cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Bioderma Myanmar

Bioderma သည် ပြင်သစ် နိုင်ငံတွင်း အောင်မြင်ဆုံးဖြစ်သော အရေပြားထိန်းသိမ်းရေးဆိုင်ရာအလှကုန်ပစ္စည်းများ ဖြစ်ပါသည်။

Більше
М'янма5 147Бірманська4 611Краса2 671
Рекламні дописи
13 264
Підписники
+3124 години
+1427 днів
+58130 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

🥰မန္တလာမြေက Bioderma ချစ်သူတွေအတွက် သတင်းကောင်းလေးတစ်ခုကို ယူဆောင်လာပါပြီ🎉 💚 မန်းလေးရွှေအိုးရဲ့ ၆၂ လမ်းဆိုင်ခွဲမှာ အသားရေအမျိုးစားကို စက်ကြီးများနဲ့ အခမဲ့စစ်ဆေးနိုင်မယ့်အပြင် သတ်မှတ်ထားတဲ့ ပစ္စည်းအမျိုးစားလိုက် Promotion တွေပေးသွားမှာမလို့ အပြေးလေးလာခဲ့လိုက်တော့နော်❗ 📅 Skin Analysis ပြုလုပ်ပေးမည့်ရက် - 13.7.2024 🕙 Skin Analysis ပြုလုပ်ပေးမည့်အချိန် - နေ့လည် (၁) နာရီမှ ညနေ (၅) နာရီအထိ 🕙 Promotion ပြုလုပ်ပေးမည့်အချိန် - မနက် (၉) နာရီမှ ညနေ (၆) နာရီအထိ 🏠 Promotion ပြုလုပ်ပေးမည့်နေရာ - မန္တလေး ရွှေအိုး၊ ၆၂ လမ်းဆိုင်ခွဲ ✨ Promotion ရရှိနိုင်သောထုတ်ကုန်များ ✨ 💛 BIODERMA PHOTODERM AQUAFLUIDE NATURAL 40ML - 20% 💛 BIODERMA PHOTODERM SPOT-AGE SPF50+ 40ML - 20% 🩷 BIODERMA SENSIBIO H2O 250 ML - 20% 🩷 BIODERMA SENSIBIO TONIQUE(TONER) 250ML 20% 🩷 BIODERMA SENSIBIO DEFENSIVE 40ML 20% 💚 BIODERMA SEBIUM H2O - 500 ML - 20% 💚 BIODERMA SEBIUM LOTION 200ML - 20% Promotion အစီအစဉ်အပြင် Bioderma ရဲ့မည်သည့်ထုတ်ကုန်ပဲဝယ်ဝယ် Sample set လေးကိုလည်းလက်‌ဆောင်ပေးသွားဉီးမှာဖြစ်ပါတယ်🥰 🛑 ပရိုမိုးရှင်းပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Shwe Ohh Facebook Page 👉 https://www.facebook.com/shweohhpharmacy တွင် မေးမြန်းနိုင်ပါတယ်
Показати все...
Log in or sign up to view

See posts, photos and more on Facebook.

👍 1
Фото недоступнеДивитись в Telegram
00:08
Відео недоступнеДивитись в Telegram
လမ်းခွဲဖို့အသင့်ဖြစ်ပြီလား❓❓ 🤩အချိန်တော်ကြာ မပျောက်တဲ့ ဝက်ခြံတွေနဲ့ လမ်းခွဲနှုတ်ဆက်ပြီး နုပျိုချင်ပြီဆိုရင်တော့ အသစ်ထွက်ထားတဲ့ 💚Sebium serum လေးကို မြန်မြန်စမ်းသုံးကြည်လိုက်နော်❗ #Sediumserum #Antiagingserum #Acneproneskin #Biodermamyanmar #Empowerskinhealth
Показати все...
IMG_9763.MP41.38 MB
12👍 8👏 1
Фото недоступнеДивитись в Telegram
💚အဆီပြန်ဝက်ခြံအသားရေတွေအတွက် အစိမ်းရောင်မျက်နှာသစ် 15% off💚 အစိမ်းရောင်မျက်နှာသစ် Promotion ကို Online ကနေမှာယူချင်ပါတယ်ဆိုတဲ့ Bioderma ချစ်သူတွေအတွက် Sebium Gel Moussant 200ml လေးကို KBZpay app ရဲ့ My medicine store ကနေဝယ်ယူလို့ရပြီနော် 😉 🏛️ Online Promotion ရရှိနိုင်မည့် Application - My medicine Store 📅 Promotion ပြုလုပ်ပေးမည့်ရက် - 28.6.2024 to 7.7.2024 ✨ Promotion ရရှိနိုင်သောထုတ်ကုန် ✨ 💚Sebium Gelmoussant 200ml - 15% off 🛑 ပရိုမိုးရှင်းပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက My Medicine Facebook Page 👉 တွင် မေးမြန်းနိုင်ပါတယ် https://www.facebook.com/MyMedicineMyanmar #SebiumGelMoussant #Promotion #BiodermaMyanmar #MyMedicine #EmpowerYourSkin
Показати все...
4
Показати все...

ဝက်ခြံထွက်တတ်တဲ့သူတွေ AHA, BHAကို ဘယ်လိုမှန်မှန်ကန်ကန်သုံးမလဲ❓ ဝက်ခြံထွက်တတ်တဲ့သူတွေအတွက် 🔎စျေးကွက်ထဲမှာ Skincareတွေ အမျိုးအစားတွေ အများကြီးရှိပေမယ့် ကိုယ်နဲ့ သင့်တော်ရာကို မှန်မှန်ကန်ကန် သုံးတတ်ဖို့ လိုပါတယ် 💢AHA/BHAဆိုတာ ဝက်ခြံထွက်တတ်တဲ့သူတွေ ကြားမှာ ရေပန်းစားနေတဲ့ Skincare productsတွေပါ💢 AHAဆိုတာ Alpha Hydroxy Acidsကို ခေါ်တာဖြစ်ပြီး ရေမှာပျော်ဝင်တဲ့ အက်စစ်အမျိုးအစားပါ။ ဥပမာ Glycolic acid, Lactic acidနဲ့ Malic acidတို့က AHAတွေ ဖြစ်ကြပြီး အရေပြားအပေါ်ယံလွှာက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ BHAဆိုတာ Beat Hydroxy Acidsကို ခေါ်တာဖြစ်ပြီး အဆီမှာ ပျော်ဝင်တဲ့ အက်စစ်အမျိုးအစားပါ။ Salicylic acidက BHAဖြစ်ပြီး ချွေးပေါက်တွေထဲအထိ သန့်စင်‌ပေးနိုင်ပါတယ်။ AHA/ BHAကို ဘာလို့ ဝက်ခြံထွက်တတ်တဲ့သူတွေ အသုံးပြုသင့်လဲဆိုတော့… ✅ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ AHAက အပေါ်ယံဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် အရေပြားမျက်နှာပြင်ပေါ်မှာ ဆဲလ်သေ၊ အဆီနဲ့ အညစ်အကြေးတွေ ကင်းစင်ပြီး ချွေးပေါက်ပိတ်နိုင်ခြေ နည်းသွားပါတယ်။ ✅ ချွေးပေါက်တွေထိ သန့်စင်ပေးနိုင်ပါတယ်။ BHAက ချွေးပေါက်ထဲက အဆီတွေကို ဖျော်ချနိုင်တာကြောင့် ချွေးပေါက်သန့်စင်ပြီး ဝက်ခြံထွက်နိုင်ခြေ နည်းသွားပါတယ်။ ပုံမှန်ဝက်ခြံတွေအပြင် အဆီဖုနဲ့ ဆားဝက်ခြံတွေကိုပါ သက်သာစေပါတယ်။ ✅ နီမြန်းရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ဝက်ခြံရှိတဲ့သူတွေရဲ့ အသားအရေက အမြဲလိုလို နီမြန်းရောင်ရမ်းနေတတ်ပါတယ်။ AHA/ BHAက အရောင်ကျစေတဲ့ အာနိသင်ရှိတာကြောင့် နီမြန်းရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ဒါ့ပြင် ဝက်ခြံထွက်နေချိန်မှာလည်း မြန်မြန်အရောင်ကျအောင် ကူညီပေးနိုင်ပါတယ်။ ✅ ဝက်ခြံအမာရွတ်တွေကို သက်သာစေပါတယ်။ ဝက်ခြံထွက်တာရဲ့ နောက်ထပ်ပြဿနာကတော့ အမာရွတ်ကျန်တာပါ။ AHAက အရေပြားမျက်နှာပြင်ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် ဝက်ခြံအမာရွတ်တွေကို မှေးမှိန်စေပါတယ်။ BHAက ချွေးပေါက်ကျယ်တာကို သက်သာစေတာကြောင့် အသားအရေကို ချောမွေ့စေပါတယ်။ AHA/ BHAက ‌Cleansing gel, Toner, Serum စသဖြင့် ပုံစံမျိုးစုံရှိတာကြောင့် မိမိအဆင်ပြေတာကို Skincare လုပ်တဲ့အခါ ထည့်သုံးပေးနိုင်ပါတယ်✅ 💚Biodermaရဲ့ Sebium Keratoဆိုရင် Salicylic acidနဲ့ Malic acid esterတို့ ပါဝင်တာကြောင့် အဆီပြန်ခြင်းကို ထိန်းချုပ်ပေးပြီး ဝက်ခြံနဲ့ ဆားဝက်ခြံတွေကို ၂ရက်အတွင်း သက်သာစေပါတယ်💚 💚Sebium serumဆိုရင်လည်း Salicylic acidပါဝင်တာကြောင့် ချွေးပေါက်တွေထဲအထိ သန့်စင်ပေးနိုင်ပြီး ဝက်ခြံတွေကို အမြန်ဆုံးသက်သာစေပါတယ်💚 💚Sebium lotionကတော့ tonerပုံစံမျိုးဖြစ်ပြီး Zincပါဝင်မှုကြောင့် အဆီပြန်ခြင်းနဲ့ အရေပြားpHကို ထိန်းချုပ်ပေးနိုင်ပါတယ်💚 AHA/BHAက ဝက်ခြံထွက်တတ်တဲ့ အသားအရေပိုင်ရှင်တွေ သုံးသင့်တဲ့ Skincareဖြစ်တာကြောင့် နှစ်သက်ရာပုံစံတစ်မျိုးမျိုးနဲ့ Skincare routineမှာ ထည့်ဖို့ အကြံပြုလိုပါတယ်✅ Ref: https://dopeskin.co/blogs/skincare/the-power-of-aha-bha-products-in-your-skincare-regimen-for-acne-prone-skin#:~:text=While%20AHA%2FBHA%20products%20offer,frequency%2C%20gradually%20increasing%20as%20tolerated. https://lotus-professional.com/blogs/skin-care/how-to-safely-introduce-aha-and-bha-into-your-skincare-routine-for-beginners https://www.healthline.com/health/beauty-skin-care/alpha-hydroxy-acid#treat-or-prevent-acne ======================================================================== ဆရာဝန်၏အကြံပြုချက် 👩‍⚕️Dr. April M.B.,B.S (Ygn) University of medicine (2) -Diploma in American Academy of Aesthetic Medicine (AAAM) - Certificate of Master in Korean Thread Lifting -Certificate of Master Course in Aesthetics Medicine by P.Paula International Aesthetics, Anti-aging & Hair Transplantation Academy -Certificate of Aesthetic Gynecology & Sexology by Dr.Aomthong Clinic, Bangkok The Empress Beauty & Laser Center No. 99, Lamai Condo, 1st floor, Room 1 (C+D), Myay Nu Street, Sanchaung Tsp, Yangon. 💢BHA(salicylic acid) ၊ AHA(glycolic acid,lactic acid)ကို စသုံးမယ်ဆိုရင် Low concentration (ခေါ် ) ပြင်းအား အနည်းငယ် ကို တစ်ပတ် ၂/၃ကြိမ်ကစပီး သုံးပေးသင့်ပါတယ် AHA , BHA သည် Sun sensitive ဖြစ်တတ်လို့ ညဘက်သုံးပေးသင့်ပီး နေ့ဘက်တွေမှာ broad spectrum sun screen သုံးပေးရပါမယ် ✅ AHA,BHA သုံးပီးတိုင်း non comedogenic moisturizer ကိုအမြဲသုံးပေးသင့်ပီး Retinol ပါတဲ့ products နဲ့တော့ skin irritation ရတတ်လို့ တွဲမလိမ်းသင့်ပါဘူး❗ #AHA #BHA #Acneproneskin #Biodermamyanmar #Empowerskinhealth
Показати все...

👍 9 9
Фото недоступнеДивитись в Telegram
🎉 တောင်ကြီးက Bioderma ချစ်သူတွေအတွက် သတင်းကောင်း🎉 အလှအပကြိုက်တဲ့ တောင်ကြီးက Bioderma ချစ်သူတွေအတွက်လည်း Skin Test ရင်း Promotion ရမယ့်အစီစဉ်လေးလာပြီနော်🥰 📅 Skin Test ပြုလုပ်ပေးမည့်ရက် - 22.6.2024 /စနေနေ့ (တစ်ရက်တည်းသာ) 🕙 Skin test ပြုလုပ်ပေးမည့်အချိန် - နေ့လည် (၁) နာရီမှ (၅) နာရီအထိ 🏛️ အစီအစဉ်ပြုလုပ်ပေးမည့် နေရာ - Beauty Diary တောင်ကြီးဆိုင်ခွဲ 📅 Promotion ပြုလုပ်ပေးမည့်ရက် - 22.6.2024 /စနေနေ့ (တစ်ရက်တည်းသာ) 🕙Promotiont ပြုလုပ်ပေးမည့်အချိန် - မနက် (၁၀) နာရီမှ ညနေ (၇) နာရီအထိ ✨ Promotion ရရှိနိုင်သောထုတ်ကုန်များ ✨ 💚Sebium H2O 100ml - 20% 💚Sebium H2O 250ml - 20% 💚Sebium H2O 500ml - 20% 💚Sebium Lotion 200ml -20% 💚Sebium Pore Refiner 30ml - 20% 💚Sebium Sensitive 30ml - 20% 🩷Sensibio H2O 250ml - 20% 💛Aquafluide Golden 40ml - 20% 💛Aquafluide Neutral 40ml - 20% 20% off Promotion အပြင် Bioderma ရဲ့ဘာပစ္စည်းလေးပဲဝယ်ဝယ် Sample Set လေးလည်းမေတ္တာလက်ဆောင်ပေးသွားဉီးမှာဖြစ်လို့ အရောက်လှမ်းခဲ့လိုက်တော့နော်😉 💢Promotion လေးတွေကအရေတွက်ကန့်သတ်ထားတာမလို့ မြန်မြန်လေးဝယ်ယူဖို့‌တော့ လိုတယ်နော်💢 🛑 ပရိုမိုးရှင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Beauty Diary Facebook Page 👉 တွင် မေးမြန်းနိုင်ပါတယ် https://www.facebook.com/search/top?q=beauty%20diary #SkinAnalysis #Promotion #BiodermaMyanmar #BeautyDiary #Empoweryourskin
Показати все...
👍 3 2
Фото недоступнеДивитись в Telegram
💢 လူလတ်ပိုင်းတွေမှာ ဝက်ခြံထွက်တဲ့အခါ ဘယ်လိုကုသကြမလဲ 💢 ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံထွက်ရင်တော့ ဒါက ဟော်မုန်းအပြောင်းအလဲကြောင့်လို့ ပြောလို့ရပေမယ့် အသက် ၂၅၊ ၃၀ ဝန်းကျင်မှဆိုရင်တော့ ဒါက တစ်မျိုးတစ်မည် ဖြစ်သွားပါပြီ။ ဒီအရွယ်မှာ ဖြစ်တဲ့ ဝက်ခြံကိုတော့ Adult acneလို့ ခေါ်ပြီး ဖြစ်ရတဲ့ အကြောင်းရင်းတွေက ပိုပြီးများပြားပါတယ်✅ 💥လူလတ်ပိုင်းတွေမှာ ဝက်ခြံထွက်ရတဲ့အ‌ကြောင်းရင်း💥 လူလတ်ပိုင်းတွေမှာ ဝက်ခြံထွက်လာပြီဆိုရင် အရေပြားပြဿနာတွေကို စဉ်းစားရသလို နေထိုင်မှုပုံစံ၊ သောက်လက်စဆေးတွေ၊ ရောဂါအခံတွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့ 📌 ဟော်မုန်းအပြောင်းအလဲ အထူးသဖြင့် အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊ တားဆေးတွေ သောက်နေချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး ဝက်ခြံထွက်တတ်ပါတယ်။ 📌 အသုံးပြုတဲ့ အလှကုန်ပစ္စည်းတွေ ရုံးတက်တဲ့ အရွယ်အပိုင်းအခြား ဖြစ်တာကြောင့် အသုံးပြုတဲ့ မိတ်ကပ်၊ Skincareနဲ့ ဆံသားထိန်းသိမ်းရေးပစ္စည်းတွေက ချွေးပေါက်တွေကို ပိတ်ပြီး ဝက်ခြံထွက်တာမျိုး ဖြစ်တတ်ပါတယ်။ 📌 နေထိုင်စားသောက်မှုပုံစံ ဆေးလိပ်သောက်တာ၊ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ အစားအသောက်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု စတာတွေကလည်း ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။ လူလတ်ပိုင်းမှာ ဝက်ခြံပေါက်တာက ကိုယ်တွင်းမှာ ရောဂါတစ်ခုခုရှိနေတာ ဒါမှမဟုတ် ကိုယ်သောက်နေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူလတ်ပိုင်းမှာ ဖြစ်တဲ့ ဝက်ခြံက ဆယ်ကျော်သက်တွေမှာ ဝက်ခြံပေါက်တာနဲ့ သွားတူနေသလို တစ်ချိန်တည်းမှာပဲ အရေးကြောင်းတွေ၊ မျက်နှာအသားရောင်မညီတာတွေနဲ့ တွဲနေတာကိုလည်း တွေ့ရပါတယ်။ လူလတ်ပိုင်းတွေမှာ ဝက်ခြံထွက်တဲ့အခါ ဘယ်လိုကုသကြမလဲ❓ လူလတ်ပိုင်း ဝက်ခြံတွေကို ကုသတဲ့အခါ တတ်ကျွမ်းတဲ့ အရေပြားအထူးကုဆရာဝန်နဲ့ ကုသတာက အကောင်းဆုံးပါပဲ ဆယ်ကျော်သက်အရွယ်တုန်းကလို ဟော်မုန်းအပြောင်းအလဲတွေအပြင် တခြားရောဂါတွေ၊ ဆေးဝါးတွေကလည်း ဝက်ခြံဖြစ်စေနိုင်တယ်မလား ဒါ့အပြင် သိသာတဲ့ရလဒ်ရအောင် Skincareကိုလည်း ဆက်လုပ်ပေးနေဖို့ လိုပါတယ်။ Adult acneဆိုပေမယ့် တခြားဝက်ခြံတွေလိုပဲ အဆီပြန်တဲ့အသားအရေ၊ ပေါင်းစပ်အသားအရေ၊ ဝက်ခြံထွက်လွယ်တဲ့ အသားအရေရှိသူတွေအတွက် ထုတ်ထားတဲ့ Skincareတွေကို သုံးသင့်ပါတယ် အထူးသဖြင့် ချွေးပေါက်ထဲထိ သန့်စင်ပေးနိုင်တဲ့ Salicylic acid ပါတာတွေ၊ အဆီပြန်တာကို ထိန်းပေးနိုင်တဲ့ Zincပါတာတွေ၊ အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်တာတွေကို သုံးသင့်ပါတယ် 💚 Biodermaရဲ့ Sebium seriesက ဝက်ခြံထွက်တတ်တဲ့သူတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပြီး ဆယ်ကျော်သက်ဝက်ခြံဖြစ်ဖြစ်၊ သက်လတ်ပိုင်းဝက်ခြံဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်💚 Sebium lotionဆိုရင် Zinc ပါဝင်တာကြောင့် အဆီပြန်ခြင်းကို ထိန်းချုပ်ပေးပြီး အစိုဓာတ်ကို ဖြည့်ပေးတဲ့အပြင် ချွေးပေါက်တွေကိုပါ ကျဉ်းစေတာကြောင့် ဝက်ခြံထွက်တတ်တဲ့သူများအတွက် သင့်တော်ပါတယ်✅ Sebium serumဆိုရင်လည်း Salicylic acidပါဝင်တာကြောင့် ချွေးပေါက်တွေကို သန့်စင်ပေးတဲ့အပြင် ဝက်ခြံအမာရွတ်ဟောင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။ Hyaluronic acidနဲ့ Acetyl Glucosamineတို့ရဲ့ ရေဓာတ်ဖြည့်တင်းနိုင်မှုကြောင့် အရေးကြောင်းတွေကိုပါ မှေးမှိန်စေမှာပါ✅ လူလတ်ပိုင်းမှာ ဝက်ခြံဖြစ်လို့ စိတ်ဓာတ်မကျပါနဲ့❗ မှန်ကန်တဲ့ ကုသမှု၊ Skincareတွေနဲ့ဆိုရင် မကြာခင်မှာပဲ ကြည်လင်တဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်မှာပါ💥 Ref: https://www.health.harvard.edu/blog/adult-acne-understanding-underlying-causes-and-banishing-breakouts-2019092117816#:~:text=Adult%20acne%2C%20or%20post%2Dadolescent,cells%2C%20bacteria%2C%20and%20inflammation. https://www.aad.org/public/diseases/acne/really-acne/adult-acne https://www.aad.org/public/diseases/acne/diy/adult-acne-treatment https://health.clevelandclinic.org/adult-acne-blackheads ======================================================================== ဆရာဝန်၏အကြံပြုချက် 👩‍⚕️Dr. April M.B.,B.S (Ygn) University of medicine (2) -Diploma in American Academy of Aesthetic Medicine (AAAM) - Certificate of Master in Korean Thread Lifting -Certificate of Master Course in Aesthetics Medicine by P.Paula International Aesthetics, Anti-aging & Hair Transplantation Academy -Certificate of Aesthetic Gynecology & Sexology by Dr.Aomthong Clinic, Bangkok The Empress Beauty & Laser Center No. 99, Lamai Condo, 1st floor, Room 1 (C+D), Myay Nu Street, Sanchaung Tsp, Yangon.
Показати все...
Adult acne: Understanding underlying causes and banishing breakouts - Harvard Health

...

👍 10
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.