uk
Feedback
Book4U.MM

Book4U.MM

Відкрити в Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

Показати більше
5 545
Підписники
-224 години
-257 днів
-7230 день
Архів дописів
ဤစာအုပ်တွင် American Bosch, Robert Bosch, CAV-SIMMS, Cummins, Detroit နှင့် Caterpillar ကုမ္ပဏီများမှ ထုတ်လုပ်သောပန့်များ၊ နေ
ဤစာအုပ်တွင် American Bosch, Robert Bosch, CAV-SIMMS, Cummins, Detroit နှင့် Caterpillar ကုမ္ပဏီများမှ ထုတ်လုပ်သောပန့်များ၊ နော်ဇယ်များနှင့် Governor များအကြောင်းကို ပြည့်စုံစွာဖော် ပြထားပါသည်။ ပါဝင်သော အစိတ်အပိုင်းများ၊ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံ၊ ချိန်ညှိခြင်း၊ ဖြုတ်ခြင်း၊ တပ်ဆင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းနှင့် အပြစ်ရှာဖွေခြင်းတို့ကို အသေးစိတ်ဖော်ပြထားပါသည်။ ထို့ကြောင့် ဤစာအုပ်သည် ဒီဇယ်အင်ဂျင်အသုံးပြုသူများ၊ ဒီဇယ်အင်ဂျင်ပြုပြင်သူများ၊ ပန့်ဆိုင်များ၊ ကုမ္ပဏီ များ၊ ဒီဇယ်အင်ဂျင်အကြောင်း လေ့လာလိုသူများ၊ အင်ဂျင်နီယာကျောင်းသား/သူများအတွက် အထူးသင့်လျော်ပါသည် ။ 📓ဒီဇယ်ဆီပို့စနစ်များ ပန့်-နော်ဇယ် ဂါဗနာ ✍ဦးအုန်းမြင့်(ဒီဇယ်) တန်ဖိုး-၃၅၀၀၀

📕လုပ်ငန်းခွင်ဆိုင်ရာ အင်္ဂလိပ် စကားပြော ဤစာအုပ်တွင် ပြည်တွင်း ၊ ပြည်ပ လုပ်ငန်းခွင်များနှင့် ပတ်သက်သည့် အခေါ်အဝေါ်များ စကားပြ
📕လုပ်ငန်းခွင်ဆိုင်ရာ အင်္ဂလိပ် စကားပြော ဤစာအုပ်တွင် ပြည်တွင်း ၊ ပြည်ပ လုပ်ငန်းခွင်များနှင့် ပတ်သက်သည့် အခေါ်အဝေါ်များ စကားပြောများ အသုံးအနှုန်းများ ရှင်းလင်းချက်များ သိမှတ်ဖွယ်ရာများကိုသာမက လေယာဉ်ပေါ်တွင် ဖြည့်စွက်ရမည့် White Card နမှုနာပုံစံကိုပါ ပြည့်စုံစွာ ဖေါ်ပြပေးထားပါသည်။ ========= စာရေးသူ–စိုးသီဟ တန်ဖိုး–၃၅၀၀ စာမျက်နှာ–၁၈၀ ---------- ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

မြို့ပြအင်ဂျင်နီယာတို့အတွက် မြေတို့၏မာယာ (အဆောက်အဦးများ၏ မြေငလျင်ဒဏ်ခံနိုင်ရေး) ~~~~ စာအုပ်တွင် အခန်း(၇) ပါဝင်ပါသည်။အခန်း(၁)တ
မြို့ပြအင်ဂျင်နီယာတို့အတွက် မြေတို့၏မာယာ (အဆောက်အဦးများ၏ မြေငလျင်ဒဏ်ခံနိုင်ရေး) ~~~~ စာအုပ်တွင် အခန်း(၇) ပါဝင်ပါသည်။အခန်း(၁)တွင်နိဒါန်းနှင့် အခန်း(၂)တွင် ပြန်လည်ပြုပြင်ခြင်း၊ ပြန်လည်ထူ ထောင်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းဆိုင်ရာအယူအဆများကိုရှင်းလင်းဖော်ပြထားပါသည်။ အခန်း(၃)တွင်လိုအပ်သော စွမ်းဆောင်ရည်အဆင့်များကို ဖော်ပြပါသည်။ အခန်း(၄) တွင် ငလျင်ဆိုင်ရာအကဲဖြတ်ချက်များကို အခန်းခွဲ-၄-ခုဖြင့် ခွဲခြားထားကြောင်း ဖော်ပြထားပါ သည်။ အခန်း(၅)တွင် ပျက်စီးဆုံးရှုံးမှု အဆင့်အတန်း (၅)မျိုးကို ပုံများ၊ဇယားများ ဖြင့် ဖော်ပြရှင်းလင်း ဖော်ပြထားပါသည်။အခန်း(၆)တွင် ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံ ခိုင်ခံ့ရေးနည်းဗျူဟာများ၊ ပြန်လည်ပြုပြင်ရေးနည်းလမ်း ရွေးချယ်ခြင်းများတို့ကို အခန်းခွဲ (၃)ခန်းဖြင့် အသေးစိတ်ရေးသားထား ပါသည်။အခန်း(၇)တွင် အဆောက်အအုံ ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အားနည်းချက်များအား ခွဲခြမ်းစိတ်ဖြာခြင်းကို ဖော်ပြထားပါ သည်။ နောက်ဆက်တွဲများ (Annexes)တွင် နောက်ဆက်တွဲ(က မှ စ အထိ)(AtoF) ထိရေးသားထားပါသည်။ ✍-ဦးကျော်ဝင်းသန်း(81 Civil -RIT) GTIအေးသာယာကျောင်းအုပ်ကြီး(ငြိမ်း) တန်ဖိုး-၁၅၀၀၀ စာမျက်နှာ-၂၂၈

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဘဝကနေ တောမှီ ရဟန်းဘဝကို ကူးပြောင်းခဲ့သူ၊ နောက်ပိုင်း အောင်မြင်တဲ့ တရားပြဆရာ၊ နယ်လှည့် ဟော
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဘဝကနေ တောမှီ ရဟန်းဘဝကို ကူးပြောင်းခဲ့သူ၊ နောက်ပိုင်း အောင်မြင်တဲ့ တရားပြဆရာ၊ နယ်လှည့် ဟောပြောသူ၊ စာရေးဆရာ တစ်ယောက် ဖြစ်လာခဲ့သူ၊ ကုသလို့ မရတဲ့ ကြွက်သား အားနည်းရောဂါကြောင့် သေခြင်းတရားကို ရင်ဆိုင်ရချိန် မှာ သတိရှိရှိနှင့် ရိုးရှင်းစွာ၊ နောင်တကင်းစွာ သေခြင်း တရားကို ရင်ဆိုင်နိုင်သူ တစ်ယောက် အကြောင်း။ 📖ငါလည်း မှားနိုင်တာပဲ [ သေခြင်းတရားကို သတိရှိရှိနှင့် နောင်တကင်းစွာ ရင်ဆိုင်နိုင်သူ တစ်ယောက်အကြောင်း] ✍️ဘာသာပြန်-လူချို တန်ဖိုး-15000 စာမျက်နှာ-230 ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

👉ပြတ်နေတာကြာပြီဖြစ်တဲ့စာအုပ် ပြန်ရပါပြီ။ အသုံးဝင်ပြီး တန်ဖိုးရှိဖို့ ၊ တန်ဖိုးရှိပြီး အသုံးဝင်ဖို့၊ အင်္ဂလိပ်စကားပြောနှင့် န
👉ပြတ်နေတာကြာပြီဖြစ်တဲ့စာအုပ် ပြန်ရပါပြီ။ အသုံးဝင်ပြီး တန်ဖိုးရှိဖို့ ၊ တန်ဖိုးရှိပြီး အသုံးဝင်ဖို့၊ အင်္ဂလိပ်စကားပြောနှင့် နည်းစနစ်အတွက် ဒီစာအုပ်ကို ဝယ်ကြည့်လိုက်ပါ၊ ဖတ်ကြည့်လိုက်ပါ၊ လေ့လာကြည့်လိုက်ပါ၊ အသုံးပြုကြည့်လိုက်ပါ၊ ဆောင်ထားလိုက်ပါ။ ~~~~~~~~~~ 📖English Speaking For Everyone လူတိုင်းအတွက် အင်္ဂလိပ်စကားပြော ~~~~~~~~~~~ တန်ဖိုး–26000 စာမျက်နှာ–1000 စာရေးသူ -ဦးအဂ္ဂ(တောင်ငူ) ------- ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

💢 𝐜𝐨𝐦𝐩𝐮𝐭𝐞𝐫 ဆိုတာ ဘာလဲကနေအစပြုပြီး 𝐍𝐮𝐦𝐛𝐞𝐫𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦, 𝐁𝐨𝐨𝐥𝐞𝐚𝐧 𝐀𝐥𝐠𝐞𝐛𝐫𝐚, 𝐌𝐚𝐭𝐡, 𝐒𝐭𝐚𝐭
💢 𝐜𝐨𝐦𝐩𝐮𝐭𝐞𝐫 ဆိုတာ ဘာလဲကနေအစပြုပြီး 𝐍𝐮𝐦𝐛𝐞𝐫𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦, 𝐁𝐨𝐨𝐥𝐞𝐚𝐧 𝐀𝐥𝐠𝐞𝐛𝐫𝐚, 𝐌𝐚𝐭𝐡, 𝐒𝐭𝐚𝐭𝐢𝐬𝐭𝐢𝐜𝐬, 𝐖𝐡𝐚𝐭 𝐢𝐬 𝐀𝐥𝐠𝐨𝐫𝐢𝐭𝐡𝐦? မှ မသိမဖြစ် သိသင့်သိထိုက်တဲ့ 𝐚𝐥𝐠𝐨𝐫𝐢𝐭𝐡𝐦𝐬 တွေကို မြန်မာလို ထည့်သွင်းရေးသား ရှင်းလင်းပြသထားတာ ဖြစ်ပါတယ်။ 💢 ခြုံပြောရရင်တော့ 𝐜𝐨𝐦𝐩𝐮𝐭𝐞𝐫 တက္ကသိုလ်မှာ သင်ခဲ့ရတဲ့ 𝐌𝐚𝐭𝐡, 𝐒𝐭𝐚𝐭𝐢𝐬𝐭𝐢𝐜, 𝐃𝐢𝐠𝐢𝐭𝐚𝐥, 𝐃𝐚𝐭𝐚 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 စတာတွေကို အခြေခံပြီး အခြေခံ သိသင့်သည်များကို ထည့်သွင်းရေးသားထားတာ ဖြစ်ပါတယ်။ Table of Contents အခန်း (0) - Computer System အခန်း (၁) – Numbering System အခန်း (၂) - Boolean algebra အခန်း (၃) - သင်္ချာ အခြေခံများ အခန်း (၄) - Statistics ဆိုင်ရာ အခြေခံ အခန်း (၅) - Data Structure မိတ်ဆက် အခန်း (၆) - Algorithm မိတ်ဆက် အခန်း (၇) - Control Flow and Flowchart အခန်း (၈) – Efficiency and Basic Algorithms အခန်း (၉) - Recursion အခန်း (၁၀) – Data သိမ်းဆည်းပုံ အခန်း (၁၁) – String အခန်း (၁၂) – Arrays and Basic Algorithms အခန်း (၁၃) - Sorting အခန်း (၁၄) - Stack, Queue and Hashing အခန်း (၁၅) – Linked List အခန်း (၁၆) – Tree အခန်း (၁၇) – Graph Conclusion ------------------------- ✍–Dr. Myat Mon Aye တန်ဖိုး–30000 စာမျက်နှာ–337

📖ဤစာအုပ်တွင် - MATLAB Simulink Modest Irageထည့်သွင်းခြင်း၊ စမ်းသပ်ခြင်း Most Word File သို့ Copy ကူးယူပြင်းသည့်အဖြစ်အဆင့်မျာ
📖ဤစာအုပ်တွင် - MATLAB Simulink Modest Irageထည့်သွင်းခြင်း၊ စမ်းသပ်ခြင်း Most Word File သို့ Copy ကူးယူပြင်းသည့်အဖြစ်အဆင့်များမှစတင်၍- ▪️ သင်္ချာ၊ သိပ္ပံနှင့်အင်ဂျင်နီယာနယ်ပယ်တို့တွင်အသုံးများသော Simulation Block များ ▪️If For Loop Functionem တို့ကိုဖြေရှင်းနိုင်သောSimulation Model များ ▪️Unknown Expation တို့ကိုဖြေရှင်းနိုင်သော Simulation Model များ ▪️High Order Differential Equationတို့ကိုဖြေရှင်းနိုင်သော Simutation Model များ ▪️ Mathematical Model ကိုPhysical Modelအဖြစ်သို့ ပြောင်းလဲတည်ဆောက်နိုင်သည့်နည်းလမ်းများ ▪️Simulation Model Command တည်ဆောက်ပြုပြင်၊စမ်းသပ်သည့်နည်းလမ်းများ ▪️Simulation Result ရှိDataများကိုAnalysisပြုလုပ်၍ ရနိုင်သည့် နည်းလမ်းများ 📘 Study With MATLAB SIMULATION တန်ဖိုး - 25000ကျပ် စာမျက်နှာ - 157 စာရေးသူ - မင်းသုစံ ☎ - 09798103010; 097949 64825 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (အောက်လမ်း),ဗိုလ်တစ်ထောင်မြို့နယ်၊ရန်ကုန် Sunday ဆိုင်ပိတ်ပါသည်။

📖ချာနိုဘိုင်းက အသံများ ၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ယခင် ဆိုဗီယက်ပြည်ထောင်စု၊ ယခု ယူကရိန်း ဒေသ၊ ချာနိုဘိုင်းမြို့ရှိ နျူက
📖ချာနိုဘိုင်းက အသံများ ၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ယခင် ဆိုဗီယက်ပြည်ထောင်စု၊ ယခု ယူကရိန်း ဒေသ၊ ချာနိုဘိုင်းမြို့ရှိ နျူကလီးယားဓာတ်ပေါင်းဖိုမှာ သမိုင်းတစ်လျှောက် အဆိုး ရွားဆုံး မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ဥရောပ၏ လေးပုံသုံးပုံအထိ လေထု ညစ်ညမ်း စေခဲ့သည်။ ရေဒီယိုသတ္တိကြွမှုဒဏ်ကို လူငါးဦးတွင် လေးဦး ခံစားခဲ့ရသည်။ လူ့ အသက်ပေါင်းများစွာ သေဆုံးခဲ့ရပြီး သိန်းနှင့်ချီသောလူများ ရွှေ့ပြောင်း နေရာ ချထားခံခဲ့ရသည်။ သတင်းစာဆရာမ Svetlana Alexievich သည် မီးသတ်သမားများ၊ ရှင်းလင်း ရေး အဖွဲ့အဖွဲ့ဝင်များ၊ နိုင်ငံရေးသမားများ၊ သမားတော်များ၊ ရူပဗေဒပညာရှင်များနှင့် သာမန်ပြည်သူများအပါအဝင် မျက်မြင်သက်သေ ၅ဝဝ ကျော်အား ၁ဝ နှစ်ကြာ တွေ့ ဆုံမေးမြန်းခဲ့သည်။ ဤစာအုပ်တွင် Chernobyl မတော်တဆမှု၏ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ရေး ကိုယ်တာ အကျိုးဆက်များကို ဖော်ပြထားပြီး လူတစ်ဦးချင်းစီ၏ အတွေ့အကြုံများ နှင့် သဘာဝဘေးအန္တရာယ်သည် ၎င်းတို့၏ဘဝများကို မည်သို့ အကျိုးသက်ရောက် စေကြောင်း စူးစမ်းလေ့လာထားသည်။ “ချာနိုဘိုင်းကအသံများ”သည် ကြေကွဲစရာ ကိုယ်ရေးကိုယ်တာ မှတ်တမ်းများကို တင်ပြသည့် ပထမဆုံးစာအုပ်ဖြစ်သည်။ ၂ဝ၁၅ ခုတွင် နိုဘဲဆု ရရှိခဲ့သည်။ ✍ညွန့်ဝေ(ဆေးသိပ္ပံ) ၉၅၀၀

“ပိုကောင်းတဲ့ရလဒ်တွေရဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေမယ့်အစား အရေးအပါဆုံးသောလုပ်ဆောင်ချက်တွေကို အလွယ်ကူဆုံးလုပ်ဆောင်လို့ရပါတယ်
“ပိုကောင်းတဲ့ရလဒ်တွေရဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေမယ့်အစား အရေးအပါဆုံးသောလုပ်ဆောင်ချက်တွေကို အလွယ်ကူဆုံးလုပ်ဆောင်လို့ရပါတယ်။” အလုပ်ကြိုးစားမှုဟာ ရလဒ်ကောင်းကောင်းရစေတယ်ဆိုတာက မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက အမှတ်တစ်ခုအထိပဲ မှန်ကန်တာပါ။ နောက်ဆုံးမှာ ကျွန်တော်တို့အနေနဲ့ အချိန်နဲ့အားထုတ်မှု ဘယ်လောက်များများလုပ်နိုင်မလဲဆိုတဲ့ အကန့်အသတ်ရှိပါတယ်။ အရာအားလုံးကို အလွန်အကျွံအားစိုက်ထုတ်ပြီး လုပ်နေစရာမလိုပါဘူး။ အရေးပါတဲ့အရာတွေကို ကိုင်တွယ်လုပ်ဆောင်ဖို့ ခက်ခဲလွန်းလာတဲ့အခါ ခင်ဗျားဟာ အဲဒါတွေကိုလက်လျှော့လိုက်တာလည်းလုပ်လို့ရသလို ပိုပြီးလွယ်ကူတဲ့နည်းလမ်းတစ်ခုကိုရှာဖွေတာကို လည်းလုပ်လို့ရပါတယ်။ Essentialism (အရေးပါတာတွေကို လုပ်ဆောင်ခြင်း) ဆိုတာက မှန်ကန်တဲ့အရာတွေကိုလုပ်ခြင်းဖြစ်ပါတယ်။ Effortless (အားထုတ်မှုနည်းနည်းနဲ့ ထိရောက်စွာလုပ်ဆောင်ခြင်း) ဆိုတာက အဲဒီမှန်ကန်တဲ့အရာတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့လုပ်ခြင်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘ၀နဲ့ အလုပ်မှာ အရေးအပါဆုံးအရာတွေကို လွယ်ကူအောင်လုပ်ဆောင်ပြီး စွမ်းဆောင်ရည်မြှင့်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်က ကူညီပေးပါလိမ့်မယ်။ 📖အားထုတ်မှုနည်းနည်းနဲ့ ရလဒ်များများရအောင်လုပ်ပါ ✍ကက်စပါဇော် တန်ဖိုး-၂၁၀၀၀

“ငါ့ကိုယ်ငါ ပြောင်းလဲခြင်း” စာအုပ်ဟာ စာရေးသူကိုယ်တိုင် ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက်၊ သူ့ဘဝရဲ့ အတွေ့အကြုံတွေ ထဲက လူ့ဘဝရဲ့ အရေ
“ငါ့ကိုယ်ငါ ပြောင်းလဲခြင်း” စာအုပ်ဟာ စာရေးသူကိုယ်တိုင် ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက်၊ သူ့ဘဝရဲ့ အတွေ့အကြုံတွေ ထဲက လူ့ဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း ၄ ခုကို ဆွဲထုတ်ပြ ပြီး မျိုးဆက်သစ် လူငယ်တွေအတွက် လက်ဆင့်ကမ်းခဲ့တဲ့ စာအုပ် ဆိုရင် မမှားပါဘူး။ လူတွေဟာ ...... ( ၁ ) အသိဉာဏ် မြင့်မားတဲ့သူ ဖြစ်ချင်တယ်။ ( ၂ ) ငွေကြေး ချမ်းသာကြွယ်ဝချင်တယ်။ ( ၃ ) ကျန်းမာ ပျော်ရွှင်ချင်တယ်။ ( ၄ ) စိတ်အေးချမ်း တည်ငြိမ်ချင်တယ်။ ဒီအချက် ( ၄ ) ချက်ကို အပိုင်း ( ၄ ) ပိုင်းနဲ့ အကျယ်တဝင့် မီးမောင်း ထိုးပြပြီး လူငယ်တွေကို မက်ဆေ့ခ်ျပေးတဲ့စာအုပ်။ လူငယ်တွေမှာ အိပ်မက် ရှိတယ်။ လူငယ်တွေမှာ အနာဂတ် ရှိတယ်။ လူငယ်တွေမှာ မနက်ဖြန် ရှိတယ်။ လူငယ်တွေဟာ ကမ္ဘာ ကြီးကို ပြောင်းလဲချင်ကြတယ်။ ဒါပေမဲ့.... ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်သူသာ ဘဝကို စစ်မှန်တဲ့ အောင် နိုင်သူပါ။ ✍အံ့ဘုန်းခန့်ကျော် တန်ဖိုး-၂၂၀၀၀ စာ-၃၂၆

ဤစာအုပ်တွင် ခေတ်မီ ရေခဲသေတ္တာနှင့် လေအေးပေးစက်တို့နှင့် ပတ်သက်သော -အခြေခံအချက်အလက်များ -သဘောတရားများ -အသုံးချမှုများ -ပုစ္ဆာမ
ဤစာအုပ်တွင် ခေတ်မီ ရေခဲသေတ္တာနှင့် လေအေးပေးစက်တို့နှင့် ပတ်သက်သော -အခြေခံအချက်အလက်များ -သဘောတရားများ -အသုံးချမှုများ -ပုစ္ဆာများ -တွက်ချက်မှုများ -တပ်ဆင်ခြင်း -အပြစ်ရှာဖွေခြင်း -ပြုပြင်ထိမ်းသိမ်းခြင်း -စစ်ဆေးခြင်း -ခန့်မှန်းတွက်ချက်ခြင်း စသည့် အကြောင်းအရာများစွာကို ပြည့်စုံစွာ ဖော်ပြထားပါသည်။ ဒါအပြင့် ဘာသာရပ်နှင့် ပတ်သက်သည့် အခြေခံသီအိုရီများ၊ Law များ၊ အလုပ်လုပ်ပုံစသည့် အကြောင်းအရာများကို ပုံများဖြင့် စနစ်တကျ ရေးသားဖော်ပြထားပါသည်။ -------------- 📖ခေတ်မီလေအေးပေးစက်နှင့်ရေခဲသေတ္တာ ✍ဦးအုန်းမြင့်(ဒီဇယ်) တန်ဖိုး-၄၀၀၀၀

ပါဝင်မာတိကာအကြောင်းအရာများ... လုပ်ငန်းသုံးပစ္စည်းစံညွှန်းများ လုပ်ငန်းခွင်ပြုပြင်ခြင်း အဆောက်အအုံပန္နက်ရိုက်ခြင်း မြေကြီးလုပ်
ပါဝင်မာတိကာအကြောင်းအရာများ... လုပ်ငန်းသုံးပစ္စည်းစံညွှန်းများ လုပ်ငန်းခွင်ပြုပြင်ခြင်း အဆောက်အအုံပန္နက်ရိုက်ခြင်း မြေကြီးလုပ်ငန်း အုတ်မြစ်ချခြင်း ပန်းရန်လုပ်ငန်း ကွန်ကရစ်လုပ်ငန်း အုတ်စီလုပ်ငန်း သံချည်သံကွေးလုပ်ငန်း သစ်သားလုပ်ငန်း အမိုးလုပ်ငန်း နံရံနှင့်ခန်းဆီးလုပ်ငန်း တံခါးနှင့်ပြတင်းပေါက်လုပ်ငန်း ကြမ်းခင်းလုပ်ငန်း မျက်နှာကြက်လုပ်ငန်း လှေကားလုပ်ငန်း သရွက်ကျံခြင်းနှင့် အုတ်ကွက်ဖော်ခြင်း ဝင်းခြံကာလုပ်ငန်း အလွှာကျောက်စီနံရံ သရွက်မပါကျောက်ကြမ်းစီနံရံ အမာခံရေကာ(သို့)တာရိုးအတွက် သရွက်မပါကျောက်စီခြင်း ဆေးသုတ်လုပ်ငန်း သစ်သားအချုပ်ခန်း ရေသန့်နှင့်မိလ္လာခန်း မိုးကြိုးလွှဲတပ်ဆင်နည်း 📗 အင်ဂျင်နီယာလက်စွဲ ✍ဦးကျော်နိုင် ပြုစုသည်။ တန်ဖိုး-15000 စာ-250

ဤစာအုပ်သည် ၂ဝဝ၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်း အမေရိကန်၏ စီးပွားရေးကို ဦးဆောင်ကိုင်တွယ်ခဲ့သော တာဝန်ရှိပုဂ္ဂိုလ်ကြီ
ဤစာအုပ်သည် ၂ဝဝ၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်း အမေရိကန်၏ စီးပွားရေးကို ဦးဆောင်ကိုင်တွယ်ခဲ့သော တာဝန်ရှိပုဂ္ဂိုလ်ကြီး သုံးဦးဖြစ်သည့် အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း Ben Bernanke, နယူး ယောက် ဖက်ဒရယ်ရီဇတ်ဘဏ်အကြီးအကဲနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း Timothy Geithner နှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း Henry Paulson တို့ ပူးတွဲ ရေးသားထားသော စာအုပ်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေရေးကြေးရေး အကျပ်အတည်းကြီးနှင့် ပတ်သက်သော အတွေ့အကြုံများကို သူတို့သုံးဦးစလုံးက စာအုပ်အသီးသီး ရေးသားထုတ်ဝေ ခဲ့ပြီး ဖြစ်သည်။ ယခုစာအုပ်အား အကျပ်အတည်းဖြစ်ပြီး ဆယ်နှစ်အကြာ ၂၀၁၈ ခုနှစ်တွင် အကျပ်အတည်းကို “မီးလောင်ပြင်” တစ်ခုနှင့် နှိုင်းယှဉ် ထား ပြီး နောင်လာနောက်သား “မီးသတ်သမားများ” (မူဝါဒချမှတ်သူများ) အတွက် သင်ခန်းစာပေးရန်ရည်ရွယ်ပြီး သုံးဦးပေါင်း ရေးသားထားခြင်း ဖြစ်သည်။ 📖၂၀၀၈ ဘဏ္ဍာရေးလောင်မီး ✍ကျော်စိုးမင်း-ပြန်ဆိုသည်။ တန်ဖိုး-18000 စာ-208

Mike Lofgren ရေးသည့် Deep State စာအုပ်ကို ဖတ်ရှုစဉ်က အမေရိကန်နိုင်ငံရေး လောက၏ အခြားသော ရှုထောင့်တစ်ခုမှ အမြင်ကို ဗဟုသုတရရန်အတ
Mike Lofgren ရေးသည့် Deep State စာအုပ်ကို ဖတ်ရှုစဉ်က အမေရိကန်နိုင်ငံရေး လောက၏ အခြားသော ရှုထောင့်တစ်ခုမှ အမြင်ကို ဗဟုသုတရရန်အတွက်သာ ရည်ရွယ် ဖတ်ရှုခဲ့ခြင်းဖြစ်ပါသည်။ အမှန်အတိုင်းဝန်ခံရလျှင် အမေရိကန်တို့ ထုံးစံအတိုင်း စိတ်ဝင်စား အောင် ရေးသားထားသော ပူးပေါင်းကြံစည်မှုသီအိုရီ (Conspiracy Theory) ဇာတ်လမ်း တစ်ပုဒ်မျှသာဟု ထင်မှတ်ခဲ့ပါသည်။ သို့သော် ဖတ်ရှုရင်းဖြင့် စာရေးသူ ထောက်ပြထားသော အချက်များမှာ သမိုင်းဖြစ်စဉ်များ၊ လက်ရှိကြုံတွေ့နေရသည့် ဖြစ်စဉ်များနှင့်လည်း ကိုက်ညီ ပြီး မငြင်းနိုင်သောအချက်များဖြစ်သည့်အတွက် စိတ်ဝင်စားဖွယ် စာအုပ်ကောင်းတစ်အုပ် ဖတ်မိပြီဟု ခံစားခဲ့ရသော စာအုပ်ဖြစ်ပါသည်။ Mike Lofgren ရေးသည့် Deep State စာအုပ်ကို ပြန်ဆိုထားပြီး အချို့သော နောက်ခံအကြောင်း အရာများကို အသေးစိတ် မဖော်ပြတော့ဘဲ ခြုံငုံပြီး မူရင်းအဓိပ္ပာယ်မပျက် ရေးသားထားပါသည်။ 📓အမှောင်ထဲက အစိုးရ ✍သက်ဆွေ-ဘာသာပြန် တန်ဖိုး-28000 စာ-275

ဒီစာအုပ်ရဲ့ အထူးခြားဆုံး အလှတရားကတော့ အကြောင်းအရာတွေကို ရှင်းပြရုံသက်သက် မဟုတ်ဘဲ ခေါင်းစဉ်လေးတွေရဲ့ အဆုံးမှာ “စိတ်အိမ်လေးကို
ဒီစာအုပ်ရဲ့ အထူးခြားဆုံး အလှတရားကတော့ အကြောင်းအရာတွေကို ရှင်းပြရုံသက်သက် မဟုတ်ဘဲ ခေါင်းစဉ်လေးတွေရဲ့ အဆုံးမှာ “စိတ်အိမ်လေးကို ပြန်လည်ဆန်းစစ်ခြင်း (Self-Reflection)” ဆိုတဲ့ မေးခွန်းတိုလေးတွေကို ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ စာအုပ်လေးကို ဖတ်ရင်း မိမိရဲ့စိတ်ကို မှန်တစ်ချပ်လို ပြန်လည်ကြည့်ရှုခွင့်ရမှာဖြစ်ပြီး မိမိကိုယ်ကိုယ် ဝေဖန်အပြစ်တင်ခြင်း မပြုဘဲ အရှိကိုအရှိအတိုင်း အသိအမှတ်ပြုပေးကာ နူးညံ့စွာ ကုစားနိုင်ဖို့ ဖန်တီးပေးထားပါတယ်။ တစ်ညတည်းနဲ့ အပြီးဖတ်ရမယ့် စာအုပ်မျိုးမဟုတ်ပါဘူး။ စာတစ်မျက်နှာချင်းဆီကို ဖတ်ရှုရင်း မိမိကိုယ်ကိုယ် စိတ်ရှည်ပေးပါ၊ ကရုဏာထားပေးပါ၊ ဖြည်းဖြည်းချင်း ဖတ်ရှုခံစားပေးပါ။ သင်ဟာ... အတိတ်က ဒဏ်ရာတွေကြောင့် လက်ရှိမှာ ရှေ့ဆက်ဖို့ ခက်ခဲနေသူပဲဖြစ်ဖြစ်၊ ဆက်ဆံရေးတွေကြားမှာ မောပန်းနွမ်းနယ်နေသူပဲဖြစ်ဖြစ်၊ မိမိကိုယ်ကိုယ် ပိုမိုချစ်ခင်ပြီး ငြိမ်းချမ်းတဲ့ဘဝကို တည်ဆောက်ချင်သူပဲဖြစ်ဖြစ်... ဒီစာအုပ်လေးဟာ စာဖတ်သူရဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာ ဘေးနားကနေ လက်ကိုတွဲပေးမယ့် အရင်းနှီးဆုံး သူငယ်ချင်းကောင်းတစ်ယောက်၊ လမ်းညွှန်မြေပုံတစ်ခု ဖြစ်လာပါလိမ့်မယ်။ ✍️ ပွင့်ဖူး စာ ၁၄၄၊ တန်ဖိုး ၁၀၀၀၀

ဘယ်သူ ဘယ်လောက်မုန်းမုန်း မုန်းကြပါစေ ရွှေကျော့ရယ်၊ သူတစ်ပါးအမုန်းကြောင့် ကိုယ်သေဆုံးမသွားဖို့သာ လိုပါတယ်၊ သူတစ်ပါးရဲ့အမုန်းကိ
ဘယ်သူ ဘယ်လောက်မုန်းမုန်း မုန်းကြပါစေ ရွှေကျော့ရယ်၊ သူတစ်ပါးအမုန်းကြောင့် ကိုယ်သေဆုံးမသွားဖို့သာ လိုပါတယ်၊ သူတစ်ပါးရဲ့အမုန်းကို ရင်ထဲထည့်ပြီး ပူလောင်နေမယ်၊ ဒေါသတွေထွက်နေမယ်၊ ကိုယ်ကလည်း ပြန်မုန်းနေမယ်ဆိုရင် ကိုယ်ရှုံးတာပဲ ရွှေကျော့ရဲ့၊ သူများသတ်တိုင်း သေရသလိုပဲ ရွှေကျော့ရဲ့၊ အဲ့ဒါကြောင့် ဒေါသထွက်ရင် အရှုံးလို့ ဆိုခဲ့တာပေါ့၊ သူတစ်ပါးအမုန်းက ကိုယ့်အတွက် အညစ်အကြေးဖြစ်ခဲ့ရင်တောင် အဲ့ဒီအညစ်အကြေးကို မြေဩဇာလုပ်ပြီး ကိုယ့်အပင်ပိုရှင်သန်ဖို့ အကျိုးရှိအောင် အသုံးချရမှာပေါ့…။ 📖တနုံ့နုံ့ဆွသော ဆူး ✍ပုညခင် တန်ဖိုး-10000 စာ-131 ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

▪️အင်္ဂလိပ်စာ လေ့လာရာတွင် အခြေခံကျသော ဝေါဟာရများကို တစ် နေရာတည်းမှာ လွယ်လင့်တကူ ဖတ်မှတ် လေ့လာနိုင်ရန် စုစည်းတင် ပြထားပါသည် အသ
▪️အင်္ဂလိပ်စာ လေ့လာရာတွင် အခြေခံကျသော ဝေါဟာရများကို တစ် နေရာတည်းမှာ လွယ်လင့်တကူ ဖတ်မှတ် လေ့လာနိုင်ရန် စုစည်းတင် ပြထားပါသည် အသံထွက်နှင့် လေ့လာချင်သူ များတဲ့ အတွက် အနီးစပ်ဆုံး အသံထွက် ယူကာ ရေးပေးထားပါသည်။ ▪️မြန်မာလို အသံထွက် ပြန်ရေးရာတွင်( အနီးစပ်ဆုံးသာ ဖော်ပြလို့ ရတဲ့ အတွက်) အမှားအယွင်း အနည်းငယ် ရှိခဲ့ပါက ဦးစွာ မေတ္တာရပ်ခံအပ်ပါသည်။ ▪️ မီးနင်းများ ကျက်မှတ်ရာတွင် လွယ်ကူ အဆင်ပြေစေရန် ခေါင်းစဉ်အ လိုက် စုစည်းပေးထားပါတယ်။ ▪️ အင်္ဂလိပ်စကား ပြောနိုင် ရေးနိုင်ဖို့ သိကို သိထားရမယ့် ဝေါဟာရလေး တွေကို သေချာ စုစည်းပေးထားတာမို့ သေချာလေး မှတ်သား လေ့လာမယ်ဆို အင်္ဂလိပ်စာ လေ့လာရာမှာ အ ထောက်အကူ ဖြစ်မှာ သေချာပါတယ်။ 📖စာအုပ်လေးက အင်္ဂလိပ်စာ လေ့လာနေသူတို့အတွက် တစ်ထောင့်တ စ်နေရာမှာ အကျိုးရှိဖို့ မျှော်လင့်ရင်း... ✍Rose Dar (Eng,) 📓မသိမဖြစ်စကားလုံး၂၀၀၀ တန်ဖိုး-၁၀၀၀၀ စာ-၁၀၉

“အောင်မြင်မှုနဲ့ ကျရှုံးမှုကြားက တစ်ခုတည်းသော ခြားနားချက်” က ဘာများဖြစ်မလဲ…။ ကမ္ဘာကျော်စွန့်ဦးတီထွင်သူ၊ အိမ်ခြံမြေလုပ်ငန်းရှင
“အောင်မြင်မှုနဲ့ ကျရှုံးမှုကြားက တစ်ခုတည်းသော ခြားနားချက်” က ဘာများဖြစ်မလဲ…။ ကမ္ဘာကျော်စွန့်ဦးတီထွင်သူ၊ အိမ်ခြံမြေလုပ်ငန်းရှင်နဲ့ အရောင်းမြှင့်တင်ရေးနည်းပြ ဂရန့်ကာဒုန်း (Grant Cardone) ကတော့ အဲဒီမေးခွန်းရဲ့အဖြေဟာ “၁ဝ ဆ သီအိုရီ” ပဲလို့ ဆိုပါတယ်။ သုညကနေ စခဲ့ပြီး ဒေါ်လာ သန်းထောင်ချီတန်တဲ့ လုပ်ငန်းတွေ တည်ထောင်နိုင်ခဲ့သူတစ်ဦးအနေနဲ့ ဂရန့် ကာဒုန်းဟာ သူလုပ်ခဲ့တဲ့ စီးပွားရေးတိုင်း၊ ကူညီခဲ့တဲ့ လုပ်ငန်းတိုင်းမှာ သူ့ရဲ့လက်စွဲတော်ဖြစ်တဲ့ “၁ဝ ဆ သီအိုရီ” ကို အမြဲတမ်း အသုံးချခဲ့ပါတယ်။ “၁ဝ ဆ သီအိုရီ” က ဘာကိုဆိုလိုသလဲ…။ ရည်မှန်းချက် ချမှတ်ရာမှာ ကိုယ်တွက်ထားတာထက် ”၁၀ ဆ ပိုမြင့်တဲ့ ရည်မှန်းချက်ကို ချပါ။ လုပ်ကိုင်ဆောင်ရွက်ရာမှာလည်း ပုံမှန်ထက် ”၁၀ ဆ ပိုပြီး အားထုတ်ပါ။ ဒါဟာ အတိုင်းအဆမဲ့ အောင်မြင်မှုနဲ့ ပန်းတိုင်တွေကို သိမ်းပိုက်ဖို့ လိုအပ်တဲ့ တစ်ခုတည်းသော လက်နက်ဖြစ်တယ်လို့ ကာဒုန်းက ယုံကြည်ပါတယ်။ ဒီစာအုပ်ကိုဖတ်ပြီး သင့်ဘဝရဲ့အောင်မြင်မှုတွေကို —၁ဝ ဆ မြှင့်တင်လိုက်ပါ။ 📓၁၀ဆသီအိုရီ ✍TEAM NYANA (ဘာသာပြန်) တန်ဖိုး-၁၆၀၀၀ စာ-၂၇၂

ခက်ခဲလိုက်တာလို့ ဘာလို့ တွေးနေတာလဲ။ ခက်ခဲပေမဲ့ ရှင်သန်ရမယ်မဟုတ်ပါလား။ တကယ်တော့ ဘဝဆိုတာ Game ကစားပွဲတစ်ခုလို Level မြင့်လာလေလေ
ခက်ခဲလိုက်တာလို့ ဘာလို့ တွေးနေတာလဲ။ ခက်ခဲပေမဲ့ ရှင်သန်ရမယ်မဟုတ်ပါလား။ တကယ်တော့ ဘဝဆိုတာ Game ကစားပွဲတစ်ခုလို Level မြင့်လာလေလေ ပိုခက်ခဲလာလေပါပဲ။ အရည်အချင်းရှိအောင်သာ ကြိုးစားပါ လွယ်ကူသွားပါလိမ့်မယ်။ 📖ခက်ခဲပေမဲ့ရှင်သန်ပါ ✍ နိုဘယ်လ်သွေး တန်ဖိုး-၁၂၀၀၀ စာ-၁၆၇ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

No လို့ပြောတတ်အောင် လေ့ကျင့်ပါ။ No လို့ပြောတာ ရိုင်းတာမဟုတ်ဘူး၊ Self-respectပါ။ လွတ်လပ်မှု၊ ဟန်ချက်ညီမှုနှင့် ကိုယ့်ကိုယ်က ယ်
No လို့ပြောတတ်အောင် လေ့ကျင့်ပါ။ No လို့ပြောတာ ရိုင်းတာမဟုတ်ဘူး၊ Self-respectပါ။ လွတ်လပ်မှု၊ ဟန်ချက်ညီမှုနှင့် ကိုယ့်ကိုယ်က ယ်ကိုယ်လေးစားတန်ဖိုးထားမှုအတွက် သင်ခန်းစာ 📖ကိုယ်ပိုင်စည်း ကိုယ်ပိုင်လွတ်လပ်မှု ✍ဟေမာကျော် တန်ဖိုး-၁၄၀၀၀ စာ-၁၄၂ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။