cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

PSLF/TNLA News

This is PSLF/TNLA News Official Channel.

Більше
Рекламні дописи
16 482
Підписники
+3324 години
+4207 днів
+1 41030 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

ကွတ်ခိုင်မြို့တွင် အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဌာနဆိုင်ရာများ အစည်းဝေးပြုလုပ် ကွတ်ခိုင်၊ မေ ၂၇ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့တွင် ယမန်နေ့ မေလ ၂၆ ရက်နေ့ နေ့လည် (၁း၀၀)အချိန် ကွတ်ခိုင်မြို့နယ်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ တပ်မဟာ (၅)မှ တာဝန်ရှိသူများနှင့် ဗိုလ်ချုပ် တားဘုန်းကျော်တို့ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့သည်။ တအာင်းပြည်အတွင်း တာဝန်ထမ်းဆောင်နေချိန် ခက်ခဲမှု၊ ပင်းပန်းမှူ၊ လိုအပ်ချက်များ များစွာရှိနေသည့်အတွက် ကျရာနေရာတွင် ပေးအပ်ထားသည့် တာဝန်များကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ကြရန်နှင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို အကောင်းဆုံးနည်းလမ်းဖြင့် အားလုံးဆွေးထွေးတိုင်ပင်ပြီး ဖြေရှင်းသွားရန်လိုအပ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်မှ မှာကြားခဲ့သည်။ ထို့နောက်သံလွင်ခရိုင်အတွင်း အုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ မီးသတ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများမှ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အခက်အခဲ၊ လိုအပ်ချက်၊အားနည်းချက်နှင့် ရှေ့လုပ်ငန်းစဥ်များကို တင်ပြခြင်းနှင့် လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ၎င်းတို့၏တင်ပြချက်ကိုလည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်မှ ပြန်လည်ဆွေးနွေးအကြုံပြုဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် ဗိုလ်ချုပ် တားဘုန်းကျော်၊ဗိုလ်မှူးကြီး တားမိုးဟိန်း၊ PSLF/TNLA သံလွင်ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေကျသော ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် အရပ်ဖက်အဖွဲ့အစည်းတချို့ အပါအဝင် စုစုပေါင်း ၃၅ ဦးတက်ရောက်ခဲ့သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Показати все...
နမ့်ခမ်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး နမ့်ခမ်းမြို့အတွင်း သန့်ရှင်းရေးပြုလုပ် (သတင်းဓါတ်ပုံ) နမ့်ခမ်း၊ မေလ ၂၆ ရက် တအာင်းပြည်၊ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့တွင်း သန့်ရှင်းသာယာလှပစေရန်နှင့် ရာသီအလိုက်ဖြစ်ပွားလာနိုင်သည့် ရောဂါများမဖြစ်ပွားနိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး နမ့်ခမ်းမြို့အတွင်း သန့်ရှင်းရေးစုပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Показати все...
ကျောက်မဲ - သီပေါကြား ယာယီဆောက်လုပ်ထားသည့် ကျင်သီတံတားအား ပြန်လည်ပြုပြင်ပြီးနောက် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ ခွင့်ပြု နမ့်ဆန်၊ မေလ(၂၇)ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နှင့် သီပေါ့မြို့အကြား ယာယီဆောက်လုပ်ထားသည့် ကျင်သီတံတားအား ယနေ့ မေလ(၂၇) နံနက်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာ ခွင့်ပြုပြီ ဖြစ်သည်။ မော်တော်ဆိုင်ကယ်နှင့် ယာဥ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် ယာယီဆောက်လုပ်ထားသည့် အဆိုပါ ကျင်တီတံတားသည် ယမန်နေ့ မေလ(၂၆)ရက်နေ့တွင် တောင်ကျရေနှင့်အတူ ချောင်းအတွင်းရေများမြင့်တက်လာပြီးနောက် ပျက်စီးသွားသည်။ ထို့ကြောင့် ယာဥ်များ ဖြတ်သန်းသွားလာခွင့်အား တာဝန်ရှိသူများက ခေတ္တ ပိတ်ထားသည်။ ယခုအခါ ပျက်စီးသွားသည့် ယင်း ယာယီတံတားအား ဒေသခံလူထုမှ သစ်သားများဖြင့် ပြန်လည်ပြုပြင်ရာ မော်တော်ဆိုင်ကယ်နှင့် ယာဥ်ငယ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်သည်။ အဆိုပါ ယာယီတံတားသည် လွန်ခဲ့သည့် မတ်လပိုင်း၌ ကျောက်မီးသွေး ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုမှ ယာဥ်ငယ်များနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ရန် ယာယီဆောက်လုပ်ပေးခဲ့သည်။ #PSLF/TNLA #သတင်းနှင့် ပြန်ကြားရေးဌာန
Показати все...
မိုင်းငေါ့မြို့၌ ကျင်းပပြုလုပ်သည့် TLEC ၏ စွမ်းရည်မြင့်သင်တန်းဆင်းပွဲတွင် ဆရာ/မ(၁၃၀)ကျော် သင်တန်းဆင်း မိုင်းငေါ့၊ မေ ၂၃ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ(၂) စစ်ဒေသ၊ မိုင်းငေါ့မြို့အထကကျောင်း၌ ယမန်နေ့ မေလ(၂၂)ရက်နေ့တွင် တအာင်းပြည် ပညာရေးကောင်စီ (TLEC)မှ စွမ်းရည်မြင့်သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။ အချိန်ကာလ တစ်လကြာသည့် အဆိုပါ စွမ်းရည်မြင့်တင်ရေးသင်တန်းတွင် ဆရာ/မ(၁၃၂)ဦး တက်ရောက်ခဲ့ပြီး မိုင်းငေါ့မြို့နယ်အတွင်း ဖွင့်လှစ်မည့် အခြေခံစာသင်ကျောင်းများတွင် သင်ကြားရေးတာဝန်ဝတ္တရားများ ထမ်းဆောင်သွားကြမည်ဖြစ်သည်။ မိုင်းငေါ့ မြို့နယ်အတွင်း အခြေခံစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းအတွက် ဒေသတွင်း ကျောင်းသား/သူများအတွက်သော်လည်းကောင်း၊ ဆရာ/မများအတွက်သော်လည်းကောင်း ဂုဏ်ယူဝမ်းမြောက်ဖွယ်လည်းဖြစ်သည်။ အဆိုပါ သင်တန်းဆင်းပွဲ၌ သင်တန်းကာလအတွင်း ထူးချွန်စွာ တက်ရောက်ခဲ့သည့် ဆရာ/မများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးခြင်း၊ ဘာသာရပ်အလိုက် ထူးချွန်ဆု ရရှိသည့် ဆရာ/မများအား ဆုများ ပေးအပ်ချီးမြင့်ခြင်းနှင့် သင်တန်းအား အောင်မြင်စွာ ပြီးမြောက်စေရေးအတွက် ကူညီထောက်ပံ့သည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြင့်ခဲ့သည်။ သင်တန်းဆင်းပွဲသို့ တအာင်းပြည်ပညာရေးကောင်စီ - TLEC အဖွဲ့ဝင်များ၊ မြို့နယ် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် သင်ကြားရေး ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။ #PSLF/TNLA #သတင်းနှင့် ပြန်ကြားရေးဌာန
Показати все...
သီပေါတွင် ပြည်သူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိ သီပေါ၊ မေလ ၂၂ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ သီပေါမြို့နယ်တွင် ဒေသခံ အမျိုးသားတစ်ဦး အပေါ့အပါးသွားနေစဥ် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ဖြစ်စဥ်တွင် ယနေ့ မေလ ၂၂ ရက်နေ့ နေ့လည် (၁၂း၀၀)နာရီတွင် တုံစင့်ရွာနှင့် ကုံးစုံရွာကြားရှိ လမ်းမဘေးတစ်နေရာတွင် အပေါ့အပါးသွားစဥ် မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ဒူးအောက်ပိုင်းပြတ်ထွက်ဒဏ်ရာအပြင် ဘယ်ဘက်ခြေထောက်မှာလည်း မိုင်းစထိမှန်ဒဏ်ရာရသည်။ အဆိုပါ မိုင်းထိလူနာသည် အသက် ၆၀ ဝန်းကျင်အရွယ် ဦးသန်းဝင်းဆိုသူဖြစ်ကာ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ၎င်း မိုင်းထိလူနာအား ညီနောင်အကျိုးဆောင်လူမှုကူညီရေးအသင်းကားဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ မေလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ မိုင်းထိလူနာ ၇ ဦးဒဏ်ရာရပြီး ၅ ဦးသေဆုံးသွားသည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Показати все...