Institute of Human Rights and Democratic Governance - IHRDG
Відкрити в Telegram
Join Myanmar's best news channel for youths, covering analysis, events, jobs, and other youth opportunities through our weekly newsletters and International Week-in-Review to stay up to date with global news. Stay informed, stay empowered!
Показати більше1 204
Підписники
+324 години
+117 днів
+8230 днів
Архів дописів
Early Admission ကို မမီလိုက်ဘူးလား? စိတ်မပူပါနဲ့!
IHRDG ရဲ့ Regular Admission ကို အခု ဆက်လက်ဖွင့်လှစ်ထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် Early Admission ကာလအတွင်း မလျှောက်ဖြစ်ခဲ့ဘူးဆိုရင်လည်း အခွင့်အရေးရှိပါသေးတယ်။
IHRDG ရဲ့ Diploma Programmes တွေကို စိတ်ဝင်စားပြီး 2026–2027 Academic Year မှာ တက်ရောက်ဖို့ စဉ်းစားနေတယ်ဆိုရင် Regular Admission ကနေ ဆက်လက်လျှောက်ထားနိုင်ပါတယ်။
Regular Admission Deadline – September 11, 2026
11:59 PM (MMT)
ဝင်ခွင့်ရရှိသူတွေအတွက်လည်း IHRDG ရဲ့ ထုံးစံအတိုင်း လိုအပ်ချက်အပေါ်အခြေခံတဲ့ Financial Assistance ရရှိနိုင်ဖို့ ထည့်သွင်းစဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။
Apply here for Regular Admission ။ ။ https://ee-eu.kobotoolbox.org/wbYHiKag
Details: https://www.facebook.com/photo/?fbid=1038408558945509&set=a.123253420461032
Help us like and share ❤️
📣 Reminder | Final Open House & Mock Class Series – Episode 2
IHRDG ရဲ့ Final Open House & Mock Class Series – Episode 2 က ဒီတနင်္ဂနွေနေ့မှာ ကျင်းပတော့မှာပါ! 💜
📅 23 August 2026 (Sunday)
🏫 Final Open House — 7:00 PM MMT
🎓 Mock Classes — 8:00–9:30 PM MMT
• Diploma in Political Science
• Diploma in Public Policy
Diploma Programmes အကြောင်းပိုသိချင်သူတွေနဲ့ IHRDG ရဲ့ သင်ကြားမှုပုံစံကို လေ့လာကြည့်ချင်သူတွေ Registration လုပ်ထားဖို့ မမေ့နဲ့နော်!
August 23 ရက်နေ့မှာ တွေ့ကြမယ်နော်!
📣 Early Admission — Today is the Last Day!
IHRDG ရဲ့ 2026–2027 Academic Year Diploma Programmes တွေအတွက် Early Admission လျှောက်ထားဖို့ ဒီနေ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။
စိတ်ဝင်စားရာ ပညာရပ်ကို စနစ်တကျလေ့လာပြီး မိမိရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ပြန်လည်တည်ဆောက်ရေးမှာ ပါဝင်ချင်သူတွေအတွက် Diploma Programme (၅) ခုကို လျှောက်ထားနိုင်ပါတယ်။
🎓 Diploma in Human Rights
🎓 Diploma in Governance and Public Administration
🎓 Diploma in Community Development
🎓 Diploma in Political Science
🎓 Diploma in Public Policy
Early Admission ကာလအတွင်း လျှောက်ထားသူများအနေနဲ့ ပညာသင်ဆုအခွင့်အလမ်းများအတွက် ထည့်သွင်းစဉ်းစားခံရနိုင်ခြေ ပိုမိုရရှိနိုင်တာကြောင့် ဒီနေ့ Deadline မတိုင်ခင် လျှောက်ထားဖို့ မမေ့ပါနဲ့။
🔗 လျှောက်လွှာတင်ရန် — https://ee-eu.kobotoolbox.org/wbYHiKag
⏰ Deadline — ယနေ့၊ August 20, 2026 | 11:59 PM (Myanmar Time)
International Week-in-Review, 19th August 2026 PDF.pdf1.59 KB
To read this week's "International Week-in-Review", click on the link below:
https://shorturl.at/Y7KPZ
Or
Download the pdf file below.
IHRDG ရဲ့ Diploma Programmes တွေအကြောင်း ပိုသိချင်သေးလား။
သင်ကြားမှုပုံစံကိုလည်း Mock Class မှာ ကိုယ်တိုင် လေ့လာကြည့်ချင်ပါသလား။
ဒီတစ်ကြိမ်မှာတော့ Final Open House 2026 နဲ့ Mock Class Series – Episode 2 ကို တစ်ရက်တည်း ဆက်တိုက်ကျင်းပသွားမှာပါ။
🏫 Final Open House | 7:00 PM
2026–2027 Academic Year Diploma Programmes၊ Application Process၊ သင်ကြားမှုပုံစံ၊ ၉ လတာ Learning Experience နဲ့ အနာဂတ် ပညာရေး/အလုပ်အကိုင်အခွင့်အလမ်းတွေကို မိတ်ဆက်ပေးသွားမှာပါ။
📚 Mock Classes | 8:00–9:30 PM
Open House အပြီးမှာ Mock Class နှစ်ခုကို Parallel Sessions အဖြစ် တစ်ချိန်တည်း ပြုလုပ်သွားမှာဖြစ်ပြီး စိတ်ဝင်စားတဲ့ Session တစ်ခုကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။
📘 Ethnic Diversity and Political Inclusion: Understanding Myanmar
တိုင်းရင်းသားစုံလင်ကွဲပြားမှု၊ နိုင်ငံရေးကိုယ်စားပြုမှုနဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေကို မြန်မာနိုင်ငံကို Case Study အဖြစ် လေ့လာသွားမှာပါ။
📘Problem to Policy: Understanding Public Policy Process
ပြဿနာတစ်ရပ်က မူဝါဒဆိုင်ရာပြဿနာတစ်ရပ်အဖြစ် ဘယ်လိုပြောင်းလဲလာပြီး မူဝါဒတစ်ခုအဖြစ် ဘယ်လိုဖော်ဆောင်သလဲဆိုတာ Public Policy Process အဆင့်ဆင့်နဲ့ လေ့လာသွားမှာပါ။
📅 နေ့ရက် — ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်၊ တနင်္ဂနွေနေ့
🏫 Final Open House — ည ၇:၀၀ နာရီ
📚 Mock Classes — ည ၈:၀၀ မှ ၉:၃၀ နာရီ
💻 နေရာ — Zoom
🔗 စာရင်းပေးသွင်းရန် — https://forms.gle/gNDiBGedXMrfGFd47
Open House နဲ့ Mock Classes အားလုံးကို Registration Link တစ်ခုတည်းကနေ စာရင်းပေးသွင်းနိုင်ပါတယ်။
#IHRDG #FINALOPENHOUSE
📣 Early Admission Reminder | ၂ ရက်ပဲ ကျန်ပါတော့တယ်!
IHRDG ရဲ့ 2026–2027 Academic Year Diploma Programmes တွေအတွက် Early Admission က August 20 ရက်နေ့မှာ ပိတ်တော့မှာပါ။ ⏰
အခုဆို Deadline မတိုင်ခင် ၂ ရက်ပဲ ကျန်ပါတော့တာမို့ လျှောက်ထားဖို့ စဉ်းစားနေသူတွေ၊ Documents ပြင်ဆင်နေသူတွေအနေနဲ့ အမြန်ဆုံး အပြီးသတ်လျှောက်ထားဖို့ သတိပေးချင်ပါတယ်။
IHRDG ရဲ့ Diploma Programmes (၅) ခုဖြစ်တဲ့
🎓 Human Rights
🎓 Governance and Public Administration
🎓 Community Development
🎓 Political Science
🎓 Public Policy
တို့ကို လျှောက်ထားနိုင်ပါတယ်။
Early Admission အတွင်း လျှောက်ထားသူတွေဟာ Scholarship အခွင့်အရေးအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အရေး ရရှိနိုင်ပြီး သင်တန်းကြေး 80% အထိ ကင်းလွတ်ခွင့် ရရှိနိုင်ပါတယ်။
📅 Early Admission Deadline – 20 August 2026
စိတ်ဝင်စားတဲ့ Programme ကို ရွေးပြီး Deadline မတိုင်ခင် လျှောက်ထားလိုက်ပါနော်။ 💜
Apply here: https://ee-eu.kobotoolbox.org/wbYHiKag
စနေနေ့ မနက်ခင်းလေးကို အဓိပ္ပာယ်ရှိတဲ့ ဘဝအတွေ့အကြုံတွေ နားထောင်ရင်း စတင်ကြည့်ရအောင်။ ☀️
IHRDG ရဲ့ ဒီတစ်ကြိမ် Public Seminar မှာတော့ ထိုင်း–မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီးနောက် ကနေဒါနိုင်ငံမှာ ဘဝသစ်ပြန်လည်တည်ဆောက်ခဲ့ကြတဲ့ ကရင်ဒုက္ခသည်မိခင်တွေရဲ့ ဘဝအတွေ့အကြုံတွေ ကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံအသစ်တစ်ခုမှာ အခြေချနေထိုင်ရင်း ဘာသာစကားနဲ့ ယဉ်ကျေးမှုအသစ်တွေကို လေ့လာရတာ၊ ပြောင်းလဲလာတဲ့ မိသားစုအခန်းကဏ္ဍတွေကို ရင်ဆိုင်ရတာ၊ တစ်ဖက်မှာလည်း မိသားစုကို စောင့်ရှောက်ရင်း ကိုယ့်ရဲ့ ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်အမှတ်သညာကို ထိန်းသိမ်းရတာ စတဲ့ ဒုက္ခသည်မိခင်တွေရဲ့ အတွေ့အကြုံတွေကို ဒီ Seminar မှာ လေ့လာနိုင်မှာပါ။
ဒါ့အပြင် အခက်အခဲနဲ့ စွန့်လွှတ်ပေးဆပ်မှုတွေအကြောင်းတင် မဟုတ်ဘဲ သူတို့ရဲ့ resilience, agency နဲ့ hope တွေကတစ်ဆင့် နေရာသစ်တစ်ခုမှာ မိသားစုအတွက် ဘဝသစ်တစ်ခုကို ဘယ်လိုတည်ဆောက်ခဲ့ကြသလဲဆိုတာကိုလည်း နားထောင်လေ့လာရမှာ ဖြစ်ပါတယ်။
ဒုက္ခသည်မိခင်တွေကို အခက်အခဲကြုံတွေ့ခဲ့ရသူတွေအဖြစ်သာ မဟုတ်ဘဲ မိသားစုနဲ့ Community အတွင်း အပြောင်းအလဲဖန်တီးနေသူတွေ အဖြစ် ရှုမြင်နားလည်နိုင်ဖို့ ဒီဆွေးနွေးပွဲက ဖိတ်ခေါ်ထားပါတယ်။
Refugee experiences, forced displacement, migration, women and motherhood, identity, community နဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေကို စိတ်ဝင်စားသူတိုင်း ပါဝင်နိုင်ပါတယ်။
Weekend မနက်ခင်းလေးကို ကော်ဖီတစ်ခွက်နဲ့အတူ မကြားရသေးတဲ့ ဘဝဇာတ်လမ်းတွေကို နားထောင်ရင်း စတင်လိုက်ရအောင်နော်။ ☕
📅 Date: 29 August 2026 (Saturday)
⏰ Time: 9:00 AM (MMT)
📍 Venue/Platform: ZOOM
📝 Registration: https://us06web.zoom.us/meeting/register/MfLQLKO8R1eqj6h2Qo_BWw
16th August 2026 - IHRDG Telegram Weekly Updates PDF.pdf2.63 KB
To read this week's newsletter, please click on the link below:
https://shorturl.at/Bb20T
Or
Download the pdf file below.
🗳️ သတင်းတွေထက်ကျော်လွန်ပြီး နိုင်ငံရေးကို ပိုနက်နက်ရှိုင်းရှိုင်း နားလည်ချင်ပါသလား။
IHRDG ရဲ့ 2026–2027 Academic Year အတွက် အသစ်မိတ်ဆက်ထားတဲ့ Diploma in Political Science ကို အခု လျှောက်ထားနိုင်ပါပြီ။
ဒီ Programme မှာ နိုင်ငံရေးစနစ်တွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအယူအဆတွေနဲ့ အာဏာခွဲဝေမှုတွေ ကို ဒေသတွင်း၊ နိုင်ငံတော်အဆင့်ကနေ ကမ္ဘာလုံးဆိုင်ရာအထိ စနစ်တကျ လေ့လာသုံးသပ်နိုင်မှာပါ။
Political Theory and Ideologies, Constitutional Laws, International Political Economy, Comparative Regional Politics, Research Methods နဲ့ Academic Writing စတဲ့ ဘာသာရပ်တွေကို လေ့လာပြီး ကိုယ်စိတ်ဝင်စားတဲ့ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတစ်ခုကို သုတေသနစာတမ်း ပြုစုရမှာ ဖြစ်ပါတယ်။
💡 ဘယ်သူတွေအတွက် သင့်တော်လဲ?
Politics, International Relations, Governance, Civil Society, Research, Development နဲ့ Media နယ်ပယ်တွေကို စိတ်ဝင်စားပြီး Critical Thinking, Analytical နဲ့ Research Skills တွေကို တိုးတက်ချင်သူတွေအတွက် သင့်တော်တဲ့ Programme တစ်ခု ဖြစ်ပါတယ်။
🎓 Early Admission ကာလအတွင်း လျှောက်ထားသူတွေအနေနဲ့ Scholarship 80% အထိ ရရှိနိုင်မယ့် အခွင့်အရေးရှိပါတယ်။
🔗 လျှောက်လွှာတင်ရန်: https://ee-eu.kobotoolbox.org/wbYHiKag
🗓️ Early Admission Deadline — August 20th, 2026 (23:59 Yangon Time)
#IHRDG #SUM #PoliticalScience #PS #EarlyAdmission
✨ မူဝါဒတစ်ခုက လူမှုအသိုင်းအဝိုင်းနဲ့ လူတွေရဲ့ဘဝကို ဘယ်လိုပြောင်းလဲစေနိုင်လဲ စိတ်ဝင်စားပါသလား။
IHRDG ရဲ့ 2026–2027 Academic Year အတွက် အသစ်မိတ်ဆက်ထားတဲ့ Diploma in Public Policy ကို အခု လျှောက်ထားနိုင်ပါပြီ။
ဒီ Programme မှာ လူမှုရေးပြဿနာတွေကို ဘယ်လိုဖော်ထုတ်၊ ခွဲခြမ်းစိတ်ဖြာပြီး ထိရောက်တဲ့ မူဝါဒတွေနဲ့ ဖြေရှင်းနိုင်မလဲဆိုတာ လေ့လာရမှာပါ။ Public Policy, Governance, Economics, Public Finance, Research Methods, Monitoring & Evaluation နဲ့ Evidence-based Decision-making စတဲ့ ဘာသာရပ်တွေကနေ Policy Design, Implementation နဲ့ Evaluation အထိ Policy-making Process တစ်ခုလုံးကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
💡 ဘယ်သူတွေအတွက် သင့်တော်လဲ?
Public Policy, Development, Civil Society, Research, Governance, Monitoring & Evaluation နဲ့ Public Finance နယ်ပယ်တွေကို စိတ်ဝင်စားပြီး ကိုယ့်ရဲ့ Analytical နဲ့ Research Skills တွေကို ပိုမိုတိုးတက်အောင် လေ့လာချင်သူတွေအတွက် သင့်တော်တဲ့ Programme တစ်ခု ဖြစ်ပါတယ်။
🎓 Early Admission ကာလအတွင်း လျှောက်ထားသူတွေအနေနဲ့ Scholarship 80% အထိ ရရှိနိုင်မယ့် အခွင့်အရေးလည်း ရှိပါတယ်။
🔗 လျှောက်လွှာတင်ရန် - https://ee-eu.kobotoolbox.org/wbYHiKag
🗓️ Early Admission Deadline — August 20th, 2026 (23:59 Yangon Time)
#IHRDG #SUM #PublicPolicy #PP #EarlyAdmission
🌱 ကိုယ့်ရပ်ရွာ၊ ကိုယ့်အသိုင်းအဝိုင်းအတွက် အမှန်တကယ် အကျိုးရှိတဲ့အပြောင်းအလဲတွေ ဖန်တီးချင်ပါသလား။
မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ပါဝင်ချင်ပြီး ဒေသခံလူထုနဲ့အတူ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အားဖြည့်လုပ်ဆောင်ချင်သူတွေအတွက် IHRDG ရဲ့ Diploma in Community Development Programme ကို လျှောက်ထားနိုင်ပါပြီ။
ဒီ Programme က Community Development ကို စိတ်ဝင်စားတဲ့ လူငယ်တွေ၊ မိမိရဲ့ ရပ်ရွာနဲ့ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်အကျိုးပြုလုပ်ကိုင်ချင်သူတွေ၊ Community Development Workers တွေကို ပိုမိုထိရောက်စွာ ပံ့ပိုးချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
Programme တစ်လျှောက်မှာ Community Development ဆိုင်ရာ အခြေခံသဘောတရားတွေ၊ Research Methodology၊ Social Science Inquiry၊ Quantitative Research Methods၊ Economics နဲ့ Social Entrepreneurship စတဲ့ အကြောင်းအရာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ National & Local Governance ကိုလည်း လေ့လာရမှာဖြစ်ပြီး နောက်ဆုံးပိုင်းမှာ Independent Research Project တစ်ခုကို ကိုယ်တိုင်ဆောင်ရွက်နိုင်မှာပါ။
📚 ဒီ Programme က ဘာတွေ ပေးနိုင်မလဲ?
Community Development လုပ်ငန်းတွေကို ပိုမိုစနစ်တကျ နားလည်ပြီး ဒေသခံလူထုနဲ့အတူ အလုပ်လုပ်ရာမှာ လိုအပ်တဲ့ Community Development Skills၊ Research Skills နဲ့ Problem-solving Skills တွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
Community Development ဆိုတာ Project တစ်ခု လုပ်ရုံ၊ Activity တစ်ခု စီစဉ်ရုံနဲ့ မပြီးပါဘူး။ ရပ်ရွာတစ်ခုရဲ့ လိုအပ်ချက်ကို နားလည်နိုင်ဖို့၊ အချက်အလက်နဲ့ သက်သေအထောက်အထားပေါ်မူတည်ပြီး ဆုံးဖြတ်နိုင်ဖို့၊ ဒေသခံတွေနဲ့ ပူးပေါင်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တွေ ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။
ဒါကြောင့် Community Development၊ Civil Society၊ NGO/INGO၊ Social Enterprise၊ Research၊ Local Governance နဲ့ Development Sector တွေမှာ အလုပ်လုပ်ချင်သူတွေ၊ ဒါမှမဟုတ် အနာဂတ်မှာ အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူချင်သူတွေအတွက် ဒီ Programme က အသုံးဝင်တဲ့ Learning Journey တစ်ခု ဖြစ်နိုင်ပါတယ်။
Course တစ်ခုချင်းစီရဲ့ Credit အလိုက် စုစုပေါင်း Learning Hours က 80 မှ 160 နာရီအထိ ရှိမှာ ဖြစ်ပါတယ်။
🎓 Early Admission ကာလအတွင်း လျှောက်ထားမယ်ဆိုရင် Scholarship အခွင့်အရေး 80% အထိ ရရှိနိုင်တာမို့ ဒီအခွင့်အရေးကို လက်မလွတ်ဘဲ စောစောလျှောက်ထားလိုက်ပါနော်။
🔗 လျှောက်လွှာတင်ရန်
https://ee-eu.kobotoolbox.org/wbYHiKag
🗓️ Early Admission Deadline — August 20th, 2026 (23:59 Yangon Time)
