uk
Feedback
V Tech Guide

V Tech Guide

Відкрити в Telegram
6 467
Підписники
-1224 години
-477 днів
-19030 день
Архів дописів
Flow ဆိုတာ သက်ဝင်လှုပ်ရှားနေတဲ့ စိတ်အခြေအနေပဲ။ အလုပ်တစ်ခုမှာ နစ်မွန်းနေတဲ့အခါ အချိန်ရပ်တန့်သွားသလိုခံစားရတယ်။ ကိုယ့်ကိုယ်ကိုတောင် မေ့သွားတယ်။ မလွယ်လွန်း မခက်လွန်းတဲ့ အလုပ်တစ်ခုမှာ စိတ်ဝင်စားမှုက Flow ကို ဖန်တီးပေးတယ်။ ဘဝတိုးတက်ဖို့ Flow က အဓိကလိုအပ်ချက်ပဲ။ နက်နဲတဲ့သင်ယူမှုတွေ အာရုံစူးစိုက်မှုမြင့်မားခြင်း တီထွင်ဖန်တီးမှုတွေရလာမယ်။ အနုပညာရှင်တွေ အားကစားသမားတွေ ဥယျာဉ်မှူးတွေ စာရေးသူတွေ... အကောင်းဆုံးလုပ်ချင်တဲ့သူတိုင်း Flow ကို အသုံးချကြတယ်။ စိတ်ဖိစီးမှုတွေက Flow ရှိတဲ့နေရာမှာ ပျောက်ကွယ်သွားတယ်။ စိတ်ကျန်းမာရေး ပိုကောင်းလာမယ်။ ဘဝတစ်ခုလုံးက ပိုမိုအဓိပ္ပာယ်ရှိလာမယ်။ Flow ကို ခံစားဖူးရင် ထပ်ခါထပ်ခါ ခံစားချင်လာမယ်။ ဆက်လက်လေ့လာချင်စိတ် အလိုလိုဖြစ်ပေါ်လာမယ်။ သုတေသနတွေကပြောတယ် Flow ကို မကြာခဏခံစားရတဲ့သူတွေ ပိုပြီး ပျော်ရွှင်ကြတယ်။ ပိုပြီး အဓိပ္ပာယ်ရှိတဲ့ဘဝရှိကြတယ်။ စိတ်ဝင်စားတာကို လုပ်ကိုင်တဲ့အခါ အနှောင့်အယှက်တွေကို ဖယ်ရှားလိုက်။ Flow ကို ရရှိမယ်။ ဘဝဆိုတာ ပိုအသက်ဝင်လာမယ်။

မတူညီတဲ့ ဘဝဖြတ်သန်းမှုရှိသူတွေမှာ မတူညီတဲ့ တွေးခေါ်မှုပုံစံတွေရှိတယ် ဆိုးတဲ့သူတွေမှာလဲ ဆိုးရတဲ့ အကြောင်း တော်တဲ့သူတွေလဲ တော်ရတဲ့အကြောင်း အောင်မြင်တဲ့ သူတွေမှာလဲ အောင်မြင်ရတဲ့ အကြောင်းတွေဆိုတာရှိတယ် မတူညီတဲ့သူတွေစီက သင်ယူနိုင်ရင် အချိန်ကုန်သက်သာတယ်

ကံကောင်းနေတယ်ဆိုတာ စိတ်ထားကောင်းလို့ပါ။ ပျော်ရွှင်နေတယ်ဆိုတာ အတွေးတွေ မှန်ကန်နေလို့ပါ ။ လောကမှာ အပြစ်ကင်းစင်ပြီး လုံးဝ စိတ်ထားကောင်းတဲ့သူဆိုတာ မရှိပါဘူး ။ စိတ်ထားကောင်းအောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိတယ် ။ အမြဲတမ်း ပျော်ရွှင်နေတဲ့သူဆိုတာ မရှိပါဘူး ။ ပျော်အောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိပါတယ် ။ အမြဲတမ်း အဆင်ပြေတဲ့သူဆိုတာလည်း မရှိပါဘူး ။ ရောက်တဲ့နေရာမှာ အဆင်ပြေအောင် ကြိုးစားနေထိုင်တဲ့ သူပဲ ရှိပါတယ် ။ ဘဝမှာ ပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး ။ လူတိုင်းမှာ ပြည့်စုံအောင် ကြိုးစားနေတဲ့သူတွေကြီးပါ ။ မွေးဖွားကြတယ် ။ ရှင်သန်ကြတယ် ။ ပြီးတော့ မဖြစ်မနေ သေဆုံးသွားကြတယ် ။ တကယ်တမ်း တွေးကြည့်ရင် ဘဝဆိုတာ တိုတိုလေးပါ ။ ဒါကြောင့် စိတ်ညစ်လည်း တစ်နေ့ ။ ပျော်လည်း တစ်နေ့ ။ အချိန်တွေ ကုန်ဆုံးသွားမည့်အတူတူ နေ့ရက်တိုင်းမှာ ပျော်ရွှင်စွာ ဖြတ်သန်းပါ ။

အတိတ်ကို ပြန်တွေးရင် နောင်တမရနဲ့။ ကိုယ့်ကိုဒီလောက်အထိ ပြောင်းလဲဖို့ ဆုံးဖြတ်ရဲလောက်အောင် အမှားတွေလုပ်၊ ဖြစ်သလိုနေပေးခဲ့တဲ့ အတိတ်က ကိုယ့်ကို ကျေးဇူးတင်တတ်ဖို့လိုတယ်။ အနာဂတ်ကို တွေးရင်းလည်း စိတ်ဓာတ်မကျနဲ့။ ဒီထက်ပိုကြမ်းတမ်းတာတွေ ကျော်ဖြတ်ပြီး ဒီနေရာအထိရောက်လာခဲ့တဲ့ ကိုယ့်ကို ယုံကြည်ပေးဖို့လိုတယ်။ လက်ရှိမှာလည်း လမ်းမပျောက်နဲ့။ ကိုယ်အချိန်ဆွဲနေတဲ့ လုပ်စရာရှိတာ၊ လေ့လာစရာရှိတာတွေကို ထလုပ်လိုက်ရင် ကိုယ်လိုအပ်နေတဲ့ အဖြေ ရှာတွေ့လာပါလိမ့်မယ်။

အလုပ်တွေလုပ်ပြီး ကိုယ်တိုင် ပိုက်ဆံ ရှာတတ်လာတဲ့အခါ . . . ငွေရဲ့တန်ဖိုးကို နားလည်လာတယ် မကုန်သင့်တဲ့နေရာမှာ မကုန်ဖို့ စုဆောင်းတတ်လာတယ်. . . အသုံးနဲ့အဖြုန်းကို ခွဲခြားတတ်ဖို့ ကိုယ့်ချွေးနဲစာနဲ့ ရှာဖွေထားတဲ့ ငွေကို တန်ဖိုးထားတတ်လာတယ်. . . အလုပ်လုပ်ရဖို့ တွေးကြောက်ပြီးနေတာထက် အပင်ပန်းခံပြီး ပိုက်ဆံရှာရတာကို ပိုပြီးနှစ်သက်လာတယ်. . . ကြိုတင်စုဆောင်းတတ်ဖို့အတွက် ငယ်ရွယ်ချိန်ရဲ့ တန်ဖိုးကို သိဖို့ အရင်ကြိုးစားရတယ်. . . ကိုယ့်အတွက်အကျိုးရှိဖို့ရယ် သူတစ်ပါးအတွက် အကျိုးရှိဖို့အတွက်ကိုပဲ အချိန်တွေကုန်ဆုံးတယ်. . . ငွေရဲ့တန်ဖိုး အချိန်ရဲ့တန်ဖိုး ငယ်ရွယ်ခြင်းရဲ့တန်ဖိုးကို နားလည်မှ ဘဝဟာ ပိုပြီးတန်ဖိုးရှိမှာ . . .။

သင် တကယ်ပျော်ချင်တယ် ဆိုရင် ************************** ဖတ်ကြည့်နော် ရှိတ်စပီးယားက ပြောတယ်။ ကျုပ်က အမြဲပျော်နေတတ်တယ်။ ဘာကြောင့်ထင်သလဲ။ ကျုပ်က ဘယ်သူ့ဆီကနေ ဘာကိုမှ မမျှော်လင့်လို့ပဲ။ မျှော်လင့်ချက်တွေက မျှော်လင့်နေသူကို ထိခိုက်နာကျင်စေပါတယ်။ ဘဝဆိုတာ တိုတိုလေးပါ။ ဒါကြောင့် သင့်ဘဝကို သင်ချစ်ပါ။ ပျော်ပျော်နေပါ။ အမြဲတမ်း ပြုံးရွှင်နေပါ။ သင့်ဘဝအတွက်ပဲ ရှင်သန် နေထိုင်ကြည့်ပါ။ စကားမပြောခင်မှာ တစ်ဖက်ကို နားထောင်ပေးပါ။ မရေးခင်မှာ စဉ်းစားပါ။ မသုံးဖြုန်းခင်မှာ ဝင်ငွေရအောင် ရှာပါ။ ဆုမတောင်းခင်မှာ ခွင့်လွှတ်ပေးလိုက်ပါ။ မထိခိုက်ခင်မှာ ခံစားကြည့်ပါ။ မမုန်းခင်မှာ ချစ်ကြည့်ပါ။ မစွန့်လွှတ်ခင်မှာ ကြိုးစားကြည့်ပါ။ မသေဆုံးခင်မှာ ရှင်သန်ကြည့်ပါ။

ငါအခု ဒါလုပ်လိုက်ရင် ရေရှည်မှာ ဘာဖြစ်နိုင်လဲလို့ တွက်တတ်တဲ့သူ ရည်ရှည်မှာ ငါဒါလိုချင်ရင် တစ်နေ့တစ်နေ့ ငါဘာတွေပုံမှန်လုပ်သွားရင်ရပြီလို့တွက်တတ်သူ အဲ့လို တွက်တတ်ချက်တတ်တဲ့သူတွေက ရေရှည်မှာပို အဆင်ပြေကြတာများတယ်

ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ပေးဆပ်မှုတစ်ခုခုရှိပြီးမှ ပြန်ရတဲ့ အရာတွေက တန်ဖိုးပိုရှိတယ် လွယ်လွယ်ရရင် စိတ်ထဲကလဲပေါ့ပေါ့မို တန်ဖိုးမထားတတ်ကြဘူး မယုံရင် free down ထားတဲ့ စာအုပ်တွေ မဖတ်ဖြစ်တာသာကြည့်တော့

Social media သုံးတာက သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီသိရပေမယ့် များသောအားဖြင့်အဲ့ သတင်းအချက်အလက်တွေက ကျနော်တို့အတွက် အသုံးမဝင်ဖူး မဖိတ်ခေါ်ပဲ မြင်လာရတဲ့ သတင်းဆိုးတွေအတွက် ကျနော်ကတော့ ၇၂ နာရီစောင့်ကြည့်ဖို့ ကိုယ့်ကိုကိုသတိပေးတယ် ဘယ်တော့မှ ချက်ချင်းကြီး စိတ်ပူတာ ယောက်ယက်ခတ်တာမလုပ်ပါနဲ့ ခေါင်းအေးအေးထားပြီး ဆုံးဖြတ်စရာရှိတာဆုံးဖြတ်ပါ အကြောက်တရားနဲ့ စိုးရိမ်စိတ်ကြောင့် ချမိတဲ့ဆုံးဖြတ်ချက်တွေက အမှားများတယ်

Suit and tie ဝတ်ပြီး အလုပ်ရှာနေရသူမဖြစ်ချင်ဘူး စွတ်ကျယ်ဝတ်ပြီး Suit ဝတ်တဲ့သူတွေကို အလုပ်ပေးနိုင်တဲ့သူပဲဖြစ်ချင်တယ် 😎

လူချင်းတူပေမယ့် တွေးခေါ်ပုံမတူရင် ဘဝရဲ့ experience ကွာသွားတယ် ကားပိတ်နေတာချင်းတူရင်တောင် စိတ်တိုတဲ့သူနဲ့ radio က သီချင်းလေး လိုက်ဆိုတဲ့သူကွာတာအတွေးကွာလို မီးပျက်တာချင်းအတူတူ တစ်ယောက်က အော်ဆဲနေပေမယ့် တစ်ယောက်က ဖုန်းလေးချပြီး စာအုပ်လေးဖတ်နေနိုင်တာ အတွေးတွေကွာလို အခက်အခဲဖြစ်နေတာချင်းအတူတူ တစ်ယောက်က ပြဿနာထဲပိတ်ပြီး တစ်ယေက်က ဖြေရှင်းနည်းရောင်းစားတာ အတွေးတွေကွာလိုပဲ ဒါကြောင့် ကျနော်တိုအခု ရနေတဲ့ ဘဝရဲ့ နေထိုင်မှု experience က ကျနော်တို အတွေးတွေရဲ့လက်ရာပဲ အတွေးကောင်းဖိုလိုတယ်

ဖြတ်ကျော်နိုင်မှ ရောက်မယ့်နေရာတွေကို ထိုင်တွေးပူရင်း အချိန်ကုန်မခံနဲ့ လုပ်မှပြီးမယ့်အရာတွေကို ထိုင်တွေးပူရင်း အချိန်ကုန်မခံနဲ့ ရင်ဆိုင်လိုက်မှ ပြီးသွားမယ့်အရာတွေကို ထိုင်တွေးပူရင်း အချိန်ကုန်မခံနဲ့ ထိုင်ပူနေလိုပြေလည်သွားတဲ့အရာမရှိတာမို လုပ်ရမှာတွေကို ရဲရဲတင်းတင်းလုပ်ဖိုလိုတယ်

နားမလည်တဲ့ ဘာသာစကားနဲ့ အဆဲခံရရင် မနာဘူးဆိုတာ ကိုယ့်ဦးနှောက်ကတွေးယူပြီးတော့ ပုံဖော်တာတွေ မြင်ယောင်မလုပ်နိုင်လို ဒီတိုင်းအသံတစ်ခုအနေနဲ့ပဲ ကြားလိုက်ရတာမိုပဲဘာမှမဖြစ်တာ ဒီတော့ အဆဲခံရလို နာတယ်ဆိုတာ ကိုယ့်ရဲ့ ပုံဖော်မှုတွေ မြင်ယောင်မှုတွေ နားလည်တာတွေပါတယ် ကိုယ် contribute လုပ်မှ အထမြောက်သွားတာမျိုး ရှင်းရှင်းပြောရရင် ကိုယ်မယူရင်မရဘူး ယူမိလို ရနေတာလိုပဲဆိုရမယ် ဘူနေတဲ့သူတွေ အတင်းစကားတွေ လူတွေရဲ့အထင်အမြင်ဆိုတာလဲဒီလိုပဲ လိုက်ခံစားနေရင်တော့ နာကျင်ရတယ်မိတ်ဆွေ

Happy Valentine Day 💞 ချစ်သူများနေ့💗 ဆိုတာ ချစ်သူရည်စားတွေ အတွက်ပဲ မဟုတ်ဘူး နော် ၊ မိမိ ချစ်ခင်ရတဲ့ မိသားစု, မိတ်ဆွေ သူငယ်ချင်းတွေ လည်း ပါဝင်ပါတယ် 😊 ဒါကြောင့် ဒီနေ့မှာ ချစ်ခင်ရတဲ့ လူတွေနဲ့ ပျော်ရွှင်စရာ အချိန်လေး ကို ပိုင်ဆိုင်နိုင်ကြပါစေ 😘 ၊ အဖိုးတန်တဲ့ အချိန်ကောင်း ကို ဖန်တီးနိုင်ကြပါစေ🥰 လို့ မင်မင်က ဆုတောင်း ပေးလိုက်ပါတယ် #happyvalentinesday2025

Repost from Share Movies Zone
✨✨မင်မင်တို့ Yoyar မှ အပတ်စဉ်တင်ဆက်ပေးနေတဲ့ ဇာတ်လမ်းတွဲများ✨✨ —————————————————————— နွားကျောင်းသားလေး နတ်ဘုရားပုံပြင် ( အပတ်
✨✨မင်မင်တို့ Yoyar မှ အပတ်စဉ်တင်ဆက်ပေးနေတဲ့ ဇာတ်လမ်းတွဲများ✨✨ —————————————————————— နွားကျောင်းသားလေး နတ်ဘုရားပုံပြင် ( အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ) Channel Link- https://t.me/+KwJ2rbnEy0hkYmU1 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း ( အပတ်စဉ် စနေနေ့တိုင်း ) Channel Link- https://t.me/+T9FbG2fuWxNhNmM1 Stellar Transformations ( အပတ်စဉ် သောကြာနေ့တိုင်း ) Channel Link- https://t.me/+P3aAAIZYXb5hMjc1 The Demon Hunter Season ( အပတ်စဉ် သောကြာနေ့တိုင်း ) Channel Link- https://t.me/+3PZYk8ws64k5NmE1 Main Channel join ထားရန်- https://t.me/yoyarempire

President Elon Musk နဲ့ Trump ကို oval office မှာ ယနေ့တွေ့ရပုံ။🙄😁
+1
President Elon Musk နဲ့ Trump ကို oval office မှာ ယနေ့တွေ့ရပုံ။🙄😁

လူအများစုနဲ့ မတူတဲ့ mindset နဲ့ lifestyle ရှိနေရင်လိုက်မရှင်းပြနေပါနဲ့ ငှက်ကပျံတယ် မြွေက တွားသွားတယ် ခြင်္သေ့ကပြေးတယ် မင်းကဘာလိုပျံ မင်းကဘာလိုတွားသွား မင်းကဘာလိုပြေးလဲအပြန်အလှန်မေးရင် အဖြေတွေက တစ်ယောက်ကိုယ်တစ်ယောက် နားမလည်တာတွေဖြစ်နေမှာ မတူညီတဲ့အလုပ်လုပ်ပုံတွေနဲ့ ရှင်သန်လည်ပတ်နေတာမို ကိုယ့်ရဲ့နေထိုင်ပုံ မိတ်ဖွဲပုံ အလုပ်လုပ်ပုံ ငွေရှာပုံ စိတ်နေစိတ်ထား အယူအဆ ဒါတွေကို ပြောပြလဲနားမလည်တဲ့ သူတွေက ထင်ကြေးပေးပြီး လျှောက်ပြောနေရင် လိုက်ရှင်းပြမနေပါနဲ့ အချိန်ကုန်တယ် နားလည်မှာလဲမဟုတ်ဘူး ကိုယ်လုပ်စရာရှိတာသာလုပ်ပါမိတ်ဆွေ

မနာလိုရင် မလိုပဲနာနေမယ် သူများက သူဟာသူနေတာကို လိုက်မနာလိုနေရင် ကိုယ်ပဲစိတ်ဒုက္ခရောက် ကိုယ့်ကိုယ်ကိုအလိုမကျပဲ နာကျင်နေရမယ် သူများကိုအားကျရင် - သူတိုဘာတွေသင့်ယူသလဲ ကျင့်ကြံသလဲ လေ့လာပါ - သူ့အောင်မြင်မှုအတွက်ဝမ်းသာပါ - ကိုယ်ကသူတိုလိုဖြစ်ချင်တယ်ဆို လိုအပ်ရင်သွားမေးပါ မာနအတွက်တော့ healthy မဖြစ်ပေမယ့် ဘဝအတွက်တော့ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ် 🙌🏻

ကိုယ်အခုသုံးနေတဲ့ဖုန်းက စီးတော်ယဉ်နဲ့တူတယ် ကိုယ်ဘယ်လို ပဲ့ကိုင်တဲ့ပေါ်မူတည်ပြီး ရောက်တဲ့မှတ်တိုင်တွေကွာသွားမယ်

Gemini 2.0 Flash AI model အသစ်အား Google မိတ်ဆက် --------------------- စွမ်းဆောင်ရည်ပိုင်း ပိုမိုမြင့်မားပြီး လူသားနည်းတူ ကျိ
Gemini 2.0 Flash AI model အသစ်အား Google မိတ်ဆက် --------------------- စွမ်းဆောင်ရည်ပိုင်း ပိုမိုမြင့်မားပြီး လူသားနည်းတူ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိတဲ့ Gemini 2.0 Flash Thinking ကို Google က တရားဝင်မိတ်ဆက်ခဲ့ကြောင်း Firstpost သတင်းမှာရေးသားထားပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ Gemini 2.0 AI မော်ဒယ်ဟာ ရှုပ်ထွေးတဲ့ မေးခွန်းတွေကို အချိန်ခဏလေးအတွင်းမှာ အလွယ်တကူဖြေကြားပေး နိုင်မှာဖြစ်သလို လူသားနည်းတူ ကျိုးကြောင်းဆင်ခြင်တဲ့လုပ်ငန်းစဉ်ကိုလည်း အသုံးပြုသူတွေအတွက် ပိုမို အဆင် ပြေအောင်လည်း ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ OpenAI ရဲ့ o3 နဲ့ o3-mini မော်ဒယ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်က မိတ်ဆက်ပြီးနောက် Gemini 2.0 Flash Thinking ကို Google က အခုလို မိတ်ဆက်လာတာပါ။ Gemini 2.0 Flash Thinking ကို ဝက်ဘ်နဲ့ မိုဘိုင်း ပလက်ဖောင်းတွေမှာ စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်ဟာ o3 နဲ့ o3-mini မော်ဒယ်တွေနဲ့ DeepSeek R1 တွေကို ယှဉ်ပြိုင်ဖို့အတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ မေးခွန်းတွေကိုဖြေကြားဖို့အတွက် တခြား အက်ပ်တွေထက် အချိန်အနည်းငယ်ပိုကြာနိုင်ပေမယ့် ပိုမိုတိကျပြီး လိုက်လျောညီထွေဖြစ်စေနိုင်တဲ့ ရလဒ်တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီဗားရှင်းအသစ်က Youtube၊ Search နဲ့ Google Maps တို့လို Google ဝန်ဆောင်မှုတွေနဲ့ ပေါင်းစပ်ထားတာကြောင့် သုံးစွဲသူတွေအတွက် ပိုမိုအဆင်ပြေချောမွေ့မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။