uk
Feedback
Book4U.MM

Book4U.MM

Відкрити в Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

Показати більше
5 640
Підписники
+324 години
-237 днів
-7430 день
Архів дописів
“ဘဏ္ဍာရေးအရှင်သခင်များ” စာအုပ်သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ ဗဟိုဘဏ် အကြီးအကဲလေးဦး၏ ကိုယ်ရေးကိုယ်တာ သမိုင်းကြောင်
“ဘဏ္ဍာရေးအရှင်သခင်များ” စာအုပ်သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ ဗဟိုဘဏ် အကြီးအကဲလေးဦး၏ ကိုယ်ရေးကိုယ်တာ သမိုင်းကြောင်းများ၊ ပထမကမ္ဘာစစ်အပြီး ကမ္ဘာ့ စီးပွားရေးကို ထိန်းကျောင်းရန် ကြိုးပမ်းမှုများ၊ ထိုကြိုးပမ်းမှုများက အရာမရောက်ဘဲ ကမ္ဘာ့ စီးပွားရေးကို “မဟာစီးပွားရေးပျက်ကပ်ကြီး"ဟု ထင်ရှား ကျော်ကြားသည့် ကပ်ဆိုးကြီးထဲ သို့ ဆိုးဆိုးဝါးဝါးနှင့် မနားမနေ ထိုးဆင်းခဲ့သော ဖြစ်ရပ်များအကြောင်း အသေးစိတ် ဖော်ပြထား သည်။ ထို့ပြင် ထိုကာလအတွင်း အစိုးရများနှင့် ဗဟိုဘဏ်အကြီးအကဲများ၏ မူဝါဒများကို ဝေဖန်ခဲ့ သော ဗြိတိန် စီးပွားရေးပညာရှင် ဂျွန်မေးနတ်ကိန်း၏ အသက်မွေးဝမ်းကြောင်းနှင့် အတွေး အမြင် အယူအဆ၊ သုံးသပ်ချက်များကိုပါ ဆွေးနွေးဖော်ပြထားသည်။ ဗဟိုဘဏ်လုပ်ငန်းရှင်များ၏ ဆုံးဖြတ်ချက်များ၊ သူတို့မှားတတ်သော အမှားများနှင့် ထိုသို့မှားသည့်အခါ တိုင်းပြည်များအပေါ်၊ လူများအပေါ် ကြီးမားသော ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း မီးမောင်းထိုး ဖော်ပြထားသည်။ ဤစာအုပ်မူရင်းသည် ၂ဝ၁ဝ ပြည့်နှစ်အတွက် ပူလစ်ဇာစာပေဆုကို ရရှိခဲ့သည်။ စာရေးသူ–ကျော်စိုးမင်း(မြန်မာပြန်သည်) တန်ဖိုး–၄၀၀၀၀ (လေးသောင်းကျပ်) စာမျက်နှာ–၅၄၅ စာပို့ဆက်သွယ်ရန် m.me/Book4U.Shop

ဤအဘိဓာန်သည် ဗုဒ္ဓဖြစ်တော်စဉ် ငါးရာ့ငါးဆယ်ဇာတ်တော်များတွင် ပါရှိသည့် အကြောင်း အရာများ၊ အဖြစ်အပျက်များ၊ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိ
ဤအဘိဓာန်သည် ဗုဒ္ဓဖြစ်တော်စဉ် ငါးရာ့ငါးဆယ်ဇာတ်တော်များတွင် ပါရှိသည့် အကြောင်း အရာများ၊ အဖြစ်အပျက်များ၊ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်များ၊ သိသင့် သိထိုက်သော အမည်များ၊ စကားများ၊ အသုံးအနှုန်းများနှင့် အချက်အလက်များကို တည်ပုဒ်ပြုထားပြီး တည်ပုဒ်တစ်ခု ချင်းအလိုက် ဖွင့်ဆိုရှင်းပြထားသည့် ဇာတက အခြေခံ အဘိဓာန် ဖြစ်ပါသည်။ ထိုသို့ဖော်ပြရာတွင် ဇာတကဋ္ဌကထာပါ ပါဠိအမည်များ၊ ညောင်ကန်ဆရာတော်၏ ငါးရာ ငါးဆယ်ဇာတ်ဝတ္ထုများ၊ မင်းဘူးဆရာတော်နှင့် အခြားဆရာတော်နှစ်ပါးတို့၏ ဇာတ်တော် ကြီးဆယ်ဘွဲ့များတွင် မြန်မာမှုပြုထားသည့် အမည်များ၊ မြန်မာပြန်ကျမ်းများတွင်ပါဝင်သည့် စကားများ၊ အသုံးအနှုန်းများနှင့် အချက်အလက်များကို ရွေးချယ် တည်ပုဒ်ပြုထားပါသည်။ အဘိဓာန်တည်ပုဒ်များကို အဓိပ္ပာယ်ဖွင့်ဆို ဖော်ပြရာတွင် တည်ပုဒ်၊ တည်ပုဒ်၏ အကြောင်း အရာ၊ ထိုအကြောင်းအရာကို ဖြစ်ပေါ်စေသော အကြောင်းတရားတို့ကို ဦးစွာဖော်ပြထားပြီး ပစ္စုပ္ပန်ဝတ္ထုကြောင်း၊ ထိုဝတ္ထုကြောင်းနှင့် ဆက်စပ်နေသော အတိတ်ဆောင်သောဝတ္ထု စသည်တို့ဖြင့် အကျယ် ဖော်ညွှန်းပေးထားသည်။ စာရေးသူ–ပါမောက္ခဦးသိန်းလှိုင် တန်ဖိုး–30000(သုံးသောင်းကျပ်) စာမျက်နှာ–597

နယ်ဘက် ကျေးဘက် ဝတ္ထုများ ======================== 🔸🔸အနောက်-အရှေ့တို့မှာ ပို့(စ)မော်ဒန် အရေးအသားများတွင် ထိုထိုသော ရိုးစင်းမ
နယ်ဘက် ကျေးဘက် ဝတ္ထုများ ======================== 🔸🔸အနောက်-အရှေ့တို့မှာ ပို့(စ)မော်ဒန် အရေးအသားများတွင် ထိုထိုသော ရိုးစင်းမှုမှ ရိုးစင်းမှုများကို ဖတ်လာရသောကြောင့် မြန်မာဘာသာစကား ဘောင်အတွင်းမှ ပြန်လည်ရေးသားလိုက်မိခြင်း ဖြစ်သည်။ 🔸🔸ငယ်စဉ်က နယ်ဘက်ကျေးဘက်များဆီသို့ သွားရင်း အရင်းခံစစ်စစ် မြန်မာများ/မြန်မာကြီးများမှ အစ ရေခဲ မမြင်ဖူးသော လူများ၊ စစ်ကိုင်းတောင်ရိုးဆီသို့ ဘုရားဖူး တစ်ကြိမ်ရောက်ဖူးပြီးနောက် မြင့်မိုရ်တောင်နှင့် စစ်ကိုင်းတောင်ရိုးကို သိပ်လှမ်းပုံမရဘူးဟု တွေးကြည့်နေသူများ စသည်ဖြင့်..... --------------------------------------- စာရေးသူ–မြင့်သန်း တန်ဖိုး–15000 စာမျက်နှာ–469 ----------------------------------------------------- စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

မနက်ဖြန်မှ မောင့်ကိုမေ့မယ် ======================== ☘️☘️ပြန်တွေးကြည့်တိုင်း မောင့်ကို ပိုလွမ်းရသည်မှလွဲရင် နာကျင်စရာဟူ၍မတွေ့ခ
မနက်ဖြန်မှ မောင့်ကိုမေ့မယ် ======================== ☘️☘️ပြန်တွေးကြည့်တိုင်း မောင့်ကို ပိုလွမ်းရသည်မှလွဲရင် နာကျင်စရာဟူ၍မတွေ့ခဲ့ပါ။ ထို့ကြောင့်လည်း.. အတိတ်ကို ဖက်တွယ်ထားမိခြင်းလည်း ဖြစ်နိုင်သည်။ ----------------------------------- စာရေးသူ–သက်ထားခင်(THK) တန်ဖိုး–5500 စာမျက်နှာ–156 ----------------------------------------------------- စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

✍️ခေတ်မင်းညိုရေးသားသောစာအုပ်(၂)မျိုးလုံးBook4Uဆိုင်တွင်မှာယူရရှိနိုင်ပါတယ်။ ========================= 📕 The First Step Towar
+1
✍️ခေတ်မင်းညိုရေးသားသောစာအုပ်(၂)မျိုးလုံးBook4Uဆိုင်တွင်မှာယူရရှိနိုင်ပါတယ်။ ========================= 📕 The First Step Towards Hacking တန်ဖိုး-၅၅၀၀၀ စာမျက်နှာ-၇၁၆ ~~~~~~~~~~~~~~~ 📕 Linux For Hackers တန်ဖိုး-၂၅၀၀၀ စာမျက်နှာ-၂၂၈ ---------------------------------------‐------------ စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

လတ်တလော Facebook အကောင့်များအသုံးပြု၍ မရဘဲ auto logout ဖြစ်ပြီးပြန်ဝင်မရဖြစ်နေပါတယ်။ တကမ္ဘာလုံးအတိုင်းအတာဖြင့် ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ စာအုပ်မှာယူရန် ကိစ္စ ရပ်များ အရေးပေါ် ဆက်သွယ်ရန် 09798103010 09794964825

H@cking ကပိုက်ဆံရသလား ? အခုတော့ ဒီမေးခွန်းအတွက် "အဖြေ" ရှိနေပါပြီ။ Bug Bounty Hunting [For Web Applications Security] ဆိုတဲ့
+4
H@cking ကပိုက်ဆံရသလား ? အခုတော့ ဒီမေးခွန်းအတွက် "အဖြေ" ရှိနေပါပြီ။ Bug Bounty Hunting [For Web Applications Security] ဆိုတဲ့ ဒီစာအုပ်လေးဟာ သင့်မေးခွန်းအတွက် "အဖြေ" ပါပဲ။ 📕 ဒီစာအုပ်လေးမှာ Website အတွင်းက Bugs တွေကို Research လုပ်ခြင်း၊ Hunting လုပ်ခြင်း၊ Report တင်ခြင်း စတဲ့ Website Bug Bounty Hunting အတွက် ပြည့်စုံတဲ့ Methodology, Techniques, Methods and Process တွေကို တဆင့်ချင်း မြန်မာလိုရှင်းလင်းတင်ဆက်ထားပါတယ်။ ⛳ ဒါ့အပြင် Bug Hunting လုပ်ရာမှာလည်း အလွယ်ကူဆုံးနားလည်စေဖို့နဲ့ အခက်အခဲမရှိ Hunting Labs တွေလုပ်ဆောင်နိုင်ဖို့ နာမည်ကျော် Web H@cking Platforms တွေနဲ့တကွ Intionally Vulnerable Website တစ်ခုကိုလည်းလွှင့်တင်ပေးထားတာဖြစ်လို့ စာဖတ်သူတွေစိတ်ကြိုက် Testing တွေပြုလုပ်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့်...... Web H@cking or Website Bug Bounty Hunting Method နဲ့ ဝင်ငွေလမ်းကြောင်းတွေဖန်တီးနိုင်စေဖို့ ဒီစာအုပ်လေးကို ဝေမျှ တင်ဆက်ပေးလိုက်ပါတယ်။ စာအုပ်အမည် = Bug Bounty Hunting [For Web Applications Security] စာရေးသူ = ရဲနောင်(နည်းပညာ) စာအုပ်တန်ဖိုး = 20000 MMK စာမျက်နှာ = 248 စာပို့ဆက်သွယ်ရန် m.me/Book4U.Shop

လုပ်ငန်းသစ်တစ်ခု စတင်ဖို့၊ ဒီလုပ်ငန်းကို ရှင်သန် အောင်ထူထောင်နိုင်ဖို့၊ ရေရှည်ရပ်တည်နိုင်ဖို့၊ တိုးတက်အောင် လုပ်ဆောင်နိုင်ဖို
လုပ်ငန်းသစ်တစ်ခု စတင်ဖို့၊ ဒီလုပ်ငန်းကို ရှင်သန် အောင်ထူထောင်နိုင်ဖို့၊ ရေရှည်ရပ်တည်နိုင်ဖို့၊ တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ဆိုတာ စိတ်ကူးစိတ်သန်းကောင်းတွေ၊ ပြင်းပြတဲ့ စိတ်ထားတွေ၊ လုပ်ချင်စိတ်တွေနဲ့တင် လုပ်ငန်းတစ် ခုကို ရေရှည်တည်တံ့အောင် ထူထောင်နိုင်ဖို့ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။ စီးပွားရေးလုပ်ငန်း တစ်ခု အောင်မြင်စွာ ထူထောင်နိုင်ဖို့အတွက် ဆိုတာက စိတ်ကူးစိတ်သန်းကောင်းတွေ၊ ပြင်းပြ တဲ့စိတ်ထားတွေ လိုအပ်သလို၊ သက်ဆိုင်ရာလုပ်ငန်းအတွက် ရှိသင့်တဲ့ လုပ်ငန်းကျွမ်းကျင်မှု တွေ၊ ဗဟုသုတတွေ၊ အခွင့်အလမ်းကောင်းတွေကို အမိအရ ဆုပ်ကိုင်နိုင်မှုတွေ၊ မိမိမှာရှိတဲ့ အရင်းအမြစ်တွေကို ထိထိရောက်ရောက် အသုံးချနိုင်မှုတွေ၊ ဈေးကွက်ဗဟုသုတတွေ၊ ဘဏ္ဍာ ရေး စီမံခန့်ခွဲမှုတွေ လိုအပ်ပါတယ်။ ဒီလိုကျွမ်းကျင်မှုတွေ၊ ဗဟုသုတတွေကို တစ်နေရာထဲမှာ စုပေါင်းပြီး လေ့လာရတဲ့ ဘာသာရပ်ကတော့ Entrepreneurship ဘာသာရပ်ပဲဖြစ်ပါတယ်။ ယခုစာအုပ်မှာ စွန့်ဦး တီထွင်မှုပညာနဲ့ ပတ်သက် ပြီး ပြည့်ပြည့်စုံစုံ ဖော်ပြထားသလို၊ စီးပွားရေးလုပ်ငန်းသစ်တစ်ခုကို ဘယ်လိုစတင်ထူထောင် ရမလဲဆိုတဲ့ အချက်အလက်တွေကို ပြည့်စုံစွာ ရေးသားဖော်ပြထားပါတယ် တန်ဖိုး၁၅၀၀၀ စာမျက်နှာ–၄၆၃ ဆက်သွယ်ရန် m.me/Book4U.Shop

အခန်းတိုင်းတွင်ပါဝင်သော ဖော်ပြချက်များသည် စာရေးသူ၏ စာတွေ ကိုယ်တွေ့ အတွေ့အကြုံများကို ပေါင်းစပ်တင်ပြထားခြင်းဖြစ်သည်။ စာတွေ့ကို
အခန်းတိုင်းတွင်ပါဝင်သော ဖော်ပြချက်များသည် စာရေးသူ၏ စာတွေ ကိုယ်တွေ့ အတွေ့အကြုံများကို ပေါင်းစပ်တင်ပြထားခြင်းဖြစ်သည်။ စာတွေ့ကိုတင်ပြရာ၌ မူရင်းရေးသားဖော်ပြချက်များကို လေ့လာနိုင်ရန်အတွက် မူရင်းအတိုင်းစုစည်းဖော်ပြထားသည်။ ၊ ကိုယ်တွေ့ အတွေ့အကြုံကို တင်ပြရာတွင်မူ မြန်မာစ ဘာသာရပ်၏ စာပေလေ့လာမှုနှင့် ဘာသာ ဘာသာစကားလေ့လာမှု အတွေ့ အကြုံများ ပေါ်အခြေပြု၍ တင်ပြထားပါသည်။ သုတေသနနည်းပညာသည် ကျယ်လည်း ကျယ် ကျယ်ပြန့် နက်လည်း နက်ရှိုင်းသော နယ်ပယ်ကြီးတစ်ခုဖြစ်ရာ များစွာအားထုတ် လေ့လာနိုင်မှသာ အထိုက်အလျောက် သိရှိနိုင်မည့် နယ်ပယ်ကြီးဖြစ်ပါသည်။ ဤစာအုပ်သည် စာရေးသူ နှစ်ပေါင်းများစွာ ဆည်းပူးလေ့လာထားသော စာတွေကိုယ်တွေ့ အချက် အလက်များကို တတ်စွမ်းသမျှ ရေးသားဖော်ပြထားသော်လည်း ပြီးပြည့်စုံပြီဟု မဆိုသာပါ။ သုတေသနနှင့်ပတ်သက်၍ ဆက်လက်အသေးစိတ် လေ့လာစရာ အကြောင်းအရာ အချက်အလက်များစွာ ကျန်ရှိပါသေးသည်။ ဤစာအုပ်ကို လေ့လာဖတ်ရှု၍ သုတေသနအကြောင်း အတန်အသင့်သိရှိပြီးနောက် သုတေသန အကြောင်း ဆက်လက် လေ့လာစရာ အချက်အလက်များစွာကို သိမြင်လာမည် ဖြစ်ပါသည်။ စာရေးသူ–ဒေါက်တာအောင်မြင့်ဦး တန်ဖိုး–၉၀၀၀ စာမျက်နှာ–၂၈၈ စာပို့ဆက်သွယ်ရန် m.me/Book4U.Shop

ကန့်လန့်ကာနီနောက်ကွယ်မှ မော် (ပထမတွဲ) ======================== * ကန့်လန့်ကာနီနောက်ကွယ်မှ မော် သည် တရုတ်ပြည်၏ ခေါင်းဆောင်ကြီး
ကန့်လန့်ကာနီနောက်ကွယ်မှ မော် (ပထမတွဲ) ======================== * ကန့်လန့်ကာနီနောက်ကွယ်မှ မော် သည် တရုတ်ပြည်၏ ခေါင်းဆောင်ကြီး မော်စည်တုန်း၏ ဘဝအကြောင်းကို ရေးခဲ့ဖူးသမျှ စာအုပ်များတွင် အတိကျဆုံးဖြစ်သည်။ * ဆယ်စုနှစ်တစ်ခုခန့် သုတေသနပြုလုပ်ပြီး အရင်က မထုတ်ဖော် မပြောဆိုဖူးသည့် မော် အတွင်းစည်းမှ လူအများအပြားသာမက သူနှင့် အရေးပါစွာ ဆက်ဆံဖူးသည့် တရုတ်ပြည် ပြင်ပရှိ လူအားလုံးနီးပါးတို့ နှင့် တွေ့ဆုံမေးမြန်းချက်တို့ကို အခြေခံထားသည်။ * ဤစာအုပ်တွင် အလန့်တကြားဖြစ်လောက်စရာ၊ အံ့အားသင့်စရာ၊ လျှို့ဝှက်ချက်များ ပြည့်လျက်ရှိသည်။================ စာရေးသူ–ဉာဏ်သစ် တန်ဖိုး–20000 စာမျက်နှာ–367 ----------------------------------------------------- စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

ပေါရိသာဒ ဦးလာဘ ======================== ဦးလာဘ အကြောင်းမှာ ကျွန်ုပ်တို့၏ မြန်မာပြည်တွင် မှတ်တမ်းတစ်ခု၊ သို့မဟုတ် စာအုပ်တစ်အုပ်
ပေါရိသာဒ ဦးလာဘ ======================== ဦးလာဘ အကြောင်းမှာ ကျွန်ုပ်တို့၏ မြန်မာပြည်တွင် မှတ်တမ်းတစ်ခု၊ သို့မဟုတ် စာအုပ်တစ်အုပ်အဖြစ်တော့ ကျန်နေခဲ့သင့်သည်ဟု ယူဆသဖြင့် ဤစာအုပ်ကို ရေးသားရခြင်းဖြစ်ကြောင်း.... စာရေးသူ၏ အမှာစာမှ =============== စာရေးသူ–ဖိုးကျော့ တန်ဖိုး–6000 စာမျက်နှာ–154 ----------------------------------------------------- စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

📙Linux For Hackers 🛑 Cyber Security ကိုစပြီးလေ့လာမည့်သူများအတွက် မရှိမဖြစ် အခြေခံလိုအပ်တဲ့အရာ သို့မဟုတ် သိထားသင့်တဲ့ဟာ တစ်ခ
+3
📙Linux For Hackers 🛑 Cyber Security ကိုစပြီးလေ့လာမည့်သူများအတွက် မရှိမဖြစ် အခြေခံလိုအပ်တဲ့အရာ သို့မဟုတ် သိထားသင့်တဲ့ဟာ တစ်ခုကတော့Linux Commands တွေပါဘဲ၊ဒီLinux forHackers ဆိုတဲ့စာအုပ်မှာKali 0S ကိုအခြေခံပြီးSecurity လမ်းကြောင်းထဲစပြီးဝင်မယ့်လူသစ်တွေအတွက် အခြေခံသိထားသင့်တဲ့ Linux commands တော်တော်များများကို တာတွေ့ရပါတယ်။ တစ်နည်းပြောရရင် လို-တို-ရှင်း ပုံစံဖြစ်တဲ့အတွက်ကြောင့်လည်း ပိုပြီးနားလည် လွယ်ကူစေပါတယ်။ 🛑အခြေခံသိရမယ့် Linux Commands တွေသာမက bash scripting တွေပါ ရှင်းပြထားသေးတာကြောင့် အခြေခံ Linux commands နားလည်ပြီး နောက်တစ်ဆင့်တက်နိုင်ငံတွ လမ်းကြောင်းကိုလည်း ဖွင့်ပေးထားတာတွေ့ရပါတယ်။ ဥပမာ command တွေကိုအခြေခံပြီး cripting နဲ့ လိုအပ်တဲ့ tool တွေရေးတတ်အောင်ပါ။ 🛑အချုပ်ပြောရရင်တော့ ဒီစာအုပ်မှာပါတဲ့အကြောင်းအရာတိုင်းတာ Security ကို စပြီးလေ့လာမည့်သူအတွက် အရမ်းကို အခြေခံကျပြီး လိုအပ်တဲ့ ဗဟုသုတတွေဖြစ်တာကြောင့် သေသေချာချာဖတ်ရှုပြီး အကြိမ်ရေများများလေ့ကျင့်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ စာရေးသူ–ခေတ်မင်းညို တန်ဖိုး–25000 စာမျက်နှာ–229 စာပို့ဆက်သွယ်ရန် m.me/Book4U.Shop

📒Electrical Device and Control (Pre Order) ၂၀၂၄ ခုနှစ် မတ်လ အကုန်မှာပြန်ထွက်မှာဖြစ်ပါတယ်။ အုပ်ရေ ၅၀၀ သာပြန်ရိုက်တာ ဖြစ်လို့
📒Electrical Device and Control (Pre Order) ၂၀၂၄ ခုနှစ် မတ်လ အကုန်မှာပြန်ထွက်မှာဖြစ်ပါတယ်။ အုပ်ရေ ၅၀၀ သာပြန်ရိုက်တာ ဖြစ်လို့ ကြိုတင်မှာယူထားမှ စိတ်ချရပါမယ်။ လျှပ်စစ်ပိုင်းဆိုရာ Control နည်းပညာများအကြောင်း၊ တွက်ချက်ပုံ၊ အလုပ်လုပ်ပုံ၊ စမ်းသပ်ပုံများကို ဇယားများ၊ ဓာတ်ပုံများနှင့်တကွ ရှင်းလင်းရေးသားထားသော စာအုပ်ဖြစ်သည်။ Electrical Control #Panel ပိုင်းတွေနဲ့ပတ်သတ်ပြီး လေ့လာလုပ်ကိုင်ချင်ပေမယ့် သင်တန်းတက်ရောက်ဖို့ကလည်း အခြေနေမပေးလို့ အခက်ခဲဖြစ်နေတဲ့သူတွေအတွက် Motor Control တွေနဲ့ပတ်သတ်ပြီး မသိမဖြစ်သိထားရမယ့် #MAGNETIC #CONTACTOR ပိုင်းတွေ RELAY CONTROL ပိုင်းတွေအပြင် PROTECTION DEVICE တွေဖြစ်တဲ့ #CIRCUIT #BREAKER အကြောင်းအရာတွေ မော်တာ CONTROL ပိုင်းတွေဖြစ်တဲ့ STAR & DELTA / FORWARD & REVERSE CONTROL ပိုင်းတွေပါဝင်တဲ့ #Electrical #Device & #Control စာအုပ်ထဲကိုဖတ်ပြီးလေ့လာမယ်ဆိုရင် သင့်ဘဝမှာ CONTROL နဲ့ပတ်သတ်ပြီးရပ်တည်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ 🖊 ရဲဝင်းအောင် (BE.EP) 🗒စာမျက်နှာ(မဂ္ဂဇင်းဆိုဒ်)- ၃၀၀ မျက်နှာ+DVD 🔸 တန်ဖိုး- ၂၇၅၀၀ ကျပ် စာပို့ဆက်သွယ်ရန် m.me/Book4U.Shop

Electrical ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများ၊ လုပ်ငန်းခွင်ဝင်နေသူများ၊ Electrical Engineering ဘာသာရပ်ဖြင့် ပညာသင်ကြားနေသူမ
+5
Electrical ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများ၊ လုပ်ငန်းခွင်ဝင်နေသူများ၊ Electrical Engineering ဘာသာရပ်ဖြင့် ပညာသင်ကြားနေသူများအတွက် မြန်မာဘာသာဖြင့် လေ့လာနိုင်သည့် အောက်ဖော်ပြပါ စာအုပ်များ Book4U တွင် ဝယ်ယူလို့ရပါပြီ။ 📙Working with Electrical Control Systems (🖊 သက်ဝင်းစိုး) 💵 ၃၀၀၀၀ ကျပ်၊ 🗒 စာမျက်နှာ ၅၀၀ ကျော် 📙 အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း (🖊 ရဲဝင်းအောင်) 💵 ၁၅၀၀၀ ကျပ်၊ 🗒 စာမျက်နှာ ၂၆၀ မျက်နှာ 📙Electrical Control Technology -🖊 ကြည်စိုးဝင်း(BE-EP) 💵 ၃၀၀၀၀ ကျပ်၊ 🗒စာမျက်နှာ ၂၂၉ +DVD 📙လျှပ်စစ်တပ်ဆင်မှုလုပ်ငန်းများ အတွက် တွက်ချက်မှုများ (🖊 စွယ်တော်မင်းသန်းအေး) 💵၂၅၀၀၀ ကျပ်၊ 🗒စာမျက်နှာ ၄၅၈ 📙လျှပ်စစ်သွယ်တန်းတပ်ဆင်မှုများအတွက်စစ်ဆေးရေးနည်းလမ်းများ (🖊 ဖြိုးသက်ပိုင်) 💵၂၇၀၀၀ ကျပ်၊ 🗒စာမျက်နှာ ၃၄၆ 📙ELECTRICAL ENGINEERING FUNDAMENTAL& CONCEPT Q 100 မေးခွန်း ၁၀၀ (🖊 မင်းသုစံ) 💵၈၀၀၀ ကျပ်၊ 🗒စာမျက်နှာ ၁၅၁ 👉Electrical ,Electronic, Mechanical Engineering ဆိုင်ရာစာအုပ်များကြည့်ရှုရန် https://www.facebook.com/media/set/?set=a.640463864888197&type=3 စာပို့ဆက်သွယ်ရန် m.me/Book4U.Shop

အိမ်တစ်အိမ်ဟာ ဖုန်းရွှေပျက်နေရင် အစစအရာရာပျက်စီးကိန်းစိုက်တတ်ပါတယ်။ဖုန်းရွှေပျက်နေတဲ့အိမ်တွေ(လှေဦးတိုက်အိမ်၊ လှည်းဦးတိုက်အိမ်
အိမ်တစ်အိမ်ဟာ ဖုန်းရွှေပျက်နေရင် အစစအရာရာပျက်စီးကိန်းစိုက်တတ်ပါတယ်။ဖုန်းရွှေပျက်နေတဲ့အိမ်တွေ(လှေဦးတိုက်အိမ်၊ လှည်းဦးတိုက်အိမ်၊ ညှပ်အိမ်) တွေဟာ စီးပွားဆုတ်ယုတ်ပျက်စီးတတ်သလို အိမ်နေလူတွေလည်း ထိခိုက် တတ်ပါတယ်။ အိမ်ရှေ့မှာဆူးပါတဲ့အပင်တွေစိုက်ရင်၊ အိမ်ကို သရက်ပင် အုန်းပင်တွေကအုပ်မိုးထားရင် မျက်နှာစာအိမ်က ကိုယ့်အိမ်ထက်မြင့်နေရင် အိမ်ရဲ့အရောင်ဟာမှိုင်းနေရင် ဖုန်းရွှေပျက်စေတယ်ဆိုတဲ့တရုတ်အယူအဆတွေ... စာရေးသူမိသားစုကိုယ်တိုင်နဲ့ စာရေးသူရဲ့ပတ်ဝန်းကျင်မှာကြုံတွေ့ ရင်ဆိုင်ခဲ့ဖူးတဲ့ ဖုန်းရွှေပျက်စီးခဲ့တဲ့အဖြစ်တွေကို ဖုန်းရွှေနည်းနဲ့ ဘယ်လို ပြန်လည်ပြင်ဆင်ရမလဲဆိုတာကို စိတ်ဝင်စားဖွယ် လေ့လာသိရှိနိုင်မယ့် 🖊ထောင်မင်စု 🗒 စာမျက်နှာ - 120 မျက်နှာ 🔸 တန်ဖိုး ၅၀၀၀ ကျပ် စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

#မြို့ကလေးရဲ့ရေဒီယို =============== 📕 မြစ်တစ်ဖက်ကမ်းမှာ မှိုင်းညို့ရီဝေနေတဲ့မြို့လေးတစ်မြို့ရှိတယ်။ အဲဒါ ကျွန်တော့်ရဲ့မြို့
#မြို့ကလေးရဲ့ရေဒီယို =============== 📕 မြစ်တစ်ဖက်ကမ်းမှာ မှိုင်းညို့ရီဝေနေတဲ့မြို့လေးတစ်မြို့ရှိတယ်။ အဲဒါ ကျွန်တော့်ရဲ့မြို့လေးပါပဲ။ အခု အဲဒီ့မြို့လေးက‌ နေ ရေဒီယိုအစီစဉ်တစ်ခု တင်ဆက်ပါ့မယ်။ ဒါဟာ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလရဲ့ ပွတ်တိုက်မှုအပေါ် ပြန်အန်ထွက်လာတဲ့ စကားလုံးတွေပါပဲ။ ကြုံဆုံခဲ့၊ တွေ့မြင်ခဲ့၊ ဆင်ခြင်မိသမျှအရာတွေဟာ မသိစိတ်ထဲမှာ မှတ်ဉာဏ်အဖြစ် ကပ်ငြိနေပုံရပါတယ်။ မှတ်ဉာဏ်ဆိုတာ အချိန်တစ်ခုကြာရင်တော့ သူ့ဘာသာသူ ပျောက်ကွယ်သွားမှာပါ။ ဒီတော့ အဲလိုမပျောက်ကွယ်သွားခင် ဒီရေဒီယိုအစီစဉ်ကနေ ပြန်ပြီးအန်တုကြည့်တဲ့ သဘောပါပဲ။ 🖊 မင်းသန့်ဟန် 🔸 တန်ဖိုး ၅၀၀၀ ကျပ် 🗒 စာမျက်နှာ - 120 မျက်နှာ စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

➡️➡️➡ဆိုလာတပ်ဆင်ခြင်း⬅️⬅️⬅️☘️☘️စာအုပ်လေးထွက်ပါပြီ။☘️☘️ ဆိုလာတပ်ဆင်ခြင်း (ဒုတိယအကြိမ်) ---------------------- ဆိုလာနဲ့ပတ်သက်ပြ
➡️➡️➡ဆိုလာတပ်ဆင်ခြင်း⬅️⬅️⬅️☘️☘️စာအုပ်လေးထွက်ပါပြီ။☘️☘️ ဆိုလာတပ်ဆင်ခြင်း (ဒုတိယအကြိမ်) ---------------------- ဆိုလာနဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့သူတယောက်အတွက် လိုအပ်တဲ့ #မသိမဖြစ် အကြောင်းအရာတွေ တွက်ချက်ခြင်းတွေ တပ်ဆင်ခြင်းတွေ #Hybrid #Parameter setting ပိုင်းတွေအပြင်ဆိုလာပစ္စည်းတွေရဲ့ #Nameplate ဖတ်တာတွေအားလုံးကို အခုစာအုပ်မှာ လေ့လာနိုင်မှာဖြစ်ပါတယ်။ စာဖတ်လို့မရှင်းလင်းတဲ့အပိုင်းတွေကိုအလွယ်တကူ #လေ့လာနိုင်အောင် DVD အခွေထဲမှာ သင်ခန်းစာ #VIDEO ပေါင်းများစွာကိုလည်း ထည့်သွင်းပေးထားပါတယ်။ စာရေးသူ-ရဲဝင်းအောင်(BE.EP) တန်ဖိုး-22000 ကျပ် စာမျက်နှာ-115 မျက်နှာ ----------------------------------------------------- စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

" ကားနည်းပညာစာစုများ အတွဲ (၂) " စာအုပ်မှာ ကားလေးနှင့်သက်ဆိုင်တဲ့ အခြေခံ သိမှတ်ဖွယ်ရာများ ၊ ဆောင်ရန် / ရှောင်ရန်များ ၊ လိုက်နာ
+4
" ကားနည်းပညာစာစုများ အတွဲ (၂) " စာအုပ်မှာ ကားလေးနှင့်သက်ဆိုင်တဲ့ အခြေခံ သိမှတ်ဖွယ်ရာများ ၊ ဆောင်ရန် / ရှောင်ရန်များ ၊ လိုက်နာသင့်တဲ့အချက်များ ၊ အဖြစ်များတဲ့ ပြစ်ချက်များ၊ ဆင်ဆာများနှင့်သက်ဆိုင်တဲ့ ပြစ်ချက်များ စတဲ့ ကားနည်းပညာနှင့်ပါတ်သက်ပြီး ခေါင်းစဉ် (၁၀၀) တိတိကို စုစည်းတင်ပြထားခြင်းဖြစ်ပါတယ်။ စာအုပ်မှာပါဝင်တဲ့ အကြောင်းအရာ ခေါင်းစဉ်တွေကတော့ I. Car Knowledge (ကားဗဟုသုတများ) II. Engine System (အင်ဂျင်စနစ် နှင့် အဖြစ်များတဲ့ ပြစ်ချက်များ) III. Transmission System (ဂီယာစနစ် နှင့် အဖြစ်များတဲ့ ပြစ်ချက်များ) IV. Car Air Con System (ကားအဲကွန်းစနစ် နှင့် အဖြစ်များတဲ့ ပြစ်ချက်များ) V. Brake System (ကားဘရိတ်စနစ် နှင့် အဖြစ်များတဲ့ ပြစ်ချက်များ) VI. Car Electrical (ကားလျှပ်စစ်စနစ် နှင့် ဆင်ဆာပြစ်ချက်များ) စတဲ့ ခေါင်းစဉ်အောက်မှာ စာစုခေါင်းစဉ်ပေါင်း (၁၀၀) ကို အချက်အလက်တွေနှင့်တကွ လေ့လာဖတ်ရှု့ရမှာဖြစ်ပါတယ်။ တန်ဖိုး ၁၅၀၀၀ ကျပ် စာမျက်နှာ - ၂၄၁ မျက်နှာ စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

ဆိုလာတပ်ဆင်ခြင်း (ဒုတိယအကြိမ်) Pre Order (ဖေဖော်ဝါရီလဆန်းထွက်ပါမယ်) =============== ဆိုလာနဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့သူတယောက်
ဆိုလာတပ်ဆင်ခြင်း (ဒုတိယအကြိမ်) Pre Order (ဖေဖော်ဝါရီလဆန်းထွက်ပါမယ်) =============== ဆိုလာနဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့သူတယောက်အတွက် လိုအပ်တဲ့ #မသိမဖြစ် အကြောင်းအရာတွေ တွက်ချက်ခြင်းတွေ တပ်ဆင်ခြင်းတွေ #Hybrid #Parameter setting ပိုင်းတွေအပြင်ဆိုလာပစ္စည်းတွေရဲ့ #Nameplate ဖတ်တာတွေအားလုံးကို အခုစာအုပ်မှာ လေ့လာနိုင်မှာဖြစ်ပါတယ်။ စာဖတ်လို့မရှင်းလင်းတဲ့အပိုင်းတွေကိုအလွယ်တကူ #လေ့လာနိုင်အောင် DVD အခွေထဲမှာ သင်ခန်းစာ #VIDEO ပေါင်းများစွာကိုလည်း ထည့်သွင်းပေးထားပါတယ်။ စာရေးသူ-ရဲဝင်းအောင်(BE.EP) တန်ဖိုး-၂၂၀၀၀ ကျပ် ---------------------------------------------- စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

✉️မအင်ကြင်းရယ် ခင်ဗျားက ကျွန်တော်မမီတဲ့ပန်းပါ ကျွန်တော်မနမ်းရက်တဲ့ နှုတ်ခမ်း၊ ကျွန်တော်မလှမ်းရမဲ့ ခြေလှမ်း။ အခါခါရေးနေလို့ သူ
✉️မအင်ကြင်းရယ် ခင်ဗျားက ကျွန်တော်မမီတဲ့ပန်းပါ ကျွန်တော်မနမ်းရက်တဲ့ နှုတ်ခမ်း၊ ကျွန်တော်မလှမ်းရမဲ့ ခြေလှမ်း။ အခါခါရေးနေလို့ သူငယ်ချင်းတွေတောင်ဆဲနေပြီ "မင်းက စာရေးရင် ငါးတောထဲကမထွက်ဘူး" တဲ့… အဲ့ဒီရွှေငါးလေး မြောင်းရေမှာမရှင်သန်နိုင်ကြောင်း ကျွန်တော်က သူတို့ကို ငိုပြီးရှင်းပြရမှာလား မအင်ကြင်း……။ ။ #စာဆို [ "မအင်ကြင်းဖတ်စေချင်လို့ ရေးတာပါ" စာအုပ်မှ…] ✍️စာဆို တန်ဖိုး–၅၀၀၀ စာမျက်နှာ–၁၉၂ ---------------------------------------‐------------ စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop