uk
Feedback
Book4U.MM

Book4U.MM

Відкрити в Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

Показати більше
5 545
Підписники
-524 години
-257 днів
-7430 день
Архів дописів
ဒေါက်တာအောင်မြင့်ဦးဆေးဝါးနှင့်ဆေးပညာဆိုင်ရာစာအုပ်များ... ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်က
+4
ဒေါက်တာအောင်မြင့်ဦးဆေးဝါးနှင့်ဆေးပညာဆိုင်ရာစာအုပ်များ... ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

👤လူတိုင်းဟာ ကိုယ်ပိုင်အရည်အသွေး၊ ကိုယ်ပိုင်အရည်အချင်းတစ်ခုစီနဲ့ မွေးဖွားလာကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ခ
👤လူတိုင်းဟာ ကိုယ်ပိုင်အရည်အသွေး၊ ကိုယ်ပိုင်အရည်အချင်းတစ်ခုစီနဲ့ မွေးဖွားလာကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေ၊ စံနှုန်းတွေကြားမှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ စစ်မှန်တဲ့တန်ဖိုးတွေကို မေ့လျော့နေတတ်ကြပါတယ်။ 👤လူတိုင်းမှာ မတူညီတဲ့ ထူးခြားချက်တွေ ရှိပါတယ်။ ✔️အဲဒီ ထူးခြားချက်တွေကို အရည်အချင်းတစ်ခုဖြစ်အောင် ပျိုးထောင်ပြီး အောင်မြင်မှုရယူနိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ 📖“ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပလိုက်ပါ” လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးမှာ မိမိကိုယ်ကို ပြန်လည်ရှာဖွေဖို့နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းကို တိုးတက်လာအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ရေးသားထားပါတယ်။ 📖ဒီစာအုပ်လေးကို ဖတ်ရှုပြီး သင့်ရဲ့အနာဂတ်ဟာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ပိုမိုတောက်ပ လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ “ကိုယ်ပိုင်ဘဝလေးမှာ ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပနိုင်အောင် ကြိုးစားပါ။ ဘယ်လောက်လင်းလင်း ကိုယ်ပိုင်အလင်းရောင် ဖြစ်နေဖို့ အရေးကြီးပါတယ်” စာဖတ်သူများ ကိုယ်ပိုင်အရည်အချင်းနဲ့ ဘဝကို တောက်ပ နိုင်ကြပါစေခင်ဗျာ...။ 📘ကိုယ်ပိုင်အရည်အချင်နဲ့တောက်ပလိုက်ပါ ✍တိမ်သွေးအိမ် တန်ဖိုး-8000 စာ-106

🪔 ဒီစာအုပ်လေးကနေ အသစ်အဆန်းတွေ လေ့လာသွားရမှာ မဟုတ်ပါဘူး။ မေ့ပျောက်သလို ဖြစ်နေတဲ့ အသိတရားလေးတွေ ပြန်သတိရအောက်မေ့သွားနိုင်အောင်
🪔 ဒီစာအုပ်လေးကနေ အသစ်အဆန်းတွေ လေ့လာသွားရမှာ မဟုတ်ပါဘူး။ မေ့ပျောက်သလို ဖြစ်နေတဲ့ အသိတရားလေးတွေ ပြန်သတိရအောက်မေ့သွားနိုင်အောင် အထောက်အကူပြုရုံ ရည်ရွယ်ချက်နဲ့ အတွေးအမြင်စုစည်းထားချက် စာအုပ်လေးသာဖြစ်ပါတယ်။ 🪔 ဘဝရုန်းကန်ရှင်သန်ရေးအတွက် အသိလှည့်ထားရင်းကနေ ပျောက်ဆုံးသလို ဖြစ်သွားတဲ့ အသိတရားလေးတွေ ခေါင်းထဲ ပြန်ရောက်လာအောင် စေ့ဆော်ပေးရုံမျှ အကူအညီဖြစ်ရေး ရေးထားတဲ့ စာအုပ်လေးရယ်ပါ။ 🪔 ဒီစာအုပ်လေးကို အစကနေ အဆုံး ဖတ်စရာ မလိုပါဘူး။ စိတ်ရှိတိုင်း ကြိုက်တဲ့ စာမျက်နှာ ကောက်လှန်ပြီး ဖတ်ချင် ဖတ်လို့ ရပါတယ်။ တကြောင်းဖတ်ဖတ်၊ တမျက်နှာဖတ်ဖတ်၊ တပိုင်းဖတ်ဖတ် ဘယ်လောက်ပဲ ဖတ်ဖတ်၊ သတိမေ့သလိုဖြစ်နေခဲ့သမျှ အသိစ အတွေးစလေးတွေ ပြန်ဆွဲယူနိုင်သွားရင်ပဲ ရပါတယ်။ 🪔 အများကြီး ဖတ်စရာ မလိုပါဘူး။ တထိုင်တည်း တအုပ်လုံး ဖတ်လိုက်စရာ မလိုပါဘူး။ နည်းနည်းလောက်ဖတ်ပြီး အတွေးနယ်ချဲ့သွားလို့ ရလောက်တဲ့ အတွေးစလေးတခု ရသွားရင်ပဲ ရပါတယ်။ 🪔 တရက်တည်း အကုန်ဖတ်ပြီး တထိုင်တည်း တွေးနေစရာ မလိုပါဘူး။ ခနလောက်ဖတ်၊ အချိန်ရသလောက် ပြန်တွေး။ ပြီးရင် စာအုပ်ကို ခနလောက် ပြန်သိမ်းထားလိုက်ပါ၊နောက်တနေ့ကျမှဖတ်ချင်ရင်ပြန်ဖတ်ပြီး ခနနား ပြန်တွေး ✍️ လူသာ(အတွေးအမြင်) တန်ဖိုး  ၁၂၀၀၀ ကျပ်

ဒီဇယ်အင်ဂျင်ကို အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း (၁၀၀) ကျော်ခဲ့ပြီဖြစ်ပါသည်။ ဒီဇယ်အင်ဂျင် စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ကမ္ဘာနှင့်အ
ဒီဇယ်အင်ဂျင်ကို အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း (၁၀၀) ကျော်ခဲ့ပြီဖြစ်ပါသည်။ ဒီဇယ်အင်ဂျင် စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ကမ္ဘာနှင့်အဝှမ်း နိုင်ငံပေါင်းစုံ၊ ကုမ္ပဏီပေါင်းစုံမှ ဒီဇယ်အင်ဂျင်များကို ထုတ်လုပ်ခဲ့ကြပြီး ဖြစ်ပါသည်။ ထုတ်လုပ်ရာတွင် ထုတ်လုပ်သည့်စွမ်းအား (မြင်းကောင်ရေ) ပေါ်မူတည်၍ အရွယ်အစားကြီးသေး ကွာခြားမှုများ ရှိခဲ့သည်။ ထို့ပြင် ဒီဇယ်ဆီပေးပို့မှုစနစ် Fuel Injection System အမျိုးမျိုးဖြင့် အင်ဂျင်ပုံစံမျိုးစုံ ထုတ်လုပ်၍ ဒီဇယ်အင်ဂျင် ဒီဇိုင်းအမျိုးမျိုးကို ထုတ်လုပ်ခဲ့ကြပါသည်။ အအေးပေးစနစ် ခြားနားမှု၊ လည်ပတ်မှုအခြေအနေ၊ အသုံးပြုမည့်လုပ်ငန်း၊ အသုံးပြုသည့် Cycle၊ တပ်ဆင်သည့် Valve အစီအစဉ်၊ အသုံးပြုသည့် ဒီဇယ်ဆီ၏ အမျိုးအစားစသည့် အချက်များပေါ်မူတည်၍ များစွာသော အင်ဂျင်အမျိုးမျိုးကို တည်ဆောက်ခဲ့ကြပါသည်။ အဆိုပါအမျိုးမျိုးသော ဒီဇယ်အင်ဂျင်များတွင် ပါ၀င်တည်ဆောက်ထားသောစနစ်များအကြောင်းကို ဤစာအုပ်တွင် ပြည့်စုံစွာ ဖော်ပြထားသည့်အပြင် ထိန်းသိမ်းခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းတို့ကိုပါ ပြည့်စုံစွာ ဖော်ပြထားပါသည်။ စာရေးသူ-ဦးအုန်းမြင့်(ဒီဇယ်) တန်ဖိုး-၂၀၀၀၀ စာ-၁၇၃

ကျွန်တော်တို့တွေက အမြဲတမ်း စိတ်ထားကောင်းပြီး သဘောထားပြည့်ဝတဲ့သူတစ်ယောက်အဖြစ် ရှိမနေတတ်ကြပါဘူး။ ဒါပေမဲ့ အဲလိုဖြစ်လာရင် ကိုယ့်က
ကျွန်တော်တို့တွေက အမြဲတမ်း စိတ်ထားကောင်းပြီး သဘောထားပြည့်ဝတဲ့သူတစ်ယောက်အဖြစ် ရှိမနေတတ်ကြပါဘူး။ ဒါပေမဲ့ အဲလိုဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် တည့်မတ်ပေးရမှာက ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။ အဲလိုမျိုးဖြစ်စေဖို့ ကျွန်တော်က တစ်ဖက်တစ်လမ်းကနေ ဒီစာအုပ်လေးကို ရေးရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝတိုတိုလေးမှာ ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ အလွန်အမင်းဖြစ်လာတဲ့အခါ ကျွန်တော်တို့ စိတ်တွေက ခက်ထန်ကြမ်းတမ်းလာတတ်ကြပါတယ်။ ဒါကို သတိ၊ သတိနဲ့ မထိန်းချုပ်ရင် ကျွန်တော်တို့မှာ ပျက်စီးဖို့ပဲ ဖြစ်သွားပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ အသိတရားကို တခြားသူတစ်ယောက်ယောက်က ပြုပြင်ထိန်းကျောင်းတာထက် ကိုယ့်ကိုယ်တိုင် ပြုပြင်ထိန်းကျောင်းမှ ပိုခရီးရောက်တာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဒီစာအုပ်ထဲမှာ အဲဒီလိုမျိုးဖြစ်မယ့် အကြောင်းအရာတွေကို အသေးစိတ် ရေးသားပေးထားတာကြောင့် ဖတ်လိုက်ရင် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ရရှိသွားစေနိုင်ပါတယ်။ 📖 ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အကုန်လှတယ် ✍စာရေးသူ - ချယ်ရီစံ စာမျက်နှာ - 102 တန်ဖိုး - 7,000 k

👉14.07.2026 ဖြန့်ဝေမယ့် အသစ်ထွက်စာအုပ်‌လေးပါ။ “သင့်လုပ်ငန်းက သင်မရှိဘဲ မလည်ပတ်နိုင်ဘူးဆိုရင် သင်ဟာ လုပ်ငန်းပိုင်ရှင်မဟုတ်ပါဘ
👉14.07.2026 ဖြန့်ဝေမယ့် အသစ်ထွက်စာအုပ်‌လေးပါ။ “သင့်လုပ်ငန်းက သင်မရှိဘဲ မလည်ပတ်နိုင်ဘူးဆိုရင် သင်ဟာ လုပ်ငန်းပိုင်ရှင်မဟုတ်ပါဘူး၊ အလုပ်တစ်ခု ရှိနေရုံသက်သက်ပါ။” လုပ်ငန်းတစ်ခု စတင်တည်ထောင်ခါစမှာ ကိုယ်တိုင်အရာရာလိုက်လုပ်တာ မှန်ကန်ပေမဲ့ လုပ်ငန်းကြီးထွားလာတဲ့အချိန်မှာတော့ "လူ" ကို အားကိုးနေမယ့်အစား "စနစ်" ကို ပြောင်းလဲအသုံးပြုဖို့ လိုအပ်လာပါတယ်။ လုပ်ငန်းစနစ်ချခြင်း (Business Systemization) ဆိုတာ စက်ရုံကြီးတွေ၊ ကုမ္ပဏီကြီးတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲက မုန့်ဟင်းခါးဆိုင်ကစလို့ Online Shop အထိ စနစ်ရှိဖို့ လိုအပ်ပါတယ်။ ဒီစာအုပ်ထဲမှာ ခက်ခဲနက်နဲတဲ့သီအိုရီတွေထက် မြန်မာ့လုပ်ငန်းခွင်သဘာဝနဲ့ ကိုက်ညီမယ့် လက်တွေ့ကျတဲ့ SOP ရေးဆွဲနည်းတွေ၊ HR စနစ်၊ ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်မှုစနစ်တွေနဲ့ နည်းပညာ အသုံးပြုပုံတွေကို အသေးစိတ် လမ်းညွှန်ပေးထားပါတယ်။ ဒီစာအုပ်က မိတ်ဆွေရဲ့လုပ်ငန်းကို တစ်ဆင့်မြှင့်တင်ပေးမယ့် လမ်းပြမြေပုံတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ◾မိသားစုလုပ်ငန်းမှ စနစ်ကျသောလုပ်ငန်းသို့ ◾အောင်စည်လင်း ◾စာမျက်နှာ - ၂၀၀ ◾တန်ဖိုး - ၂,၂၀၀၀ ကျပ်

📖 "သမုဒယတွယ်သမို့ နွယ်လို့ ခေါ်မည်" ✍️ စာရေးဆရာ - မောင်စိန်ဝင်း (ပုတီးကုန်း) တန်ဖိုး-၂၅၀၀၀ ကျပ် သံယောဇဉ်အမျှင်တန်းတွေကြားထဲက
📖 "သမုဒယတွယ်သမို့ နွယ်လို့ ခေါ်မည်" ✍️ စာရေးဆရာ - မောင်စိန်ဝင်း (ပုတီးကုန်း) တန်ဖိုး-၂၅၀၀၀ ကျပ် သံယောဇဉ်အမျှင်တန်းတွေကြားထဲက အချစ်၊ အလွမ်းနဲ့ ဘဝအနှစ်သာရကို အနုပညာမြောက်စွာ ဖော်ကျူးထားတဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ နာမည်ကျော် လုံးချင်းဝတ္ထုကြီး ယခုပဲ (၅) ကြိမ်မြောက်အဖြစ် ထပ်မံထွက်ရှိလို့လာပါပြီ။ "နွယ်" ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ထူးခြားလှတဲ့ ဘဝဇာတ်ကြောင်း၊ ငယ်စဉ်ကတည်းက နက်ရှိုင်းလှတဲ့ သံယောဇဉ်တရားတွေနဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို ရင်တလှပ်လှပ်နဲ့ ရသစုံ ခံစားဖတ်ရှုရမှာပါ။ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

ပါဝင်သည့်ခေါင်းစဉ်များ အခန်း(၁) အခြေခံသိထားအပ်သောအကြောင်းအရာများ အခန်း(၂) လျှပ်စစ်ဓာတ်အားပို့ဆောင်ဖြန့်ဖြူးခြင်း အခန်း(၃) လျှ
ပါဝင်သည့်ခေါင်းစဉ်များ အခန်း(၁) အခြေခံသိထားအပ်သောအကြောင်းအရာများ အခန်း(၂) လျှပ်စစ်ဓာတ်အားပို့ဆောင်ဖြန့်ဖြူးခြင်း အခန်း(၃) လျှပ်စစ်ဓာတ်အားစနစ်တကျအသုံးပြုခြင်း အခန်း(၄) လျှပ်စစ်တိုင်းထွာရေးမီတာများ အခန်း(၅) လျှပ်စစ်စမ်းသပ်ကိရိယာများ အခန်း(၆) လျှပ်စစ်အားသုံးပစ္စည်းများ အခန်း(၇) အေစီဂျင်နရေတာများ အခန်း(၈) ဒီစီဂျင်နရေတာများ အခန်း(၉) အေစီမိုတာများ အခန်း (၁ဝ) ဒီစီမိုတာများ အခန်း (၁၁) ပါဝါထရမ်(စ)ဖေါ်မာများ အခန်း (၁၂) မီးအားမြှင့်စက်များ အခန်း (၁၃) ဘက်ထရီချာဂျင်သွင်းစက်များ အခန်း (၁၄) မော်တော်ယာဉ်လျှပ်စစ် အခန်း (၁၅) စမ်းသပ်စစ်ဆေးထိန်းသိမ်းရေးလုပ်ငန်းများ အခန်း (၁၆) လျှပ်စစ်ဓာတ်လိုက်မှု သူနာပြုစုနည်း လျှပ်စစ်ပညာ သဘောတရား နှင့် လက်တွေ့ ~~~~~~~~~~~ တန်ဖိုး–20000 စာမျက်နှာ–290 စာရေးသူ -ဦးဖေသိန်း

စာရေးသူလာဗန်ဒါပန် စာအုပ်များ.. ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေခ
+5
စာရေးသူလာဗန်ဒါပန် စာအုပ်များ.. ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

EKS ORIGINAL 📘လျှပ်စစ်နှင့် စက်မှုထိန်းချုပ်မှု ပြဿနာဖြေရှင်းနည်း Q & A 200 ဤ "လျှပ်စစ်နှင့် စက်မှုထိန်းချုပ်မှု ပြဿနာဖြေရှင
+2
EKS ORIGINAL 📘လျှပ်စစ်နှင့် စက်မှုထိန်းချုပ်မှု ပြဿနာဖြေရှင်းနည်း Q & A 200 ဤ "လျှပ်စစ်နှင့် စက်မှုထိန်းချုပ်မှု ပြဿနာဖြေရှင်းနည်း Q&A 200" စာအုပ်သည် Circuit Breaker, Motor, VFD, PLC Metering System အစိတ်အပိုင်းများတွင် အဖြစ်များသည့် ပြဿနာပေါင်း ၂ဝဝ ကို မေးခွန်းနှင့်အဖြေ (Q&A) ပုံစံဖြင့် စုစည်း တင်ပြထားပါသည်။ ဤစာအုပ်ကို ပြုစုရခြင်း၏ ရည်ရွယ်ချက် မှာ စာဖတ်သူအား ချို့ယွင်းချက်တစ်ခု၏ လက္ခဏာရပ်ကို မြင်တွေ့သည်နှင့် တစ်ပြိုင် နက် ရင်းမြစ်ပြဿနာ (Root Cause) ကို လျင်မြန်စွာနှင့် တိကျစွာ ခွဲခြမ်းစိတ်ဖြာနိုင် စေမည့် လက်တွေ့ကျသော လမ်းညွှန်ချက်များနှင့် စနစ်တကျ ဖြေရှင်းနည်း အဆင့် (Step-by-step Troubleshooting)ကိုပံ့ပိုးပေးရန်ဖြစ်ပါသည်။ ဤလမ်းညွှန်ချက်များသည် လက်တွေ့လုပ်ငန်းခွင်မှ လျှပ်စစ်ပညာရှင်များ (Electricians)၊ ပြုပြင်ထိန်းသိမ်းရေးသမားများ (Maintenance Technicians) နှင့် အင်ဂျင်နီယာများ (Engineers) အတွက် အဖိုးတန်သော Reference Guide တစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။ Future Engineering Group မှစီစဉ်တည်းဖြတ်သည်။ တန်ဖိုး-15000 စာ-121

🪔 ဒီစာအုပ်လေးကနေ အသစ်အဆန်းတွေ လေ့လာသွားရမှာ မဟုတ်ပါဘူး။ မေ့ပျောက်သလို ဖြစ်နေတဲ့ အသိတရားလေးတွေ ပြန်သတိရအောက်မေ့သွားနိုင်အောင်
🪔 ဒီစာအုပ်လေးကနေ အသစ်အဆန်းတွေ လေ့လာသွားရမှာ မဟုတ်ပါဘူး။ မေ့ပျောက်သလို ဖြစ်နေတဲ့ အသိတရားလေးတွေ ပြန်သတိရအောက်မေ့သွားနိုင်အောင် အထောက်အကူပြုရုံ ရည်ရွယ်ချက်နဲ့ အတွေးအမြင်စုစည်းထားချက် စာအုပ်လေးသာဖြစ်ပါတယ်။ 🪔 ဘဝရုန်းကန်ရှင်သန်ရေးအတွက် အသိလှည့်ထားရင်းကနေ ပျောက်ဆုံးသလို ဖြစ်သွားတဲ့ အသိတရားလေးတွေ ခေါင်းထဲ ပြန်ရောက်လာအောင် စေ့ဆော်ပေးရုံမျှ အကူအညီဖြစ်ရေး ရေးထားတဲ့ စာအုပ်လေးရယ်ပါ။ 🪔 ဒီစာအုပ်လေးကို အစကနေ အဆုံး ဖတ်စရာ မလိုပါဘူး။ စိတ်ရှိတိုင်း ကြိုက်တဲ့ စာမျက်နှာ ကောက်လှန်ပြီး ဖတ်ချင် ဖတ်လို့ ရပါတယ်။ တကြောင်းဖတ်ဖတ်၊ တမျက်နှာဖတ်ဖတ်၊ တပိုင်းဖတ်ဖတ် ဘယ်လောက်ပဲ ဖတ်ဖတ်၊ သတိမေ့သလိုဖြစ်နေခဲ့သမျှ အသိစ အတွေးစလေးတွေ ပြန်ဆွဲယူနိုင်သွားရင်ပဲ ရပါတယ်။ 🪔 အများကြီး ဖတ်စရာ မလိုပါဘူး။ တထိုင်တည်း တအုပ်လုံး ဖတ်လိုက်စရာ မလိုပါဘူး။ နည်းနည်းလောက်ဖတ်ပြီး အတွေးနယ်ချဲ့သွားလို့ ရလောက်တဲ့ အတွေးစလေးတခု ရသွားရင်ပဲ ရပါတယ်။ 🪔 တရက်တည်း အကုန်ဖတ်ပြီး တထိုင်တည်း တွေးနေစရာ မလိုပါဘူး။ ခနလောက်ဖတ်၊ အချိန်ရသလောက် ပြန်တွေး။ ပြီးရင် စာအုပ်ကို ခနလောက် ပြန်သိမ်းထားလိုက်ပါ၊နောက်တနေ့ကျမှဖတ်ချင်ရင်ပြန်ဖတ်ပြီး ခနနား ပြန်တွေး ✍️ လူသာ(အတွေးအမြင်) တန်ဖိုး ၁၂၀၀၀ ကျပ်

ယနေ့ခေတ် လူသားတွေရဲ့ အိပ်မောကျနေတဲ့ အသိတရားတွေကို လှုပ်နှိုးဖို့ ရည်ရွယ်ပါသည်။ “ 📙လှုပ်နှိုးတဲ့ ဝတ္ထုတွေ ✍စာရေးသူ-သင်္ခရာဇာ
ယနေ့ခေတ် လူသားတွေရဲ့ အိပ်မောကျနေတဲ့ အသိတရားတွေကို လှုပ်နှိုးဖို့ ရည်ရွယ်ပါသည်။ “ 📙လှုပ်နှိုးတဲ့ ဝတ္ထုတွေ ✍စာရေးသူ-သင်္ခရာဇာ တန်ဖိုး-၁၂၀၀၀ စာမျက်နှာ-၁၇၁ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

“ AI ဟာ လူသားကို အစားထိုးဖို့ မဟုတ်ပါ။ AI ကို သုံးတတ်တဲ့လူသာကသာ AI ကို မသုံးတတ်တဲ့ လူသားကို အစားထိုးသွားမှာ ဖြစ်ပါတယ်” 📖ဒီစာ
“ AI ဟာ လူသားကို အစားထိုးဖို့ မဟုတ်ပါ။ AI ကို သုံးတတ်တဲ့လူသာကသာ AI ကို မသုံးတတ်တဲ့ လူသားကို အစားထိုးသွားမှာ ဖြစ်ပါတယ်” 📖ဒီစာအုပ်က နည်းပညာလက်စွဲစာအုပ်သက်သက်မဟုတ်ပါ။ “အမြင် (Mindset), အရည်အချင်း (Skillset) နဲ့ ကိရိယာ (Toolset) တွေကို ပေါင်းစပ်ထားတဲ့ လမ်းပြမြေပုံတစ်ခုသာ ဖြစ်ပါတယ်။ ခင်ဗျားက နည်းပညာရှင် ဖြစ်စရာမလိုပါဘူး။ စူးစမ်းလိုစိတ်နဲ့ အပြောင်းအလဲကို လက်ခံလိုတဲ့ ဆန္ဒရှိရုံနဲ့ လုံလောက်ပါတယ်” ကျွန်တော်တို့ရဲ့ AI ခရီးစဉ်ဟာ “စက်ရုံတွေလို တွေးခေါ်ဖို့” မဟုတ်ဘဲ “AI ကို အသုံးပြုပြီး ပိုမိုထက်မြက်တဲ့ လူသားတွေဖြစ်လာဖို့” သာ ဖြစ်ပါတယ်။ 📖ဒီစာအုပ်မှာ အဓိက အပိုင်း (8) ပိုင်း အခန်း (24) ခန်း ပါဝင်ပါတယ်။ ဒီစာအုပ်ဟာ မိဘ၊ ဆရာ၊ ကျောင်းသားနဲ့ လက်ထဲမှာ စမတ်ဖုန်း အသုံးပြုသူတိုင်းအတွက် ရည်ရွယ်ပါတယ်။ အရေးကြီးဆုံးသင်ခန်းစာကတော့ “နည်းပညာက ကိရိယာ သက်သက်သာဖြစ်ပြီး အသုံးပြုသူရဲ့ စိတ်ဓာတ်၊ အမြင်နှင့် ကျွမ်းကျင်မှုကသာ အဓိကကျတယ်” ဆိုတဲ့ အချက်ပါပဲ။ 📖AI ခေတ်သစ်လူသားတို့ရဲ့ခရီးစဉ် ✍️မောင်မောင်လင်း တန်ဖိုး-15000 စာ-219

၈ဝ/၂ဝ မူရဲ့ သဘောတရားကတော့ လူတွေရဲ့ လုပ်ဆောင်ချက်မှာ ၈ဝ ရာခိုင်နှုန်း ရလဒ်က ၂ဝ ရာခိုင်နှုန်း လုပ်ရပ်မှ လာပါတယ်။ ၈ဝ ရာခိုင်နှုန
၈ဝ/၂ဝ မူရဲ့ သဘောတရားကတော့ လူတွေရဲ့ လုပ်ဆောင်ချက်မှာ ၈ဝ ရာခိုင်နှုန်း ရလဒ်က ၂ဝ ရာခိုင်နှုန်း လုပ်ရပ်မှ လာပါတယ်။ ၈ဝ ရာခိုင်နှုန်း ပြဿနာက ၂ဝ ရာခိုင်နှုန်း အကြောင်းအရင်းကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ၈ဝ / ၂ဝ မူကို ဘဝတိုးတက် အလုပ်နဲ့ ပန်းတိုင် ရည်မှန်းချက်တွေ ရရှိအောင်မြင်ဖို့ ဘယ်လိုအသုံးချရမလဲဆိုတာ ဒီစာအုပ်မှာ ရှင်းပြထားပါတယ်။ 📖ပိုမိုပျော်ရွှင်စေဖို့ ✍️စာရေးသူ-မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) တန်ဖိုး-၁၀၀၀၀ စာ-၁၄၉

🔹 လူတိုင်းအတွက် NEUROSCIENCE ✳️ဒီစာအုပ်ဟာ ခက်ခဲနက်နဲတဲ့ ဆေးပညာ ဝေါဟာရတွေအစား လူတိုင်း နားလည်လွယ်မဲ့ အရပ်စကား၊ ပုံဥပမာတွေနဲ့
🔹 လူတိုင်းအတွက် NEUROSCIENCE ✳️ဒီစာအုပ်ဟာ ခက်ခဲနက်နဲတဲ့ ဆေးပညာ ဝေါဟာရတွေအစား လူတိုင်း နားလည်လွယ်မဲ့ အရပ်စကား၊ ပုံဥပမာတွေနဲ့ လူ့ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်ဆုံး “အာရုံကြောစနစ်” ယန္တရားကြီးအကြောင်းကို အစအဆုံး ကွင်းကွင်းကွက်ကွက် မြင်သာအောင် အနှစ်ချုပ် တင်ပြပေးထားတဲ့ အခြေခံလမ်းညွှန်စာအုပ် ဖြစ်ပါတယ်။ ✳️ခန္ဓာကိုယ်ရဲ့ အစွန်းအဖျား အာရုံကြောတွေကနေ ကျောရိုးအာရုံကြောမကြီး၊ အူလမ်းကြောင်းရဲ့ ကိုယ်ပိုင်ဦးနှောက်စနစ်နဲ့ ဦးနှောက်အထိ အဆင့်ဆင့် ဘယ်လိုချိတ်ဆက် အလုပ်လုပ်နေလဲဆိုတာကို အခန်း (၈) ခန်းနဲ့ စနစ်တကျ ခွဲခြားပြီး လိုတိုရှင်း ရေးသားထားပါတယ်။ အာရုံကြော ညပ်တာ၊ ထိခိုက်တာတွေကြောင့် ဖြစ်တတ်တဲ့ လက်တွေ့ ရောဂါလက္ခဏာတွေ၊ သမိုင်းဝင် ဆေးပညာရှင်ကြီးတွေရဲ့ မှတ်တမ်းတွေကိုပါ သာမန်လူနားလည်အောင် ပေါင်းစပ်ပုံဖော်ထားပါတယ်။ ➡️ဆေးပညာ အခြေခံ လုံးဝမရှိပေမဲ့ မိမိရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်အလုပ်လုပ်ပုံကို စိတ်ဝင်စားတဲ့ အထွေထွေဗဟုသုတ ရှာဖွေသူတွေ၊ ➡️အာရုံကြောသိပ္ပံ (Neuroscience) ကို စနစ်တကျနဲ့ အခြေခံကစပြီး လျင်လျင်မြန်မြန် လေ့လာချင်တဲ့ကျောင်းသား/သူများနှင့်လူငယ်တွေအတွက် ရေးသူ-အောင်မျိုးထက် တန်ဖိုး-16000

ယနေ့ခေတ်မှာ သိပ္ပံပညာက ဘယ်လောက်ပဲ လွှမ်းမိုးထားပါစေ၊ ရှေးရိုးရော ခေတ်သစ်ပါ အယူသီးမှုတွေဟာ အံ့ဩစရာကောင်းလောက်အောင် ရေပန်းစားနေ
ယနေ့ခေတ်မှာ သိပ္ပံပညာက ဘယ်လောက်ပဲ လွှမ်းမိုးထားပါစေ၊ ရှေးရိုးရော ခေတ်သစ်ပါ အယူသီးမှုတွေဟာ အံ့ဩစရာကောင်းလောက်အောင် ရေပန်းစားနေဆဲပါပဲ။ ဒီအယူသီးမှုတွေက ဘယ်ကနေ စခဲ့တာလဲ… ဘာကြောင့် အခုထိ ရှိနေသေးတာလဲ... ဒီစာအုပ်မှာတော့ ရှေးဟောင်းခေတ်ကနေ ယခုခေတ်အထိအယူသီးမှုရဲ့ သဘာဝနဲ့ အံ့ဩစရာကောင်းတဲ့ သမိုင်းကြောင်းကို လေ့လာထားပါတယ်။ ယနေ့ခေတ်မှာ ကျွန်တော်တို့ဟာ ဘယ်လောက်ပဲ နည်းပညာတွေ တိုးတက်ပြီး အသိအမြင်တွေ မြင့်မားလာတယ်ပြောပြော အယူသီးတဲ့ အယူအဆတွေနဲ့ အပြုအမူတွေဟာ နေရာအနှံ့ ရှိနေဆဲဖြစ်ပြီး ပညာတတ်တွေတောင် ဒီဒဏ်ကနေ မလွတ်ကင်းကြပါဘူး။ ဒီစာအုပ်မှာ ယနေ့ခေတ်မှာ ရေပန်းစားနေတဲ့ အယူသီးမှုအမျိုးမျိုးနဲ့ ဒါတွေ ဆက်ရှိနေရတဲ့ စိတ်ပညာဆိုင်ရာ အကြောင်းရင်းတွေကို စိတ်ဝင်စားစရာကောင်းအောင် တင်ပြထားသလို ကျွန်တော်တို့ရဲ့ အချိတ်အဆက် ပိုများလာတဲ့ ကမ္ဘာကြီးမှာ အယူသီးမှုရဲ့ ရှေ့ဆက်မဲ့ လမ်းကြောင်းကိုလဲ သုံးသပ်ပြထားပါတယ်။ 📙အယူသီးခြင်း ✍မြတ်သုတ-ဘာသာပြန် တန်ဖိုး-11500 စာ-164

စက်ရေတွင်းတူးရန် လေ့လာစုံစမ်းခြင်း၊ ရေအောင်းလွှာ ရှာဖွေနည်းများ၊ တွင်းနေရာ ရွေးချယ်ခြင်း၊ တူးဖော်ခြင်း၊ စက်ရေတွင်းမှတ်တမ်းမျာ
စက်ရေတွင်းတူးရန် လေ့လာစုံစမ်းခြင်း၊ ရေအောင်းလွှာ ရှာဖွေနည်းများ၊ တွင်းနေရာ ရွေးချယ်ခြင်း၊ တူးဖော်ခြင်း၊ စက်ရေတွင်းမှတ်တမ်းများ ရယူခြင်း၊ ရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်း၊ မြေအောက်ရေ ညစ်ညမ်းမှုကို ကာကွယ်နည်းများ၊ ကလိုရင်း ခတ်ခြင်း၊ ရေသန့်စင်နည်းများ အပါအဝင် မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာ သိကောင်းစရာများ ပါဝင်သည်။ 📘မြေအောက်ရေနှင့်စက်ရေတွင်းများ အတွဲ-၃- စက်ရေတွင်းပိုင်ရှင်များ အခြေခံနည်းပညာလမ်းညွန် ✍ဦးမြင့်သိန်း(မောင်ကျေးရေ) တန်ဖိုး-၈၅၀၀ စာ-၁၃၈

စက်ရေတွင်း မြေလွှာကျောက်လွှာတို့ကို ထိုးဖောက်နိုင်သည့် စက်အင်အား၊ လူအင်အား၊ တွင်းတူးပိုက်နှင့် ပိုက်ထိန်းစတီးဝါယာကြိုး၊ လွန်သ
စက်ရေတွင်း မြေလွှာကျောက်လွှာတို့ကို ထိုးဖောက်နိုင်သည့် စက်အင်အား၊ လူအင်အား၊ တွင်းတူးပိုက်နှင့် ပိုက်ထိန်းစတီးဝါယာကြိုး၊ လွန်သွား စသည်တို့ကို အသုံးပြုကာ လူ၏စီမံခန့်ခွဲမှုဖြင့် အပေါ်မှအောက်သို့ ထောင်လိုက် ရေအောင်းလွှာ (သို့) ကျောက်လွှာ တွေ့သည်အထိ တွင်းပေါက်ဖောက်၍ ရေဝင်ပိုက် ရေထုတ်ပိုက် စသည့် ပစ္စည်းကိရိယာမျိုးစုံတပ်ဆင်ပြီး စက်အင်အား အကူအညီဖြင့် ရေထုတ် ယူသည့်တွင်း ဖြစ်သည်။ စက်ရေတွင်းတူးဆရာ စက်ရေတွင်းတူးဆရာသည် တွင်းတူးပိုက်ကို လိုအပ် သော နက်ပေရောက် အောင် သတ်မှတ် အရွယ်အစားအတိုင်း ဘေးအန္တရာယ်ကင်းရှင် ့ ဘူးဖော် ပြီး ရေစစ်ဆန်ခါပိုက်နှင့် ရေထွက်ပိုက်များ တပ်ဆင်၍ ရေတင်ဦးနှင့် ရေထုတ်ပေးသည့်အလုပ်ကို တာဝန်ခံဆောင်ရွက်သူ ဖြစ်သည်။ ပြီးပြည့်စုံသော စက်ရေတွင်းတစ်တွင်း ဖြစ်ပေါ်လာရန် တွင်းတူးဆရာ၏ အရည်အချင်းပေါ် မူတည်သည်။ 📘 မြေအောက်ရေနှင့်စက်ရေတွင်းများ အတွဲ ၂ အခြေခံစက်ရေတွင်းတူးနည်းပညာ ✍ဦးမြင့်သိန်း(မောင်ကျေးရေ) တန်ဖိုး-၁၅၀၀၀ စာ-၃၀၃

မြေအောက်ရေဘက်တွင် ပြည်တွင်းပြည်ပ အတွေ့အကြုံများစွာကို ပိုင်ဆိုင်ထားသော ဦးမြင့်သိန်းသည် ဤစာအုပ်၌ မြေအောက်ရေ၏ သဘောသဘာဝများကို ရ
မြေအောက်ရေဘက်တွင် ပြည်တွင်းပြည်ပ အတွေ့အကြုံများစွာကို ပိုင်ဆိုင်ထားသော ဦးမြင့်သိန်းသည် ဤစာအုပ်၌ မြေအောက်ရေ၏ သဘောသဘာဝများကို ရှင်းလင်းစွာ ရေးသားထားသဖြင့် ပမြင်သာသော မြေအောက်ရေ ရွေ့လျားမှုကို မျက်စိထဲတွင် မြင်လာကာ ဇလဘူမိပညာရှင်များ၊ အင်ဂျင်နီယာများအဖို့ မြေအောက်ရေ ရှာဖွေထုတ်ယူရာတွင် အထောက်အပံ့ရလျက် သုံးစွဲသူများကလည်း မြေအောက်ရေအကြောင်း ပိုမိုသိရှိကာ အသုံးအစွဲ ချွေတာကြလာမည် ဖြစ်ပါသည်။ 📘အခြေခံမြေအောက်ရေနည်းပညာ အတွဲ-၁ ✍ဦးမြင့်သိန်း(မောင်ကျေးရေ) တန်ဖိုး-၈၅၀၀ စာ-၁၄၃

ဤအဘိဓာန်စာအုပ်တွင် စာလုံးပေါင်း (၁၂၀၀၀) ကျော်နှင့် သရုပ်ပြရုပ်ပုံပေါင်း(၈၀၀)ကျော်ပါဝင်ပါသည်။အင်ဂျင်နီယာနယ်ပယ်ဖြစ်သော MECHANIC
ဤအဘိဓာန်စာအုပ်တွင် စာလုံးပေါင်း (၁၂၀၀၀) ကျော်နှင့် သရုပ်ပြရုပ်ပုံပေါင်း(၈၀၀)ကျော်ပါဝင်ပါသည်။အင်ဂျင်နီယာနယ်ပယ်ဖြစ်သော MECHANICAL, ELECTRICAL, ELECTRIONIC, CIVIL CONTROL TECHNOLOGY စသည့်ဘာသာရပ်များအပြင် သိပွံပညာရပ်နယ်ပယ်ဖြစ်သော PHYSICS, CHEMISTRY, MATHEMATIC ဘာသာရပ်များ။ COMPUTER ဘာသာရပ်တို့မှ စကားလုံးများဖြစ်ပါသည်။ ဤစာအုပ်၏ ထူးခြားချက်မှာ အဆိုပါဘာသာရပ်များအပြင် အင်ဂျင်နီယာဘာသာရပ်များနှင့် တွဲဖက် အသုံးပြုလေ့ရှိသော အင်္ဂလိပ်စကားလုံးများ ပါဝင်ထားခြင်းဖြစ်ပါသည်။ အချို့သော စကားလုံးများသည်- ME-CHANICAL တွင် အဓိပ္ပါယ်တစ်မျိုး၊ ELECTRICAL တွင် အဓိပ္ပါယ်တစ်မျိုး။ CIVIL တွင် အဓိပ္ပါယ်တစ်မျိုး။ CONTROL TECHNOLOGY တွင် အဓိပ္ပါယ်တစ်မျိုးစသည်ဖြင့် ဖွင့်ဆိုကြပါသည်။ ဤစာအုပ်တွင် အဓိပ္ပါယ်ဖွင့်ဆို ချက်အမျိုးမျိုးကို တစ်စုတစ်ပေါင်းတည်။ ဖော်ပြထားခြင်းဖြစ်ပါသည်။ ထို့ပြင် ဤစာအုပ်တွင်ဖော်ပြထားသော စာလုံးပေါင်းများကို VERB FORM, NOUN FORM ဟု မခွဲခြား ဘဲ၊ အင်ဂျင်နီယာဘာသာရပ် စကားလုံးများအဖြစ်သာ ဖွင့်ဆိုထားပါသည်။ အင်္ဂလိပ်-မြန်မာ အင်ဂျင်နီယာအဘိဓာန် ~~~~~~~~~~~~~ တန်ဖိုး–၃၀၀၀၀ စာမျက်နှာ–၄၅၆ စာရေးသူ - ဦးအုန်းမြင့်(ဒီဇယ်)