uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 424 підписників, посідаючи 15 960 місце в категорії Новини і ЗМІ та 10 111 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 424 підписників.

За останніми даними від 07 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -218, а за останні 24 години на -5, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.36%. Протягом перших 24 годин після публікації контент зазвичай збирає 6.02% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 914 переглядів. Протягом першої доби публікація в середньому набирає 748 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 08 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 424
Підписники
-524 години
-617 днів
-21830 день
Архів дописів
Repost from MRTV
PDF အမည်ခံ အကြမ်းဖက်သမားများက ဆင်ဖြူကျွန်းမြို့ နွယ်တမယ်ကျေးရွာရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များအတွင်း ဝင်ရောက်အခြေပြု၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် တပ်မတော်က အကြမ်းဖက်ချေမှုန်းရေး လုပ်ငန်းများ ဆောင်ရွက်

စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများအတွင်းခိုအောင်းနေတဲ့ အကြမ်းဖက် AA အဖွဲ့ကို တပ်မတော်ဒရုန်းအဖွဲ့က ချေမှုန်းရှင်းလင်း။ တိုက်ပွဲသတင်းစုံ

တိုင်းပြည်မှာ စစ်တပ်အုပ်ချုပ်တာ မကြိုက်ရင် လုပ်ရမှာ တစ်ခုတည်းသော အဖြေက ပြည်တွင်းနိုင်ငံရေး အားကောင်းအောင်လုပ်။ ဒါက အဖြေပဲ။ စစ်တပ်မကြိုက်လို့ စစ်တပ်ပြုတ်အောင် လက်နက်ကိုင်ပြီး တိုက်လေ၊ စစ်တပ်က ဒီနိုင်ငံရေး လမ်းကြောင်းက မထွက်နိုင်လေပဲ။ တချို့ကလည်း ဒါကို မသိလို့ မဟုတ်ဘူး။ ဒီလို လုပ်လိုက်ရင် စားပေါက်ပိတ်မှာ စိုးလို့ကို တမင်သပ်သပ် လုပ်နေကြတဲ့ အဖွဲ့တွေလည်း သီးသန့်ရှိတယ်။ ----- ခု ကျင်းပနေတဲ့ ရွေးကောက်ပွဲ ဆိုတာကလည်း အရပ်သား အုပ်ချုပ်တဲ့ အစိုးရ တက်လာစေချင်လွန်းလို့ ပြည်သူက မဲ ထည့်နေကြတာ။ ဒါမှ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့ အစိုးရ တက်လာမယ်။ ခုက စစ်တပ်အုပ်ချုပ်နေတော့ တချို့ဥပဒေတွေက နိုင်ငံသား အခွင့်အရေး ဆုံးရှုံးတယ်။ တစ်ခါ ခန့်ထားတဲ့ ဝန်ကြီးတွေကလည်း ရွေးကောက်ခံ မဟုတ်ဘူး။ ဒီလူ တွေ တကယ် အလုပ် လုပ်သလား၊ ချောင်ခိုသလား ဘာပေတံနဲ့မှ တိုင်း မရဘူး။ ဆိုတော့....လွှတ်တော် ပေါ်လာရင်၊ အစိုးရတက်လာရင် တပ်ဟာ တပ် ကဏ္ဍ သီးသန့်သွားတော့။ လွှတ်တော်ထဲ အရပ်သားနိုင်ငံရေး သမားတွေ ဝင်လာမယ်။ အရပ်သား ပညာရှင်တွေ ဝင်လာမယ်။ ------ ဒီနေရာမှာ ပြောကြလိမ့်မယ်။ မင်းတို့ စစ်တပ်က ဗိုလ်ချုပ်တွေက ပါတီထဲ ဝင်လာတာတို့ဘာတို့။ တကယ်က ယူနီဖောင်းဝတ်ပြီး နိုင်ငံရေး လုပ်တာမှမဟုတ်။ အငြိမ်းစားယူပြီးမှ ပါတီနိုင်ငံရေး လုပ်နေတာ။ တကယ်တမ်း ပြောချင်ရင် ယူနီဖောင်း မချွတ်ဘဲ ၊ ပါတီနိုင်ငံရေးလည်း မလုပ်၊ လက်နက်ကိုင်ပြီး War lord ဖြစ်နေတဲ့သူတွေကို ယူနီဖောင်းချွတ်ပြီး ပါတီနိုင်ငံရေး လုပ်ဖို့ ပြောရမှာမဟုတ်ဘူးလား။ ----- ရွေးကောက်ပွဲမှာ USDP ကို မကြိုက်ရင် ပါတီပေါင်း ၅၀ လောက်ရှိတယ်။ ကြိုက်တဲ့ ပါတီ မဲ ပေးလို့ရတယ်။ ခက်တာက ဒီနိုင်ငံလောက် လူစွဲ၊ ပုဂ္ဂိုလ်စွဲ အားကြီးလွန်းတဲ့ နိုင်ငံ ဘယ်မှာ မှ မရှိလောက်ဘူး။ ရွေးကောက်ပွဲမှာ NLD မပါလို့ မဲ မပေးဘူးလို့ ဆိုသတဲ့။ နေပေါ့ မပေးနဲ့ပေါ့။ ပါတီမှတ်ပုံတင်ပြီး ဝင်ပြိုင်ကြတဲ့သူတွေက အရူး တွေ မှမဟုတ်တာ။ စစ်ဗိုလ်ချုပ်‌ တွေ ပြိုင်ပါတယ် ဆိုတဲ့ နေပြည်တော်မှာ ထောက်ခံမဲမဲ ပေါင်း ၆၀၀၀ လောက်ရထားတဲ့ ဒေါက်တာအောင်မျိုးတို့လို၊ ဒေါက်တာ သက်ခိုင်ဝင်းနဲ့ ပြိုင်တဲ့ ဒေါက်တာ မမ တို့ကို ပြည်သူ့ ထောက်ခံမှု ရထားတဲ့ တသီးပုဂ္ဂလတွေက သောက်ချဉ်တွေ မှမဟုတ်တာ။ ------ တကယ်က နီပေါ အသိုင်းအဝိုင်းဘက်က နားလည် လက်ခံထားကြတာက ဒီမိုကရေစီမဟုတ်ဘူး။ သူတို့ လိုလားတဲ့ ပါတီပဲ အနိုင်ရစေချင်တာ။ အနိုင်ရချင်ရင် ပြိုင်ပေါ့။ မှတ်ပုံတင်ပေါ့။ ကိုယ်တိုင်လည်း ဝင်မပြိုင်ဘူး။ သူများတွေ ပြိုင်တော့လည်း ဗုံးခွဲလူသတ်ပြီး ချိမ်းခြောက်တယ်။ ရွေးကောက်ပွဲ မဖြစ်အောင် နည်းမျိုးစုံနဲ့ နှောက်ယှက်တယ်။ မြေပြင်မှာ ဗုံးခွဲ၊ လူသတ်၊ ရွေးကောက်ပွဲ ကော်မရှင် ကိုယ်စားလှယ်တွေ ဖမ်းနေတာက သူတို့။ နိုင်ငံတကာမှာကြတော့ တပ်က အတင်းအကျပ် ဖိအားပေး မဲ ပေးခိုင်းထားပါတယ် အော်ကြသေးတာ။ မရှက်ကြတာ ပြောပါတယ်။ ----- ဒီပါတီကို ထောက်ခံကြသူတွေနီးပါးက အဲ့လိုကို အောက်တန်းကျ ယုတ်ပဲ့ကြတာ။ ဒါ့ကြောင့်လည်း NLD က ထွက်လာတဲ့ သူတိုင်းကိုတောင် ပုတ်ခတ်ပြီး စော်ကားကြသေးတယ်မဟုတ်လား။ ခု တသီးပုဂ္ဂလ ဝင်တဲ့ ဒေါ်စန္ဒာမင်းတို့၊ ဒေါက်တာ သက်သက်ခိုင်တို့၊ ကိုကိုကြီးရဲ့ ပြည်သူ့ပါတီ တို့က မျက်မြင်ပဲလေ။ NLD နဲ့ အနီးကပ် ရှိဖူးခဲ့ကြသူတွေကိုတောင် ဒီလို ဆက်ဆံရင် တခြားပါတီကဆိုရင် ပြောစရာ စကားတောင် မရှိဘူး။ ---- တကယ်က ဆန္ဒမဲ ပေးတယ်ဆိုတာ လူလည်း ကြည့်ရသလို ပါတီလည်း ကြည့်တတ်ရတယ်။ ခက်တာက စုံလုံးကမ်းခဲ့ကြတဲ့ အတိတ်မှာ NLD ပါတီဝင် ဖြစ်ရင် သေတဲ့သူတောင် အနိုင်ရသေးတာပဲ။ ကျိုက်ထီးရိုးက ဝါးသေနတ်တွေကြောင့် ပြည်တွင်းစစ် ဖြစ်ရတာပါလို့ ပြောတဲ့သူတွေ၊ စက်ဘီးနဲ့ ရုံးတက်ပြတာကို အဟုတ်ကြီး ထင်တဲ့ မောင်တွေ၊ ဒူးဆစ်လောက်ရှိတဲ့ ရေကို အသက်ကယ်အင်္ကျီ ငါ့မပေးနဲ့ ပြည်သူကအရေးကြီးတယ်ဆိုပြီး ဟန်ပြ ဂုဏ်ဆာတဲ့ ပဲခူးတိုင်း ဝန်ကြီးချုပ်လို လူတွေ ၊ ပြည်နယ်အားကစားကွင်း ငှားစားပြီး ဖက်ရွက်နဲ့ ထမင်းစားပြတဲ့ အယ်ဖောင်ရှိုးတို့လို လူတွေ ပေါ်လာတာ ဆန်းမှမဆန်းဘဲ။ ------ ပြန်ချုပ်ရရင် နိုင်ငံရေးမှာ စစ်တပ် မပါစေချင်ရင် နိုင်ငံရေးသမားကောင်းတွေ တိုင်းပြည်မှာ များများ ရှိအောင် အရင်လုပ်။ နိုင်ငံရေးသမားဆိုတိုင်းလည်း ထစ်ကနဲ ရှိရင် တပ်ကို ခလုပ်တိုက်ပြီး နိုင်ငံရေး လုပ်ချင်တဲ့သူတွေ မဖြစ်ဖို့ လိုတယ်။ (နရီမိုး)

Repost from MRTV
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Second Secretary Mr. Sirawat Jaraschok ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက် မဲရုံအမှတ် (၁၂)၊ (စ)ရပ်ကွက် မဲရုံအမှတ်(၇)၊ လောကချမ်းသာဓမ္မာရုံ မဲရုံအမှတ်(၁)၊ တံခွန်တိုင်ရပ်ကွက် မဲရုံအမှတ်(၇)၊ အမရပူရမြို့နယ် တောင်သမန်ရပ်ကွက် မဲရုံအမှတ်(၁)၊ ဆင်စွယ်ပွတ်ရပ်ကွက် မဲရုံအမှတ် (၁) နှင့် လေးစုရပ်ကွက် မဲရုံအမှတ်(၁) တို့၌ ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနေမှုအား ကြည့်ရှုလေ့လာ

Repost from MRTV
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ဆက်လက်ကျင်းပ၊ မဲဆန္ဒရှင်ပြည်သူများက စိတ်အားထက်သန်စွာ ဆန္ဒမဲပေး

Repost from MRTV
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူတို့၏ စကားသံများ

Repost from NOM
+1
အီရန်နိုင်ငံ၊ ကာမန်ရှာမြို့မှာ အစိုးရဆန့်ကျင်ရေး အဓိကရုဏ်းသမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်လေး မယ်လီနာအာဆာဒီရဲ့ ဈာပနမှာ သူမရဲ့ သေဆုံးမှုအတွက် အပြစ်ကျူးလွန်ခဲ့သူတွေကို ရှုတ်ချဖို့ များပြားလှတဲ့ လူအုပ်ကြီးက တက်ရောက်ခဲ့ကြပါတယ်။ ဒေသခံသတင်းတွေ ဖော်ပြချက်အရ မယ်လီနာဟာ လွန်ခဲ့တဲ့ ၃ ရက်က သူမရဲ့ ဖခင်နဲ့အတူ ဆေးဆိုင်ကို သွားစဉ်မှာ ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။ ကာမန်ရှာမြို့မှာ လူဦးရေ ၁ သန်း နေထိုင်တာဖြစ်ပြီး အဓိကရုဏ်းသမားတွေကို ဆန့်ကျင်တဲ့ လူအုပ်စုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အစိုးရကို ဆန္ဒပြသူက များပြားလား၊ နည်းပါးလားဆိုတာကို နှိုင်းယှဉ်နိုင်မှာလည်း ဖြစ်ပါတယ်။ NOM

Repost from NOM
ဂါဇာကမ်းမြောင်ကို ဝင်ရောက်မယ့် နိုင်ငံတကာတပ်ဖွဲ့တွေနဲ့ ပူးပေါင်းချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်က အမေရိကန်ကို အသိပေးလိုက်ပါတယ်။ NOM

မကွေးတိုင်း ကံမမြိုနယ်၌ ဆန္ဒမဲလာရောက်ပေးသည့် မဲဆန္ဒရှင်များ၏ မြင်ကွင်း
+9
မကွေးတိုင်း ကံမမြိုနယ်၌ ဆန္ဒမဲလာရောက်ပေးသည့် မဲဆန္ဒရှင်များ၏ မြင်ကွင်း

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပလျက်ရှိရာ ကြည့်မြင်တိုင်မြို့နယ်ရှိ ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိ

ကံမမြို့တွင်မဲပေးမှုလိုက်လံစစ်ဆေးနေသည့်မြို့နယ်အုပ်ချုပ်ရေးမှူးအကြမ်းဖက်PDFတို့ပစ်ခတ်မှုကြောင့်သေဆုံး NOM၊ဇန်နဝါရီ၁၁၊၂၀၂၆ ကံမမြို့နယ်အတွင်းပါတီစုံရွေးကောက်ပွဲမဲဆန္ဒပေးနေမှုကိုလိုက်လံစစ်​ဆေးကြီးကြတ်နေသည့်မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌ၊မြို့နယ်အုပ်ချုပ်​ရေးမှူးဦးဇော်မင်းနိုင်သည်ယနေ့ဇန်နဝါရီလ ၁၁ရက်နေ့၊နေ့လည်၁၂း၀၅နာရီအချိန်တွင်အကြမ်းဖက် PDF တို့၏ပစ်ခတ်မှုခံရပြီးသေဆုံးသွားကြောင်းသိရသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်သုံးဦး၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ခြောက်ဦးသည်ဆန္ဒမဲပေးနေမှုများကိုလိုက်လံစစ်ဆေးစဥ်ပြောင်ကျကျေးစွာနှင့်ပယ်ကျကျေးရွာကြားရောက်၌အကြမ်း ဖက်PDFတို့ကလက်နက်ကြီးလက်နက်ငယ်ဖြင့်ပစ်ခတ်သဖြင့်မြို့နယ်အုပ်ချုပ်ရေးမှူးတွင်ဝမ်းဗိုက်ထိမှန်၊ညာလက်နမာင်းထိမှန်၊ညာလက်ကောက်ဝတ်ထိမှန်ဒဏ်ရာများရပြီးယာဥ်မောင်းဦးသန့်ဇင်အောင်တွင်ဘယ်ပုခုံးထိမှန်၊ကျောထိမှန်၊ညာဖက်ချ်ုစောင်းထိမှန်၊ညာလက်ဖျံထိမှန်ဒဏ်ရာများရသဖြင့်ရွှေတောင်တပ်မတော်ဆေးရုံသို့ပို့ဆောင်ကုသစဥ်မြို့နယ်အုပ်ချုပ်ရေးမှူးသည်ရစရှိသောဒဏ်ရာများဖြင့်သေဆုံးသွားကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်သရက်-,မင်းတုန်း-ကံမတြိဂံပုံဒေသသည်၂၀၂၃ခုနှစ်အထိအေးချမ်းသော်လည်းယခုအခါအကြမ်းဖက်PDFများအင်အားကောင်းလာကာသတ်ဖြတ်မှုများမကြာခဏဖြစ်ပေါ်နေပြီးစစ်ကြောင်းထိုးရှင်းလင်းရန်ဒေသခံများကလိုလားနေကြောင်းသိရသည်။

+3
ဇန်နဝါရီလ၁၁ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်အလယ်ပိုင်းတိုက်းစစ်ဌာနချုပ်က Hawkeye Strikeစစ်ဆင်ရေးအဖြစ်ဆီးရီးယားရှိISISအကြမ်းဖက်စခန်းများစွာကိုလေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟုကြေငြာသည်။(ဗီဒီယို) ၂။အမေရိကန်သမ္မတထရမ့်သည်စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူးများကိုဂရင်းလန်းကျွန်းသိမ်းပိုက်ရေးစီမံချက်ရေးဆွဲရန်ညွှန်ကြားလိုက်သည်။(ဓါတ်ပုံ) ၃။စင်ကာပူနှင့်မလေးရှားနယ်စပ်ဂိတ်တွင်ယမန်နေ့ကအလိုအလျောက်အဖွင့်အပိတ်လုပ်သည့်ဂိတ်များပျက်သွားသဖြင့်သောင်းနှင့်ချီသောနိုင်ငံခြားသားခရီးသွားများသည်တန်းစီပြီးစောင့်ဆိုင်းခဲ့ရသည်။(ဓါတ်ပုံ) ၄။ဆီးစီးယားရှိISISအကြမ်းဖက်များကအမေရိကန်၏ဗုံးကြဲမှုကိုလက်တုန့်ပြန်သည့်အနေဖြင့်ဟွန်းမြို့အနီးရှိအမေရိကန်တပ်များသုံးနေသည့်စက်သုံးဆီပိုက်လိုင်းကိုဖောက်ခွဲလိုက်သည်။(ဗီဒီယို) ၅။မင်နီဆိုတာတွင်ICEအရာရှိတစ်ဦးကအသက်၃၇နှစ်အရွယ်အမျိုးသမီးတစ်ဦးကိုပစ်ခတ်သတ်ဖြတ်လိုက်သဖြင့်ဆန္ဒပြလျက်ရှိရာICE(လူဝင်မှုကြီးကြတ်ရေးနှင့်အကောက်ခွန်)ဝန်ထမ်းများနေထိုင်သောဟိုတယ်ရှေ့တွင်ဆန္ဒပြသူများကရဲကားတစ်စီးကိုမီးရှို့လိုက်သည်။(ဗီဒီယို)

၁၁-၁-၂၀၂၆ မိုးကုတ်မြို့နယ်အတွင်း ခိုအောင်းနေသည့် အကြမ်းဖက် PDF များကို တပ်မတော်ဒရုန်းတပ်ဖွဲ့က ချေမှုန်းသုတ်သင် တိုက်ပွဲသတင်းစုံ မှိုင်းဝေ

မိုးကုတ်မြို့နယ် လီဆူးကုန်းစံရွာအနီးရှိအကြမ်းဖက် PDF များကို တပ်မတော်ဒရုန်းတပ်ဖွဲ့က ချေမှုန်းသုတ်သင်

ရွှေပြည်သာမြို့နယ်တွင် အောက်ဆိုက်ကားတစ်စီးတိမ်းမှောက် ခရီးသည်၂၅ဦးဒဏ်ရာရရှိ NOM၊ဇန်နဝါရီ၁၁၊၂၀၂၆ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို
ရွှေပြည်သာမြို့နယ်တွင် အောက်ဆိုက်ကားတစ်စီးတိမ်းမှောက် ခရီးသည်၂၅ဦးဒဏ်ရာရရှိ NOM၊ဇန်နဝါရီ၁၁၊၂၀၂၆ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝင်းစက်မှုဇုန် ရှေ့တွင်ယနေ့(ဇန်နဝါရီ၁၁ရက်) နံနက်ပိုင်းက အောက်ဆိုက်ကားတစ်စီးတိမ်းမှောက်ခဲ့ရာယာဉ်ပေါ်ပါ ခရီးသည်၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ Bongoကားမှာတိမ်းမှောက်ပြီးပက်လက်လန်သွားသည့် အတွက်ကားမှာဆီတိုင်ကီပွင့်ပြီး၊ ဆီယိုစိမ့်မှုဖြစ်နေသည့် အတွက် ဆီလမ်းကြောင်းပိတ်ဆို့ခြင်း ၊ battery ငုတ်ဖြုတ်ခြင်း ၊ ဆီလမ်းကြောင်းတလျှောကိ သဲနှင့်မြေသား ဖုံးအုပ်ခြင်း၊ လမ်းသွားလမ်းလာများ ဆေးလိပ် မသောက် စေရေး နှိုးဆော်ခြင်းနှင့် လူနာကူညီပို့ဆောင်ခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Repost from NOM
ထိုင်းနိုင်ငံမှာ လိင်ပြောင်းအမျိုးသမီးအုပ်စုတခုက အသက် ၅၂ နှစ်အရွယ် အိန္ဒိယအမျိုးသားတဦးကို sex ကိစ္စအတွက် ငွေပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် ဝိုင်းဝန်းရိုက်နှက်နေခဲ့ကြတာ ဖြစ်ပါတယ်။ NOM

ကြည့်မြင်တိုင်မြို့နယ် အထက ၁ ကျောင်းရှေ့တွင် ရပ်ထားသည့် ယာဥ်ပေါ်မှ အမျိုးသားအလောင်းတွေ့ရှိ NOM၊ဇန်နဝါရီ၁၁၊၂၀၂၆ ကြည့်မြင်တိုင်
ကြည့်မြင်တိုင်မြို့နယ် အထက ၁ ကျောင်းရှေ့တွင် ရပ်ထားသည့် ယာဥ်ပေါ်မှ အမျိုးသားအလောင်းတွေ့ရှိ NOM၊ဇန်နဝါရီ၁၁၊၂၀၂၆ ကြည့်မြင်တိုင်မြို့နယ်အထက ၁ ကျောင်းရှေ့တွင် ယမန် နေ့ဇန်နဝါရီ၁၀ရက်မွန်းလွဲပိုင်းက ရပ်တန့်ထားသည့် ယာဥ်တစ်စီးပေါ်မှ အပုပ်နံ့ထွက်သဖြင့်သက် ဆိုင် ရာမှ စစ်ဆေးခဲ့ရာ ကားအတွင်းမှ အမျိုးသားအ လောင်းတွေ့ရှိိခဲ့ကြောင်း ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းမှလူမှုကွန်ယက်တွင်ဖော်ပြထားကြောင်းသိရသည်။ ကြည့်မြင်တိုင်မြို့နယ်အထက ၁ ကျောင်းရှေ့တွင် အမည်းရောင် Solio အမျိုးအစား မော်တော်ယာဥ် တစ်စီးပေါ်မှ အပုပ်နံ့ရသဖြင့်ပတ်ဝန်းကျင်နေသူများက သက်ဆိုင်ရာသို့အကြောင်း ကြားခဲ့သည့်အ တွက် တာဝန် ရှိသူများကစစ်ဆေးခဲ့ရာကား အတွင်းမှ အမျိုးသားတစ်ဦး ပုပ်ပွပြီးသေဆုံးနေကြောင်းသိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ Solio ကားသည့်ယခုရပ်ထားသည့်နေရာတွင်ရပ်ထားသည့်မှာကြာနေပြီးဖြစ်ကြောင်းနှင့်ကား ပေါ်တွင် သေဆုံးသူ အ မျိုးသားမှာကားဝယ်ရောင်းသမား တစ်ဦးဖြစ်ပြီးပျောက် ဆုံးသည်မှာ ၅ ရက်ခန့်ကြာနေကြောင်း လက်ရှိသက်ဆိုင်ရာအဖွဲ့ကလည်း သေဆုံးမှုနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

မအူပင်မြို့တွင် စက်သုံးဆီ အရောင်းဆိုင် မီးလောင်မှုတွင်၄ ဦးသေဆုံး၊ နှစ်ဦး မှာစိုးရိမ်ရဆဲ NOM၊ဇန်နဝါရီ၁၁၊၂၀၂၆ ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် (၅)ရပ်ကွက် ၇လမ်း ကမ်းနားတာပြင်ရှိ ကြယ်စင်ဧရာ စက်သုံးဆီအရောင်းဆိုင်မီးလောင်မှုတွင် ယနေ့ဇန်န ဝါရီ၁၁ရက် နေ့ထိ ရန်ကုန်ဆေးရုံကြီး ၌ သုံးဦးထပ်မံသေဆုံးခဲ့သည့်အတွက်လက်ရှိ သေဆုံးသူ ၄ ဦး ဖြစ်ပြီး ၂ဦးမှာ စိုရိမ်နေရဆဲဟုအနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအသင်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် (၅)ရပ်ကွက် ၇လမ်း ကမ်းနားတာပြင်ရှိ ကြယ်စင်ဧရာ စက်သုံးဆီအရောင်းဆိုင်တွင် ဇန်နဝါရီလ (၆)ရက်နေ့ နေ့လည် (၁၂)နာရီ (၂၅)မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီးငါးဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် မအူပင်ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ပိုဆောင်ပေးခဲ့ကြောင်းသိရသည်။ "ဆီဆိုင်မီး လောင်တဲ့နေ့ကတစ်ဦးသေတယ် ဒဏ်ရာရတဲ့သူတွေကို အဲဒီနေ့မှာဘဲမအူပင်ဆေးရုံကနေရန်ကုန်ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ် နောက်တစ်နေ့မှာတော့မနက်၁ နာရီ ခွဲမှာ တော့အမျိုးသမီးတစ်ဥဦးသေဆုံးတယ်၊ ၁၁နာရီ၃၀လောက်မှာအမျိုးသားတစ်ဦး၊ ပြီးတော့ညပိုင်းမှာအမျိုးသားတစ်ဦးထပ်ပြီးသေဆုံခဲ့ပါတယ် လက်ရှိရန်ကုန်ဆေးရုံကြီးတွင်လူနာနှစ်ဦးကျန်ရှိပြီးလက်ရှိအချိန်ထိတော့စိုးရိမ် နေရဆဲပါ" ဟုအနှိုင်းမဲ့မေတ္တာ လူမှုကူညီရေး အသင်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။ မီးလောင်မှုဖြစ်စဉ်မှာ ကြယ်စင်ဧရာ စက်သုံးဆီအရောင်းဆိုင်တွင်ပေပါအတွင်းဆီများကို ပန့်ဖြင့်ဆီလှယ်ရာမှ မီးပွားထွက်ပြီး မီးစတင်လောင်းကျွမ်းမှုဖြစ််ခဲ့ပြီးမီး လောင်မှုဖြစ် ပွားခဲ့သည့်ဟုသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သများပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် Drop Bomb ပစ်ချတိုက်ခိုက်၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ NOM ဇန်နဝါရီ ၁၁၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်အချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သများပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ခရိုင်လက်ထောက်ညွန့်ကြားရေးမှူး ဦးနေထွန်းသန်းသည် ဗုံးစထိမှန်သေဆုံးခဲ့ပြီး ခရိုင်ကော်မရှင်အဖွဲ့ဝင် ဦးနေဝင်းတွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား မဲရုံများအလိုက် လိုက်လံကြည့်ရှုအားပေး (လှိုင်၊ အင်းစိန်၊ လသာ)