uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 460 підписників, посідаючи 15 930 місце в категорії Новини і ЗМІ та 10 092 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 460 підписників.

За останніми даними від 03 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -217, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.15%. Протягом перших 24 годин після публікації контент зазвичай збирає 6.81% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 891 переглядів. Протягом першої доби публікація в середньому набирає 848 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 04 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 460
Підписники
-924 години
-317 днів
-21730 день
Архів дописів
၂၀၀၈ ဖွဲ့စည်းပုံဟာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ချောမွတ်စေဖို့ အစပျိုးထားရုံသပ်သပ် ခြေဥ တစ်ခုသာ ဖြစ်ပါတယ်။ ဥပမာ ပုဒ်မ ၂၆၁ လိုဟာမျိုးဟာ မူလအစက ပြောင်းလဲပြင်ဆင်ဖို့ မလိုအပ်ဘူးလို့ တွေးကြပေမယ့် နောက်ပိုင်းမှာတော့ လက်ခံ လာနိုင်ကြတဲ့ အဆင့်လည်း ရှိနေပြန်ပါတယ်။ နောက်တစ်ခါ လွှတ်တော်ထဲ တပ်မတော်သား ကိုယ်စားလှယ်တွေ ရှိနေတဲ့ ကိစ္စပါ။ ဒါလည်း ခဏခဏ ရှင်းပြရတတ်ပါတယ်။ လွှတ်တော်ရဲ့ ဖွဲ့စည်းပုံမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ရှိသင့်ရှိထိုက်တဲ့ အချိုးအစားကို ခြေဥမှာ သတ်မှတ်ထားပြီးသားပါ။ ဆိုပါစို့ အမျိုးသား လွှတ်တော်မှာ တပြည်နယ်ကို ၂ ယောက်ကျ၊ ပြည်သူ့လွှတ်တော်မှာ တမြို့နယ်ကို တစ်ယောက်ကျ၊ ဒါက ခွဲတမ်းအပြည့်အဝရပြီးသားပါ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဟာ အသွင်ပြောင်းရေးကာလမှာ Check and Balance လုပ်နိုင်ဖို့ Addition သပ်သပ် ထည့်သွင်းထားရုံ သပ်သပ်ပါပဲ။ တပ်မတော်သားကိုယ်စားလှယ်တွေရှိနေလို့ လွှတ်တော်ဟာ ရှိသင့်ရှိထိုက်တဲ့ ပမာဏ လျှော့ချပေးရတာ မရှိပါဘူး။ တကယ်လို့ ငြိမ်းချမ်းရေး ပရောဆက်သာ တိုးတက်ရင် တပ်ဟာ အင်ဒိုလိုပဲ ထွက်တော်မူ နန်းက ခွာမှာဆိုတာ ယုံမှားစရာ မရှိနေဘူး။ နောက်တခုက ခြေဥပေးထားချက်အရ သမ္မတဟာ နိုင်ငံ ဥသျှောင်ဆိုပေမယ့် လွှတ်တော်မှာ လုပ်ပိုင်ခွင့်အပြည့်အာဏာရတာက လွှတ်တော်ဥက္ကဋ္ဌတွေပါ။ သမ္မတဟာ တချို့ကိစ္စတွေ သဘောမတူလို့ လက်မှတ်မထိုးတောင် လွှတ်တော်က အတည်ပြုရင် Approved ဖြစ်ပါတယ်။ ရှေ့မှာ လွှတ်တော် ဥက္ကဋ္ဌနဲ့ သမ္မတ ဘယ်လို တင်းမာခဲ့ကြသလဲ ၊ ဒါက သင်ခန်းစာ ဖြစ်ပါတယ်။ နောက်တစ်ခုက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပါဝါပါ။ ကိုယ်စားလှယ်တယောက်ကို ပြစ်မှုသံသယရှိလို့ဖမ်းမယ်ဆိုရင်တောင် လွှတ်တော် ဥက္ကဋ္ဌ ဆီ စာတင်ခွင့်ပြုချက်ယူရတာပါ။ ဆိုတော့.....သမ္မတရွေးချယ်ရေးမှာ ပြည်သူ့လွှတ်တော်က တင်သူက သမ္မတ ဖြစ်ဖို့ ရာခိုင်နှုန်းများသလို ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ အဖြစ်နဲ့ ပထမအကြော့ တာဝန်ထမ်းဆောက်ရမယ့် ပုဂ္ဂိုလ်ကလည်း အလွန်အရေးပါတာ မြင်ရပါလိမ့်မယ်။ ပြောချင်တာက ဒီအခင်းအကျင်းမှာ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်ရဲ့ အခန်းကဏ္ဍတာဝန်က အတော်လေး ကြီးလေးပါတယ်။ နောက်တစ်ခုက ဝန်ကြီးချုပ်တွေရဲ့ အရေးပါမှု အခြေအနေပါ။ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ဟာ သမ္မတက ရွေးချယ်ရတဲ့ အခြေအနေမို့ သမ္မတရဲ့ ခြေတံ၊ လက်တံ တွေလို့လည်း ပြောလို့ရပါတယ်။ လက်ရှိ ၅ နှစ်တာကာလဟာ အထက်အကြီးအကဲရဲ့ ယုံကြည်စိတ်ချမှုကို အခြေခံပြီး တာဝန်ပေးအပ်တယ်ဆိုပေမယ့် လာမယ့်အစိုးရသစ်ဟာ ရွေးကောက်ခံအရ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ခုထက်ပိုပြီး တက်တက်ကြွကြွ Results ထွက်အောင် လုပ်ပြနိုင်ဖို့ လိုပါတယ်။ လက်ရှိ အသစ်ပြဌာန်းလိုက်တဲ့ အတိုင်ပင်ခံကောင်စီအနေနဲ့ သူ့ရဲ့ မူဝါဒအတိုင်း သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ပြီးမြောက်အောင် တိုင်းနဲ့ပြည်နယ်ဆိုင်ရာ အောင်မြင်မှု ဒေတာတွေကို ရယူ စောင့်ကြည့်ပြီး အားနည်းချက်၊ အားသာချက်တွေ ထိန်းညှိ / ထိန်းကျောင်း သုံးသပ်နေရင်တော့ အတော်ကို ရုပ်လုံးကြွတဲ့ အစိုးရ တစ်ခု ဖြစ်လာစေမယ်လို့ သုံးသပ်ရမှာပါ။ ပြည်ထောင်စု အတိုင်ပင်ခံလို့ ဆိုထားလေတော့ သူ့လုပ်ပိုင်ခွင့်ဟာ အတော်လေး ကျယ်ပြန့်မယ့် သဘောပါ။ ဒီ ၅ ဦးဟာ ပြည်ထောင်စုရဲ့ ရေသောက်မြစ် ဖြစ်လာမှာမို့ အတော်လေး အရေးကြီးတဲ့ ထိပ်တန်းအဆင့် နေရာတွေ ဖြစ်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒီ ၃ လတာ ကာလဟာ အစိုးရရဲ့ ရက် ၁၀၀ စီမံချက်တွေ အတွက် အကောင်အထည် ဖော်ဖို့ ပြင်ဆင်ရမယ့်ကာလ ဖြစ်သလို ဖွဲ့စည်း ထားရှိမယ့် ဝန်ကြီးဌာနအလိုက် ခန့်အပ်တာဝန်ပေးမယ့်သူတွေကို Line up ချိန်ဆတဲ့ ကာလလည်း ဖြစ် နေပါလိမ့်မယ်။ (နရီမိုး)

လာမည့် လွှတ်တော်အသီးသီးနှင့် အစိုးရအနေဖြင့် စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ကျော်လွှားပြီး နိုင်ငံတော်အား စုစည်းတည်ဆောက်န
လာမည့် လွှတ်တော်အသီးသီးနှင့် အစိုးရအနေဖြင့် စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ကျော်လွှားပြီး နိုင်ငံတော်အား စုစည်းတည်ဆောက်နိုင်ပါစေကြောင်း ရွေးကောက်ပွဲဆန္ဒမွန်အဖြစ် ပြည်သူ့ပါတီထုတ်ပြန် News Of Myanmar NOM

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်၌ ဖားကန့်မြို့ ဆုတောင်းကုန်းအနီးတွင် ခိုအောင်းနေသည့် KIA အကြမ်းဖက်သမားများကို တပ်မတော်က လေကြောင်းမှ တိုက်ခိုက်ရှင်းလင်း News Of Myanmar NOM

Repost from NOM
ရုရှားလက်ရွေးစင်ဘောလုံးအသင်းကို နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေမှာ ပါဝင်ခွင့်တားမြစ်ထားမှုကို‌ ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့တဲ့
ရုရှားလက်ရွေးစင်ဘောလုံးအသင်းကို နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေမှာ ပါဝင်ခွင့်တားမြစ်ထားမှုကို‌ ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနိုကို ယူကရိန်းက သူတို့ရဲ့ Kill List (သတ်ဖြတ်မယ့်သူများစာရင်း) မှာ ထည့်သွင်းလိုက်ပါတယ်။ News Of Myanmar NOM

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည် နိုင်ငံ့ဝ
+2
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအားအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကာ သမိုင်းကြောင်းအရ နိုင်ငံ့ဝန်ထမ်းအချို့၏ စီးပွားရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်၍ မသမာမှုများဆောင်ရွက်ခဲ့ကြခြင်းသည် တိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။ ထို့ပြင် ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပြဋ္ဌာန်းထားပြီးဖြစ်ကာ ပုလဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့အစည်းစွဲများနှင့် နိုင်ငံ့ဝန်ထမ်းဆောင်ရွက်ပါက Good Governance ၊Good Goverment မဖြစ်နိုင်ကြောင်း ၊နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲ ခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရမည်ဟု ပြောသည်။ ထို့အတူ မိမိတို့ ၂၀၂၁ ခုနှစ် စတင်တာဝန်ထမ်းဆောင် ခဲ့ရချိန်တွင် ဝန်ထမ်းအများစုလုပ်ငန်းခွင်စွန့်ခွာမှုများ လုပ်ဆောင်ခဲ့ကြသည့် အခက်အခဲ၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် ကိုဗစ်-၁၉ ရောဂါအပါ အဝင် သဘာဝဘေးကြုံတွေ့ရမှုအကြပ်အတည်းများကြားမှလက်ရှိအခြေအနေအထိ နိုင်ငံတော်ကို တည် ဆောက်ခဲ့ရခြင်းဖြစ်၍ နိုင်ငံသားများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ တိုင်းချစ်ပြည်ချစ်စိတ်များကို တည်ဆောက် ပေးရမည်ဟု ပြောသည်။ နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်၏ဖြစ်တည်မှုပထ ဝီဝင်အနေအထားများနှင့် အမျိုးသားရေးစရိုက်လက္ခ ဏာများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သည့် အမျိုးသားရေးလက္ခဏာများ၊ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော် အလံ၊ နိုင်ငံတော်သီချင်းတို့အပါအဝင် အထွတ်အ မြတ်ထားရမည်များကို လေးစားတန်ဖိုးထားချစ်မြတ် နိုးရန်လိုသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ News Of Myanmar NOM

Repost from NOM
နော်ဝေပါလီမန်ဟာ ဘုရင်စနစ်ကို ထိန်းသိမ်းထားဖို့အတွက် မဲပေးရွေးချယ်လိုက်ပါတယ်။ ဘုရင်စနစ်ကို ဖျက်သိမ်းကာ သမ္မတနိုင်ငံအဖြစ်ဆီ ကူး
+1
နော်ဝေပါလီမန်ဟာ ဘုရင်စနစ်ကို ထိန်းသိမ်းထားဖို့အတွက် မဲပေးရွေးချယ်လိုက်ပါတယ်။ ဘုရင်စနစ်ကို ဖျက်သိမ်းကာ သမ္မတနိုင်ငံအဖြစ်ဆီ ကူးပြောင်းဖို့အတွက် အဆိုပြုချက်ဟာ Epstein နဲ့ အိမ်ရှေ့မင်းသမီးတို့ရဲ့ ဆက်နွယ်မှု၊ နော်ဝေမင်းသားရဲ့ မုဒိမ်းကျင့်မှုအပါအဝင် အခြားရော ရာဇဝတ်မှုတွေကြောင့် တရားစွဲဆိုခံထားရမှုတွေနဲ့အတူ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ News Of Myanmar NOM

Repost from NOM
တူရကီပိုက်လိုင်းတွေကတဆင့် ဥရောပဟာ ရုရှားရဲ့ ဓါတ်ငွေ့တင်သွင်းမှုတွေကို တိုးမြှင့်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
တူရကီပိုက်လိုင်းတွေကတဆင့် ဥရောပဟာ ရုရှားရဲ့ ဓါတ်ငွေ့တင်သွင်းမှုတွေကို တိုးမြှင့်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ဇန်နဝါရီလအတွင်းက ဥရောပဟာ တူရကီပိုက်လိုင်းတွေကတဆင့် ရုရှားဓါတ်ငွေ့ ၁၀.၃% ကို ပိုမိုတင်သွင်းခဲ့ကာ ပြီးခဲ့တဲ့နှစ်ရဲ့ ၁.၅၇ ဘီလီယံကုဗမီတာနဲ့ နှိုင်းယှဉ်ရင် ၁.၇၃ ဘီလီယံကုဗမီတာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပျမ်းမျှနေ့စဉ်ပို့ဆောင်မှုဟာ ၂၀၂၅ ဒီဇင်ဘာလရဲ့ အဆင့်အတိုင်း ရှိနေခဲ့ပါတယ်။ ယူကရိန်းကတဆင့် ဖြတ်သန်းပို့ဆောင်မှု ရပ်ဆိုင်းခဲ့ပြီးနောက် တူရကီက ဥရောပဆီ ရုရှားဓါတ်ငွေ့ထောက်ပံ့မှုရဲ့ တခုတည်းသော လမ်းကြောင်း ဖြစ်လာခဲ့တာပါ။ News Of Myanmar NOM

"လစ်ဗျားခေါင်းဆောင်ဟောင်း ဂဒါဖီ၏သားဖြစ်သူ ဆာအိဖ်အယ်လ်အစ္စလမ် ဂဒါဖီ လုပ်ကြံသတ်ဖြတ်ခံရ" လစ်ဗျားခေါင်းဆောင်ဟောင်း မူအမ်မာဂဒါဖီ၏သ
+1
"လစ်ဗျားခေါင်းဆောင်ဟောင်း ဂဒါဖီ၏သားဖြစ်သူ ဆာအိဖ်အယ်လ်အစ္စလမ် ဂဒါဖီ လုပ်ကြံသတ်ဖြတ်ခံရ" လစ်ဗျားခေါင်းဆောင်ဟောင်း မူအမ်မာဂဒါဖီ၏သားဖြစ်သူသည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း၌ လူလေးဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကို ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူများမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဆာအိဖ်အယ်လ်အစ္စလမ် ဂဒါဖီအား သတ်ဖြတ်မှုသည် ဇင်တန်မြို့ရှိ ၎င်း၏နေအိမ်တွင် အမည်မသိလူလေးဦးက ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ နေအိမ်ရှိ လုံခြုံရေးကင်မရာများကို ဖြတ်တောက်ပြီးနောက် ဇင်တန်မြို့ရှိ နေအိမ်၌ပင် ဆာအိဖ်အယ်လ်အစ္စလမ် ဂဒါဖီ လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် လွန်ခဲ့သောနှစ်များစွာကတည်းက သမ္မတဖြစ်ရန် ရည်မှန်းချက်ရှိခဲ့သူတစ်ဦးလည်း ဖြစ်သည်။ News Of Myanmar NOM

ကသာမြို့အတွင်း ပြန်ဝင်မည့် ပြည်သူများကို ပစ်သတ်မည်ဟု PDF အကြမ်းဖက်သမားများက ခြိမ်းခြောက် News Of Myanmar NOM
ကသာမြို့အတွင်း ပြန်ဝင်မည့် ပြည်သူများကို ပစ်သတ်မည်ဟု PDF အကြမ်းဖက်သမားများက ခြိမ်းခြောက် News Of Myanmar NOM

🇮🇷✈️🇺🇸 အာရေးဘီးယားပင်လယ်အတွင်း အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln ကို​ စောင့်ကြည့်နေသည့် အီရန် ရှာဟစ်-၁၃၉ အမျို
🇮🇷✈️🇺🇸 အာရေးဘီးယားပင်လယ်အတွင်း အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln ကို​ စောင့်ကြည့်နေသည့် အီရန် ရှာဟစ်-၁၃၉ အမျိုးအစား မောင်းသူမဲ့ဒရုန်းတစ်စင်းကို အမေရိကန် F-35 တိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့ပြီးနောက် အီရန်က အမေရိကန်လေယာဉ်တင်သင်္ဘောကို စောင့်ကြည့်ရန်အတွက် နောက်ထပ် မောင်းသူမဲ့ဒရုန်း စေလွှတ်ထားကြောင်းသိရသည်။ News Of Myanmar NOM

💥💥💥 🇺🇸✈️🔥✈️🇮🇷 အီရန် ရှာဟစ်- ၁၃၉ အမျိုးအစား မောင်းသူမဲ့ဒရုန်းဟာ USS Abraham Lincoln လေယာဉ်တင် သင်္ဘောဆီသို့ တိုက်ရိုက်
💥💥💥 🇺🇸✈️🔥✈️🇮🇷 အီရန် ရှာဟစ်- ၁၃၉ အမျိုးအစား မောင်းသူမဲ့ဒရုန်းဟာ USS Abraham Lincoln လေယာဉ်တင် သင်္ဘောဆီသို့ တိုက်ရိုက်ဦးတည်ပျံသန်းလာသောကြောင့် အမေရိကန် F-35 တိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ News Of Myanmar NOM

💥💥💥 🇺🇸❗️🇮🇷 အာရေးဘီးယားပင်လယ်အတွင်း USS Abraham Lincoln လေယာဉ်တင်သင်္ဘောကို စောင့်ကြည့်နေသည့် အီရန်မောင်းသူမဲ့ ဒရုန်းတစ်စင်းကို အမေရိကန်ရေတပ်က ပစ်ချလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ News Of Myanmar NOM

ဘယ်လ်ဂျီယမ်ဝန်ကြီးချုပ်ကဥရောပငမဂ္ဂ၏လူဝင်မှုကြီးကြတ်ရေးစနစ်မှားယွင်းကြောင်းပြော NOM ဥရောကသမဂ္ဂသည်တရားမဝင် ဝင်ရောက်လာသူများကိုဆွဲဆောင်သည့်မှားယွင်းသည့်လူဝင်မှုကြီးကြတ်ရေးစနစ်ကိုကျင့်သုံးခဲ့သည်။ဥရောပသည်အလွန်မှားယွင်းခဲ့သည်။ယခုအချိန်ကစပြီးမှစပြီးမှန်ကန်စွာရောက်ရှိလာသူမိားကိုသာဆွဲဆောင်မည့်လူဝင်မှုကြီးကြတ်ရေးစနစ်ကိုပြင်ဆင်ရတော့မည်ဟုဘယ်လ်ဂျီယမ်ဝန်ကြီးချုပ်ကစျေးပေါသောအလုပ်သမားရလိုမှုဖြင့်တရားမဝင်လာရောက်သူများကိုလက်ခံခဲ့မှုနှင့်ပတ်သက်ပြီးဝန်ခံလိုက်သည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား သုံး ဦး မြန်မာ-ထိ
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား သုံး ဦး မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ် ဖေဖော်ဝါရီ ၃၊ ၂၀၂၆ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဆီရီရာလီယွန်နိုင်ငံသားနှစ်ဦးနှင့် ရုရှားနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသားသုံးဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ Counsellor Mr. Ilyn Ilia နှင့် တာဝန်ရှိသူများ၊ ဆီရီရာလီယွန်နိုင်ငံမှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရှမ်းနီအမျိုးသမီးငယ်(၁၂) ဦး ရုပ်အလောင်းကို ဗန်းမောက်ဘုန်းတော်ကြီးကျောင်း ကုဋီအတွင်း နှင့် မြနန္ဒာရပ်ကွက် နှင်းစက်ဝါစားသောက်ဆိုင် အတွင်းတွေ့ရှိရပြီးနောက် ကချင်အကြမ်းဖက် KIA နှင့်လက်အောက်ခံကတူးတပ် NUG /Pdf များရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦး၏ Message တစ်စောင်ကို Shanni Empire Chat box မှ ဇန်နဝါရီ 29 ရက် နေ့မှာ လက်ခံရရှိထားခဲ့ပါတယ်။ "ရှမ်းနီတိုင်းရင်းသူ ၁၂ဦး သတင်းကြားမိတော့ ကျွန်မအနေနဲ့ ပထမဦးဆုံး စိတ်မကောင်းဖြစ်ရပါတယ်။ ဒုတိယအနေနှင့် ဗန်းမောက် နှင်းစက်ဝါ မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ် ကိုလည်း ပြန်အမှတ်ရမိပါတယ် ။ ပြောသင့်မပြောသင့် ရေးသင့်မရေးသင့် အချိန်တော်တော်ကြာ စဥ်းစားခဲ့ရပါတယ် ။ ကျွန်မဟာ အသက် ၃၁ နှစ်အရွယ် အိမ်ထောင်ကွဲ အမျိုးသမီးပါ။ ကိုယ်ကိုလည်း မသတီတော့ သလို ဂုဏ်သိက္ခာမရှိတော့တဲ့ အမျိုးသမီးတစ်ယောက်လိုလည်း အခုအချိန်ထိ ခံစားနေရတုန်းပါ။ ဒါပေမယ့် ရှမ်းနီကလေးမလေးတွေ ရဲ့ ရုပ်အလောင်းတွေတွေ့တယ်ဆိုတော့ ပိုပြီးတော့ စာနာမိပြီး ကျွန်မပြောကို ပြောမှ ရမယ်ဆိုတဲ့ သတ္တိကိုမွေးပြီး ရေးထားတာပါ။ ၂၀၂၅ မတ်လ လောက်ကတည်း ကလောက် ဗန်းမောက် ရွှေမျောတစ်ခုမှာ စားဖိုမ အနေနှင့် အလုပ်လုပ်ခဲ့ရပါတယ်။ KIA ရော တော်လှန်ရေး တပ်တွေရော ကျွန်မတို့ရွှေမျောကို နိုဝင်ဘာလလယ် ညပိုင်း ဝင်သိမ်းတော့ ကျွန်မရယ် ညဆိုင်း ဆင်းတဲ့ ရွှေမျော လုပ်သား ၅ယောက်ရယ် ချောဆွဲခံခဲ့ရပါတယ် ။ ရွှေမျောလုပ်သား ၅ ယောက်ကို ဘယ်ကိုခေါ်သွားမှန်းမသိပေမယ့် ကျွန်မကိုတော့ အခု ရှမ်းနီကလေးမလေးတွေ အ-တ်ခံရတဲ့ နှင်းစက်ဝါ စားသောက်ဆိုင်ထဲမှာ မျက်လုံးစည်းပြီး အဝတ်ဗလာ နှင့် ထားပါတယ်။ ပထမညကတည်းက ဒူဝါလေးအတွက် အခန်းထဲမှာ လက်ဆောင် ရှိတယ်ဆိုတဲ့ အသံကိုကြားရပါတယ်။ တစ်ကိုယ်လုံးကို တစ်ညလုံး ကြိုးပြားလိုဟာနဲ့ ရိုက်ခံရပါတယ် ။ ဆဲသံကြားရင်ပိုရိုက်ပါတယ် ။ တစ်ညလုံး လိုလို နားနဲမနာ ဖဝါးနှင့်နာကြပါ။ ပြန်တွေးကြည့်ရင် ငိုချင်တာတွေရော ကိုယ်ကို့ကိုယ် မသတီတော့တာတွေရော ။ ရက်တော်တော်ကြာ အဲ့ဒီလို ရင်ဆိုင်နေရပါတယ်။ ထမင်းပုံမှန်တော့လာကျွေးပါတယ်။ နောက်ပိုင်း ကျွန်မဘက်ကနေ သူတို့ပျော်အောင် နေပေးပြီး အေးဆေးစကားပြောရင်း ဗန်းမောက် နားမော်၊ အလယ်ကျင်း ဘက်တွေ သူတို့နှင့်လိုက်ခွင့်ရခဲ့ပါတယ် ။ ဗန်းမောက်စောင့်တဲ့ ရဲဘော်တွေနှင့် အခြား ရဲဘော်တွေနဲ့လူချိန်းတဲ့အချိန် လိုက်ရပါတယ်။ ပြီးတော့ ကျွန်မရဲ့ သမီးအရွယ် ၂ ယောက်လောက်ကို ကျွန်မနေခဲ့ရတဲ့ အခန်းထဲကို မျက်လုံးစည်းပြီး အတင်းတွန်းဝင်နေတဲ့ ပုံရိပ်တွေကို မြင်ခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်း ဝန်းသိုကိုရောက်အောင် အရမ်း ကြိုးစားခဲ့ရတယ် ။ဝန်းသိုကနေမှ ရွှေဘို ။ ရွှေဘိုကနေမှ ကျွန်မရဲ့ မွေးရပ်မြို့ကို ပြန်ရောက်နေပါပြီ ။ အဲ့ဒီ နားမော်တို့ အလယ်ကျင်းတို့ထိ သူတို့နှင့် လိုက်ရတဲ့အချိန် ဖုန်းပေးမကိုင်ပါဘူး ။ ဘယ်ကိုရောက်ရောက် မျက်နှာက ဒါဏ်ရာတွေကို ဘာဖြစ်လဲမေးရင် ရှမ်းနီ SNA တွေရိုက်ထားတာလို့ ဖြေရပါတယ် ။ အလယ်ကျင်း ရွာက အစ်ကိုတစ်ယောက်ကို ကျွန်မ ကျေးဇူးအများကြီးတင်ပါတယ် ။ ပြီးတော့ ဒါယူး က ကောင်လေးတွေရော ဝန်းသိုကိုရောက်ဖို့ ရွာခံကလေးတွေ အများကြီး ကူညီခဲ့ကြပါတယ်။ ကျွန်မကို ဂရုစိုက်ကူညီပေးခဲ့ကြတဲ့ ဗန်းမောက် အလယ်ကျင်း၊ နားမော် ၊ ဒါယူး က မောင်လေးတွေကို ဘယ်တော့မှ မမေ့ပါဘူး ။ အခြေအနေပေးလို့ အဲ့ဒီမောင်လေးတွေ နှင့် ပြန်တွေ့ခွင့်ရရင် အများကြီးကျေးဇူးဆပ်ချင်သေးပါတယ်။ အသက်မပြည့်သေးတဲ့ ရှမ်းနီကလေးမလေးတွေလည်း ကောင်းရာ မွန်ရာဘဝရောက်ပါစေလို့ ကျွန်မဆုတောင်းပါတယ် ။ ပြီးတော့ ဒီလိုခေတ်ပျက်ကြီးထဲမှာ ဘယ်တော့မှ မမွေးဖွားပဲ မွေးဖွားခဲ့ရင်လည်း ပတ်ဝန်းကျင်ကောင်းကောင်းမှာ ရှင်သန်နိုင်ကြပါစေလို့ ကျွန်မနေ့စဥ် ဆုတောင်းပါတယ်။ ဒါယူးက မောင်လေး တစ်ယောက်ခေါ်တဲ့ မဖြူအေး ဆိုတဲ့ နာမည်လေးနှင့်ပဲ မိဘတွေနဲ့ အေးအေးချမ်းချမ်း နေနေပါတယ် ။ နာမည်ဟောင်းတွေရော ဖြစ်ခဲ့သမျှတွေရော အကုန်လုံးကို မေ့ထားချင်ပါတယ်။ ရှမ်းနီကလေးမလေးတွေအတွက် ရည်စူးပြီးတော့လည်း အလှူတန်းလေး လုပ်နိုင်အောင် ကြိုးစားကြည့်နေပါတယ်။" #ShanniEmpire #JusticeForWomenRight #CivilWarMyanmar

Repost from NOM
🇺🇸🇮🇶"နူရီ အယ်လ်-မာလီကီ ဝန်ကြီးချုပ် ဖြစ်လာပါက အီရတ်၏ ရေနံတင်ပို့မှုအပေါ် ဒဏ်ခတ်ပိတ်ဆို့မည်ဟု အမေရိကန် ခြိမ်းခြောက်" နူရီ အယ်လ်-မာလီကီ (Nouri Al-Maliki) သာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါက အီရတ်နိုင်ငံ၏ ရေနံတင်ပို့မှုများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မည်ဟု အမေရိကန်ပြည်ထောင်စုက ခြိမ်းခြောက်လိုက်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြသည်။ ၎င်းသည် အီရန်နိုင်ငံနှင့် "နီးကပ်လွန်းသူ" အဖြစ် သတ်မှတ်ခံထားရခြင်းကြောင့် ယခုကဲ့သို့ ခြိမ်းခြောက်ခံရခြင်းဖြစ်သည်။ News Of Myanmar NOM

Repost from NOM
🇦🇫🏥"အာဖဂန်နစ္စတန်ရှိ ဆေးတက္ကသိုလ်များတွင် တမန်တော်မြတ်၏ ဆေးပညာ (Prophetic Medicine) ဌာနများ ဖွင့်လှစ်တော့မည်" အာဖဂန်နစ္စတန
🇦🇫🏥"အာဖဂန်နစ္စတန်ရှိ ဆေးတက္ကသိုလ်များတွင် တမန်တော်မြတ်၏ ဆေးပညာ (Prophetic Medicine) ဌာနများ ဖွင့်လှစ်တော့မည်" အာဖဂန်နစ္စတန်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်ပိုင် ဆေးတက္ကသိုလ်များ၌ တမန်တော်မြတ်၏ ဆေးပညာဌာနများကို စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ ဤအစီအစဉ်ကို အစ္စလာမ္မစ်စော်ဘွားများနိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် ဟီဘာတူလာ အာခုန်ဇာဒါ (Hibatullah Akhundzada) က အတည်ပြုပေးခဲ့ကြောင်း Ariana သတင်းဌာနကဖော်ပြခဲ့သည်။ တမန်တော်မြတ်၏ ဆေးပညာသည် ရောဂါကုသမှုနှင့် ကာကွယ်မှုများအတွက် တမန်တော် မိုဟာမက် (Prophet Muhammad) ၏ လမ်းညွှန်ချက်များအပေါ် အခြေခံထားသည်။ ၎င်းသည် ရောဂါကာကွယ်ရေး၊ အစားအသောက် အတင့်အသင့် စားသုံးရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပျားရည်၊ သံလွင်ဆီ၊ စမုန်နက်အနက်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ရှားစောင်းလက်ပတ်နှင့် စင်နာ (senna) ကဲ့သို့သော ရိုးရာဆေးဖက်ဝင်ပစ္စည်းများကို အဓိကထားသည်။ ကုသမှုနည်းလမ်းများတွင် မျှော့သုံး၍ သွေးဖောက်ခြင်း၊ ခွက်ဖြင့် သွေးစုပ်ထုတ်ခြင်း (cupping)၊ မီးဖြင့် အပူပေးကုသခြင်း (cauterization) နှင့် ကုရ်အာန်ကျမ်းစာ ရွတ်ဖတ်ခြင်းကဲ့သို့သော ဝိညာဉ်ရေးရာ ကျင့်ထုံးများလည်း ပါဝင်သည်။ အဆိုပါ လမ်းညွှန်ချက်များကို ဆရာဝန်များကမဟုတ်ဘဲ တမန်တော်မြတ်၏ အကြံပြုချက်များကို စနစ်တကျ စုစည်းထားသည့် ဘာသာရေးပညာရှင်များ (Ulama) က ပြုစုခဲ့ခြင်းဖြစ်သည်။ အာဖဂန်ပညာရေးဝန်ကြီးဌာန၏ အဆိုအရ ဤဌာနသစ်များသည် ဆေးပညာရပ်ကို တိုးတက်စေရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျွမ်းကျင်သူများ လေ့ကျင့်ပေးရန် ရည်ရွယ်သည်ဟုဆိုသည်။ News Of Myanmar NOM

"ပခုက္ကူတွင် ဆန်ဆိုင်ပိုင်ရှင်ကို PDF အကြမ်းဖက်သမားများက ပြန်ပေးဆွဲရန် ကြိုးပမ်းသော်လည်း မအောင်မြင်" NOM ဖေဖော်ဝါရီ ၃၊ ၂၀၂၆ ပခုက္ကူမြို့၊ အမှတ် (၃) ရပ်ကွက်၊ထင်တန်းလမ်းပေါ်ရှိ မင်းသားဆန် ဆိုင်ပိုင်ရှင်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်၌ PDF အကြမ်းဖက်သမားများက ပြန်ပေးဆွဲရန်ကြိုးပမ်းသော်လည်း ဆိုင်ဝန်ထမ်းအမျိုးသမီး၏ ပြန်လည်တိုက်ခိုက်မှုကြောင့် ပြန်ပေးမဆွဲနိုင်ဘဲ ဆိုင်ရှိဖုန်းများနှင့် ငွေများကိုသာလုယက်သွားကြောင်းသိရသည်။ ဆန်ဆိုင်သို့ဆိုင်ကယ်နှစ်စီးဖြင့် PDF အကြမ်းဖက်သမားငါးဦးရောက်လာပြီး ဆိုင်ရှင်အမျိုးသမီးအားပြန်ပေးဆွဲရန်ကြိုးစားစဉ် ဆိုင်ဝန် ထမ်းအမျိုးသမီးက လုံးထွေးသတ်ပုတ်ခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်သမားများသည် ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ဆိုင်ရှင်ကို မဖမ်းနိုင်တော့ဘဲ ဆိုင်ရှိဖုန်းသုံးလုံးနှင့် ငွေများကိုသာ လုယက်ယူဆောင်သွားကြောင်းသိရသည်။ News Of Myanmar NOM

🇷🇺⚠️❗"ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများအတွင်း ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့များက X-32 ဒုံးကျည်ကိုအသုံးပြုလာ" လတ်တလေ
+1
🇷🇺⚠️❗"ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများအတွင်း ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့များက X-32 ဒုံးကျည်ကိုအသုံးပြုလာ" လတ်တလောတွင် ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့များသည် ကြီးမားသော လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တိုင်း X-32 ဒုံးကျည် များကို စတင်အသုံးပြုလာကြသည်။ ဤဒုံးကျည်သည် ၁ တန် (ကီလိုဂရမ် ၁၀၀၀) အလေးချိန်ရှိသော ထိပ်ဖူးတပ်ဆင်ထားသည့် အလွန် လေးလံသော သင်္ဘောဖျက်ဒုံးကျည် (Anti-ship missile) အမျိုးအစားဖြစ်သည်။ ၎င်းကို ၂၀၁၆ ခုနှစ်တွင် စစ်ဘက်၌ စတင်အသုံးပြုခဲ့သည်။ ယူကရိန်းအထူးစစ်ဆင်ရေးအတွင်း၌ ဤဒုံးကျည်များကို မြေပြင်ပစ်မှတ်များအား ထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် အဆင့်မြှင့်တင်မှုများ စတင်ပြုလုပ်ခဲ့သည်။ ယခုအခါ အဆင့်မြှင့်တင်မှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကာ အဆိုပါဒုံးကျည်များကို အမြောက်အမြား ထုတ်လုပ်နေပြီ ဖြစ်သည်။ News Of Myanmar NOM

+1
ဖေဖော်ဝါရီလ၃ရက်နိုင်ငံတကါသတင်းတိုများ NOM ၁။အမေရိကန်သမ္မတထရမ့်ကအီရန်နှင့်ညှိနှိုင်းနေကြောင်း၊အဆင်ပြေရန်မျှော်လင့်ကြောင်း၊အဆင်မပြေကဆိုးဝါးသောနောက်ဆက်တွဲများဖြစ်လာမည်ဖြစ်ကြောင်းသတင်းထောက်များကိုပြောကြားလိုက်သည်။(ဗီဒီယို) ၂။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ရုရှားကာလုံအတွင်းရေးမှူးဆာဂေးရှိုဂူနှင့်ယနေ့တွေ့ဆုံဆွေးနွေးသည်။(ဓာတ်ပုံ) ၃။စွမ်းအင်အဆောက်အဦများအပစ်အခတ်ရပ်စဲရေးပြီးဆုံးသည့်ယနေ့တွင်ရုရှားကဒရုန်းများ၊ဒုံးပျံများဖြင့်ယူကရိန်းစွမ်းအင်အဆောက်အဦများကိုပြင်းထန်စွာပြန်လည်တိုက်ခိုက်သည်။ ၄။အာဖဂန်နစ္စတန်သမိုင်းတွင်ပထမဆုံးအဖြစ်တမန်တော်ဆေးပညာကိုအစိုးရပိုင်ဆေးတက္ကသိုလ်များတွင်သင်ကြားရန်အာဖဂန်ဘာသာရေးခေါင်းဆောင်ကခွင့်ပြုလိုက်သည်။ ၅။နေတိုး၏ဥရောပတပ်မှူးဟောင်းဖြစ်သူဗိုလ်ချုပ်ကြီးကာဗိုလီကရုရှားသည်ယူကရိန်းစစ်တွင်ဥရောပနိုင်ငံများ၏ပါဝင်ပတ်သက်မှုကိုမမေ့ပဲတုန့်ပြန်လိမ့်မည်ဟုပြောလိုက်သည်။