cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Ko Kaung Hset

Більше
М'янма10 538Бірманська9 003Освіта42 326
Рекламні дописи
2 570
Підписники
+224 години
+97 днів
+630 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Фото недоступнеДивитись в Telegram
စင်ကာပူအပါအဝင် ပြည်ပရောက်ရွှေမြန်မာတွေလည်း အစားအသောက်အတွက် ကုန်ကျစရိတ်သက်သာအောင် အမျိုးမျိုးကြံဆလာကြတာမှာ စူပါမားကတ်တွေက သက်တမ်းကုန်ခါနီး အစားအစာတွေကို စျေးထက်ဝက်လျှော့တာမျိုးကိုဝယ်ထား ရေခဲသေတ္တာထဲသိမ်းထားပြီး ပြန်လည်ချက်ပြုတ်စားကြတာမျိုးရှိနေတယ် ပုံမှာဆိုရင်စတစ်ကာအနီလေးတွေကပ်ထားတာမျိုးပေါ့ expire date နီး သက်တမ်းကုန်ခါနီးလို့ စျေးချထားတဲ့အသားတွေက ချက်ချင်းစားသင့်တယ်၊ရေခဲခန်းထဲထည့်ပြီးရက်ကြာထား စားတာမျိုးက ကျန်းမာရေးနဲ့မညီညွတ်တာကြောင့် ရှောင်ကျဥ်သင့်ကြပါတယ်
Показати все...
👍 4 2👏 1
Фото недоступнеДивитись в Telegram
Job Fair တွင် ဒေါက်တာဦးသောင်းဟန် မှ The Role of Strategic Planning in Career Advancement ခေါင်းစဥ်ဖြင့် Seminar ကို ဟောပြောပို့ချသွားမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် အခမဲ့ စာရင်းပေးသွင်း တက်ရောက်နိုင်ပါသည်။ Register ပြုလုပ်ရန် - https://forms.office.com/r/5tq0MmckqJ ---------------------------------- Job Fair အစီအစဉ် အသေးစိတ်‌ လေ့လာရန် - https://www.facebook.com/events/640452681616189/ တိုက်ရိုက်ဆက်သွယ်မေးမြန်းရန် 📱 09250717166~68 📱 09444555614 သို့ဆက်သွယ်နိုင်ပါသည်။
Показати все...
👍 3
1
ခရီးဆောင်အိတ်အကြီး Checkin luggage ကီလို ၃၀ + လက်ကိုင်အိတ် Hand carry ၇ကီလိုရမယ် လေယာဥ်ပေါ်မှာ အစားအသောက်ကျွေးတယ် MNA app က အသုံးပြုရတာ ယခင်ကထက်တော်တော်လေးကို တိုးတက်ကောင်းမွန်လာတာ တွေ့ရပါတယ် ထိုင်ခုံနေရာရွေးချယ်ခြင်း (အခကြေးငွေ ထပ်ဆောင်းပေးရမယ်) ၊ အစားအသောက်ရွေးချယ်ခြင်း ၊ ဝှီးချဲဆားဗစ်တောင်းခံခြင်း ၊ ကီလိုပိုထပ်မံဝယ်ယူခြင်းများကိုလည်း ရွေးချယ် လုပ်ဆောင်လို့ရပါတယ် ဘွတ်ကင်ကုတ်ကိုမှတ်ထားပါ 2C2Pစနစ်ပါဝင်တဲ့ မြန်မာပြည်တွင်းဘဏ်ကတ် Credit ကတ်စတာတွေနဲ့ ငွေပေးချေနိုင်ပြီး ငွေသားနဲ့ပေးချေနိုင်ဖို့ Pay cash ကိုရွေးပါ နောက်ဆုံးအနေနဲ့ မိမိရဲ့နာမည် အင်းဂလိပ်စာလုံးပေါင်း ပတ်စ်ပို့နံပါတ် ထွက်ခွာမည့်နေ့ရက် အချိန်များကို ပြန်လည်စစ်ဆေးပါ K pay နဲ့ပေးဆောင်နိုင်ဖို့ ပုံမှာပါတဲ့ ဖုန်းတွေကိုဆက်ပါ ၊ ဖုန်းရရင် ဖြစ်စဥ်အသေးစိတ်နဲ့ ဘွတ်ကင်ကုတ်ကိုပြောပြပါ ၊ K pay နံပါတ် သူတို့ပြောပြပါလိမ့်မယ် သူ့အတွက်ထိုင်ခုံနေရာရွေးပေးမထားဘူး လေဆိပ်ကောင်တာရောက်မှ အဆင်ပြေတဲ့နေရာကို ဝန်ထမ်းကစီစဥ်ပေးပါလိမ့်မယ် ၊ ထိုင်ခုံနေရာကြိုရွေးထားရင် ကျပ်ငွေ သောင်းဂဏန်းလောက် ထပ်မံပေးဆောင်ရပါတယ် ၂၀၂၄ယနေ့ခေတ်မှာ လေယာဥ်လက်မှတ်ဝယ်တယ်ဆိုတာ အရမ်းခက်ခဲတဲ့ကိစ္စမဟုတ်တော့ပါဘူး တချို့ပွဲစားတွေက လေယာဥ်လက်မှတ်ခကိုလည်း စျေးတင်ထားတက်တယ် လက်မှတ်မဝယ်တက်ရင် အကို့ကိုဖုန်းဆက်ပါ ကူညီပေးနိုင်ပါတယ်၊ ဘွတ်ကင်တင်ပေးမယ် ငွေပေးချေတဲ့အပိုင်း မိမိကိုယ်တိုင်လုပ်ဆောင်ရပါမယ် အဆင်ပြေကြပါစေ Singapore Skill Training Center
Показати все...
4
Фото недоступнеДивитись в Telegram
K pay နဲ့လည်း လေယာဥ်လက်မှတ်ဝယ်လို့ရပါပြီ စင်ကာပူနိုင်ငံကို မကြာခင်ထွက်ခွာတော့မယ့်ညီငယ်က လေယာဥ်လက်မှတ်ဝယ်ပေးဖို့အကူအညီတောင်းခံလာပါတယ် လက်မှတ်အရောင်းဆိုင်တွေမှာဝယ်ရင်လည်းရပေမယ့် သူအပိုမကုန်အောင် တိုက်ရိုက်ဝယ်ပေးလိုက်ပါတယ် ၁။ MNA အက်ပ်လေးကို ဒေါင်းလိုက်ပါ ၂။ မိမိထွက်ခွာမယ့် နေ့ရက် လေဆိပ် စတာတွေထည့်ပြီးရှာလိုက်ပါ ၃။ လေယာဥ်လက်မှတ်ခများပေါ်လာပါလိမ့်မယ် ၄။ အဆင်ပြေတယ်ဆိုရင် ရွေးချယ်ပါ ၊ လေယာဥ်လက်မှတ်က ပရိုမိုးရှင်းချတဲ့အချိန် စျေးသက်သာပါတယ်၊ ရက်ကပ်မှဝယ်ရင်တော့ စျေးကြီးမယ်၊ အခုသူ ရန်ကုန် မှ စင်ကာပူတကြောင်းကို USD 195 မြန်မာကျပ်ငွေ ၈သိန်းဝန်းကျင်နဲ့ ဝယ်ယူခဲ့ရပါတယ်၊
Показати все...
1
Фото недоступнеДивитись в Telegram
ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာသူများ၊ ဆေးကုသမှုခံယူရန် ထွက်ခွာသူများ၊ ပညာတော်သင်ရန် ထွက်ခွာသူများ၊ ဘုရားဖူးထွက်ခွာသူများ၊ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများအတွက် AYA BANK မှ အောက်ဖော်ပြပါ ဘဏ်ခွဲများတွင် နိုင်ငံခြားငွေလဲလှယ်ကောင်တာများ ဖွင့်လှစ်ထားပြီး တစ်ဦးလျှင် သတ်မှတ်ပမာဏအတိုင်းရောင်းချသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ (၁) ရန်ကုန်-(၈) - ပါရမီဘဏ်ခွဲ အမှတ်(၁၀၅-ဒီ)၊ ပါရမီလမ်းသစ်လမ်းမ (၂) ရန်ကုန်-(၁၆) - မရမ်းကုန်းဘဏ်ခွဲ အမှတ်(၁၁၀)၊ပြည်လမ်း (၃) ရန်ကုန်-(၂၆) - ကျောက်တံတားဘဏ်ခွဲ အမှတ်(၄၁၆)၊ မဟာဗန္ဓုလလမ်း  (၄) ရန်ကုန်-(၈၃) - အလုံဘဏ်ခွဲ အမှတ်(၂၃-ဂျီ၁)၊ မြေကွက်အမှတ်(၃/ဘီ)၊ ကမ်းနားလမ်းနှင့် သစ်တောလမ်းထောင့်၊ River View Point Condominium (၅) Yangon International Airport Counter ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်လေဆိပ်လမ်း (၆)မန္တလေး-၂ (လမ်း၃၀)ဘဏ်ခွဲ အကွက်အမှတ်(၆၁၉)၊ မန်းမြန်မာတိုက်အမှတ်(၂)၊ အခန်း(စီ-၁၊၂၊၃၊၄) (ဒီ-၁၊၂၊၃၊၄)၊ လမ်း(၃၀)၊ (၇၇×၇၈)လမ်းကြား   (၇)မန္တလေး(၂၂)- (၂၆)လမ်းဘဏ်ခွဲ (စိတ္တရမဟီအိမ်ရာ) (၂၆)လမ်း၊ (၇၃ x ၇၄)လမ်းကြား (၈)နေပြည်တော် ၊အဆင့်မြင့်စျေး၊ ဒက္ခိဏသီရိမြို့နယ် crd
Показати все...
👍 1
Repost from Yangon Media Group
Фото недоступнеДивитись в Telegram
လေယာဥ်စီးနေချိန် လေပွေထန်ခြင်းကြုံတွေ့သည့်အခါ ခန္ဓာကိုယ်တွင် ဘာတွေဖြစ်ပေါ်သလဲ +++++++++++++++++++++++++ Published 30 May 2024 လန်ဒန်မှ စင်္ကာပူသို့ပျံသန်းတဲ့ စင်္ကာပူလေကြောင်းလိုင်း ခရီးစဥ် SQ321 ဟာ မေလ ၂၁ ရက်နေ့က လေပွေထန်ခြင်း ပြင်းထန်စွာ ကြုံတွေ့ခဲ့ရကာ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ အမြင့်ပေ ရုတ်တရက်ကျသွားစဥ် လေယာဥ်ထဲမှာ ခရီးသည်များနဲ့ အရာဝတ္ထုများ ဗြောင်းဆန်သွားပြီး ဘန်ကောက်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ ဘိုးအင်း 777-300ER လေယာဥ်ဟာ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းပေါ်မှ ပျံသန်းနေစဥ် ပြင်းထန်တဲ့ လေလှိုင်းထန်ခြင်း ကြုံတွေ့ခဲ့ရကာ ဖိအားရုတ်တရက် ကျဆင်းသွားခဲ့ပါတယ်။ Read More>>https://yangonmediagroup.com/index.php/local-news/19-world/18506-2024-05-29-15-37-02 Source: India Today #World_Science #Published_ 30 May 2024 #Yangon_Times #YMG_News #Yangon_Media_Group
Показати все...
👍 1
Фото недоступнеДивитись в Telegram
အသက်လိမ်ပြီးပြည်ပထွက်ဖို့မလွယ်တော့ပါ အခုလုပ်နေတဲ့ UID စမတ်ကတ်က မူလမှတ်ပုံတင်လုပ်ခဲ့တဲ့ မြို့နယ်အထိ အချက်အလက်ပြန်လိုက် ကောက်တဲ့စနစ်ပါ မျက်လုံးစကန် လက်ဗွေ သွေးအုပ်စု ဓာတ်ပုံ စတာတွေကို လ.ဝ.က ဒေတာဘေစ့်ထဲသိမ်းတယ်၊ လေဆိပ် ကုန်းလမ်း ရေလမ်း ထွက်ပေါက်တွေမှာ QR code ကို စကန်ဖတ်လိုက်ရုံနဲ့ ကိုယ်ရေးအချက်အလက်များ အလွယ်တကူသိရှိနိုင်မှာဖြစ်လို့ စင်ကာပူနိုင်ငံကို အသက်တိုး လျှော့ဖြင့် သွားရောက်နေကြသူများ နောင်မှာအခက်တွေ့လာနိုင်တယ် အသက်အမှန်ဖြင့်သာ သွားရောက်သင့်ကြပါတယ်
Показати все...
1
03:00
Відео недоступнеДивитись в Telegram
ပညာအရည်အချင်းအများကြီးမလို ဘာသာစကားတက်ကျွမ်းရုံနဲ့ အလွယ်တကူအလုပ်ရနိုင် လစာလည်းမဆိုးဘူးပြောရမယ် ဂျပန်နိုင်ငံကို ပညာတက် ဘွဲ့ရများပါ ဘိုးဘွားစောင့်ရှောက်ရေးနဲ့ ထွက်ခွာနေကြတာ တွေ့ရပါတယ် သားသမီးတွေက မအားလပ်တာ၊ ပြုစုမပေးနိူင်လို့ ဘိုးဘွားရိပ်သာကိုလာထားကြတာဖြစ်ပြီး သက်ကြီးပိုင်းများဖြစ်တာသိထားရမယ်၊အချို့က စိတ်အခြေအနေပုံမှန်မဟုတ်တော့ပါ ၊ ခလေးလေးတွေလိုဖြစ်နေတာလည်း ရှိတယ် ၊ အဖိုး အဖွားတွေရဲ့ အညစ်အကြေးစွန့်ထုတ်ရာမှာလည်း ကူညီရနိုင်တယ် ဆေးဝါးနှင့် သူနာပြုစုစောင့်ရှောက်မှု့ အခြေခံအတွေ့အကြုံများလည်းရှိထားသင့်တယ် သူတို့ကို ပြုစုစောင့်ရှာက်ရာမှာ စိတ်ရှည် သည်းခံနိူင်မှသာ သွားရောက်သင့်ကြပါတယ် ဗီဒီယိုအား ကူးယူဖော်ပြပါသည်
Показати все...
16.46 MB
3