uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 435 підписників, посідаючи 15 924 місце в категорії Новини і ЗМІ та 10 098 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 435 підписників.

За останніми даними від 05 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -222, а за останні 24 години на -12, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.30%. Протягом перших 24 годин після публікації контент зазвичай збирає 5.44% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 908 переглядів. Протягом першої доби публікація в середньому набирає 677 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 06 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 435
Підписники
-1224 години
-607 днів
-22230 день
Архів дописів
KIA အကြမ်းဖက်အဖွဲ့​၏ အခြေအနေ - တိုက်ပွဲသတင်းစုံ
KIA အကြမ်းဖက်အဖွဲ့​၏ အခြေအနေ - တိုက်ပွဲသတင်းစုံ

ရခိုင်ပြည်နယ်တောင်ပိုင်း နှင့်ဧရာဝတီတိုင်းအစပ် သာပေါင်းဧရိယာရှိ အကြမ်းဖက်အဖွဲ့ AA စခန်းကို တပ်မတော်က​​ချေမှုန်းသိမ်းပိုက်။
+9
ရခိုင်ပြည်နယ်တောင်ပိုင်း နှင့်ဧရာဝတီတိုင်းအစပ် သာပေါင်းဧရိယာရှိ အကြမ်းဖက်အဖွဲ့ AA စခန်းကို တပ်မတော်က​​ချေမှုန်းသိမ်းပိုက်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိ
+2
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအားစစ်ဆေး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်စစ်ဆေးခဲ့ပါတယ်။ ထိုသို့ သွားရောက်စစ်ဆေးစဉ် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုများ မရှိစေရေး အလေးထားဆောင်ရွက်သွားရန်၊ ဒေသအတွင်း ပညာသင်ကြားရေးအတွက် အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွား ရန်၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၁) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ် နေပြည်တော် ဇန်နဝါရီ ၁၉ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၁) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဖွင့်ပွဲများပြုလုပ်ကြရာ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။ အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၁) မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာတပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။         ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ် စဉ်(၂၁)မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါသည်- ၁။ ပြည်သူ့စစ်မှုထမ်းဥပဒေကို လေးစားလိုက်နာတဲ့အနေနဲ့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့တက်ရောက်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ တတ်နိုင်သလောက် လေ့လာကြိုးစားပြီးတော့ သင်ယူသွားမယ်ဆိုတဲ့စိတ် ခံယူထားပါတယ်။ နိုင်ငံသားတိုင်း နိုင်ငံ့သားကောင်းဖြစ်အောင်လို့ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။ ၂။ ပြည်သူ့စစ်မှုထမ်းသင်တန်းကို ဘယ်လိုစိတ်ဓာတ်နဲ့ တက်ရောက်ဖြစ်ခဲ့သလဲဆိုတော့ ဒီဥပဒေကြီးက ဘယ်လိုမှရှောင်လွှဲလို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ထမ်းဆောင်ရမှာပါ။ ဒါကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ မဖြစ်မနေထမ်းဆောင်ရမှာဖြစ်လို့ပါ။ နိုင်ငံသားတစ်ယောက်အနေနဲ့တော့ ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်သွားမယ်လို့ စိတ်ကူးထားပါတယ်။ တာဝန်ကျရာအရပ်မှာလည်း ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်သွားမှာပါ။ ၃။ နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ရှိတယ်လို့ခံစားရလို့ လာတက်ရောက်တာပါ။ သင်တန်းကာလပြီးတော့ နိုင်ငံတော်ကပေးအပ်တဲ့တာဝန်တွေကို ကျွန်တော်ကိုယ်တိုင် စိတ်ရော ကိုယ်ပါကြိုးစားပြီးတော့ ကျရာနေရာမှာ အကောင်းဆုံးကြိုးစားထမ်းဆောင်သွားမှာပါ။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်းဘက်ကမြင်ရင်တော့ အကောင်းဖြစ်မှာပေါ့။ အဆိုးဘက်ကမြင်ရင်တော့ အဆိုးဖြစ်မှာပါပဲ။ ဒါပေမယ့် မဖြစ်မနေထမ်းဆောင် ရမှာဖြစ်တဲ့အတွက် ရှောင်လွှဲလို့လည်းမရပါဘူး။ ထမ်းဆောင်ဖို့ အသင့်ပြင်ထားကြပါလို့ ပြောချင်ပါတယ်။

photo content
+3

Repost from NOM
ဒေါ်နယ်ထရမ့်ဟာ ဂရင်းလန်းမှာ နေထိုင်သူတွေကို တဦးအတွက် ဒေါ်လာ ၁ သိန်းစီ ပေးဖို့ကို စဉ်းစားနေတယ်လို့ အမေရိကန်ရုပ်သံသတင်းတက်ဆက်သူ ရှောင်ပက်ထရစ်က ပြောဆိုခဲ့ပါတယ်။ NOM

Repost from NOM
ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင်ဖို့အတွက် အမေရိကန်ဆီကနေ ကမ်းလှမ်းမှုကို တရုတ်က ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌ
ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင်ဖို့အတွက် အမေရိကန်ဆီကနေ ကမ်းလှမ်းမှုကို တရုတ်က ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ NOM

ဝင်လာမစဲ .. တသဲသဲ - အမြင်မှန်ရတော့ အသက်မသေတော့ဘူးပေါ့ - တိုက်ပွဲသတင်းစုံ
ဝင်လာမစဲ .. တသဲသဲ - အမြင်မှန်ရတော့ အသက်မသေတော့ဘူးပေါ့ - တိုက်ပွဲသတင်းစုံ

Repost from NOM
ကျွန်းမှာ ရှိနေပြီးသား ပြင်သစ်နူကလီးယားရေငုပ်သင်္ဘောတွေ၊ ဗြိတိန်နဲ့ ဂျာမန်တပ်ဖွဲ့တွေ၊ ဒိန်းမတ်တပ်ဖွဲ့တွေ၊ အမေရိကန်တပ်တွေကိုတောင် ဘယ်လိုခွင့်ပြုချက်မှမရှိဘဲ ရောက်ရှိလာမှာတွေကို ပိတ်ဆို့တားဆီးဖို့ အမိန့်ပေးထားပါတယ်။ ပြင်သစ်ဗိုလ်ချုပ်ကြီးတဦးက ဒီအချက်ကို လူသိရှင်ကြား အတည်ပြုခဲ့ပါတယ်။ ဂရင်းလန်းထိခိုက်လာမယ်ဆိုရင် ပြင်သစ်က တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါက အန္တရာယ်များတဲ့ အခြေအနေတခုဖြစ်နေပြီး တကယ်လို့သာ ကန်စစ်သားတဦးတလေ ဂရင်းလန်းကို ရောက်လာခဲ့ရင်တောင် ဒိန်းမတ်က NATO ရဲ့ အပိုဒ် ၅ ကို အသုံးပြုနိုင်တာကြောင့်ပါ။ ဆိုလိုတာကတော့ ခြေတလှမ်းကျူးကျော်ရုံနဲ့ NATO ကို အမေရိကန်နဲ့ တိုက်ရိုက်ရင်ဆိုင်ဖို့ တရားဝင်ဖိအားပေးနိုင်မယ်ဆိုတာပါ။ ထရမ့်က သူ့ရဲ့ ကြိုးပမ်းနေမှုတွေကိုလည်း ၂ ဆတိုးမြှင့်နေပြီး အမေရိကန်အနေနဲ့ လွယ်လွယ်ကူကူဖြစ်စေ၊ ခဲရာခဲဆစ်ဖြစ်စေ ဂရင်းလန်းကို ရရှိလိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ NOM

ဂမ်ဘီယာနိုင်ငံမှ ကိုးကားတင်သွင်းထားသော အခြားအထောက်အထားများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ဦးဆောင်ရှေ့နေ Mr.Christopher Staker က တု
+2
ဂမ်ဘီယာနိုင်ငံမှ ကိုးကားတင်သွင်းထားသော အခြားအထောက်အထားများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ဦးဆောင်ရှေ့နေ Mr.Christopher Staker က တုံ့ပြန်ချေပလျှောက်လဲချက်

ရန်သူအခြေပြုစခန်းအား သိမ်းပိုက်ရရှိ (ဝိုင်းမော်) ဇန် ၁၉ ရက် မွန်းလွဲပိုင်းအချိန်က ဝိုင်းမော်မြို့နယ်၊ လမြန်ရွာအနီးရှိ အကြမ်းဖက် KIA စခန်းကုန်းတစ်ခုအား လက်နက်ကြီး ပစ်ကူယူ၍ နယ်မြေရှင်းစစ်ကြောင်းက သိမ်းပိုက်ရရှိခဲ့သည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ - (၁) အကြမ်းဖက် KIA ၂ လောင်း (၂) ဗုံးပစ်လောင်ချာ ၂ လက် (၃) ဘီဇူကာဗုံးသီး ၄ လုံး (၄) လက်ပစ်ဗုံး ၁၄ လုံး (၅) ကျည် ၃ဝဝ တောင့် (၆) ကျည်အိမ် ၁၁ ခု (၇) ကျည်ကာဦးထုပ် ၃ လုံး (၈) သစ်လုံးဘန်ကာ ၄ လုံး (၉) ဆသရမြောင်း ၁၀၀ မီတာခန့် (၁၀) ပစ်ကျင်း ၁၁ ကျင်း တို့အား သိမ်းပိုက်ရရှိခဲ့သည်။ (ပုံများ ထပ်မံဖော်ပြပါမည်) - တိုက်ပွဲသတင်းစုံ

ကျောက်ဖြူမြို့နယ်၊ ပြားကျွိန်ချောင်းဖျားဒေသရှိ ဆေးကြောင် AA သူပုန်များနှင့် ရန်သူ၏ ရိက္ခာ/ခဲယမ်းဂိုထောင်များအား ချေမှုန်းတိုက်ခိုက်ခြင်း (20-1-2026)။ - တိုက်ပွဲသတင်းစုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၁၈ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၁၈ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၁၉ ရက် ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

နှစ်ရက်ဆက်တိုက် ငလျင် သုံးကြိမ်လှုပ်ခတ်ခဲ့ NOM၊ဇန်နဝါရီ၂၀၊၂၀၂၆ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့တွင် ယနေ့ ဇန်နဝါရီ ၂၀ ရက်နှင့် ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်တို့က နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ယနေ့ (ဇန်နဝါရီ ၂၀ရက်)နံနက်အစောပိုင်း ၁ နာရီ၂၆ မိနစ် ၃၁ စက္ကန့်တွင် ဧရာဝတီတိုင်း၊ညောင်တုန်းမြို့၏ အရှေ့မြောက်ဘက် (၁၁) မိုင်ခန့်အကွာကိုဗဟိုပြု၍အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်းထုတ်ပြန်ထားသည်။ ထို့ပြင် ယမန်နေ့‌ (ဇန်နဝါရီ ၁၉ ရက်)ည ၁၀နာရီ၊ ၁၃ မိနစ်၊ ၅၇ စက္ကန့်အချိန်တွင်လည်း ရန်ကုန်တိုင်း၊တိုက်ကြီးမြို့၏ အနောက်တောင်ဘက် (၁၈) မိုင်ခန့်အကွာကို‌ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုများအား ရန်ကုန်တိုင်း၊ရန်ကုန်မြို့ရှိ ဒေါပုံ၊ပုဇွန်တောင်၊သာကေတ၊တာမွေ၊တောင်ဥက္ကလာပ၊အင်းစိန်၊လှိုင်၊ဗဟန်း၊ရွှေပြည်သာ၊သန်လျင်၊မှော်ဘီ၊ထန်းတပင်တိုက်ကြီး၊အလုံ၊ကမာရွတ်၊စမ်းချောင်း၊ရန်ကင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)၊ကြည့်မြင်တိုင်၊သင်္ဃန်းကျွန်းအစရှိသည့်မြို့နယ်များ နှင့် ဧရာဝတီတိုင်းအတွင်းရှိညောင်တုန်း နှင့် မအူပင်မြို့များတွင်နေထိုင်သူများအနေဖြင့်သိသာစွာခံစားခဲ့ရကြောင်းဆိုသည်။ ထို့ပြင် ယမန်နေ့ဇန်နဝါရီ ၁၉ ရက်ည၈ နာရီ ၅၄ မိနစ် ၃၃စက္ကန့်တွင်လည်း နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၏ အရှေ့မြောက်ဘက် (၃) မိုင်ခန့်အကွာကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီး အဆိုပါ လှုပ်ခတ်မှုမှာမူ နောက်ဆက်တွဲငလျင်အမှတ်စဉ်၂၆၅ဖြစ်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။

Repost from NOM
Trump ဟာ သူ့ရဲ့ကိုယ်ပိုင် "UN" အဖွဲ့မှာ ပါဝင်ခွင့်အတွက် ဒေါ်လာ ၁ ဘီလီယံနဲ့ ဖန်တီးမယ် — Bloomberg ▪️သူ့ကိုယ်သူ ငြိမ်းချမ်းရေးဗ
Trump ဟာ သူ့ရဲ့ကိုယ်ပိုင် "UN" အဖွဲ့မှာ ပါဝင်ခွင့်အတွက် ဒေါ်လာ ၁ ဘီလီယံနဲ့ ဖန်တီးမယ် — Bloomberg ▪️သူ့ကိုယ်သူ ငြိမ်းချမ်းရေးဗိသုကာလို့ သတ်မှတ်ထားတဲ့ ထရမ့်ဟာ ဒီအဖွဲ့အစည်းကို UN နေရာမှာ အစားထိုးမှာပါ— ဂါဇာက အခြေအနေကို ဖြေရှင်းဖို့ "ငြိမ်းချမ်းရေးကောင်စီ" လို့ခေါ်တဲ့ အဖွဲ့အစည်းကို ဖန်တီးဖို့ ရည်ရွယ်ထားပြီး ပါဝင်မယ့် နိုင်ငံတွေကို ဒေါ်လာ ၁ ဘီလီယံ ပေးရင် ထည့်သွင်းပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ ▪️စာရွက်စာတမ်းတွေအရ Trump က ဒီအဖွဲ့အစည်းကို အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိမှာပါ- အဖွဲ့ဝင်အဖြစ် ဘယ်သူ့ကို ဖိတ်ကြားရမလဲဆိုတာက အစပြုပြီး ဆုံးဖြတ်ချက်အားလုံးနဲ့ ငွေကြေးစီးဆင်းမှုကို သူပဲ ထိန်းချုပ်ကာ တရားဝင်အားဖြင့် ဆုံးဖြတ်ချက်တွေကို အများစုမဲနဲ့ ချမှတ်မှာဆိုပေမယ့် အဖွဲ့အစည်းရဲ့ အကြီးအကဲဆီက ခွင့်ပြုချက်ရမှ အသက်ဝင်မယ့် စနစ်ကို ဖန်တီးထားပါတယ်။ ▪️ပထမနှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံထက်ပိုတဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ပေးတဲ့နိုင်ငံတွေကိုအကန့်အသတ်မရှိ အဖွဲ့ဝင်အဖြစ်ပေးအပ်ပြီး တခြားနိုင်ငံတွေကတော့ သုံးနှစ်အထိ လုပ်ပိုင်ခွင့် ရရှိမှာပါ။ "ငြိမ်းချမ်းရေးကောင်စီ" ဟာ အနည်းဆုံး နိုင်ငံသုံးခုရဲ့ သဘောတူညီချက်ရပြီးရင် လုပ်ငန်းစတင်နိုင်မှာ ဖြစ်ပါတယ်။ NOM

ဘူလ်ဂေးရီးယားသမ္မတနှုတ်ထွက် NOM ဘူလ်ဂေးရီးယားသမ္မတရူမန်ရက်ဒက်သည်ယနေ့ရာထူးမှနှုတ်ထွက် ကြောင်းကြေညာခဲ့သည်။
ဘူလ်ဂေးရီးယားသမ္မတနှုတ်ထွက် NOM ဘူလ်ဂေးရီးယားသမ္မတရူမန်ရက်ဒက်သည်ယနေ့ရာထူးမှနှုတ်ထွက် ကြောင်းကြေညာခဲ့သည်။

ဒီကနေ့ မြန်မာရဲ့ တင်ပြချက်က ပိုပြီး အသေးစိတ်လာသလို နယ်မြေ ပဋိပက္ခဖြစ်ပွားတဲ့ အထူးသဖြင့် ARSA တိုက်ခံရတဲ့ ကျေးရွာတွေရဲ့ အခြေပြ
+1
ဒီကနေ့ မြန်မာရဲ့ တင်ပြချက်က ပိုပြီး အသေးစိတ်လာသလို နယ်မြေ ပဋိပက္ခဖြစ်ပွားတဲ့ အထူးသဖြင့် ARSA တိုက်ခံရတဲ့ ကျေးရွာတွေရဲ့ အခြေပြ ဇယား မြေပုံ အချက်အလက်တွေကို ခုနှစ် ၊ သက္ကရာဇ် ရက်စွဲ အခိုင်အမာနဲ့ တင်ပြလာတာတွေ့ရတယ်။ ဂျီနိုဆိုက်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ပစ်မှတ်နဲ့ ရည်ရွယ်ချက် ထပ်တူကျဖို့က အဓိက ဖြစ်သလို ဂမ်ဘီယာရဲ့ စွပ်စွဲချက်ဟာ ARSA ဖြစ်စဉ်ကို ဖျောက်ပြီး တပ်မတော်ကပဲ ရည်ရွယ်ချက်ရှိ လူမျိုးတုံး သတ်ဖြတ်ခဲ့သယောင် ပုံဖော်ထားတာ တွေ့ရတယ်။ အထူးသဖြင့် သူတို့ ကိုးကားတဲ့ သက်သေတွေကလည်း FFM ကနေ ဒုက္ခသည်စခန်းထဲက လူတွေကို အင်တာဗျူးလုပ် မေးမြန်းထားချက်ဖြစ်နေသလို ခုလက်ရှိ မြန်မာ ရှေ့နေ့ကတော့ မြေပြင်မှာ ARSA က ဘယ်နေ့၊ ဘယ်ရက်မှာ တိုက်ခိုက်သွားတယ်။ ဒေသခံ ဘယ်လောက် သေဆုံးတယ် ဆိုတာမျိုး ချက်ကျ လက်ကျ တင်ပြသွားနိုင်တာ တွေ့ရတယ်။ ဥပဒေ ရှု့ထောင့်အရ ၊ ဘယ်နိုင်ငံရေး ဖိအားမှ မပါဘဲ ဆုံးဖြတ်ရင်တော့ မြန်မာရဲ့ တင်ပြချက်တွေက ‌အတော်လေး ပြည့်စုံ နေသလောက် ရှိပါပြီ။ အဓိက ARSA တိုက်ခိုက်မှုကြောင့် နယ်မြေရှင်းလင်းရေး၊ အကြမ်းဖက် နှိမ်နင်းရေး လုပ်ရတဲ့ တပ်မတော်အတွက် ဒီပဋိပက္ခ ဖြစ်စဉ်မှာ လူသေဆုံးမှု ရှိရင်တောင် လူမျိုးတုံး သတ်ဖြတ်မှု ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆို ချက်ထဲ ဘောင် ဝင်မှု ရှိမနေပါဘူးဆိုတာကို အသားပေး တင်ပြနိုင်တာ တွေ့ရတယ်။ ကိုယ်စားလှယ်နဲ့ ရှေ့နေ တွေကို လေးစားဖို့ကောင်းတာက အချိန်တို လေး အတွင်းမှာ ဒီအချက်အလက်တွေကို အသေးစိတ် တင်ပြပြုစုနိုင်ခဲ့တာပါပဲ။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် .....တကယ်လို့ တပ်မတော်က ကျူးလွန်ခဲ့ရင်တောင် ပြည်တွင်းမှာပဲ တရားစီရင်မှာပါလို့ ပြောခဲ့တဲ့၊ ဒီဖြစ်စဉ်တွေရှိခဲ့လားတောင် မသိပါဘူး၊ စိစစ်ဖို့ လိုပါဦးမယ်လို့ ဆိုခဲ့တဲ့ ဘွားတော် အဖွဲ့ထက်စာရင်တော့ အတော်လေးကို ကျေနပ်အားရ စရာ ကောင်းပါတယ်။ ဥပမာ အောက်စဖို့စ်ထုတ် Dictionary ကြီး ထုတ်ပြပြီး ရိုဟင်ဂျာရဲ့ အဓိပ္ပ်ဖွင့်ဆိုချက်ဟာ စစ်တကောင်းက လာတဲ့ ဘင်္ဂလား စကားပြော မျိုးနွယ်စု ၊ ရခိုင်ပြည်နယ်မှာနေတဲ့ဘင်္ဂလား လူမျိုးစု ဆိုပြီး ရိုဟင်ဂျာ မရှိကြောင်း ချက်ကျ လက်ကျ ပြောခဲ့တဲ့ ရှေ့နေ မစ္စတာ ပါမောက္ခ စတေကာရဲ့ စကားလုံးတိုင်းဟာလည်း ပီတိဖြစ်စရာပါ။ တော်တော်လေးကို ကျေနပ်ရပါတယ်။ (နရီမိုး)

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ ရုံးစာရွက် စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတု
+2
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ ရုံးစာရွက် စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီး နေပြည်တော်၊ ဇန်နဝါရီ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဦးစီးပဓာနနာယက သက်တော်ရှည်မဟာထေရ်မြတ်ကြီးအား ချီးမြှင့်ထားရှိသည့် “စည်သူ”ဘွဲ့ တံဆိပ်တော်များနှင့် အဆောင်အယောင်များကို လက်ရောက်ဆက်ကပ်လှူဒါန်း နေပြည်တော်၊ ဇန်နဝါရီ - ၁၉

💣 ကျောက်ဖြူမြို့နယ်၊ ချောင်းမြောင်ဒေသအနီးရှိ ဆေးကြောင် AA အကြမ်းဖက်သူပုန်များအား မီးဖုတ်ခြင်း (19-1-2026)။ - တိုက်ပွဲသတင်းစုံ