uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 493 підписників, посідаючи 16 017 місце в категорії Новини і ЗМІ та 10 067 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 493 підписників.

За останніми даними від 24 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -248, а за останні 24 години на 1, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 10.08%. Протягом перших 24 годин після публікації контент зазвичай збирає 5.11% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 260 переглядів. Протягом першої доби публікація в середньому набирає 639 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 25 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 493
Підписники
+124 години
-547 днів
-24830 день
Архів дописів
အာရှဒေသတွင်း စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာခြင်းကြောင့် ဂျပန်စတော့ရှယ်ယာဈေးကွက် ၅ ရာခိုင်နှုန်းနီးပါး ထိုးဆင်းသွားသည်။ N
အာရှဒေသတွင်း စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာခြင်းကြောင့် ဂျပန်စတော့ရှယ်ယာဈေးကွက် ၅ ရာခိုင်နှုန်းနီးပါး ထိုးဆင်းသွားသည်။ NOM

ချမ်းမြမြသော် (ဝါ) Tr Chan Chan (ကိုရီးယား) ​၏ ဖြေရှင်းချက်။ အပိုင်း ၂/၂
+4
ချမ်းမြမြသော် (ဝါ) Tr Chan Chan (ကိုရီးယား) ​၏ ဖြေရှင်းချက်။ အပိုင်း ၂/၂

ချမ်းမြမြသော် (ကိုရီးယား) ​၏ ဖြေရှင်းချက်။ အပိုင်း ၁/၂
+9
ချမ်းမြမြသော် (ကိုရီးယား) ​၏ ဖြေရှင်းချက်။ အပိုင်း ၁/၂

၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက် ယနေ့၌ ဒုသမ္မတလောင်းအမည်စာရင်းတင်သွင်းနိုင်ရေး အစုအဖွဲ့လိုက် အစည်းအဝေးများစတင်။ NOM

၂၀၂၆ ခုနှစ် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်အား ကျုံးပတ်လည်တစ်လျှောက်၌ ဆိုလာရေတင်စနစ် ကျင့်သုံးကာ စည်ကားသိုက်မြိုက်စွာ ကျင်း
+1
၂၀၂၆ ခုနှစ် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်အား ကျုံးပတ်လည်တစ်လျှောက်၌ ဆိုလာရေတင်စနစ် ကျင့်သုံးကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် မတ် ၂၉၊ ၂၀၂၆ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော်တွင် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို မန္တလေးမြို့ကျုံးပတ်လည်၌ ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကျင်းပရာတွင် ကျုံးအရှေ့ဘက်အခြမ်းဖြစ်သည့် (၆၆) လမ်းတွင် မဏ္ဍပ်ကြီးငါးခု၊ အသေးလေးခု၊ အဓိကကျသည့် ကျုံးတောင်ဘက်အခြမ်းဖြစ်သည့် (၂၆) လမ်းတွင် ဗဟိုမဏ္ဍပ်ကြီးအပါအဝင် မဏ္ဍပ်အကြီးခြောက်ခု၊ မဏ္ဍပ်အသေး ၁၃ ခု၊ ကျုံးအနောက်ဘက်အခြမ်းတွင် ဈေးချိုသူမဏ္ဍပ်အပါအဝင် မဏ္ဍပ်အကြီးသုံးခု၊ မဏ္ဍပ်အသေးခုနစ်ခု၊ ကျုံးအနောက်ဘက်အခြမ်းတွင် မဏ္ဍပ်အကြီးသုံးခု၊ မဏ္ဍပ်အသေးလေးခုတို့ဖြင့် ကျုံးပတ်လည်တွင် မဏ္ဍပ်အကြီး ၁၇ ခု၊ မဏ္ဍပ်အသေး ၂၈ ခု စုစုပေါင်း ၄၅ ခု ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ ဌာနမှူး ဦးတင်ထွန်းဦးကပြောသည်။ “ ဒီမဏ္ဍပ်တွေအပြင် ၇၃ လမ်းမှာရှိတဲ့ မင်္ဂလာမန္တလေးလမ်းလျှောက်သင်္ကြန်ကိုလည်း ဆင်နွှဲကြမှာဖြစ်ပါတယ်။ အဲဒီမှာလည်း သနပ်ခါးမဏ္ဍပ်တွေ၊ ပန်းအလှမဏ္ဍပ်တွေစသဖြင့် နေရာအလိုက် စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ လမ်းလျှောက်သင်္ကြန်ကို ဆောင်ရွက်တာက ပြည်သူလူထုအနေနဲ့ ကျုံးပတ်လည်မှာ လမ်းလျှောက်ရေကစားရင်းနဲ့ မဏ္ဍပ်တွေအလိုက်ဖျော်ဖြေရေးတွေနဲ့ စတုဒိသာအစီအစဉ်တွေကို ပါဝင်ဆင်နွှဲနိုင်ဖို့ဖြစ်ပါတယ် ”ဟု ပြောသည်။ လက်ရှိတွင် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ကို တည်ဆောက်နေပြီး ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ မဏ္ဍပ်ဒီဇိုင်းများကို ယခင်နှစ်များနှင့်မတူ ထူးခြားစွာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ တည်ဆောက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “မဏ္ဍပ်ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာကျင်းပမှာဖြစ်ပြီး ပိတ်ပွဲကို သင်္ကြန်အတက်နေ့ ညနေပိုင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဖွင့်ပွဲကိုလည်း ကျောင်းသူအင်အား ၅၀၀ နဲ့ လှပျိုဖြူ အင်အား ၄၀၀ စုစုပေါင်း အင်အား ၉၀၀ နဲ့ အခမ်းအနားကို ခမ်းနာထည်ဝါစွာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်ပြီး ယိမ်းအကအလှအဖွဲ့က မြို့မငွေငန်းနဲ့ ဖြတ်သန်းပြီး ပြည်သူတွေကို ဂါရဝပြုမယ့်အစီအစဉ်လည်းရှိပြီး နိုင်ငံကျော်အဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေမှု၊ မြန်မာ့ဆိုင်းဝိုင်းအဖွဲ့ရဲ့ ဖျော်ဖြေမှုတွေလည်းပါဝင်ပါတယ်။ ယိမ်းအကပြိုင်ပွဲတွေလည်း ထည့်သွင်းထားပြီး ဆုတွေကိုလည်း ထိုက်ထိုက်တန်တန်ချီးမြှင့်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။ ယခုနှစ်တွင် ထူးခြားသည့် အစီအစဉ်အနေဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုသည့် တိုင်းရင်းသားရှစ်မျိုး၏မဏ္ဍပ်ကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာအကအလှများ၊ တိုင်းရင်းသားရိုးရာအစားအစာ စတုဒိသာကျွေးမွေးသည့် အစီအစဉ်များလည်း ဆောင်ရွက်ထားသည့်အတွက် ရိုးရာအစားအစာများကို နှစ်သက်သည့်ပြည်သူများအနေဖြင့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲရင်းဝင်ရောက်သုံးဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် ယခုနှစ် မန္တလေးသင်္ကြန်၌ ပြည်သူများရေလုံလောက်စွာ ပက်ဖျန်းကစားနိုင်မည့်အပြင် စွမ်းအင်ချွေတာနိုင်မည့် အစီအစဉ်တစ်ရပ်အဖြစ် ဆိုလာစနစ်ဖြင့် မော်တာများမောင်းနှင်ကာ ရေတင်မည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်းနှင့် ကျုံးပတ်လည်တစ်လျှောက်တွင် မည်သည့်မော်တော်ယာဉ်မျှ ဝင်ရောက်နိုင်မည်မဟုတ်ဘဲ လမ်းလျှောက်သင်္ကြန်အနေဖြင့်သာ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်တွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် သင်္ကြန်ပွဲတော်ကို မဆင်နွှဲခဲ့ရသဖြင့် ယခုနှစ်တွင် ပြုလုပ်မည့်သင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် ခမ်းနားထည်ဝါစွာ စီစဉ်ဆောင်ရွက်ထားကြောင်း၊ အဓိကအားဖြင့် ကျုံးပတ်လည်တစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုကျင်းပ၍ ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားခြင်းအပြင် ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုခံစားရင်း စတုဒိသာမဏ္ဍပ်များ၌ တပျော်တပါးဝင်ရောက်ဆင်နွှဲနိုင်စေရန် စီစဉ်ဆောင်ရွက်ထားသည့် အတွက် မန္တလေးသင်္ကြန်ပွဲတော်ကို အနယ်နယ်အရပ်ရပ်မှ သင်္ကြန်ချစ်သူပြည်သူများလာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်းသိရသည်။

အီရန်၏ တိုက်ခိုက်မှု ရုပ်သံမှတ်တမ်းများကြောင့် ယူအေအီး (UAE) တွင် ဗြိတိန်နိုင်ငံသား ၇၀ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခံထားရ အီရန်က ယ
အီရန်၏ တိုက်ခိုက်မှု ရုပ်သံမှတ်တမ်းများကြောင့် ယူအေအီး (UAE) တွင် ဗြိတိန်နိုင်ငံသား ၇၀ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခံထားရ အီရန်က ယူအေအီးကို တိုက်ခိုက်ခဲ့သည့် ဗီဒီယိုရုပ်သံဖိုင်များနှင့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် မျှဝေခြင်း (သို့မဟုတ်) မှတ်တမ်းတင်ခြင်းတို့ကြောင့် ဗြိတိန်နိုင်ငံသား ၇၀ ဦးခန့်ကို ယူအေအီးအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။ ယူအေအီးအစိုးရသည် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ အပြင်သို့ မပေါက်ကြားစေရန် ပြင်းပြင်းထန်ထန် ထိန်းချုပ်နေသည်။ အထူးသဖြင့် စစ်ရေးပစ်မှတ်များ (သို့မဟုတ်) ထိခိုက်ပျက်စီးမှုများကို မှတ်တမ်းတင်ခြင်းသည် ယူအေအီး၏ ဆိုင်ဘာဥပဒေများအရ ပြစ်မှုမြောက်သည်ဟု သတ်မှတ်ထားသည်။ ရှေ့နေနှင့် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် Ms. Stirling က အီရန်နှင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသမျှ ကာလပတ်လုံး အလားတူ ဖမ်းဆီးမှုများ ထပ်မံရှိလာနိုင်ကြောင်း သတိပေးထားသည်။ ယူအေအီးတွင် ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသားများနှင့် တခြားနိုင်ငံခြားသားများအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများကို ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းနှင့် အွန်လိုင်းတွင် တင်ခြင်းများ မပြုလုပ်ကြရန် အလေးအနက် သတိပေးထားသည်။ ထိုသို့ပြုလုပ်ပါက ထောင်ဒဏ် သို့မဟုတ် ကြီးလေးသော ဒဏ်ငွေများ ချမှတ်ခံရနိုင်သည့်အပြင် ပြည်နှင်ဒဏ်လည်း ပေးခံရနိုင်သည်ဟု ဆိုသည်။ ယူအေအီးအစိုးရသည် ၎င်းတို့၏ နိုင်ငံပုံရိပ်နှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သည့် သတင်းအချက်အလက် စီးဆင်းမှုမှန်သမျှကို "သတင်းအမှောင်ချ" ရန် ကြိုးပမ်းနေပြီး ဤလုပ်ရပ်ကြောင့် အခြေအနေမှန်ကို မသိရှိနိုင်ဘဲ သတိမမူမိသည့် နိုင်ငံခြားသားများစွာ အဖမ်းအဆီးခံနေရသည့် အခြေအနေဖြစ်သည်။ NOM

AA အကြမ်းဖက်အဖွဲ့ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်၊ ကြောင်ချောင်းရွာရှိ အကြမ်းဖက်သမားများကို တပ်မတော်က လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သမားများထိခိုက်သေဆုံး မတ် ၃၀၊ ၂၀၂၆ ရခိုင် AA အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်၊ ကြောင်ချောင်းရွာရှိ အကြမ်းဖက်သမားများကို သတင်းအရ တပ်မတော်က မတ်လ ၂၉ ရက်နေ့ ညနေအချိန်၌ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားခြောက်ဦးသေဆုံးခဲ့ပြီး လေးယောက်ဒဏ်ရာရရှိခဲ့သည်။ NOM

🚨 အီရန်​၏ စွမ်းအင်အဆောက်အအုံများ တိုက်ခိုက်ခံရပြီးနောက် အီရန်က ပင်လယ်ရေမှ ရေချိုထုတ်လုပ်သည့်စက်ရုံတစ်ခုကို လက်တုံ့ပြန်တိုက်ခိုက် ကူဝိတ်နိုင်ငံရှိ ပင်လယ်ရေမှ ရေချိုထုတ်လုပ်သည့် စက်ရုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ပြီး လူတစ်ဦး သေဆုံးကြောင်းသိရသည်။ ၎င်းသည် စစ်ပွဲစတင်ကတည်းက ပင်လယ်ရေမှ ရေချိုထုတ်လုပ်သည့် စက်ရုံတစ်ခုကို ပထမဆုံးအကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်။ NOM

အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ကျင်းပ မတ် ၂၉၊ ၂၀၂၆ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာ
အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ကျင်းပ မတ် ၂၉၊ ၂၀၂၆ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ် ကျင်းပသော ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့ကို ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၆၅ ဌာနတွင်လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို စာဖြေဌာန ၂၀၄ ဌာနတွင်လည်းကောင်း ဖြေဆိုကြသည်။ ဖြေဆိုရာခိုင်နှုန်း အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့ကို စာဖြေစာရင်းသွင်း ၁၆၁၇ ပါး/ဦး အနက် ၉၆၄ ပါး/ဦး ဖြေဆိုကြသဖြင့် ၅၉ ဒသမ ၆၂ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမ လတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) ပထမနေ့ကို စာရင်းသွင်း ၆၁၇၀၃ ပါး/ဦးအနက် ၅၁၇၁၆ ပါး/ဦး ဖြေဆိုကြသဖြင့် ၈၃ ဒသမ ၈၁ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။ NOM

ရေနံတစ်စည်ကို ၁၁၆ ဒေါ်လာ - ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးရောက်ရှိ အီရန်၊ အမေရိကန်နဲ့ အစ္စရေးတို့ကြား ဖြ
ရေနံတစ်စည်ကို ၁၁၆ ဒေါ်လာ - ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးရောက်ရှိ အီရန်၊ အမေရိကန်နဲ့ အစ္စရေးတို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ရေနံတစ်စည်ဈေးဟာ ၁၁၆ ဒေါ်လာအထိ တက်သွားပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးဈေးနှုန်းကို ပြန်ရောက်သွားတာ ဖြစ်ပါတယ်။ NOM

အမေရိကန်သမ္မတထရမ့် - "ကျွန်တော် အကြိုက်ဆုံးအလုပ်က အီရန်ဆီက ရေနံတွေကို သိမ်းယူဖို့ပဲ" "အမေရိကန်မှာရှိတဲ့ လူမိုက် (stupid) တချိ
အမေရိကန်သမ္မတထရမ့် - "ကျွန်တော် အကြိုက်ဆုံးအလုပ်က အီရန်ဆီက ရေနံတွေကို သိမ်းယူဖို့ပဲ" "အမေရိကန်မှာရှိတဲ့ လူမိုက် (stupid) တချို့က မေးကြတယ်... 'ဘာလို့ အဲဒီလိုလုပ်နေတာလဲ??' တဲ့။" "ဒါပေမဲ့ မေးတဲ့သူတွေက 'လူအ နွားအတွေ' ပါ။" - Financial Times သတင်းဌာန NOM

သူနာပြုတက္ကသိုလ်ရန်ကုန်၏ အကြိမ် (၃၀) မြောက်နှင့် (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပ မတ် ၂၉၊ ၂၀၂၆ ကျန်းမာရေးဝန
သူနာပြုတက္ကသိုလ်ရန်ကုန်၏ အကြိမ် (၃၀) မြောက်နှင့် (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပ မတ် ၂၉၊ ၂၀၂၆ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ် ရန်ကုန်၏ အကြိမ်(၃၀)မြောက်နှင့် (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားများကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ စင်မြင့်ပေါ်တွင်နေရာယူ ဦးစွာသူနာပြုတက္ကသိုလ် ရန်ကုန်ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေနှင့် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်တွင် နေရာယူကြသည်။ ထို့နောက် ဘွဲ့ရကျောင်းသား ကျောင်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်ကို ရွတ်ဆိုကြပြီး သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ အထူးသူနာပြု ဒီပလိုမာဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့များအတွက် ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံကြရသူများအား သူနာပြုတက္ကသိုလ် ရန်ကုန်ပါမောက္ခချုပ်က ဘွဲ့များအပ်နှင်းကာအမှာ စကားပြောကြားသည်။ ယနေ့ကျင်းပသည့် သူနာပြုတက္ကသိုလ် ရန်ကုန်၏အကြိမ်(၃၀)ဘွဲ့နှင်းသဘင်၌ သူနာပြုပါရဂူ သင်တန်းအောင်မြင်သူတစ်ဦး၊ သူနာပြုမဟာသိပ္ပံသင်တန်း အောင်မြင်သူ ၂၀၊ သူနာပြု သိပ္ပံ(ပေါင်းကူး) (အဝေးသင်)သင်တန်းအောင်မြင်သူ ၇၆ ဦး၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (On-Campus)သင်တန်းအောင်မြင်သူ ၁၅၂ ဦး၊ သူနာပြုသိပ္ပံ(ပုံမှန်) (၁/၂၀၂၅) သင်တန်းအောင်မြင်သူ ၈၄ ဦး၊ အထူးပြုသူနာပြုဒီပလိုမာ သင်တန်းအောင်မြင်သူ ၂၃ ဦးရှိပြီး (၃၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်၌ အရေးပေါ်သူနာပြုစုပညာ ဒီပလိုမာသင်တန်းအောင်မြင်သူ တစ်ဦး၊ သူနာပြုသိပ္ပံ(ပုံမှန်) (၅/၂၀၂၅) သင်တန်းအောင်မြင်သူ ၂၅၃ ဦး တို့အား ဘွဲ့များအပ်နှင်းသည်။ ယခုနှစ်ဘွဲ့နှင်းသဘင် အပါအဝင်သူနာပြုတက္ကသိုလ် ရန်ကုန်က မွေးထုတ်ပေးခဲ့သည့်သူနာပြုဘွဲ့ရဦးရေမှာ သူနာပြုပါရဂူဘွဲ့ လေးဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၂၇၉ ဦး၊ အထူးသူနာပြု ဒီပလိုမာ ဘွဲ့ရရှိသူ ၉၅၆ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၆၁၁၃ ဦးတို့ဖြစ်ပြီး အောင်မြင်စွာ လေ့ကျင့်ပျိုးထောင် ဘွဲ့အပ်နှင်းပေးနိုင်ခဲ့ကြောင်း သိရသည်။ NOM

နောင်ချို၊ ပွင့်ဖြူနှင့် လွိုင်ကော်မြို့နယ်တို့၌ အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် ပြည်သူအချို့ သေ
နောင်ချို၊ ပွင့်ဖြူနှင့် လွိုင်ကော်မြို့နယ်တို့၌ အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် ပြည်သူအချို့ သေဆုံး/ ထိခိုက်ဒဏ်ရာရရှိ NOM

အီရန်က အခြေခံအဆောက်အအုံ ဗုံးကြဲမှုတွေကို ပြန်လည်တုံ့ပြန် အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့
အီရန်က အခြေခံအဆောက်အအုံ ဗုံးကြဲမှုတွေကို ပြန်လည်တုံ့ပြန် အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းက အမေရိကန်-ဇီယွန်ဝါဒီ (အစ္စရေး) ရန်သူတွေနဲ့ ဆက်နွှယ်နေတဲ့ မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းတွေကို ဖျက်ဆီးနေပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အီရန်တိုက်ခိုက်တာ ခံထားရတဲ့နေရာတွေကတော့ - ဓာတုဗေဒစက်မှုလုပ်ငန်းများ- အစ္စရေးထိန်းချုပ်ရာနယ်မြေအတွင်းရှိ Neot Hovav ဓာတုစက်မှုဇုန်။ ရေနံချက်စက်ရုံ- ရေနံချက်စက်ရုံ တစ်ခု။ သံမဏိစက်ရုံများ- သံမဏိစက်ရုံ အစုအဝေး နှစ်ခု။ အလူမီနီယံစက်ရုံကြီးများ- အလူမီနီယံထုတ်လုပ်ရေး စက်ရုံကြီး နှစ်ခု။ "မင်းတို့ရဲ့မျက်လုံးထဲမှာ နာကျင်မှုတွေကို ငါတို့မမြင်ရမချင်း ဒီလိုနာကျင်စေမယ့် တိုက်ခိုက်မှုတွေက ဆက်ရှိနေဦးမှာပဲ" လို့လည်း သတိပေးထားပါတယ်။ NOM

တီဟီရန်နဲ့ ကာရက်ဂျ် မြို့နယ်တချို့မှာ မီးပြန်လာပြီ လျှပ်စစ်ကဏ္ဍက ဝန်ထမ်းတွေ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြတာကြောင့် မီးပြတ်တောက်သွားတဲ့ တီဟီရန် မြို့နယ်တချို့မှာ မီးပြန်လာပါပြီ။ အခုဆိုရင် မြို့တော်ရဲ့ လျှပ်စစ်ကွန်ရက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီလို့ သိရပါတယ်။ ဒါ့အပြင် အယ်လ်ဘော့ဇ် (Alborz) ပြည်နယ်ရဲ့ နေရာ တော်တော်များများမှာလည်း မီးပြန်ရနေပါပြီ။ NOM

အီရတ်ခုခံရေးအဖွဲ့က အမေရိကန်၏ အကျိုးစီးပွားအားလုံးသည် ကျွန်ုပ်တို့၏ တိုက်ခိုက်မှုနယ်ပယ်အတွင်းရှိသည် အီရတ်နိုင်ငံရှိ ခါတာအစ် ဆယ
အီရတ်ခုခံရေးအဖွဲ့က အမေရိကန်၏ အကျိုးစီးပွားအားလုံးသည် ကျွန်ုပ်တို့၏ တိုက်ခိုက်မှုနယ်ပယ်အတွင်းရှိသည် အီရတ်နိုင်ငံရှိ ခါတာအစ် ဆယစ် အလ်-ရှူဟာဒါ (Kata'ib Sayyid al-Shuhada) ခုခံရေးအဖွဲ့က အမေရိကန်မှ ပြည်သူ့စစ် တပ်ပေါင်းစု PMF (Popular Mobilization Forces) စခန်းများအပေါ် ဆက်တိုက်တိုက်ခိုက်နေမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၏ အကျိုးစီးပွားအားလုံးသည် ခုခံရေးအဖွဲ့၏ တရားဝင်တိုက်ခိုက်မှု နယ်ပယ်အတွင်းတွင် ရှိကြောင်းကြေညာခဲ့သည်။ NOM

🚨 အမေရိကန်နဲ့ အစ္စရေးက အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်လိုက်တာကြောင့် တီဟီရန် (Tehran) နဲ့ ကာရက်ဂျ် (Karaj) မြို့တွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။ NOM

အီရန်စစ်စတင်ချိန်မှယနေ့အထိနိုင်ငံအလိုက်ဒီဇယ်ဆီစျေးတက်သည့်ရာခိုင်နှုန်းပြဇယား
အီရန်စစ်စတင်ချိန်မှယနေ့အထိနိုင်ငံအလိုက်ဒီဇယ်ဆီစျေးတက်သည့်ရာခိုင်နှုန်းပြဇယား

ဥရောပတွင်လုပ်ခလစာအနိမ့်ဆုံးမှာယူကရိန်းဖြစ် NOM ဥရောပနိုင်ငံများ၍အနိမ့်ဆုံးလစာစာရင်းများထွက်ပေါ်လညရာလူဇင်ဘတ်နိုင်ငံသည်အနိမ့်ဆု
ဥရောပတွင်လုပ်ခလစာအနိမ့်ဆုံးမှာယူကရိန်းဖြစ် NOM ဥရောပနိုင်ငံများ၍အနိမ့်ဆုံးလစာစာရင်းများထွက်ပေါ်လညရာလူဇင်ဘတ်နိုင်ငံသည်အနိမ့်ဆုံးလုပ်လစာယူရို ၂၇၀၄ဖြင့်အများဆုံးဖြစ်ပြီးယူကရိန်းသည်ယူရို၁၆၄ဖြင့်အနည်းဆုံးဖြစ်သည်။

ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး Mr. Gustavo Rocha de Menezes အား လက်ခံတွေ့ဆုံ မတ် ၂၈၊ ၂
ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး Mr. Gustavo Rocha de Menezes အား လက်ခံတွေ့ဆုံ မတ် ၂၈၊ ၂၀၂၆ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ် သံအမတ်ကြီး Mr. Gustavo Rocha de Menezes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ အမြင်ချင်းဖလှယ် ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး ထို့ပြင် အာဆီယံ-ဘရာဇီးလ်ကဏ္ဍအလိုက် ဆွေးနွေးဖက် မိတ်ဖက်ဆက်ဆံရေးအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ဘရာဇီးလ်နိုင်ငံမှ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစာချုပ်ပါ အခြေခံမူများအပေါ်အခြေခံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ NOM