uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 466 підписників, посідаючи 15 923 місце в категорії Новини і ЗМІ та 10 081 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 466 підписників.

За останніми даними від 02 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -216, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 9.95%. Протягом перших 24 годин після публікації контент зазвичай збирає 6.72% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 241 переглядів. Протягом першої доби публікація в середньому набирає 838 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 03 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 466
Підписники
-924 години
-217 днів
-21630 день
Архів дописів
သမ္မတ ထရမ့်သည် အမေရိကန်စစ်အခြေစိုက်စခန်းများအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရာတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများထ
သမ္မတ ထရမ့်သည် အမေရိကန်စစ်အခြေစိုက်စခန်းများအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရာတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများထံမှ ဦးစားပေးဝယ်ယူရန် အမေရိကန် စစ်ဌာန (Department of War) ကို ညွှန်ကြားသည့် အမိန့်ဒီကရီတစ်ရပ်အား လက်မှတ်ရေးထိုးလိုက်သည်။ News Of Myanmar NOM

အမေရိကန်-မက္ကဆီကို-ကနေဒါ ကုန်သွယ်ရေးသဘောတူညီချက် (USMCA) မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် (Trump) စဉ်းစားနေကြောင်း Bloomberg ဖော
အမေရိကန်-မက္ကဆီကို-ကနေဒါ ကုန်သွယ်ရေးသဘောတူညီချက် (USMCA) မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် (Trump) စဉ်းစားနေကြောင်း Bloomberg ဖော်ပြ သမ္မတ ထရမ့်ဟာ အဆိုပါ ကုန်သွယ်ရေးစာချုပ်ကနေ သူ ဘာကြောင့် "နုတ်မထွက်သင့်သလဲ" ဆိုတာကို အိမ်ဖြူတော် တာဝန်ရှိသူတွေကို သီးသန့် မေးမြန်းနေပါတယ်။ ဒီကုန်သွယ်ရေးစာချုပ်ဟာ လာမယ့် ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင်မှာ မဖြစ်မနေ ပြန်လည်သုံးသပ်ရမယ့် သတ်မှတ်ချက်ရှိနေပါတယ်။ News Of Myanmar NOM

Repost from NOM
ကျူးဘားမှာ အစိုးရအပြောင်းအလဲဖြစ်လာဖို့အတွက် ရေနံထောက်ပံ့မှုကို ပိတ်ဆို့ဖို့ ထရမ့်က စဉ်းစားနေချိန်မှာ ရုရှားက လူသားချင်းစာနာထေ
ကျူးဘားမှာ အစိုးရအပြောင်းအလဲဖြစ်လာဖို့အတွက် ရေနံထောက်ပံ့မှုကို ပိတ်ဆို့ဖို့ ထရမ့်က စဉ်းစားနေချိန်မှာ ရုရှားက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ကျူးဘားကို ရေနံထောက်ပံ့ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန်ရဲ့ တင်းကျပ်လာမှုကြောင့် ကျူးဘားမှာ လောင်စာဆီ ပြတ်လပ်မှုက ပြင်းထန်လာပြီး ရုရှားဘက်က ဒီလိုမျိုး ကူညီမယ်လို့ ပြောဆိုခဲ့ကာ မကြာခင် တင်ပို့နိုင်မယ်လို့ ကျူးဘားဆိုင်ရာ ရုရှားသံရုံးက ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

စင်ကာပူရောက် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် Walk -in စနစ်ဖြင့်ဆောင်ရွက်ပေးမည် NOM၊ဖေဖော်ဝါရီ၁၂၊၂၀
စင်ကာပူရောက် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် Walk -in စနစ်ဖြင့်ဆောင်ရွက်ပေးမည် NOM၊ဖေဖော်ဝါရီ၁၂၊၂၀၂၆ စင်ကာပူရောက်မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဆောင်ရွက်ခြင်းကို Walk -in စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံး (စင်ကာပူမြို့) ကအသိပေးထုတ်ပြန်ထား ကြောင်း သိရသည်။ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ရက်ချိန်းရယူခြင်းကို အခမဲ့စနစ်ဖြင့် ဆောင်ရွက်နေပြီး သံရုံး၏ whatapps နံပတ်များကတဆင့် ဆောင်ရွက်ပေးနေပြီး ရက်ချိန်းရယူရန်အချက်လက်များစတင်ပေးပို့သည့်နေ့မှစ၍ နှစ်ပတ်အတွင်း စိစစ်စာရင်းပြုစုပြီး ကြေညာပေးနေ ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် Walk -in စနစ်ဖြင့်လည်း ဆောင်ရွက်ပေးနေပြီး ရက်ချိန်းရယူခြင်းမပြုဘဲ Walk -in စနစ်ဖြင့် သက်တမ်း တိုးမှုများကြောင့် မလိုလားအပ်သည့် ကြန့်ကြာမှုများ တွေ့ရှိ နေရခြင်းကြောင့် အသက် (၆၅) နှစ်နှင့် အထက်ရှိသူများ၊နေထိုင်ခွင့်သက်တမ်းတိုးရန် လိုအပ်သူများ သက်တမ်း (၆) လ အောက်ကျန်ရှိနေသူများကိုသာ Walk -in စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံးက မေတ္တာရပ်ခံ အသိပေးလာခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်ရှိ Stone KTV တွင်မီးလောင်မှုဖြစ်ပွား ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ Stone KTV
ရန်ကင်းမြို့နယ်ရှိ Stone KTV တွင်မီးလောင်မှုဖြစ်ပွား ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ Stone KTV တွင်ယမန်နေ့ဖေဖော် ဝါရီ၁၁ရက်ည ၁၀နာရီ၄၃မိနစ်ခန့်ကမီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ "မီးလောင်မှုဖြစ်ပွားတဲ့အကြောင်းရင်တော့မသိသေးပါဘူးလက်ရှိစစ်ဆေးမှုတွေပြုလုပ်နေပါတယ်၊မီးလောင်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူနဲ့သေဆုံးသူမရှိပါဘူး"ဟုမီးသတ်မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊တာမွေမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ လူမှုကူညီရေးအသင်းများဖြင့်ဝိုင်းဝန်ငြှိမ်သတ်ခဲ့ရာ ည၁၁နာရီ၂၉မိနစ်တွင် မီးငြိမ်းသွားကြောင်းသိရသည်။

Repost from NOM
ဂျာမနီအစိုးရပိုင် Deutsche Bahn မီးရထားလိုင်းဟာ ဝန်ဆောင်မှုအပိုင်းမှာ အားနည်းချက်တွေ အများကြီးရှိနေတာကို ပြင်ဆင်ထိန်းသိမ်းမှု
ဂျာမနီအစိုးရပိုင် Deutsche Bahn မီးရထားလိုင်းဟာ ဝန်ဆောင်မှုအပိုင်းမှာ အားနည်းချက်တွေ အများကြီးရှိနေတာကို ပြင်ဆင်ထိန်းသိမ်းမှု မလုပ်ခဲ့ဘဲ မီးရထားလိုင်းဝန်ဆောင်မှုက ကောင်းမွန်ပြီး အချိန်မှန်ကန်တယ်ဆိုတဲ့ ကြော်ငြာအတွက် ယူရို ၇ သန်းအထိ သုံးစွဲခဲ့လို့ ဝေဖန်ခံနေရပါတယ်။ ရထားလမ်းပိုင်းတွေ ပြုပြင်ဖို့နဲ့ လုံခြုံရေးပိုင်း တိုးမြှင့်ဖို့အတွက် ငွေကြေးအခက်အခဲရှိနေတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အခုလိုမျိုး ကြော်ငြာလေးတခုစာအတွက် ယူရို ၇ သန်းအထိ သုံးစွဲခဲ့လို့ အခွန်ထမ်းပြည်သူတွေက ပြစ်တင်ဝေဖန်နေကြတာပါ။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ( ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ) News Of Myanmar NOM

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အဖွဲ့ဝင်အမျိုးသား ၁၆ ဦးတို့သည် လက်နက်၊ ခဲယမ်
+6
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အဖွဲ့ဝင်အမျိုးသား ၁၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် News Of Myanmar NOM

Repost from NOM
ဗြိတိန်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နယ်ချဲ့မှုကို ရင်ဆိုင်နေရပြီလို့ ဓါတုလုပ်ငန်းရှင်သူဌေးကြီး ဆာဂျင်ရက်ကလစ်ဖ်က ပြောဆိုလိုက
ဗြိတိန်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နယ်ချဲ့မှုကို ရင်ဆိုင်နေရပြီလို့ ဓါတုလုပ်ငန်းရှင်သူဌေးကြီး ဆာဂျင်ရက်ကလစ်ဖ်က ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရှယ်ယာတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ဗြိတိန်အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာက ဝန်ကြီးချုပ် Starmer အနေနဲ့ ဒါကို ကိုင်တွယ်သင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။ “ဗြိတိန်က နယ်ချဲ့ခံနေရတာပါ၊ အကျိုးခံစားခွင့်နဲ့ ထိုင်စားချင်တဲ့သူ ၉ သန်းလောက်ရှိနေပြီး ၂၀၂၀ တုန်းက ၅၈ သန်းပဲရှိတဲ့ လူဦးရေက ၁၂ သန်းပိုများလာပြီး အခု သန်း ၇၀ တောင် ဖြစ်နေပါပြီ၊ Starmer က လုပ်ဖို့ အခွင့်အရေးမရတာလား၊ သဘောကောင်းနေတာလားတော့ မသိဘူး၊ လမ်းမှန်ပေါ်ပြန်ရောက်ဖို့ဆို လူကြိုက်မများတာတွေလည်း သူ လုပ်ရလိမ့်မယ်’ လို့ ပြောဆိုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် သူ ကြိုးစားနေတာတွေနဲ့လည်း နှိုင်းယှဉ်ပြီး သူက ပြောခဲ့ပါသေးတယ်။ သူ့ရဲ့ ပြောဆိုမှုအပြီးမှာ Starmer က ဒါဟာ ရန်လိုတဲ့သဘောဆောင်တာကြောင့် ပြန်တောင်းပန်သင့်တယ်လို့ တုံ့ပြန်ထားပါတယ်။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၃၅ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၃၅ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ( ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၁ ရက် ) တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း News Of Myanmar NOM

တကောင်းဘက်မှာ အကြမ်းဖက်တွေ တော်တော်များများ သေဆုံးသွား တိုက်ပွဲသတင်းစုံ NOM

အကြမ်းဖက်စခန်း ၁ ခုအား စီးနင်းသိမ်းပိုက်ရရှိ (တကောင်း) ဖေ ၁၁ ရက် (ယနေ့)တွင် တကောင်းဒေသအတွင်းရှိ အကြမ်းဖက် PDF စခန်း ၁ ခုအား စ
+9
အကြမ်းဖက်စခန်း ၁ ခုအား စီးနင်းသိမ်းပိုက်ရရှိ (တကောင်း) ဖေ ၁၁ ရက် (ယနေ့)တွင် တကောင်းဒေသအတွင်းရှိ အကြမ်းဖက် PDF စခန်း ၁ ခုအား စီးနင်းသိမ်းပိုက်ရာ - (၁) အကြမ်းဖက် PDF ၅ လောင်း (၂) လက်နက်မျိုးစုံ ၈ လက် (၃) ပစ်ကျင်း/ဘန်ကာများ သိမ်းပိုက်ရရှိခဲ့သည်။ 🏆Congratulations ပါ မြန်မာ့တပ်မတော်🏆 တိုက်ပွဲသတင်းစုံ NOM

+2
ဖေဖော်ဝါရီလ၁၁ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဆော်ဒီအာရေဗျတွင် နျူကလီးယားဗုံးရှိသည့် ခိုင်မာသော ထောက်လှမ်းရေးအချက်အလက်များအီရန် ၌ရှိကြောင်း၊ အမေရိကန်ကလည်း အပြည့်အဝသိထားကြောင်း အီရန် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ တပ်မှူးဟောင်း ဟူစိန် ကနန်နီကရုပ်သံအင်တာဗျူးတွင်ပြောလိုက်သည်။ ၂။ဂါဇာကမ်းမြှောင်မြောက်ပိုင်းဘိတ်ဟန်နွန်မြို့တွင်ကျဆုံးသူများအတွက်ဟားမတ်စ်အယ်လ်ကဆမ်တပ်ဖွဲ့ကယနေ့စျာပနအခမ်းအနားလုပ်ခဲ့သည်။(ဗီဒီယို) ၃။အီရန်နိုင်ငံတွင် ယနေ့လမ်းများပေါ်၌သန်းနှင့်ချီသောပြည်သူများစုရုံးကာအစ္စလမ်မစ်တော်လှန်ရေးအောင်ပွဲနေ့ကိုဆင်နွှဲခဲ့သည်။အဆိုပါပွဲတွင်အီရန်ပြည်သူများကအမေရိကန်အလံနှင့်သမ္မတထရမ့်ရုပ်ပုံတို့ကိုနင်းခြေမီးရှို့ခဲ့သည်။(ဓါတ်ပုံ) ၄။ဂျပန်ဝန်ကြီးချုပ်ဆာနေးတာကာအီချီကရွေးကောက်ပွဲတွင်လက်ရှိအာဏာရLDPပါတီသောင်ပြိုကမ်းပြိုအနိုင်ရခြင်းသည်နိုင်ငံ၏အရေးကြီးမူဝါဒ​များပြောင်းလဲရန်ပြည်သူ၏သဘောထားကိုရခြင်းဟုပြောလိုက်သည်။(ဓါတ်ပုံ) ၅။ဟန်ဂေရီဝန်ကြီးချုပ်အော်ဘန်လာမည့်ရွေးကောက်ပွဲတွင်ရှုံးပါကယူကရိန်းသည်ဥရောပသမဂ္ဂသို့တစ်စိတ်တစ်ပိုင်းဝင်ခွင့်ရမည်ဟုအီးယူတာဝန်ရှိသူများကပြောသည်။အော်ဘန်သည်ယူကရိန်းအီးယူဝင်ရောက်ရေးကိုဗီတိုဖြင့်ပယ်ချထားသူဖြစ်သည်။

NSPNC နဲ့ NCA ၇ ဖွဲ့ တွဲ့မယ့်ကိစ္စက အလေးထား စောင့်ကြည့်ချင်စရာပဲ။ နိုင်ငံ‌ရဲ့ မြောက်ပိုင်းမှာ K3C နဲ့ NUG က alliance ဖြစ်သွား
NSPNC နဲ့ NCA ၇ ဖွဲ့ တွဲ့မယ့်ကိစ္စက အလေးထား စောင့်ကြည့်ချင်စရာပဲ။ နိုင်ငံ‌ရဲ့ မြောက်ပိုင်းမှာ K3C နဲ့ NUG က alliance ဖြစ်သွားပြီ။ NCA ၇ ဖွဲ့ထဲမှာကို RCSS ရဲ့ သဘောထားတွေကလည်း မီဒီယာတွေပေါ်ကနေ ကျွံထားတာတွေရှိတယ်။ မှတ်မှတ်ရရ နပတ က အခမ်းအနားမှာတောင် RC ဘက်က တက်တာ မတွေ့ရဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွန်းမြတ်နိုင်က ချင်း -မရာ ဘက်ကို သွားတာ ရှိတယ်။ တကယ်တော့ NCA အတိုင်း ခိုင်ခိုင်မာမာ ဆက်လျှောက်မယ် ဆိုရင် Union Accord ဖြစ်ထားတဲ့ ဟာတွေကို အဓိက ဆွဲတင်ရမှာပါပဲ။ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ထက်စာရင် အာဏာ ၃ ရပ်ကိုင်ထားတဲ့ အစိုးရဆီမှာ လုပ်ပိုင်ခွင့် အာဏာ ပိုရှိပါတယ်။ ------ ဆိုတော့ ....NCA အရွေ့ဖြစ်ချင်ရင် NCA ထဲက အဖွဲ့တွေကို သိသာတဲ့ ငြိမ်းချမ်းရေး Package မျိုး ပေးကြည့်လိုက်ပေါ့။ စိုးရိမ်တဲ့တချက်က လူမျိုးစုကို အခြေခံ ပြီး စစ်အင်အားဖွဲ့ထားတဲ့ EAO တွေအနေနဲ့ နိုင်ငံရေး လိုလားချက်ကို ဖွဲ့စည်းပုံမှာ အာမခံချက်ရရင် လက်နက်စွန့်ရမှာပါ။ လက်နက်မစွန့်ဘူး ဆိုရင်တော့ ခု လက်ရှိ TNLA သွားနေသလို ဖွဲ့စည်းပုံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားရပြီး လက်နက်ပြန်ကိုင်တာက ငြိမ်းချမ်းရေး လုပ်တယ်လို့ ပြောလို့ မရပါဘူး။ ------ နောက်ဆုံး DDR/SSR အတွက် ဗဟိုက သတ်မှတ်ထားတဲ့ လက်နက်အင်အားပါတဲ့ ပြည်နယ် ရဲမျိုးဖွဲ့စည်းတာမျိုးလောက်ပဲ အနိမ့်ဆုံး အဆင့် ခွင့်ပြုသင့်ပါတယ်။ လက်နက်လည်း ကိုင်မယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း လိုချင်တယ် ဆိုရင်တော့ ပထဝီနိုင်ငံရေးတွေ ရိုက်ခတ်လာတိုင်း၊ ပြည်ပနိုင်ငံတွေ သပ်လျှိုလာတိုင်း စစ်က ထဖြစ်ဦးမှာပါ။ နောက်...တိုင်းရင်းသားတွေ ထုံးစံအတိုင်း အကြီးဆုံးက ငြိမ်းချမ်းရေးလိုချင်ရင်တောင် နောက်လိုက်က အင်အားပြန်စုပြီး တောခိုရင် EAO တဖွဲ့ တိုးတာပဲ အဖက်တင်ပါတယ်။ ဟုတ်၊ မဟုတ် ဆိုတာ အရင် ဘိန်းဘုရင် ခွန်ဆာ လက်ထက်မှာ RC လည်း ပါလာခဲ့တာပဲ။ ခု ကရင်မှာ ဖထီး လက်ထက်အလွန် လက်ရှိ KNU ဘယ်လို ဖြစ်နေသလဲ။ ဒါတွေက မျက်မြင် သင်ခန်းစာ ယူသင့်တဲ့ အချက်ပါပဲ။ ----- ခြုံပြောရရင် ဗဟိုမှာ လုပ်ပိုင်ခွင့်တွေ အများကြီးပါပဲ။ ပြည်နယ် တခုက လက်နက်ကိုင် EAO ဆိုတာ ရည်မှန်းချက်ချင်း၊ လိုအပ်ချက်တွေ တူညီမှု မရှိတဲ့ အနေအထားမှာ All inclusive က မဖြစ်နိုင်ပါဘူး။ ဘယ်ဖက်ဒရယ် နိုင်ငံမှလည်း ဥပဒေနဲ့ အခွင့်အရေးတွေ တန်းတူ ပေးမထားပါဘူး။ သဘောက ဆန်ထွက်နေတဲ့ ပြည်နယ်ကို ဆန်အတွက် ဗဟိုက ထောက်ပံ့ကြေးဆိုပြီး ပေးမရသလိုပါပဲ။ ဒီတော့ လက်ရှိ NSPNC ကနေ ဘယ်လို အပေးအယူ ကမ်းလှမ်းမလဲ ၊ ညှိနှိုင်းကြမလဲ ။ ဒါတွေကို သဘောကျတဲ့သူက NCA ထဲ ပြန်ရောက်လာမှာပဲ။ စစ်ဖြစ်နေရင်း ပြာပုံတိုးမလား။ စားပွဲဝိုင်းပေါ်ကနေ လိုချင်တာ ညှိခွင့်ရမလား။ ဘယ်တိုင်းရင်းသားမှာ မအ နေကြပါဘူး။ အရူးကွက် နင်းနေကြလို့သာ ခေါ်မရ ဖြစ်နေကြတာပါ။ ရိုးရိုး ပြောမရရင်လည်း ဘာညှာစရာလိုလဲ၊ ဗျင်းပေါ့။ ဥပမာ ရှမ်းတောင်မှာ ဘယ်သူက ဘိန်းချက်စက်ရုံ လုံခြုံရေးယူပြီး ထုတ်နေသလဲဆိုတာ သက်သေတွေလည်း ရှိနှင့်နေပြီးသားပဲ ။ ဘိန်းနဲ့ကျားဖျန့်ဆိုတာ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုပါ။ ပြတ်သားပြဖို့ပဲ လိုတယ် ထင်ပါတယ်။ (နရီမိုး)

"အီရန်နိုင်ငံ၊ တီဟီရန်မြိုတော်တွင် ပြုလုပ်သည့် ၂၂ ဘာမန် ချီတက်ပွဲ၌ အမေရိကန် အဆင့်မြင့် တပ်မှူးကြီးများ၏ အမည်များရေးကပ်ထားသည့်
+1
"အီရန်နိုင်ငံ၊ တီဟီရန်မြိုတော်တွင် ပြုလုပ်သည့် ၂၂ ဘာမန် ချီတက်ပွဲ၌ အမေရိကန် အဆင့်မြင့် တပ်မှူးကြီးများ၏ အမည်များရေးကပ်ထားသည့် ခေါင်းတလားများကို ပြသထားစဉ်။ အဆိုပါခေါင်းတလားများတွင် အမေရိကန်ဗဟိုစစ်ဌာနချုပ်​၏ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ် ကူးပါး (အပေါ်ဆုံးခေါင်းတလား) ​၏ အမည်လည်းပါသည်ကိုတွေ့ရသည်။" News Of Myanmar NOM

Repost from NOM
အီရန်တော်လှန်ရေး နှစ်ပတ်လည်စုဝေးပွဲအတွင်း တီဟီရန်မှာ အီရန်ပြည်သူတွေက အစ္စရေးနဲ့ အမေရိကန်အလံတွေကို မီးရှို့နေခဲ့တဲ့ ဗီဒီယိုဖြစ်ပါတယ်။ News Of Myanmar NOM

ကျိုင်းတုံမြို့တွင် နည်းပညာတက္ကသိုလ်ကျောင်း ဝင်းအတွင်း မီးလောင်မှုဖြစ်ပွား NOM၊ဖေဖော်ဝါရီ၁၁၊၂၀၂၆ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို
ကျိုင်းတုံမြို့တွင် နည်းပညာတက္ကသိုလ်ကျောင်း ဝင်းအတွင်း မီးလောင်မှုဖြစ်ပွား NOM၊ဖေဖော်ဝါရီ၁၁၊၂၀၂၆ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်မွန်းလွဲ ၂ နာရီခွဲကျော်ကနည်းပညာတက္က သိုလ် ကျောင်းဝင်းအ တွင်းရှိကျောင်းသားများအိပ်ဆောင်မှအခန်း ၅ခန်းမီး လောင်ကျွမ်းခဲ့ကြောင်းတိုင်းနေနာရေး ကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ ကျိုင်းတုံမြို့လွယ်မွေလမ်းရှိ နည်းပညာတက္ကသိုလ်ကျောင်းဝင်း အတွင်း ကျောင်းများနေသည့်အိပ်ဆောင်တွင်လျှပ်စစ် ဝါယာရှော့ဖြစ်ရာမှမီးစတင်လောင်ခြင်းဖြစ်သည်။ ကျိုင်းတုံမြို့နယ် နည်းပညာတက္ကသိုလ်ကျောင်းဝင်အတွင်းရှိ ကျောင်းသားအဆောင်နှင့် စတိုးဆောင်တို့တွင် မီးလောင်မှုဖြစ်ပွားရာသို့ ကျိုင်းတုံမြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ ဝင်များ၊ ပရဟိတအသင်းများဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ကြရာ မွန်လွဲ ၃ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Repost from NOM
ပါကစ္စတန်မှာ ဖြစ်ပွားနေခဲ့တဲ့ အသေခံဗုံးခွဲမှုတွေမှာ အမျိုးသမီးတွေ ပါဝင်မှု ပိုမိုမြင့်တက်လာတယ်လို့ The Telegraph ရဲ့ ဆောင်းပါ
ပါကစ္စတန်မှာ ဖြစ်ပွားနေခဲ့တဲ့ အသေခံဗုံးခွဲမှုတွေမှာ အမျိုးသမီးတွေ ပါဝင်မှု ပိုမိုမြင့်တက်လာတယ်လို့ The Telegraph ရဲ့ ဆောင်းပါးတခုမှာ ဖော်ပြထားပါတယ်။ Baloch လွတ်မြောက်ရေးတပ်မတော် (BLA) ရဲ့ တပ်သားသစ် စုဆောင်းမှုတွေမှာ အမျိုးသမီး အရေအတွက် တိုးပွားလာပြီး အသေခံဗုံးဖောက်ခွဲမှုတွေကိုပါ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။ ဇန်နဝါရီလက လူပေါင်း ၅၈ ဦးအထိ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ အမျိုးသမီး ၆ ဦး ပါဝင်ခဲ့ပြီး ၃ ဦးက အသေခံဗုံးခွဲသမားတွေလို့ ပါကစ္စတန်အစိုးရအရာရှိ Hamza Shafaat က ပြောဆိုခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေမတိုင်ခင် မှတ်တမ်းတွေအရ ၂၀၂၂ က ပထမဆုံးတိုက်ခိုက်မှုမှာ BLA အမျိုးသမီး အသေခံဗုံးခွဲသမား ၅ ဦးရှိပြီး ဗုံးခွဲသမားဖြစ်နိုင်သူ ၃ ဦးကို စစ်ဆင်ရေးတွေမှာ ဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။ တောင်အာရှမှာ BLA က အစီစဉ်အကျဆုံးနဲ့ အဆိုးရွားဆုံးသူပုန်အဖွဲ့လို့ သတ်မှတ်ခံထားရပြိး ပါကစ္စတန် လုံခြုံရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်နေသလို အသေခံဗုံးဖောက်ခွဲမှုတွေကိုလည်း မကြာခဏ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။ အခုအခါမှာ အမျိုးသမီးတွေကို လက်နက်သစ်တခုအနေနဲ့ အသေခံဗုံးခွဲသမားတွေအဖြစ် အသုံးပြုနေပြီလည်း ဖြစ်ပါတယ်။ News Of Myanmar NOM

အသုံးချခံ ဗမာ အကြမ်းဖက် PDF တွေ Credit: U Kyaw Soe Oo

မတ္တရာမြို့နယ်၊ ရှမ်းမြောင်းကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သ
မတ္တရာမြို့နယ်၊ ရှမ်းမြောင်းကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲအချိန်၌ မတ္တရာမြို့နယ်၊ ရှမ်းမြောင်းကျေးရွာနေ ဒေါ်မော် (၅၀) နှစ်သည် ၎င်း၏နေအိမ်ရှေ့ရှိ ရေမြောင်းသို့ ပန်းကန်ဆေးရန် သွားရောက်စဉ် ရေမြောင်းအနီး အရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM