uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 402 підписників, посідаючи 15 937 місце в категорії Новини і ЗМІ та 10 119 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 402 підписників.

За останніми даними від 10 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -199, а за останні 24 години на -8, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 8.26%. Протягом перших 24 годин після публікації контент зазвичай збирає 5.89% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 024 переглядів. Протягом першої доби публікація в середньому набирає 731 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 11 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 402
Підписники
-824 години
-577 днів
-19930 день
Архів дописів
တောင်ဥက္ကလာတွင် အမှိုက်ကောက်သူနှစ်ဦး ဗုံးသီးကို ထုရိုက်ရာမှပေါက်ကွဲပြီးသေဆုံး NOM ဒီဇင်ဘာ၂၃၊ ၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ တောင
+1
တောင်ဥက္ကလာတွင် အမှိုက်ကောက်သူနှစ်ဦး ဗုံးသီးကို ထုရိုက်ရာမှပေါက်ကွဲပြီးသေဆုံး NOM ဒီဇင်ဘာ၂၃၊ ၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာ၊ (၁၄) ရပ်ကွက်၊ ကြက်မောက် (၁) လမ်း၊ အမှတ်မရှိ ကျူးကျော်အိမ်တွင် ဒီဇင်ဘာ လ ၂၂ ရက် ညနေ ၄း၁၀ နာရီအချိန်က ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ လုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးရာ အိမ်ရှေ့တွင်အမျိုးသားနှစ်ဦးသည် မျက်နှာစုတ်ပြတ်၊ ခြေလက်ပြတ်တောက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ခဲ့ရသည်။ အနီးတွင်ပေါက်ကွဲထားသည့် ၄၀ မမဗုံးသီးတစ်လုံးနှင့် မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးတွေ့သဖြင့်နေအိမ်ကိုဆက်လက်ရှာဖွေရာ ရွှံ့များပေနေသည့် မပေါက်ကွဲသေးသော ၄၀ မမဗုံးသီး ၇ လုံးထပ်မံတွေ့ရှိခဲ့သည်။ အိမ်နီးချင်းများကိုမေးမြန်းချက်အရ သေဆုံးသူနှစ်ဦးမှာ ဆိုင်ကယ်ကယ်ရီမောင်း/အမှိုက်ကောက်သူစိုးညီညီစိုး (၃၇ နှစ်)နှင့် ဖိုးဇော် (၃၀ နှစ်) တို့ဖြစ်ပြီး အမှိုက်ပုံမှကောက်လာသောဗုံးသီးများ၏ ကြေးများကိုရောင်းစားရန် ထိပ်ဖူးကိုဖြုတ်ရာမှပေါက်ကွဲသေဆုံးခြင်းဟုသိရသည်။ News Of Myanmar NOM

ရွှေပိတောက်ငါးဈေးကြီးမှ တစ်ရက်လျှင် ရေချိုထွက်ကုန် ပိဿာချိန် သုံးသိန်းခန့် ကုန်စည်စီးဆင်း ရန်ကုန် ဒီဇင်ဘာ ၂၂၊ ၂၀၂၅ ရန်ကုန်မြို့ရှိ မြို့နယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရေထွက်ကုန်များ အဓိကဖြန့်ဖြူးတင်ပို့ရာ ရန်ကုန်မြို့လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးကြီးမှ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ရေချိုထွက်ကုန်ပိဿာချိန် သုံးသိန်းခန့်ကုန်စည်စီးဆင်းလျက်ရှိကြောင်း ရွှေပိတောက်ဈေးသာယာ ရေးအဖွဲ့မှသိရသည်။ ကုန်စည်စီးဆင်းလျက်ရှိ ရန်ကုန်တိုင်း ဒေသကြီးရှိ လူဦးရေခုနစ်သန်းခန့် ရေချိုထွက်ကုန်စားသုံးနိုင်ရန်နှင့် ကျန်သောဒေသများမှ ပြည်သူများ စားသုံးနိုင်ရန် နေ့စဉ်ရွှေပိတောက် ငါးဈေးကြီးနှင့် ကြည့်မြင်တိုင် မြို့နယ်ဗဟိုစံပြငါးဈေးတို့မှ ရေထွက်ကုန်များကို ဖြန့်ဖြူးပေးလျက်ရှိရာ ယခုဆောင်းရာသီ၌ ရွှေပိတောက် ငါးဈေးကြီးမှတစ်ရက်လျှင် ရေချိုထွက်ကုန်ပိဿာချိန် သုံးသိန်းခန့်နှင့်အတူ ရေငန်ထွက်ကုန် ပိဿာချိန် တစ်သိန်းခွဲအထိ ကုန်စည်စီးဆင်း လျက်ရှိသည်။ “ပြီးခဲ့တဲ့လတွေမှာ ရေချိုကုန် အဝင်နည်းခဲ့ပေမယ့် နိုဝင်ဘာလ ဆန်းကစပြီး ကုန်အဝင်မှန်လာတယ်။ ဒီလဆိုရင် တစ်ရက်ကို ကုန်ချိန် နှစ်သိန်းခွဲ၊ သုံးသိန်းနီးပါး ပြန်ဝင်နေပါပြီ။ သူ့ရာသီဖြစ်တဲ့အတွက် ငါးမွေးကန်တွေက ငါးဖော်လာကြတယ်။ ဧပြီလအထိ ပုံမှန် ငါးအဝင်ကောင်းနေမှာပါ။ ရန်ကုန်အပြင် ပုသိမ်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ မော်လမြိုင်နဲ့ မြဝတီ အထိ ရေထွက်ကုန်တွေ စီးဆင်းနေပါတယ်။ မိုးရာသီထက်စာရင် ကုန်ပစ္စည်း ပုံမှန်ဝင်လာတဲ့အတွက် ဈေးနှုန်းနည်းနည်း အေးသွားပေမယ့် အရောင်းအဝယ် ကောင်းလာပါပြီ။ ကုန်ဝင်များရင်သာ အကြွေးစနစ်နဲ့ တင်ပို့ပေးရတဲ့ အခက်အခဲတော့ရှိတယ်။ အထူးသဖြင့် ကုမ္ပဏီတွေပါ။ ပြည်တွင်းမှာ ပုံမှန်စားသုံးမှုရှိနေတဲ့ ဈေးကွက်ထက် ငါးမြစ်ချင်းများများစားသုံးတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ငါးမြစ်ချင်းဈေးကွက် တစ်ခုပွင့်သွားမယ်ဆိုရင် မွေးမြူရေးငါးဈေးကွက် ဦးမော့လာပြီး စီးပွားရေးပိုပြီး အဆင်ပြေလာ မယ်လို့မြင်တယ်။ ကုန်ကြမ်းကနိုင်ငံထဲမှာ အဆင်သင့်ရှိနေပြီးသားပါ” ဟု ရွှေပိတောက် ငါးဈေးသာယာရေးအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်နိုင်က ပြောသည်။ အဓိကတင်ပို့လျက်ရှိ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ငါးမြစ်ချင်းများကိုရန်ကုန်မြို့ရှိ ငါးဈေးကြီး နှစ်ခုအပြင် ဘင်္ဂလားဒေ့ရှ်၊ ဒူဘိုင်း၊ ဆော်ဒီအာရေဗျ၊ ကာတာနိုင်ငံများသို့အဓိက တင်ပို့လျက်ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝယ်လက်များမှတစ်ဆင့်အခြားနိုင်ငံများသို့ ပြုပြင်ထုပ်ပိုး၍ တင်ပို့လျက်ရှိကြောင်း ရေချို/ရေငန် လုပ်ငန်းရှင်များထံမှ သိရသည်။ ရွှေပိတောက် ငါးဈေးသို့မွေးမြူရေးငါးများ ဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးမုန့်၊ တီလားဗီးယားငါးများနှင့် သဘာဝရေပြင်မြစ်၊ ချောင်းများမှ ငါးကျည်း၊ ငါးခူ၊ ငါးပြေမ၊ ငါးရံ့၊ ငါးမြွေထိုး၊ ငါးသံချိတ်အပါအဝင် ရေချိုထွက်ကုန် အမယ် ၃၀ နှင့် ရေငန်ထွက်ကုန်အမယ် ၁၅ မျိုး ဝင်ရောက်လျက်ရှိကြောင်း၊ ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးသို့ ရေချိုထွက်ကုန်အချို့နှင့် စံပြငါးဈေးဆိပ်ကမ်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ရေငန်ထွက်ကုန် မျိုးစုံဝင်ရောက်လျက်ရှိကြောင်း သိရသည်။ နေ့စဉ်ဖွင့်လှစ် ရန်ကုန်မြို့ပြ၏ ရေထွက်ကုန် စားသုံးမှုလိုအပ်ချက်ကို နေ့စဉ်ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံ၏ ရေထွက်ကုန်စီးဆင်းမှုတွင် အဓိကအခန်းကဏ္ဍ၌ ရပ်တည်လျက်ရှိသည့် ရွှေပိတောက် ငါးဈေးကြီးအား နံနက် ၃ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ်ဖွင့်လှစ်လျက်ရှိကာ ဈေးရုံ ပေါင်းခုနစ်ရုံ၊ ဆိုင်ခန်းပေါင်း ၄၄၄ ခန်း၊ ပျံကျဆိုင်ခန်းပေါင်း ၉၀ ကျော်ဖြင့် နေ့စဉ်ရေထွက်ကုန် ဝယ်ယူသူ၊ ဖြန့်ဖြူးသူ၊ ကုန်တင် ယာဉ်၊ ငါးသယ်ရေယာဉ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။

photo content

သာယာဝတီမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေး သာယာဝတီ ဒီဇင်ဘာ ၂၃၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ သာယာဝတီခရိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် သာယာဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သာယာဝတီမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ အိမ်ထောင်စုဇယာားပုံစံ (၆၆/၆) တွင် ပါရှိပြီး အသက် (၁၈)နှစ်ပြည့်၍ မှတ်ပုံတင်မပြုလုပ်ရသေးသည့်သူများ၊ (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) ခြင်းနှင့် Biometric (UID) ကတ်ပြုလုပ်ပေးခြင်းတို့ကို One Stop Service ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါဆောင်ရွက်ပေးနေမှုအား သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ သာယာဝတီခရိုင်နှင့် မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

photo content
+3

+3
ဒီဇင်ဘာ၂၃ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ကွန်ဂိုနိုင်ငံတွင်သမ္မတနှုတ်ထွက်ရန်ပြည်သူများဆန္ဒပြနေသည်။(ဗီဒီယို) ၂။တိုင်းပြည်အတွင်းမငြိမ်မသက်ဖြစ်နေမှုကြောင့်အိန္ဒိယနိုင်ငံနယူးဒေလီရှိဘင်္ဂလားဒေ့ရှ်သံရုံးသည်ဗီဇာဝန်ဆောင်မှုလုပ်ငန်းကိုယာယီပိတ်ပင်လိုက်သည်။(ဓါတ်ပုံ) ၃။အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာနက၂၀၂၆ခုနှစ်တွင်မိမိသဘောအလျောက်နိုင်ငံအတွင်းမှထွက်ခွာမည့်တရားမဝင်နေထိုင်သူများကိုတစ်ဦးလျင်ဒေါ်လာ၃၀၀၀ပေးမည်ဟုကမ်းလှမ်းလိုက်သည်။ ၄။အီရန်နိုင်ငံနေရာအနှံ့တွင်ဒုံးပျံများပစ်ခတ်စစ်ရေးလေ့ကျင့်လျက်ရှိသည်။(ဗီဒီယို) ၅။အင်ဒိုနီးရှားတွင်ရေကြီးမှုကြောင့်ပြည်သူထောင်နှင့်ချီပြီးသေဆုံးချိန်တွင်ဂါဇာသို့အင်ဒိုနီးရှားကစစ်သားထောင်ချီစေလွှတ်မည့်ကိစ္စကိုပြည်သူများအကြားမကျေနပ်မှုများမြင့်တက်လာသည်။(ဓါတ်ပုံ)

ရွေးကောက်ပွဲကျင်းပရန် ၅ ရက်သာ လိုတော့သည်။
ရွေးကောက်ပွဲကျင်းပရန် ၅ ရက်သာ လိုတော့သည်။

Repost from NOM
ပါကစ္စတန်ဟာ လစ်ဗျားအမျိုးသားတပ်မတော် (Libyan National Army ) ဆီ ဒေါ်လာ ၄ ဘီလျံတန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့
ပါကစ္စတန်ဟာ လစ်ဗျားအမျိုးသားတပ်မတော် (Libyan National Army ) ဆီ ဒေါ်လာ ၄ ဘီလျံတန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန် အရာရှိ ၄ ဦးက အတည်ပြုခဲ့ပြီး မတည်ငြိမ်မှုတွေဖြစ်နေတဲ့ မြောက်အာဖရိကနိုင်ငံဆီ ရောင်းချသွားမှာပါ။ ဒီသဘောတူညီချက်ဟာ ပါကစ္စတန်အတွက် အကြီးမားဆုံးသော လက်နက်ရောင်းချမှုဖြစ်လာမှာပါ။ ပြီးခဲ့တဲ့အပတ်က နောက်ဆုံးအကြိမ် နှစ်ဖက်ဆွေးနွေးမှုကို လစ်ဗျားနိုင်ငံက Benghazi မြို့မှာ ပါကစ္စတန်စစ်တပ်အကြီးအကဲ Asim Munir နဲ့ လစ်ဗျားအမျိုးသားတပ်မတော်ရဲ့ ဒုတိယအကြီးအကဲ Saddam Khalifa Haftar တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ရောင်းချမယ့် စစ်လက်နက်ပစ္စည်းတွေထဲမှာ ကြည်း၊ ရေ၊ လေတပ်တွေအတွက် ၂ နှစ်ခွဲအတွင်းပေးပို့သွားမှာဖြစ်ပြီး JF-17 တိုက်လေယာဉ်တွေလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။ စာချုပ်တန်ဖိုးဟာ ဒေါ်လာ ၄ ဘီလျံလို့ တာဝန်ရှိသူ ၂ ဦးက ပြောဆိုခဲ့ပြီး အခြားသူ ၂ ဦးရဲ့ ပြောဆိုမှုအရတော့ ဒေါ်လာ ၄.၆ ဘီလျံလို့ သိရပါတယ်။ NOM

Repost from NOM
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်လည်ထွက်ခွာစေဖို့အတွက် အမေရိကန်၊ အမိမြေလုံခြုံရေးဌာနက ဒေါ်လာ ၁၀၀၀ ကနေ ဒေါ်လာ ၃၀၀၀ အထိ
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်လည်ထွက်ခွာစေဖို့အတွက် အမေရိကန်၊ အမိမြေလုံခြုံရေးဌာနက ဒေါ်လာ ၁၀၀၀ ကနေ ဒေါ်လာ ၃၀၀၀ အထိ တိုးမြှင့်ပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်ခင် ပြန်လည်ထွက်ခွာမယ့် သူတွေအတွက်သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီလိုမျိုး တိုးမြှင့်ပေးချေမှာမို့ တိုင်းပြည်တွင်းကနေ ပြန်ထွက်ခွာမယ့် အရေအတွက် မြင့်မားလာမယ်လို့လည်း မျှော်လင့်နေပါတယ်။ အတင်းအကြပ် ပြန်လည်ထွက်ခွာဖို့ လုပ်ဆောင်နေရတာတွေကိုလည်း လျှော့ချနိုင်မယ်လို့ ယူဆနေပါတယ်။ NOM

Repost from NOM
ဗင်နီဇွဲလားကမ်းလွန်က ရေနံတင်သင်္ဘောတွေကို သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး ထရမ့်က : “သိမ်းဆည်းရမိထားတဲ့ ဗင်နီဇွဲလားရဲ့ရေနံတွေကို ကျွန်တော်တို့က အမေရိကန်ရဲ့ မဟာဗျူဟာမြောက် အရံရေနံအဖြစ်အသုံးချမယ်။ ဗင်နီဇွဲလားရဲ့ ရေနံတင်သင်္ဘောတွေကိုပါ ကျွန်တော်တို့ အပိုင်အဖြစ်သိမ်းထားတယ်” NOM

🏆တပ်မတော်စစ်ကြောင်းများက ဗန်းမော်ဒေသရှိ KIA သူပုန်များ အခြေပြုထားသည့်နေရာများအား ဆက်လက်သိမ်းပိုက်လျက်ရှိ🏆 ဗန်းမော်ဒေသကတော့
🏆တပ်မတော်စစ်ကြောင်းများက ဗန်းမော်ဒေသရှိ KIA သူပုန်များ အခြေပြုထားသည့်နေရာများအား ဆက်လက်သိမ်းပိုက်လျက်ရှိ🏆 ဗန်းမော်ဒေသကတော့ လုံးဝစိတ်ချရတဲ့အနေအထားပါ။ မင်းခေါင်စစ်ကြောင်း၊ ဖန်ခါးမြေစစ်ကြောင်းများကလည်း အကြမ်းဖက် KIA နဲ့ အပေါင်းအပါ သူပုန်တွေ အခြေပြုနေရာတွေကို နေ့စဉ် အနည်းဆုံး ၇ နေရာခန့် သိမ်းပိုက်ရရှိလျက် ရှိပါတယ်။ - KIA သူပုန်ခေါင်းဆောင်တွေကလည်း ရရာလူသစ်ဆွဲပြီး ဗန်းမော်ဒေသကို ပို့လျက်ရှိပြီး ပို့သလောက် မလောက်ဘူးလို့လည်း သိရပါတယ်။ တပ်ဘက်ကလည်း နေ့စဉ်နဲ့အမျှ ရှေ့တိုးလာနေတဲ့အတွက် သူပုန်ခေါင်းဆောင်တွေဟာ သူ့ဆွေမျိုး(သို့)တပည့်ရင်း KIA သူပုန်တွေကို နောက်ကို ပြန်ခေါ်ထားပြီး Icon ထဲမှာတော့ ရှေ့တန်းကျကျနေရာယူထားရတဲ့ လူသစ် KPDF တွေ စိတ်ဓာတ်မကျရအောင် သူတို့အနီးကပ်ရှိနေတဲ့ပုံစံမျိုး စုံစိနေအောင် ပြောဆိုလိမ်ညာကြတယ်။ - တကယ့်တကယ်.. ရှေ့တန်းကျကျရှိနေတာက အခုမှ ဆွဲလာတဲ့ လူသစ် KPDF တွေရယ်၊ အညာဘက်ကလာတဲ့ ဆေးစွဲ PDF တွေသာရှိပြီး KIA တွေ ခိုးဆုတ်နေတာကို မသိတော့ တပ်မတော်ရဲ့ထိုးစစ်အောက်မှာ နေ့စဉ်ချေမှုန်းခံနေရပါတယ်။ တပ်ကလည်း မထင်ရင် မထင်သလို လေကြောင်းနဲ့ပါ ဆော်နေပါတယ်။ လူလည် AA သူပုန်တွေကတော့ KIA ရဲ့ အရိပ် အခြေကိုကြည့်ပြီး ရေပုံးဆွဲ၊ သံပုရာရည်ဖျော်သလိုလို.. medical cover လိုလို.. လူနာကောက်သလိုလိုနဲ့ တဖြည်းဖြည်းချင်း ခွာနေတာ ရခိုင်ပြည်နယ်ထဲကို ရောက်တော့မယ်။ - KIA သူပုန်ခေါင်းဆောင်တွေက ရှေ့တန်းမှာ တောသီး PDF တွေနဲ့ KPDF တွေ ဘယ်လောက်သေသေ.. ဆုတ်ခွာခွင့်မပေးဘဲ စိတ်ကြွဆေးကျွေး အသေခံ ခိုင်းထားတာမှ အားမရ.. ပြန်ဆုတ်လာမှာစိုးလို့ ညောင်ပင်သာတံတား ကိုတောင် မိုင်းခွဲချိုးလိုက်ပါသေးတယ်။ ပြန်ဆုတ်မရဘဲ ကြားထဲညှပ်နေတာက ဘူမသိ..ကိုးမသိ PDF တွေပါပဲ။ - စိတ်မကောင်းပေမယ့် “ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းပဲ.. ခံကြပေါ့”လို့ မှတ်ယူလိုက်ပါတယ်။ - တိုက်ပွဲသတင်းစုံ

မဲစာရင်းကပ်ထားကြေညာခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂
မဲစာရင်းကပ်ထားကြေညာခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နှင့်
+5
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့သို့ ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာသိင်္ခ) နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ရရှိ နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၂၂

PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့သို့ ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ရရှိသည်။ နေပြည်တော်၊ ဒီဇင်ဘာလ ၂၂ ရက်

အွန်လိုင်းလိမ်လည်မှု (Telecom  Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၁၅ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသား ၁၅ ဦး ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးနိုင်ရေးအတွက်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းစံလင်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၁၃၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၁၇၄၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၃၉၀ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။ News Of Myanmar NOM

photo content
+3

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် MNDAA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူစ
+1
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် MNDAA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူစိုးရိမ်ထိတ်လန့်စေရန်ရည်ရွယ်၍ လက်လုပ်မိုင်းထောင်ဖောက်ခွဲမှုများလုပ်ဆောင် NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ လူနေထိုင်ခြင်း မရှိသော ခြံဝင်းအတွင်းရှိ မြေကွက်လပ်တွင် MNDAA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက် သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူစိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍ လက်လုပ်မိုင်းတစ်လုံးအား ဖောက်ခွဲသွားခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။ အလားတူ ည ၆ နာရီ ၅ မိနစ်အချိန်၌ လားရှိုးမြို့နယ်၊ အောင်မေတ္တာရပ်ကွက်တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ လူနေထိုင်ခြင်းမရှိသော ခြံဝင်းအတွင်းရှိ မြေကွက်လပ်တွင် MNDAA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူစိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍ လစ်ပိုအချိုရည်ပုလင်းအတွင်း ဘောစိများထည့်၍ ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား ဖောက်ခွဲသွားခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။ News Of Myanmar NOM

Repost from MWD News
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများ တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးသည်။ တာချီလိတ် ဒီဇင်ဘာလ ၂၂ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ထောင်ထားသည့် လက်လုပ်
+4
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲ NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ ဒီဇင်ဘာလ၂၁ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး (အနောက်) ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ အထက်ပန်းဆိုးတန်းလမ်းအမှတ် ၈၄ လမ်းနှင့် ၈၆ လမ်းကြားတွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းအား အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲခဲ့မှုကြောင့် လမ်းဘေးတွင် ရပ်တန့်ထားသော YGN-18 1E/7972 NISSAN TIIDA LATIO မော်တော်ယာဉ်တွင် ဝဲ/ယာဘက်မှန်တံခါး ၄ ချပ်နှင့် ယာဘက်ရှေ့/နောက်တံခါးများ၏ သံပြားအကာတို့တွင် မိုင်းပေါက်ကွဲစထိမှန်ပျက်စီးခဲ့ပြီး ဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။ News Of Myanmar NOM

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်တွင် မူလတန်းပြကျောင်းဆရာတစ်ဦးနှင့် ကျောင်းအုပ်ဆရာကြီးတစ်ဦးတို့ကို PDF အကြမ်းဖက်သမားများ
+1
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်တွင် မူလတန်းပြကျောင်းဆရာတစ်ဦးနှင့် ကျောင်းအုပ်ဆရာကြီးတစ်ဦးတို့ကို PDF အကြမ်းဖက်သမားများက သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ မြေခြားကျေးရွာနေ ဂွေးတောက်ကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာဖြစ်သူ ဦးသန်းအောင် (၅၇) နှစ်နှင့် အုံတုံကျေးရွာနေ ဂွေးတောက်ကန်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဖြစ်သူ ဦးအောင်ကျော်ဦး (၆၂) နှစ်တို့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ၎င်းတို့၏နေအိမ်အသီးသီးတွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်က ဆိုင်ကယ်လေးစီးဖြင့်ရောက်လာပြီး သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM