uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 498 підписників, посідаючи 15 920 місце в категорії Новини і ЗМІ та 10 072 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 498 підписників.

За останніми даними від 27 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -236, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 9.60%. Протягом перших 24 годин після публікації контент зазвичай збирає 6.25% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 198 переглядів. Протягом першої доби публікація в середньому набирає 780 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 28 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 498
Підписники
-724 години
-277 днів
-23630 день
Архів дописів
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဂျိုင်း(ဇာသပြင်)တံတား နှင့် အတ္ထရံတံတား ဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ် မတ် ၈၊ ၂၀၂၆ NOM
+7
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဂျိုင်း(ဇာသပြင်)တံတား နှင့် အတ္ထရံတံတား ဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ် မတ် ၈၊ ၂၀၂၆ NOM

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေတပ်သင
+8
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲ နှင့် တပ်မတော်(ရေ)စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့် မတ် ၈၊ ၂၀၂၆ NOM

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေတပ်သင
+6
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲ နှင့်   တပ်မတော်(ရေ)စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့် မတ် ၈၊ ၂၀၂၆ NOM

စက်သုံးဆီဖူလုံမှုအတွက် သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ်ရောက်ရှိ မတ် ၈၊ ၂၀၂၆ မြန်မာနိုင်ငံအနေဖြင့် တင်သွင်းထ
+1
စက်သုံးဆီဖူလုံမှုအတွက် သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ်ရောက်ရှိ မတ် ၈၊ ၂၀၂၆   မြန်မာနိုင်ငံအနေဖြင့် တင်သွင်းထားရှိပြီးသည့် စက်သုံးဆီများကို သုံးစွဲသူလက်ဝယ် အမှန်တကယ်ရောက်ရှိရေး စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း၌ စိုးရိမ်စိတ်ဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်း မဖြစ်ပေါ်စေရေးနှင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲနိုင်စေရေးတို့ကို အစီအစဉ် ရေးဆွဲကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ စက်သုံးဆီဖူလုံမှုအတွက် စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိရာ ယနေ့တွင် သင်္ဘောတင်သွင်းရောက်ရှိမှု အခြေအနေမှာ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး သင်္ဘော (၂)စီး၊ လမ်းခရီးတွင် သင်္ဘော (၄)စီး၊ ဆီတင်လျက်ရှိသည့် သင်္ဘော (၃)စီးနှင့် ဆီတင်ရန် စောင့်ဆိုင်းလျက်ရှိသည့် သင်္ဘော (၅)စီး ဖြစ်ကြောင်း သတင်းရရှိသည်။ NOM

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့အား ကလပ်စတာဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေရာအများအပြားထိမှန်ပျက်စီးပြီး ဒဏ်ရာရသူများလည်းရှိ
+7
အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့အား ကလပ်စတာဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေရာအများအပြားထိမှန်ပျက်စီးပြီး ဒဏ်ရာရသူများလည်းရှိ NOM

💧🚰 အစ္စရေးနှင့် အမေရိကန်တို့ အီရန်ရှိ ရေငန်သန့်စင်စက်ရုံများကို စတင်တိုက်ခိုက် ပြီးခဲ့တဲ့ညက အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်နိုင်ငံရှိ ရေငန်သန့်စင်စက်ရုံ (Desalination plants) တွေကို ပထမဆုံးအကြိမ် စတင်ဖျက်ဆီးခဲ့ကြပါတယ်။ အီရန်ပြည်သူတွေဟာ စစ်ပွဲမတိုင်ခင်ကတည်းက သောက်သုံးရေ ပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးဟာ ရေအရင်းအမြစ်တွေကို ပစ်မှတ်ထားတိုက်ခိုက်လာပြီး မနေ့က အီရန်နိုင်ငံ၊ ကက်ရှ်မကျွန်း (Qeshm) ရှိ ရေငန်သန့်စင်စက်ရုံကို တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ဘာရိန်းနိုင်ငံရှိ ရေငန်သန့်စင်စက်ရုံတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အီရန်ရဲ့ အခြေအနေက တောင်ပိုင်းဒေသတွေကလွဲလို့ ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ကာတာ - သောက်သုံးရေ ၁၀၀ % ကို ရေငန်သန့်စင်စနစ်မှရရှိသည်။ ကူဝိတ်နှင့် ဘာရိန်း- ၉၀ % ရရှိသည်။ အိုမန် - ၈၆% ခန့် ရရှိသည်။ ဆော်ဒီအာရေဗျ: ၇၀ % ရရှိသည်။ အီရန် - စုစုပေါင်း သောက်သုံးရေရဲ့ ၃၀ % ခန့်ကိုသာ ရေငန်သန့်စင်စက်ရုံတွေကနေ ထုတ်ယူသုံးစွဲနေတာဖြစ်ပါတယ်။ NOM

ကနီမြို့နယ်၊ နတ်လာပို့ရွာအလှူကိုစစ်တပ်က လက်နက်ကြီးနဲ့ပစ်၊ ဒရုန်းနဲ့ဗုံးကြဲလို့ကျောင်းထိုင် ဆရာတော်၊ မောင်ရှင်လောင်းအပါအဝင် ၇
ကနီမြို့နယ်၊ နတ်လာပို့ရွာအလှူကိုစစ်တပ်က လက်နက်ကြီးနဲ့ပစ်၊ ဒရုန်းနဲ့ဗုံးကြဲလို့ကျောင်းထိုင် ဆရာတော်၊ မောင်ရှင်လောင်းအပါအဝင် ၇ ဦး သေဆုံးဟု မဟုတ်မမှန် သတင်းများ ရေးသား ဖြန့်ဝေလျက်ရှိ မတ် ၈၊ ၂၀၂၆ NOM

စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက်အကြောင်းပြု၍ ယာဉ်ထိန်းရဲများ၏ ငွေညှစ်တောင်းယူမှုများ ပိုမိုဆိုးရွားလာနေဟုဆိုကာ မဟုတ်မမှန်သတ
စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက်အကြောင်းပြု၍ ယာဉ်ထိန်းရဲများ၏ ငွေညှစ်တောင်းယူမှုများ ပိုမိုဆိုးရွားလာနေဟုဆိုကာ မဟုတ်မမှန်သတင်းများ ဝါဒဖြန့်ချိလျက်ရှိ မတ် ၈၊ ၂၀၂၆ NOM

အီရန်စစ်ပွဲကြောင့် ရေနံကဏ္ဍမှာ ကမောက်ကမတွေဖြစ်ပြီး ဒီအပတ်မှာလည်း ဓာတ်ဆီဈေးတွေဟာ အဆမတန် ထိုးတက်နေဆဲဖြစ်ပါတယ်။ ဗီဒီယိုကတော့ ဓါတ်ဆီဈေးတွေတက်လာလို့ ထရမ်နဲ့ သူ့ရဲ့ ဇီယွန်ဝါဒီ မဟာမိတ်ကို ပြည်သူတစ်ဦးကဆဲဆိုနေတာဖြစ်ပါတယ်။ NOM

ယူအေအီးရောက် မြန်မာများ ပြန်လာလိုပါက သံရုံးသို့ အကူအညီတောင်းခံနိုင် မတ်၈၊၂၀၂၆
ယူအေအီးရောက် မြန်မာများ ပြန်လာလိုပါက သံရုံးသို့ အကူအညီတောင်းခံနိုင် မတ်၈၊၂၀၂၆

“သတိပြုရမည့် သူလျိုစိမ့်ဝင်မှုများ ….” ============= ◾️ ကမ္ဘာပေါ်မှာရှိတဲ့ ထောက်လှမ်းရေးအဖွဲ့ထဲမှာ ဘယ်သူအားအကောင်းဆုံး လဲမေးရင်… နိုင်ငံတိုင်းမှာ သူ့အနေအထားနဲ့သူရှိတယ်ဆိုပေမယ့် စွမ်းဆောင်နိုင်မှုအရ လက်ချိုးရေလို့ ရတဲ့အဆင့်မှာ လက်ညိုးထိုးပြစရာ သိပ်များများစားစားမရှိနေဘူး။ အဲ့ဒီထပ်တန်းအဆင့် ထောက်လှမ်းရေးအဖွဲ့ထဲမှာ အစ္စရေးရဲ့ မော့ဆက်ကလည်း တစ်ခုအပါအဝင်လို့ ပြောလို့ ရတယ်။ ----------- ◾️ ပထမဆုံး Qaani အကြောင်းမပြောခင်…၂၀၀၇ ခုနှစ်တုန်းက အရင် IRGC ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ယောက် တူရကီမှာ ပျောက်ဆုံးသွားခဲ့တဲ့ကိစ္စတွေ၊ ၂၀၀၈ ခုနှစ်မှာ ဒက်မက်စက္ကပ်မှာရှိတဲ့ ဟစ်ဇ်ဘိုလာအကြီးတန်း ဗိုလ်ချုပ် လုပ်ကြံခံလိုက်ရတဲ့ ကိစ္စတွေ၊ ၂၀၁၈ မှာ အီရန်ရဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေ အသတ်ခံလိုက်ရတဲ့ ကိစ္စတွေ၊ ၂၀၂၀ ဘက်ကဒက်မှာ ဒရုန်းတိုက်ခိုက်တာကြောင့် IRGC ဗိုလ်ချုပ်တွေ လုပ်ကြံခံလိုက်ရတဲ့ ကိစ္စ တွေ၊ ၂၀၂၄ မှာ ဟားမတ်စ် နိုင်ငံခြားရေးအကြီးအကဲနဲ့ လက်ရှိ ခါမေနီတို့ အုပ်စုလိုက် သေဆုံးတဲ့အထိ အစ္စရေးဘက်က ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ တော်ရုံ ထောက်လှမ်းရေး အစွမ်းအစကြောင့်တော့ မဟုတ်နေဘူး။ နိုင်ငံတစ်နိုင်ငံက ထိပ်တန်းဗိုလ်ချုပ်အဆင့် အထိ နှစ်ရှည်လများ မွေးမြူ/ဝယ်ယူထားပြီး စိမ့်ဝင်ထားနိုင်တဲ့ အစ္စရေးရဲ့ စွမ်းဆောင်မှု တစ်ခုလို့သာ ပြောရမှာပါပဲ။ ---------- ◾️ ဒီတော့ အီရန်ကိစ္စထက် ကိုယ်တွေနိုင်ငံမှာရော ဒီလိုဖြစ်စဉ်တွေ ရှိလာနိုင်သလား ဆိုတာ ပြန်ဆန်းစစ်ဖို့ လိုလာခဲ့ပြီ။ တပ်မတော်ရဲ့ ထိပ်တန်းလျို့ဝှက်အကြောင်းအရာတွေ၊ ကြေးနန်းစာတွေနဲ့ တပ်တည်/တပ်လှုပ်တွေကို အကျင့်ပျက်မီဒီယာတွေကို ပုဂ္ဂိုလ်ရေး မကျေနပ်ချက်အရတောင် ရောင်းစား/ပေးပို့နေသူတွေကို သေချာစိစစ်ဖို့ လိုအပ်ပါလိမ့် မယ်။ နောက်တစ်ခုက အကျင့်ပျက်တဲ့ ဝန်ထမ်းတွေရဲ့ နိုင်ငံတော်အပေါ် သစ္စာမဲ့မှုတွေကို လည်း မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ ၂၀၂၁ အရေးအခင်းမှာ CDM လုပ်သွားကြတဲ့ ဝန်းထမ်းတွေထဲ ပြင်ပနိုင်ငံရေးဖိအားကြောင့်၊ အများယောင်လို့ လိုက်ယောင်လိုက်ရပါတယ်ဆိုသူတွေက ရာနှုန်းအနည်းငယ်လောက်ပါပဲ။ အဓိကအနေနဲ့ လက်ရှိ ခံဝန်ထိုးပြီး ပြန်ဝင်တဲ့သူတွေက ပိုအရေးကြီးတယ်။ --------- ◾️ သေချာတာကတော့ တပ်မတော်ရဲ့လုံခြုံရေး အတွင်းစည်းအတွက် Background Check တာကို ပိုပြီး အနုစိတ်ရတော့မယ်။ အရေးပါတဲ့ လျှို့ဝှက်အဆင့်တွေကို လိုအပ်သူ လောက်ပဲ အသိပေးပြီး Scope ကျဉ်းအောင် လုပ်တာမျိုး၊ သစ္စာရှိဖို့ ဆုပေး/ဒဏ်ပေး စနစ် တွေ အားကောင်းအောင် လုပ်ရတော့မယ်။ ဒါတွေကို ကာကွယ်နိုင်ဖို့ အချိန်ယူပြီး စိစစ်တာ၊ တာဝန်ပေးအပ်ပြီး ယုံကြည်မှု တည်ဆောက်ကြည့်တာ၊ တစ်ဆက်တည်း စနစ်တကျ စောင့်ကြည့်တာမျိုးနဲ့ပဲ ထိန်းချုပ်နိုင်လိမ့်မယ်။ ခံဝန်ထိုးပြီး ပြန်ဝင်လာတဲ့ သူတွေကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အရေးပါတဲ့ တာဝန်တွေ ချက်ချင်း ပေးတာမျိုး ရှောင်ကျဉ်သင့်တယ်။ သောင်းဂဏန်း၊ သိန်းဂဏန်းလောက်ရရင်တောင် လူသတ်/ဗုံးခွဲဖို့ ဝန်မလေးတဲ့ ကိုယ်တွေနိုင်ငံတွေအတွက် အမြဲသတိ၊ အသိရှိနေမှ တော်ကာ ကြလိမ့်မယ်။ (နရီမိုး) https://t.me/Nyemoee

Repost from NOM.World News
နော်ဝေနိုင်ငံ၊ အော်စလိုမှာရှိတဲ့ အမေရိကန်သံရုံးမှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး အနည်းငယ်ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာရတာမျိုး
နော်ဝေနိုင်ငံ၊ အော်စလိုမှာရှိတဲ့ အမေရိကန်သံရုံးမှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး အနည်းငယ်ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ နော်ဝေအာဏာပိုင်တွေကို ကိုးကားပြီး Reuters က ဖော်ပြခဲ့ပါတယ်။ အော်စလိုအနောက်ပိုင်းက သံရုံးဝင်းအနီးမှာ ဒေသစံတော်ချိန် မနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့တာပြီး မီးခိုးတွေထွက်လာတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာကို စုံစမ်းနေဆဲဖြစ်ကာ ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုလည်း တိတိကျကျမသိရသေးဘူးလို့ အော်စလိုရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

✍️ အီရန်နိုင်ငံကို ခြွင်းချက်မရှိ လက်နက်ချဖို့ ထရမ့်ရဲ့ တောင်းဆိုမှုအပေါ် အမေရိကန်ဝါရင့်သတင်းထောက် တပ်ကာ ကာလ်ဆင် (Tucker Carlson) ရဲ့ မှတ်ချက်။ "ခြွင်းချက်မရှိ လက်နက်ချခိုင်းတယ်ဆိုတာ ခင်ဗျားတို့ရဲ့ ဇနီးမယားနဲ့ သမီးပျိုတွေကို တိုင်းတစ်ပါး စစ်သားတွေက စိတ်ကြိုက် စော်ကားဖျက်ဆီးခွင့် ပေးလိုက်တာနဲ့ အတူတူပါပဲ" ဗီဒီယိုထဲတွင် တပ်ကာကာလ်ဆင်သည် ဘယ်ဘက်။ NOM

မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် မတ် ၈၊ ၂၀၂
+1
မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် မတ် ၈၊ ၂၀၂၆ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပတ်တန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အဆိုပါကျေးရွာရှိ တလိုင်းကုန်းကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။ NOM

အီရန်ကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ ကူညီဖို့အတွက် ကူဝိတ်နိုင်ငံကို စေလွှတ်ခြင်းခံရတဲ့ နယူးယောက်ရဲအရာရှိ ဆော့ဖ်လီ
အီရန်ကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ ကူညီဖို့အတွက် ကူဝိတ်နိုင်ငံကို စေလွှတ်ခြင်းခံရတဲ့ နယူးယောက်ရဲအရာရှိ ဆော့ဖ်လီ ဒေးဗီးယပ်စ် Sorffly Davius ဟာ လေဖြတ်ပြီး သေဆုံးသွားခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်ထိမှန်လို့ သေဆုံးရတာကို တခြားနည်းနဲ့ လှည့်ပတ်ဖော်ပြနေတာ ဖြစ်ပါတယ်။ NOM

လက်ရှိဆီးရီးယားသမ္မတလုပ်နေသူ ယခင် ISIS အကြမ်းဖက်အဖွဲ့​၏ တပ်မှူးဟောင်းတစ်ဦးဖြစ်သူအား ISIS အကြမ်းဖက်အဖွဲ့က လုပ်ကြံသတ်ဖြတ်ရန်ပစ်
လက်ရှိဆီးရီးယားသမ္မတလုပ်နေသူ ယခင် ISIS အကြမ်းဖက်အဖွဲ့​၏ တပ်မှူးဟောင်းတစ်ဦးဖြစ်သူအား ISIS အကြမ်းဖက်အဖွဲ့က လုပ်ကြံသတ်ဖြတ်ရန်ပစ်မှတ်ထား ဆီးရီးယားနိုင်ငံ၏ ကိုယ့်ဘာသာကိုယ် သမ္မတအဖြစ် ခန့်အပ်ထားသူ ယခင် ISIS အကြမ်းဖက်အဖွဲ့​၏ တပ်မှူးဟောင်းဖြစ်သူအား အကာအကွယ်ပေးရန် တူရကီက ဗြိတိန်ထောက်လှမ်းရေးကို 'ပိုမိုတက်ကြွစွာ ပါဝင်ကူညီရန်' တောင်းဆိုလိုက်သည်။ ISIS အကြမ်းဖက်အဖွဲ့၏ တပ်မှူးဟောင်းဖြစ်သူ အာမတ် အယ်လ်-ရှာရာ (Ahmad al-Sharaa) (ယခင်က အဘူ မိုဟာမက် အယ်လ်-ဂျူလာနီ ဟု လူသိများသူ) သည် လက်ရှိတွင် ပြန်လည်အားကောင်းလာသော ISIS အကြမ်းဖက် အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မည့် စီမံကိန်းများတွင် ပစ်မှတ်ထားခံနေရသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်နေသည်။ NOM

🚨🇮🇷- အီရန် အမျိုးသားလုံခြုံရေးကောင်စီ (SNSC) ဥက္ကဋ္ဌ အလီလာရီဂျာနီရဲ့ ဥရောပနိုင်ငံတွေအပေါ် သတိပေးချက် "တကယ်လို့ ဥရောပနိုင်ငံတွေသာ ဒီစစ်ပွဲထဲမှာ ဝင်ရောက်စွက်ဖက်လာမယ်ဆိုရင် သူတို့ကိုလည်း ကျွန်တော်တို့ တုံ့ပြန်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။" NOM

ကနီမြို့နယ်၊ နတ်လာပို့ကျေးရွာရှိ PDF အကြမ်းဖက်သမားများကို တပ်မတော်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သမား များ သေဆုံး၊ ဒဏ်ရာရသူများရှိ မတ်လ ၈၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ နတ်လာပို့ကျေးရွာရှိ PDF အကြမ်းဖက်သမားများကို မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်၌ တပ်မတော်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် PDF အကြမ်းဖက်သမား ၅ ဦးခန့်သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့ကြောင်းသိရသည်။ NOM

မိမိနိုင်ငံရေးပါတီ၏ အကျိုးစီးပွားကိုသာ ဦးစားပေးခြင်း၊ နိုင်ငံတော်၏အကျိုးကို ဦးစားပေးမှုမရှိခြင်း၊ နိုင်ငံတော်၏အကျိုးစီးပွားကို ထိခိုက်စေနိုင်သော မမှန်ကန်သည့် မဲဆွယ်စည်းရုံးမှုများပြုလုပ်ခြင်းများနှင့် ပါတီ၏အကျိုးစီးပွားကိုသာအဓိကထားပါက နိုင်ငံ၏အမျိုးသားညီညွတ်မှုကို ပျက်စီးစေနိုင်ပါသည်။ နိုင်ငံရေးသမားများသည် ပါတီ၏အကျိုးစီးပွားကိုသာမက နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးကိုလည်း အစွမ်းကုန်ဆောင်ရွက်ရန်လိုပါသည်။ နိုင်ငံကောင်းအောင်လုပ်ပါက ကျွဲကူးရေပါဆိုသကဲ့သို့ သက်ဆိုင်ရာ ပါတီ၏ပုံရိပ်လည်းကောင်းလာမည်ဖြစ်ပါသည်။ ရွေးကောက်ခံနိုင်ငံရေးသမားများသည် ပြည်သူ့အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများကောင်းမွန်အောင် ဆောင်ရွက်ပေးပါက ပါတီ၏ပုံရိပ်လည်း အလိုလိုတက်လာပြီး အလုပ်နှင့်စည်းရုံးပြီးသားဖြစ်သွားမည်ဖြစ်ပါသည်။ နိုင်ငံရေးသမားများအနေဖြင့် အာဏာရရေးကိုသာ အဓိကထားကြိုးပမ်းလာပါက တိုင်းပြည်အတွက် ကောင်းကျိုးထက်ဆိုးကျိုးက ပိုများလာနိုင်ပါသည်။ နိုင်ငံရေးအာဏာရရန်အတွက် မဲမသမာမှုကဲ့သို့သော မသင့်လျော်သော နည်းလမ်းများကိုအသုံးပြုခြင်း၊ လူပုဂ္ဂိုလ်ကိုအစွဲပြု၍ ပြည်သူ့စိတ်ကိုလှုံ့ဆော်ခြင်းနှင့် မမှန်ကန်၊ မလုပ်နိုင်သော ကတိများပေးခြင်းတို့သည် နိုင်ငံအတွက် မှန်ကန်သောလမ်းကြောင်း ပေါ်ရောက်ရှိနိုင်သော နိုင်ငံရေးသမားများ၏အလုပ်မဟုတ်ဘဲ အာဏာရရန် ရည်ရွယ်လုပ်ဆောင်ခြင်းသာဖြစ်ပါသည်။ နိုင်ငံရေးအာဏာကိုအသုံးချ၍ ပုဂ္ဂလိကကြီးပွားချမ်းသာရေးကိုသာ ရည်ရွယ်ဆောင်ရွက်ခြင်းသည် နိုင်ငံရေးအကျင့်ပျက်ခြစားမှုကို ဖြစ်ပေါ်စေသော အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး အကျိုးအတွက် အဂတိလိုက်စားမှုများပြားလာပါက ပြည်သူ့ဘဏ္ဍာကိုဆုံးရှုံးစေပြီး ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကိုပါ ထိခိုက်စေပါသည်။ ထို့ကြောင့် နိုင်ငံရေးသမားများသည် မိမိအတွက် အခွင့်အရေးရမည်ဆိုပါက ဘနဖူးသိုက်တူးမည့်သူမျိုး၊ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုသည့် စိတ်ထားရှိသူမျိုး မဖြစ်ရန်လိုအပ်ပါသည်။ နိုင်ငံ့အရေးဆောင်ရွက်ကြသည့် နိုင်ငံရေးသမားများသည် မိမိ ပါတီကောင်းစားရေးသက်သက်ကိုသာဆောင်ရွက်ခြင်း၊ မိမိအာဏာရရေးသာ ဦးတည်ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကြီးပွားချမ်းသာရေးအတွက် အကျိုးအမြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုဘဲ တိုင်းချစ်ပြည်ချစ်စိတ်ကိုအခြေခံ၍ ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကိုဆောင်ရွက်ရန် လိုအပ်ပါသည်။ နိုင်ငံရေးစနစ်ကောင်းရှိနေသော်လည်း ထိုစနစ်ကို အသုံးချဆောင်ရွက်သူများတွင် ကိုယ်ကျင့်တရားကောင်းမွန်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပြည်သူ့အကျိုးစီးပွားကို ဦးစားပေးမှုတို့မရှိပါက နိုင်ငံရေးသည် အကျိုးမဖြစ်ထွန်းနိုင်ပါ။ နိုင်ငံရေးသမားကောင်းသည် ဥပဒေကို လေးစားလိုက်နာသူ၊ ပြည်သူ့အသံကို နားထောင်နိုင်သူ၊ ပြည်သူ့အကျိုးထမ်းရွက်သူ ဖြစ်ရပါမည်။ နိုင်ငံ့အရေးဆောင်ရွက်မည့် နိုင်ငံရေးသမားများသည် မတူညီသောအမြင်များကို ရန်သူအဖြစ်မမြင်ဘဲ နိုင်ငံ့အရေးကို အခြေခံထား၍ဆွေးနွေးညှိနှိုင်းခြင်း၊ တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွား ရှေးရှုဆောင်ရွက်ခြင်းတို့လုပ်ရန် လိုအပ်ပါသည်။ ထို့အပြင် မိမိပါတီကောင်းစားရေးအတွက်သာ ဆောင်ရွက်ခြင်း၊ မိမိနှင့်မိမိပါတီ အာဏာရရေးအတွက်သာ ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကြီးပွားချမ်းသာရေးအတွက်သာ ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံ့အနာဂတ်ကို မြော်တွေးကာ ပြည်သူ့အကျိုးစီးပွားအတွက် အစဉ်တစိုက် နိုင်ငံ့အရေးကိုကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။

တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား အမှာစကားပြောကြားရာတွင် “နိုင်ငံ့အရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းအရ နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် လူပုဂ္ဂိုလ်စွဲရှိကြသည်ကိုလည်းတွေ့ရကြောင်း၊ လူပုဂ္ဂိုလ်ကိုအစွဲပြု၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်းထက် နိုင်ငံအပေါ်အစွဲပြု၍ နိုင်ငံသားတိုင်းမှန်မှန်ကန်ကန် တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့်နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ နိုင်ငံရေးကောင်းမွန်ပါက တည်ငြိမ်မှုနှင့်တရားဥပဒေစိုးမိုးမှု အားကောင်းလာပြီး ငြိမ်းချမ်းရေးကိုလည်း အထောက်အပံ့ပြုထိန်းသိမ်းနိုင်ပါသည်။ နိုင်ငံရေးမကောင်းပါက အခွင့်အာဏာကို ကိုယ်ကျိုးအတွက် မတရားသဖြင့်အသုံးချမှုများ၊ အဂတိလိုက်စားမှုများနှင့်မညီမျှမှုများဖြစ်ပေါ်လာကာ ပြည်သူ့ယုံကြည်မှုပျက်စီးသွားနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံရေးကောင်းမွန်ခြင်းသည် အာဏာရသူများအတွက်မဟုတ်ဘဲ ပြည်သူ့လူမှုစီးပွားဘဝမြှင့်တင်ရန်နှင့် နိုင်ငံ၏အနာဂတ်ကို တည်တံ့ခိုင်မြဲစေရန်အတွက် အလွန်အရေးပါသည်ကို တွေ့ရပါသည်။ နိုင်ငံရေးကောင်းမွန်ရန်အတွက် ပြည်သူတစ်ဦးချင်းစီ၏ တာဝန်ယူမှု၊ တာဝန်သိတတ်မှု၊ နိုင်ငံရေးခေါင်းဆောင်များ၏ ကိုယ်ကျင့်တရားနှင့် စနစ်တကျစီမံအုပ်ချုပ်နိုင်မှုတို့ အားလုံးပေါင်းစပ်ရန် လိုအပ်ပါသည်။ ပြည်သူများအနေဖြင့် နိုင်ငံရေးအသိပညာရှိအောင်လေ့လာခြင်း၊ သတင်းအချက်အလက်များကို မှန်၊ မမှန်စဉ်းစား ချင့်ချိန်သုံးသပ်ပြီး အကြမ်းမဖက်သောနည်းလမ်းဖြင့် မိမိအမြင်ကို ဥပဒေနှင့်အညီလွတ်လပ်စွာထုတ်ဖော်ခြင်းတို့ ပြုလုပ်သင့်ပါသည်။ နိုင်ငံရေးခေါင်းဆောင်များကလည်း မိမိကိုယ်ကျိုးထက် ပြည်သူ့အကျိုးကို ဦးစားပေးကာ ဥပဒေအပေါ် လေးစားလိုက်နာခြင်း၊ ပြည်သူ့အသံကို နားထောင်ခြင်းနှင့် ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးမှုကိုအခြေခံ၍ မိမိနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ကိုက်ညီသည့် ဒီမိုကရေစီယဉ်ကျေးမှုကို တည်ဆောက်နိုင်မှသာ ကောင်းမွန်သောနိုင်ငံရေးစနစ်တစ်ရပ်အဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံ့အရေးကောင်းမွန်ပါက လူသားအရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ပြီး နိုင်ငံ၏ သဘာဝအရင်းအမြစ်များကိုလည်း ရေရှည်အကျိုးရှိအောင် ထိန်းသိမ်းစီမံနိုင်ပါသည်။ နိုင်ငံ့အရေးမကောင်းပါက ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးစနစ်များ အားနည်းလာပြီး လူတန်းစားမညီမျှမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုအခြေအနေများကတစ်ဆင့် လူမှုစီးပွားချို့တဲ့ခြင်း၊ ကျန်းမာရေးအားနည်းခြင်းများနှင့်အတူ မတည်ငြိမ်မှုများကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံ့အရေး ကောင်းမွန်ခြင်းသည် လက်ရှိမျိုးဆက်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံကို အမွေချန်ထားပေးနိုင်ရန် အရေးပါသော အခြေခံအချက်တစ်ရပ်ဖြစ်ပါသည်။ လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင် နိုင်ငံ့အရေးကောင်းမွန်စေရန်အတွက် အရေးအကြီးဆုံးမှာ တိုင်းချစ်ပြည်ချစ်စိတ်ကိုအခြေပြု၍ ပြည်သူ့အကျိုးကိုရှေးရှုသည့်စနစ်မှန်ဖြင့် တိုင်းပြည်ကိုဦးဆောင်သည့် နိုင်ငံ့ခေါင်းဆောင်ကောင်းများနှင့် အသိပညာနှင့်ပြည့်စုံသည့် နိုင်ငံသားတို့ ပေါင်းစပ်ရန်လိုအပ်ပါသည်။ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးတို့သာမက ပညာရေးနှင့် ကျန်းမာရေးစနစ်များကို အရည်အသွေးပြည့်မီအောင် ဖော်ဆောင်ခြင်းကလည်း လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ပေးကာ နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါသည်။ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် သဘာဝအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲခြင်းတို့က နိုင်ငံ့အကျိုးစီးပွားကို တည်တံ့ခိုင်မြဲမှုနှင့် နိုင်ငံ၏အနာဂတ်အတွက် အကျိုးဖြစ်ထွန်းသောလမ်းကြောင်းသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။