်ခုလုံး ကျိန်စာသင့်ခဲ့ရတာပါ။အဲ့ကျိန်စာကနေ လွတ်မြောက်ဖို့ အရှင်သော့ပန်ဟာနောက်ထပ်မကောင်းတဲ့ဝိဉာဉ်ဆိုးတစ်ခုဖြစ်တဲ့ ဂါရီဒေဗန်ကို ဆင့်ခေါ်ခဲ့ရပါတယ်။ဂါရီဒေဗန်က အဲ့နယ်မြေကို အီလီမာလာချသန်ရဲ့ကျိန်စာကနေ ကာကွယ်ပေးဖို့တစ်ခုတောင်းဆိုခဲ့ပါတယ်။ဂါရီဒေဗန် တောင်းဆိုတာကို အရှင်သော့ပန်က ဖြည့်ဆည်းပေးခဲ့တယ်။အဲ့လိုနဲ့မျိုးဆက်၁၂ဆက်အထိ ကျိန်စာကနေ လွတ်မြောက်ခဲ့တယ်။အခု မျိုးဆက်၁၂ဆက်မြောက်ဒရူဗန့်လက်ထက်မှာ ကျိန်စာဟာ ပြန်လည်ပေါ်ပေါက်လာပြီး ဂါရီဒေဗန်ကို ပြန်လည်ဆင့်ခေါ်ဖို့ဖြစ်လာခဲ့တယ်။
Показати все...
Фото недоступнеДивитись в Telegram
Ma....ndak.......ini (2024) ဇာတ်ကားသစ် =============== (ငါနဲ့ညားတဲ့ သူများရည်းစား) channel jon👇👇 https://t.me/addlist/WGQx_bDqovgzMGQ1 IMDb-6.8/10 တစ်ရံရောအခါက လူပျိုကြီးအာရိုမာတစ်ယောက်။ တစ်သက်မှာတစ်ယောက်ကိုချစ် သူ့ကိုပဲလက်ထပ်ချင်ပါတယ်ဆိုတဲ့ ကိုလူအေးကြီးပေါ့။ အရွယ်ရောက်ရုံမက ကျော်လာတဲ့အချိန်မှာတော့ စိတ်ကူးထဲကချစ်သူလေး အမ်ဘီနီနဲ့တွေ့ပြီး ဘဝကြီးပြည့်စုံသွားပြီလို့ယူဆလိုက်တဲ့သူ။ ဇာတ်လမ်းကတော့ မင်္ဂလာဦးညမှာစတာပဲ သတို့သမီးနဲ့ သတို့သား အရက်ပုလင်းနဲ့ အချိုရည်ခွက် အလွဲလွဲအချော်ချော်တွေဖြစ်ပြီး မှားသောက်မိကြတဲ့အချိန် ထုံးစံအတိုင်းရည်းစားဟောင်းဇာတ်လမ်းတွေ ပြန်ဆွရစ်ကြတော့ သတို့သားကိုလူအေးကြီးက ဘာဇယားမှမရှိခဲ့ပေမဲ့ သတို့သမီးကတော့အရမ်းချစ်ခဲ့တဲ့ရည်းစား‌ဟောင်းဆီကို ခုချက်ချင်းသွားချင်ပါတယ်ဆိုပြီး ထဂျီပါလေရော ။ ရိုးရိုးကုပ်ကုပ်မိသားစုကြား အချောအလှလေးကို ဘယ်လိုများရလာတာလဲဆိုပြီး တီးတိုးပြောနေကြရာက အချောအလှအဖိုးတန်သတို့သမီးလေးရဲ့ မင်္ဂလာဦးညစကားတစ်ခွန်းက တစ်မိသားစုလုံး အံ့ဩတုန်လှုပ်သွားကြတော့တာပဲ။ အရိုးခံနဲ့ အချောအလှဘယ်လိုအလွဲတွေနဲ့ ဆက်စခန်းသွားမလဲရှုစားကြည့်ပါဦး အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် Movie link👉https://t.me/+jqmzBjaLRiw4ZDg1
Показати все...
👍 2
Фото недоступнеДивитись в Telegram
Brothers [2015] ------------------------- channel jon👇👇 https://t.me/addlist/WGQx_bDqovgzMGQ1 ၂၀၁၅ ရဲ့ကားကောင်းတွေထဲက တစ်ကားပါ. IMDb 6.8 ရထားပါတယ်။ အမေကိုသတ်မှုနဲ့ထောင်ထဲဝင်သွားတဲ့ အဖေကို မုန်းတီးနေတဲ့ အလတ်တန်းစားတိုက်ခိုက်ရေးသမားဟောင်း ကျောင်းဆရာအစ်ကိုကြီးဟာ သူ့မိသားစုအတွက်မဖြစ်မနေငွေရှာရတော့မယ့်အခြေအနေမှာ ဘယ်လိုမှ နိုင်ဖို့ မျှော်လင့်ချက်မရှိတဲ့ ကြီးကျယ်တဲ့ တိုက်ခိုက်ရေးပြိုင်ပွဲကြီးကို ဝင်ပြိုင်ပါတော့တယ်။ တချိန်တည်းမှာပဲ ထောင်ကလွတ်လာတဲ့အဖေရဲ့ အကူအညီနဲ့ အဖေတူအမေကွဲ ညီငယ်လေးကပါ ပြိုင်ပွဲထဲမှာ ပါဝင်လာတဲ့အခါ……. တကယ်ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေကြားထဲမှာ မေတ္တာတရားကို ပီပြင်အောင်ရိုက်ပြထားတာကိုတော့ တကယ်ချီးကျူးးမိပါတယ်ဗျာ။
Показати все...
Фото недоступнеДивитись в Telegram
Meda.l 2023 channel jon👇👇 https://t.me/addlist/WGQx_bDqovgzMGQ1 ဒီဇာတ်လမ်းရဲ့အစမှာဆိုရင် ပန်ဂျဘ်ပြည်နယ်တွေရဲတွေက ရဲအင်အားအများကြီးသုံးပြီး ဂိုဏ်းစတား‌တစ်ယောက်ကို ဖမ်းဖို့ကြိုးစားကြတဲ့မြင်ကွင်းနဲ့ အစပြုထားပါတယ်။ဖမ်းဖို့ဒီ‌လောက်ထိ ရဲတွေကကြိုးစားရတဲ့ ဂိုဏ်းစတားကတော့ ပန်ဂျဘ်ပြည်နယ်တစ်ခုလုံးကဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်နေလို့ပါပဲ။ဒီဂိုဏ်းစတားဆိုတဲ့သူဟာ ဂိုဏ်းစတားမဖြစ်ခင် အပြေးအားကစားမှာ အရမ်း‌တော်‌ပြီး ရွာကနေမြို့ကို ကျောင်းလာတက်တဲ့ ကျောင်းသားလေးတစ်ယောက်ပါ။ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် အကြားအာရုံချွတ်ယွင်းနေတဲ့သူလည်းဖြစ်ပါတယ်...
Показати все...
Фото недоступнеДивитись в Telegram
J-a-l-e-b-i (2018) channel jon👇👇 https://t.me/addlist/WGQx_bDqovgzMGQ1 အေရှာ ဟာ သက်လတ်ပိုင်း အရွယ် လှပသော မိန်းမ တစ်ဦးဖြစ်ပြီးဘတ်ဆဲလ်လား စာရေးဆရာမ တစ်ဦးလဲ ဖြစ်နေပြန်ပါတယ်တစ်ရက်မှာတော့ သူ့မင်္ဂလာဆောင် မယ့် ရက်မှာမင်္ဂလာပွဲ ကို ဖျက်ပစ်ခဲ့ပါတယ်...အကြောင်းအရင်းကတော့ သူ ချစ်တဲ့လူတစ်ဦးကို မမေ့နိုင်သေးလို့ ပဲ ဖြစ်ပါတယ်...ကိုယ့်ကို ကိုယ် သတ်သေဖို့လဲ အကြိမ်ကြိမ်ကြိုးစားခဲ့သလိုလောကကြီးဟာ သူမ အတွက် ဘာမှ အဓိပ္ပါယ်မရှိတော့ဘူးလို့ ထင်နေရတဲ့ အခြေအနေ ဖြစ်နေပါပြီ...နောက်ဆုံး ဖခင် ဖြစ်သူ ရဲ့ ချော့မော့ ဖျောင်းဖျမှုကြောင့် ခရီးတစ်ခုကို ထွက်ဖို့ စီစဉ်ပါတော့တယ်...
Показати все...
လူကြီး မင်းတို့ ရဲ့ကြော်ငြာကိစ္စတွေကို ဒီချန်နယ် မှာ ကြော်ငြာ ထည့်မယ်ဆိုရင် မင်မင် ရဲ့ Acc @DTV_VIP_Admin ကို တိုက်ရိုက် ဆက်သွယ်လို့ရပါတယ်။ ကြော်ငြာ ကိစ္စတွေကို အပေါ်က user name တစ်ခုပဲသုံးပါတယ် ဗျ။ တခြားUser Name (Account) ကိုလုံးဝ မသုံး ပါဘူးဗျ။
Показати все...
👍 1
Repost from N/a
Фото недоступнеДивитись в Telegram
Bhamakalapa.m [2022] channel jon👇👇 https://t.me/addlist/WGQx_bDqovgzMGQ1 ဒီကားလေးကတော့ တကယ်ကိုကြည့်သင့်တဲ့ကားလေးပါ crime, thrillerအမျိုးအစားဖြစ်ပြီး ဟာသလေးတွေလည်းပါပါသေးတယ် ဥတစ်လုံးကနေစတဲ့ဇာတ်လမ်းပါ တခြားကားတွေနဲ့မတူပဲ ဒီကားထဲမှာ ယေရှုကိုကိုးကွယ်တာပါ ထူးထူးခြားခြား ကုလားကားဆို အကမပါမနေရဆိုပြီးထင်ပေမဲ့ ဒီကားထဲမှာအကခန်းတစ်ခုမှမပါခဲ့ပါဘူး ဇာတ်လမ်းလေးက သူတိုယုံကြည်ကြတာက ယေရှုဘုရားသခင်က မေရီပေးခဲ့တဲ့ ထူးခြားတဲ့ဥကနေ ပြန်လည်နိုးထလာလိမ့်မယ်လိုထင်ကြပါတယ် အဲဒီဥကို လူဆိုးတွေက ပိုက်ဆံအများကြီးပေးပြီး ဝယ်ဖိုပြတိုက်ကနေ ခိုးလာကြပါတယ် ဒါပေမဲ့ မတော်တဆဖြစ်ပြီး ဥကရိုးရိုးကြက်ဥတွေနဲ့ရောသွားခဲ့ပါတယ် အဲဒီဥက အနူပါမာဆိုတဲ့ကောင်မလေးနေတဲ့ တိုက်ခန်းအိမ်ရာက လူရဲ့ကြက်ဥဆိုင်ကနေ တစ်ဆင့်ချင်းစီနဲ့တခြားလူဆီရောက်သွားခဲ့ပါ အနူပါမာဆိုတဲ့ ကောင်မလေးက သူများအတင်းပြောရတာသဘောကျပြီး တ‌စ်နေ့မပြောရရင်ကိုမနေနိုင်တဲ့သူပါ တစ်နေ့ စပ်စုလွန်ပြီး ဥရှာနေတဲ့သူကိုတွေ့ပြီး မတော်တဆဖြစ်ကြရင်း အဲဒီလူကိုသတ်မိသွားပါတယ် အနူပါမာတစ်ယောက် အဘောင်းကိုဘယ်လိုဖျောက်ဖျက်မလဲဆိုတာ ဘာသာ‌ေရးကိုအယုံကြည်သူတွေကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ Movie link👉https://t.me/+KYbrPI-BkLM0ZjY1
Показати все...
Фото недоступнеДивитись в Telegram
Saala Khadoos (2016) ================== channel jon👇👇 https://t.me/addlist/WGQx_bDqovgzMGQ1 Imdb rating 7.6/10 ရှိထားတဲ့ဘောလိဝုဒ်ကားကောင်းလေးတစ်ကားပါ။ အက်ရှင်ဒရာမာဇာတ်ကားဖြစ်သလို အားကစားအကြောင်းအခြေခံထားတဲ့ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ လက်ဝှေ့အားကစားအကြောင်းကိုရိုက်ထားတဲ့ဇာတ်ကားလေးပါ။ အနားယူလိုက်ပြီဖြစ်တဲ့လက်ဝှေ့ကစားသမားဟောင်းတစ်ယောက်က အမျိုးသမီးလေးတစ်ယောက်ကို လက်ဝှေ့ပညာမှာထူးချွန်အောင်လေ့ကျင့်ပေးရင်းနဲ့ လက်ဝှေ့သမားတွေရဲ့ဘဝဇာတ်ကြောင်းကို အပြည့်အဝခံစားရမယ့်ကားကောင်းလေးတစ်ကားဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ် လက်ဝှေ့ကားကြိုက်တတ်တဲ့CMပရိသတ်တွေကျေနပ်နိုင်ကြမယ့်ဇာတ်ကားလေးပါ။ #ChannelMyanmar Movie link👉https://t.me/+w7W4-AzpQKdmN2E1
Показати все...
👍 2
Repost from 2024 Movies World
အခုတစ်ခါမှာတော့ B-Town ချယ်နယ် ပရိသတ်တွေအတွက် မင်းသားကြီးအဂျေးရဲ့ ၂၀၂၄ခုနစ်ထွက် အားကစားဒရမ်မာရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပြီး IMDBလည်း 8.4ရရှိထားပါတယ်။ ကမ္ဘာပေါ်မှာနာမည်အကြီးဆုံးအားကစားဖြစ်တဲ့ ဘောလုံးအားကစားနဲ့ ကမ္ဘာ့အလယ်မှာပွဲလယ်တင့်နိုင်ဖို့ရည်မှန်းထားတဲ့အိန္ဒိယဘောလုံးအသင်းဟာ ၁၉၅၂ အိုလံပစ်ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းကို ၁၀ဂိုး၁ဂိုးနဲ့ အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့အတွက် ဘောလုံးအဖွဲ့ချုပ်က ဒီကိစ္စအတွက် အကြီးအကျယ်အခြေအတင်ဖြစ်ကြပြီး ဒီအရှုံးကို နည်းပြကတာဝန်ယူသင့်တယ်လို့ဆိုလာကြတယ်။ အိန္ဒိယဘောလုံးအသင်းနည်းပြဖြစ်တဲ့ မင်းသားကြီးအဂျေးကလည်း "ကစားသမားတွေက သူကိုယ်တိုင်ရွေးထားတဲ့ကစားသမားတွေဆိုရင်တော့ သူပဲအကုန်တာဝန်ယူနိုင်ပါတယ်"ဆိုပြီး ကစားသမားရွေးချယ်ခွင့်ကိုပါ တောင်းလိုက်ပါတယ်။ အတိုက်အခံတွေကြားကနေ ခွင့်ပြုချက်ရရှိသွားတဲ့ အဂျေးက သူ့စိတ်ကြိုက်ကစားသမားတွေကို ကိုယ်တိုင်ကွင်းဆင်းလေ့လာရှာဖွေပြီး အသင်းအသစ်ဖွဲ့လိုက်ပါတော့တယ်။ ဆင်းရဲသားတချို့နဲ့ဖွဲ့စည်းထားတဲ့ ဒီအသင်းကို တချို့က လှောင်ပြောင်သရော်ခဲ့ကြပေမဲ့ မင်းသားကြီးအဂျေးကတော့ သူ့အသင်းရဲ့ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပြီး ဝေဖန်လာသူတွေကို ပညာသားပါပါချေပပြခဲ့ပါတယ်။ ပြီးတော့ ဒီအသင်းအသစ်က ၁၉၅၆အိုလံပစ်ပွဲတော်မှာ အိမ်ရှင်သြစတြေးလျအသင်းကို ၇ဂိုး၁ဂိုးနဲ့တကယ်တမ်းအနိုင်ယူပြလိုက်တဲ့အခါမှာ အားလုံးအံ့အားသင့်သွားခဲ့ရတယ်။ ဒီလိုကနေ အသစ်ဖွဲ့စည်းထားတဲ့အသင်းလေးက တစ်စထက်တစ်စတိုးတက်လာတဲ့အချိန်မှာတော့ မနာလိုသူတွေဟာ မင်းသားအဂျေးကို ဘောလုံးအဖွဲ့ချုပ်ထဲကနေ ဖယ်ရှားဖို့ကြိုးစားကြပါတော့တယ်။ မင်းသားအဂျေးတစ်ယောက် ဒီအတိုက်အခံတွေကြားကနေ အိန္ဒိယဘောလုံးအသင်းကို ရွှေတံဆိပ်ရအောင်လုပ်ပေးမယ်ဆိုတဲ့ သူ့အိပ်မက်ကို ပြည့်ဝအောင်ဖြည့်ဆည်းနိုင်ပါ့မလားဆိုတာကို ရသစုံလင်စွာနဲ့ကြည့်ရှူရမဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ #Credit Movie link👉https://t.me/+jqmzBjaLRiw4ZDg1
Показати все...
👍 2
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.