Book4U.MM
Відкрити в Telegram
Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်
Показати більше5 541
Підписники
-224 години
-257 днів
-7230 день
Архів дописів
5 541
ဒီစာအုပ်ထဲမှာ လုပ်ငန်းရှင်တွေ၊ Marketer တွေ အနေနဲ့ Content Marketing ကို သုံးပြီး Customer တွေနဲ့ ထိထိရောက်ရောက် ဆက်သွယ်နိုင်မယ့် Content တွေ ဘယ်လိုဖန်တီးရ မလဲဆိုတာကို ပြောပြပေးထားပါတယ်။
စာအုပ်ထဲမှာ အပိုင်း (၇) ပိုင်း ပါဝင်ပြီး အပိုင်းတစ်ပိုင်းစီ တိုင်းမှာ လက်တွေ့အသုံးချနိုင်မယ့် Content Marketing နဲ့ Digital Marketing ဆိုင်ရာ နည်းလမ်းတွေကို လွယ်လွယ်ကူကူ၊ ရိုးရိုးရှင်းရှင်း ရေးသားဖော်ပြပေးထားပါတယ်။
အလုပ်လုပ်တဲ့အခါ ကျွန်တော်တို့အနေနဲ့ ကိုယ်လိုချင်တဲ့ ရလဒ်တစ်ခုရဖို့ လိုအပ်ချက် နှစ်ချက်ရှိပါတယ်။
ပထမတစ်ချက်က ရလဒ်ရမယ့် နည်းလမ်းနဲ့
ဒုတိယ အချက်က လက်တွေ့ လုပ်ဆောင်မှုပါ။
စာဖတ်သူတွေအနေနဲ့ စာအုပ်ဖတ်ပြီးတဲ့အခါ ရလဒ် ထွက်တဲ့ Content တွေ ဖန်တီးဖို့ နည်းလမ်းတွေကို တစ်စုတစ်စည်း တည်း ရရှိသွားမှာ ဖြစ်ပြီး လက်တွေ့ လုပ်ဆောင်ဖို့ စတင်နိုင်မှာ ဖြစ်ပါတယ်။
📘CONTENT
ဖန်တီးသူတိုင်းရဲ့လက်စွဲစာအုပ်
✍️-ဒေါက်တာပြည့်စုံကိုကို
တန်ဖိုး-28000
စာ-134
5 541
အာရှ ယဉ်ကျေးမှု
[ရှေးခေတ်မှသည် အေဒီ ၁၈၀၀ ထိ]
အာရှတိုက်ဟာ ကမ္ဘာ့အကြီးဆုံးနဲ့ လူဦးရေအများဆုံး တိုက်ကြီးတစ်တိုက်ဖြစ်ပါတယ်။ အာရှတိုက်ကို အနောက် အာရှ၊ အရှေ့အာရှ၊ တောင်အာရှ၊ ဗဟိုအာရှနဲ့ အရှေ့တောင်အာရှဆိုပြီး ဒေသအပိုင်းအခြား ငါးခု ခွဲခြားနိုင်ပါတယ်။
ဒီဒေသအသီးသီးဟာ ရာစုနှစ်အဆက်ဆက် ပေါ်ထွက်လာခဲ့ကြတဲ့ မဟာယဉ်ကျေးမှုကြီးတွေရဲ့ အတက်အကျကို ယဉ်ကျေးမှုအဖွဲ့အစည်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။ သာဓကအနေနဲ့ အနောက်အာရှဟာ ကမ္ဘာ့ပထမဆုံး ဖြစ်တဲ့ မက်ဆိုပိုတေးမီးယားယဉ်ကျေးမှု ပေါ်ထွက်ခဲ့ရာဒေသဖြစ်ပြီး ကာလအားဖြင့် ကျောက်ခေတ်သစ်ကာလက ဖြစ်ပါတယ်။ အလားတူပဲ အရှေ့ဟာလဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကစပြီး တရုတ်၊ ဂျပန်နဲ့ ကိုရီးယား ယဉ်ကျေးမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။
ရှေးခေတ်က ဘယ်သူတွေဟာ အောင်နိုင်သူ မင်းဧကရာဇ်တွေလဲ၊ အရင်ခေတ် ယဉ်ကျေးမှုတွေက ဒီနေ့ခေတ် လူ့အဖွဲ့အစည်းကို ဘယ်လိုဘယ်ပုံ လွှမ်းမိုးနေသလဲ။
ဒီစာအုပ်ဟာ ကျယ်ပြန့်တဲ့ သမိုင်းဖြစ်စဉ်ကြီးထဲက အရေးပါတဲ့ အချက်အလက်တွေကို လွယ်လွယ်ကူကူ အဆုံးထိရောက် အစကနေ လျင်လျင်မြန်မြန် သိစေတယ်။
========================
စာရေးသူ–ကေဝိုင်-ဘာသာပြန်
တန်ဖိုး–10000
စာမျက်နှာ–183
------------------------------------
5 541
လူတိုင်း အရောင်းသမား
(တစ်ဖက်သားအားမိမိဘက်ပါအောင် စည်းရုံးလှုံဆော်နိုင်မည့် နည်းလမ်းများ)
👤တချို့က ပစ္စည်းကို ရောင်းနေကြတယ်။ဒါပေမဲ့ အများစုက ပစ္စည်းထက် သူတို့ရဲ့ အိုင်ဒီယာ၊ ယုံကြည်မှု၊ အရည်အချင်းတွေကို ရောင်းနေကြတယ်။
လူတွေ ကိုယ့်ဖက် ပါလာအောင် နည်းမျိုးစုံနဲ့ စည်းရုံးနေကြတယ်။
👉သူတို့ဟာ နေ့တိုင်း အရောင်းမဟုတ်တဲ့ ရောင်းချခြင်းတွေ (Non-sales Selling) ကို လုပ်နေကြရတယ်။
✔️ဒီလိုရောင်းချတဲ့အခါ၊ လူတစ်ယောက်ကို ကိုယ့်ဖက်ပါလာဖို့ စည်းရုံးတဲ့အခါ၊ ငြင်းပယ်ခံရတဲ့အခါ၊ ကိုယ့်ရဲ့ အယူအဆတွေကို တစ်ဖက်သား လက်ခံလာနိုင်ဖို့အတွက် Sales Skills တွေကို နေ့တိုင်း သုံးနေရတယ်။
✔️ဒီစာအုပ်ဟာ....
👉သမားရိုးကျ စာအုပ်တစ်အုပ် မဟုတ်။
🧐တစ်ဖက်သားကို ကိုယ့်ဖက်ပါအောင် စည်းရုံး၊ သိမ်းသွင်းပြီး ရေရှည်ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ လက်တွေ့အသုံးချ သုတေသနပေါင်းများစွာကို ကိုးကားရေးသားထားတဲ့ စာအုပ်တစ်အုပ်။👉📗
========================
စာရေးသူ–ဒီပါ (မြန်မာပြန်သည်)
တန်ဖိုး–18000
စာမျက်နှာ–264
------------------------------------
5 541
ပျင်းရိခြင်း...ဆိုတာ မရှိပါ
“ပျင်းရိခြင်း”ဆိုတာ
ကိုယ့်အတွက် ကောင်းကျိုးတွေ ဖြစ်လာအောင် အထောက်အပံ့ပေးနိုင်တယ်ဆိုတာ လက်ခံနိုင်လိုက်ရင် ဘဝအတွက် အကောင်းဆုံးသော အပြောင်းအလဲတွေ များစွာ လုပ်နိုင်ဖို့အရေး အများကြီး အကျိုးပြုနိုင်ပါတယ်။
ကိုယ့်ဘဝအတွက် တကယ့်တကယ် အရေးကြီးပါတယ်ဆိုသမျှကို တွေးနိုင်ကြံနိုင်ဖို့ Me Time ဆိုတဲ့ ကိုယ်ပိုင်အချိန်လေးနဲ့ စိတ်သက်သာရာရထားတဲ့ စိတ်အခြေအနေတွေ လိုအပ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်ဖို့အကောင်းဆုံးအချိန်တွေ အများကြီးရှိတယ်ဆိုပေမဲ့၊ ပျင်းချိန်ဆိုတာလည်း ပါနေတာကို လက်ခံထားလိုက်ရင်၊ ဘယ်လိုနေနေ အဆိုးထဲကအကောင်း အကျိုးရှိတာလေးတွေ တွေးမိကြံမိမှာ သေချာပါတယ်။
😞ခြေကုန်လက်ပမ်းကျနေပြီလား
😮💨အသုံးချခံရသလို ခံစားနေရလား
💪အနိုင်မခံ ကြိုးစားနေရသလို ဖြစ်နေလား
👇ဘဝဖိအားတွေကနေ ရုန်းထွက်နိုင်ရေး အဖြေတွေကို
-ဒီစာအုပ်မှာ ရှာလိုက်ပါ-👇
========================
စာရေးသူ–လူသာ (အတွေးအမြင်)
တန်ဖိုး–22000
စာမျက်နှာ–287
------------------------------------
5 541
ရှုံးသွားရင်တောင် နိုင်နေမယ့် အလုပ်လုပ်ပါ
လိုရာခရီးရောက်ချင်ရင် ကြိုးစားမှုထက် ရွေးချယ်မှုက ပိုအရေးကြီးတယ်။ ရွေးချယ်မှု မှားပြီး ကြိုးစားနေရင် အရှေ့အရပ်ကို သွားချင်ပြီး အနောက်အရပ်ကို ပြေးနေသလိုဖြစ်တတ်တယ်။
အောင်မြင်တဲ့လုပ်ငန်းရှင်က အလုပ်မဖြစ်တာကို ထားခဲ့တယ်။ အလုပ်ဖြစ်တဲ့ နည်းလမ်းတွေကို မရရအောင် ရှာဖွေတယ်။
ကျရှုံးတဲ့ လုပ်ငန်းရှင်ကတော့ အလုပ်မဖြစ်တာတွေကို စဉ်းစားပြီး စိတ်ညစ်နေတတ်တယ်။
========================
စာရေးသူ–Dr.Phyo Paing
တန်ဖိုး–27000
စာမျက်နှာ–209
------------------------------------
5 541
+9
ဆရာမ မိုးမိုး (အင်းလျား) စာအုပ်များ....(Book4U) တွင်မှာယူရရှိနိုင်ပါပြီ။
ရရှိနိုင်မည့် စာအုပ်စာရင်း...
1.မီးရောင်အောက်ကို ဝင်လျှင်
တန်ဖိုး 7000/276 မျက်နှာ
2.မှတစ်ဆင့်
တန်ဖိုး 7000/202 မျက်နှာ
3.ငြိမ်းကိုရှက်ပါ
တန်ဖိုး 7000/205 မျက်နှာ
4.ကြွေရင် အတူတူကြွေမယ်
တန်ဖိုး 4000/105 မျက်နှာ
5.ပျောက်သောလမ်းမှာ စမ်းတဝါး
တန်ဖိုး 10000/234 မျက်နှာ
6.ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား
တန်ဖိုး 10000/263 မျက်နှာ
7.အချစ်ဆိုသောအရာ
တန်ဖိုး 10000/272 မျက်နှာ
8.မေတ္တာကမ်းနားအချစ်သစ်ပင်
တန်ဖိုး 10000/198 မျက်နှာ
9.သမုဒ္ဒရာခုနှစ်စင်း မြစ်မင်းတစ်ဆယ့်သုံးသွယ်
တန်ဖိုး 10000/295 မျက်နှာ
10.ခင်စိုး၊မိုးကျော်၊မတာ၊မညိုပြာ၊ရီရီမာ မြန်မာပြည်မှာ နေကြသည်
တန်ဖိုး 7000/207 မျက်နှာ
------------------------------------
5 541
📖ပန်းချီပညာရပ်ဆိုင်ရာ ဒီဇိုင်းအခြေခံသဘောတရား ခုနစ်ချက်
ဤစာအုပ်သည် ပန်းချီ အနုပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသူအားလုံးအတွက် ဘက်ညီမှု (Balance)၊ လှုပ်ရှားမှု (Movement)၊ ပြေပြစ်မှု (Rhythm)၊ ဆန့်ကျင်ပြတ်သားမှု (Contrast)၊ အထူးပြုအလေးပေးဖော်ပြမှု (Emphasis)၊ အဆင်အကွက် ပုံစံ (Pattern) နှင့် စုစည်းညီညွတ်မှု (Unity) စသည့် ပန်းချီပညာရပ်ဆိုင်ရာ ဒီဇိုင်းအခြေခံ သဘောတရား ခုနစ်ချက်အကြောင်း အသေးစိတ် ထုတ်ဖော်တင်ပြထားသည့် စာအုပ်ဖြစ်သည်။
ဤစာအုပ်တွင် ဒီဇိုင်း၏ အခြေခံမူ ဥပဒေသတစ်ချက်ချင်းစီတိုင်းကို မြင်ခြင်းဆိုင်ရာ ဥပမာ များစွာနှင့် ကမ္ဘာကျော် ပန်းချီဆရာကြီးများ၏ အနုပညာလက်ရာတစ်ခုတွင်အခြေခံသဘော တရားများ၊ ဥပဒေသများမည်သို့မည်ပုံ အသုံးပြုထားကြောင်း ရှင်းလင်း ဖော်ပြထားပါသည်။
ထို့ပြင် ဒီဇိုင်း၏အခြေခံ ဥပဒေသများကို သိနားလည်သဘောပေါက်မှုနှင့် သင်၏ အသိပညာ ပိုမိုတိုးတက်ခိုင်မာလာစေရေးအတွက် လက်တွေ့ လေ့ကျင့်နိုင်ရန် လေ့ကျင့်ခန်းများကို စီစဉ် ထည့်သွင်းပေးထားပါသည်။ လေ့ကျင့်ခန်းများ မည်သို့ပြုလုပ်ရမည်ကို နားလည် သဘော ပေါက်စေရန်နှင့် မှီငြမ်း ကိုးကားအသုံးပြုနိုင်စေရန် အထောက်အကူပေးမည့် မြင်မှုဆိုင်ရာ ဥပမာများလည်း ပါဝင်ပါသည်။
8000 ကျပ်
စာ-62
5 541
📖အခြေခံတရုတ်စကားပြော
ဤစာအုပ်သည် တရုတ်စာပေကို စတင်လေ့လာမည့်သူများအတွက် ရည်ရွယ်သောကြောင့် မြန်မာသံဖြင့် အနီးစပ်ဆုံးဖြစ်အောင် ရေးသားထားပါသည်။ ထို့ကြောင့် အသံထွက်များကို သတိထား ဖတ်စေလိုပါသည်။ တရုတ်စာအခြေခံရှိပြီးသူများ အနေဖြင့် Chinese Phonetic (hin yapin ym) ကိုသာ အဓိကအသုံးပြုစေလိုပါသည်။
တန်ဖိုး- ၁၅၀၀၀ ကျပ်
စာမျက်နှာ-၂၀၅
စာရေးသူ- သိင်္ဂီဝင်း
----------------------
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 541
Javascript Language ဆိုတာ ပေါ့ပါးအောင် တစ်နည်းအားဖြင့် Lightweight ဖြစ်အောင်နဲ့ Java Language ကဲသို့ပင် pre-compiled သို့မဟုတ် Interpreted လုပ်ပြီးသား languageအမျိုးအစား ဖြစ်ပါတယ်။ ဆိုလိုတာက compiled လုပ်ပြီးသား code တွေကိုမှ function တွေ ၊ classlibrary အဆင့်ဆင့် တည်ဆောက်ထားပြီးသား code အစုအဝေးတွေကို သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက်တစ်စု တစ်စည်းတည်း စုဝေးပေးထားတဲ့ အရံသင့်အသုံးချ language အမျိုးအစားဖြစ်ပါတယ်။
Javascript language အမျိုးအစားဟာ network ပေါ်မှာ ဗဟိုပြု ထားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် website တွေတည်ဆောက်ရာမှာ အသုံးချလို့ရအောင် Design ချထားတာ ဖြစ်ပါတယ်။
Javascript Language ဟာ Lightweight ဖြစ်တယ်ဆိုပေမယ့် Java နဲ့ Integratedလုပ်ထားတဲ့အတွက် Java Language မှာကဲ့သို့ အစွမ်းထက်တဲ့ Functions တွေကို အရံသင့် အသုံးချလို့ရနိုင်ပါတယ်။
Javascript Language ဟာ cross-platform ဖြစ်ပြီး HTML Languageအတွင်းမှာ ထည့်သွင်းရေးသား အသုံးချလို့ရစေတဲ့အတွက် အထိုက်အလျောက် လွယ်ကူမှုရှိပါတယ်။
==============
တန်ဖိုး–20000
စာမျက်နှာ–168
5 541
ဒီစာအုပ်မှာ
Money Habit ၊
Making Money၊
Managing Money ဆိုတဲ့အပိုင်းသုံးပိုင်းပါဝင်ပါတယ်။ ငွေကြေးခံယူချက်နဲ့ ငွေကြေးအလေ့အကျင့်တွေ၊ ငွေရှာနည်းနဲ့ ဝင်ငွေလမ်းကြောင်းတွေ၊ ငွေကြေးစီမံခန့်ခွဲမှု၊ ငွေစုနည်း နဲ့ ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာတွေအကြောင်းတွေနဲ့အတူ ငွေကြေး နဲ့ပတ်သက်လို့ မဖြစ်မနေ နားလည်ထားသင့်တဲ့ Formula တွေ၊ Financial Ratio တွေလည်း ပါပါတယ်။
ငွေကြေးကြွယ်ဝမှု တည်ဆောက်ဖို့ဆိုရင် ငွေရှာတတ်ဖို့ အခြေခံအနေနဲ့ အရေးကြီးပါတယ်။ ဒါပေမဲ့ Robert Kiyosaki ပြောသလိုပဲ “ငွေကြေးဉာဏ်ရည် (Financial Intelligence) မရှိရင် ကိုယ့်ရဲ့ငွေတွေဟာ မကြာခင်မှာပဲ ပျောက်ပျက်သွားလိမ့်မယ်”။
ငွေရှာတာအပြင် ငွေကို စီမံတတ်ဖို့၊ ငွေကို ပွားအောင်လုပ်တတ်ဖို့၊ ငွေတွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို နားလည်ဖို့ အင်မတန် အရေးကြီးပါတယ်။
📓ကြွယ်ဝမှာအတွက်
ငွေကြေးစီမံမှုပညာ
✍ဟိန်းဇော်
တန်ဖိုး-16000
စာ-210
☎ - 09798103010;
097949 64825
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (အောက်လမ်း)
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 541
(1) ကားအဲကွန်းနဲ့ အဲကွန်းဝါယာရိန်းစနစ်ကို စတင်လေ့လာလိုသူတွေ အတွက်သင့်တော်မလဲဆိုရင်တော့
(2) ကားအဲကွန်းပိုင်းစနစ်တွေပဲ ပြုပြင်တတ်ပြီး ကားအဲကွန်း ဝါယာရိန်းပိုင်းတွေက် နားမလည်သေးတဲ့သူတွေ
(3) ကားဝါယာရိန်းပိုင်းကို အထိုက်အလျောက်နားလည်ပေမယ့် ကားအဲကွန်းစနစ် အလုပ် လုပ်ပုံတွေကို မသိလို့ ကားအဲကွန်းဝါယာရိန်းပိုင်းကို မပြုပြင်နိုင်တဲ့သူတွေ
(4) ကားအဲကွန်းနဲ့ အဲကွန်းဝါယာရိန်းပိုင်းကို လုပ်ကိုင်နေပေမယ့် အခြေခံကျကျ ဂဃနဏ မသိသေးသူတွေ
(5) ကားအဲကွန်းနဲ့ အဲကွန်းဝါယာရိန်းပိုင်းကို အထိုက်အလျောက် သိထားပေမယ့် နောက် T HVAC $. Climate Control System - HVAC System & လုပ်လုပ်မယ့် Sensor တွေအကြောင်းမသိသေးသူတွေ အစရှိတဲ့ သူတွေအတွက် အထူးသင့် တော်မှာဖြစ်ပြီး ကားအဲကွန်းနည်းပညာဝမ်းစာ ဖြည့်တင်းလိုသူတွေအတွက် ကားအဲကွန်းစနစ် နဲ့ ကားဝါယာရိန်း ဆက်သွယ်အလုပ်လုပ်ပုံတွေကို အခြေခံကနေစပြီး အသေးစိတ်ရေးသားဖော်ပြ ပေးထားတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။ (ရှင်းလင်းချက်တွေကို အထပ်ထပ်အခါခါ ဖတ်ရှဖို့လိုအပ် ပါတယ်) Automotive HVAC and Climate Control နည်းပညာတွေဟာ နေ့စဉ်နဲ့အမျှအသစ် သောပြောင်းလဲတီထွင်မှုတွေ ဟာ လေ့လာမဆုံးနိုင်အောင် ကျယ်ပြော လှပါတယ်။
တန်ဖိုး-27000
စာ-230
5 541
လူ့အဖွဲ့အစည်းနဲ့ လူတွေသတ်မှတ်တဲ့ စည်းဘောင်ထဲက ဒါမှမဟုတ် စည်းတွေဘောင်တွေရဲ့ အပြင်ဘက်က ချစ်ခြင်းမေတ္တာအကြောင်းကို မေးခွန်းထုတ်စရာ၊ အငြင်းပွားဖွယ်ရာ ရှု့ထောင့်မျိုးစုံကနေ ရေးဖွဲ့ထားတဲ့ ဆရာခွန်းညိုသွေးရဲ့ သတ္တမမြောက် လုံးချင်းဝတ္ထု ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက အကြိုက်မတူ၊ ခံယူချက်မတူ ၊ ယုံကြည်ချက်မတူ၊ ရှင်သန်ကြီးပြင်းရာမှာ ပျိုးထောင်ခံရပုံချင်းမတူပေမဲ့ သိပ်ချစ်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ အမျိုးသမီးနှစ်ဦးကို ဇာတ်အိမ်တည်ပြီး သူတို့ကြုံတွေ့ရတဲ့ လူအဖွဲ့အစည်းအကြောင်း၊ ချစ်ခြင်းမေတ္တာအကြောင်း ကို သေသပ်စွာ ရေးဖွဲ့ထားတဲ့ ပင်ကိုရေးဝတ္ထုတစ်အုပ် ဖြစ်ပါတယ်။ စာဖတ်သူတွေအတွက် တစိမ့်စိမ့်အတွေးတွေနဲ့ မေးခွန်းတွေ စိတ်မှာ ထင်ကျန်နေစေမယ့် ဝတ္ထုတစ်အုပ် ဖြစ်ပါတယ်။
✍️ခွန်းညိုသွေး
📒 အဖြူရောင်တွေ စွန်းပေတဲ့နာရီ (လုံးချင်းဝတ္ထု)
တန်ဖိုး-16000ကျပ်
5 541
☸️ဓမ္မစကြာနှင့် မဟာသမယသုတ်လာ
ဘဝနေနည်းအနုပညာ
နည်းပညာ ပြောင်းလဲလျင်မြန်နေတဲ့ခေတ်မှာ စိတ်ဖိစီးမှု၊ အထီးကျန်မှု၊ အလုပ်ပင်ပန်းမှုနဲ့ အချိန်မရှိမှုတွေက နေ့စဉ် နှိပ်စက်နေတတ်ပါတယ်။ ဒီစာအုပ်လေးဟာ အဲဒီပြဿနာတွေအတွက် မြတ်စွာဘုရား ကိုယ်တိုင်ဟောခဲ့တဲ့
လက်တွေ့အဖြေတွေကို ခေတ်လူငယ်တွေအတွက်
အထူးရည်ရွယ်ပြီး စုစည်းထားတဲ့ လက်ဆောင်မွန်တစ်ခုပါ။
ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်နဲ့ မဟာသမယသုတ်လို
နက်ရှိုင်းတဲ့ တရားတော်တွေကို ဘုရားခန်းမှာ ရွတ်ဖတ်ပူဇော်ရုံသက်သက်မဟုတ်ဘဲ နေ့စဉ်ဘဝမှာ အသုံးချလို့ရတဲ့
''ဘဝနေနည်း အနုပညာ''အဖြစ် ပြောင်းလဲပေးထားပါတယ်။
ဒီစာအုပ်မှာ အရင်ဆုံး ဓမ္မစကြာတရားဦးကနေ
အစွန်းနှစ်ဘက်ကို ရှောင်ရှားနည်း၊ သစ္စာ ၄ ပါးကို
ပြဿနာဖြေရှင်းနည်း အဆင့် ၄ ဆင့်အနေနဲ့ မဂ္ဂင် ၈ ပါးကို
ဘဝအေးချမ်းအောင်မြင်ရေးစနစ်အဖြစ် တင်ပြထားပါတယ်။
နောက်ဆုံး မဟာသမယ ၇ သုတ်က ကိုယ့်စရိုက်ကို စစ်ဆေးနည်း ပြပြီး ကိုယ်နဲ့ကိုက်ညီတဲ့တရား ရွေးချယ်ကျင့်သုံးနည်းကို ညွှန်ပြပါတယ်။ မဟာသမယသုတ်ကို
ပိုမိုအစွမ်းထက်မြက်အောင် ရွတ်ဖတ်နည်းကိုလဲ
ဖော်ပြပေးထားပါတယ်
✍အရှင်ဉာဏဝရ(ပါရမီ)
တန်ဖိုး-7500
စာမျက်နှာ-120
5 541
📖၁၂ရာသီခွင် လူသတ်သမား
✍️ဘာသာပြန်သူ- စုမြတ်ချစ်
တန်ဖိုး-21000/စာ-328
`ထူးခြားဆန်းကြယ်တဲ့အပြင် အကွေ့အကောက်များစွာ
ပါဝင်တဲ့ ဒီဂျပန်ဝတ္ထုမှာ
အပျော်တမ်း စုံထောက်တစ်ယောက်က
နှစ်လေးဆယ်လောက် ကြာနေပြီဖြစ်တဲ့ လျှို့ဝှက်သည်းဖို လူသတ်မှုကိုပညာသားပါပါ ဖြေရှင်းထားပါတယ်။´
-Daily Mail
နက္ခတ်ဗေဒင်ဆရာနဲ့ ရှေ့ဖြစ်ဟောသူ
တဖြစ်လဲ အပျော်တမ်းစုံထောက် ကီယိုရှီက
ဂျပန်နိုင်ငံကို နှစ်ပေါင်းလေးဆယ်လောက်
ဦးနှောက်ခြောက်စေခဲ့တဲ့ အနိဋ္ဌာရုံလူသတ်မှုကို
တစ်ပတ်အတွင်း ဖြေရှင်းရပါတယ်။
ကီယိုရှီဟာ သူ့မိတ်ဆွေ အလွတ်တမ်းပန်းချီဆရာရဲ့ အကူအညီနဲ့ ဂျပန်တစ်နိုင်ငံလုံးကို ခြောက်လှန့်နေတဲ့ ပဟေဠိကို ဖြေရှင်းတဲ့အခါ ဒီမေးခွန်းတွေကို သူကြိုးကြိုးစားစား ဖော်ထုတ်ရတယ်။
ပန်းချီဆရာ အုမီဇဝါကို ဘယ်သူ
သတ်တာလဲ•••
သမီးအကြီးဆုံးကို မုဒိန်းကျင့်
သတ်ဖြတ်တာကရော ဘယ်သူလဲ•••
'အာဇို့' အမည်ရ အပြစ်ဆိုဖွယ် မရှိတဲ့
အမျိုးသမီးကို ဖန်တီးဖို့ အုမီဇဝါရဲ့
ကျန်ရှိတဲ့ သမီးတွေနဲ့ တူမတွေကို
ရက်ရက်စက်စက် သတ်ဖြတ်ပြီး
သူတို့အလောင်းတွေကို ခုတ်ပိုင်းတာကရော
ဘယ်သူ ဖြစ်မလဲ•••
စာဖတ်သူတွေအတွက် ဒီဝတ္ထုမှာစိတ်ဝင်စားဖွယ်၊လျှို့ဝှက်ချက်တွေအများကြီးနဲ့ရေးထားပါတယ်။
5 541
+9
အိမ်၊ခြံမြေဆိုင်ရာစာအုပ်များ မှာယူရရှိနိုင်ပါတယ်။
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 541
📙အတွေးမလွန်နဲ့
📖ဒီစာအုပ်ဟာ
သင်ဖြတ်သန်းလာခဲ့ရတဲ့၊ သင့်ကိုယ်သင် တွန်းပို့ထားတဲ့ စိတ်ပင်ပန်းစရာအခြေအနေတွေနဲ့ ပူပန်သောကတွေ၊ စိတ်ဖိစီးမှုတွေကြား လမ်းပျောက်နေရတာတွေကို နားလည်စေမဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အရံအတားတွေကို ကျော်ဖြတ်ပြီး သင့်ဦးနှောက်အတွေးတွေကို ပြန်လည်တည့်မတ်ပေးရင်း စိတ်အလေ့အကျင့်တွေကို ပြောင်းလဲသွားစေမဲ့ လုပ်ဆောင်ကျင့်ကြံရမဲ့ အမူအကျင့်အသေးစိတ်ကို ပြောပြပေးထားပါတယ်။
ဒါ့အပြင် ဒီစာအုပ်က အဆိုးမြင်အတွေးသံသရာကို အဆုံးသတ်သွားပြီး သင့်ကိုယ်သင်အပေါ် ထင်မှတ်ယုံကြည်ထားတဲ့ အထင်နဲ့အမြင်တွေကို လုံးဝဥဿုံ ပြောင်းလဲပေးမဲ့ သိပ္ပံနည်းကျ အလေ့အကျင့်တွေကိုလဲ တင်ပြပေးထားပါသေးတယ်။
========
စာရေးသူ–ဒေါက်တာအောင်(ဆေး-၂)
တန်ဖိုး–8000
စာမျက်နှာ–152
--------------
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 541
ဤစာအုပ်သည် John Perkins ရေးသားသော The New Confession of An Economic Hitman စာအုပ်ကို တိုက်ရိုက် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ စာရေးသူ John Perkins သည် စီးပွားရေးလက်ဖြောင့် သေနတ်သမားတစ်ယောက် ဖြစ်ပြီး အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် တောင်အမေရိက နိုင်ငံအချို့တွင် ပါဝါလွှမ်းမိုးရန် အမေရိကန်သည် ကမ္ဘာ့အဖွဲ့အစည်းများ အပါအဝင် စီအိုင်အေ၊ အမေရိကန်ကော်ပိုရေးရှင်းကြီးများနှင့် မည်သို့ဆက်နွယ်၍ လုပ်ဆောင်ပုံကို ဖွင့်ဟ ဝန်ခံထားသည်။
📖ငွေကြေးနှင့်ပါဝါ
✍ရဲဦး
တန်ဖိုး-၃၀၀၀၀
စာမျက်နှာ-၂၄၂
5 541
📗မားကတ်တင်း ၇.၀ အေအိုင်ခေတ်
ဈေးကွက်ဖော်ဆောင်ရေးလမ်းညွန်
✔️“မားကက်တင်း ၇.၀” စာအုပ်ဟာ AI နည်းပညာနဲ့ လူသားတို့ရဲ့ စိတ်အာရုံကိုပေါင်းစပ်ပြီး ခေတ်သစ်စီးပွားရေးလောကကို ဘယ်လိုဦးဆောင်ရမလဲဆိုတာ လမ်းညွှန်ပေးထားပါတယ်။
✔️စီးပွားရေးစီမံခန့်ခွဲမှု လေ့လာသူတွေအတွက် နောက်ဆုံးပေါ် မားကက်တင်းသီအိုရီတွေကို တစ်နေရာတည်းမှာ စနစ်တကျ လေ့လာနိုင်မှာပါ။
✔️လက်တွေ့လုပ်ကိုင်နေသူတွေအတွက်လည်း AI ကို အသုံးချပြီး ဖောက်သည်တွေနဲ့ ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းဗျူဟာကောင်းတွေ ပါဝင်ပါတယ်။
✔️သုတေသနပြုသူတွေအတွက် ဆိုရင်လည်း မျိုးဆက်သစ် စားသုံးသူတွေရဲ့ အမူအကျင့်နဲ့ စိတ်နေစိတ်ထားတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။
📖ဒီစာအုပ်ဟာ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ ဈေးကွက်အမြင်သစ်တွေကို ပေးစွမ်းနိုင်လို့ စီးပွားရေးလောကထဲက လူတိုင်း ဖတ်ရှုသင့်တဲ့ အဖိုးတန်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
✔️နည်းပညာခေတ်မှာ စီးပွားရေးအရ အောင်မြင်မှုရဖို့အတွက် ဒီစာအုပ်က မရှိမဖြစ် လိုအပ်တဲ့ လက်စွဲစာအုပ်ကောင်းတစ်အုပ်ပါ။
========================
စာရေးသူ–ဝင်းသိန်းဦး
တန်ဖိုး–24000
စာမျက်နှာ–324
5 541
အကျင့်တွေပြောင်းရင် ဘဝတွေပြောင်းမယ်
ဒီစာအုပ်ကို ရေးသားသူ သောမတ်စ်ကော်လေးဟာ ကြိုးစားပြီး သန်းကြွယ်သူဌေးကြီးတွေ ဖြစ်လာတဲ့သူတွေရဲ့ အကျင့်တွေကို နှစ်အတန်ကြာ ကြိုးစားပမ်းစား သုတေသနလုပ်ရာကနေ သာမန်လူတွေကသန်းကြွယ်သူဌေးဖြစ်လာစေတဲ့ အကျင့်ကောင်းတွေကို ခွဲခြားသိရှိလာခဲ့ပါတယ်။
အောင်မြင်မှုဆိုတာ လူကုံထံတွေ၊ ချမ်းသာတဲ့လူတွေဆီကိုပဲလက်ဆင့်ကမ်းပေးရမယ့် ကန့်သတ်ချက်တစ်ခု မဟုတ်တော့ပါဘူးဆိုတာကို သူက ယုံကြည်ထားပါတယ်။
ဘဝမှာ သင်ဟာ ဘယ်နေရာမှာပဲရှိနေပါစေ ဒီစာအုပ်က သင့်ကို အောင်မြင်မှုဆီကို လမ်းပြပေးမှာ ဖြစ်ပါတယ်။
👉📖ဒီစာအုပ်ဖတ်ပြီးရင် သင်သိလာမှာတွေက ဒါတွေပါပဲ -
▪️ကျွန်တော်တို့ဆီမှာ ဘာကြောင့် အကျင့်တွေ ရှိရသလဲ
▪️ချမ်းသာမှု၊ ဆင်းရဲမှုတွေ ဖြစ်စေတဲ့ အကျင့်တွေ
▪️အိုင်ကျူမြင့်စေတဲ့ အကျင့်တွေ
ရောဂါတွေလျော့ကျစေပြီး အသက်ရှည်စေတဲ့ အကျင့်တွေ
▪️စိတ်ဓာတ်ကျတာကို ဖယ်ထုတ်ပစ်ပြီး ပျော်ရွှင်မှုတိုးလာစေမယ့်အကျင့်တွေ
▪️ဘဝမှာ သင့်ရဲ့ အဓိကရည်ရွယ်ချက်ကို တွေ့ရှိစေဖို့ နည်းလမ်းကောင်းတွေ
အကျင့်မြန်မြန် ပြောင်းစေဖို့ အရာတွေ
========================
စာရေးသူ–မျိုးလွင်(MBA)
တန်ဖိုး–7000
စာမျက်နှာ–165
