Book4U.MM
Відкрити в Telegram
Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်
Показати більше5 366
Підписники
-224 години
-207 днів
-9730 днів
Архів дописів
5 366
ယခုစာအုပ်တွင် မိုင်ဒီယာ အဝတ်လျှော်စက်များဖြစ်သည့် Front Loading Drum Type Top Loading Type နှင့် Portable တို့တွင် လျှပ်စစ်ဝါယာကြိုးများ ချိတ်ဆက်တပ်ဆင် ခြင်း၊ ဆားကစ်များ၊ အဝတ်လျှော်စက်များတွင် ဖြစ်ပေါ်တတ်သည့် ချို့ယွင်းကုတ်များနှင့် သက်ဆိုင်ရာ ချို့ယွင်းကုတ်များအလိုက် စစ်ဆေးခြင်းနှင့် ပြုပြင်နည်း၊ အဝတ်လျှော်စက် အစိတ်အပိုင်းများအား ဖြုတ်ယူနည်း၊ တပ်ဆင်နည်းတို့ကို ပုံများနှင့်တကွ အသေးစိတ် ရေးသားထားပါသည်။ ယခုစာအုပ်သည် နေအိမ်တွင် မိုင်ဒီယာ အဝတ်လျှော်စက်တပ်ဆင် ထားသူများ၊ အဝတ်လျှော်စက် နည်းပညာ လေ့လာလိုသူများနှင့် အဝတ်လျှော်စက် လုပ် ငန်းခွင်တွင်လုပ်ကိုင်နေသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ရေးသားထား ပါသည်။
မိုင်ဒီယာ အဝတ်လျှော်စက်များ ပြုပြင်နည်းနှင့် ချို့ယွင်းကုတ်များ
========================
စာရေးသူ–ကိုအောင်ကျော်(အီလက်ထရောနစ်)
တန်ဖိုး–10000
စာမျက်နှာ–140
----------------------------------------------
5 366
“ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ဖို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းကိုချဲ့ချင်လို့ပဲဖြစ်ဖြစ် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ငွေကြေးအရင်းအနှီးဘယ်လိုရှာဖွေလို့ရနိုင်မလဲဆိုတာကို သိရှိနားလည်ဖို့အအရေးကြီးပါတယ် ။
သင့်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေတယ်၊ တချို့လုပ်ငန်းတွေ ကျရှုံးနေချိန်မှာ တချို့က ဘာကြောင့် အောင်မြင်နေတယ်ဆိုတာတွေကို တွေးဖူးပါသလား။ ဒါတွေအားလုံးက အရင်းအနှီးကြောင့် ပါပဲ။ ငွေအရင်းအနှီး မလုံလောက်မှုကြောင့် လုပ်ငန်းအများအပြားဟာ ကျဆုံးခဲ့ရပါတယ်။ ဒါ့ကြောင့် ရင်းနှီးငွေ မြှင့်တင်ခြင်းဟာ လုပ်ငန်းချဲ့ထွင်လိုသူတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။
ဒီစာအုပ်ထဲမှာ တည်ထောင်စ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ရင်းနှီးငွေကို ဘယ်လိုနည်းစနစ်တွေနဲ့ ရှာဖွေရမယ်၊ ရင်းနှီးငွေရဲ့အရေးပါပုံ၊ ရှယ်ယာနဲ့ ကြွေးမြီစာချုပ်စာတမ်းတွေနဲ့ ရင်းနှီးငွေမြှင့်တင်ပုံ၊ လုပ်ငန်းမော်ဒယ် အမျိုးအစားတွေ၊ ယှဉ်ပြိုင်မှု အားသာချက်ရအောင်ဘယ် လိုဆောင်ရွက်ရမယ်ဆိုတာတွေ၊ ဆုံးရှုံးနိုင်ခြေနဲ့ အကျိုးအမြတ်ပြန်ရချက် စတာတွေ၊ စတော့အိတ်ချိန်းကို စာရင်းဝင်ခြင်းနဲ့ ထွက်ခွာမှု မဟာဗျူဟာ စတာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
သက်ထွန်းဦး
၁၆,၀၀၀ ကျပ်
5 366
Joel Osteen (ဂျိုးလ် အိုစတင်းန်)
ဘာသာပြန်ထားသည့် စာအုပ်(၁၂)အုပ်
Book4U စာအုပ်ဆိုင်တွင်မှာယူရရှိနိုင်ပါတယ်
✅✅(တချို့စာအုပ်များအုပ်ရေအနည်းငယ်သာရှိပါသည်)။
================
၁။ သင်လုပ်နိုင်တယ် (၈၀၀၀ကျပ်)
၂။ ကစားပွဲထဲဆက်ရှိနေပါ (၅၀၀၀ကျပ်)
၃။ ထားရှိသောငြိမ်သက်ခြင်း (၆၀၀၀)ကျပ်
၄။ ကြွယ်ဝခြင်းစိတ်ထား (၆၀၀၀ကျပ်)
၅။ နောက်တစ်ဆင့်အတွေး (၈၀၀၀ကျပ်)
၆။ ယုံကြည်ပါ(၆၀၀၀ကျပ်)
၇။ကောင်းချီးမဂ်လာပြောပါ(၈၀၀၀)
၈။ရဲရဲတောင်း(၈၀၀၀)
၉။နှုက်ပြောစကား(၆၀၀၀)
၁၀။ရှင်းလင်းထုတ်ပစ်နက်ဂတစ်ဖ်(၆၀၀၀)
၁၁။အောင်မြင်စိုးစံသောအသက်တာ(၁)-၇၀၀၀ ကျပ်
၁၂။ခြားနားသော်သူ(၇၀၀၀)အသစ်ထွက်
☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
5 366
#နှစ်သစ်အတွက်စာအုပ်သစ်
New year New me
လောကကြီးက ကြမ်းတမ်းတယ်။ ဒါပေမဲ့ မင်းက "ပိုကြမ်း" ရမယ်။
"New Year, New Me - ပိုကြမ်းတဲ့ငါ" စာညွှန်း
▪️"ငါ ဘာလုပ်ချင်မှန်း မသိတော့ဘူး။"
▪️"ငါ့ရဲ့ ကြင်နာမှုတွေကို သူတို့က အခွင့်အရေးအဖြစ် မြင်လာကြတယ်။"
▪️"သူများတွေ အောင်မြင်နေချိန်မှာ ငါတစ်ယောက်တည်း နောက်ကျကျန်ခဲ့သလို ခံစားရတယ်။"
ဒီလို ခံစားချက်မျိုး စာဖတ်သူလေးမှာ ရှိနေဖူးလား။
နှစ်သစ်ရောက်တိုင်း "New Year, New Me" လို့ ကြွေးကြော်ခဲ့ပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ Old Me (ပုံစံဟောင်း) ရဲ့ အကျင့်ဆိုးတွေ၊ ကြောက်စိတ်တွေ၊ သံသယတွေအောက်မှာ ပြန်လည် နစ်မြုပ်သွားဖူးသလား။
ဒါဆိုရင်တော့ ဒီစာအုပ်က စာဖတ်သူလေးအတွက်ပါပဲ။
ဒီစာအုပ်ဟာ သာမန် "စိတ်ဓာတ်ခွန်အားပေး" စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ ဒါဟာ စစ်မှန်တဲ့ လူငယ်တွေရဲ့ ရင်ဖွင့်သံပေါင်းများစွာကနေ မွေးဖွားလာတဲ့ "လက်တွေ့ကျတဲ့ လမ်းညွှန်မြေပုံ" တစ်ခုပါ။
တန်ဖိုး-၁၁၀၀၀
စာရေးသူ-အက္ခရာ
5 366
"လက်နဲ့ထိရင်ရွှေ" ကို ဖတ်ရှုခြင်းအားဖြင့် သင်ဟာ သာမန်လူတွေ မသိတဲ့ ဘီလီယံနာတွေရဲ့တွေးခေါ်ပုံကို သင်ယူခွင့်ရရှိမှာပါ။
ဒီစာအုပ်ဟာ ကမ္ဘာ့အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးနှစ်ဦး ဒေါ်နယ်လ်ထရမ့် နဲ့ ရောဘတ်ကီယိုဆာကီတိုရဲ့ ဉာဏ်ပညာ၊ ဗျူဟာတွေနဲ့ ဘီလီယံနာဖြစ်အောင် လုပ်တဲ့ အတွေးအခေါ်တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားပါတယ်။
သူတိုရဲ့ထူးခြားတဲ့ စီးပွားရေး အတွေးအခေါ်တွေ၊ ဆုံးဖြတ်ချက်ချပုံတွေ၊ အခက်အခဲတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပုံတွေနဲ့ အင်ပါယာ တည်ဆောက်ပုံ လျှို့ဝှက်ချက်တွေကို ဒီစာအုပ်တစ်အုပ်တည်းမှာ ပွင့်ပွင့်လင်းလင်း ဖော်ပြထားပါတယ်။
ဒီစာအုပ်ကို ဖတ်လိုက်တာနဲ့ သင်ဟာ ဘီလီယံနာတွေရဲ့ ဦးနှောက်ထဲကို တိုက်ရိုက်ဝင်ရောက်ပြီး သူတို့ ဘယ်လိုတွေးတယ်၊ ဘယ်လိုဆုံးဖြတ်တယ်၊ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်တယ်ဆိုတာကို အနီးကပ် လေ့လာခွင့်ရပါလိမ့်မယ်။
သင် ထိလိုက်တဲ့အရာတိုင်းဟာ ရွှေအဖြစ်ပြောင်းလဲသွားသလို သင့်ရဲ့ကြိုးစားမှု တိုင်းဟာ အောင်မြင်မှုတွေနဲ့ အမြတ်အစွန်းတွေအဖြစ် ပြန်ရလာပါလိမ့်မယ်။ ဒီစာအုပ်ဟာ လက်တွေ့ကျကျ အသုံးချနိုင်တဲ့ နည်းဗျူဟာတွေနဲ့ ပြည့်နှက်နေတဲ့ လက်စွဲစာအုပ်တစ်အုပ်ပါ။
18000 ကျပ်
5 366
အရေပြားဆိုသည်မှာ လူ့ခန္ဓာကိုယ်၏ အပြင်ဆုံးအလွှာဖြစ်သောကြောင့် လူမှု ဆက်ဆံရေး နယ်ပယ်တွင် လွန်စွာအရေးပါလှပါသည်။ အရေပြားအရောင်ပေါ် မူတည်ပြီး လူဖြူ၊ လူမည်းဟူ၍ ခွဲခြားဆက်ဆံသော ဓလေ့မှာ ကမ္ဘာ့သမိုင်းတွင် ဆိုးဝါးစွာ ရှိခဲ့ဖူးပါသည်။
သမင်ဖြူရောဂါ ဖြစ်နေသူ အများစုမှာ လူမြင်မှာစိုး၍ ဖုံးကွယ်လို့ရသလောက် အဝတ်အစားတို့ဖြင့် ဖုံးကွယ်လေ့ရှိသော်လည်း မျက်နှာနှင့် ခြေလက်များကဲ့သို့ ဖုံးကွယ်ရန် မလွယ်ကူသည့် နေရာများတွင်ဖြစ်ပါက လူကြားသူကြားသို့ သွားလာရန် မဝံ့မရဲ ဖြစ်တတ်ပါသည်။
ဤစာအုပ်တွင် သမင်ဖြူရောဂါမှာ ကူးစက်ရောဂါ မဟုတ်ကြောင်း၊ အဆိုပါ ရောဂါဖြစ်နေသူ အနေနှင့် မည်သည့်အမှားမှ ကျူးလွန်ထားခြင်းမရှိ၍ ရှက်ကြောက်နေရန် မလိုအပ်ကြောင်းနှင့် ရောဂါကို ပျောက်ကင်းအောင်လည်း ကုသနိုင်ပြီဖြစ်ကြောင်း သိစေလိုသည့် ဆန္ဒဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။
တန်ဖိုး-30000 ကျပ်
5 366
ဆရာ ကျော်ဌေး ရေးသားသည့် [Forex Trading] ဆိုင်ရာ စာအုပ်များ (Book4U) တွင်မှာယူရရှိနိုင်ပါပြီ။
✅ရရှိနိုင်မည့် စာအုပ်စာရင်းများ....📚✅
------------------------------------
၁။ အင်ဒီကေတာနည်းစနစ်များ ( Indicator Strategies) (ကျော်ဌေး)
တန်ဖိုး- ၁၀၀၀၀ ကျပ်
.
၂။ ဈေးကွက်ကိုစနစ်တကျအနိုင်ယူနည်း (ကျော်ဌေး)
တန်ဖိုး–၁၆၀၀၀ ကျပ်
၃။ နိုင်ငံတကာငွေကြေးဈေးကစားခြင်း၊ (ကျော်ဌေး)
၁၅၀၀၀ ကျပ်၊
.
၄။ အဆင့်မြင့်ဈေးကစားနည်း (ကျော်ဌေး)
တန်ဖိုး ၂၀၀၀၀ ကျပ်
၅။ မော်ဒန်ဈေးကစားနည်း (ကျော်ဌေး)
တန်ဖိုး ၁၅၀၀၀ ကျပ်၊
.
၆။ ပရိုဖက်ရှင်နယ်ဈေးကစားနည်း (ကျော်ဌေး)
၁၆၀၀၀ ကျပ်၊
.
၇။ ပရိုက်စ် အက်ရှင်နည်းစနစ်များ (ကျော်ဌေး)
၉၀၀၀ ကျပ်၊
.
၈။ ဂျပန်စျေးကစားနည်း (ကျော်ဌေး)
တန်ဖိုး- ၁၀၀၀၀ ကျပ်၊
၉။မော်ဒန်ဈေးကစားနည်း (အတွဲ-၂)(ကျော်ဌေး) တန်ဖိုး - ၁၆၀၀၀ ကျပ်
၁၀။ အက်(စ်)အမ်စီနည်းစနစ် Smart Money Concept(ကျော်ဌေး)
တန်ဖိုး - ၁၈၅၀၀ ကျပ်
၁၁။အိုင်စီတီနည်းစနစ်များ(ကျော်ဌေး)
တန်ဖိုး-၁၈၀၀၀
✔️💸စုစုပေါင်း=၁၆၃,၅ဝဝ ကျပ်
-----------------------------------------------------
5 366
𝐏𝐫𝐞 𝐎𝐫𝐝𝐞𝐫 𝐍𝐨𝐰!!
📕 ဘ၀ဥပဒေ-၅၀ (မောရိသျှ)
•ထွက်မည့်ရက် - 𝟑𝟏.𝟏𝟐.𝟮𝟬𝟮𝟰
• တန်ဖိုး - 𝟐𝟐,𝟬𝟬𝟬
(𝐏𝐚𝐠𝐞 𝟒𝟑𝟏)
“ဘဝဥပဒေ-၅၀” (The 50th Law) သည် ရက်ပ်အဆိုကျော် စွန့်စားစီးပွားရေးသမား 50 Cent နဲ့ နာမည်ကျော်ကြား လူသိများတဲ့ The 48 Laws of Power (အာဏာစက် နည်းဥပဒေသ ၄၈ ရပ်) စာအုပ်ရဲ့ မူရင်း စာရေးသူကြီး ရောဘတ်ဂရင်း (Robert Greene) တို့ ပူးတွဲရေးသားထားတဲ့ New York Times အရောင်းရဆုံး စာရင်းဝင် စာအုပ်ဖြစ်ပါတယ်။
သမိုင်းဝင် ဖြစ်စဉ် ဖြစ်ရပ်တွေနဲ့ 50 Cent ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းတွေကို ခွဲခြမ်းစိတ်ဖြာ နှိုင်းယှဉ်သုံးသပ်ထားမှုတွေအပေါ် အခြေခံထားတဲ့ လက်တွေ့အသုံးကျ ဘဝလမ်းညွှန် မဟာဗျူဟာများဆိုင်ရာ စာအုပ်ဖြစ်ပါတယ်။
“အကြောက်အရွံ့ကင်းခြင်း” ကို ကျောရိုးပြု တင်ပြထားပြီး၊ အခန်းပေါင်း (၁၀) ခန်းနဲ့ ဖွဲ့စည်း တင်ပြထားပါတယ်။ 50 Cent ရဲ့ ဘဝအတွေ့အကြုံ ဖြတ်သန်းမှုတွေဖြစ်တဲ့ ရပ်ကွက်လူမိုက်ဘဝမှသည် ဂီတလောကနဲ့ စီးပွားရေးလောကအတွင်း အောင်မြင်မှုတွေ၊ Abraham Lincoln၊ Sun Tzu၊ Napoleon Bonaparte၊ Malcolm X နဲ့ Miles Davis လိုမျိုး သမိုင်းဝင် အကျော်အမော်တွေရဲ့ သမိုင်းတင်ဖြစ်ရပ်တွေကို ဥပမာပြု သာဓကထား သုံးသပ်ပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။
5 366
စာအုပ်မှာ အခန်း ၃ ခန်းနဲ့ ဖွဲ့စည်းထားတာ တွေ့ ရပါ တယ်။ အခန်း ၁ မှာ ဘာသာတရားရဲ့ အခန်းကဏ္ဍကို အဓိက ဖော်ပြရင်း စိတ်ပညာနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေကို အစဆွဲထုတ်ပြသွားတာတွေ့ရတယ်။
အခန်း၂ မှာတော့ စိတ်ပညာရဲ့ အခန်းကဏ္ဍကို ဖော်ပြရင်
နှီးနွှယ်ပတ်သက်မှုတချို့ကို လှစ်ဟပြသွားပြန်တယ်။
အခန်း ၃ ကတော့ ဘာသာ တရားနယ်ပယ်အတွက် အသုံးချစိတ်ပညာအပိုင်းလို့ ပြောလို့ရမယ်ထင်ပါတယ်။
ဘာသာပြန်မဟုတ်ဘဲ ကိုယ်တိုင်ရှာဖွေဖတ်မှတ်လေ့လာထားသမျှကို စုဆောင်းပြုစုပြီးမျှဝေရေးသားတင်ပြချက်မျိုးဖြစ်တဲ့အတွက် အကြောင်းအရာ က လေးပင်ပေမဲ့ ရေးသားတင်ပြပုံကတော့ ချောမွေ့နေတာသတိပြုမိပါတယ်။ သုတေသနစာတွေမှာလို footnote, endnote တွေ မသုံးဘဲ စာသားထဲမှာပဲ အကိုးအကား အထောက်အထားကိုရော ညှပ်ဖော်ပြပေးထားတဲ့ “in-text citation” ပုံစံကလည်း စာဖတ်သူတွေအတွက် ကိုးကားချက်တွေကို တန်းခနဲ လွယ်လွယ်သိစေနိုင်လို့ အဆင်ပြေပါတယ်။
ခြုံပြီးကောက်ချက်ချရရင် စိတ်ပညာနယ်ပယ်နဲ့ အကျွမ်းတဝင်မရှိလှ တဲ့သူတွေအတွက်တော့ မြန်မာလိုရေးထားတဲ့ နယ်ပယ်သစ်၊ အကြောင်းအရာ သစ်၊ စိတ်ဝင်စားမှုအသစ်၊ သုတအသစ်၊ ခံစားမှုရသအသစ်နဲ့ အတွေးအမြင် သစ်ကိုပေးနိုင်မယ့် စာအုပ်တစ်အုပ်လို့ ဆိုချင်ပါတယ်။
15000 ကျပ်
5 366
AutoCAD DRAWING FOR M&E Service(DVDအခွေမပါတော့ပါ)
ဒီစာအုပ်ကို လေ့လာရာမှာ Basics Operations Tools တွေကဘာ၊ Precision Tools, Drawing and Drafting Tools, Editing Tools တွေကဘာဆိုတာမျိုး
မစီစဉ်ထားပဲနဲ. သင်တန်းတက်ရာမှာ ဆရာတစ်ဦးက သင်သလို လိုအပ်ချက် အဆင့်တိုင်းအစီအစဉ်အလိုက် ရေးသားသွားဖို. ရည်ရွယ်ထားပါတယ်။
AutoCAD ကို အခုမှ စာလေ့လာမဲ့ သူတွေက အပိုင်း ၁။ ပြီးမှ အပိုင်း ၂ အဆင့်လိုက် လေ့လာ သင့်ပါတယ်။
AutoCAD ကို ရင်းနှီးပြီးသား သူတွေကတော့ အပိုင်း ၂ M&E Drawings ပိုင်း ကျော်ပြီးလေ့လာလို.လဲ ရပါတယ်။
အခန်းတွေ ကတော့ ကျွန်တော်တို. စီစဉ်ထားတဲ့ အတိုင်းသာ ဆက်ပြီး လေ့ကျင့် သွားပေးပါ။ အခန်းစဉ်တွေ အားလုံး ပြီးရင်တော့ AutoCAD Software ကို ကောင်းမွန်စွာ အသုံးချ နိုင်သွားပြီး၊ M&E Drawings ပိုင်းအတွက် လုပ်ငန်းခွင် ဝင်ဖို. အဆင်သင့် ဖြစ်နေပါပြီ။
AutoCAD Software ကိုတော့ စလေ့လာမဲ့ သူတွေ အတွက် အကောင်းဆုံး ဖြစ်တဲ့ 2010 Version နဲ. အသုံးပြုထားပါတယ်။
=========
✍U Thet Win Soe
တန်ဖိုး–35000
5 366
စွန့်လွှတ်ခြင်းနဲ့ အနစ်နာခံခြင်းမှာ
ဘယ်အရာက အလေးချိန်ပိုသာ သလဲ လို့ မမေးပါနဲ့တော့
ဒုက္ခတွေ လှေကြုံစီးတဲ့အခါ
လှိုင်းပုတ်ခံရတာချင်း တူပါတယ်။
နိုဘယ်လ်ရေ
လောကဓံမှာ ပန်းတွေပွင့်ရင်
ချစ်တဲ့သူတွေ
ဘယ်တော့မှ မဝေးကြဘူး။
📖ချစ်သူခြေတော်ရင်းဝယ်
ကံ့ကော်ပန်းတွေတဖြုတ်ဖြုတ် ကြွေကျတုန်းက
✍သက်ဦးညို
တန်ဖိုး-၅၀၀၀
စာမျက်နှာ-၄၈
5 366
စာအုပ်ရေးသားရခြင်း၏ရည်ရွယ်ချက်
ကျွန်တော် ဂမ္ဘီရ၊ စိန္တာမယဆရာနန်းအောင်လှိုင်သည် အရဟံဂုဏ်တော်ပုတီးစိပ်နည်းနှင့် အရဟံစမကျင့်စဉ်စာအုပ် ကို ရေးသားထုတ်ဝေရခြင်းမှာ ကျွန်တော်သည် အထက်လမ်း ပညာကို စတင်၍ လေ့လာလိုက်စားအားထုတ်ကာစတွင် အထက်လမ်းဂိုဏ်းဝင်ဆရာ၊ ဆရာမပေါက်စများ၊ ဆရာ၊ ဆရာမငယ်များနှင့်အတူ အထက်လမ်းကျင့်စဉ် ပညာရပ်သင် ယူတတ်မြောက်ရေးအတွက် ပုတီးစိပ်ခြင်း၊ စမအင်းများ သောက်မျိုခြင်းတို့ကို တွဲဖက်၍ ကျင့်ကြံလုပ်ဆောင်ခဲ့ပါသည်။
ပုတီးစိပ်နည်းအမျိုးမျိုးရှိသော်လည်း အရဟံပုတီးစိပ် ခြင်းသည် အကောင်းဆုံးဟု ကျွန်တော်မြင်သည်။ ကျွန်တော် လိုက်စားသော ဂမ္ဘီရပညာအတွက် အရဟံဂုဏ်တော်ပုတီးစိပ် ခြင်းက များစွာအထောက်အကူပြုခဲ့ပါသည်။ ထို့ကြောင့် အရဟံပုတီးစိပ်ခြင်းကို နည်းစနစ်မှန်မှန်ပြုကျင့်နိုင်ရေးသာ မက အရဟံ စမကျင့်စဉ်များကိုပါ ပူးတွဲလေ့ကျင့်ပွားများ ကျင့်ကြံလိုသူများပါ အခက်အခဲမရှိစေရန်အတွက် ရည်ရွယ် ပြီး ရှေးယခင်ဆရာ့ဆရာကြီးများ၏ နည်းနာများကိုပါ မှီငြမ်း ကာ ဤစာအုပ်ထုတ်ဝေလိုက်ရခြင်း ဖြစ်ပါသည်။
ကိုယ်တွေ့ ပုတီးစိပ်နည်းနှင့်
စမကျင့်စဉ်
~~~~~~~~~~
ရေးသူ-ဂမ္ဘီရ စိန္တာမယ နန်းအောင်လှိုင်
တန်ဖိုး-၁၁၀၀၀
စာမျက်နှာ၁၄၀
5 366
နောက်ဆုံးတော့ ငါနားလည်ခဲ့ပြီ။
ငါဟာ ချစ်မေတ္တာကို
အသံထွက်မပြတတ်ခဲ့တဲ့ လူအပဲ။ အဆုံးထိ ဆွံ့ အဆို့နစ်ခဲ့ရပါတယ်။ ကြေကွဲ။
📖ခြောက်သွေ့ရက်ကြွင်းများ
ကျကွဲနေ့စွဲများ ...
ကြေကွဲသူတစ်ယောက်များ
~~~~~~~~~~
✍️-မောင်နီလှိုင်း
တန်ဖိုး-၈၀၀၀
စာမျက်နှာ-၁၁၀
5 366
"အင်္ဂလိပ်စာ အမှား ၁၀၀၀"
~~~~~~~~~~~~~~~~~~
▪1000+ Quick Grammar Fixes
▪100+ Free Reference Ebooks
တို့ ပါဝင်ပါတယ်။
စာအုပ်နောက်ကျောမှ Telegram QR Code ကို
ခဲခြစ်၍ Scan ဖတ်ပြီး
Ebook ၁၀၀ လက်ဆောင်ရယူလိုက်ပါ။
စာရေးသူ-ဆရာချမ်းဇော်ထက်
တန်ဖိုး-75000 KS
----------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
---------------------------------------
ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက်
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည
5 366
အမျိုးသမီးများဖတ်သင့်သောစာအုပ်ကောင်းလေးများ...
စာပို့ဆက်သွယ်ရန်
https://www.facebook.com/book4u.mm
☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
5 366
ဒီစာအုပ်ထဲမှာ
*လုပ်ငန်းမစတင်ခင် စဉ်းစားစရာတွေ
*လုပ်ငန်းစတင်ချိန်မှာ အခက်အခဲတွေ
*လုပ်ငန်းချဲ့ထွင်ချိန်မှာ သတိပြုစရာတွေ
*လုပ်ငန်းရေရှည်တည်တံ့အောင် ထိန်းသိမ်းရမယ့် အရာတွေ စသည်စသည်ဖြင့် ကိုယ်ပိုင်စီးပွားရေး နဲ့ ဆိုင်တဲ့ စာစုပေါင်း (၅၂) ပုဒ် ပါဝင်ပါတယ်။
== =================
စာရေးသူ–အောင်ကိုဦး
တန်ဖိုး–15000
စာမျက်နှာ–267
-----------------------------------------------
Book4U ရဲ့ တယ်လီဂရမ်အကောင့် ချန်နယ်ကို Follow လုပ်ထားနိုင်ပါပြီ။
t.me/Book4Umm
-------------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
5 366
📖 ပြုံး၍လည်းကန်တော့ခံတော်မူပါ
ရယ်၍လည်းကန်တော့ခံတော်မူပါ
တန်ဖိုး ၁၃၀၀၀ ကျပ်၊
စာ ၂၅၁၊
စာရေးသူ-နုနုရည်အင်းဝ
----------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
---------------------------------------
ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက်
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 366
To Live သည် ခွန်အားဖြစ်စေသော၊ ဝမ်းနည်းဖွယ်ကောင်းသော နှင့် တွေးခေါ်စေသော ကူရိုတာ၀၏ လက်ရာကောင်းတစ်ခုဖြစ်ပြီး လူတိုင်းကြည့်သင့်သည့် ရုပ်ရှင်ကောင်းတစ်ကားဖြစ်သည်။
“ရှင်သန်ခြင်း”သည် လူသားတစ်ဦး၏ ဘဝတန်ဖိုးကို ပိုက်ဆံ သို့မဟုတ် ရာထူးဖြင့် တိုင်းတာခြင်းမဟုတ်ဘဲ အခြားသူများအတွက် ပြုလုပ်ပေးသည့် အကျိုးရှိသောလုပ်ရပ် များဖြင့် တိုင်းတာကြောင်း
ဝါတာနာဘေသည် သူ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းရာတွင် အစိုးရရုံးများ၏ အလွန်ရှုပ်ထွေးပြီး နှေးကွေးသော ကြိုးနီစနစ် ကို ဘယ်လိုရင်ဆိုင်ရပုံ
သေခြင်းတရားကို ရင်ဆိုင်ရချိန်တွင်မှ လူတစ်ဦးသည် အမှန်တကယ် ဘဝကို စတင်အသက်ရှင်ပုံ ကို ဇာတ်လိုက်၏ ဆုံးခန်းတိုင်ပြီးနောက် သူ၏ဘဝနောက်ဆုံးကာလကို ပြန်ပြောင်းပြသသည်။
ဝါတာနာဘေသည် ကလေးကစားကွင်းလေး ပြီးစီးသွားသည့် ညတွင် မြူးမြူးကြွကြွသီချင်းဆိုရင်း ဒန်းစီးနေပုံဖြင့် ငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့သည်။ သူ၏ ရည်မှန်းချက် အောင်မြင်ခဲ့ပြီး၊ သူသည် အမှန်တကယ် ရှင်သန် သွားခဲ့သည်။
✍️မြတ်သစ်
တန်ဖိုး-8000
စာမျက်နှာ- 112
5 366
စိတ်ဒဏ်ရာရဲ့ အခြားတစ်ဖက် စာအုပ်ဟာ ထူးခြားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence) နဲ့ စိတ်သူငယ်ဒဏ်ရာ(Wounded Inner Child)ကို ခံစားနေရသူတစ်ယောက်ရဲ့ ကုသမှုခရီးစဉ် အဆင့်ဆင့်ကို ဖော်ပြထားပါတယ်။
ဒီစာအုပ်ထဲမှာ Counsellor တစ်ယောက်ရဲ့ အရေးပါပုံတွေ သူ့ရဲ့ ကူညီမှုခရီးစဉ်လေးကို ဘယ်လို စတင်ပြီး
ဘယ်လို အဆုံးသတ်တယ်ဆိုတာကို
စာရေးသူနေရာ၊ Client နေရာ၊ Counsellor နေရာ ကနေ ထောင့်ပေါင်းစုံက ပုံစံမျိုးစုံနဲ့ မိတ်ဆက်ပေးထားပါတယ်။
နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ခေတ်မီနည်းလမ်းများနဲ့ စနစ်ကျတဲ့ လမ်းစဉ်တွေကို အခြေခံပြီး အများအလွယ်တကူ နားလည်အောင် ကြိုးစားပြီး
ရေးဖွဲ့ထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ဒီစာဖတ်ပြီး စနစ်တကျ ချဉ်းကပ်မှုနည်းပညာက ပိတ်မိနေတဲ့ အထိအခိုက်မခံတဲ့ အခန်းလေးတွေကနေ
လွတ်မြောက်နိုင်ပါတယ်ဆိုတဲ့ မျှော်လင့်ချက်
အလင်းရောင်တွေ ရရှိလာပါလိမ့်မယ်။
စိတ်ဒဏ်ရာအခန်းလေးတွေကနေ
ဘဝကို ကောင်းမွန်တဲ့ဖက် ပြန်လည်ပြောင်းလဲ ပေးလာနိုင်ပြီး ပျောက်ကွယ်နေတဲ့ လမ်းတွေကို ပြန်လည်ရှာဖွေလာနိုင်ပါစေ။
တန်ဖိုး-၁၀၀၀၀
စာရေးသူ-အောင်မင်းသိန်း
စာမျက်နှာ-၁၃၆
