uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 478 підписників, посідаючи 15 941 місце в категорії Новини і ЗМІ та 10 074 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 478 підписників.

За останніми даними від 01 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -216, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 9.87%. Протягом перших 24 годин після публікації контент зазвичай збирає 6.74% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 232 переглядів. Протягом першої доби публікація в середньому набирає 841 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 02 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 478
Підписники
-724 години
-197 днів
-21630 день
Архів дописів
တောင်တွင်းကြီးမြို့နယ်၊ ထန်းတောကြီးကျေးရွာတွင် နေအိမ်၌ရှိနေသော ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ်သွား NOM ဖေဖ
တောင်တွင်းကြီးမြို့နယ်၊ ထန်းတောကြီးကျေးရွာတွင် နေအိမ်၌ရှိနေသော ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ်သွား NOM ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ထန်းတောကြီးကျေးရွာနေ ရာအိမ်မှူး ဦးဆန်းဝင်း (၅၂) နှစ်သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မကြည်ပြာ က NUG ရဲ့ ဘဏ္ဍာရေးမှာ အဓိက ကျတဲ့ တာဝန်ကို ယူထားတယ်။ ဒီတာဝန်ကို လည်ပတ်ရတဲ့ ရုံးအဖွဲ့အတွက် ကိုလင်နဲ့ ကိုယ့်မိသားစုတွေက
+1
မကြည်ပြာ က NUG ရဲ့ ဘဏ္ဍာရေးမှာ အဓိက ကျတဲ့ တာဝန်ကို ယူထားတယ်။ ဒီတာဝန်ကို လည်ပတ်ရတဲ့ ရုံးအဖွဲ့အတွက် ကိုလင်နဲ့ ကိုယ့်မိသားစုတွေကို သီးသန့် ထပ်ခန့်တယ်။ ဒီပိုက်ဆံ အလှူငွေတွေအတွက် တိကျတဲ့ စာရင်း ဇယား မရှိနေဘူး။ စာရင်း ဇယား မရှိတဲ့အနေအထားကို ဇော်ဝေစိုးတိူ့က စစ်တဲ့အခါ ကိုက်ညီပါတယ် ၊ ဒီပိုပ်ဆံတွေ ရှိနေပါတယ်လို့ စစ်ဆေးချက်မှာ ထည့်သွင်း ဖော်ပြထားတာကလည်း အံ့အား သင်ြစရာ။ အရေးကြီးတာက ဗိုလ်နဂါး ကိစ္စ ဖြစ်နေတဲ့အချိန်မှာ မကြည်ပြာအမှုကို ဖုံးအောင် "နှုတ်ကြမ်း" မှုသာ တွေ့ရှိရသည်ဆိုပြီး မန်းဝင်းခိုင်သိန်းက ခပ်တည်တည်နဲ့ ထုတ်ပြန်လိုက်တာကလည်း မထော်မနန်းကြီး။ တိုင်ထားတဲ့ အဂတိမှုတွေကို ဒီတိုင်း အာဏာနဲ့ ဖိလိုက်ရင် ပြီးမယ်လို့ ယူဆ ထားရုံပဲ။ သတင်းစာရှင်းလင်းပွဲ ကြည့်ပြန်တော့...မန်းဝင်းခိုင်သိန်း ထုတ်ပြန်ချက် စာက ကနဦးစာသာ ဖြစ်ပြီး အချိန်မတန်ခင် ပေါက်ကြားရတာပါလို့ ဆိုပြန်သတဲ့။ လက်မှတ်ထိုးပြီး မိတ္တူတွေ၊ ဖြန့်ဝေခြင်းတွေ ပါတဲ့ ကိစ္စက ပေါက်ကြားမှု မှ မဟုတ်တော့တာ။ ဒါက ဖိုင်နယ် အရေးယူခြင်းကို အသိပေးတဲ့ အဆင့်၊ ထုတ်ပြန်တဲ့ အဆင့် ဆိုတာ ဇော်ဝေစိုး နားလည်ပုံမရဘူး။ အဆိုးဆုံးကတော့ မကြည်ပြာဟာ NUG ဝန်ကြီးများရဲ့ အသုံးစရိတ်ဖြန့်ဝေမှုမှာ အဓိက မိန်း ဖြစ်ခဲ့ပုံပဲ။ ဒါ့ကြောင့်လည်း အတို့မထိရဲဟန် ရှိတာ တွေ့ရတယ်။ ခု လည်း မကြည်ပြာအမှုကို နေယက်ဆက်တွဲ အရေးယူရန်ရှိပါသည် ဆိုမှ မကြည်ပြာက နှုတ်ထွက်ကြောင်း စာတင်သတဲ့။ ကြည့်ရတာ....အရေးယူလို့ မရအောင် တာဝန်ခံလိုက်တဲ့ သဘောပေါ့လေ။ ဒီကြားထဲ ဇော်ဝေစိုးက တစ်လ ၅ သောင်းနဲ့ ဖုန်းအကွဲ၊ ကွန်ပျူတာ အစုတ်နဲ့သာ တော်လှန်ရေး လုပ်နေရပါတယ် ဆိုပြီး အာချောင်သတဲ့။ ဘယ်ဝန်ကြီးမှာ ကိုယ်ပိုင်ကား ရှိသလဲ၊ အိမ်ရှ်သလဲ လို့လည်း ငေါ့တူးပြန်သတဲ့။ လက်ရှိ အောင်ကြည်ညွှနါ့ရဲ့ အမေရိကားက အိမ်တွေ၊ ဝန်ကြီးအဆင့်မပြောနဲ့။ လော်ဘီအဆင့်တောင် အမေရိကားရောက်ပြီး မီနီမားကတ်တွေဖွင့် ၊ ကိုယ်ပိုင်အိမ်တွေ ဝယ်နိုင်ကတည်းက မိဘ ဆီက အမွေ ရထားနေကြလို့လား ဆိုပြီး မေးစရာ ရှိလာတယ်။ ကျော်မိုးထွန်းကလည်း ၂.၆ သန်း ကိစ္စ အပြီး သတ် အဖြေ မထွက်သလို မကြည်ပြာရဲ့ စာရင်းရှင်းတမ်း မရှိတဲ့ အလှူငွေ ကိစ္စမှာလည်း NUG ဟာ ပြစ်မှု ကျူးလွန်နေတာ သေချာပါရက်နဲ့ ဖုံးဖိ ကာဗာ ပေးတာကတော့ အတော်စားတယ်။ တချို့ အောက်ခြေက နိုင်ငံရေး မသိ၊ လက်နက်ကိုင်ရုံနဲ့ တော်လှန်ရေး လုပ်နေတာ‌ပါဆိုပြီး သိတဲ့ PDF အတွက်တော့ သနားစရာပဲ။ အပေါ်မှာက ကိုယ့်ဖဲကိုချိူးပြီး ၊ ကိုယ့်ဇာတ် ကိုယ်တိုင်က နေကြတဲ့ ခေါင်းဆောင်တွေနဲ့ကတော့ ဒီတော်လှန်ရေးကြီးက ပြီးစရာလားပေါ့။ တကယ်တော့ သူတို့ လိုချင်တာကလည်း တော်လှန်ရေစ ပြီးဖို့မှမဟုတ်ဘဲ။ အောက်က ဒီလို ငဒူတွေ ရှိနေလို့လည်း အခွန်ဆက်ကြေးတွေရပြီး ဒီ အဖွဲ့ကြီး ရှင်သန်နိုင်နေတာပေါ့။ (နရီမိုး)

+3
ဖေဖော်ဝါရီလ၂၂ရက်နိုင်ငံတကာသတင်းများ NOM ၁။ယူကရိန်းနိုင်ငံလစ်ဗ်မြို့တွင်ရဲကားတစ်စီးဗုံးထောင်ဖောက်ခွဲခံရသဖြင့်ရဲကားများရောက်လာစဥ်နောက်ထပ်ပေါက်ကွဲမှုဖြစ်ပွားပြီးလူအသေအပျောက်ရှိခဲ့သည်။(ဗီဒီယို) ၂။ဗင်နီဇွဲလားသမ္မတမာရူဒိုကိုအမေရိကန်တပ်များဝင်ရောက်ဖမ်းဆီးမှုကိုမကာကွယ်နိုင်ခဲ့သဖြင့်ဗင်နီဇွဲလားတွင်တာဝန်ထမ်းဆောင်နေသောကျူးဘားထောက်လှမ်းရေးအရာရှိများနှင့်ကျူးဘားစစ်သားများကိုအလုပ်မှထုတ်ပယ်လိုက်သည်။ ၃။ပါကစ္စတန်သည်အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိပစ်မှတ်များစွာကိုအကြီးအကျယ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။(ဓါတ်ပုံ) ၄။ ပီရူးနိုင်ငံလွှတ်တော်သည် ဧပြီလတွင် ကျင်းပမည့်အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ယာယီသမ္မတအဖြစ် ကလေးသူငယ်လက်ထပ်ခြင်းကို ခုခံကာကွယ်ခဲ့သူ အသက် ရှစ်ဆယ်ကျော် လက်ဝဲယိမ်းအမတ် ဟိုဆေး မာရီယာ ဘာကာဇာကို ရွေးချယ်တင်မြှောက်ခဲ့သည်။(ဓါတ်ပုံ) ၅။ရရှိနေသောအထောက်အပံ့များရပ်ဆိုင်းသွားမည့်အတွက်ယူကရိန်းသည်စစ်ကိုရပ်စဲမည်မဟုတ်ဟုဟန်ဂေရီဝန်ကြီးချုပ်အော်ဘန်ကပြောလိုက်သည်။ ၆။ဗြိတိန်နိုင်ငံမန်ချက်စတာမြို့တွင်ထောင်ပေါင်းများစွာသောပြည်သူများကတရားမဝင်ရောက်ရှိသူများကိုမူရင်းနိုင်ငံသို့ပြန်ပို့ရန်၊လှေများဖြင့်ခိုးဝင်လာမှုများဖမ်းဆီးရန်ဆန္ဒပြခဲ့ကြသည်။(ဗီဒီယို)

သင်္ဃန်းကျွန်း ငမိုးရိပ်(၁၀)လမ်းတွင်တိုက်ခန်းမီးလောင်မှုဖြစ်ပွား၊အမျိုးသားနှစ်ဦး မီးခို‌ငွေ့မွှန်းပြီးသေဆုံး NOM၊ဇန်နဝါရီ၂၂၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊အပိုင်း(၂)၊ မိုးရိပ်၁၀လမ်းတိုက်ခန်းမီးလောင်မှုဖြစ်ပွါးခဲ့ရာ‌အပေါ် ထပ်နေ အမျိုးသားနှစ်ဦး မီးခိုးငွေ့မွှန်သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာယနေ့နံနက်၅နာရီခွဲခန့်က မိနစ်၂၀နီးပါးကြာလောင် ကျွမ်းခဲ့ပြီး အပေါ်ထပ်နေသူနှစ်ဦးမီးခိုးမွှန်ပြီး အသက်ရူကြပ်နေသည့်အ တွက်စံပြဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးခဲ့ ကြောင်းကူညီပေးသူများက ပြောသည်။ ယင်းမီးလောင်ရာနေရာသို့ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်အုပ်စုနှင့် လူမှုကယ်ယ်ရေးအသင်း‌များက ရေဘောက်ဆာယာဉ်များဖြင့်ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

SKY VILLA ကွန်ဒိုပြိုကျစဥ်က ပိခံထားသည့် ကားအစီး၆၀ခန့် မီးလောင်ခံရ NOM၊ဖေဖော်ဝါရီ၂၂၊၂၀၂၆ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊
SKY VILLA ကွန်ဒိုပြိုကျစဥ်က ပိခံထားသည့် ကားအစီး၆၀ခန့် မီးလောင်ခံရ NOM၊ဖေဖော်ဝါရီ၂၂၊၂၀၂၆ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ လမ်း၆၀၊၂၂လမ်းနှင့်၂၂Bလမ်းကြားတွင် ယမန်နေ့ (ဖေဖော်ဝါရီ၂၁ရက်) မွန်လွဲ၁ နာရီ ၅၀ မိနစ်က SKY VILLA ကွန်ဒိုပြိုကျစဥ်က ပိခံထားသည့် ကားအစီး၆၀ခန့်မီး လောင်ခံခဲ့ရကြောင်းမြန်မာ နိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ နန်းတော်ရှေ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ဦးပိုင်အမှတ်(၄၁၇)၊ မြေဧရိ ယာ(၀.၆၈ဧက)၊ ၁၀၀ပေ×၃၄၀ပေရှိ မြေနေရာခြံဝင်းအတွင်း၌ ငလျင်ကြောင်ပျက်စီးသွားသော ကားများစုပုံထားရှိသည့်နေရာမှ ကားဆီချေးများအပူးလွန်ကဲပြီးမီးလောင်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။ ကားများ မီးလောင်မှုဖြစ်ပွား ကြောင်းသတင်းအရအောင်မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဥ်ငါး စီး ရေအထိုင် ကားနှစ်စီးနှင့်မီသတ်တပ်ဖွဲ့ဝင်းများ၊ လူမှုကူညီရေးအသင်းကားများဖြင့်သွားရောက်ငြှိသက်ခဲ့ရာမွန်းလွဲ ၂ နာရီ ခွဲတွင် မီးငြိမ်းသွား ကြောင်းသိရသည်။

အလုံံမြို့နယ်တွင် ဗီယက်နမ်နိုင်ငံသားတစ်ဦး သင်္ဘောပေါ်တွင် ကိုယ့်လည်ပင်းကိုယ်ဓားဖြင့်လှီး NOM၊ဖေဖော်ဝါရီ၂၂၊၂၀၂၆ ရန်ကုန်တိုင်း၊ အလုံံမြို့နယ် ကမ်းနားလမ်းရှိ MIP ဆိပ်ကမ်းတွင်ယနေ့ဖေဖော်ဝါရီ၂၂ရက်နံနက်၇နာရီ၄၅မိနစ်ခန့်က ဗီယက်နမ်နိုင်ငံသားတစ်ဦး သဘော် ပေါ်တွင်ကိုယ့်လည်ပင်းကိုယ်ဓားဖြင့်လှီးခဲ့ကြောင်း လူမှုကူညီရေးအသင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာအလုံံမြို့နယ် ကမ်းနားလမ်းရှိ MIP ဆိပ်ကမ်းတွင်ဖေဖော် ဝါရီ၈ရက်နေ့က ရောက်ရှိနေ သော ဂျန်ဒရယ် ကာကွန်ရှစ် အမျိုးအစား ဘစ်မိတ်မိုက်တီး အမည်ပါ ဗီယက် နမ်သို့ ထွက်ခွာမည့် သဘော်သည် ဆန်တင်နေစဥ် သင်္ဘောသား တစ်ဦးသည်အိပ်ခန်းအတွင်း မိမိလည်ပင်းအား ၄င်းကိုယ်တိုင် ဓားဖြင့် လှီးသဖြင့် လည်ပင်းပြတ်ရှ ဒဏ်ရာ တစ်ချက် ဖြင့်လဲကျနေ ကြောင်းသိရသည်။ သင်္ဘောသား အိပ်ခန်းအတွင်းမိမိလည်ပင်းအား ၄င်းကိုယ်တိုင် ဓားဖြင့် လှီးခဲ့သူမှာ ဗီယက်နမ်နိုင်ငံသား LE DO QUVEN (၃၃)နှစ် ဖြစ်ပြီး၎င်းမှာလက်ရှိ ရန်ကုန်ဆေးရုံးကြီးသို့ပို့ ဆောင်ထားပြီးဆေးကုသမှုခံယူ နေပြီး ဒဏ်ရာအခြေနေမှာစိုရိမ်းရကြောင်း ကနဦးသတင်းအရ သိရသည်။

Repost from NOM
ကော်ဖီဝယ်ရင်း ကမ္ဘာ့အချမ်းသာဆုံးသူဌေးမကြီး ဖြစ်သွားသူ အင်္ဂလန်နိုင်ငံ၊ နော်တင်ဟမ်မြို့က ဆိုဖီဒေါင်းနင်းဆိုတဲ့ အမျိုးသမီးဟာ ပေ
+1
ကော်ဖီဝယ်ရင်း ကမ္ဘာ့အချမ်းသာဆုံးသူဌေးမကြီး ဖြစ်သွားသူ အင်္ဂလန်နိုင်ငံ၊ နော်တင်ဟမ်မြို့က ဆိုဖီဒေါင်းနင်းဆိုတဲ့ အမျိုးသမီးဟာ ပေါင် ၁၀ တန်တဲ့ လက်ဆောင်ကတ်နဲ့ ကော်ဖီဆိုင်တခုဆီ သွားရောက်ဝယ်ယူချိန် သူမဟာ အီလွန်မက်စ်ထက်တောင် ချမ်းသာနေပြီဆိုတာကို သိလိုက်ရပါတယ်။ အဖြစ်က ဒီလိုပါ။ သူမက 200 Degrees ဆိုင်မှာ ကော်ဖီအတွက် gift card နဲ့ ငွေရှင်းလိုက်ချိန် လက်ကျန်ငွေက ပေါင် ၆၄ ကွာဒရီလီယံတောင် ကျန်နေသေးတယ်ဆိုတာကို တွေ့လိုက်ရတာပါ။ ဒါဟာ 200 Degrees ရဲ့ စီမံခန့်ခွဲမှုအမှားကြောင့် လက်ဆောင်ကတ်တန်ဖိုးအစား လက်ဆောင်ကတ်နံပါတ်ကို ငွေရှင်းချိန်မှာ မှားသွင်းမိတာဖြစ်တယ်လို့ ကော်ဖီဆိုင်ပြောရေးဆိုခွင့်ရှိသူက ရှင်းပြခဲ့ပါတယ်။ ဆိုဖီဒေါင်းနင်းကိုယ်တိုင်ကလည်း “ကျမက စာရွက်ပေါ်မှာ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးဖြစ်ရတာကိုပဲ နှစ်သက်ပါတယ်” လို့ ပြောဆိုခဲ့ပြီး အခွင့်အရေးမယူဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနောက်မှာ barista က သူမကို မှားယွင်းတဲ့ ဘောက်ချာကို လက်ဆောင်အဖြစ်ပေးခဲ့ပြီး တကယ့်ဘောက်ချာအစစ်ကိုလည်း ထပ်ပေးခဲ့ပါတယ်။ News Of Myanmar NOM

စေတုတ္တရာမြို့နယ်၊ ခွေးမလောင် ကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ခွေးမလောင်ကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် (၄၇) နှစ်သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

+1
ဖေဖော်ဝါရီလ၂၁ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်၏ခြိမ်းခြောက်မှုကိုခံနေရသောကျူးဘားသည်ယနေ့ဒုံးကျည်များဒရုန်းများအသုံးပြုစစ်ရေးလေ့ကျင့်လျက်ရှိသည်။(ဗီဒီယို) ၂။အမေရိကန်သမ္မတထရမ့်သည်ရုရှားအပေါ်အရေးယူပိတ်ပင်မှုများကိုတစ်နှစ်သက်တမ်းတိုးရန်လက်မှတ်ထိုးလိုက်သည်။(ဓါတ်ပုံ) ၃။ယူကရိန်းကရေနံပိုက်လိုင်းကိုဖွင့်မပေးပါကယူကရိန်းသို့လျှပ်စစ်ဓါတ်အားပို့လွှတ်မှုကိုဖေဖော်ဝါရီလ၂၃ရက်တွင်ရပ်ဆိုင်းမည်ဟုစလိုဗက်ဝန်ကြီးချုပ်ဖီကိုကယနေ့ကြေညာသည်။ ၄။အမေရိကန်သမ္မတထရမ့်သည်မတ်လ၃၁ရက်မှဧပြီလ၂ရက်နေ့အထိတရုတ်နိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်မည်ဟုထရမ့်ကမီဒီယာများကိုယနေ့ပြောလိုက်သည်။ ၅။ထိုင်းနိုင်ငံမြောက်ပိုင်းပုဂ္ဂလိကတိရိစ္ဆာန်ရုံတစ်ခုတွင်ကူးစက်ဗိုင်းရပ်စ်ရောဂါကြောင့်ကျား၇၂ကောင်သေဆုံးသွားသည်။

ပျော်ဘွယ်တွင်သိမ်အတွင်းမဖွယ်မရာပြုသည့်စုံတွဲကိုအမှုဖွင့်အရေးယူ NOM၊ဖေဖော်ဝါရီ၂၁၊၂၀၂၆ လူမှုကွန်ရက်တွင်ပြန်ွနှံ့နေသောအောက်ပိုင်းဗလာဖြင့်သိမ်အတွင်းမဖွယ်မရာပြုမူနေသည့်စုံတွဲကိုပျော်ဘွယ်ရဲစခန်းကအမှုဖွင့်အရေးယူလိုပ်ကြောင်းသိရသည်။ သိမ်သည်ဗုဒ္ဓဘာသာဝင်တို့ကိုးကွယ်ရာအထွဋ်အမြတ်နေရာမှန်းသိပါလျက်ပျော်ဘွယ်မြို့နယ်၊အင်ကြင်းကုန်းသိမ်အတွင်းမဖွယ်မရာပြုမူခဲ့သောလူငယ်စုံတွဲကိုပျော်ဘွယ်မြို့မရဲစခန်းကဖေဖော်ဝါရီလ၂၀ရက်တွင်အမှုဖွင့်အရေးယူထားကြောင်းသာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနထံမှသိရသည်။

ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် ဝန်ကြီး ဌာနရုံးများ မနက်ဖြန်လျှပ်စစ်မီးပျက်မည်ဟု ထုတ်ပြန် NOM၊ဖေဖော်ဝါရီ၂၁၊၂၀၂၆ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိရပ်ကွက်၊ ကျေးရွာနှင့် ဝန်ကြီးဌာနရုံးများ ဖေဖော်ဝါရီ၂၂ရက်နေ့ မွန်တည်၁၂နာရီမှ ညနေ၄နာရီထိ လျှပ်စစ်မီးပျက်မည်ဟု ဇမ္ဗူသီရိမြို့နယ် လျှပ်စစ်မှအသိပေးကြေညာ ထားကြောင်းသိရသည်။ ဇမ္ဗူသီရိမြို့နယ် အတွင်းဓာတ်အားပိုလွတ်ထားသော 230kV ပျဥ်းမနားပင်မဓာတ်အားခွဲရုံရှိ 230kV Measuring Switchbay (2) Bay အား Bus Dropper Connection ကူခြင်းနှင့်ဓာတ်အားပို့လွှတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ် သောကြောင့် ဖေဖော်ဝါရီ၂၂ရက် မွန်းတည်၁၂နာရီမှ ညနေ၄နာရီထိဓာတ်အားပိတ်၍လုပ်ငန်းဆောင်ရွက်မည်ဖြစ် ကြောင်းသိရသည်။ ထိသို့ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်ရပ်ကွက်တွင် ယခင် သာယာကုန်းရွာဘက်ခြမ်း၊ စည်ပင်ရိပ်သာ ၁၊ အောင်ဇမ္ဗူရပ်ကွက်၊ FDA၊ မြို့တော်ခန်းမ၊ နိုင်ငံခြားရေး ဝန်ကြီးရုံး၊ ပြန်ကြားရေးဝကြီးရုံး၊ ရဲချုပ်ရုံး ၊ ပြည်ထဲရေးဝန်ကြီးရုံး၊ စွမ်းအင်ဝန်ကြီးရုံး၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးရုံး ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း အသိပေး ကြေညာ ထားကြောင်းသိရသည်။

ဘာလီမှာ ချေချင်းလူမျိုးတွေက ယူကရိန်းရာဇဝတ်ဂိုဏ်းချုပ်သားတွေကို ပြန်ပေးဆွဲ ဘာလီကျွန်းမှာ ယူကရိန်းဂိုဏ်းစတားကြီးတွေရဲ့သားတွေဖြစ
+1
ဘာလီမှာ ချေချင်းလူမျိုးတွေက ယူကရိန်းရာဇဝတ်ဂိုဏ်းချုပ်သားတွေကို ပြန်ပေးဆွဲ ဘာလီကျွန်းမှာ ယူကရိန်းဂိုဏ်းစတားကြီးတွေရဲ့သားတွေဖြစ်တဲ့ ယီမတ် ပက်ထရော့စကီး နဲ့ အီဂေါ ကိုမာရော့ဗ် တို့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ပက်ထရော့စကီးကတော့ ထွက်ပြေးလွတ်မြောက်သွားပေမဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်တဲ့ ကိုမာရော့ဗ်ကတော့ အခုထိ ပြန်ပေးသမားတွေလက်ထဲမှာ ရှိနေတုန်းပါ။ ကိုမာရော့ဗ်ကို ပြန်လွှတ်ပေးဖို့အတွက်ဆိုရင် ကိုမာရော့ဗ်မိသားစု ခိုးသွားခဲ့တဲ့ ဒေါ်လာ ၁၀ သန်းကို ပြန်ပေးဖို့ ပြန်ပေးသမားတွေက တောင်းဆိုထားပါတယ်။ ကိုမာရော့ဗ်ဟာ အပြင်းအထန် နှိပ်စက်ခံနေရပြီး လက်ချောင်း ၃ ချောင်း ဖြတ်ခံရသလို နံရိုးတွေလည်း ကျိုးသွားပြီလို့ သတင်းတွေက ဆိုပါတယ်။ ယီမတ်ပက်ထရော့စကီး နဲ့ အီဂေါ ကိုမာရော့ဗ် တို့ကိုရှာတွေ့သွားတာကတော့ လူမှုကွန်ရက်ပေါ်က ဓာတ်ပုံတွေကြောင့်ပါ။ ကိုမာရော့ဗ်ရဲ့ ရည်းစားဖြစ်သူ ဘလော့ဂါ အီဗာ မီရှာလိုဗာ က အတူတူတွဲရိုက်ထားတဲ့ပုံကို တင်လိုက်ရာကနေ သူတို့ဘယ်မှာရှိလဲဆိုတာကို ပြန်ပေးသမားတွေက ခြေရာခံမိသွားတာဖြစ်ပါတယ်။ ဒီလူမိုက်မိသားစုတွေဟာ ယူကရိန်းမှာ ရုရှားနိုင်ငံသားတွေကို လိမ်စားနေတဲ့ ငွေလိမ်ဂိုဏ်းတွေ ကို ကွန်ရက်ချိတ်ပြီး လုပ်ကိုင်နေကြသူတွေလည်း ဖြစ်ပါတယ်။ NOM

စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်၊ဆန်နှင့်စားသောက်ဖွယ်ရာများချီးမြှင့်ပေးအပ် ဖေဖော်ဝါရီ
+6
စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်၊ဆန်နှင့်စားသောက်ဖွယ်ရာများချီးမြှင့်ပေးအပ် ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆ စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။ ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် အငြိမ်းစား ဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက် ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ဆန်နှင့်စားသောက်ဖွယ်ရာ များအား ပေးအပ်ချီးမြှင့်ကြသည်။ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း ဆောင်ရွက်ရာတွင် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု/ဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အငြိမ်းအစားဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခြင်းများကို စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ လစဉ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ မင်းဂံရပ်ကွက် အေဘီစီ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာသွားလမ်း ကွန်ကရစ်ခင်းခြင်းနှင့် မြောင်းကူးတံတား (၄)စင်းပြုလုပ်ခြင်း၊ ဦးမြဝါလမ်းမှ စန္ဒသူရိယလမ်းထိ (စန္ဒသူရိယလမ်းမှ အေဘီစီကျောင်းထိ) ကွန်ကရစ်ခင်းခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံညွှန်းများပြည့်မီရေး၊ အချိန်မီပြီးစီးနိုင်ရေး စေတနာထား ဆောင်ရွက် သွားကြရန်မှာကြားပြီး လမ်းခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အေဘီစီကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ပြီး ‌ဂေဟာအတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးများ ရရှိရေးဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုကြပြီး ကလေးသူငယ်များအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းဂံရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံကာ ရပ်ကွက်အတွင်းလမ်းများကောင်းမွန်ရေးနှင့် ရေစီရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးပြောကြားကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာဇေယျသိဒ္ဓိ အဓိဌာန် ဆရာတော်အား သွားရောက်ဖူးမြော်ကြကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန် - စစ်တွေအဝေးပြေးကားလမ်းမကြီးမှ အဓိဌာန် ဘုန်းတော်ကြီးကျောင်းသို့ အဝင်လမ်းကို မြေသားလမ်းပြုလုပ်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။ News Of Myanmar NOM

🇮🇱🇺🇸 အစ္စရေးသည် အီရန်ကိစ္စနှင့်ပတ်သက်၍ ထရမ့်ကို လမ်းမှားပို့ခဲ့ပြီး ယင်း၏အကျိုးဆက်မှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးနိုင်သည်ဟု လေ့လာဆန်းစစ်သူတစ်ဦးက ဆိုသည်။ "အီရန်ဟာ တကယ်ရှိနေတဲ့ အခြေအနေထက် အများကြီး ပိုအားနည်းနေပါတယ်လို့ အစ္စရေးတွေက ထရမ့်ကို ယုံကြည်အောင် လုပ်ထားကြတာပါ။ အီရန်ကို တစ်ဆင့်ချင်း တိုက်ခိုက်နေရင်တောင် သူတို့ဘက်က ဘာမှတုံ့ပြန်မှာမဟုတ်ဘူးလို့ အစ္စရေးက ထရမ့်ကို အဓိကနားချထားတာပါ။ တကယ်တော့ အီရန်ဟာ အခုအချိန်မှာ နောက်ကျော နံရံကပ်နေတဲ့ အခြေအနေကို ရောက်နေတာပါ" ဟု ကွင်စီအင်စတီကျု၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ထရီတာ ပါစီက ပြောကြားခဲ့သည်။ အကယ်၍ အီရန်သည် အကျပ်ရိုက်လာပါက အမေရိကန်သင်္ဘောများ ရေနံချက်စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း သို့မဟုတ် ဟော်မုဇ် ရေလက်ကြားကို ပိတ်ပစ်ခြင်းမျိုး ပြုလုပ်နိုင်ကြောင်း၊ ယင်းက ရေနံဈေးနှုန်းများကို မြင့်တက်စေကာ ကုန်ဈေးနှုန်းဖောင်းပွမှုကို ဖြစ်ပေါ်စေပြီး ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းကို စစ်မရှုံးခင်မှာတင် ပြိုလဲသွားစေနိုင်ကြောင်း Parsi က ဆက်လက်ပြောဆိုသည်။ ဤဆန်းစစ်ချက်ကို စတီးဗ်ဘန်နွန် ၏ War Room ပေါ့ဒ်ကတ်စ်တွင် ထူးထူးခြားခြား တင်ဆက်ခဲ့ခြင်းဖြစ်သည်။ အက်ပ်စတိုင်း ဖိုင်များအရ ဘန်နွန်သည် ကွယ်လွန်သွားပြီဖြစ်သော လိင်ရာဇဝတ်ကောင် ဘီလီယံနာ ဂျက်ဖရီ အက်ပ်စတိုင်းနှင့် နီးကပ်သော ဆက်ဆံရေးရှိသူဖြစ်ပြီး အက်ပ်စတိုင်း၏ နောက်ဆုံးနှစ်များတွင် အစ္စရေးထောက်လှမ်းရေး မော့ဆက်၏ လက်ဝေခံတစ်ဦး ဖြစ်နိုင်ခြေရှိကြောင်းဖော်ပြနေကြသည်။ News Of Myanmar NOM

အကြမ်းဖက် NUG ရဲ့ နွားထိုးကြီးမြို့နယ်ထဲမှာ မြေအောက်ဆေးရုံဆိုပြီး လျှို့ဝှက်ဆောက်လုပ်ထားတဲ့ အဆောက်အဦကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဖြိုချဖျက်စီးလိုက်ပြီလို့ သိရပါတယ်... - မြန်မာငွေ သိန်း ၂၀ တောင်မတန်တဲ့ အဆောက်အဦကို သူခိုး ဇော်ဝေစိုး က မြေအောက်ဆေးရုံဆောက်တာ ဒေါ်လာ ၄ သိန်းကျော်ကုန်တယ်ဆိုပြီး ခွက်ခေါက်ငွေတွေ အကုန်ခိုးယူခဲ့တာဖြစ်ပါတယ်... - အကြမ်းဖက် NUG ဟာ ခေါင်းစဉ်မျိုးစုံတက်ပြီးရသမျှအပေါက်ကနေ အကုန်ခိုးကြတဲ့ သူခိုးတွေပါပဲ... တိုက်ပွဲသတင်းစုံ NOM

🇺🇸🇮🇱=🏴‍☠️အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက် ဟပ်ကာဘီ (Mike Huckabee) က "[ဂျူးတွေ] အနေနဲ့ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို သိမ်းပိုက်လိုက်မယ်ဆိုရင်တောင် အဆင်ပြေပါတယ်" ဟု ပြောကြားခဲ့သည်။ တာကာ ကားလ်ဆင် (Tucker Carlson) နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဟပ်ကာဘီသည် နယ်မြေချဲ့ထွင်ရေးဝါဒဖြစ်သော 'Greater Israel' (အစ္စရေးအင်ပါယာကြီး) ပေါ်ပေါက်လာရေးအတွက် ထပ်မံတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဤမူဝါဒကို ဝန်ကြီးချုပ် နေတန်ယာဟု အပါအဝင် အစ္စရေးခေါင်းဆောင်များကလည်း အကြိမ်ကြိမ် ထောက်ခံအားပေးခဲ့ကြသည်။ News Of Myanmar NOM

မြစ်ဆုံ ကိစ္စက အစိုးရဘက်က လုပ်ပြရမှာ ၂ ချက်တည်း ရှိတယ်။ ခုက လူတွေ စိုးရိမ်တာက ဆည် လုပ်လိုက်ရင် မြစ်တိမ်ကောသွားမှာ စိုးတာရယ်၊ မြေငလျင်ဒဏ်ကို ကြောက်တာရယ် ၊ ဒါကို လူထုက စိုးရိမ်ကြတာ။ ခုလက်ရှိ အစိုးရ မလွှမ်းမိုးတဲ့ နေရာတွေမှာ မြစ်ပေါ် ရွှေတူးနေတဲ့ ကိစ္စတွေ အများကြီး။ ဒါတွေက ပတ်ဝန်းကျင် မပျက်စီးတော့ဘူးလား။ မြစ်ကို မထိခိုကိစေဘူးလား။ ဥပမာ မြစ်ကြီးနားအပေါ် တီယန်စွတ် နေရာတွေမှာ KIA အခွန်ဆက်ကြေး ပေးပြီး ရွှေတူးနေတာ အများကြီးရယ်။ လူတွေက ဥပဒေအရ ပြောလို့ရတဲ့ အစိုးရသာ ဖိပြောတာ။ KIA က လုပ်ရင် ၊ EAO က လုပ်ရင် သိပ်ပြောရဲ ဆိုရဲ ရပ်ကွက်က မဟုတ်ဘူး။ လက်ရှိ ကချင်ပြည်နယ် အစိုးရအနေနဲ့ ဗလ မင်းထင် တံတားအောက်မှာ သောင်ထွန်းနေတဲ့ ကိစ္စကို လုပ်နေတာ ရှိတယ်။ သောင်ထွန်းနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ စက်ယန္တယားတွေ အများကြီးလိုတယ်။ တူးရမယ်။ ဒီမြေကြီးတွေကို သယ်ရမယ်။ ဘတ်ဂျက်အများကြီးလိုတယ်။ ဒါဆို တချက်ခုတ် ၊ ၂ ချက်ပြတ် သဘောနဲ့၊ ဒီသောင်တွေ တူးပါစေ၊ ဒီမြေကြီးကိုလည်း လိုသလို အသုံးချပါစေ။ ဒီလိုပဲ သွားရမှာပဲ။ ဥပမာ အမေရိကန်နိုင်ငံမှာ ကိုယ့်ခြံထဲက သစ်ပင်ကို အငှားခေါ်ပြီး ခုတ်ခိုင်းသလိုပေါ့။ ဒီလိုမှ မလုပ်ရင် မိုးရာသီဆို မြစ်ကြီးနားက ရေမြုပ်နေကြ မဟုတ်ဘူးလားပေါ့။ ဒီတော့ အစိုးရအနေနဲ့ ဆည်ဆောက်တဲ့အခါ ရေကြီးတဲ့ အချက် ထိန်း နိုင်တယ်၊ မြစ်ရေကို လိုတိုးပိုလျှော့ ထိန်းနိုင်တယ်။ သင်္ဘောကြီးတွေ မြစ်ကြီးနားအထိ ဆန်တက်နိုင်တော့ ကုန်စည် စီးဆင်းမှု အားကောင်းမယ်၊ ဆည်ဆောက်တဲ့အခါ အဆင့်မြင့်နည်းပညာ သုံးမယ်။ ဒါကို အဓိက ချပြသင့်တယ်။ ဒါမှ လူထုက စိတ်ချ ယုံကြည်မှာ။ ဒုတိယ အချက်က တရုတ်နဲ့ မျှဝေထားတဲ့ အချိုးအစားပဲ။ ဘယ်လို အချိုးအစား သဘောတူညီထားလဲ ဆိုတာ အတိအကျတော့ ဘယ်သူမှ မသိဘူး။ ဒီတော့ အစိုးရတွက်ရမှာက ဒီ လျှပ်စစ်ကနေ မြန်မာပြည်အတွက် ရာခိုင်နှုန်း တခု လုံလောက်တဲ့အထိ တောင်းလို့ ရနိုင်မလား။ နှစ် ၃၀၊ နှစ် ၅၀ တော့ ချုပ်ထားတယ်။ မြန်မာပြည်အတွက်ရတဲ့ ခွဲတမ်းကနည်းနေရင် ပြည်သူက အသံထွက်မှာပဲ။ နှစ် ၅၀ ဆိုတာ လူ့သက်တမ်း တစ်ဝက်ကျော်ပဲလေ။ ဒီတော့ ဒီစီမံကိန်းကနေ လက်တွေ့ ခံစားရပါတယ်ဆိုတဲ့ အနေအထားမျိုး လုပ်ပေးနိုင်ရင် အဆင်ပြေနိုင်တယ်။ ဆိုပါစို့၊ ခွဲတမ်းက ၁၀/၁၅ ရတယ်ထား။ ပိုတိုးရနိုင်လည်း မဆိုးဘူး။ ဒီလို အပေးအယူ လုပ်ရလို့ စီမံကိန်းကို နှစ် ၃၀ ကနေ နှစ် ၄၀ ဆိုလည်း လက်ခံရမှာပဲ။ ဒါမှမဟုတ် လျှော့ဈေး၊ပေါ့ဈေးနဲ့ ရာခိုင်နှုန်းတခု ပြန်ဝယ်လို့ ရနိုင်မလား။ အဓိက မီးမှန်ဖို့ လိုတယ် ဆိုတဲ့အချက်ကို ဖြည့်နိုင်ရင် ရပြီ။ ဆည်တော့ ဆောက်ထားတယ်။ မီးလည်း နှစ် ၅၀ လောက် မရဘဲ စောင့်နေရမယ် ဆိုရင် ....သူသူကိုယ်ကိုယ် အပြစ်ထိုင်ပြောမှာပဲ။ ဒီ ၂ ချက်လည်း သေချာ လုပ်နိုင်ရင်ကို မဆိုးဘူး မြင်မိတယ်။ (နရီမိုး)

မြစ်ကြီးနားလေဆိပ်မှ ခရီးသည်တင်လေယာဉ်အား KIA အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲများက ယုတ်မာပက်စက်စွာ FPV
+9
မြစ်ကြီးနားလေဆိပ်မှ ခရီးသည်တင်လေယာဉ်အား KIA အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲများက ယုတ်မာပက်စက်စွာ FPV suicide drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် အဖွဲအစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန် News Of Myanmar NOM

🇮🇷🚀🇧🇭🇶🇦🇺🇸 အီရန်နှင့် ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်သောအားဖြင့် ကာတာနှင့် ဘာရိန်းနိုင်ငံတို့မှ အမေရိကန်စစ်သည် ရာပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြခဲ့သည်။ NOM

လှည်းကူးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်၍ ရပ်ကွက်များအတွင်းသို့ ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ရှော့တို
+9
လှည်းကူးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်၍ ရပ်ကွက်များအတွင်းသို့ ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးများကို လုံခြုံရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ NOM ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆင်ဖုန်မြောက်ကျေးရွာအနီးရှိ လယ်ကွင်းအတွင်း၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူများ ထိခိုက်စေရန်ရည်ရွယ်၍ လူနေရပ်ကွက်များအတွင်းသို့ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးအားလုံခြုံရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်။ News Of Myanmar NOM